အသံထက္ ၁ဆခြဲ ပုိျမန္တဲ့ ခရီးသည္တင္ေလယာဥ္ မၾကာမီ လာေတာ့မည္

Posted on

အသံထက္ျမန္တဲ့ေလယာဥ္ဆုိတာ အခုမွ မဟုတ္ပါဘူး။ ဟုိးအရင္ကတည္းက ရွိခဲ့ဖူးပါတယ္။ ေျပာရမယ္ဆုိရင္ လြန္ခဲ့တဲ့ႏွစ္ေပါင္း ၅၀ခန္႔ကတည္းက ကြန္းေကာ့(concorde) ဆုိတဲ့ ဒီေလယာဥ္ႀကီးေတြ ရွိခဲ့ပါတယ္။ ဒါေပမယ့္ ဒီေလယာဥ္ႀကီးေတြဟာ ႀကီးမားတဲ့အင္ဂ်င္စနစ္ေၾကာင့္ အသံဆူလြန္းျခင္း ၊ ဆီအလြန္စားျခင္း ၊ လက္မွတ္ေစ်းဟာ ပုံမွန္ထက္ အဆ ၃၀ေလာက္ပုိႀကီးရာကေန စလုိ႔ တျဖည္းျဖည္း လူစီးနည္းသြားရာကေန ပ်ံသန္းျခင္း လုံး၀ရပ္တန္႔လုိက္ရၿပီး ျပတုိက္ထဲေရာက္သြားပါေတာ့တယ္။

ကြန္းေကာ့(concorde) ေလယာဥ္ႀကီး

အခုေတာ့ ေလယာဥ္ထက္ ၁ဆခြဲ ပုိျမန္မယ့္ Turbo စနစ္သုံးဂ်က္ေလယာဥ္ေတြကုိ ခရီးသည္တင္ေလေၾကာင္းလုိင္းမွာ အသုံးျပဳႏုိင္ဖုိ႔ နာဆာက စီစဥ္လွ်က္ရွိပါတယ္။ ဒီေလယာဥ္မွာေတာ့ အရင္ ကြန္းေကာ့(concorde) ေလယာဥ္ႀကီးေတြရဲ႕ လုိအပ္ခ်က္ေတြကုိ ျဖည့္ဆည္းသြားမွာျဖစ္ၿပီး အသံထက္ ၁.၅ ဆ ပုိျမန္မွာျဖစ္တယ္လုိ႔ သိရပါတယ္။

ေလယာဥ္ရဲ႕အမည္ကုိေတာ့ X-Plane လုိ႔အမည္ေပးထားၿပီး ဒီေလယာဥ္ကုိ နာဆာမွ တဆင့္ ကမာၻေက်ာ္ အေမရိကန္အေျခစုိက္ ေလယာဥ္ထုတ္လုပ္ေရး ကုမၸဏီျဖစ္တဲ့ Lockheed Martin ကုိ ထုတ္လုပ္ဖုိ႔ အပ္ႏွံထားပါတယ္။ ဒီကုမၸဏီဟာ F22 , F35 စတဲ့ နာမည္ႀကီးစစ္ဘက္သုံးေလယာဥ္ေတြကုိ ထုတ္လုပ္ခဲ့တဲ့ ကုမၸဏီျဖစ္ပါတယ္။ ကုန္က်စရိတ္အေနနဲ႔ ေဒၚလာ ၂၄၇.၅သန္း နဲ႔ X-Plane ေလယာဥ္ေတြကို ထုတ္လုပ္ေပးဖုိ႔ သေဘာတူထားပါတယယ္။

ဒီေလယာဥ္ဒီဇုိင္းဟာ အရင္ ကြန္းေကာ့ေလယာဥ္ႀကီးေတြ ဒီဇုိင္းနဲ႔ တူမွာမဟုတ္ပဲ Lockheed Martin က ျပန္လည္ ဆန္းသစ္ၿပီး ဒီဇုိင္းထုတ္ထားတာျဖစ္ပါတယ္။ ေလယာဥ္ရဲ႕အရြယ္အစားကေတာ့ အရွည္ ၉၄ေပ ၊ ေတာင္ပံအက်ယ္ ၂၉.ေပ ျဖစ္ၿပီး အေလးခ်ိန္ကေတာ့ ၁၅၀၀၀ ကီလုိဂရမ္ရွိမွာျဖစ္ပါတယ္။ ဒီအရြယ္အစားဟာ ယေန႔ေခတ္ Boeing 737 ခရီးသည္တင္ေလယာဥ္ေတြရဲ႕ ပုံမွန္ဆုိဒ္ထက္ ပုိငယ္ပါတယ္။ အအသံထက္ ၁ဆခြဲနီးပါးျဖစ္တဲ့ မက္ခ္် ၁ ဒသမ ၄ (Mach 1.4) ျမန္ႏႈန္း နဲ႔ ပ်ံသန္းမွာျဖစ္ၿပီး တစ္နာရီကုိ ၉၄၀မုိင္ အျမန္ႏႈန္းျဖစ္ပါတယ္။

