ဘက္ထရီေျခာက္ အေဟာင္းမႈန္႔ မ်ားနဲ႔ ထုတ္လုပ္ထားတဲ့ ေကာ္ဖီမႈန္္႔မ်ား အႀကီးအက်ယ္ဖမ္းမိ

Posted on

ဗီယက္နမ္ႏုိင္ငံ အလယ္ပုိင္း Dak Nong ျပည္နယ္က မိသားစုတစ္စုဟာ စားသုံးသူေတြကုိ ဒုကၡေရာက္ေစမယ့္ ဆုိးရြားေသာေကာ္ဖီမ်ားထုတ္လုပ္လွ်က္ရွိတာကုိ Dak Nong ျပည္နယ္ ရဲတပ္ဖြဲ႔က စစ္ေဆးေတြ႔ရွိရပါတယ္။ ပုိင္ရွင္ျဖစ္သူ Nguyen Thi Loan ရဲ႕ ေကာ္ဖီထုတ္လုပ္ေရးလုပ္ငန္းကုိ အိမ္နီးနားခ်င္းေတြရဲ႕ သတင္းေပးမႈအရ ၿပီးခဲ့တဲ့ တနလၤာေန႔က ရဲေတြက ၀င္ေရာက္စစ္ေဆးခဲ့တာပါ။ ဒီလုိစစ္ေဆးခဲ့ရာမွာ ျပဳလုပ္ၿပီးသား ေကာ္ဖီတန္ခ်ိန္ေပါင္းမ်ားစြာနဲ႔ အတူ ၊ ဘက္ထရီေျခာက္အေဟာင္းေတြက ထုတ္လုပ္ထားတဲ့ အမည္းေရာင္အမႈန္႔ ၃၅ကီလုိဂရမ္ အျပင္ ေရပုံးနဲ႔ထည့္ထားတဲ့ မည္းညစ္ေနတဲ့ေရ ၁၀ကီလုိဂရမ္ခန္႔ကို ေတြ႔ရွိခဲ့ၾကပါတယ္။

Photo Credit : Tuoi Tre News Vitenam

ထပ္မံစစ္ေဆးတဲ့အခါမွာေတာ့ ဒီဘက္ထရီေျခာက္အမႈန္႔ေတြနဲ႔ မည္းညစ္ေနတဲ့ေရေတြကုိ ေကာ္ဖီထုတ္လုပ္မႈမွာထည့္သုံးတယ္ ဆုိတာသိလုိက္ရပါတယ္။ ဒါေၾကာင့္ Dak Nong ျပည္နယ္ရဲဌာနက ေကာ္ဖီထုတ္လုပ္သူကုိ အဂၤါေန႔မွာ တရားစြဲဆုိရန္ အမႈဖြင့္ခဲ့ပါတယ္။ ပိုင္ရွင္ျဖစ္သူ လြမ္က ေစ်းကြက္မွာပယ္ခ်ခံထားရတဲ့ ေကာ္ဖီေစ့မ်ားကို ေစ်းေပါေပါျဖင့္အေျမာက္အမ်ား၀ယ္ယူကာ ၊ ဘက္ထရီေျခာက္အမႈန္႔ ၊ ေကာ္ဖီေရာင္ဆုိးေဆးတုိ႔ျဖင့္ ႀကိတ္ေထာင္းေပါင္းစပ္ကာ ေကာ္ဖီမ်ားကို ထုတ္လုပ္ခဲ့တယ္လုိ႔ ၀န္ခံေျပာၾကားခဲ့ပါတယ္။

