ေဒါင္းတုိ႔အေၾကာင္း သိေကာင္းစရာ

Posted on

ေဒါင္းကို ျမန္မာမွ ဥေဒါင္းဟုလည္း ေခၚၾကသည္။ ေဒါင္းသည္ ဥမွေပါက္စတြင္ သာမန္ငွက္ကဲ့သို႔ ႐ုပ္ဆင္း သဏၭာန္ရွိေသာ္လည္း ႏွစ္ႏွစ္ခန္႔ၾကာေသာအခါ အၿမီးအေတာင္ မ်ား စုံလင္လာကာ ၾကည့္၍ တစ္မ်ိဳးက်က္သေရ ရွိလာသည္။ ထိုအခါမွစ၍ ေဒါင္းဖိုမ်ားကလည္း ေဒါင္းမထက္ ပို၍ လွလာၾကသည္။ သူတို႔ကို ၾကည့္ရသည္မွာ ႂကြားႂကြားဝါဝါ ခန္႔ခန္႔ညားညားရွိလွသည္။ ထိုေၾကာင့္ပင္ အေနာက္ႏိုင္ငံ အသုံးအႏႈန္းမ်ား၌ လွပစြာဝတ္ဆင္၍ ႂကြားႂကြား ဝါဝါ ရွိသူတို႔ကို ေဒါင္းႏွင့္ႏႈိင္း၍ ေျပာေလ့ရွိၾကသည္။

ေဒါင္းသည္ ရစ္မ်ိဳးရင္းတြင္ အပါအဝင္ ျဖစ္၍ အာရွ တိုက္ အပူပိုင္းတြင္ အထူးေပါမ်ားသည္။ ဤသို႔ လွပ၍ က်က္သေရရွိမႈေၾကာင့္ ကမၻာအရပ္ရပ္တြင္ အလွေမြးျမဴၾက သည္။ ခန္႔ညားျခင္းႏွင့္က်က္သေရရွိျခင္းအတြက္ အထိမ္း အမွတ္အျဖစ္ ေဒါင္း႐ုပ္ကို အသုံးျပဳၾကသည္။ ေရွးျမန္မာမင္း အဆက္ဆက္ကလည္း ႏိုင္ငံေတာ္အလံအျဖစ္ ဥေဒါင္းတံဆိပ္ ခတ္ႏွိပ္ေသာအလံကို အသုံးျပဳခဲ့ၾကသည္။ ျမန္မာမင္းမ်ားသည္ မိမိတို႔ကိုယ္မိမိ ေနမ်ိဳးႏြယ္မ်ားဟုယူဆၿပီး ေနကိုကိုယ္စားျပဳသည့္ ဥေဒါင္းပုံကို သုံးစြဲခဲ့ၾကသည္။ ျမန္မာမင္းမ်ား လက္ထက္ အလံကိုသာ မဟုတ္၊ သုံးစြဲရန္ထုတ္ေသာ ေငြဒဂၤါး မ်ား၌ပင္ ျမန္မာမင္း၏အမွတ္အသားအျဖစ္ ေဒါင္း႐ုပ္ကို ခတ္ႏွိပ္ၾကေလသည္။

ျမန္မာမင္းမ်ားသာ မဟုတ္၊ ေရွးက အာရွတိုက္တြင္ တန္ခိုး ႀကီးထြားခဲ့ေသာ မြန္ဂိုဘုရင္မ်ားပင္ ပလႅင္၏ အမွီတြင္ ေ႐ႊေငြ အဖိုးတန္ ေက်ာက္သံပတၱျမားတို႔ျဖင့္ ျပဳလုပ္စီျခယ္ထားေသာ ကေဒါင္းပုံသဏၭာန္ ျပဳလုပ္ ထားေလသည္။ တ႐ုတ္ဘုရင္မ်ား လက္ထက္ကမူ တိုင္းက်ိဳးျပည္က်ိဳး ေဆာင္ေသာ မႉးမတ္ေသနာ ပတိမ်ားကို ဂုဏ္ထူးေဆာင္အျဖစ္ ေဒါင္းတပ္ခြင့္ ျပဳခဲ့၏။

