ကမာၻ႔အခ်မ္းသာဆံုးလူေတြရဲ႕ ၿခိဳးျခံေခၽြတာတဲ့ အက်င့္ ၉ ခု

Posted on

ထီေပါက္ရင္မင္းဘာလုပ္မလဲ လို႔ကၽြန္ေတာ့္ကိုေမးလာရင္၊ ေစ်းႀကီးတဲ့ဇိမ္ခံကားေတြ၊ အိမ္အႀကီးႀကီးေတြ ၀ယ္မယ္လို႔ေျဖမွမဟုတ္ပါဘူး။ထီလည္းထိုးေလ့မရွိပါဘူး။ ကမာၻေပၚမွာအရမ္းခ်မ္းသာတဲ့လူေတြကိုၾကည့္မယ္ဆိုရင္ ကိုယ္တိုင္အရမ္းခ်မ္းသာတဲ့လူေတြျဖစ္ေနေပမယ့္လည္း သူတို႕ဟာမလိုအပ္တဲ့ေနရာေတြမွာေငြကို အလဟသ သံုးေလ့မရွိဘူးဆိုတာသိပါလိမ့္မယ္။ အခုတစ္ခါမွာေတာ့ ေဒၚလာသန္းေပါင္းမ်ားစြာခ်မ္းသာသူတို႔ရဲ႕ ၿခိဳးျခံေခၽြတာပံုေတြကို အတုယူၿပီး မလိုအပ္ပဲေငြမကုန္ႏိုင္တဲ့နည္း ၉ခုကိုေဖာ္ျပထားပါတယ္။

၁။ အိမ္အႀကီးႀကီးေတြမွာမေနပါဘူး

မက္ဆီကန္ႏုိင္ငံက Telmex ကုမၸဏီရဲ႕ chairman နဲ႔ CEO ျဖစ္တဲ့ Carlos Slim Helu ဆိုသူဟာ အိပ္ခန္း၆ခန္းပါတဲ့ အိမ္မွာေန ေနတာနစ္၃၀ ေက်ာ္ၾကာပါၿပီ။( သူတို႔လို သူေဌးႀကီးေတြအတြက္ဆိုရင္ Carlos Slim Helu ရဲ႕ အိမ္ဟာေတာ္ေတာ္ေသးတယ္လို႕ေျပာလို႕ရပါတယ္)။ နာမည္ေက်ာ္သူေဌးႀကီး ၀ါရင္းဘတ္ဖတ္ကလည္း ေဒၚလာ ၃ေသာင္းတန္အိမ္မွာေနခဲ့တာ ၁၉၅၈ခုႏွစ္ကတည္းကပါပဲ။

ကမာၻ႔ နံပါတ္ ၇ အခ်မ္းသာဆုံးသူေဌးႀကီး Carlos Slim Helu

၂။ေစ်းသက္သာတဲ့ ေနရာမွာ၀ယ္ပါတယ္။

နံပတ္ ၁အတိုင္းအိမ္အႀကီးႀကီးေတြမွာမေနေပမယ့္၊ ပိုက္ဆံသိပ္မကုန္ပဲ ကိုယ္ႀကိဳက္တဲ့ brandေကာင္းေတြ၀ယ္၀တ္လို႕ရပါတယ္။အမ်ားႀကီးေတာ့ေလ်ာက္မ၀ယ္နဲ႔ေပါ့ ။ နာမည္ေက်ာ္ brand အပစၥည္းေတြကို ေစ်းသက္သက္သာသာနဲ႔ ေရာင္းတဲ့ factory outlet store ေတြရွိပါတယ္။ ဒီလိုဆိုင္ေတြမွာ ေစ်းသက္သက္သာသာနဲ႕၀ယ္ၿပီး smart က်က်၀တ္ဆင္လို႕ရပါတယ္။

၃။ ေငြကိုသံုးသင့္တဲ့ေနရာနဲ႔ မသံုးသင့္တဲ့ေနရာ ဆိုၿပီးရွိပါတယ္

ဘယ္လိုအခ်ိန္နဲ႔ ဘယ္လိုေနရာမွာ ေငြကိုသံုးသင့္တယ္ဆိုတာကို ပါးနပ္ဖို႔လိုပါတယ္။ တစ္ခ်ိန္လံုးေစ်း၀ယ္ ထြက္ေန တာမ်ိဳး၊ အေပ်ာ္ခရီးေတြထြက္ေနတာမ်ိဳးေတြမလုပ္သင့္ပါဘူး။ အဲဒီအစား ကိုယ္အတြက္အေရးႀကီးတဲ့ ၊လိုအပ္တဲ့ ေနရာေတြမွာအသံုးျပဳပါ။ ဒီလိုေျပာလို႔ကိုယ္ႀကိဳက္တာမလုပ္ရဘူး၊ လိုခ်င္တာမ၀ယ္ရဘူးလို႔ မဆိုလိုပါဘူး။ေန႕တိုင္း၀ယ္ေနတာမ်ိဳးမလုပ္ဖို႔ပဲလိုပါတယ္။

