ရန္ကုန္ၿမိဳ႕မွ နာမည္ေက်ာ္ ဗားကရာေခ်ာက္ႀကီး အေၾကာင္း

Posted on

ေရးသားသူ – တင္ဝင္းေလး ( ၾကည့္ျမင္တိုင္ )

ရန္ကုန္ၿမိဳ႕တြင္ ကားလမ္းေပၚမွ ရထားလမ္းျဖတ္ေက်ာ္သြားသည့္ ေနရာမွာ ႏွစ္ခုသာရွိသည္။ တစ္ခုမွာ သာေကတျမိဳ႕နယ္ရွိ သန္လ်င္တံတားကို သြားမည့္ ရတနာလမ္းမေပၚရွိ ကားလမ္းေပၚမွ ရထားလမ္းျဖတ္ေက်ာ္သြားသည့္ ေနရာႏွင့္ ၾကည့္ျမင္တိုင္နယ္ေျမႏွင့္ စမ္းေခ်ာင္းနယ္ေျမထိစပ္ရာ အလယ္ရွိ ဗားကရာေခ်ာက္ႀကီးတို႔ပင္ ျဖစ္သည္။

ဗားကရာေခ်ာက္ႀကီးမွာ မူလကတည္းကရွိေသာ ေခ်ာက္ ႀကီးတစ္ခုျဖစ္သည္။ လူတို႔မွ ဖန္တီးတူးေဖာ္ထားေသာ ေခ်ာက္ မဟုတ္ေပ။ လိုအပ္ခ်က္အရ ျဖည့္ဆည္းပံုေဖာ္မႈအပိုင္းသာ ရွိခဲ့သည္။ ၾကည့္ျမင္တိုင္နယ္ေျမသည္ မူလကတည္းက လွ်ဳိေျမာင္၊ စမ္းေခ်ာင္း၊ ေခ်ာက္တို႔ရွိခဲ့သည္။ ေခ်ာက္ႀကီးေပၚမွ ရထားလမ္းျဖတ္ေက်ာ္တည္ေဆာက္မႈမွာ ဆရာ ေမာင္ျမတ္မြန္(ဆူးေလ)၏ ”ေရႊတိုင္ေကာက္ေၾကာင္း” မွတ္တမ္းအရ ၁၈၆၉ ခုႏွစ္ ရန္ကုန္-ျပည္ရထားလမ္းေဖာက္ျခင္းမွ ေပၚေပါက္လာခဲ့ျခင္းျဖစ္သည္။

Photo Credit : Phyo Nyi Nyi Lwin

ျမန္မာႏိုင္ငံ၏ ပထမဦးဆံုးေသာ ရထားလမ္းပိုင္းျဖစ္သည္။ ရထားလမ္းပိုင္းအရွည္ ၁၆၁ မိုင္ ရွိသည္ဟု သိရသည္။ မွတ္တမ္းအရ The Irrawaddy Valley State Railway Co. ကို ကန္ထ႐ိုက္ေပး တည္ေဆာက္ခဲ့ျခင္းျဖစ္ သည္။ အင္ဂ်င္နီယာႏွစ္ဦးမွာ Hume ႏွင့္ Innis တို႔ျဖစ္သည္။ ထို႔ေၾကာင့္ ရထားလမ္းအနီးတြင္ ၎တို႔၏ အမည္ျဖင့္ မွည့္ေခၚ ထားေသာ ဟုမ္းလမ္းႏွင့္ အင္းနစ္ဟူ၍ရွိခဲ့သည္။ ယခုအခါ ထိုလမ္းႏွစ္လမ္းကိုေပါင္း၍ ျမန္မာအမည္ျဖင့္ ပန္းလိႈင္ဟု ေျပာင္းလဲေခၚဆိုခဲ့ၾကသည္။

