ေမတၱာတရားနဲ႔ အသက္ရွဴသူ (သုိ႔) ကင္ညာက ေရလူသား

Posted on

ေရးသားသူ – Htet Wa Na

ကင္ညာဟာ ကမာၻမွာ ဆင္းရဲဒုကၡအႀကီးဆံုး ခံစားေနရတဲ့ နိုင္ငံေတြထဲကတစ္ခုျဖစ္သလို စားနပ္ရိကၡာရွားပါးမူ စစ္ေဘးဒုကၡနဲ့တရားမဝင္တိရစာၦန္မ်ားသတ္ျဖတ္မူ ကုန္ကူးမူမ်ားစြာကို ခါးစီးခံေနရတဲ့နိုင္ငံပါ။ Patrick Kilonzo Mwalua ကုိ ကင္ညာကဆင္းရဲသားမိသားစုတခုကေမြးဖြားခဲ့သူပါ။ လယ္သမားမိသားစုက ေမြးဖြားခဲ့သူပီပီ ၁၄နွစ္သားမွာ လယ္ယာလုပ္ရင္း မိသားစုဝမ္းေရးကို ပါဝင္ရုန္းကန္ခဲ့သူပါ။ သူမ်ားလယ္မွာပဲစိုက္ စာရင္းငွားအျဖစ္လုပ္ကိုင္ရင္း ဇနီးျဖစ္သူနဲ႔ဆံုေတြ ့ျပီး ထိုရြာမွာပဲလက္ထပ္ခဲ့ၾကပါတယ္။ ဇနီးျဖစ္သူရဲ့ ဖခင္ဖက္ကပါလာတဲ့ လယ္၂ဧကမွာ ပဲစိုက္ရင္းဘဝကို ထပ္မံရုန္းကန္ခဲ့ရတယ္။

ဆင္းရဲေပမယ့္ ကီလြန္လို့အမ်ားကသိတဲ့ ဒီလူမည္းေလးဟာ ၁၇နွစ္သားထဲက မိဘမဲ့ျမင္းက်ားေပါက္ေလးမ်ားကို သူရရွိတဲ့ေငြေျကးတခိ်ဴ့နဲ႔ အစာရွာေက်ြးခဲ့ျပီး အရြယ္ေရာက္မွ ေတာထဲျပန္လႊတ္ေပးခဲ့သူပါ။ ဒါေၾကာင့္လည္း သစ္ေတာေစာင့္မ်ားရဲ႕ အေရးယူမူေတြခံခဲ့ရသလို သူ့ရြာကလူအမ်ားရဲ့ေဝဖန္မူကိုလည္းခံခဲ့ရသူပါ။ ဒါေပမယ့္ ကီလြန္ဟာတိရစာၦန္ေတြကို ခ်စ္ျမတ္နိုးတဲ့ဗီဇကို မစြန္႔လႊတ္ခဲ့ပဲ ဘဝတစ္ေလ်ွာက္ တိရစာၦန္ေတြကိုကူညီရင္း ဆက္လက္ေန ထိုင္ခဲ့ပါတယ္။

ကီလြန္ဟာသူတင္မကပဲ သူငယ္ခ်င္းတခ်ဳိ႕နဲ႔ တိရစာၦန္ကူညီေရးအဖြဲ႔ေလးတခုကို ေထာင္ခဲ့ပါတယ္။ သူအသက္ ၂၇ႏွစ္မွာ ဆာဗိုအစ္အမိ်ဳးသား ဥယာဥ္နားကို သူ႔မိသားစုဟာေျပာင္းေရြ႔ခဲ့ရျပီး ဒီမွာ သူသိရွိသြားခဲ့တာက ကင္ညာရဲ့တရားမဝင္က်ား သစ္ေမွာင္ခိုဂိုဏ္းေတြအေၾကာင္းနဲ႔ တရားမဝင္တိရစာၦန္သတ္ ျဖတ္ေရာင္းခ်တဲ့အဖြဲ႔ေတြအေၾကာင္းပါ။ ဆင္မ်ားကိုသတ္ျဖတ္ ျပီးဆင္ဆြယ္ခိုးတဲ့အဖြဲ႔ေတြဟာ ဒီသဘာဝေဘးမဲ့ ေတာထဲ မ်ားစြာေသာတရားမ၀င္လုပ္ငန္းေတြကို လုပ္ကိုင္ေနတာပါပဲ။ အစိုးရကထိန္းသိမ္းမူေတြရွိေပမယ့္ ထင္သေလာက္ခရီးမေရာက္လွဘူး။

