ႏွစ္ ၂၀၀၀ ေက်ာ္သက္တမ္းရွိ ရွားပါးဘုရားေက်ာင္းတစ္ခုကုိ သဲကႏာၱရအလယ္မွာ ရွာေဖြေတြ႔ရွိခဲ့

Posted on

သမုိင္းသုေတသနပညာရွင္ေတြဟာ အလြန္ရွားပါးတဲ့ ေရွးေဟာင္း ဂရိ-ေရာမေခတ္ လက္ရာ ဘုရားေက်ာင္းတစ္ခုကို အီဂ်စ္သဲကႏာၱရ ရဲ႕အလယ္မွာ တူးေဖာ္ေတြ႔ရွိခဲ့ၾကပါတယ္။ ဒီတူးေဖာ္မႈမွာ ဘုရားေက်ာင္းရဲ႕ ေအာက္ခံေဖာင္ေဒးရွင္း ၊ ပင္မ၀င္ေပါက္နဲ႔ တံတုိင္းတုိ႔ကုိ တူးေဖာ္ေတြ႔ရွိခဲ့ပါတယ္။

ဒီေနရာဟာ ေျမထဲပင္လယ္ကမ္းေျခရဲ႔ေတာင္ဘက္ မုိင္ ၂၀၀ အကြာအေ၀းမွာရွိတဲ့ အီဂ်စ္ အေနာက္ပုိင္းသဲကႏာၱရထဲက Al-Salam လုိ႔ေခၚတဲ့ေနရာျဖစ္ပါတယ္။ ထပ္တူးေဖာ္ရရွိတဲ့ ပစၥည္းေတြကေတာ့ အုိးေတြ ၊ ေရွးေဟာင္းဒဂၤါးျပားေတြ ၊ လူ႔ဦးေခါင္းရုပ္တစ္ခု နဲ႔ နံရံေထာက္တုိင္ အေဆာက္အဦးအလွဆင္ ပစၥည္းေတြအျပင္ စိတ္၀င္စားစရာ ျခေသ့ၤရုပ္တုႏွစ္ခုကုိလည္း တူးေဖာ္ေတြ႔ရွိခဲ့ၾကပါတယ္။ ျခေသ့ၤႏွစ္ရုပ္အနက္ တစ္ရုပ္မွာေတာ့ ဦးေခါင္းပါမလာပါဘူး။

“လြန္ခဲ့တဲ့ႏွစ္ေပါင္း ၂ေထာင္ေက်ာ္က ေရွးေဟာင္း ရွားပါးဘုရားေက်ာင္းတစ္ခုကို အသစ္ထပ္မံတူးေဖာ္ေတြ႔ရွိတာ အရမ္းအံၾသစရာေကာင္းပါတယ္၊ ဒီတူးေဖာ္မႈကေန ကြ်န္ေတာ္တုိ႔ Siwa အုိေအစစ္ရဲ႕အေၾကာင္းကုိ ထပ္သိရဦးမယ္” လုိ႔ သုေတသနပညာရွင္ Sarah Parcak က ဆုိပါတယ္။

Siwa အုိေအစစ္ဆုိတာ သမုိင္းသုေတသနပညာရွင္ေတြ အလြန္စိတ္၀င္စားတဲ့ေနရာတစ္ခုပဲျဖစ္ပါတယ္။ Siwa Oasis ဟာ အီဂ်စ္သဲပင္လယ္ နဲ႔ Qattara Depression တို႔အၾကားမွာ ရွိတဲ့ေနရာျဖစ္ၿပီး ကုိင္ရုိၿမဳိ႕နဲ႔ အေနာက္ဘက္ မုိင္ေပါင္း ၃၅၀ခန္႔ အကြာမွာ တည္ရွိတဲ့နယ္ေျမပါ။

ဒီေနရာရဲ႕အေၾကာင္းကို အတိအက်မသိရေသးေပမယ့္ လြန္ခဲ့တဲ့ႏွစ္ေပါင္း ၁၂၀၀၀ ခန္႔ကတည္းက ဒီေနရာမွာ လူေတြေနထုိင္ခဲ့ၾကတယ္လုိ႔ေတာ့ ပညာရွင္ေတြက ခန္႔မွန္းထားၾကပါတယ္။ အခုအသစ္ထပ္ေတြ႔ရွိရတဲ့ ဘုရားေက်ာင္းကိုေတာ့ ဘီစီ ၃၀၀ နဲ႔ ၂၀၀ ၾကားမွာ ေဆာက္လုပ္ခဲ့တယ္လုိ႔ သိရပါတယ္။