ပုိင္ရွင္ျဖစ္သူ Nguyen Thi Loan

ရဲေတြ နဲ႔ အျခားတာ၀န္ရွိသူေတြ သူမရဲ႕ အလုပ္ရုံကုိ ၀င္ေရာက္စစ္ေဆးတဲ့အခါ အထက္ပါအႏၱရာယ္ျဖစ္ေစေသာ ပစၥည္းမ်ားအျပင္ ထုတ္လုပ္ၿပီးသားေကာ္ဖီ ၁၂တန္ကိုလည္း သိမ္းဆည္းရမိခဲ့ပါတယ္။ ေကာ္ဖီမႈန္႔မ်ားကို ဓာတ္ခြဲခန္းမွာ စစ္ေဆးေစခဲ့ရာမွာေတာ့ ဓာတုေဗဒ ကြ်မ္းက်င္ပညာရွင္ တြဲဖက္ပါေမာကၡ Tran Hong Con က ေကာ္ဖီမႈန္႔မ်ားတြင္ လူကို အႏၱရာယ္ျဖစ္ေစေသာ ဓာတ္မ်ားပါရွိၿပီး ၊ ထုိပါရွိသည့္ Manganese dioxide သည္ ေရတစ္လီတာတြင္ ၀.၅မီလီဂရမ္ပါရုံမွ်ျဖင့္ လူကို အဆိပ္ျဖစ္ေစေၾကာင္း ၊ ယခုမွာမႈ အေျမာက္အမ်ားပါ၀င္ေနသည့္အတြက္ လူေတြကို အသက္အႏၱရာယ္ျဖစ္ေစႏုိင္သည့္အထိ ဆုိးရြားေၾကာင္း ဆုိပါတယ္။

ဒါ့အျပင္ ဒီေကာ္ဖီမႈန္႔ေတြမွာ ခဲ ၊ ျပဒါး ၊ ဇင့္ ၊ အာဆင္းနစ္ နဲ႔ အျခား အဆိပ္ျဖစ္ေစမယ့္ ျဒပ္စင္ေတြပါ၀င္ေနၿပီး ဒီျဒပ္ေတြေၾကာင့္ စားသုံးမိသူရဲ႕ ဦးေႏွာက္ ၊ ေက်ာက္ကပ္ ၊ ႏွလုံးေသြးေၾကာလည္ပတ္မႈစနစ္ နဲ႔ မ်ဳိးပြားမႈဆုိင္ရာစနစ္ေတြကို ဆုိးရြားစြာပ်က္စီးေစႏုိင္တယ္လုိ႔ ဗီယက္နမ္ အမ်ဳိးသားအဟာကဆုိင္ရာ သင္တန္းေက်ာင္းမွ အဟာရ ကြ်မ္းက်င္ပညာရွင္တစ္ေယာက္က ဆုိပါတယ္။

ပုိင္ရွင္ျဖစ္သူ လြမ္ရဲ႕ေျပာဆုိခ်က္အရ သူမအလုပ္ရုံမွ ထုတ္လုပ္တဲ့ ေကာ္ဖီမႈန္႔ေတြကုိ ၂၀၁၈ အစပိုင္းကတည္းက ေစ်းကြက္အတြင္းသုိ႔ ျဖန္႔ျဖဴးခဲ့ၿပီးျဖစ္ေၾကာင္း ၊ ဒီ ၄လအတြင္းမွာတင္ အဲဒီေကာ္ဖီမႈန္႔ ၃တန္ခန္႔ကုိ ေရာင္းခ်ခဲ့ၿပီးျဖစ္ေၾကာင္း သိရပါတယ္။ ထုိေကာ္ဖီမႈန္႔ေတြကို ဘယ္ေစ်းကြက္ကေန တစ္ဆင့္ ဘယ္ႏုိင္ငံံေတြကို ေရာက္ရွိသြားသလဲဆုိတာကေတာ့ စစ္ေဆးေနဆဲပါ။ သတင္းမွာ ဒီေကာ္ဖီမႈန္႔ရဲ႕ brand ကုိ မေဖာ္ျပထားတာေၾကာင့္ ျမန္မာကိုလည္း ဒီေကာ္ဖီမႈန္႔ေတြ ေရာက္မေရာက္ ဆုိတာ ဘယ္သူမွ မသိႏုိင္ပါဘူး။

ဒါေၾကာင့္ ေကာ္ဖီမႈန္႔ေတြ ၀ယ္ေသာက္တဲ့အခါမွာ ဘာတံဆိပ္မွန္း မသိတဲ့ ၊ အလြန္ ေစ်းေပါစြာနဲ႔ ရေနတဲ့ ေကာ္ဖီမႈန္႔ေတြကို ေရွာင္ၾကပါ။ သိရွိၿပီး တရား၀င္ ခြင့္ျပဳထားတဲ့ တံဆိပ္ေတြကိုသာ ေသာက္သုံးၾကပါ ၊ ကုိယ့္ပုိက္ဆံနဲ႔ ကုိယ္၀ယ္စားၿပီး အဆိပ္ေတြကို မ၀ယ္စားမိေစဖုိ႔ သုတဇုန္ မိတ္ေဆြမ်ားအတြက္ ဒီသတင္းေလးကို မွ်ေ၀လုိက္ပါတယ္ခင္ဗ်ာ။