ယင္းရထားလမ္းေဖာက္လုပ္ရာ လမ္းတစ္ေလွ်ာက္၌ အခက္အခဲဆံုးမွာ မြန္ဘာသာျဖင့္ ”ဘာ့က္ရ္”ဟု ေခၚသည့္ ဗားကရာ ေခ်ာက္ႀကီးပင္ျဖစ္သည္။ ရထားလမ္းေအာက္မွ ကားလမ္းေဖာက္ရာတြင္လည္း အဓိကျပႆနာမွာ ထူထပ္စြာေပါက္ေနသည့္ ခရာဆူးခ်ဳံပင္မ်ား ကို ရွင္းလင္းရျခင္းႏွင့္ ျမစ္ေရတိုးဝင္မႈပင္ ျဖစ္သည္။ လိႈင္ျမစ္ႏွင့္ နီးသည့္အတြက္ ေရဝင္၊ ေရထြက္ထိန္းရာတြင္ ေခ်ာက္ကမ္းႏွစ္ဖက္အား နံရံထိန္း Retainaing Wall မွာ ခိုင္ခံ့စြာ တည္ ေဆာက္ရသကဲ့သို႔ ေရဆင္းအတြက္ ကားလမ္း ေအာက္မွ လိုဏ္ေဖာက္ရျခင္းပင္ျဖစ္သည္။

တစ္ဖန္ကားလမ္းေဖာက္ျခင္းအား ဓာတ္ပံုမွတ္တမ္းတင္ တစ္ခုျဖင့္ သက္ေသျပဳရေသာ္.. စမ္းေခ်ာင္းျမိဳ႕နယ္ အတုလာ ဓိပတိမဟာမုနိသက်ကိုးထပ္ႀကီး ဘုရားမွ ေရွးေဟာင္းဓာတ္ပံု မွတ္တမ္းတစ္ပံုအရ ေခ်ာက္တစ္ဖက္ ဘုရားေရွ႕ကားလမ္း ေဟာင္းႏွင့္ ဘုရားရင္ျပင္မွာ တစ္သားတည္း တစ္ညီတည္းျဖစ္ သည္ကို ေတြ႕ျမင္ခဲ့ရျခင္းပင္ျဖစ္သည္။ ဓာတ္ပံုမွတ္တမ္းတြင္ ေရးထုိးထားသည့္ ခုႏွစ္ အရ ၁၉၂၆ ခုႏွစ္ျဖစ္သည္။ ထို႔ေၾကာင့္ ေခ်ာက္ေလးဖက္ေလးတန္ ကားလမ္းေဖာက္ျခင္းမွာ ထိုခုႏွစ္ ေနာက္ပိုင္းကာလကပင္ဟု မွတ္ယူရမည္ျဖစ္သည္။

ေရဝင္၊ ေရထြက္ တြက္ခ်က္မႈတြင္ လိႈင္ျမစ္ေရအတက္အက် ကိုခ်ိန္၍ ကားလမ္းေအာက္တြင္ လိုဏ္(ေျမာင္း)ကို ေဖာက္ခဲ့ ျခင္းျဖစ္သည္ဟု သိရသည္။ စာေရးသူ၏အဘိုး ဆလရ (ေဆာက္ လုပ္ေရး)၏ အဆိုအရ လိႈင္ျမစ္ဘက္အျခမ္း လိုဏ္ေခါင္းအဝ၌ ဖြင့္ပိတ္ၾကရေသာ သံတံခါးႀကီးတစ္ခု ရွိသည္ဟု ဆိုခဲ့ဖူးသည္။ ဗားကရာေခ်ာက္မွ ကမ္းနားလမ္းဘက္သို႔ သြားရာလမ္းမီး ပြိဳင့္အနီး ကားလမ္းမအလယ္တြင္ ေခ်ာက္အတြင္းသို႔ ဆင္းႏိုင္ သည့္ အေပါက္တစ္ခုရွိသည္။ သံေလွကားတစ္ခုတပ္ဆင္ထား သည္။ လြန္ခဲ့ေသာ ႏွစ္ႏွစ္ (၂ဝ၁၅) ခုႏွစ္က အခါအခြင့္ႀကံဳ၍ စာေရးသူကိုယ္တိုင္ ယင္းအေပါက္မွ ေခ်ာက္အတြင္းသို႔ ဆင္းခဲ့ ဖူးသည္။ သံေလွကားလံုးဝမရွိေတာ့သျဖင့္ ဝါးေလွကားေလးျဖင့္ ဆင္းခဲ့ၾကရသည္။

