လမ္းနဲ႔ မလြတ္တဲ့ သုံးထပ္အိမ္ကုိ အဖ်က္မခံခ်င္လုိ႔ ေပ ၁၃၀ အကြာအေ၀းသုိ႔ေရႊ႕ပစ္ခဲ့သူ

Posted on

တရုတ္ျပည္ေတာင္ဘက္ Jianxi ျပည္နယ္က လယ္သမားႀကီးတစ္ေယာက္ဟာ သူ႕ရဲ႕အိမ္ကုိ လမ္းေဖာက္လုပ္ေရးလုပ္ငန္းေနရာနဲ႔ ေဝးရာ ၄၀မီတာအကြာထိေရာက္ေအာင္ သစ္သားေခ်ာင္းေတြအေျမာက္အမ်ားအသံုးျပဳၿပီး ေရႊ႕ဖို႔ စီစဥ္ခဲ့ပါတယ္။

Gao Yiping လုိ႕အမည္ရတဲ႕လယ္သမားႀကီးဟာ သံုးထပ္တုိက္ၾကီးတစ္ခုကုိ ၂၀၁၄ခုႏွစ္ကမွ သူေနတဲ့ေနရာျဖစ္တဲ့ Jianxi ျပည္နယ္ Zhouxi ၿမိဳ႕မွာ ေဆာက္လုပ္ၿပီးစီးခဲ့တာျဖစ္ပါတယ္။ အဲဒီမွာ သူနဲ႕သူ႕မိသားစုေနထုိင္ၾကၿပီး တစ္ႏွစ္ေက်ာ္ေလာက္အၾကာမွာေတာ့ နယ္ေျမတာဝန္ခံေတြကသူ႕ကုိ အေၾကာင္းၾကားလာပါတယ္။ ဒီအိမ္ဟာ အသစ္ခင္းေတာ့မယ့္လမ္းမႀကီးရဲ႕အလယ္မွာတည္ရွိေနတာေၾကာင့္ ဖ်က္ဖုိ႕လုိအပ္ပါတယ္ဆုိတဲ့အေၾကာင္းပါ။ အဲဒီအတြက္ ေလ်ာ္ေၾကးထုိက္သင့္သေလာက္ေပးပါမယ္လုိ႕အာဏာပုိင္ေတြကေျပာလာပါတယ္။

သုိ႔ေပမယ့္ Gao ဟာ ဒီအိမ္ႀကီးကုိ ယြမ္ ၁သန္းခန္႔အကုန္အက်ခံကာ ႏွစ္ေပါင္းမ်ားစြာ ႀကဳိးစားေဆာက္ခဲ့ရတာ ျဖစ္တာေၾကာင့္ မဖ်က္ခ်င္ခဲ့ပါဘူး။ သူအရမ္းခ်စ္တဲ့ဒီအိမ္ႀကီး မၾကာခင္ဖ်က္ဆီးခံရေတာ့မွာကုိ ေတြးမိၿပီး Gao တစ္ေယာက္ ဘာလုပ္ရမွန္းမသိျဖစ္ခဲ့ရပါတယ္။ ဒါေၾကာင့္ လြန္ခဲ့တဲ့ႏွစ္ကစျပီး သူဟာ အေကာင္းဆံုးျဖစ္မယ့္ နည္းလမ္းတစ္ခုကုိရွာေဖြခဲ့ပါေတာ့တယ္။ ေနာက္ေတာ့ သူ႕ရဲ႕အခက္အခဲကုိသိတဲ့ မိတ္ေဆြတစ္ေယာက္ဆီကအၾကံတစ္ခုကိုရခဲ့ပါတယ္။