ေရာမတုိ႔ အီဂ်စ္ျပည္ကုိ အုပ္စိုးခဲ့တဲ့ အခ်ိန္တုန္းက ေရွးအီဂ်စ္တုိ႔ရဲ႕ ဗိသုကာပညာ နဲ႔ ကုိးကြယ္ယုံၾကည္မႈေတြ ထြန္းကားဆဲအခ်ိန္ျဖစ္ပါတယ္။ အဲဒီအခ်ိန္တုန္းက ဗိသုကာေျမာက္ အေဆာက္အဦးမ်ားစြာကို ေဆာက္ခဲ့ေပမယ့္ အခုေတာ့ အနည္းငယ္ကုိသာ ရွာေဖြေတြ႔ရွိႏုိင္ပါေသးတယ္။ စိတ္မေကာင္းစရာတစ္ခုကေတာ့ ရွာေဖြေတြ႔ရွိမႈေတြမွာ အေဆာက္အဦးတစ္ခုလုံးရဲ႕ အၾကြင္းအက်န္အနည္းငယ္ကုိသာ ေတြ႔ရွိရတာပါ။

ဒီေနရာမွာ ဘယ္သူေတြ ဘယ္တုန္းကဘယ္လုိ အသက္ရွင္ေနထုိင္ခဲ့သလဲ ဆုိတာသိရဖုိ႔အတြက္ သမုိင္းသုေတသနပညာရွင္ေတြဟာ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္ကတည္း ဒီေနရာတစ္၀ုိက္ကုိ တစုိက္မတ္မတ္တူးေဖာ္ေရးေတြျပဳလုပ္ခဲ့ၾကပါတယ္။ တူးေဖာ္ေလ့လာမႈမ်ားအရ အဲဒီတုန္းက ဘုရားေက်ာင္းေတြဟာ ကုန္သြယ္မႈကိုထိမ္းခ်ဳပ္ရာေနရာနဲ႔ ဘာသာေရးပြဲေတာ္မ်ားက်င္းပရာေနရာျဖစ္ခဲ့တယ္လုိ႔ ဆုိပါတယ္။ ဂုိဏ္းအုပ္ဘုန္းေတ္ာႀကီးရဲ႕ အိမ္ကုိလည္း ေနာက္ထပ္တူးေဖာ္မႈေတြမွာ ေတြ႔ရွိရဖုိ႔ ေမွ်ာ္လင့္ထားၾကပါတယ္။

Last standing wall at the Temple of Amun

Siwa အုိေအစစ္နာမည္ႀကီးတဲ့အခ်က္တစ္ခုက စစ္ဘုရင္ အလက္ဇႏၵားနဲ႔ စက္စပ္ေနပါတယ္။ ဒီေနရာမွာ အလက္ဇႏၵားဟာ သဲကႏာၱရနတ္ဘုရား Ammon ရဲ႕ ေက်ာင္းကိုေရာက္ရွိခဲ့ၿပီး အေမးအေျဖတခ်ဳိ႕လုပ္ခဲ့တယ္လုိ႔ ဆုိပါတယ္။ အလက္ဇႏၵားကုိ ဒီေနရာမွာပဲ အီဂ်စ္ရဲ႕နတ္ဘုရားဘုရင္ အျဖစ္သတ္မွတ္ေခၚတြင္ခဲ့ၾကတယ္ လုိ႔ယုံၾကည္ၾကပါတယ္။

အီဂ်စ္မွာ ေပ်ာက္ဆုံးသြားတဲ့ အေဆာက္အဦးေပါင္းမ်ားစြာ ရွိတယ္ဆုိတာ သိၾကေပမယ့္ လက္ေတြ႔မွာ ေတာ့ အနည္းငယ္ကုိသာ တူးေဖာ္ႏုိင္ခဲ့ၾကပါေသးတယ္။ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္က ႏွစ္ေပါင္း ၂၀၀၀ သက္တမ္းရွိ သခၤ်ဳိင္းတစ္ခုကုိ ကုိင္ရုိၿမဳိရဲ႕ေတာင္ဘက္မွာ တူးေဖာ္ေတြ႔ရွိခဲ့သလုိ ၿပီးခဲ့တဲ့ႏွစ္ကလည္း သက္တမ္း ႏွစ္ေပါင္း ၃၅၀၀ ရွိတဲ့ သခၤ်ဳိင္းဂူတစ္ခုကို မံမီေတြနဲ႔အတူတူးေဖာ္ေတြ႔ရွိခဲ့ၿပီးပါၿပီ။ ယခုထပ္မံေတြ႔ရွိမႈဟာ အလြန္အေရးပါၿပီး ထပ္မံတူးေဖာ္ရွာေဖြေရးေတြလုပ္ၿပီး အီဂ်စ္ရဲ႕ေပ်ာက္ဆုံးေနတဲ့ သမုိင္းေတြကို ရွာေဖြဖုိ႔ ႀကဳိးပမ္းလွ်က္ရွိၾကပါတယ္။