ပြဲႀကီးလမ္းႀကီးမ်ား၌ ဥေဒါင္းသားကိုပင္ ဂုဏ္ထူးတစ္ခု အေန ျဖင့္ စားၾကေလသည္။ ဥေဒါင္း၏အလွဆုံးအပိုင္းသည္ ၿမီးတံ ျဖစ္သည္။ ထိုၿမီးတံသည္ ယပ္ေတာင္သဖြယ္ ျဖန္႔လိုက္ေသာ အခါ ဝိုင္းသြား၍ အလြန္လွပေလသည္။ ၿမီးတံတိုင္း၏ အဖ်ား တြင္ ခရမ္းေရာင္၊ အဝါေရာင္၊ အျပာရင့္ စသည့္ ေရာင္စုံ တို႔ျဖင့္ ေရာႁပြန္းျခယ္လွယ္ထားသကဲ့သို႔ အလြန္လွပေသာ စ စာလုံးပုံသဏၭာန္ အကြက္တစ္ခုစီ ပါေလသည္။

ၿမီးတံ၏အေမြးမ်ားမွာ အစိမ္းပုပ္ေရာက္ျဖစ္၏။ ထိုသို႔ အစိမ္းပုပ္ခံတြင္ အေရာင္မ်ိဳးစုံႁပြန္းေသာ ၿမီးတံသည္ သူတို႔ ေနထိုင္ရာ အပူပိုင္းသစ္ေတာမ်ားႏွင့္ ယိုးမွားဖြယ္ ျဖစ္သျဖင့္ ရန္သူတို႔ ေဘးမွလည္း ကင္းေဝးေအာင္ သဘာဝက ဖန္တီးေပး သကဲ့သို႔ ျဖစ္ေန၏။ ယင္းသည္ ေဒါင္းၿမီးအစစ္မဟုတ္၊ ဤၿမီး တံရွည္မ်ား ၏ေအာက္တြင္ ၿမီးတံ၏ေအာက္ခံသဖြယ္ ျဖစ္ေန ေသာ ၾကက္မအၿမီးကဲ့သို႔ အေမြးမ်ားရွိ၏။ ဥေဒါင္းၿမီးတံမွာ ေနေရာင္ကိုလိုက္၍ အေရာင္အမ်ိဳးမ်ိဳး ေျပာင္းတတ္သျဖင့္ အံ့ဘြယ္ပင္ ျဖစ္သည္။ ေခါင္းေပၚတြင္ အေမြးတို ကေလးမ်ား ျဖင့္ လွပေသာ အေမာက္ကေလး ျဖစ္ေနေလသည္။ ရက္ပိုင္းႏွင့္ ရင္အထက္ပိုင္း အေမြးေရာင္ သည္ စိမ္းျပာျပာျဖစ္ၿပီးလၽွင္ ရင္ေအာက္ပိုင္းမွာ စိမ္းျပာတြင္ ခရမ္းေရာင္ ေႏွာေနေသာ ေၾကာင့္ တစ္မ်ိဳးတစ္ဖုံ လွေလသည္။

