ကမာၻတလႊား ေသမင္းခံတြင္းဝ ေနရာမ်ားအေၾကာင္း

Posted on

Via : သုတၾကယ္စင္

ကမၻာၿဂိဳလ္ ဟာ ေနအဖြဲ႕အစည္းထဲမွာ သက္ရွိေတြေနထိုင္လို႔ရတဲ့ တစ္ခုတည္းေသာျဂိဳလ္ျဖစ္ပါတယ္ ။ ကမ႓ာျဂိဳလ္အတြင္းမွာ သက္ရွိမ်ိဳးစိတ္ေပါင္း သန္းႏွစ္ေထာင္ေလာက္မွီတင္းေနထိုင္ၾကတယ္လို႕ဇီဝေဗဒပညာရွင္ေတြက ဆိုပါတယ္ ။

ဒါေပမယ့္ ကမ႓ာၿဂိဳလ္ထဲမွာကိုပဲ သက္ရွိေတြ ေနထိုင္ရွင္သန္ဖို႕မျဖစ္ႏိုင္တဲ့ ေနရာေဒသေတြရွိေနပါတယ္ ။ အဲဒီေနရာေတြကိုေတာ့ ဇီဝေဗဒ ပညာရွင္ေတြက ေသမင္းခံတြင္းဝ ( သို႕) Dead Zone ဆိုၿပီး အမွတ္သညာျပဳေခၚဆိုၾကပါတယ္။

အဲဒီေနရာေတြကို ဘာေၾကာင့္ Dead Zone ဆိုၿပီးေခၚရသလည္း ဆိုေတာ့ အဲဒီေနရာမွာ သက္ရွိေတြေနထိုင္ဖို႕အတြက္ မရွိမျဖစ္အရာျဖစ္တဲ့ေအာက္ဆီဂ်င္ဓာတ္ အလြန္ အမင္းနည္းပါးလို႕ပါပဲ။ အဲဒီေနရာေတြ ေတာ္ေတာ္မ်ားမ်ားဟာ ပင္လယ္သမုဒၵရာ ၊ ကမ္း႐ိုးတန္းေနရာ ေတြနဲ႕ ေရအိုင္ႀကီးေတြရွိတဲ့ေနရာေတြ ျဖစ္ၾကပါတယ္။

၁၉၇၀ ေလာက္မွာ oceanographer အဖြဲ႕အစည္းက အဲဒီ Dead Zones ေတြကိုစတင္ေတြ႕ရွိ သတိထားမိခဲ့ ၿပီး အေမရိကန္ သမုဒၵရာပိုင္းဆိုင္ရာ ပညာရွင္ေတြ ၊ ဇီဝေဗဒပညာရွင္ေတြနဲ႕ ပူးေပါင္းၿပီး ေလ့လာေစာင့္ၾကည့္မႈ႕ေတြ ျပဳလုပ္ခဲ့ၾကပါတယ္။

၂၀၁၄ မတ္လ UN enviroment Program အတြက္ တင္သြင္းခဲ့တဲ့ စာတမ္းအရ အခုဆိုရင္ ကမ႓ာေပၚမွာ Dead Zone ေပါင္း ၄၀၀ ေက်ာ္ထိ တိုးပြားလာေနၿပီး နဂိုရွိၿပီးသား dead zones ေတြရဲ႕ အက်ယ္အဝန္းဟာလည္း တျဖည္းျဖည္းႀကီးထြားလာေနၿပီ ျဖစ္ပါတယ္။ အခုဆိုရင္ အႀကီးမားဆံုး Dead Zone တစ္ခုရဲ႕ အက်ယ္အဝန္းဟာ စတုရန္းကီလိုမီတာ ၇၀၀၀၀ ေက်ာ္ထိရွိေနပါၿပီ။

အထင္ရွားဆံုးနဲ႕ အႀကီးမားဆံုး Dead Zone အျဖစ္ ရွိေနတာကေတာ့ မကၠဆီကို ပင္လယ္ေကြ႕တဝိုက္နားက မကၠဆီကိုကမ္း႐ိုးတန္း
တစ္ေလွ်ာက္ေနရာေတြျဖစ္ပါတယ္ ။ အခုဆိုရင္ မကၠဆီကို ကမ္း႐ိုးတန္းတေလွ်ာက္မွာ ေရေနသတၱဝါေတြ လံုးဝနီးပါးမရွိေတာ့ပဲ မကၠဆီကို ေရလုပ္သားေတြဟာ ကမ္းလြန္ပင္လယ္ျပင္မွာသာငါးဖမ္းလုပ္ငန္းကို လုပ္ကိုင္ေနရၿပီျဖစ္ပါတယ္။