၂၀၁၅ခုနွစ္မွာ ေတာ့ဒီေတာကတိရစာၦန္ေတြဟာ မိုးေခါင္ေရရွားမူ ဒဏ္ကိုအႀကီးအက်ယ္ခံရျပီး အေကာင္ေရမ်ားစြာ ေန႔စဥ္ေသဆံုးလာခဲ့ရပါတယ္။ ထိုအခ်ိန္မွာ ကီလြန္ဟာသူနိုင္သေလာက္ေငြေၾကးနဲ႔ ၄၅ကီလုိမီတာေဝးတဲ့ဒီေတာထဲက ေရကန္ကို ၂ရက္တစ္ခါ ေရသြား ျဖည့္ေပးခဲ့ပါတယ္။ အစပိုင္းမွာတစ္ႀကိမ္ကိုေရလွည္း တစီးသာသူျဖည့္ေပးႏုိင္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာ သူပိုင္တဲ့လယ္တခ်ဳိ႕ကိုေရာင္းျပီး ေရကားနဲ့ကိုသြား ေရာက္ျဖည့္ေပးခဲ့ပါတယ္။ ထူးျခားမူကေတာ့ဒီ ေတာထဲက ဆင္၊ က်ားသစ္၊ ျမင္းက်ားနဲ့ တိရစာၦန္ မ်ားစြာဟာ သူ ့အလာကိုေစာင့္တတ္ၾကျပီး ေရေသာက္တတ္ျကသလို ရန္လည္းမမူခဲ့ပါဘူး။

ဒီ လိုိကိုယ္ကိ်ဳးမရွိပဲျပဳလုပ္ေနတဲ့ ကီလြန္ကိုေတြ့ရွိ သြားတာကေတာ့ Richardဆိုတဲ့ ကမာၻ႔တိရစာၦန္ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႔တခုကဆရာဝန္ ပါပဲ။သူကခ်က္ခ်င္းဆိုသလို အေမရိကန္ကိုျပန္ ေရာက္တာနဲ့ programတစ္ခုမွာ ကီလြန္ကိုရိုက္ကူး ထားတဲ့ video clip တစ္ခုကိုျပသခဲ့သလိုသူ့ကိုခ်ီး က်ဴးခဲ့ပါတယ္။ ကီလြန္ဟာကင္ညာကေပးတဲ့ Honor manဆုကိုရရွိခဲ့သလို သူေနထိုင္ရာနဲ့ ၄၅ကီလုိမီတာ ေဝးတဲ့ ဆာဗိုအစ္ေတာထဲကေရကန္ကို တစ္ပတ္ေလးႀကိမ္ထိ သြားေရာက္ျပီး တစ္ႀကိမ္ကို ေရဂါလံ၁ေသာင္း၂ေထာင္ေက်ာ္သြားေရာက္ေရ ျဖည့္ေနသူပါ။ ေရကားတစ္ကားကို ေဒၚလာ၂၅၀ မွ ၃၀၀ ၾကား ကုန္က်တာေၾကာင့္ ကီလြန္ဟာဒီလိုလုပ္ဖို႔သူ႔ရဲ႕ ပိုင္ဆိုင္မူမ်ားစြာကို ေရာင္းခ်ခဲ့သူပါ။

ကင္ညာဟာ မိုးေခါင္မူဒဏ္ေၾကာင့္ နွစ္စဥ္လူ ၂သန္း၃သိန္း ေက်ာ္ဟာ ေ႐ရွားမူဒဏ္ကိုခံေနရျပီး တိရစာၦန္ ေထာင္ေပါင္းမ်ားစြာဟာ တရားမဝင္သတ္ျဖတ္မူ ေမွာင္ခိုမူေတြကိုခံေနရပါတယ္။ ဒါကေတာ့ အိႏၵိယက Forest Manလို ေမတၱာတရားနဲ႔ အသက္ရူတဲ့ ကင္ညာက လူမည္းေလးကီြလြန္ရဲ့ အေၾကာင္းပါပဲ။ ကီလြန္ဟာလက္ရွိမွာ ဆာဗိုအစ္ ေတာထဲေရသြားျဖည့္ေနတတ္သူ တစ္ဦးျဖစ္သလို သူေနထိုင္ရျမိဳ ့က စာမသင္ရတဲ့ ကေလးသူငယ္ေတြကိုလည္း ေက်ာင္းထားေပးေနသူတစ္ဦး ပါ။ တခါတရံေရျဖည့္ရင္းတိရစာၦန္ေတြတိုးေဝ့မူ ေၾကာင့္ထိခိုက္ဒဏ္ရာရခဲ့သလို ေဖေဖာ္ဝါရီလက သူထိခိုက္ဒဏ္ရာရလို့ေဆးရံုတက္ခ်ိန္ ကင္ညာ ဝန္ႀကီးခ်ဳပ္ကိုယ္တိုင္လာေရာက္အားေပးစကား ေျပာရင္းခ်ီးက်ဴးခဲ့ပါတယ္။