သူ႔မိတ္ေဆြဟာ သူတုိ႔နယ္မွာရွိတဲ့ ယန္ခ်န္းဆုိတဲ့ ကုမၸဏီတစ္ခုကို ဆက္သြယ္ေပးခဲ့ပါတယ္။ ဒီကုမၸဏီကေတာ့ အိမ္ေရႊ႕ျခင္းလုပ္ငန္းကုိ အဓိကလုပ္ကုိင္တာပဲျဖစ္ပါတယ္။ ဒီလုိမွမေရႊ႕ရင္လည္း တစ္ျခားတစ္ေနရာမွာ အိမ္အသစ္ထပ္ေဆာက္ဖုိ႕ကလြဲၿပီး သူ႕မွာေရြးခ်ယ္စရာမရွိေတာ့တာေၾကာင့္ ေမ်ာ္လင့္ခ်က္တစ္ခုအေနနဲ႔ ဆက္သြယ္ခဲ့ပါေတာ့တယ္။ အစုိးရဆီက ေလ်ာ္ေၾကးအေနနဲ႕ ယြမ္ ၄သိန္းခန္႕ရႏိုင္တယ္လုိ႕ သူခန္႕မွန္းထားၿပီး ရသမ်ွေလ်ာ္ေၾကးေငြေတြအားလံုးကို အိမ္ေရႊ႕ေပးတဲ့ ကုမၸဏီကုိပဲေပးလုိက္ဖုိ႔သူဆံုးျဖတ္ခဲ့ပါတယ္။ ဒီနည္းနဲ႕ သူအိမ္ဖ်က္ဆီးခံရျခင္းကလဲလြတ္ၿပီး အိမ္အသစ္လဲထပ္ေဆာက္ဖုိ႕မလုိေတာ့ဘူးေလ။

ကုမၸဏီက လာေရာက္စစ္ေဆးတဲ့အခါမွာေတာ့ ကံေကာင္းစြာနဲ႕ပဲအိမ္ေရႊ႕ဖုိ႕ျဖစ္ႏုိင္ေၾကာင္းနဲ႕ ကုန္က်စရိတ္အေနနဲ႕ သူထင္ထားတာထက္ေတာင္ပုိနည္းေနပါေသးေၾကာင္းသိလုိက္ရပါတယ္။
စဥ္းစားၾကည့္လုိက္ရင္ ယြမ္ ၄သိန္းေပးရမယ္ဆုိရင္ေတာင္ ဒါလုပ္သင့္လုပ္ထုိက္တယ္လုိ႕ကြ်န္ေတာ္ခံစားရတယ္။အိမ္အသစ္ေဆာက္ဖုိ႔ အခ်ိန္ထပ္ေပးစရာလဲမလုိေတာ့ဘူးေလ”လုိ႕ Chinese reporters ကုိေျပာၾကားခဲ့ပါတယ္။ ၂၀၁၇ စက္တင္ဘာလမွာေတာ့ သူ႕အိမ္ေအာက္ေျခ ေဖာင္ေဒးရွင္းကေနခြာဖုိ႕အတြက္ ကြ်မ္းက်င္ေဆာက္လုပ္ေရးအဖြဲ႕ကုိငွားခဲ့ပါတယ္။ တစ္ခ်ိန္ထဲမွာပဲ ေရႊ႕ဖုိ႕လမ္း
တစ္ေလွ်ာက္ ေျမေတြကုိလဲျပင္ဆင္ထားပါတယ္။

အကုန္အဆင္သင့္ျဖစ္ရင္ေတာ့ ေဆာက္လုပ္ေရးအဖြဲ႕ကုိ အဖုိးအခအေနနဲ႕ထုိက္ထုိက္တန္တန္ ေပးဖုိ႕အခ်ိန္က်ပါၿပီ။ ေပ ၁၃၀ ဆုိတာသိပ္ေတာ့မေဝးေပမယ့္လဲ Gao ရဲ႕ သံုးထပ္အိမ္ႀကီးဟာ တန္ ၁၀၀၀ခန္႕ေလးတာေၾကာင့္ သိပ္ၿပီးျမန္ျမန္နဲ႔ လြယ္လြယ္ကူကူမေရႊ႕ႏုိင္ခဲ့ပါဘူး။ Black China ရဲ႕ေျပာျပခ်က္အရ အိမ္တစ္ခုလံုးေရႊ႕ၿပီးဖုိ႔ အနည္းဆံုုး ၁လခြဲခန့္ၾကာျမင့္ခဲ့ၿပီး သစ္သားေခ်ာင္းေပါင္း ၁၀၀၀ခန္႔သံုးရတယ္လုိ႕သိရပါတယ္။

