စစ္ဘုရင္ ရာဇာဓိရာဇ္ ရယ္လုိ႔ ျဖစ္လာေအာင္ ပံ့ပိုးေပးခဲ့သူ (သုိ႔) အမတ္သူရဲေကာင္း မင္းကန္စီ

Posted on

ဟံသာ၀တီဘုရင္ သူ႔ရွင္ရာဇဓိရာဇ္ (ဗညားႏြဲ႔ ) ဟာ လက္ရုံးရည္ ေရာ၊ႏွလုံးရည္ပါ ၿပည့္စုံတဲ့ဘုရင္တစ္ပါး အၿဖစ္ ေက်ာ္ႀကားပါတယ္။ ဒီလုိေက်ာ္ႀကားတဲ့ေနရာမွာ ရာဇဓိရာဇ္ကုိယ္တုိင္သာမက သူ႔ကုိ၀န္းရံထားတဲ့ အမတ္သူရဲေကာင္းေတြ ရဲ႕အစြမ္းေႀကာင့္ဆုိလည္း မမွားပါ။

ဗညားႏြဲ႔ရဲ႕ငယ္နာမည္မွာ ‘အပသုံ’ ၿဖစ္ၿပီး သူႏွင့္ ရုပ္ရည္ၾကမ္းတမ္းျခင္း ၊ သိမ္ေမြ႔ေသအမူအရာမရွိျခင္း စေသာ အေႀကာင္းၿပခ်က္နဲ႔ ခမည္းေတာ္ ဗညားဦး၏ ခ်စ္ၿခင္းကုိ မခံခဲ့ရရွာပါေပ။ သည့္အတြက္လက္ရုံးရည္ႏွလုံးရည္ၿပည့္ေအာင္အၿမဲႀကဳိးစားေနခဲ့သူၿဖစ္ပါတယ္။ သည္လုိအေၿခအေနတြင္ သူ႔မွာဘာလုိေနပါသလဲ။

လုိေနတာကေတာ့ တုိင္ပင္ေပၚတုိင္ပင္ဘက္၊ သူ႔ရဲ႕အဆုိးအေကာင္းမွန္သမွ်ကုိ ေထာက္ၿပႏုိင္မယ့္ ပညာရွိပဲ ၿဖစ္ပါတယ္။ ဒီကြက္လပ္ကုိ ၿဖည့္ဖုိ႔အတြက္ ပညာရွိကိုရွာခဲ့ပါတယ္။ “ပလာ” ဟူေသာအရပ္မွာ ထူးထူးဆန္းဆန္း စကားေတြေၿပာတတ္တဲ့ ဥာဏ္အလြန္ထက္တဲ့ ကုိရင္ တစ္ပါးရွိတဲ့အေႀကာင္းကုိ သိခဲ့ရတဲ့ အတြက္ သူ႔ရဲ႕တပည့္ “မေသာက္”ကုိ ေစလႊတ္ကာႀကည့္ရႈ႕စုံစမ္းေစခဲ့ပါတယ္။

ဒီကုိရင္ကေတာ့ ေနာက္တစ္ခ်ိန္ မင္းကန္စီ ရယ္လုိ႔ၿဖစ္လာမယ့္ ကုိရင္ ဗုဒၶဥာဏ ပဲ ၿဖစ္ပါတယ္။ သူဟာ ကုိရင္အရြယ္မွာတည္းက ေဗဒင္အတတ္၊ဟူးရားအတတ္တို႔မွာ တစ္ဖတ္ကမ္းတတ္တဲ့သူ ၿဖစ္ေနခဲ့ပါၿပီ။ “မေသာက္” ေတြ႔စဥ္ လူနာႀကည့္ရာမွၿပန္လာတဲ့ ကုိရင္ကုိ လူနာအေၿခအေနဘယ္လုိရွိလဲ ေမးရာ ကုိရင္ၿပန္ေၿပာလုိက္ေသာ စကားမွာကား “ အင္း…အေျခ အေနကေတာ႔ ‘ဂ’ လည္း ‘ဂ’မဟုတ္၊’ရာဟု’ လည္း ‘ရာဟု’ မဟုတ္နဲ႔၊ေျပာရရင္ေတာ႔ ကၽြဲထြန္ ေယာက္်ား လက္ကန္သင္းေထာင့္ေရာက္တဲ႔အခါ ႏွင္တံကို ေမာင္းသလိုမ်ဳိး၊ ဆီးကင္ေလာက္ကေလးကို မိုးခ်လိုက္သလိုမ်ဳိးပဲ ဆိုပါေတာ႔” ဟူ၍ပင္။ ဘာေၿပာသြားမွန္း “မေသာက္” လုံး၀နားမလည္ လုိက္ပါေခ်။