စာေရးသူဆင္းၾကည့္သည့္အခ်ိန္၌ မတ္တတ္ရပ္ လက္ တစ္ဆန္႔တြင္ အေပၚနံရံကို ထိမိသည့္အေနအထားျဖစ္သည္။ ေရစုကန္အတြင္း၌ အမိႈက္မ်ား ျမင့္တက္လာျခင္းေၾကာင့္ျဖစ္ သည္။ သို႔မဟုတ္ပါက ယခုထက္နက္႐ိႈင္းမည့္ အေနအထားတြင္ ရွိသည္။ အတြင္းပိုင္း၌ ကားလမ္း၏ ေလးဖက္ေဘးတန္ ေျမာင္း ငယ္အသီးသီးမွ စီးဝင္လာမည့္ေရမ်ားကို စုစည္းထားႏိုင္ေသာ ေရစုကန္ရွိသည္။ စည္ပင္မွ လမ္းတံတားအင္ဂ်င္နီယာတစ္ဦး၏ေျပာျပခ်က္အရ ေရစုကန္မွာ အက်ယ္ ၁ဝ ေပ၊ ရွစ္ေပရွိၿပီး အနက္ မွာ ေျခာက္ေပရွိသည္ဟု သိရသည္။

ေရစုကန္ေရျပည့္မွသာ လိုဏ္ေခါင္းအတိုင္း ကမ္းနားဘက္သို႔ ဆင္းသြားျခင္းျဖစ္သည္။ လိုဏ္ေခါင္းအရွည္မွာ ကမ္းနားလိႈင္ျမစ္ဝအထိ ေပ ၁၂ဝဝ အရွည္ရွိၿပီး အဝအက်ယ္မွာ ငါးေပေက်ာ္ရွိ သည္ဟု ဆိုသည္။ လိုဏ္ေခါင္းအား အဂၤလိပ္လက္ထက္က တည္ေဆာက္မႈအတိုင္း အုတ္မ်ားျဖင့္ ပိုက္လံုးသ႑ာန္ တည္ေဆာက္ထားျခင္း ျဖစ္သည္ကို ေတြ႕ရသည္။ စမ္းေခ်ာင္းဘက္မွလာေသာ လိုဏ္ကို ”ဂ” ငယ္ ပံုစံအုတ္ျဖင့္ စီထားသည္။

Photo Credit : Aung Zaw Min

ကားလမ္းအေပၚမွ ေရဆင္းေပါက္တို႔မွာ အုန္းလက္႑ာန္ရွိၿပီး ယခုမီးပြိဳင့္ေထာင့္မွ အေပါက္ေလးေပါက္ မွာ ကေလးတစ္ေယာက္ငုံ႔၍ဝင္ႏိုင္ေသာ အက်ယ္အဝန္းျဖစ္သည္။ ရပ္ကြက္မွ ကေလးမ်ား ေဘာလံုးကစားရာမွ ယင္းလိုဏ္ အတြင္းသို႔ ေဘာလံုးက်ေရာက္သြားသည့္အခါ ထိုအေပါက္မွ ဆင္းေကာက္ေလ့ရွိသည္ကို မွတ္မိသည္။ ယခုအခါ ေခတ္ကာလၾကာၿပီျဖစ္၍ အေပါက္မွာ က်ဥ္း ေျမာင္းသြားၿပီျဖစ္သည္။ ထို႔အျပင္ ကမ္းနားလမ္းႏွင့္ ဗားကရာ လမ္းဆံု ရာ လက္ဝဲဘက္ေထာင့္၊ ယခုလက္ဖက္ရည္ဆိုင္အနီးတြင္ လိုဏ္အတြင္းသို႔ ဆင္းႏိုင္သည္။ ေျခာက္ေပပတ္လည္အေပါက္ တစ္ခုရွိသည္ဟု ယင္းအင္ဂ်င္နီယာေျပာျပ၍ သိရသည္။ ယခုလက္ရွိ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂)တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ဝင္းကပင္

” ကြၽန္ေတာ္တို႔ ငယ္ငယ္ကလည္း ဒီေခ်ာက္ထဲကို ဆင္းခဲ့ရဖူးတယ္။ သံေလွကားေလးရွိတယ္။ တည္ေဆာက္ထားတဲ့ခုႏွစ္ သကၠရာဇ္ကို သံၾကြပ္ျပားနဲ႔ ေလာင္းၿပီး ကပ္ထားတာရွိတယ္။ အခုအဲဒါေတြမရွိေတာ့ဘူးလို႔ေတာ့ ၾကားတယ္”ဟု ေတြ႕ဆံုစဥ္ကအမွတ္တရေျပာျပဖူးခဲ့သည္။ တစ္ဖန္ရထားလမ္းႏွင့္ ယွဥ္၍ ဓာတ္ရထားလမ္းတစ္ခုကို အဂၤလိပ္လက္ထက္ကပင္ ေခ်ာက္ေပၚမွ ျဖတ္သန္း၍ တည္ ေဆာက္ခဲ့သည္။ ထို႔ေၾကာင့္ ဗားကရာေခ်ာက္အေပၚ၌ ရထား လမ္းတစ္ခု၊ ဓာတ္ရထား လမ္းတစ္ခု၊ တံတား ႏွစ္ခု ယွဥ္တြဲ တည္ရွိခဲ့သည္။