VIDEO

ကြီလြန္ဟာ လက္ရွိမွာ media မ်ားစြာကေဖာ္ျပျခင္းကိုခံရသူျဖစ္ျပီး TSAVO ပရဟိတအဖြဲ႔ကို ထူေထာင္သူူအျဖစ္လည္း နာမည္ႀကီးေနလာခဲ့ပါၿပီ။ ကီလြန္ဟာ  ဆာဗိုေတာထဲမွာ ေရကန္ ၅၀ ေက်ာ္ကိုတူးေဖာ္ျပီး ကင္ညာသစ္ေတာအစိုးရရဲ့ အကူအညီနဲ႔ ေတာတြင္းေနတိရစာၦန္စုစုေပါင္းရဲ႕ ၈၀%ကို ေ႐ရွားပါးျပတ္လပ္မူဒဏ္ ကေန အသက္မေသေအာင္ ႀကိုးပမ္းေနသူျဖစ္ျပီး ကင္ညာအိုးမဲ့အိမ္မဲ့ ၃၀၀၀ေက်ာ္ဟာလည္း သူ့ရဲ့နာမည္ေၾကာင့္ အလွဴရွင္ေတြက ကတစ္ဆင့္ ေနစရာေတြေပးနိုင္ခဲ့ပါတယ္။ သူဆုရတဲ့ေန႔ရြာျပန္လာခ်ိန္ကဆို လူအမ်ားအျပားဟာႀကဳိဆိုခဲ့ၾကျပီး ကီလြန္ဟာ ေရလူသား(Water Man) ဆိုတဲ့နာမည္နဲ႔ media အမ်ားအျပားမွာနာမည္ျကီးလာခဲ့ပါတယ္။ ကီလြန္ကေတာ့ နာမည္ႀကီးသည္ျဖစ္ေစ မႀကီးသည္ျဖစ္ေစ လူသားဆန္တဲ့ သူ႔တာ၀န္မ်ားကို မပ်က္မကြက္ ဆက္လက္လုပ္ေဆာင္ေနလွ်က္ရွိပါေတာ့တယ္။

Ref; Kilonzo Mwala (BBC)


မေတ္တာတရားနဲ့ အသက်ရှူသူ (သို့) ကင်ညာက ရေလူသား (unicode)

ရေးသားသူ – Htet Wa Na

ကင်ညာဟာ ကမ္ဘာမှာ ဆင်းရဲဒုက္ခအကြီးဆုံး ခံစားနေရတဲ့ နိုင်ငံတွေထဲကတစ်ခုဖြစ်သလို စားနပ်ရိက္ခာရှားပါးမူ စစ်ဘေးဒုက္ခနဲ့တရားမဝင်တိရစ္ဆာန်များသတ်ဖြတ်မူ ကုန်ကူးမူများစွာကို ခါးစီးခံနေရတဲ့နိုင်ငံပါ။ Patrick Kilonzo Mwalua ကို ကင်ညာကဆင်းရဲသားမိသားစုတခုကမွေးဖွားခဲ့သူပါ။ လယ်သမားမိသားစုက မွေးဖွားခဲ့သူပီပီ ၁၄နှစ်သားမှာ လယ်ယာလုပ်ရင်း မိသားစုဝမ်းရေးကို ပါဝင်ရုန်းကန်ခဲ့သူပါ။ သူများလယ်မှာပဲစိုက် စာရင်းငှားအဖြစ်လုပ်ကိုင်ရင်း ဇနီးဖြစ်သူနဲ့ဆုံတွေ့ပြီး ထိုရွာမှာပဲလက်ထပ်ခဲ့ကြပါတယ်။ ဇနီးဖြစ်သူရဲ့ ဖခင်ဖက်ကပါလာတဲ့ လယ်၂ဧကမှာ ပဲစိုက်ရင်းဘဝကို ထပ်မံရုန်းကန်ခဲ့ရတယ်။