Old town of Shali in Siwa Oasis

နှစ် ၂၀၀၀ ကျော်သက်တမ်းရှိ ရှားပါးဘုရားကျောင်းတစ်ခုကို သဲကန္တာရအလယ်မှာ ရှာဖွေတွေ့ရှိခဲ့ (unicode)

သမိုင်းသုတေသနပညာရှင်တွေဟာ အလွန်ရှားပါးတဲ့ ရှေးဟောင်း ဂရိ-ရောမခေတ် လက်ရာ ဘုရားကျောင်းတစ်ခုကို အီဂျစ်သဲကန္တာရ ရဲ့အလယ်မှာ တူးဖော်တွေ့ရှိခဲ့ကြပါတယ်။ ဒီတူးဖော်မှုမှာ ဘုရားကျောင်းရဲ့ အောက်ခံဖောင်ဒေးရှင်း ၊ ပင်မဝင်ပေါက်နဲ့ တံတိုင်းတို့ကို တူးဖော်တွေ့ရှိခဲ့ပါတယ်။

ဒီနေရာဟာ မြေထဲပင်လယ်ကမ်းခြေရဲ့တောင်ဘက် မိုင် ၂၀၀ အကွာအဝေးမှာရှိတဲ့ အီဂျစ် အနောက်ပိုင်းသဲကန္တာရထဲက Al-Salam လို့ခေါ်တဲ့နေရာဖြစ်ပါတယ်။ ထပ်တူးဖော်ရရှိတဲ့ ပစ္စည်းတွေကတော့ အိုးတွေ ၊ ရှေးဟောင်းဒင်္ဂါးပြားတွေ ၊ လူ့ဦးခေါင်းရုပ်တစ်ခု နဲ့ နံရံထောက်တိုင် အဆောက်အဦးအလှဆင် ပစ္စည်းတွေအပြင် စိတ်ဝင်စားစရာ ခြသေ့ၤရုပ်တုနှစ်ခုကိုလည်း တူးဖော်တွေ့ရှိခဲ့ကြပါတယ်။ ခြသေ့ၤနှစ်ရုပ်အနက် တစ်ရုပ်မှာတော့ ဦးခေါင်းပါမလာပါဘူး။

“လွန်ခဲ့တဲ့နှစ်ပေါင်း ၂ထောင်ကျော်က ရှေးဟောင်း ရှားပါးဘုရားကျောင်းတစ်ခုကို အသစ်ထပ်မံတူးဖော်တွေ့ရှိတာ အရမ်းအံဩစရာကောင်းပါတယ်၊ ဒီတူးဖော်မှုကနေ ကျွန်တော်တို့ Siwa အိုအေစစ်ရဲ့အကြောင်းကို ထပ်သိရဦးမယ်” လို့ သုတေသနပညာရှင် Sarah Parcak က ဆိုပါတယ်။

Siwa အိုအေစစ်ဆိုတာ သမိုင်းသုတေသနပညာရှင်တွေ အလွန်စိတ်ဝင်စားတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။ Siwa Oasis ဟာ အီဂျစ်သဲပင်လယ် နဲ့ Qattara Depression တို့အကြားမှာ ရှိတဲ့နေရာဖြစ်ပြီး ကိုင်ရိုမြို့နဲ့ အနောက်ဘက် မိုင်ပေါင်း ၃၅ဝခန့် အကွာမှာ တည်ရှိတဲ့နယ်မြေပါ။

ဒီနေရာရဲ့အကြောင်းကို အတိအကျမသိရသေးပေမယ့် လွန်ခဲ့တဲ့နှစ်ပေါင်း ၁၂၀၀၀ ခန့်ကတည်းက ဒီနေရာမှာ လူတွေနေထိုင်ခဲ့ကြတယ်လို့တော့ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။ အခုအသစ်ထပ်တွေ့ရှိရတဲ့ ဘုရားကျောင်းကိုတော့ ဘီစီ ၃၀၀ နဲ့ ၂၀၀ ကြားမှာ ဆောက်လုပ်ခဲ့တယ်လို့ သိရပါတယ်။