လုပ္ငန္းေဆာင္ရြက္ေနစဥ္ရိုက္ထားတဲ့ပံုေတြကုိၾကည့္ျခင္းအားျဖင့္ ဒီအိမ္ၾကီးေျမႀကီးေပၚကၾကြလာၿပီး သစ္သားေခ်ာင္းေတြစင္ထားတဲ့အေပၚတင္တဲ့ပံုကုိေတြ႕ရမွာျဖစ္ပါတယ္။ အရမ္းကုိ ခိုင္မာက်စ္လစ္တဲ့ႀကိဳးေတြနဲ႕မ တင္တဲ့ကိရိယာေတြကုိအသံုးျပဳၿပီး ဂရုတစိုက္ ဆြဲတင္ခဲ့ၾကပါတယ္။ လုပ္ငန္းၿပီးဆံုးတဲ့အခ်ိန္မွာေတာ့ Gao Yiping ဟာ ကုမၸဏီကုိ ယြမ္ ၂သိန္း ၂ေသာင္း ေပးေခ်ခဲ့ၿပီး ေရႊ႕ဖုိ႕အတြက္ေဖာင္ေဒးရွင္းကုိ ခြာၿပီးေနာက္ ျပန္လည္ျပင္ဆင္စရိတ္အေနနဲ႕ ယြမ္ ၁သိန္း ၁ေသာင္းေပးေခ်ခဲ့ပါတယ္။ စုစုေပါင္း ၃သိန္း၃ေသာင္းသာကုန္က်ခဲ့ပါတယ္။သူထင္ထားတာထက္ အကုန္အက်သက္သာၿပီး အသစ္ေဆာက္ဖုိ႕အတြက္ကုန္က်စရိတ္လဲမကုန္ေတာ့ပါဘူး။

ေျပာင္းေရႊ႕စရိတ္ေလ်ာ္ေၾကးအေနနဲ႔ ယြမ္ ၆သိန္း ၈ေသာင္း ရရွိခဲ႕တာေၾကာင့္ အိမ္ကုိေကာင္းမြန္စြာေရႊ႕ႏိုင္ခဲ့တဲ့အျပင္ အက်ိဳးအျမတ္လဲရရွိခဲ့ပါတယ္။ အိမ္ႀကီးကုိေကာင္းေကာင္းေရႊ႕လုိက္ႏုိင္ေပမယ့္ ေနထုိင္ဖုိ႕စိတ္ခ်ရတဲ့အေျခအေနမွာရွိ/မရွိသံသယျဖစ္သူမ်ားလဲရွိေနပါတယ္။ တခ်ိဳ႕ေတြက အိမ္အလံုးလုိက္ေရႊ႕လုိက္ရတာျဖစ္တာေၾကာင့္ နဲ႕ မူလ ေဖာင္ေဒးရွင္းမဟုတ္ေတာ့တာေၾကာင့္ နံရံအက္ေၾကာင္းေတြျဖစ္မွာပဲလုိ႕ထင္ေၾကးေပးၾကပါတယ္။

VIDEO

ဘယ္လိုပဲျဖစ္ျဖစ္ Gao ကေတာ့ သူနဲ႕ သူ႕မိသားစုတစ္စုလံုး ေနရာေျပာင္းထားတဲ့အိမ္ႀကီးမွာ ေနထုိင္တာ ၃လရွိၿပီျဖစ္ေပမယ့္ ဘာနံရံအက္ကြဲေၾကာင္းမွ မေပၚလာေၾကာင္း၊ ဒါ့အျပင္ ေဖာင္ေဒးရွင္းကုိ အရင္ကထက္ပုိၿပီးေကာင္းမြန္ေအာင္ျပန္လုပ္ထားတာေၾကာင့္ အိမ္ကအရင္ကထက္ေတာင္ပုိခုိင္ခံမွာေသခ်ာပါတယ္လုိ႕ သတင္းေထာက္ေတြကုိေျပာပါတယ္။