၄။ေကာ္ဖီ ေသာက္တာက ေငြကုန္ပါတယ္(သူတို႔ႏိုင္ငံမွာဆိုရင္ေပါ့)

ဒီဟာက ျမန္မာႏို္င္ငံကလူေတြအတြက္ေတာ့မသိသာေပမယ့္ သူတို႕ႏိုင္ငံမွာဆိုရင္ Starbucks ကေန latte ေကာ္ဖီတစ္ခြက္ မနက္တိုင္းေသာက္မယ္ဆိုရင္ တစ္လကို ၇၅ ေဒၚလာေလာက္ကုန္က်မွာျဖစ္ပါတယ္။ Bloomberg သတင္္းဌာနပိုင္ရွင္ နဲ႔ နယူေယာက္ၿမိဳ႕ရဲ႕ၿမိဳ႕ေတာ္၀န္အျဖစ္တာ၀န္ယူခဲ့တဲ့ Michael Bloomberg ဆိုရင္ ေကာ္ဖီေသာက္ရင္ေစ်းအသက္သာဆံုး၊ခြက္ေသးသာေသာက္ပါတယ္ ၿပီးေတာ့ ေန႔တိုင္းလဲမေသာက္ပါဘူး၊ သူတစ္ကယ္ေသာက္ခ်င္တဲ့အခ်ိန္က်မွေသာက္ပါတယ္တဲ့။ ဒီထက္ပုိေကာင္းတာကေတာ့ တစ္လစာကုန္က်မယ့္ ၇၅ေဒၚလာနဲ႔ေကာ္ဖီေဖ်ာ္စက္ေကာင္းေကာင္း ၀ယ္ၿပီးေတာ့ ေကာ္ဖီမႈန္႕၀ယ္ၿပီးေဖ်ာ္ ေသာက္ ေသာက္တာက ပိုသက္သာႏိုင္ပါတယ္။

ကမာၻေက်ာ္ ပရိေဘာဂပစၥည္းကုမၸဏီ IKEA က သူေဌးႀကီး Ingvar Kamprad

၅။ ေလယာဥ္စီးရင္economy class ပဲစီးပါတယ္။

ကိုယ့္လုပ္ငန္းက ခရီးခဏခဏသြားေနရတဲ့အလုပ္ဆိုရင္ ေလယာဥ္လက္မွတ္ခ ၾကာလာရင္နည္းမွာ မဟုတ္ပါဘူး။ ကိုယ္စီးေနက် ေလေၾကာင္းလိုင္းတစ္ခုမွာပဲ စီးၿပီးေတာ့ point ေတြရေအာင္၊ၿပီးေတာ့ ၁၀ ခါ ၁ ခါလိုမ်ိဳး အလကားေပးစီးတာမ်ိဳးရေအာင္လုပ္သင့္ပါတယ္။ အလုပ္ရွိတိုင္း တစ္ခ်ိန္လံုး first cl ass၊ business class ေတြပဲစီးၿပီးသြားေနရင္ေတာ့ မြဲသြားပါလိမ့္မယ္။ ကမာၻေက်ာ္ ပရိေဘာဂပစၥည္းကုမၸဏီ IKEA က သူေဌးႀကီး Ingvar Kamprad ေတာင္ အၿမဲတမ္း economy class ပဲစီးတာပဲ၊ သင္ေရာဘာလို႔ မစီးႏိုင္ရမွာလဲ။