ကုိရင္က ဒီလုိေၿပာလုိက္တယ္လုိ႔ မေသာက္က ဗညားႏြဲ႔ကုိ ေလွ်ာက္တင္ရာ ဗညားႏြဲ႔က ဦးစြာပထမ ရတနာသုံးပါးကုိ ဦးထိပ္ထား၍ အဓိဌာန္ၿပဳၿပီး “ငါဟာ ဧကန္မင္းဧကရာဇ္ျဖစ္မယ္ဆိုလွ်င္ ကိုရင္စကားကိုေၿဖဆိုႏုိင္ပါေစ” ဟုဆုိကာ အဓိပၸါယ္ကုိ ေၿဖဆုိပါတယ္။ ” ‘ဂ’ လည္း ‘ဂ’မဟုတ္၊’ရာဟု’ လည္း ‘ရာဟု’ မဟုတ္ဆိုေတာ႔ ‘အစ္’ပဲျဖစ္ရမွာေပါ႔ ကၽြဲထြန္ တိုို႔ရဲ႕သဘာဝကါ ေျဖာင္႕ေျဖာင္႔သြားရင္’ကြပ္’အခုေတာ႔ေထာင္႔ ကိုဦးတည္ သြားတယ္ဆိုေတာ႔’ေဇ’ေနာက္ ဆီးကင္ကိုမိုးခ်လိုက္သလိုမ်ဳိး ဆိုေတာ႔’ဝ’ကို ‘ဝိုက္ခ်’ထည္႔ရမယ္ ဒါဆို’ဝါ’ေပါ႔ အဲေတာ႔အကၡရာသံုးလံုးကို စုလိုက္တဲ႔ခါ’အစ္ေဇဝါ’ ျဖစ္သြားျပီ။ အဲဒီအဓိပၸါယ္ကိုေဖာ္လိုက္တဲ႔အခါေက်ာင္း ဒကါေရာဂါအေျခအေနဟာျပင္းထန္တယ္ ဒီေန႕မေက်ာ္ႏုိင္ေတာ႔ဘူး ဒီေန႕ေသလိမ္႔မယ္ ဆိုတဲ႔သေဘာ” ဟုဆုိကာ မွန္မမွန္ သြားႀကည့္ခုိင္းရာ တကယ္အမွန္ပင္ သူ႔အေၿဖမွန္ေနတဲ့အတြက္ ဗညားႏြဲ႔ဟာေက်နပ္အားရေတာ္မူပါတယ္။

သိပ္မႀကာခင္မွာပဲ အစ္ကုိၿဖစ္သူ လယ္သူရင္းငွား သူလုပ္ရမယ့္အလုပ္ကုိ မလုပ္ပဲတနယ္တေက်းသုိ႔ ထြက္ေၿပးရာ အမူအခင္းမၿဖစ္ခ်င္ သၿဖင့္ ရွင္ဗုဒၶဥာဏခင္ဗ်ာ လူထြက္ကာ အစ္ကုိ႔အစား သူရင္းဌားအလုပ္ကုိ ၀င္လုပ္ရပါတယ္။ လယ္ပုိင္ရွင္က ႏြားေတြရွိတဲ့ေနရာကုိ သိလုိ၍ မင္းကန္စီ ကုိသစ္ပင္ေပၚတက္ ႀကည့္ခုိင္းရာ သြက္လက္စြာတက္ႀကည့္ၿပီး ၿပန္ဆင္းလာခဲ့ပါတယ္။ “ဘယ္လိုလဲ ႏြားေတြကုိၿမင္ခဲ့ရဲ႕လား” လုိ႔ေမးရာ ” ၿမင္ခဲ့ပါတယ္။ အတက္တုန္းကမၿမင္ အဆင္းမွၿမင္ပါတယ္။ တက္သည့္လမ္းက ဆင္းမရ အၿခားလမ္းက ဆင္းခဲ့ရသည္ ” ဟုဆုိရာ လယ္ပုိင္ရွင္က ” မင္းႏွယ္ နားမလည္တဲ့စကားကုိ ေၿပာေၿပာတတ္လြန္းတယ္ ” ဟု ဆုိ၏။