ေအာက္ေျခေထာက္ တိုင္မ်ားကို သံဟဂၤလန္မ်ားျဖင့္ တည္ေဆာက္ ခဲ့သည္။ သံဟဂၤလန္တစ္ခုေပၚ၌ တည္ေဆာက္ သည့္ ခုႏွစ္သကၠရာဇ္ကို သံၾကြပ္ျပားျဖင့္ ပံုေဖာ္ ျပဳလုပ္၍ ထားရွိသည္ကို ေတြ႕ခဲ့ဖူးသည္။ ေခ်ာက္ အနီးတြင္ ေနထိုင္သည့္ အသက္ ၈၅ ႏွစ္ ရွိၿပီ ျဖစ္ေသာ အဘ ဦးဘခ်ဳိကပင္ မွတ္မွတ္သားျဖင့္ တိက်စြာျပန္ေျပာျပခဲ့သည္။ ထိုသံၾကြပ္ျပားေပၚ မွ ခုႏွစ္မွာ ၁၉၁၃ ခုႏွစ္ဟု ဆိုခဲ့သည္။ ယခု ထိုဓာတ္ရထားလမ္းမွာ ၁၉၈၈ ခုႏွစ္ အေရးအခင္း ကာလေနာက္ပိုင္း တပ္မေတာ္အစိုးရလက္ထက္တြင္ ဖ်က္သိမ္းခဲ့သည္။ လက္ရွိရထားလမ္း တစ္ခုသာလွ်င္ က်န္ရွိေတာ့သည္။

ယခုအခါ ဗားကရာေခ်ာက္ေက်ာ္ ရထားလမ္းႏွင့္ ကားလမ္းတည္ေဆာက္မႈ သက္တမ္းမွာ ႏွစ္ ၁ဝဝ ေက်ာ္ကာလသုိ႔ပင္ ေရာက္ရွိခဲ့ၿပီ ျဖစ္သည္။ ေရဝင္၊ ေရထြက္ ေရႏုတ္မႈ အလြန္ေကာင္း ေနဆဲပင္ျဖစ္သည္။ တည္ေဆာက္မႈစနစ္မွာ ေနာင္လာေနာက္သားမ်ားအတြက္ အတုယူစရာအျဖစ္ ဆက္လက္ရွိေနဆဲ ျဖစ္ သည္။ သို႔အတြက္ ေခတ္အဆက္ဆက္မွ ထိန္းသိမ္း ေစာင့္ေရွာက္လာမႈအျပင္ ယေန႔လႊတ္ေတာ္ သက္တမ္း၌ ၿပီးခဲ့ေသာ စက္တင္ဘာ ၂၉ ရက္က တိုင္းေဒသႀကီး လႊတ္ေတာ္အစည္းအေဝးမွာပင္ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၁)မွ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္နႏၵေအာင္က

” ဗားကရာေခ်ာက္ႀကီးမွာ ယခုအခါ ယိုယြင္း ပ်က္စီးလ်က္ရွိၿပီး အေပၚယံမွ ကပ္ထားေသာ ဘိလပ္ေျမမ်ား ကြာက်လ်က္ရွိကာ အျမင္မတင့္ တယ္ေၾကာင္း၊ ျဖတ္သန္းေနသည့္ယာဥ္မ်ားအတြက္ အၲရာယ္ရွိ၍ ၿမိဳ႕အဂၤါရပ္ႏွင့္အညီ သပ္ရပ္လွပေအာင္ ျပဳျပင္တည္ေဆာက္ေပးရန္ အစီအစဥ္ရွိ မရွိ’
ေမးျမန္းမႈအေပၚ ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုးက

” မည္မွ်ပင္ ေရႀကီးႀကီး တည္ေဆာက္ထားတဲ့စနစ္ ေကာင္းမြန္တဲ့ အတြက္ ေရမက်န္ေၾကာင္း၊ စည္ပင္ကို ဒုကၡ မေပးေသာေခ်ာက္ႀကီး ‘‘ ျဖစ္ေၾကာင္း အမႊမ္းတင္ ေျပာၾကားခဲ့ေပသည္။ ေျဖၾကားၿပီး ေနာက္တစ္ရက္မွပင္ အစျပဳ၍ ဗားကရာ ေခ်ာက္ႀကီးအား ျပန္လည္ျပဳျပင္ အလွဆင္ေနၿပီ ျဖစ္သည္။ ေခတ္တစ္ေခတ္၏ သမိုင္းအေမြအႏွစ္အျဖစ္ ရွိေနဆဲျဖစ္ေသာ ဗားကရာေခ်ာက္ႀကီးအား သက္ဆိုင္ရာဌာန မ်ားတင္မက အနီးပတ္ဝန္းက်င္ ရပ္ကြက္ ေဒသခံ ျပည္သူမ်ားကပါ ဝိုင္းဝန္းေစာင့္ေရွာက္ၾကပါစို႔ ဟု တိုက္တြန္းေရးသားလိုက္ရပါသည္။ ။

တင္ဝင္းေလး ( ၾကည့္ျမင္တိုင္ )


ရန်ကုန်မြို့မှ နာမည်ကျော် ဗားကရာချောက်ကြီး အကြောင်း (unicode)

ရေးသားသူ – တင်ဝင်းလေး ( ကြည့်မြင်တိုင် )

ရန်ကုန်မြို့တွင် ကားလမ်းပေါ်မှ ရထားလမ်းဖြတ်ကျော်သွားသည့် နေရာမှာ နှစ်ခုသာရှိသည်။ တစ်ခုမှာ သာကေတမြို့နယ်ရှိ သန်လျင်တံတားကို သွားမည့် ရတနာလမ်းမပေါ်ရှိ ကားလမ်းပေါ်မှ ရထားလမ်းဖြတ်ကျော်သွားသည့် နေရာနှင့် ကြည့်မြင်တိုင်နယ်မြေနှင့် စမ်းချောင်းနယ်မြေထိစပ်ရာ အလယ်ရှိ ဗားကရာချောက်ကြီးတို့ပင် ဖြစ်သည်။

ဗားကရာချောက်ကြီးမှာ မူလကတည်းကရှိသော ချောက် ကြီးတစ်ခုဖြစ်သည်။ လူတို့မှ ဖန်တီးတူးဖော်ထားသော ချောက် မဟုတ်ပေ။ လိုအပ်ချက်အရ ဖြည့်ဆည်းပုံဖော်မှုအပိုင်းသာ ရှိခဲ့သည်။ ကြည့်မြင်တိုင်နယ်မြေသည် မူလကတည်းက လျှိုမြောင်၊ စမ်းချောင်း၊ ချောက်တို့ရှိခဲ့သည်။ ချောက်ကြီးပေါ်မှ ရထားလမ်းဖြတ်ကျော်တည်ဆောက်မှုမှာ ဆရာ မောင်မြတ်မွန်(ဆူးလေ)၏ ”ရွှေတိုင်ကောက်ကြောင်း” မှတ်တမ်းအရ ၁၈၆၉ ခုနှစ် ရန်ကုန်-ပြည်ရထားလမ်းဖောက်ခြင်းမှ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ရထားလမ်းပိုင်းဖြစ်သည်။ ရထားလမ်းပိုင်းအရှည် ၁၆၁ မိုင် ရှိသည်ဟု သိရသည်။ မှတ်တမ်းအရ The Irrawaddy Valley State Railway Co. ကို ကန်ထရိုက်ပေး တည်ဆောက်ခဲ့ခြင်းဖြစ် သည်။ အင်ဂျင်နီယာနှစ်ဦးမှာ Hume နှင့် Innis တို့ဖြစ်သည်။ ထို့ကြောင့် ရထားလမ်းအနီးတွင် ၎င်းတို့၏ အမည်ဖြင့် မှည့်ခေါ် ထားသော ဟုမ်းလမ်းနှင့် အင်းနစ်ဟူ၍ရှိခဲ့သည်။ ယခုအခါ ထိုလမ်းနှစ်လမ်းကိုပေါင်း၍ မြန်မာအမည်ဖြင့် ပန်းလှိုင်ဟု ပြောင်းလဲခေါ်ဆိုခဲ့ကြသည်။