ေဒါင္းပ်ဳိမတစ္ေကာင္၏ လည္တုိင္ပုံ

ဂ်ပန္ေဒါင္း ေခၚ ေဒါင္းျပာမ်ိဳး၏ ၿမီးတံအေရာင္ကား အစိမ္းမဟုတ္ပဲ အျပာေရာင္ ခပ္ေတာက္ေတာက္ ျဖစ္၏။ ထိုေဒါင္းျပာမ်ိဳးတြင္ ေဒါင္းမ၏ အေရာင္မွာ တစ္ကိုယ္လုံး ဆြတ္ဆြတ္ျဖဴျဖစ္ေလသည္။  အႀကီးဆုံးငွက္အမ်ဳိးအစား တစ္မ်ဳိးျဖစ္၍ အရြယ္အစားမွာ အၿမီးအပါအ၀င္ ၅ေပခန္္႔ ရွည္ေလ့ရွိသည္။ အေလးခ်ိန္မွာမူ ၈ေပါင္ ႏွင့္ ၁၃ေပါင္ၾကား ရွိတတ္သည္။ အၿမီးမွာ ေဒါင္းတစ္ေကာင္လုံးအရွည္၏ ၆၀% ခန္႔ရွိသည္။ငွက္မ်ားအနက္ ဥေဒါင္းသည္ မ်က္စိ အရွင္ဆုံး ျဖစ္သည္။ လြန္စြာလည္း ေၾကာက္တတ္သည္။ အနီးသို႔ ခ်ဥ္းကပ္သြားလၽွင္ လ်င္ျမန္စြာ ေျပးသြားေလ့ရွိသည္။ ပ်ံရာတြင္ လ်င္ျမန္ေသာ္လည္း ေတာင္ပံမ်ားကို ႐ိုက္ခတ္ရာ တြင္ ေႏွးေႏွးႏွင့္မွန္မွန္သာ ႐ိုက္ခတ္သည္။

အရွားပါးဆုံး ေဒါင္းတစ္မ်ဳိးျဖစ္တဲ့ ေဒါင္းျဖဴ

ေဒါင္းမ်ားသည္ ေတာတြင္းေန ငွက္အမ်ိဳးအစားျဖစ္ၿပီး ေျမေပၚတြင္ အသိုက္ေဆာက္ေလ့ရွိကား အပင္ေပၚတြင္ နားေလ့ရွိသည္။ ဥေဒါင္းတို႔သည္ အစုလိုက္ အၿပဳံလိုက္ မေနၾကေခ်။ အမ်ားဆုံး ဥေဒါင္းဖိုတစ္ေကာင္ႏွင့္ ဥေဒါင္းမ သုံးေလး ေကာင္ေလာက္သာ စု၍ ေနတတ္သည္။ အိႏၵိယႏိုင္ငံ၊ ျမန္မာႏိုင္ငံ၊ မလႅာယုကၽြန္းဆြယ္စေသာ အေရွ႕ပိုင္းရွိ အပူပိုင္းေဒသမ်ားတြင္ အမ်ားအျပား ေနထိုင္ၾက၏။ ေဒါင္း ငယ္ကေလးမ်ားသည္ သမပိုင္းေဒသ ရာသီဥတုတြင္ မေနႏိုင္ ၾကေခ်။ ေဒါင္း၏ကိုယ္ဟန္ပုံသ႑ာန္သည္ ခန္႔ညားဝင့္ဝါ သေလာက္ အသံကား ခန္႔ညားျခင္း မရွိေခ်။ သာမန္ငွက္မ်ား ေအာ္သံႏွင့္သာ တူေလသည္။

ေဒါင္းအသံကုိနားေထာင္လုိလွ်င္ ေအာက္က ဗီဒီယုိကုိ ဖြင့္ၿပီး နားေထာင္ပါ

ဥေဒါင္း၏ထူးျခားခ်က္မွာ ညေနဘက္ေစာေစာတြင္ အ႐ြက္ အနည္းငယ္သာ ရွိေသာ သစ္ပင္ျမင့္ႀကီးမ်ား ေပၚသို႔ အိပ္တန္း တက္၍ နံနက္တြင္ အိပ္ရာမွ ဆင္းေလ့ရွိၾကသည္။ ထိုသို႔ အိပ္ တန္းတက္ရာႏွင့္ အိပ္တန္းမွ ဆင္းရာတို႔တြင္ ဆူညံစြာ ေအာ္ ေလ့ရွိျခင္းျဖစ္သည္။