မေသာက္က ဗညားႏြဲ႔ကုိ ေလွ်ာက္တင္ရာ ဗညားႏြဲ႔က “မင္းဧကရာဇ္ ၿဖစ္မည္ဆုိပါက ေၿဖႏိုင္ပါေစ” ဟုဆုိကာ ” ႏြားေတြကုိ ၿမင္ခဲ့တယ္။ တက္သည့္အခါမၿမင္ ဆင္းသည့္အခါမွၿမင္သည္ ဆုိတာ ေၿမြကုိၿမင္တာလုိ႔ေၿပာတာ၊ ေၿမြကုိၿမင္ရတဲ့အတြက္ တက္တဲ့လမ္းကမဆင္းပဲ အၿခားလမ္းက ဆင္းလာတယ္ ဟု ဆုိၿခင္းၿဖစ္တယ္ ” ေၿဖဆုိရာ မွန္ကန္ေနေႀကာင္း ထပ္ေတြ႔ရပါတယ္။

အေစခံလုပ္ေနသူ မင္းကန္စီကုိ ဦးေဒြးၿဖစ္သူ ဆရာေတာ္ကမႀကည့္ရက္ သၿဖင့္ လယ္ပုိင္ရွင္အား ေႀကးအခ်ိန္ ၇၀ ေပးကာ အေစခံဘ၀မွလြတ္ေစခဲ့ၿပီး သာမေဏၿပန္၀တ္ေစခဲ့ပါတယ္။ တေန႔ ဆရာေတာ္တံမ်က္စည္း လွည္းေနစဥ္ ကုိရင္၀င္လာတာကုိၿမင္ကာ ” သင္းပုိင္တြင္ မည္သည့္အရာကုိထုပ္ခဲ့သနည္း ” ဟုေမးရာ ” တပည့္ေတာ္ မြန္စကား သွ်၀ (သြ) ႏွင့္ ကြန္ (ေကာန္) ဟူေသာ ေ၀ါဟာရ ႏွစ္လုံးကို ၿမန္မာလုိဆုိသည္ကုိ ပုိက္ခဲ့ပါသည္ ” ဟုၿပန္ေလွ်ာက္ပါတယ္။ ဆရာေတာ္က ၿပဳံး၍သာေနပါသည္။ နားလည္၍လား နားမလည္၍လားေတာ့ မေၿပာတတ္။

ဗညားႏြဲ႔ႀကားတဲ့အခါ ” မြန္စကား သွ်၀ကုိ ၿမန္မာက ဟင္ဟုေခၚသည္။ မြန္စကား ကြန္ ကုိ ၿမန္မာတြင္ သာ ဟုေခၚသၿဖင့္ ႏွစ္လုံးေပါင္းလ်င္ ဟသၤာ ၿဖစ္မည္” ဟုမွန္ကန္စြာေၿဖႏုိင္ၿပန္ပါတယ္။

ဗညားႏြဲ႔က ” ပုဂၢဳိလ္ထူး ၁ေယာက္က ဒီကုိရင္ရဲ႕ ထူးၿခားတဲ့စကား သုံးခြန္းကုိ မွန္ကန္ေအာင္ေၿဖႏုိင္လ်င္ မင္းဧကရာဇ္ အမွန္ၿဖစ္မည္လုိ႔ ငါ့အား ေဟာဖူးတယ္၊ ဒီကုိရင္ကုိ သြားေရာက္ပင့္ ေဆာင္ေခ် ” လုိ႔ဆိုလုိက္ပါတယ္။

ဒီလုိနဲ႔ ကုိရင္ေလး မင္းကန္စီဟာ နန္းေတာ္ကုိေရာက္လာပါေတာ့တယ္။ ျမင္ျမင္းခ်င္းစဥ္းစားဥာဏ္ရွိၿပီး တည္ၾကည္တဲ့ ကုိရင္ေလးကုိ မိဖုရား တလေမေဒါက ခင္သြားခဲ့တယ္။ ဗညားႏြဲ႔ နဲ႔ ကုိယ္ရင္ေလးတုိ႔ၾကားက ပေဟဠိအေမးအေျဖအျဖစ္အပ်က္ေတြကို သိၿပီးတဲ့အခါမွာေတာ့ တလေမေဒါဟာ ကိုရင္ေလးကုိ ေရႊဖလား နဲ႔ အ၀တ္တအုပ္ လက္ေဆာင္ေပးခဲ့ပါတယ္။