ေနာက္ထပ္ထင္ရွား ႀကီးမားတဲ့ Dead Zones ေတြကေတာ့ Kattegat လို႕ေခၚတဲ့ ေဘာလ္တစ္ပင္လယ္ဝေနရာ၊ Erice ေရကန္ ၊
St. Lawrence River ျမစ္ေအာက္ပိုင္း ေတာင္တ႐ုတ္ပင္လယ္ ဂ်ပန္ကမ္း႐ိုးတန္းတဝိုက္ စတဲ့ေနရာမ်ားျဖစ္ပါတယ္။

အဲဒီေနရာေတြကို စုေပါင္းလိုက္မယ္ဆိုရင္ ကမ႓ာ့ဧရိယာစုစုေပါင္းရဲ႕ ၂ % ရာခိုင္ႏွဳန္းေက်ာ္ပါတယ္ ။ အခုလို dead Zone ေတြ တိုးပြားက်ယ္ျပန္႕လာတဲ့အက်ိဳးဆက္အေနနဲ႕ ကမ႓ာေပၚမွာ သက္ရွိမ်ိဳးစိတ္ေတြေနထိုင္ ရာေနရာေတြ ေလ်ာ့ပါးလာၿပီး မ်ိဳးစိတ္ေတာ္ေတာ္မ်ားမ်ားကို မ်ိဳးသုဥ္းေပ်ာက္ကြယ္သြားေစႏိုင္ပါတယ္ ။

ေနာက္ထပ္အက်ိဳးဆက္အေနနဲ႕ ကမ႓ာ့စားနပ္ရိကၡာ အခက္အခဲကို ပိုမိုက်ပ္တည္းေစတဲ့အျပင္ ေရေနသတၱဝါ မ်ား အပင္မ်ားအတြက္ ပံုမွန္ လုပ္ေဆာင္ေနက် မ်ိဳးဆက္ျပန္႔ပြားျခင္း လုပ္ငန္းေတြကို အႀကီးအက်ယ္ အေႏွာက္အယွက္ျပဳနိင္ပါတယ္ ။

အခုလို Dead Zones ေတြ ျဖစ္ေပၚပြားမ်ားလာရတဲ့ အဓိက အေၾကာင္းအခ်က္ကေတာ့ ကမ႓ာ့ စက္ရံုေတြရဲ႕ ညစ္ညမ္းစြန္႔ပစ္ပစၥည္းေတြအားလံုးဟာ ပင္လယ္သမုဒၵရာေတြဆီကို ျဖစ္ၿပီး အဲဒီေနရာတဝိုက္မွာ ေရထုဟာ အဆမတန္ညစ္ညမ္းသြားလို႔ပါ။ ေနာက္တခ်က္ကေတာ့ ေရေအာက္မီးေတာင္ေတြ ေပါက္ကြဲမွဳ႕ေၾကာင့္ ျဖစ္ၿပီး ေရအိုင္ ႀကီးေတြရဲ႕ Dead Zone ေတြကေတာ့ ေရအိုင္တြင္း မွာ Decay of algae ေတြ အဆမတန္ေပါက္ဖြားလာလို႕ျဖစ္ပါတယ္။

အခုဆိုရင္ Dead Zone ေတြဟာ ပင္လယ္ ျပင္ေဒသေတြတင္မကေတာ့ပဲ ကုန္းတြင္းပိုင္းေဒသေတြမွာပါ ျဖစ္လာႏိုင္ေခ်ရွိတယ္ဆိုၿပီး UN ရဲ႕ Environmental Conference က စိုးရိမ္တႀကီးေထာက္ျပေနၿပီျဖစ္ပါတယ္။

ေနာက္လာမယ့္ ၁၀ ႏွစ္အတြင္း ကမ႓ာေပၚမွာမွာDead Zone ေသမင္းခံတြင္းဝေပါင္း ၆၀၀-၈၀၀ ၾကားရွိလာႏိုင္ၿပီး ေနာက္ဆယ္စုႏွစ္အတြင္းမွာ ကမ႓ာ့လူသားေတြဟာ စားနပ္ရိကၡာ အခက္အခဲကို အႀကီးအက်ယ္ခံစားရလိမ့္မယ္လို႕ ေဟာကိန္းထုတ္ထားပါတယ္။