ဒီေလယာဥ္ေတြဟာ ေရွ႕က Concorde ေလယာဥ္ေတြေလာက္ မျမန္ေပမယ့္ သူ႔ရဲ႕အားသာခ်က္ကေတာ့ ရာသီဥတုမ်ဳိးစုံကုိ ျဖတ္သန္းေမာင္းႏွင္ ႏုိင္တာပါ။ ကြန္းေကာ့ေတြကေတာ့ ရာသီဥတုမေကာင္းရင္ ေမာင္းႏွင္လုိ႔ မရပါဘူး။ ေနာက္တစ္ခ်က္က တည္ၿငိမ္မႈပါ။ ေလယာဥ္ဟာ ျမန္ႏႈန္းျမင့္ေပမယ့္ လႈပ္ခါယမ္းမေနပဲ အထူးတည္ၿငိမ္ေအာင္ ျပဳလုပ္ဖုိ႔ ဒီဇုိင္းထုတ္ထားပါတယ္။

ေနာက္ ကြန္းေကာ့ေလယာဥ္ႀကီးေတြ အားနည္းခ်က္ျဖစ္တဲ့ အသံအဆမတန္ ဆူညံမႈကို လည္း X-Plane ေတြမွာ ထိမ္းခ်ဳပ္ထားမွာျဖစ္ပါတယ္။ ေလယာဥ္ကုိယ္ထည္သားမွာ ဆူညံသံကာကြယ္မႈ စနစ္ ေကာင္းမြန္လာၿပီး အင္ဂ်င္ အႀကီးစားကို တပ္ဆင္ထားေပမယ့္ ေလယာဥ္ ပ်ံသန္းေနခ်ိန္ အတြင္းခန္းကို အသံလုံး၀ မဝင္ေအာင္ ဖန္တီးထားတယ္ လို႔ သိရပါတယ္။

အျမင့္ေပ ေပ ၅၅၀၀၀ အထိေတာင္ပ်ံသန္းႏုိင္တဲ့ X-Plane ေလယာဥ္ေတြဟာ လက္ရွိခရီးသည္တင္ေတြထဲမွာ အျမန္ဆုံးေလယာဥ္ျဖစ္တဲ့ Boeing ထုတ္ 747 ေလယာဥ္ေတြထက္ ၁နာရီ မုိင္၃၀၀ခန္႔ အျမန္ႏႈန္းပုိပါတယ္။ Boeing ထုတ္ 747 ေလယာဥ္ရဲ႕အျမန္ႏႈန္း က ၁နာရီကုိ ၆၄၄ မုိင္ပဲ ေရာက္ႏုိင္ပါတယ္။ အေရးေပၚခရီးသြားဖုိ႔ လုိအပ္သူေတြ ၊ ျမန္ျမန္ဆန္ဆန္ ခရီးသြားခ်င္တဲ့သူေတြအတြက္ ဒါဟာ ၀မ္းသာစရာ သတင္းေကာင္းပါ။

လက္ရွိ အစီအစဥ္အရေတာ့ ဒီေလယာဥ္ေတြကုိ ၂၀၂၁ခုႏွစ္မွာ ဒီဇုိင္းဖန္တီးမႈ နဲ႔ အၿပီးထုတ္လုပ္သြားဖုိ႔ျဖစ္ၿပီး ၂၀၂၁ခုႏွစ္အတြင္းမွာ ပထမဆုံးပ်ံသန္းမႈ ျပဳလုပ္ႏုိင္မယ္လုိ႔ ဆုိပါတယ္။ ခရီးသြားေလေၾကာင္းလုိင္း ၀န္ေဆာင္မႈကုိေတာ့ ၂၀၂၃ခုႏွစ္မွာစတင္ ေျပးဆြဲသြားမွာျဖစ္တဲ့အတြက္ ေနာက္ ၅ႏွစ္မွာ ဒီေလယာဥ္ႀကီးေတြကို စီးႏုိင္ပါေတာ့မယ္။ ဒီေလယာဥ္ေတြကုိ ဆယ္ဂဏန္းအထက္ ထုတ္လုပ္သြားမွာျဖစ္ၿပီး အဓိကအားျဖင့္ မုိင္ ၅၀၀၀ အထက္ ခရီးစဥ္မွာ ေျပးဆြဲဖုိ႔ ရည္ရြယ္ထားတယ္လုိ႔ သိရပါတယ္။