မင္းကံစီက ဗညားႏြဲ႔က သူ႔အားအမူေတာ္ထမ္းေစေႀကာင္း သိရတဲ့အခါ ” ဘုန္းေတာ္ႀကီးတဲ့အရွင့္သား ကြ်န္ေတာ္မ်ဳိးအရွင့္ အနားကုိေရာက္လာတဲ့အတြက္အရွင္ဟာ ဟသၤာကုိပုိက္ရမယ့္ ဧကရာဇ္ၿဖစ္ေတာ့မွာပါ ” ဟုဆုိရာ ဗညားႏြဲ႔အလြန္အမင္း ၀မ္းေၿမာက္ေတာ္မူပါတယ္။

ထုိအခ်ိန္မွ စလုိ႔ မင္းကန္စီဟာ ဗညားႏြဲ႔ကုိ ရာဇဓိရာဇ္ဆုိတဲ့ မင္းဧကရာဇ္ ၿဖစ္လာေစရန္ အႀကံဥာဏ္မ်ားစြာ နဲ႔ ပါရမီၿဖည့္ေပးခဲ့ပါတယ္။ မင္းကန္စီကလည္း သူတတ္ကြ်မ္းေလ့လာထားတဲ့ က်မ္းဂန္ နဲ႔ အဌာရသပညာေတြကုိ ဗညားႏြဲ႔အားသင္ေပးခဲ့တယ္။ မင္းကန္စီက အသက္ပိုႀကီးတဲ့အတြက္ ဗညားႏြဲ႔က မင္းကန္စီကုိ အစ္ကုိလုိ႔ေခၚတယ္။ ဒီလုိနဲ႔ အရင္က စိတ္ၾကမ္းလူၾကမ္းႀကီးျဖစ္ခဲ့တဲ့ ဗညားႏြဲ႔ဟာ တျဖည္းျဖည္းေျပာင္းလဲလာၿပီး တည္ၿငိမ္ၿပီး အရာရာကုိ ခ်င့္ခ်ိန္တတ္လာတယ္။ ဖခင္ရဲ႕ အရုိက္အရာကို ဆက္ခံႏုိင္ဖုိ႔ တည္တည္ၿငိမ္ၿငိမ္နဲ႔ျပင္ဆင္လာႏုိင္ခဲ့တယ္။

ဒီလုိနဲ႔ ဗညားႏြဲ႔ (ရာဇာဓိရာဇ္) နန္းတက္တဲ့အခါ မင္းကန္စီဟာ ‘ရာဇမႏု’ ဆုိတဲ့ ဘြဲ႔အမည္ကုိ ခံယူကာ မင္းတုိင္ပင္အမတ္ႀကီး အရာၿဖစ္လာခဲ့တယ္။ ရာဇမႏု (မင္းကန္စီ) ကလည္း အခါေပး အႀကံဥာဏ္ေပးသင့္တဲ့ အခါေပးသလုိ၊ ေ၀ဖန္ေထာက္ျပစရာရွိတဲ့ အခါတည့္တည့္ေ၀ဖန္ၿပီး ရာဇာဓိရာဇ္ရဲ႕ လက္ရုံးတစ္ဖက္ပမာ အားကုိးခဲ့ရတယ္။ စစ္ဘုရင္ ရာဇာဓိရာဇ္ရယ္လုိ႔ ျဖစ္လာေစဖုိ႔ မင္းကန္စီရဲ႕ စြမ္းေဆာင္မႈ အႀကံေပးမႈေတြ အမ်ားႀကီးပါခဲ့တယ္။ ဒါေပမယ့္ မင္းကန္စီဟာ ရာဇာဓိရာဇ္ ရဲ႕ အမႈေတာ္ကို ၾကာရွည္စြာ ထမ္းေဆာင္ျခင္းမျပဳႏုိင္ခဲ့ပါဘူး။ ပုသိမ္တုိက္ပြဲမွာ ေလွေပၚက ပစ္လုိက္တဲ့ ေသနတ္ဒဏ္ရာနဲ႔ ဆင္ထက္မွာတင္ က်ဆုံးခဲ့ရလုိ႔ျဖစ္ပါတယ္။