ရောမတို့ အီဂျစ်ပြည်ကို အုပ်စိုးခဲ့တဲ့ အချိန်တုန်းက ရှေးအီဂျစ်တို့ရဲ့ ဗိသုကာပညာ နဲ့ ကိုးကွယ်ယုံကြည်မှုတွေ ထွန်းကားဆဲအချိန်ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ဗိသုကာမြောက် အဆောက်အဦးများစွာကို ဆောက်ခဲ့ပေမယ့် အခုတော့ အနည်းငယ်ကိုသာ ရှာဖွေတွေ့ရှိနိုင်ပါသေးတယ်။ စိတ်မကောင်းစရာတစ်ခုကတော့ ရှာဖွေတွေ့ရှိမှုတွေမှာ အဆောက်အဦးတစ်ခုလုံးရဲ့ အကြွင်းအကျန်အနည်းငယ်ကိုသာ တွေ့ရှိရတာပါ။

ဒီနေရာမှာ ဘယ်သူတွေ ဘယ်တုန်းကဘယ်လို အသက်ရှင်နေထိုင်ခဲ့သလဲ ဆိုတာသိရဖို့အတွက် သမိုင်းသုတေသနပညာရှင်တွေဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်း ဒီနေရာတစ်ဝိုက်ကို တစိုက်မတ်မတ်တူးဖော်ရေးတွေပြုလုပ်ခဲ့ကြပါတယ်။ တူးဖော်လေ့လာမှုများအရ အဲဒီတုန်းက ဘုရားကျောင်းတွေဟာ ကုန်သွယ်မှုကိုထိမ်းချုပ်ရာနေရာနဲ့ ဘာသာရေးပွဲတော်များကျင်းပရာနေရာဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဂိုဏ်းအုပ်ဘုန်းတော်ကြီးရဲ့ အိမ်ကိုလည်း နောက်ထပ်တူးဖော်မှုတွေမှာ တွေ့ရှိရဖို့ မျှော်လင့်ထားကြပါတယ်။

Siwa အိုအေစစ်နာမည်ကြီးတဲ့အချက်တစ်ခုက စစ်ဘုရင် အလက်ဇန္ဒားနဲ့ စက်စပ်နေပါတယ်။ ဒီနေရာမှာ အလက်ဇန္ဒားဟာ သဲကန္တာရနတ်ဘုရား Ammon ရဲ့ ကျောင်းကိုရောက်ရှိခဲ့ပြီး အမေးအဖြေတချို့လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အလက်ဇန္ဒားကို ဒီနေရာမှာပဲ အီဂျစ်ရဲ့နတ်ဘုရားဘုရင် အဖြစ်သတ်မှတ်ခေါ်တွင်ခဲ့ကြတယ် လို့ယုံကြည်ကြပါတယ်။

အီဂျစ်မှာ ပျောက်ဆုံးသွားတဲ့ အဆောက်အဦးပေါင်းများစွာ ရှိတယ်ဆိုတာ သိကြပေမယ့် လက်တွေ့မှာ တော့ အနည်းငယ်ကိုသာ တူးဖော်နိုင်ခဲ့ကြပါသေးတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က နှစ်ပေါင်း ၂၀၀၀ သက်တမ်းရှိ သင်္ချိုင်းတစ်ခုကို ကိုင်ရိုမြိုရဲ့တောင်ဘက်မှာ တူးဖော်တွေ့ရှိခဲ့သလို ပြီးခဲ့တဲ့နှစ်ကလည်း သက်တမ်း နှစ်ပေါင်း ၃၅၀၀ ရှိတဲ့ သင်္ချိုင်းဂူတစ်ခုကို မံမီတွေနဲ့အတူတူးဖော်တွေ့ရှိခဲ့ပြီးပါပြီ။ ယခုထပ်မံတွေ့ရှိမှုဟာ အလွန်အရေးပါပြီး ထပ်မံတူးဖော်ရှာဖွေရေးတွေလုပ်ပြီး အီဂျစ်ရဲ့ပျောက်ဆုံးနေတဲ့ သမိုင်းတွေကို ရှာဖွေဖို့ ကြိုးပမ်းလျှက်ရှိကြပါတယ်။

Leave a Reply