ဗဟုသုတ ရေစမယ့္ အေၾကာင္းအရာမ်ားအျပင္ ဒီလုိစိတ္၀င္စားဖြယ္သတင္းေလးေတြကို အၿမဲဖတ္ခ်င္ရင္ သုတဇုန္ ေပ့ ကုိ ဆီးဖက္စ္လုပ္ထားၾကပါခင္ဗ်ာ 🙂

Ref:
Tuoi Tre News Vitenam


အဆိပ်ဖြစ်စေတဲ့ ဓာတ်ခဲခြောက် အဟောင်းမှုန့် များနဲ့ ပြုလုပ်ထားတဲ့ ကော်ဖီမှုန့်များ အကြီးအကျယ်ဖမ်းမိ (unicode)

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း Dak Nong ပြည်နယ်က မိသားစုတစ်စုဟာ စားသုံးသူတွေကို ဒုက္ခရောက်စေမယ့် ဆိုးရွားသောကော်ဖီများထုတ်လုပ်လျှက်ရှိတာကို Dak Nong ပြည်နယ် ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိရပါတယ်။ ပိုင်ရှင်ဖြစ်သူ Nguyen Thi Loan ရဲ့ ကော်ဖီထုတ်လုပ်ရေးလုပ်ငန်းကို အိမ်နီးနားချင်းတွေရဲ့ သတင်းပေးမှုအရ ပြီးခဲ့တဲ့ တနင်္လာနေ့က ရဲတွေက ဝင်ရောက်စစ်ဆေးခဲ့တာပါ။ ဒီလိုစစ်ဆေးခဲ့ရာမှာ ပြုလုပ်ပြီးသား ကော်ဖီတန်ချိန်ပေါင်းများစွာနဲ့ အတူ ၊ ဘက်ထရီခြောက်အဟောင်းတွေက ထုတ်လုပ်ထားတဲ့ အမည်းရောင်အမှုန့် ၃၅ကီလိုဂရမ် အပြင် ရေပုံးနဲ့ထည့်ထားတဲ့ မည်းညစ်နေတဲ့ရေ ၁ဝကီလိုဂရမ်ခန့်ကို တွေ့ရှိခဲ့ကြပါတယ်။

ထပ်မံစစ်ဆေးတဲ့အခါမှာတော့ ဒီဘက်ထရီခြောက်အမှုန့်တွေနဲ့ မည်းညစ်နေတဲ့ရေတွေကို ကော်ဖီထုတ်လုပ်မှုမှာထည့်သုံးတယ် ဆိုတာသိလိုက်ရပါတယ်။ ဒါကြောင့် Dak Nong ပြည်နယ်ရဲဌာနက ကော်ဖီထုတ်လုပ်သူကို အင်္ဂါနေ့မှာ တရားစွဲဆိုရန် အမှုဖွင့်ခဲ့ပါတယ်။ ပိုင်ရှင်ဖြစ်သူ လွမ်က ဈေးကွက်မှာပယ်ချခံထားရတဲ့ ကော်ဖီစေ့များကို ဈေးပေါပေါဖြင့်အမြောက်အများဝယ်ယူကာ ၊ ဘက်ထရီခြောက်အမှုန့် ၊ ကော်ဖီရောင်ဆိုးဆေးတို့ဖြင့် ကြိတ်ထောင်းပေါင်းစပ်ကာ ကော်ဖီများကို ထုတ်လုပ်ခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