ဆင်းရဲပေမယ့် ကီလွန်လို့အများကသိတဲ့ ဒီလူမည်းလေးဟာ ၁၇နှစ်သားထဲက မိဘမဲ့မြင်းကျားပေါက်လေးများကို သူရရှိတဲ့ငွေကြေးတချိူ့နဲ့ အစာရှာကျွေးခဲ့ပြီး အရွယ်ရောက်မှ တောထဲပြန်လွှတ်ပေးခဲ့သူပါ။ ဒါကြောင့်လည်း သစ်တောစောင့်များရဲ့ အရေးယူမူတွေခံခဲ့ရသလို သူ့ရွာကလူအများရဲ့ဝေဖန်မူကိုလည်းခံခဲ့ရသူပါ။ ဒါပေမယ့် ကီလွန်ဟာတိရစ္ဆာန်တွေကို ချစ်မြတ်နိုးတဲ့ဗီဇကို မစွန့်လွှတ်ခဲ့ပဲ ဘဝတစ်လျှောက် တိရစ္ဆာန်တွေကိုကူညီရင်း ဆက်လက်နေ ထိုင်ခဲ့ပါတယ်။

ကီလွန်ဟာသူတင်မကပဲ သူငယ်ချင်းတချို့နဲ့ တိရစ္ဆာန်ကူညီရေးအဖွဲ့လေးတခုကို ထောင်ခဲ့ပါတယ်။ သူအသက် ၂၇နှစ်မှာ ဆာဗိုအစ်အမျိုးသား ဥယာဉ်နားကို သူ့မိသားစုဟာပြောင်းရွေ့ခဲ့ရပြီး ဒီမှာ သူသိရှိသွားခဲ့တာက ကင်ညာရဲ့တရားမဝင်ကျား သစ်မှောင်ခိုဂိုဏ်းတွေအကြောင်းနဲ့ တရားမဝင်တိရစ္ဆာန်သတ် ဖြတ်ရောင်းချတဲ့အဖွဲ့တွေအကြောင်းပါ။ ဆင်များကိုသတ်ဖြတ် ပြီးဆင်ဆွယ်ခိုးတဲ့အဖွဲ့တွေဟာ ဒီသဘာဝဘေးမဲ့ တောထဲ များစွာသောတရားမဝင်လုပ်ငန်းတွေကို လုပ်ကိုင်နေတာပါပဲ။ အစိုးရကထိန်းသိမ်းမူတွေရှိပေမယ့် ထင်သလောက်ခရီးမရောက်လှဘူး။

၂၀၁၅ခုနှစ်မှာ တော့ဒီတောကတိရစ္ဆာန်တွေဟာ မိုးခေါင်ရေရှားမူ ဒဏ်ကိုအကြီးအကျယ်ခံရပြီး အကောင်ရေများစွာ နေ့စဉ်သေဆုံးလာခဲ့ရပါတယ်။ ထိုအချိန်မှာ ကီလွန်ဟာသူနိုင်သလောက်ငွေကြေးနဲ့ ၄၅ကီလိုမီတာဝေးတဲ့ဒီတောထဲက ရေကန်ကို ၂ရက်တစ်ခါ ရေသွား ဖြည့်ပေးခဲ့ပါတယ်။ အစပိုင်းမှာတစ်ကြိမ်ကိုရေလှည်း တစီးသာသူဖြည့်ပေးနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ သူပိုင်တဲ့လယ်တချို့ကိုရောင်းပြီး ရေကားနဲ့ကိုသွား ရောက်ဖြည့်ပေးခဲ့ပါတယ်။ ထူးခြားမူကတော့ဒီ တောထဲက ဆင်၊ ကျားသစ်၊ မြင်းကျားနဲ့ တိရစ္ဆာန် များစွာဟာ သူ့အလာကိုစောင့်တတ်ကြပြီး ရေသောက်တတ်ကြသလို ရန်လည်းမမူခဲ့ပါဘူး။