ရာဇာဓိရာဇ္ဟာ ဆရာျဖစ္သူ မင္းကန္စီက်သြားေတာ့ အေတာ္စိတ္ထိခုိက္ခဲ့တယ္။ အေလာင္းကုိ အခမ္းအနားနဲ႔ သၿဂၤဳိဟ္ေစခဲ့ၿပီး ရလာတယ္ အရုိးျပာကို ေရႊက်ဳတ္ထဲ ထည့္ေစတယ္။ အဲဒီေနာက္ေတာ့ အရုိးျပာထည့္ထားတဲ့ေရႊက်ဳတ္ကုိ သူတုိ႔ ဆရာတပည့္ႏွစ္ဦး အေရးေတာ္ပုံစတင္ခဲ့ရာ ေရႊတိဂုံဘုရားေျခေေတာ္ရင္းမွာ ျမဳပ္ႏွံၿပီး အရိုးအုိးေစတီတည္ခဲ့တယ္။ ဒါကေတာ့ ရာဇာဓိရာဇ္ရဲ႕ လက္တစ္ဖက္ျဖစ္ခဲ့တဲ့ မင္းကန္စီ ေခၚ အမတ္သူရဲေကာင္းတစ္ေယာက္ရဲ႕ အေၾကာင္းပဲ ျဖစ္ပါေတာ့တယ္။

ကုိးကား
ရာဇာဓိရာဇ္ အေရးေတာ္ပုံက်မ္း


စစ်ဘုရင် ရာဇာဓိရာဇ် ရယ်လို့ ဖြစ်လာအောင် ပံ့ပိုးပေးခဲ့သူ (သို့) အမတ်သူရဲကောင်း မင်းကန်စီ (unicode)

ဟံသာဝတီဘုရင် သူ့ရှင်ရာဇဓိရာဇ် (ဗညားနွဲ့ ) ဟာ လက်ရုံးရည် ရော၊နှလုံးရည်ပါ ပြည့်စုံတဲ့ဘုရင်တစ်ပါး အဖြစ် ကျော်ကြားပါတယ်။ ဒီလိုကျော်ကြားတဲ့နေရာမှာ ရာဇဓိရာဇ်ကိုယ်တိုင်သာမက သူ့ကိုဝန်းရံထားတဲ့ အမတ်သူရဲကောင်းတွေ ရဲ့အစွမ်းကြောင့်ဆိုလည်း မမှားပါ။

ဗညားနွဲ့ရဲ့ငယ်နာမည်မှာ ‘အပသုံ’ ဖြစ်ပြီး သူနှင့် ရုပ်ရည်ကြမ်းတမ်းခြင်း ၊ သိမ်မွေ့သေအမူအရာမရှိခြင်း စသော အကြောင်းပြချက်နဲ့ ခမည်းတော် ဗညားဦး၏ ချစ်ခြင်းကို မခံခဲ့ရရှာပါပေ။ သည့်အတွက်လက်ရုံးရည်နှလုံးရည်ပြည့်အောင်အမြဲကြိုးစားနေခဲ့သူဖြစ်ပါတယ်။ သည်လိုအခြေအနေတွင် သူ့မှာဘာလိုနေပါသလဲ။

လိုနေတာကတော့ တိုင်ပင်ပေါ်တိုင်ပင်ဘက်၊ သူ့ရဲ့အဆိုးအကောင်းမှန်သမျှကို ထောက်ပြနိုင်မယ့် ပညာရှိပဲ ဖြစ်ပါတယ်။ ဒီကွက်လပ်ကို ဖြည့်ဖို့အတွက် ပညာရှိကိုရှာခဲ့ပါတယ်။ “ပလာ” ဟူသောအရပ်မှာ ထူးထူးဆန်းဆန်း စကားတွေပြောတတ်တဲ့ ဥာဏ်အလွန်ထက်တဲ့ ကိုရင် တစ်ပါးရှိတဲ့အကြောင်းကို သိခဲ့ရတဲ့ အတွက် သူ့ရဲ့တပည့် “မသောက်”ကို စေလွှတ်ကာကြည့်ရှု့စုံစမ်းစေခဲ့ပါတယ်။

ဒီကိုရင်ကတော့ နောက်တစ်ချိန် မင်းကန်စီ ရယ်လို့ဖြစ်လာမယ့် ကိုရင် ဗုဒ္ဓဥာဏ ပဲ ဖြစ်ပါတယ်။ သူဟာ ကိုရင်အရွယ်မှာတည်းက ဗေဒင်အတတ်၊ဟူးရားအတတ်တို့မှာ တစ်ဖတ်ကမ်းတတ်တဲ့သူ ဖြစ်နေခဲ့ပါပြီ။ “မသောက်” တွေ့စဉ် လူနာကြည့်ရာမှပြန်လာတဲ့ ကိုရင်ကို လူနာအခြေအနေဘယ်လိုရှိလဲ မေးရာ ကိုရင်ပြန်ပြောလိုက်သော စကားမှာကား “ အင်း…အခြေ အနေကတော့ ‘ဂ’ လည်း ‘ဂ’မဟုတ်၊’ရာဟု’ လည်း ‘ရာဟု’ မဟုတ်နဲ့၊ပြောရရင်တော့ ကျွဲထွန် ယောက်ျား လက်ကန်သင်းထောင့်ရောက်တဲ့အခါ နှင်တံကို မောင်းသလိုမျိုး၊ ဆီးကင်လောက်ကလေးကို မိုးချလိုက်သလိုမျိုးပဲ ဆိုပါတော့” ဟူ၍ပင်။ ဘာပြောသွားမှန်း “မသောက်” လုံးဝနားမလည် လိုက်ပါချေ။