ရဲတွေ နဲ့ အခြားတာဝန်ရှိသူတွေ သူမရဲ့ အလုပ်ရုံကို ဝင်ရောက်စစ်ဆေးတဲ့အခါ အထက်ပါအန္တရာယ်ဖြစ်စေသော ပစ္စည်းများအပြင် ထုတ်လုပ်ပြီးသားကော်ဖီ ၁၂တန်ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ ကော်ဖီမှုန့်များကို ဓာတ်ခွဲခန်းမှာ စစ်ဆေးစေခဲ့ရာမှာတော့ ဓာတုဗေဒ ကျွမ်းကျင်ပညာရှင် တွဲဖက်ပါမောက္ခ Tran Hong Con က ကော်ဖီမှုန့်များတွင် လူကို အန္တရာယ်ဖြစ်စေသော ဓာတ်များပါရှိပြီး ၊ ထိုပါရှိသည့် Manganese dioxide သည် ရေတစ်လီတာတွင် ၀.၅မီလီဂရမ်ပါရုံမျှဖြင့် လူကို အဆိပ်ဖြစ်စေကြောင်း ၊ ယခုမှာမှု အမြောက်အများပါဝင်နေသည့်အတွက် လူတွေကို အသက်အန္တရာယ်ဖြစ်စေနိုင်သည့်အထိ ဆိုးရွားကြောင်း ဆိုပါတယ်။

ဒါ့အပြင် ဒီကော်ဖီမှုန့်တွေမှာ ခဲ ၊ ပြဒါး ၊ ဇင့် ၊ အာဆင်းနစ် နဲ့ အခြား အဆိပ်ဖြစ်စေမယ့် ဒြပ်စင်တွေပါဝင်နေပြီး ဒီဒြပ်တွေကြောင့် စားသုံးမိသူရဲ့ ဦးနှောက် ၊ ကျောက်ကပ် ၊ နှလုံးသွေးကြောလည်ပတ်မှုစနစ် နဲ့ မျိုးပွားမှုဆိုင်ရာစနစ်တွေကို ဆိုးရွားစွာပျက်စီးစေနိုင်တယ်လို့ ဗီယက်နမ် အမျိုးသားအဟာကဆိုင်ရာ သင်တန်းကျောင်းမှ အဟာရ ကျွမ်းကျင်ပညာရှင်တစ်ယောက်က ဆိုပါတယ်။

ပိုင်ရှင်ဖြစ်သူ လွမ်ရဲ့ပြောဆိုချက်အရ သူမအလုပ်ရုံမှ ထုတ်လုပ်တဲ့ ကော်ဖီမှုန့်တွေကို ၂၀၁၈ အစပိုင်းကတည်းက ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးခဲ့ပြီးဖြစ်ကြောင်း ၊ ဒီ ၄လအတွင်းမှာတင် အဲဒီကော်ဖီမှုန့် ၃တန်ခန့်ကို ရောင်းချခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။ ထိုကော်ဖီမှုန့်တွေကို ဘယ်ဈေးကွက်ကနေ တစ်ဆင့် ဘယ်နိုင်ငံတွေကို ရောက်ရှိသွားသလဲဆိုတာကတော့ စစ်ဆေးနေဆဲပါ။ သတင်းမှာ ဒီကော်ဖီမှုန့်ရဲ့ brand ကို မဖော်ပြထားတာကြောင့် မြန်မာကိုလည်း ဒီကော်ဖီမှုန့်တွေ ရောက်မရောက် ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။

ဒါကြောင့် ကော်ဖီမှုန့်တွေ ဝယ်သောက်တဲ့အခါမှာ ဘာတံဆိပ်မှန်း မသိတဲ့ ၊ အလွန် ဈေးပေါစွာနဲ့ ရနေတဲ့ ကော်ဖီမှုန့်တွေကို ရှောင်ကြပါ။ သိရှိပြီး တရားဝင် ခွင့်ပြုထားတဲ့ တံဆိပ်တွေကိုသာ သောက်သုံးကြပါ ၊ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဝယ်စားပြီး အဆိပ်တွေကို မဝယ်စားမိစေဖို့ သုတဇုန် မိတ်ဆွေများအတွက် ဒီသတင်းလေးကို မျှဝေလိုက်ပါတယ်ခင်ဗျာ။

ဗဟုသုတ ရစေမယ့် အကြောင်းအရာများအပြင် ဒီလိုစိတ်ဝင်စားဖွယ်သတင်းလေးတွေကို အမြဲဖတ်ချင်ရင် သုတဇုန် ပေ့ ကို ဆီးဖက်စ်လုပ်ထားကြပါခင်ဗျာ 🙂

Ref:
Tuoi Tre News Vitenam

Leave a Reply