VIDEO

မကၠဆီကုိပင္လယ္ေကြ႔ မွာ ရွိတဲ့ ကမာၻ႔အႀကီးဆုံး DeadZone


Dead zone (သို့) သေမင်းခံတွင်းဝ နေရာများအကြောင်း (unicode)

Via : သုတကြယ်စင်

ကမ္ဘာဂြိုလ် ဟာ နေအဖွဲ့အစည်းထဲမှာ သက်ရှိတွေနေထိုင်လို့ရတဲ့ တစ်ခုတည်းသောဂြိုလ်ဖြစ်ပါတယ် ။ ကမ႓ာဂြိုလ်အတွင်းမှာ သက်ရှိမျိုးစိတ်ပေါင်း သန်းနှစ်ထောင်လောက်မှီတင်းနေထိုင်ကြတယ်လို့ဇီဝဗေဒပညာရှင်တွေက ဆိုပါတယ် ။

ဒါပေမယ့် ကမ႓ာဂြိုလ်ထဲမှာကိုပဲ သက်ရှိတွေ နေထိုင်ရှင်သန်ဖို့မဖြစ်နိုင်တဲ့ နေရာဒေသတွေရှိနေပါတယ် ။ အဲဒီနေရာတွေကိုတော့ ဇီဝဗေဒ ပညာရှင်တွေက သေမင်းခံတွင်းဝ ( သို့) Dead Zone ဆိုပြီး အမှတ်သညာပြုခေါ်ဆိုကြပါတယ်။

အဲဒီနေရာတွေကို ဘာကြောင့် Dead Zone ဆိုပြီးခေါ်ရသလည်း ဆိုတော့ အဲဒီနေရာမှာ သက်ရှိတွေနေထိုင်ဖို့အတွက် မရှိမဖြစ်အရာဖြစ်တဲ့အောက်ဆီဂျင်ဓာတ် အလွန် အမင်းနည်းပါးလို့ပါပဲ။ အဲဒီနေရာတွေ တော်တော်များများဟာ ပင်လယ်သမုဒ္ဒရာ ၊ ကမ်းရိုးတန်းနေရာ တွေနဲ့ ရေအိုင်ကြီးတွေရှိတဲ့နေရာတွေ ဖြစ်ကြပါတယ်။

၁၉၇၀ လောက်မှာ oceanographer အဖွဲ့အစည်းက အဲဒီ Dead Zones တွေကိုစတင်တွေ့ရှိ သတိထားမိခဲ့ ပြီး အမေရိကန် သမုဒ္ဒရာပိုင်းဆိုင်ရာ ပညာရှင်တွေ ၊ ဇီဝဗေဒပညာရှင်တွေနဲ့ ပူးပေါင်းပြီး လေ့လာစောင့်ကြည့်မှု့တွေ ပြုလုပ်ခဲ့ကြပါတယ်။

၂၀၁၄ မတ်လ UN enviroment Program အတွက် တင်သွင်းခဲ့တဲ့ စာတမ်းအရ အခုဆိုရင် ကမ႓ာပေါ်မှာ Dead Zone ပေါင်း ၄၀၀ ကျော်ထိ တိုးပွားလာနေပြီး နဂိုရှိပြီးသား dead zones တွေရဲ့ အကျယ်အဝန်းဟာလည်း တဖြည်းဖြည်းကြီးထွားလာနေပြီ ဖြစ်ပါတယ်။ အခုဆိုရင် အကြီးမားဆုံး Dead Zone တစ်ခုရဲ့ အကျယ်အဝန်းဟာ စတုရန်းကီလိုမီတာ ၇၀၀၀၀ ကျော်ထိရှိနေပါပြီ။