ဒီ လိုကိုယ်ကျိုးမရှိပဲပြုလုပ်နေတဲ့ ကီလွန်ကိုတွေ့ရှိ သွားတာကတော့ Richardဆိုတဲ့ ကမ္ဘာ့တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တခုကဆရာဝန် ပါပဲ။သူကချက်ချင်းဆိုသလို အမေရိကန်ကိုပြန် ရောက်တာနဲ့ programတစ်ခုမှာ ကီလွန်ကိုရိုက်ကူး ထားတဲ့ video clip တစ်ခုကိုပြသခဲ့သလိုသူ့ကိုချီး ကျူးခဲ့ပါတယ်။ ကီလွန်ဟာကင်ညာကပေးတဲ့ Honor manဆုကိုရရှိခဲ့သလို သူနေထိုင်ရာနဲ့ ၄၅ကီလိုမီတာ ဝေးတဲ့ ဆာဗိုအစ်တောထဲကရေကန်ကို တစ်ပတ်လေးကြိမ်ထိ သွားရောက်ပြီး တစ်ကြိမ်ကို ရေဂါလံ၁သောင်း၂ထောင်ကျော်သွားရောက်ရေ ဖြည့်နေသူပါ။ ရေကားတစ်ကားကို ဒေါ်လာ၂၅၀ မှ ၃၀၀ ကြား ကုန်ကျတာကြောင့် ကီလွန်ဟာဒီလိုလုပ်ဖို့သူ့ရဲ့ ပိုင်ဆိုင်မူများစွာကို ရောင်းချခဲ့သူပါ။

ကင်ညာဟာ မိုးခေါင်မူဒဏ်ကြောင့် နှစ်စဉ်လူ ၂သန်း၃သိန်း ကျော်ဟာ ရေရှားမူဒဏ်ကိုခံနေရပြီး တိရစ္ဆာန် ထောင်ပေါင်းများစွာဟာ တရားမဝင်သတ်ဖြတ်မူ မှောင်ခိုမူတွေကိုခံနေရပါတယ်။ ဒါကတော့ အိန္ဒိယက Forest Manလို မေတ္တာတရားနဲ့ အသက်ရူတဲ့ ကင်ညာက လူမည်းလေးကွီလွန်ရဲ့ အကြောင်းပါပဲ။ ကီလွန်ဟာလက်ရှိမှာ ဆာဗိုအစ် တောထဲရေသွားဖြည့်နေတတ်သူ တစ်ဦးဖြစ်သလို သူနေထိုင်ရမြို့က စာမသင်ရတဲ့ ကလေးသူငယ်တွေကိုလည်း ကျောင်းထားပေးနေသူတစ်ဦး ပါ။ တခါတရံရေဖြည့်ရင်းတိရစ္ဆာန်တွေတိုးဝေ့မူ ကြောင့်ထိခိုက်ဒဏ်ရာရခဲ့သလို ဖေဖော်ဝါရီလက သူထိခိုက်ဒဏ်ရာရလို့ဆေးရုံတက်ချိန် ကင်ညာ ဝန်ကြီးချုပ်ကိုယ်တိုင်လာရောက်အားပေးစကား ပြောရင်းချီးကျူးခဲ့ပါတယ်။

ကွီလွန်ဟာ လက်ရှိမှာ media များစွာကဖော်ပြခြင်းကိုခံရသူဖြစ်ပြီး TSAVO ပရဟိတအဖွဲ့ကို ထူထောင်သူအဖြစ်လည်း နာမည်ကြီးနေလာခဲ့ပါပြီ။ ကီလွန်ဟာ  ဆာဗိုတောထဲမှာ ရေကန် ၅၀ ကျော်ကိုတူးဖော်ပြီး ကင်ညာသစ်တောအစိုးရရဲ့ အကူအညီနဲ့ တောတွင်းနေတိရစ္ဆာန်စုစုပေါင်းရဲ့ ၈၀%ကို ရေရှားပါးပြတ်လပ်မူဒဏ် ကနေ အသက်မသေအောင် ကြိုးပမ်းနေသူဖြစ်ပြီး ကင်ညာအိုးမဲ့အိမ်မဲ့ ၃၀၀၀ကျော်ဟာလည်း သူ့ရဲ့နာမည်ကြောင့် အလှူရှင်တွေက ကတစ်ဆင့် နေစရာတွေပေးနိုင်ခဲ့ပါတယ်။ သူဆုရတဲ့နေ့ရွာပြန်လာချိန်ကဆို လူအများအပြားဟာကြိုဆိုခဲ့ကြပြီး ကီလွန်ဟာ ရေလူသား(Water Man) ဆိုတဲ့နာမည်နဲ့ media အများအပြားမှာနာမည်ကြီးလာခဲ့ပါတယ်။ ကီလွန်ကတော့ နာမည်ကြီးသည်ဖြစ်စေ မကြီးသည်ဖြစ်စေ လူသားဆန်တဲ့ သူ့တာဝန်များကို မပျက်မကွက် ဆက်လက်လုပ်ဆောင်နေလျှက်ရှိပါတော့တယ်။

Ref; Kilonzo Mwala (BBC)

Leave a Reply