ကိုရင်က ဒီလိုပြောလိုက်တယ်လို့ မသောက်က ဗညားနွဲ့ကို လျှောက်တင်ရာ ဗညားနွဲ့က ဦးစွာပထမ ရတနာသုံးပါးကို ဦးထိပ်ထား၍ အဓိဌာန်ပြုပြီး “ငါဟာ ဧကန်မင်းဧကရာဇ်ဖြစ်မယ်ဆိုလျှင် ကိုရင်စကားကိုဖြေဆိုနိုင်ပါစေ” ဟုဆိုကာ အဓိပ္ပါယ်ကို ဖြေဆိုပါတယ်။ ” ‘ဂ’ လည်း ‘ဂ’မဟုတ်၊’ရာဟု’ လည်း ‘ရာဟု’ မဟုတ်ဆိုတော့ ‘အစ်’ပဲဖြစ်ရမှာပေါ့ ကျွဲထွန် တို့ရဲ့သဘာဝကါ ဖြောင့်ဖြောင့်သွားရင်’ကွပ်’အခုတော့ထောင့် ကိုဦးတည် သွားတယ်ဆိုတော့’ဇေ’နောက် ဆီးကင်ကိုမိုးချလိုက်သလိုမျိုး ဆိုတော့’ဝ’ကို ‘ဝိုက်ချ’ထည့်ရမယ် ဒါဆို’ဝါ’ပေါ့ အဲတော့အက္ခရာသုံးလုံးကို စုလိုက်တဲ့ခါ’အစ်ဇေဝါ’ ဖြစ်သွားပြီ။ အဲဒီအဓိပ္ပါယ်ကိုဖော်လိုက်တဲ့အခါကျောင်း ဒကါရောဂါအခြေအနေဟာပြင်းထန်တယ် ဒီနေ့မကျော်နိုင်တော့ဘူး ဒီနေ့သေလိမ့်မယ် ဆိုတဲ့သဘော” ဟုဆိုကာ မှန်မမှန် သွားကြည့်ခိုင်းရာ တကယ်အမှန်ပင် သူ့အဖြေမှန်နေတဲ့အတွက် ဗညားနွဲ့ဟာကျေနပ်အားရတော်မူပါတယ်။

သိပ်မကြာခင်မှာပဲ အစ်ကိုဖြစ်သူ လယ်သူရင်းငှား သူလုပ်ရမယ့်အလုပ်ကို မလုပ်ပဲတနယ်တကျေးသို့ ထွက်ပြေးရာ အမူအခင်းမဖြစ်ချင် သဖြင့် ရှင်ဗုဒ္ဓဥာဏခင်ဗျာ လူထွက်ကာ အစ်ကို့အစား သူရင်းဌားအလုပ်ကို ဝင်လုပ်ရပါတယ်။ လယ်ပိုင်ရှင်က နွားတွေရှိတဲ့နေရာကို သိလို၍ မင်းကန်စီ ကိုသစ်ပင်ပေါ်တက် ကြည့်ခိုင်းရာ သွက်လက်စွာတက်ကြည့်ပြီး ပြန်ဆင်းလာခဲ့ပါတယ်။ “ဘယ်လိုလဲ နွားတွေကိုမြင်ခဲ့ရဲ့လား” လို့မေးရာ ” မြင်ခဲ့ပါတယ်။ အတက်တုန်းကမမြင် အဆင်းမှမြင်ပါတယ်။ တက်သည့်လမ်းက ဆင်းမရ အခြားလမ်းက ဆင်းခဲ့ရသည် ” ဟုဆိုရာ လယ်ပိုင်ရှင်က ” မင်းနှယ် နားမလည်တဲ့စကားကို ပြောပြောတတ်လွန်းတယ် ” ဟု ဆို၏။