VIDEO


အသံထက် ၁ဆခွဲ မြန်တဲ့ ခရီးသည်တင်လေယာဉ် မကြာမီ လာတော့မည် (unicode)

အသံထက်မြန်တဲ့လေယာဉ်ဆိုတာ အခုမှ မဟုတ်ပါဘူး။ ဟိုးအရင်ကတည်းက ရှိခဲ့ဖူးပါတယ်။ ပြောရမယ်ဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်း ၅ဝခန့်ကတည်းက ကွန်းကော့(concorde) ဆိုတဲ့ ဒီလေယာဉ်ကြီးတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီလေယာဉ်ကြီးတွေဟာ ကြီးမားတဲ့အင်ဂျင်စနစ်ကြောင့် အသံဆူလွန်းခြင်း ၊ ဆီအလွန်စားခြင်း ၊ လက်မှတ်ဈေးဟာ ပုံမှန်ထက် အဆ ၃၀လောက်ပိုကြီးရာကနေ စလို့ တဖြည်းဖြည်း လူစီးနည်းသွားရာကနေ ပျံသန်းခြင်း လုံးဝရပ်တန့်လိုက်ရပြီး ပြတိုက်ထဲရောက်သွားပါတော့တယ်။

အခုတော့ လေယာဉ်ထက် ၁ဆခွဲ ပိုမြန်မယ့် Turbo စနစ်သုံးဂျက်လေယာဉ်တွေကို ခရီးသည်တင်လေကြောင်းလိုင်းမှာ အသုံးပြုနိုင်ဖို့ နာဆာက စီစဉ်လျှက်ရှိပါတယ်။ ဒီလေယာဉ်မှာတော့ အရင် ကွန်းကော့(concorde) လေယာဉ်ကြီးတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းသွားမှာဖြစ်ပြီး အသံထက် ၁.၅ ဆ ပိုမြန်မှာဖြစ်တယ်လို့ သိရပါတယ်။

လေယာဉ်ရဲ့အမည်ကိုတော့ X-Plane လို့အမည်ပေးထားပြီး ဒီလေယာဉ်ကို နာဆာမှ တဆင့် ကမ္ဘာကျော် အမေရိကန်အခြေစိုက် လေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်တဲ့ Lockheed Martin ကို ထုတ်လုပ်ဖို့ အပ်နှံထားပါတယ်။ ဒီကုမ္ပဏီဟာ F22 , F35 စတဲ့ နာမည်ကြီးစစ်ဘက်သုံးလေယာဉ်တွေကို ထုတ်လုပ်ခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ကုန်ကျစရိတ်အနေနဲ့ ဒေါ်လာ ၂၄၇.၅သန်း နဲ့ X-Plane လေယာဉ်တွေကို ထုတ်လုပ်ပေးဖို့ သဘောတူထားပါတယယ်။

ဒီလေယာဉ်ဒီဇိုင်းဟာ အရင် ကွန်းကော့လေယာဉ်ကြီးတွေ ဒီဇိုင်းနဲ့ တူမှာမဟုတ်ပဲ Lockheed Martin က ပြန်လည် ဆန်းသစ်ပြီး ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။ လေယာဉ်ရဲ့အရွယ်အစားကတော့ အရှည် ၉၄ပေ ၊ တောင်ပံအကျယ် ၂၉.ပေ ဖြစ်ပြီး အလေးချိန်ကတော့ ၁၅၀၀၀ ကီလိုဂရမ်ရှိမှာဖြစ်ပါတယ်။ ဒီအရွယ်အစားဟာ ယနေ့ခေတ် Boeing 737 ခရီးသည်တင်လေယာဉ်တွေရဲ့ ပုံမှန်ဆိုဒ်ထက် ပိုငယ်ပါတယ်။ အအသံထက် ၁ဆခွဲနီးပါးဖြစ်တဲ့ မက်ခ်ျ ၁ ဒသမ ၄ (Mach 1.4) မြန်နှုန်း နဲ့ ပျံသန်းမှာဖြစ်ပြီး တစ်နာရီကို ၉၄ဝမိုင် အမြန်နှုန်းဖြစ်ပါတယ်။