ယင်းရထားလမ်းဖောက်လုပ်ရာ လမ်းတစ်လျှောက်၌ အခက်အခဲဆုံးမှာ မွန်ဘာသာဖြင့် ”ဘာ့က်ရ်”ဟု ခေါ်သည့် ဗားကရာ ချောက်ကြီးပင်ဖြစ်သည်။ ရထားလမ်းအောက်မှ ကားလမ်းဖောက်ရာတွင်လည်း အဓိကပြဿနာမှာ ထူထပ်စွာပေါက်နေသည့် ခရာဆူးချုံပင်များ ကို ရှင်းလင်းရခြင်းနှင့် မြစ်ရေတိုးဝင်မှုပင် ဖြစ်သည်။ လှိုင်မြစ်နှင့် နီးသည့်အတွက် ရေဝင်၊ ရေထွက်ထိန်းရာတွင် ချောက်ကမ်းနှစ်ဖက်အား နံရံထိန်း Retainaing Wall မှာ ခိုင်ခံ့စွာ တည် ဆောက်ရသကဲ့သို့ ရေဆင်းအတွက် ကားလမ်း အောက်မှ လိုဏ်ဖောက်ရခြင်းပင်ဖြစ်သည်။

တစ်ဖန်ကားလမ်းဖောက်ခြင်းအား ဓာတ်ပုံမှတ်တမ်းတင် တစ်ခုဖြင့် သက်သေပြုရသော်.. စမ်းချောင်းမြို့နယ် အတုလာ ဓိပတိမဟာမုနိသကျကိုးထပ်ကြီး ဘုရားမှ ရှေးဟောင်းဓာတ်ပုံ မှတ်တမ်းတစ်ပုံအရ ချောက်တစ်ဖက် ဘုရားရှေ့ကားလမ်း ဟောင်းနှင့် ဘုရားရင်ပြင်မှာ တစ်သားတည်း တစ်ညီတည်းဖြစ် သည်ကို တွေ့မြင်ခဲ့ရခြင်းပင်ဖြစ်သည်။ ဓာတ်ပုံမှတ်တမ်းတွင် ရေးထိုးထားသည့် ခုနှစ် အရ ၁၉၂၆ ခုနှစ်ဖြစ်သည်။ ထို့ကြောင့် ချောက်လေးဖက်လေးတန် ကားလမ်းဖောက်ခြင်းမှာ ထိုခုနှစ် နောက်ပိုင်းကာလကပင်ဟု မှတ်ယူရမည်ဖြစ်သည်။

ရေဝင်၊ ရေထွက် တွက်ချက်မှုတွင် လှိုင်မြစ်ရေအတက်အကျ ကိုချိန်၍ ကားလမ်းအောက်တွင် လိုဏ်(မြောင်း)ကို ဖောက်ခဲ့ ခြင်းဖြစ်သည်ဟု သိရသည်။ စာရေးသူ၏အဘိုး ဆလရ (ဆောက် လုပ်ရေး)၏ အဆိုအရ လှိုင်မြစ်ဘက်အခြမ်း လိုဏ်ခေါင်းအဝ၌ ဖွင့်ပိတ်ကြရသော သံတံခါးကြီးတစ်ခု ရှိသည်ဟု ဆိုခဲ့ဖူးသည်။ ဗားကရာချောက်မှ ကမ်းနားလမ်းဘက်သို့ သွားရာလမ်းမီး ပွိုင့်အနီး ကားလမ်းမအလယ်တွင် ချောက်အတွင်းသို့ ဆင်းနိုင် သည့် အပေါက်တစ်ခုရှိသည်။ သံလှေကားတစ်ခုတပ်ဆင်ထား သည်။ လွန်ခဲ့သော နှစ်နှစ် (၂ဝ၁၅) ခုနှစ်က အခါအခွင့်ကြုံ၍ စာရေးသူကိုယ်တိုင် ယင်းအပေါက်မှ ချောက်အတွင်းသို့ ဆင်းခဲ့ ဖူးသည်။ သံလှေကားလုံးဝမရှိတော့သဖြင့် ဝါးလှေကားလေးဖြင့် ဆင်းခဲ့ကြရသည်။