မသောက်က ဗညားနွဲ့ကို လျှောက်တင်ရာ ဗညားနွဲ့က “မင်းဧကရာဇ် ဖြစ်မည်ဆိုပါက ဖြေနိုင်ပါစေ” ဟုဆိုကာ ” နွားတွေကို မြင်ခဲ့တယ်။ တက်သည့်အခါမမြင် ဆင်းသည့်အခါမှမြင်သည် ဆိုတာ မြွေကိုမြင်တာလို့ပြောတာ၊ မြွေကိုမြင်ရတဲ့အတွက် တက်တဲ့လမ်းကမဆင်းပဲ အခြားလမ်းက ဆင်းလာတယ် ဟု ဆိုခြင်းဖြစ်တယ် ” ဖြေဆိုရာ မှန်ကန်နေကြောင်း ထပ်တွေ့ရပါတယ်။

အစေခံလုပ်နေသူ မင်းကန်စီကို ဦးဒွေးဖြစ်သူ ဆရာတော်ကမကြည့်ရက် သဖြင့် လယ်ပိုင်ရှင်အား ကြေးအချိန် ၇၀ ပေးကာ အစေခံဘဝမှလွတ်စေခဲ့ပြီး သာမဏေပြန်ဝတ်စေခဲ့ပါတယ်။ တနေ့ ဆရာတော်တံမျက်စည်း လှည်းနေစဉ် ကိုရင်ဝင်လာတာကိုမြင်ကာ ” သင်းပိုင်တွင် မည်သည့်အရာကိုထုပ်ခဲ့သနည်း ” ဟုမေးရာ ” တပည့်တော် မွန်စကား သျှ၀ (သွ) နှင့် ကွန် (ကောန်) ဟူသော ဝေါဟာရ နှစ်လုံးကို မြန်မာလိုဆိုသည်ကို ပိုက်ခဲ့ပါသည် ” ဟုပြန်လျှောက်ပါတယ်။ ဆရာတော်က ပြုံး၍သာနေပါသည်။ နားလည်၍လား နားမလည်၍လားတော့ မပြောတတ်။

ဗညားနွဲ့ကြားတဲ့အခါ ” မွန်စကား သျှဝကို မြန်မာက ဟင်ဟုခေါ်သည်။ မွန်စကား ကွန် ကို မြန်မာတွင် သာ ဟုခေါ်သဖြင့် နှစ်လုံးပေါင်းလျင် ဟင်္သာ ဖြစ်မည်” ဟုမှန်ကန်စွာဖြေနိုင်ပြန်ပါတယ်။

ဗညားနွဲ့က ” ပုဂ္ဂိုလ်ထူး ၁ယောက်က ဒီကိုရင်ရဲ့ ထူးခြားတဲ့စကား သုံးခွန်းကို မှန်ကန်အောင်ဖြေနိုင်လျင် မင်းဧကရာဇ် အမှန်ဖြစ်မည်လို့ ငါ့အား ဟောဖူးတယ်၊ ဒီကိုရင်ကို သွားရောက်ပင့် ဆောင်ချေ ” လို့ဆိုလိုက်ပါတယ်။

ဒီလိုနဲ့ ကိုရင်လေး မင်းကန်စီဟာ နန်းတော်ကိုရောက်လာပါတော့တယ်။ မြင်မြင်းချင်းစဉ်းစားဥာဏ်ရှိပြီး တည်ကြည်တဲ့ ကိုရင်လေးကို မိဖုရား တလမေဒေါက ခင်သွားခဲ့တယ်။ ဗညားနွဲ့ နဲ့ ကိုယ်ရင်လေးတို့ကြားက ပဟေဠိအမေးအဖြေအဖြစ်အပျက်တွေကို သိပြီးတဲ့အခါမှာတော့ တလမေဒေါဟာ ကိုရင်လေးကို ရွှေဖလား နဲ့ အဝတ်တအုပ် လက်ဆောင်ပေးခဲ့ပါတယ်။

မင်းကံစီက ဗညားနွဲ့က သူ့အားအမူတော်ထမ်းစေကြောင်း သိရတဲ့အခါ ” ဘုန်းတော်ကြီးတဲ့အရှင့်သား ကျွန်တော်မျိုးအရှင့် အနားကိုရောက်လာတဲ့အတွက်အရှင်ဟာ ဟင်္သာကိုပိုက်ရမယ့် ဧကရာဇ်ဖြစ်တော့မှာပါ ” ဟုဆိုရာ ဗညားနွဲ့အလွန်အမင်း ဝမ်းမြောက်တော်မူပါတယ်။