ဒီလေယာဉ်တွေဟာ ရှေ့က Concorde လေယာဉ်တွေလောက် မမြန်ပေမယ့် သူ့ရဲ့အားသာချက်ကတော့ ရာသီဥတုမျိုးစုံကို ဖြတ်သန်းမောင်းနှင် နိုင်တာပါ။ ကွန်းကော့တွေကတော့ ရာသီဥတုမကောင်းရင် မောင်းနှင်လို့ မရပါဘူး။ နောက်တစ်ချက်က တည်ငြိမ်မှုပါ။ လေယာဉ်ဟာ မြန်နှုန်းမြင့်ပေမယ့် လှုပ်ခါယမ်းမနေပဲ အထူးတည်ငြိမ်အောင် ပြုလုပ်ဖို့ ဒီဇိုင်းထုတ်ထားပါတယ်။

နောက် ကွန်းကော့လေယာဉ်ကြီးတွေ အားနည်းချက်ဖြစ်တဲ့ အသံအဆမတန် ဆူညံမှုကို လည်း X-Plane တွေမှာ ထိမ်းချုပ်ထားမှာဖြစ်ပါတယ်။ လေယာဉ်ကိုယ်ထည်သားမှာ ဆူညံသံကာကွယ်မှု စနစ် ကောင်းမွန်လာပြီး အင်ဂျင် အကြီးစားကို တပ်ဆင်ထားပေမယ့် လေယာဉ် ပျံသန်းနေချိန် အတွင်းခန်းကို အသံလုံး၀ မဝင်အောင် ဖန်တီးထားတယ် လို့ သိရပါတယ်။

အမြင့်ပေ ပေ ၅၅၀၀၀ အထိတောင်ပျံသန်းနိုင်တဲ့ X-Plane လေယာဉ်တွေဟာ လက်ရှိခရီးသည်တင်တွေထဲမှာ အမြန်ဆုံးလေယာဉ်ဖြစ်တဲ့ Boeing ထုတ် 747 လေယာဉ်တွေထက် ၁နာရီ မိုင်၃၀ဝခန့် အမြန်နှုန်းပိုပါတယ်။ Boeing ထုတ် 747 လေယာဉ်ရဲ့အမြန်နှုန်း က ၁နာရီကို ၆၄၄ မိုင်ပဲ ရောက်နိုင်ပါတယ်။ အရေးပေါ်ခရီးသွားဖို့ လိုအပ်သူတွေ ၊ မြန်မြန်ဆန်ဆန် ခရီးသွားချင်တဲ့သူတွေအတွက် ဒါဟာ ဝမ်းသာစရာ သတင်းကောင်းပါ။

လက်ရှိ အစီအစဉ်အရတော့ ဒီလေယာဉ်တွေကို ၂၀၂၁ခုနှစ်မှာ ဒီဇိုင်းဖန်တီးမှု နဲ့ အပြီးထုတ်လုပ်သွားဖို့ဖြစ်ပြီး ၂၀၂၁ခုနှစ်အတွင်းမှာ ပထမဆုံးပျံသန်းမှု ပြုလုပ်နိုင်မယ်လို့ ဆိုပါတယ်။ ခရီးသွားလေကြောင်းလိုင်း ဝန်ဆောင်မှုကိုတော့ ၂၀၂၃ခုနှစ်မှာစတင် ပြေးဆွဲသွားမှာဖြစ်တဲ့အတွက် နောက် ၅နှစ်မှာ ဒီလေယာဉ်ကြီးတွေကို စီးနိုင်ပါတော့မယ်။ ဒီလေယာဉ်တွေကို ဆယ်ဂဏန်းအထက် ထုတ်လုပ်သွားမှာဖြစ်ပြီး အဓိကအားဖြင့် မိုင် ၅၀၀၀ အထက် ခရီးစဉ်မှာ ပြေးဆွဲဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

Leave a Reply