အထင်ရှားဆုံးနဲ့ အကြီးမားဆုံး Dead Zone အဖြစ် ရှိနေတာကတော့ မက္ကဆီကို ပင်လယ်ကွေ့တဝိုက်နားက မက္ကဆီကိုကမ်းရိုးတန်း
တစ်လျှောက်နေရာတွေဖြစ်ပါတယ် ။ အခုဆိုရင် မက္ကဆီကို ကမ်းရိုးတန်းတလျှောက်မှာ ရေနေသတ္တဝါတွေ လုံးဝနီးပါးမရှိတော့ပဲ မက္ကဆီကို ရေလုပ်သားတွေဟာ ကမ်းလွန်ပင်လယ်ပြင်မှာသာငါးဖမ်းလုပ်ငန်းကို လုပ်ကိုင်နေရပြီဖြစ်ပါတယ်။

နောက်ထပ်ထင်ရှား ကြီးမားတဲ့ Dead Zones တွေကတော့ Kattegat လို့ခေါ်တဲ့ ဘောလ်တစ်ပင်လယ်ဝနေရာ၊ Erice ရေကန် ၊
St. Lawrence River မြစ်အောက်ပိုင်း တောင်တရုတ်ပင်လယ် ဂျပန်ကမ်းရိုးတန်းတဝိုက် စတဲ့နေရာများဖြစ်ပါတယ်။

အဲဒီနေရာတွေကို စုပေါင်းလိုက်မယ်ဆိုရင် ကမ႓ာ့ဧရိယာစုစုပေါင်းရဲ့ ၂ % ရာခိုင်နှုန်းကျော်ပါတယ် ။ အခုလို dead Zone တွေ တိုးပွားကျယ်ပြန့်လာတဲ့အကျိုးဆက်အနေနဲ့ ကမ႓ာပေါ်မှာ သက်ရှိမျိုးစိတ်တွေနေထိုင် ရာနေရာတွေ လျော့ပါးလာပြီး မျိုးစိတ်တော်တော်များများကို မျိုးသုဉ်းပျောက်ကွယ်သွားစေနိုင်ပါတယ် ။

နောက်ထပ်အကျိုးဆက်အနေနဲ့ ကမ႓ာ့စားနပ်ရိက္ခာ အခက်အခဲကို ပိုမိုကျပ်တည်းစေတဲ့အပြင် ရေနေသတ္တဝါ များ အပင်များအတွက် ပုံမှန် လုပ်ဆောင်နေကျ မျိုးဆက်ပြန့်ပွားခြင်း လုပ်ငန်းတွေကို အကြီးအကျယ် အနှောက်အယှက်ပြုနိင်ပါတယ် ။

အခုလို Dead Zones တွေ ဖြစ်ပေါ်ပွားများလာရတဲ့ အဓိက အကြောင်းအချက်ကတော့ ကမ႓ာ့ စက်ရုံတွေရဲ့ ညစ်ညမ်းစွန့်ပစ်ပစ္စည်းတွေအားလုံးဟာ ပင်လယ်သမုဒ္ဒရာတွေဆီကို ဖြစ်ပြီး အဲဒီနေရာတဝိုက်မှာ ရေထုဟာ အဆမတန်ညစ်ညမ်းသွားလို့ပါ။ နောက်တချက်ကတော့ ရေအောက်မီးတောင်တွေ ပေါက်ကွဲမှု့ကြောင့် ဖြစ်ပြီး ရေအိုင် ကြီးတွေရဲ့ Dead Zone တွေကတော့ ရေအိုင်တွင်း မှာ Decay of algae တွေ အဆမတန်ပေါက်ဖွားလာလို့ဖြစ်ပါတယ်။

အခုဆိုရင် Dead Zone တွေဟာ ပင်လယ် ပြင်ဒေသတွေတင်မကတော့ပဲ ကုန်းတွင်းပိုင်းဒေသတွေမှာပါ ဖြစ်လာနိုင်ချေရှိတယ်ဆိုပြီး UN ရဲ့ Environmental Conference က စိုးရိမ်တကြီးထောက်ပြနေပြီဖြစ်ပါတယ်။

နောက်လာမယ့် ၁၀ နှစ်အတွင်း ကမ႓ာပေါ်မှာမှာDead Zone သေမင်းခံတွင်းဝပေါင်း ၆၀၀-၈၀၀ ကြားရှိလာနိုင်ပြီး နောက်ဆယ်စုနှစ်အတွင်းမှာ ကမ႓ာ့လူသားတွေဟာ စားနပ်ရိက္ခာ အခက်အခဲကို အကြီးအကျယ်ခံစားရလိမ့်မယ်လို့ ဟောကိန်းထုတ်ထားပါတယ်။

Leave a Reply