စာရေးသူဆင်းကြည့်သည့်အချိန်၌ မတ်တတ်ရပ် လက် တစ်ဆန့်တွင် အပေါ်နံရံကို ထိမိသည့်အနေအထားဖြစ်သည်။ ရေစုကန်အတွင်း၌ အမှိုက်များ မြင့်တက်လာခြင်းကြောင့်ဖြစ် သည်။ သို့မဟုတ်ပါက ယခုထက်နက်ရှိုင်းမည့် အနေအထားတွင် ရှိသည်။ အတွင်းပိုင်း၌ ကားလမ်း၏ လေးဖက်ဘေးတန် မြောင်း ငယ်အသီးသီးမှ စီးဝင်လာမည့်ရေများကို စုစည်းထားနိုင်သော ရေစုကန်ရှိသည်။ စည်ပင်မှ လမ်းတံတားအင်ဂျင်နီယာတစ်ဦး၏ပြောပြချက်အရ ရေစုကန်မှာ အကျယ် ၁ဝ ပေ၊ ရှစ်ပေရှိပြီး အနက် မှာ ခြောက်ပေရှိသည်ဟု သိရသည်။

ရေစုကန်ရေပြည့်မှသာ လိုဏ်ခေါင်းအတိုင်း ကမ်းနားဘက်သို့ ဆင်းသွားခြင်းဖြစ်သည်။ လိုဏ်ခေါင်းအရှည်မှာ ကမ်းနားလှိုင်မြစ်ဝအထိ ပေ ၁၂ဝဝ အရှည်ရှိပြီး အဝအကျယ်မှာ ငါးပေကျော်ရှိ သည်ဟု ဆိုသည်။ လိုဏ်ခေါင်းအား အင်္ဂလိပ်လက်ထက်က တည်ဆောက်မှုအတိုင်း အုတ်များဖြင့် ပိုက်လုံးသဏ္ဍာန် တည်ဆောက်ထားခြင်း ဖြစ်သည်ကို တွေ့ရသည်။ စမ်းချောင်းဘက်မှလာသော လိုဏ်ကို ”ဂ” ငယ် ပုံစံအုတ်ဖြင့် စီထားသည်။

ကားလမ်းအပေါ်မှ ရေဆင်းပေါက်တို့မှာ အုန်းလက်ဏ္ဍာန်ရှိပြီး ယခုမီးပွိုင့်ထောင့်မှ အပေါက်လေးပေါက် မှာ ကလေးတစ်ယောက်ငုံ့၍ဝင်နိုင်သော အကျယ်အဝန်းဖြစ်သည်။ ရပ်ကွက်မှ ကလေးများ ဘောလုံးကစားရာမှ ယင်းလိုဏ် အတွင်းသို့ ဘောလုံးကျရောက်သွားသည့်အခါ ထိုအပေါက်မှ ဆင်းကောက်လေ့ရှိသည်ကို မှတ်မိသည်။ ယခုအခါ ခေတ်ကာလကြာပြီဖြစ်၍ အပေါက်မှာ ကျဉ်း မြောင်းသွားပြီဖြစ်သည်။ ထို့အပြင် ကမ်းနားလမ်းနှင့် ဗားကရာ လမ်းဆုံ ရာ လက်ဝဲဘက်ထောင့်၊ ယခုလက်ဖက်ရည်ဆိုင်အနီးတွင် လိုဏ်အတွင်းသို့ ဆင်းနိုင်သည်။ ခြောက်ပေပတ်လည်အပေါက် တစ်ခုရှိသည်ဟု ယင်းအင်ဂျင်နီယာပြောပြ၍ သိရသည်။ ယခုလက်ရှိ ကြည့်မြင်တိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်းကပင်

” ကျွန်တော်တို့ ငယ်ငယ်ကလည်း ဒီချောက်ထဲကို ဆင်းခဲ့ရဖူးတယ်။ သံလှေကားလေးရှိတယ်။ တည်ဆောက်ထားတဲ့ခုနှစ် သက္ကရာဇ်ကို သံကြွပ်ပြားနဲ့ လောင်းပြီး ကပ်ထားတာရှိတယ်။ အခုအဲဒါတွေမရှိတော့ဘူးလို့တော့ ကြားတယ်”ဟု တွေ့ဆုံစဉ်ကအမှတ်တရပြောပြဖူးခဲ့သည်။ တစ်ဖန်ရထားလမ်းနှင့် ယှဉ်၍ ဓာတ်ရထားလမ်းတစ်ခုကို အင်္ဂလိပ်လက်ထက်ကပင် ချောက်ပေါ်မှ ဖြတ်သန်း၍ တည် ဆောက်ခဲ့သည်။ ထို့ကြောင့် ဗားကရာချောက်အပေါ်၌ ရထား လမ်းတစ်ခု၊ ဓာတ်ရထား လမ်းတစ်ခု၊ တံတား နှစ်ခု ယှဉ်တွဲ တည်ရှိခဲ့သည်။