ထိုအချိန်မှ စလို့ မင်းကန်စီဟာ ဗညားနွဲ့ကို ရာဇဓိရာဇ်ဆိုတဲ့ မင်းဧကရာဇ် ဖြစ်လာစေရန် အကြံဥာဏ်များစွာ နဲ့ ပါရမီဖြည့်ပေးခဲ့ပါတယ်။ မင်းကန်စီကလည်း သူတတ်ကျွမ်းလေ့လာထားတဲ့ ကျမ်းဂန် နဲ့ အဌာရသပညာတွေကို ဗညားနွဲ့အားသင်ပေးခဲ့တယ်။ မင်းကန်စီက အသက်ပိုကြီးတဲ့အတွက် ဗညားနွဲ့က မင်းကန်စီကို အစ်ကိုလို့ခေါ်တယ်။ ဒီလိုနဲ့ အရင်က စိတ်ကြမ်းလူကြမ်းကြီးဖြစ်ခဲ့တဲ့ ဗညားနွဲ့ဟာ တဖြည်းဖြည်းပြောင်းလဲလာပြီး တည်ငြိမ်ပြီး အရာရာကို ချင့်ချိန်တတ်လာတယ်။ ဖခင်ရဲ့ အရိုက်အရာကို ဆက်ခံနိုင်ဖို့ တည်တည်ငြိမ်ငြိမ်နဲ့ပြင်ဆင်လာနိုင်ခဲ့တယ်။

ဒီလိုနဲ့ ဗညားနွဲ့ (ရာဇာဓိရာဇ်) နန်းတက်တဲ့အခါ မင်းကန်စီဟာ ‘ရာဇမနု’ ဆိုတဲ့ ဘွဲ့အမည်ကို ခံယူကာ မင်းတိုင်ပင်အမတ်ကြီး အရာဖြစ်လာခဲ့တယ်။ ရာဇမနု (မင်းကန်စီ) ကလည်း အခါပေး အကြံဥာဏ်ပေးသင့်တဲ့ အခါပေးသလို၊ ဝေဖန်ထောက်ပြစရာရှိတဲ့ အခါတည့်တည့်ဝေဖန်ပြီး ရာဇာဓိရာဇ်ရဲ့ လက်ရုံးတစ်ဖက်ပမာ အားကိုးခဲ့ရတယ်။ စစ်ဘုရင် ရာဇာဓိရာဇ်ရယ်လို့ ဖြစ်လာစေဖို့ မင်းကန်စီရဲ့ စွမ်းဆောင်မှု အကြံပေးမှုတွေ အများကြီးပါခဲ့တယ်။ ဒါပေမယ့် မင်းကန်စီဟာ ရာဇာဓိရာဇ် ရဲ့ အမှုတော်ကို ကြာရှည်စွာ ထမ်းဆောင်ခြင်းမပြုနိုင်ခဲ့ပါဘူး။ ပုသိမ်တိုက်ပွဲမှာ လှေပေါ်က ပစ်လိုက်တဲ့ သေနတ်ဒဏ်ရာနဲ့ ဆင်ထက်မှာတင် ကျဆုံးခဲ့ရလို့ဖြစ်ပါတယ်။

ရာဇာဓိရာဇ်ဟာ ဆရာဖြစ်သူ မင်းကန်စီကျသွားတော့ အတော်စိတ်ထိခိုက်ခဲ့တယ်။ အလောင်းကို အခမ်းအနားနဲ့ သင်္ဂြိုဟ်စေခဲ့ပြီး ရလာတယ် အရိုးပြာကို ရွှေကျုတ်ထဲ ထည့်စေတယ်။ အဲဒီနောက်တော့ အရိုးပြာထည့်ထားတဲ့ရွှေကျုတ်ကို သူတို့ ဆရာတပည့်နှစ်ဦး အရေးတော်ပုံစတင်ခဲ့ရာ ရွှေတိဂုံဘုရားခြေေတော်ရင်းမှာ မြုပ်နှံပြီး အရိုးအိုးစေတီတည်ခဲ့တယ်။ ဒါကတော့ ရာဇာဓိရာဇ်ရဲ့ လက်တစ်ဖက်ဖြစ်ခဲ့တဲ့ မင်းကန်စီ ခေါ် အမတ်သူရဲကောင်းတစ်ယောက်ရဲ့ အကြောင်းပဲ ဖြစ်ပါတော့တယ်။

ကိုးကား
ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း

Leave a Reply