၆။ကားတစ္စီး၀ယ္ၿပီးရင္ ၁၀ ႏွစ္ေလာက္စီးပါတယ္။

ကမာၻအႀကီးဆံုး လက္လီအေရာင္းဆိုင္ကုမၸဏီႀကီး ကိုတည္ေထာင္ခဲ့တဲ့ Sam Walton ရဲ႕ အငယ္ဆံုးသားျဖစ္ၿပီး လက္ရွိ Walmart ရဲ႕ ဒါ႐ိုက္တာဘုတ္အဖြဲ႔၀င္ Jim C.Walton ၊ အိႏိၵယ ႏိုင္ငံက IT လုပ္ငန္းရွင္ႀကီး Azim Premji ၊ Microsoft ရဲ႕ CEO ေဟာင္း Steve Balmer နဲ႔ IKEA ရဲ႕သူေဌး Ingvar Kamprad တို႔မွာ တူညီခ်က္တစ္ခုရွိၾကပါတယ္။ သူတို႔စီးတဲ့ကားေတြက ေဒၚလာ ၂ ေသာင္းေအာက္ေတြပဲ ျဖစ္ၿပီး ၀ယ္ၿပီးရင္လည္း ႏွစ္ေပါင္းမ်ားစြာစီးၾကပါတယ္။ သင့္ရဲ႕ကားဟာ သင္တစ္ႏွစ္တာလံုးမွာ အကုန္အက် အမ်ား ဆံုး၊ထိန္းသိမ္းစရိတ္ အမ်ားဆံုး ျဖစ္ႏိုင္ပါတယ္။ မလိုအပ္ပဲနဲ႕ကားကို၁ ႏွစ္ တစ္ခါ ၂ ႏွစ္တစ္ခါေလာက္ ဘာျဖစ္လို႕လဲစီးေနမွာလဲ။

၇။အေၾကြးမတင္ေအာင္ေနပါ။

ကိုယ္က စီးပြားေရးလုပ္ငန္းအသစ္တစ္ခုကိုစတင္ေနခါစဆိုရင္ဒီအခ်က္ကလိုက္နာဖို႔ခက္ခဲ ေလာက္ပါတယ္။ ဒါေပမဲ့ လုပ္ငန္းအတြက္ဆိုၿပီးအေၾကြးေတြယူတာမ်ားလာရင္ ဒီအေၾကြးေတြကိုပဲ ဆပ္ဖို႔လုပ္ကိုင္ေနရသလို ျဖစ္လာၿပီး ကိုယ့္အတြက္တကယ္အေရးႀကီးတဲ့ ကိစၥေတြကိုအာ႐ံုစိုက္ႏိုင္ေတာ့မွာမဟုတ္ပါဘူး။

Google ကို တည္ေထာင္သူ Sergey Brin

၈။ နည္းနည္းနဲ႔ေပ်ာ္ေအာင္ေနတတ္ေအာင္သင္ယူပါ

အေမရိကန္ႏိုင္ငံမွာဆို ရင္ လူမႈအသိုင္းအ၀ိုင္းက ဥစၥာပစၥည္းေတြကိုအရမ္းဦးစားေပးၾကပါတယ္။ less is more ဆိုတဲ့ တန္္ဖိုးကိုသိၿပီး ၊ တစ္ခ်ိန္လံုးေငြေတြမသံုးဘူးဆိုရင္ ကိုယ့္အိပ္ထဲမွာေငြေတြပိုစုမိလာပါလိမ့္မယ္။ Google ကို ပူးတြဲတည္ေထာင္ခဲ့တဲ့ Sergey Brin က ကၽြန္ေတာ္ကိုငယ္ငယ္တုန္းက အိမ္က ရွိသေလာက္နဲ႔ေပ်ာ္ေအာင္ေနတတ္ဖို႔ သင္ေပးခဲ့ပါတယ္ လို႔ေျပာခဲ့ပါတယ္။ သူ႔ရဲ႕ရွိသေလာက္ကေနအခုဆိုရင္ ၂၂ ဒသမ ၈ ဘီလီယံ ရွိေနပါၿပီ။