ေဒါင္းမ်ားသည္ အစုံစားသတၱဝါမ်ားျဖစ္ၿပီး အပင္အစိတ္အပိုင္းမ်ား၊ အခြံမာသီးမ်ား၊ ပိုးမႊားမ်ားႏွင့္ ေက်ာ႐ိုးရွိ၊ ေက်ာ႐ိုးမဲ့ အေသးစား တြားသြား သတၱဝါမ်ားကို စားသုံးေလ့ရွိသည္။ ဥေဒါင္းသည္ စပါးေကာက္ႏွံ၊ ပက္က်ိႏွင့္ အရည္႐ြမ္းေသာ အပင္မ်ိဳးကို စားေသာက္တတ္ၾကသည္။ ဥေဒါင္းသည္ သစ္ပင္ေပၚ၌ျဖစ္ေစ၊ ေျမျပင္ခ်ဳံကြယ္ေပၚ၌ ျဖစ္ေစ ေနတတ္ၾက၏။ အသိုက္ကို ေျမႀကီး ေပၚ၌ လည္းေကာင္း၊ နိမ့္နိမ့္တြင္ ရွိေသာ သစ္ကိုင္းမ်ားေပၚ၌ လည္းေကာင္း ခပ္ၾကမ္းၾကမ္း ျပဳလုပ္ေလ့ ရွိေလသည္။

ဥေဒါင္းမသည္ တစ္ႀကိမ္လၽွင္ အၫိုေရာင္အဆင္းရွိေသာ ဥေပါင္း သုးဥမွ ငါးဥအထိ အုေလ့ရွိၿပီးလၽွင္ တစ္ခါတစ္ရံတြင္ ရွစ္ဥအထိ အုတတ္သည္။ ပ်မ္းမွ် ၂၈ရက္ ဥ၀ပ္ၿပီးလွ်င္ အေကာင္ေပါက္သည္။ ၁ရက္သား ေဒါင္းအေကာင္ေပါက္သည္ လမ္းေလွ်ာက္ႏုိင္သည္။ ၁ရက္သားႏွင့္ပင္ အကူအညီမပါပဲ စားႏုိင္ေသာက္ႏုိင္သည္။

ေဒါင္းဖုိမ်ားကုိ Peacock ဟုေခၚ၍ ေဒါင္းမမ်ားကုိ Peahen ဟုေခၚသည္။ ေဒါင္းဟုၿခဳံ၍ ေခၚလုိလွ်င္ Peafowl ဟုသုံးေလ့ရွိသည္။ ေဒါင္းမိသားစုဆုိလွ်င္ bevy ဟုေခၚၿပီး ေဒါင္းအုပ္စုဆုိလွ်င္ party ဟု သုံးႏုိင္သည္။ ေဒါင္းမ်ား၏ သက္တမ္းမွာ ပွ်မ္းမွ်အားျဖင့္ ႏွစ္ ၂၀ ျဖစ္သည္။

ေရွးဂရိလူမ်ိဳးမ်ား၏ ယုံၾကည္မႈအရ ေဒါင္း၏အသားသည္ ေသဆုံးၿပီးေနာက္ မပုပ္သိုးဟု သတ္မွတ္ေသာေၾကာင့္ ေဒါင္းသည္ ထာ၀ရရွင္သန္မႈ၏ သေကၤတျဖစ္လာသည္။ ဟိႏၵဴယဥ္ေက်းမႈအရမႈ Kartikeya ေခၚ စစ္နတ္ဘုရား၏ အကာအကြယ္ စစ္လက္နက္ ျဖစ္ေနရျပန္သည္။

Myanmar Wikipedia


ဒေါင်းတို့အကြောင်း သိကောင်းစရာ (unicode)

ဒေါင်းကို မြန်မာမှ ဥဒေါင်းဟုလည်း ခေါ်ကြသည်။ ဒေါင်းသည် ဥမှပေါက်စတွင် သာမန်ငှက်ကဲ့သို့ ရုပ်ဆင်း သဏ္ဌာန်ရှိသော်လည်း နှစ်နှစ်ခန့်ကြာသောအခါ အမြီးအတောင် များ စုံလင်လာကာ ကြည့်၍ တစ်မျိုးကျက်သရေ ရှိလာသည်။ ထိုအခါမှစ၍ ဒေါင်းဖိုများကလည်း ဒေါင်းမထက် ပို၍ လှလာကြသည်။ သူတို့ကို ကြည့်ရသည်မှာ ကြွားကြွားဝါဝါ ခန့်ခန့်ညားညားရှိလှသည်။ ထိုကြောင့်ပင် အနောက်နိုင်ငံ အသုံးအနှုန်းများ၌ လှပစွာဝတ်ဆင်၍ ကြွားကြွား ဝါဝါ ရှိသူတို့ကို ဒေါင်းနှင့်နှိုင်း၍ ပြောလေ့ရှိကြသည်။