ဒီနည္းလမ္းအသံုးျပဳျခင္းဟာ အခ်ိန္၊ ေငြနဲ႕အားစုိက္ထုတ္မႈ ေတြကုိပုိမုိသက္သာေစတယ္လုိ႕ လယ္သမားႀကီးက တျခားသူေတြကုိလဲအၾကံျပဳေျပာၾကားခဲ့ပါတယ္။ သူ႕ရဲ႕သတင္းကုိၾကားတဲ့ သူတုိ႕အိမ္နားကအိမ္နီးခ်င္းတစ္ေယာက္က သူအိမ္လဲ လမ္းေဖာက္လုပ္ေရးစီမံခ်က္မွာပါ၀င္ေနတာျဖစ္တာေၾကာင့္ မီတာ ၁၂၀အကြာကုိ ဒီနည္းနဲ႕ပဲေရႊခဲ့တယ္လို႔ သိရပါတယ္။


လမ်းနဲ့ မလွတ်တဲ့ သုံးထပ်အိမ်ကို အဖျက်မခံချင်လို့ ပေ ၁၃၀ အကွာအဝေးသို့ရွှေ့ပစ်ခဲ့သူ (unicode)

တရုတ်ပြည်တောင်ဘက် Jianxi ပြည်နယ်က လယ်သမားကြီးတစ်ယောက်ဟာ သူ့ရဲ့အိမ်ကို လမ်းဖောက်လုပ်ရေးလုပ်ငန်းနေရာနဲ့ ဝေးရာ ၄ဝမီတာအကွာထိရောက်အောင် သစ်သားချောင်းတွေအမြောက်အများအသုံးပြုပြီး ရွှေ့ဖို့ စီစဉ်ခဲ့ပါတယ်။

Gao Yiping လို့အမည်ရတဲ့လယ်သမားကြီးဟာ သုံးထပ်တိုက်ကြီးတစ်ခုကို ၂၀၁၄ခုနှစ်ကမှ သူနေတဲ့နေရာဖြစ်တဲ့ Jianxi ပြည်နယ် Zhouxi မြို့မှာ ဆောက်လုပ်ပြီးစီးခဲ့တာဖြစ်ပါတယ်။ အဲဒီမှာ သူနဲ့သူ့မိသားစုနေထိုင်ကြပြီး တစ်နှစ်ကျော်လောက်အကြာမှာတော့ နယ်မြေတာဝန်ခံတွေကသူ့ကို အကြောင်းကြားလာပါတယ်။ ဒီအိမ်ဟာ အသစ်ခင်းတော့မယ့်လမ်းမကြီးရဲ့အလယ်မှာတည်ရှိနေတာကြောင့် ဖျက်ဖို့လိုအပ်ပါတယ်ဆိုတဲ့အကြောင်းပါ။ အဲဒီအတွက် လျော်ကြေးထိုက်သင့်သလောက်ပေးပါမယ်လို့အာဏာပိုင်တွေကပြောလာပါတယ်။

သို့ပေမယ့် Gao ဟာ ဒီအိမ်ကြီးကို ယွမ် ၁သန်းခန့်အကုန်အကျခံကာ နှစ်ပေါင်းများစွာ ကြိုးစားဆောက်ခဲ့ရတာ ဖြစ်တာကြောင့် မဖျက်ချင်ခဲ့ပါဘူး။ သူအရမ်းချစ်တဲ့ဒီအိမ်ကြီး မကြာခင်ဖျက်ဆီးခံရတော့မှာကို တွေးမိပြီး Gao တစ်ယောက် ဘာလုပ်ရမှန်းမသိဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် လွန်ခဲ့တဲ့နှစ်ကစပြီး သူဟာ အကောင်းဆုံးဖြစ်မယ့် နည်းလမ်းတစ်ခုကိုရှာဖွေခဲ့ပါတော့တယ်။ နောက်တော့ သူ့ရဲ့အခက်အခဲကိုသိတဲ့ မိတ်ဆွေတစ်ယောက်ဆီကအကြံတစ်ခုကိုရခဲ့ပါတယ်။