၉။ ခ်မ္းသားသေလာက္ အသံုးအျဖဳန္းမႀကီးပါနဲ႔။

ဒီအခ်က္ကိုရွင္းရွင္းေလးပဲေျပာရမယ္ဆိုရင္ သင္ဟာတစ္ႏွစ္ေဒၚလာ ၁ သိန္း အသားတင္ရတယ္ဆိုတာဟာ တစ္ႏွစ္ ကို ေဒၚလာ၁ သိန္းသံုးသင့္တယ္လို႔ဆိုလိုတာမဟုတ္ပါဘူး။ ညတိုင္း ေစ်းႀကီးတဲ့ ဆိုင္ေတြမွမစားပါနဲ႔၊ အက်ီ ၤ ေတြကိုဒီဇိုင္းအသစ္ထြက္တိုင္းမ၀ယ္ပါနဲ႔၊တစ္ႏွစ္တစ္ခါ ကား၊ဖုန္း အသစ္ေတြမလိုရင္မ၀ယ္ပါနဲ႔၊ ၿပီးေတာ့ အိမ္ရဲ႕interior design ကို တစ္ခ်ိန္လံုးျပင္ဆင္တာေတြမလုပ္ပါနဲ႔။ ေငြရဖို႔ေငြသံုးရမယ္ လို႔ေျပာၾကေပမယ့္ ရတာတဲ့ေငြကိုလည္းျပန္မကုန္သြားေအာင္ထိန္းသိမ္းသင့္ပါတယ္။

Inc.com မွ Frugal Habits of the World’s Richest People ကို ဆီေလ်ာ္ေအာင္ဘာသာျပန္ထားတာျဖစ္ပါတယ္။

သီဟ (Strategy First Journal )


ကမ္ဘာ့အချမ်းသာဆုံးလူတွေရဲ့ ခြိုးခြံချွေတာတဲ့ အကျင့် ၉ ခု (unicode)

သီဟ (Strategy First Journal )

ထီပေါက်ရင်မင်းဘာလုပ်မလဲ လို့ကျွန်တော့်ကိုမေးလာရင်၊ ဈေးကြီးတဲ့ဇိမ်ခံကားတွေ၊ အိမ်အကြီးကြီးတွေ ဝယ်မယ်လို့ဖြေမှမဟုတ်ပါဘူး။ထီလည်းထိုးလေ့မရှိပါဘူး။ ကမ္ဘာပေါ်မှာအရမ်းချမ်းသာတဲ့လူတွေကိုကြည့်မယ်ဆိုရင် ကိုယ်တိုင်အရမ်းချမ်းသာတဲ့လူတွေဖြစ်နေပေမယ့်လည်း သူတို့ဟာမလိုအပ်တဲ့နေရာတွေမှာငွေကို အလဟသ သုံးလေ့မရှိဘူးဆိုတာသိပါလိမ့်မယ်။ အခုတစ်ခါမှာတော့ ဒေါ်လာသန်းပေါင်းများစွာချမ်းသာသူတို့ရဲ့ ခြိုးခြံချွေတာပုံတွေကို အတုယူပြီး မလိုအပ်ပဲငွေမကုန်နိုင်တဲ့နည်း ၉ခုကိုဖော်ပြထားပါတယ်။

၁။ အိမ်အကြီးကြီးတွေမှာမနေပါဘူး

မက်ဆီကန်နိုင်ငံက Telmex ကုမ္ပဏီရဲ့ chairman နဲ့ CEO ဖြစ်တဲ့ Carlos Slim Helu ဆိုသူဟာ အိပ်ခန်း၆ခန်းပါတဲ့ အိမ်မှာနေ နေတာနစ်၃၀ ကျော်ကြာပါပြီ။( သူတို့လို သူဌေးကြီးတွေအတွက်ဆိုရင် Carlos Slim Helu ရဲ့ အိမ်ဟာတော်တော်သေးတယ်လို့ပြောလို့ရပါတယ်)

၂။ဈေးသက်သာတဲ့ နေရာမှာဝယ်ပါတယ်။

နံပတ် ၁အတိုင်းအိမ်အကြီးကြီးတွေမှာမနေပေမယ့်၊ ပိုက်ဆံသိပ်မကုန်ပဲ ကိုယ်ကြိုက်တဲ့ brandကောင်းတွေဝယ်ဝတ်လို့ရပါတယ်။အများကြီးတော့လျောက်မဝယ်နဲ့ပေါ့ ။ နာမည်ကျော် brand အပစ္စည်းတွေကို ဈေးသက်သက်သာသာနဲ့ ရောင်းတဲ့ factory outlet store တွေရှိပါတယ်။ ဒီလိုဆိုင်တွေမှာ ဈေးသက်သက်သာသာနဲ့ဝယ်ပြီး smart ကျကျဝတ်ဆင်လို့ရပါတယ်။