ဒေါင်းသည် ရစ်မျိုးရင်းတွင် အပါအဝင် ဖြစ်၍ အာရှ တိုက် အပူပိုင်းတွင် အထူးပေါများသည်။ ဤသို့ လှပ၍ ကျက်သရေရှိမှုကြောင့် ကမ္ဘာအရပ်ရပ်တွင် အလှမွေးမြူကြ သည်။ ခန့်ညားခြင်းနှင့်ကျက်သရေရှိခြင်းအတွက် အထိမ်း အမှတ်အဖြစ် ဒေါင်းရုပ်ကို အသုံးပြုကြသည်။ ရှေးမြန်မာမင်း အဆက်ဆက်ကလည်း နိုင်ငံတော်အလံအဖြစ် ဥဒေါင်းတံဆိပ် ခတ်နှိပ်သောအလံကို အသုံးပြုခဲ့ကြသည်။ မြန်မာမင်းများသည် မိမိတို့ကိုယ်မိမိ နေမျိုးနွယ်များဟုယူဆပြီး နေကိုကိုယ်စားပြုသည့် ဥဒေါင်းပုံကို သုံးစွဲခဲ့ကြသည်။ မြန်မာမင်းများ လက်ထက် အလံကိုသာ မဟုတ်၊ သုံးစွဲရန်ထုတ်သော ငွေဒင်္ဂါး များ၌ပင် မြန်မာမင်း၏အမှတ်အသားအဖြစ် ဒေါင်းရုပ်ကို ခတ်နှိပ်ကြလေသည်။

မြန်မာမင်းများသာ မဟုတ်၊ ရှေးက အာရှတိုက်တွင် တန်ခိုး ကြီးထွားခဲ့သော မွန်ဂိုဘုရင်များပင် ပလ္လင်၏ အမှီတွင် ရွှေငွေ အဖိုးတန် ကျောက်သံပတ္တမြားတို့ဖြင့် ပြုလုပ်စီခြယ်ထားသော ကဒေါင်းပုံသဏ္ဌာန် ပြုလုပ် ထားလေသည်။ တရုတ်ဘုရင်များ လက်ထက်ကမူ တိုင်းကျိုးပြည်ကျိုး ဆောင်သော မှူးမတ်သေနာ ပတိများကို ဂုဏ်ထူးဆောင်အဖြစ် ဒေါင်းတပ်ခွင့် ပြုခဲ့၏။

ပွဲကြီးလမ်းကြီးများ၌ ဥဒေါင်းသားကိုပင် ဂုဏ်ထူးတစ်ခု အနေ ဖြင့် စားကြလေသည်။ ဥဒေါင်း၏အလှဆုံးအပိုင်းသည် မြီးတံ ဖြစ်သည်။ ထိုမြီးတံသည် ယပ်တောင်သဖွယ် ဖြန့်လိုက်သော အခါ ဝိုင်းသွား၍ အလွန်လှပလေသည်။ မြီးတံတိုင်း၏ အဖျား တွင် ခရမ်းရောင်၊ အဝါရောင်၊ အပြာရင့် စသည့် ရောင်စုံ တို့ဖြင့် ရောပြွန်းခြယ်လှယ်ထားသကဲ့သို့ အလွန်လှပသော စ စာလုံးပုံသဏ္ဌာန် အကွက်တစ်ခုစီ ပါလေသည်။ အကြီးဆုံးငှက်အမျိုးအစား တစ်မျိုးဖြစ်၍ အရွယ်အစားမှာ အမြီးအပါအဝင် ၅ပေခန့် ရှည်လေ့ရှိသည်။ အလေးချိန်မှာမူ ၈ပေါင် နှင့် ၁၃ပေါင်ကြား ရှိတတ်သည်။ အမြီးမှာ ဒေါင်းတစ်ကောင်လုံးအရှည်၏ ၆၀% ခန့်ရှိသည်။