သူ့မိတ်ဆွေဟာ သူတို့နယ်မှာရှိတဲ့ ယန်ချန်းဆိုတဲ့ ကုမ္ပဏီတစ်ခုကို ဆက်သွယ်ပေးခဲ့ပါတယ်။ ဒီကုမ္ပဏီကတော့ အိမ်ရွှေ့ခြင်းလုပ်ငန်းကို အဓိကလုပ်ကိုင်တာပဲဖြစ်ပါတယ်။ ဒီလိုမှမရွှေ့ရင်လည်း တစ်ခြားတစ်နေရာမှာ အိမ်အသစ်ထပ်ဆောက်ဖို့ကလွဲပြီး သူ့မှာရွေးချယ်စရာမရှိတော့တာကြောင့် မျော်လင့်ချက်တစ်ခုအနေနဲ့ ဆက်သွယ်ခဲ့ပါတော့တယ်။ အစိုးရဆီက လျော်ကြေးအနေနဲ့ ယွမ် ၄သိန်းခန့်ရနိုင်တယ်လို့ သူခန့်မှန်းထားပြီး ရသမျှလျော်ကြေးငွေတွေအားလုံးကို အိမ်ရွှေ့ပေးတဲ့ ကုမ္ပဏီကိုပဲပေးလိုက်ဖို့သူဆုံးဖြတ်ခဲ့ပါတယ်။ ဒီနည်းနဲ့ သူအိမ်ဖျက်ဆီးခံရခြင်းကလဲလွတ်ပြီး အိမ်အသစ်လဲထပ်ဆောက်ဖို့မလိုတော့ဘူးလေ။

ကုမ္ပဏီက လာရောက်စစ်ဆေးတဲ့အခါမှာတော့ ကံကောင်းစွာနဲ့ပဲအိမ်ရွှေ့ဖို့ဖြစ်နိုင်ကြောင်းနဲ့ ကုန်ကျစရိတ်အနေနဲ့ သူထင်ထားတာထက်တောင်ပိုနည်းနေပါသေးကြောင်းသိလိုက်ရပါတယ်။
“စဉ်းစားကြည့်လိုက်ရင် ယွမ် ၄သိန်းပေးရမယ်ဆိုရင်တောင် ဒါလုပ်သင့်လုပ်ထိုက်တယ်လို့ကျွန်တော်ခံစားရတယ်။အိမ်အသစ်ဆောက်ဖို့ အချိန်ထပ်ပေးစရာလဲမလိုတော့ဘူးလေ”လို့ Chinese reporters ကိုပြောကြားခဲ့ပါတယ်။ ၂၀၁၇ စက်တင်ဘာလမှာတော့ သူ့အိမ်အောက်ခြေ ဖောင်ဒေးရှင်းကနေခွာဖို့အတွက် ကျွမ်းကျင်ဆောက်လုပ်ရေးအဖွဲ့ကိုငှားခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ ရွှေ့ဖို့လမ်း
တစ်လျှောက် မြေတွေကိုလဲပြင်ဆင်ထားပါတယ်။

အကုန်အဆင်သင့်ဖြစ်ရင်တော့ ဆောက်လုပ်ရေးအဖွဲ့ကို အဖိုးအခအနေနဲ့ထိုက်ထိုက်တန်တန် ပေးဖို့အချိန်ကျပါပြီ။
ပေ ၁၃၀ ဆိုတာသိပ်တော့မဝေးပေမယ့်လဲ Gao ရဲ့ သုံးထပ်အိမ်ကြီးဟာ တန် ၁၀၀ဝခန့်လေးတာကြောင့် သိပ်ပြီးမြန်မြန်နဲ့ လွယ်လွယ်ကူကူမရွှေ့နိုင်ခဲ့ပါဘူး။ Black China ရဲ့ပြောပြချက်အရ အိမ်တစ်ခုလုံးရွှေ့ပြီးဖို့ အနည်းဆုံး ၁လခွဲခန့်ကြာမြင့်ခဲ့ပြီး သစ်သားချောင်းပေါင်း ၁၀၀ဝခန့်သုံးရတယ်လို့သိရပါတယ်။