၃။ ငွေကိုသုံးသင့်တဲ့နေရာနဲ့ မသုံးသင့်တဲ့နေရာ ဆိုပြီးရှိပါတယ်

ဘယ်လိုအချိန်နဲ့ ဘယ်လိုနေရာမှာ ငွေကိုသုံးသင့်တယ်ဆိုတာကို ပါးနပ်ဖို့လိုပါတယ်။ တစ်ချိန်လုံးဈေးဝယ် ထွက်နေ တာမျိုး၊ အပျော်ခရီးတွေထွက်နေတာမျိုးတွေမလုပ်သင့်ပါဘူး။ အဲဒီအစား ကိုယ်အတွက်အရေးကြီးတဲ့ ၊လိုအပ်တဲ့ နေရာတွေမှာအသုံးပြုပါ။ ဒီလိုပြောလို့ကိုယ်ကြိုက်တာမလုပ်ရဘူး၊ လိုချင်တာမဝယ်ရဘူးလို့ မဆိုလိုပါဘူး။နေ့တိုင်းဝယ်နေတာမျိုးမလုပ်ဖို့ပဲလိုပါတယ်။

၄။ကော်ဖီ သောက်တာက ငွေကုန်ပါတယ်(သူတို့နိုင်ငံမှာဆိုရင်ပေါ့)

ဒီဟာက မြန်မာန်ိုင်ငံကလူတွေအတွက်တော့မသိသာပေမယ့် သူတို့နိုင်ငံမှာဆိုရင် Starbucks ကနေ latte ကော်ဖီတစ်ခွက် မနက်တိုင်းသောက်မယ်ဆိုရင် တစ်လကို ၇၅ ဒေါ်လာလောက်ကုန်ကျမှာဖြစ်ပါတယ်။ Bloomberg သတင်းဌာနပိုင်ရှင် နဲ့ နယူယောက်မြို့ရဲ့မြို့တော်ဝန်အဖြစ်တာဝန်ယူခဲ့တဲ့ Michael Bloomberg ဆိုရင် ကော်ဖီသောက်ရင်ဈေးအသက်သာဆုံး၊ခွက်သေးသာသောက်ပါတယ် ပြီးတော့ နေ့တိုင်းလဲမသောက်ပါဘူး၊ သူတစ်ကယ်သောက်ချင်တဲ့အချိန်ကျမှသောက်ပါတယ်တဲ့။ ဒီထက်ပိုကောင်းတာကတော့ တစ်လစာကုန်ကျမယ့် ၇၅ဒေါ်လာနဲ့ကော်ဖီဖျော်စက်ကောင်းကောင်း ဝယ်ပြီးတော့ ကော်ဖီမှုန့်ဝယ်ပြီးဖျော် သောက် သောက်တာက ပိုသက်သာနိုင်ပါတယ်။

၅။ လေယာဉ်စီးရင်economy class ပဲစီးပါတယ်။

ကိုယ့်လုပ်ငန်းက ခရီးခဏခဏသွားနေရတဲ့အလုပ်ဆိုရင် လေယာဉ်လက်မှတ်ခ ကြာလာရင်နည်းမှာ မဟုတ်ပါဘူး။ ကိုယ်စီးနေကျ လေကြောင်းလိုင်းတစ်ခုမှာပဲ စီးပြီးတော့ point တွေရအောင်၊ပြီးတော့ ၁၀ ခါ ၁ ခါလိုမျိုး အလကားပေးစီးတာမျိုးရအောင်လုပ်သင့်ပါတယ်။ အလုပ်ရှိတိုင်း တစ်ချိန်လုံး first class၊ business class တွေပဲစီးပြီးသွားနေရင်တော့ မွဲသွားပါလိမ့်မယ်။ကမ္ဘာကျော် ပရိဘောဂပစ္စည်းကုမ္ပဏီ IKEA က သူဌေးကြီး Ingvar Kamprad တောင် အမြဲတမ်း economy class ပဲစီးတာပဲ၊ သင်ရောဘာလို့ မစီးနိုင်ရမှာလဲ။