မြီးတံ၏အမွေးများမှာ အစိမ်းပုပ်ရောက်ဖြစ်၏။ ထိုသို့ အစိမ်းပုပ်ခံတွင် အရောင်မျိုးစုံပြွန်းသော မြီးတံသည် သူတို့ နေထိုင်ရာ အပူပိုင်းသစ်တောများနှင့် ယိုးမှားဖွယ် ဖြစ်သဖြင့် ရန်သူတို့ ဘေးမှလည်း ကင်းဝေးအောင် သဘာဝက ဖန်တီးပေး သကဲ့သို့ ဖြစ်နေ၏။ ယင်းသည် ဒေါင်းမြီးအစစ်မဟုတ်၊ ဤမြီး တံရှည်များ ၏အောက်တွင် မြီးတံ၏အောက်ခံသဖွယ် ဖြစ်နေ သော ကြက်မအမြီးကဲ့သို့ အမွေးများရှိ၏။ ဥဒေါင်းမြီးတံမှာ နေရောင်ကိုလိုက်၍ အရောင်အမျိုးမျိုး ပြောင်းတတ်သဖြင့် အံ့ဘွယ်ပင် ဖြစ်သည်။ ခေါင်းပေါ်တွင် အမွေးတို ကလေးများ ဖြင့် လှပသော အမောက်ကလေး ဖြစ်နေလေသည်။ ရက်ပိုင်းနှင့် ရင်အထက်ပိုင်း အမွေးရောင် သည် စိမ်းပြာပြာဖြစ်ပြီးလျှင် ရင်အောက်ပိုင်းမှာ စိမ်းပြာတွင် ခရမ်းရောင် နှောနေသော ကြောင့် တစ်မျိုးတစ်ဖုံ လှလေသည်။

ဂျပန်ဒေါင်း ခေါ် ဒေါင်းပြာမျိုး၏ မြီးတံအရောင်ကား အစိမ်းမဟုတ်ပဲ အပြာရောင် ခပ်တောက်တောက် ဖြစ်၏။ ထိုဒေါင်းပြာမျိုးတွင် ဒေါင်းမ၏ အရောင်မှာ တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူဖြစ်လေသည်။ငှက်များအနက် ဥဒေါင်းသည် မျက်စိ အရှင်ဆုံး ဖြစ်သည်။ လွန်စွာလည်း ကြောက်တတ်သည်။ အနီးသို့ ချဉ်းကပ်သွားလျှင် လျင်မြန်စွာ ပြေးသွားလေ့ရှိသည်။ ပျံရာတွင် လျင်မြန်သော်လည်း တောင်ပံများကို ရိုက်ခတ်ရာ တွင် နှေးနှေးနှင့်မှန်မှန်သာ ရိုက်ခတ်သည်။

ဒေါင်းများသည် တောတွင်းနေ ငှက်အမျိုးအစားဖြစ်ပြီး မြေပေါ်တွင် အသိုက်ဆောက်လေ့ရှိကား အပင်ပေါ်တွင် နားလေ့ရှိသည်။ ဥဒေါင်းတို့သည် အစုလိုက် အပြုံလိုက် မနေကြချေ။ အများဆုံး ဥဒေါင်းဖိုတစ်ကောင်နှင့် ဥဒေါင်းမ သုံးလေး ကောင်လောက်သာ စု၍ နေတတ်သည်။ အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံ၊ မလ္လာယုကျွန်းဆွယ်စသော အရှေ့ပိုင်းရှိ အပူပိုင်းဒေသများတွင် အများအပြား နေထိုင်ကြ၏။ ဒေါင်း ငယ်ကလေးများသည် သမပိုင်းဒေသ ရာသီဥတုတွင် မနေနိုင် ကြချေ။ ဒေါင်း၏ကိုယ်ဟန်ပုံသဏ္ဍာန်သည် ခန့်ညားဝင့်ဝါ သလောက် အသံကား ခန့်ညားခြင်း မရှိချေ။ သာမန်ငှက်များ အော်သံနှင့်သာ တူလေသည်။