အောက်ခြေထောက် တိုင်များကို သံဟင်္ဂလန်များဖြင့် တည်ဆောက် ခဲ့သည်။ သံဟင်္ဂလန်တစ်ခုပေါ်၌ တည်ဆောက် သည့် ခုနှစ်သက္ကရာဇ်ကို သံကြွပ်ပြားဖြင့် ပုံဖော် ပြုလုပ်၍ ထားရှိသည်ကို တွေ့ခဲ့ဖူးသည်။ ချောက် အနီးတွင် နေထိုင်သည့် အသက် ၈၅ နှစ် ရှိပြီ ဖြစ်သော အဘ ဦးဘချိုကပင် မှတ်မှတ်သားဖြင့် တိကျစွာပြန်ပြောပြခဲ့သည်။ ထိုသံကြွပ်ပြားပေါ် မှ ခုနှစ်မှာ ၁၉၁၃ ခုနှစ်ဟု ဆိုခဲ့သည်။ ယခု ထိုဓာတ်ရထားလမ်းမှာ ၁၉၈၈ ခုနှစ် အရေးအခင်း ကာလနောက်ပိုင်း တပ်မတော်အစိုးရလက်ထက်တွင် ဖျက်သိမ်းခဲ့သည်။ လက်ရှိရထားလမ်း တစ်ခုသာလျှင် ကျန်ရှိတော့သည်။

ယခုအခါ ဗားကရာချောက်ကျော် ရထားလမ်းနှင့် ကားလမ်းတည်ဆောက်မှု သက်တမ်းမှာ နှစ် ၁ဝဝ ကျော်ကာလသို့ပင် ရောက်ရှိခဲ့ပြီ ဖြစ်သည်။ ရေဝင်၊ ရေထွက် ရေနုတ်မှု အလွန်ကောင်း နေဆဲပင်ဖြစ်သည်။ တည်ဆောက်မှုစနစ်မှာ နောင်လာနောက်သားများအတွက် အတုယူစရာအဖြစ် ဆက်လက်ရှိနေဆဲ ဖြစ် သည်။ သို့အတွက် ခေတ်အဆက်ဆက်မှ ထိန်းသိမ်း စောင့်ရှောက်လာမှုအပြင် ယနေ့လွှတ်တော် သက်တမ်း၌ ပြီးခဲ့သော စက်တင်ဘာ ၂၉ ရက်က တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာပင် ကြည့်မြင်တိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နန္ဒအောင်က

” ဗားကရာချောက်ကြီးမှာ ယခုအခါ ယိုယွင်း ပျက်စီးလျက်ရှိပြီး အပေါ်ယံမှ ကပ်ထားသော ဘိလပ်မြေများ ကွာကျလျက်ရှိကာ အမြင်မတင့် တယ်ကြောင်း၊ ဖြတ်သန်းနေသည့်ယာဉ်များအတွက် အ္တရာယ်ရှိ၍ မြို့အင်္ဂါရပ်နှင့်အညီ သပ်ရပ်လှပအောင် ပြုပြင်တည်ဆောက်ပေးရန် အစီအစဉ်ရှိ မရှိ”
မေးမြန်းမှုအပေါ် မြို့တော်ဝန် ဦးမောင်မောင်စိုးက

” မည်မျှပင် ရေကြီးကြီး တည်ဆောက်ထားတဲ့စနစ် ကောင်းမွန်တဲ့ အတွက် ရေမကျန်ကြောင်း၊ စည်ပင်ကို ဒုက္ခ မပေးသောချောက်ကြီး ” ဖြစ်ကြောင်း အမွှမ်းတင် ပြောကြားခဲ့ပေသည်။ ဖြေကြားပြီး နောက်တစ်ရက်မှပင် အစပြု၍ ဗားကရာ ချောက်ကြီးအား ပြန်လည်ပြုပြင် အလှဆင်နေပြီ ဖြစ်သည်။ ခေတ်တစ်ခေတ်၏ သမိုင်းအမွေအနှစ်အဖြစ် ရှိနေဆဲဖြစ်သော ဗားကရာချောက်ကြီးအား သက်ဆိုင်ရာဌာန များတင်မက အနီးပတ်ဝန်းကျင် ရပ်ကွက် ဒေသခံ ပြည်သူများကပါ ဝိုင်းဝန်းစောင့်ရှောက်ကြပါစို့ ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။ ။

တင်ဝင်းလေး ( ကြည့်မြင်တိုင် )

Leave a Reply