၆။ကားတစ်စီးဝယ်ပြီးရင် ၁၀ နှစ်လောက်စီးပါတယ်။

ကမ္ဘာအကြီးဆုံး လက်လီအရောင်းဆိုင်ကုမ္ပဏီကြီး ကိုတည်ထောင်ခဲ့တဲ့ Sam Walton ရဲ့ အငယ်ဆုံးသားဖြစ်ပြီး လက်ရှိ Walmart ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဝင် Jim C.Walton ၊ အိန္ဒိယ နိုင်ငံက IT လုပ်ငန်းရှင်ကြီး Azim Premji ၊ Microsoft ရဲ့ CEO ဟောင်း Steve Balmer နဲ့ IKEA ရဲ့သူဌေး Ingvar Kamprad တို့မှာ တူညီချက်တစ်ခုရှိကြပါတယ်။ သူတို့စီးတဲ့ကားတွေက ဒေါ်လာ ၂ သောင်းအောက်တွေပဲ ဖြစ်ပြီး ဝယ်ပြီးရင်လည်း နှစ်ပေါင်းများစွာစီးကြပါတယ်။ သင့်ရဲ့ကားဟာ သင်တစ်နှစ်တာလုံးမှာ အကုန်အကျ အများ ဆုံး၊ထိန်းသိမ်းစရိတ် အများဆုံး ဖြစ်နိုင်ပါတယ်။ မလိုအပ်ပဲနဲ့ကားကို၁ နှစ် တစ်ခါ ၂ နှစ်တစ်ခါလောက် ဘာဖြစ်လို့လဲစီးနေမှာလဲ။

၇။အကြွေးမတင်အောင်နေပါ။

ကိုယ်က စီးပွားရေးလုပ်ငန်းအသစ်တစ်ခုကိုစတင်နေခါစဆိုရင်ဒီအချက်ကလိုက်နာဖို့ခက်ခဲ လောက်ပါတယ်။ ဒါပေမဲ့ လုပ်ငန်းအတွက်ဆိုပြီးအကြွေးတွေယူတာများလာရင် ဒီအကြွေးတွေကိုပဲ ဆပ်ဖို့လုပ်ကိုင်နေရသလို ဖြစ်လာပြီး ကိုယ့်အတွက်တကယ်အရေးကြီးတဲ့ ကိစ္စတွေကိုအာရုံစိုက်နိုင်တော့မှာမဟုတ်ပါဘူး။

၈။ နည်းနည်းနဲ့ပျော်အောင်နေတတ်အောင်သင်ယူပါ

အမေရိကန်နိုင်ငံမှာဆို ရင် လူမှုအသိုင်းအဝိုင်းက ဥစ္စာပစ္စည်းတွေကိုအရမ်းဦးစားပေးကြပါတယ်။ less is more ဆိုတဲ့ တန်ဖိုးကိုသိပြီး ၊ တစ်ချိန်လုံးငွေတွေမသုံးဘူးဆိုရင် ကိုယ့်အိပ်ထဲမှာငွေတွေပိုစုမိလာပါလိမ့်မယ်။ Google ကို ပူးတွဲတည်ထောင်ခဲ့တဲ့ Sergey Brin က ကျွန်တော်ကိုငယ်ငယ်တုန်းက အိမ်က ရှိသလောက်နဲ့ပျော်အောင်နေတတ်ဖို့ သင်ပေးခဲ့ပါတယ် လို့ပြောခဲ့ပါတယ်။ သူ့ရဲ့ရှိသလောက်ကနေအခုဆိုရင် ၂၂ ဒသမ ၈ ဘီလီယံ ရှိနေပါပြီ။

၉။ ချမ်းသားသလောက် အသုံးအဖြုန်းမကြီးပါနဲ့။

ဒီအချက်ကိုရှင်းရှင်းလေးပဲပြောရမယ်ဆိုရင် သင်ဟာတစ်နှစ်ဒေါ်လာ ၁ သိန်း အသားတင်ရတယ်ဆိုတာဟာ တစ်နှစ် ကို ဒေါ်လာ၁ သိန်းသုံးသင့်တယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ ညတိုင်း ဈေးကြီးတဲ့ ဆိုင်တွေမှမစားပါနဲ့၊ အကျီ ၤ တွေကိုဒီဇိုင်းအသစ်ထွက်တိုင်းမဝယ်ပါနဲ့၊တစ်နှစ်တစ်ခါ ကား၊ဖုန်း အသစ်တွေမလိုရင်မဝယ်ပါနဲ့၊ ပြီးတော့ အိမ်ရဲ့interior design ကို တစ်ချိန်လုံးပြင်ဆင်တာတွေမလုပ်ပါနဲ့။ ငွေရဖို့ငွေသုံးရမယ် လို့ပြောကြပေမယ့် ရတာတဲ့ငွေကိုလည်းပြန်မကုန်သွားအောင်ထိန်းသိမ်းသင့်ပါတယ်။

Inc.com မှ Frugal Habits of the World’s Richest People ကို ဆီလျော်အောင်ဘာသာပြန်ထားတာဖြစ်ပါတယ်။

Leave a Reply