လုပ်ငန်းဆောင်ရွက်နေစဉ်ရိုက်ထားတဲ့ပုံတွေကိုကြည့်ခြင်းအားဖြင့် ဒီအိမ်ကြီးမြေကြီးပေါ်ကကြွလာပြီး သစ်သားချောင်းတွေစင်ထားတဲ့အပေါ်တင်တဲ့ပုံကိုတွေ့ရမှာဖြစ်ပါတယ်။ အရမ်းကို ခိုင်မာကျစ်လစ်တဲ့ကြိုးတွေနဲ့မ တင်တဲ့ကိရိယာတွေကိုအသုံးပြုပြီး ဂရုတစိုက် ဆွဲတင်ခဲ့ကြပါတယ်။ လုပ်ငန်းပြီးဆုံးတဲ့အချိန်မှာတော့ Gao Yiping ဟာ ကုမ္ပဏီကို ယွမ် ၂သိန်း ၂သောင်း ပေးချေခဲ့ပြီး ရွှေ့ဖို့အတွက်ဖောင်ဒေးရှင်းကို ခွာပြီးနောက် ပြန်လည်ပြင်ဆင်စရိတ်အနေနဲ့ ယွမ် ၁သိန်း ၁သောင်းပေးချေခဲ့ပါတယ်။ စုစုပေါင်း ၃သိန်း၃သောင်းသာကုန်ကျခဲ့ပါတယ်။သူထင်ထားတာထက် အကုန်အကျသက်သာပြီး အသစ်ဆောက်ဖို့အတွက်ကုန်ကျစရိတ်လဲမကုန်တော့ပါဘူး။

ပြောင်းရွှေ့စရိတ်လျော်ကြေးအနေနဲ့ ယွမ် ၆သိန်း ၈သောင်းရရှိခဲ့တာကြောင့် အိမ်ကိုကောင်းမွန်စွာရွှေ့နိုင်ခဲ့တဲ့အပြင် အကျိုးအမြတ်လဲရရှိခဲ့ပါတယ်။ အိမ်ကြီးကိုကောင်းကောင်းရွှေ့လိုက်နိုင်ပေမယ့် နေထိုင်ဖို့စိတ်ချရတဲ့အခြေအနေမှာရှိ/မရှိသံသယဖြစ်သူများလဲရှိနေပါတယ်။ တချို့တွေက အိမ်အလုံးလိုက်ရွှေ့လိုက်ရတာဖြစ်တာကြောင့် နဲ့ မူလ ဖောင်ဒေးရှင်းမဟုတ်တော့တာကြောင့် နံရံအက်ကြောင်းတွေဖြစ်မှာပဲလို့ထင်ကြေးပေးကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် Gao ကတော့ သူနဲ့ သူ့မိသားစုတစ်စုလုံး နေရာပြောင်းထားတဲ့အိမ်ကြီးမှာ နေထိုင်တာ ၃လရှိပြီဖြစ်ပေမယ့် ဘာနံရံအက်ကွဲကြောင်းမှ မပေါ်လာကြောင်း၊ ဒါ့အပြင် ဖောင်ဒေးရှင်းကို အရင်ကထက်ပိုပြီးကောင်းမွန်အောင်ပြန်လုပ်ထားတာကြောင့် အိမ်ကအရင်ကထက်တောင်ပိုခိုင်ခံမှာသေချာပါတယ်လို့ သတင်းထောက်တွေကိုပြောပါတယ်။

ဒီနည်းလမ်းအသုံးပြုခြင်းဟာ အချိန်၊ ငွေနဲ့အားစိုက်ထုတ်မှု တွေကိုပိုမိုသက်သာစေတယ်လို့ လယ်သမားကြီးက တခြားသူတွေကိုလဲအကြံပြုပြောကြားခဲ့ပါတယ်။ သူ့ရဲ့သတင်းကိုကြားတဲ့ သူတို့အိမ်နားကအိမ်နီးချင်းတစ်ယောက်က သူအိမ်လဲ လမ်းဖောက်လုပ်ရေးစီမံချက်မှာပါဝင်နေတာဖြစ်တာကြောင့် မီတာ ၁၂ဝအကွာကို ဒီနည်းနဲ့ပဲရွှေခဲ့တယ်လို့ သိရပါတယ်။

Leave a Reply