ဥဒေါင်း၏ထူးခြားချက်မှာ ညနေဘက်စောစောတွင် အရွက် အနည်းငယ်သာ ရှိသော သစ်ပင်မြင့်ကြီးများ ပေါ်သို့ အိပ်တန်း တက်၍ နံနက်တွင် အိပ်ရာမှ ဆင်းလေ့ရှိကြသည်။ ထိုသို့ အိပ် တန်းတက်ရာနှင့် အိပ်တန်းမှ ဆင်းရာတို့တွင် ဆူညံစွာ အော် လေ့ရှိခြင်းဖြစ်သည်။

ဒေါင်းများသည် အစုံစားသတ္တဝါများဖြစ်ပြီး အပင်အစိတ်အပိုင်းများ၊ အခွံမာသီးများ၊ ပိုးမွှားများနှင့် ကျောရိုးရှိ၊ ကျောရိုးမဲ့ အသေးစား တွားသွား သတ္တဝါများကို စားသုံးလေ့ရှိသည်။ ဥဒေါင်းသည် စပါးကောက်နှံ၊ ပက်ကျိနှင့် အရည်ရွမ်းသော အပင်မျိုးကို စားသောက်တတ်ကြသည်။ ဥဒေါင်းသည် သစ်ပင်ပေါ်၌ဖြစ်စေ၊ မြေပြင်ချုံကွယ်ပေါ်၌ ဖြစ်စေ နေတတ်ကြ၏။ အသိုက်ကို မြေကြီး ပေါ်၌ လည်းကောင်း၊ နိမ့်နိမ့်တွင် ရှိသော သစ်ကိုင်းများပေါ်၌ လည်းကောင်း ခပ်ကြမ်းကြမ်း ပြုလုပ်လေ့ ရှိလေသည်။

ဥဒေါင်းမသည် တစ်ကြိမ်လျှင် အညိုရောင်အဆင်းရှိသော ဥပေါင်း သုးဥမှ ငါးဥအထိ အုလေ့ရှိပြီးလျှင် တစ်ခါတစ်ရံတွင် ရှစ်ဥအထိ အုတတ်သည်။ ပျမ်းမျှ ၂၈ရက် ဥဝပ်ပြီးလျှင် အကောင်ပေါက်သည်။ ၁ရက်သား ဒေါင်းအကောင်ပေါက်သည် လမ်းလျှောက်နိုင်သည်။ ၁ရက်သားနှင့်ပင် အကူအညီမပါပဲ စားနိုင်သောက်နိုင်သည်။

ဒေါင်းဖိုများကို Peacock ဟုခေါ်၍ ဒေါင်းမများကို Peahen ဟုခေါ်သည်။ ဒေါင်းဟုခြုံ၍ ခေါ်လိုလျှင် Peafowl ဟုသုံးလေ့ရှိသည်။ ဒေါင်းမိသားစုဆိုလျှင် bevy ဟုခေါ်ပြီး ဒေါင်းအုပ်စုဆိုလျှင် party ဟု သုံးနိုင်သည်။ ဒေါင်းများ၏ သက်တမ်းမှာ ပျှမ်းမျှအားဖြင့် နှစ် ၂၀ ဖြစ်သည်။

ရှေးဂရိလူမျိုးများ၏ ယုံကြည်မှုအရ ဒေါင်း၏အသားသည် သေဆုံးပြီးနောက် မပုပ်သိုးဟု သတ်မှတ်သောကြောင့် ဒေါင်းသည် ထာဝရရှင်သန်မှု၏ သင်္ကေတဖြစ်လာသည်။ ဟိန္ဒူယဉ်ကျေးမှုအရမှု Kartikeya ခေါ် စစ်နတ်ဘုရား၏ အကာအကွယ် စစ်လက်နက် ဖြစ်နေရပြန်သည်။

Wikipedia

Leave a Reply