သႀကၤန္မွာ နားထဲေရ၀င္ခဲ့ေသာ္ ကုိယ္တုိင္ကုသႏုိင္မယ့္ နည္းလမ္းေကာင္းမ်ား

Posted on

ၾကည္ျမင့္လြင္ (မုျဒာ)

ႏွစ္စဥ္သႀကၤန္ အၿပီးတြင္ ေတြ႕ႀကံဳရေလ့ ရွိသည့္ ျပႆနာမွာ နားထဲေရဝင္သည့္ ျပႆနာ ျဖစ္သည္။

နားထဲေရဝင္လွ်င္ ပထမလံုးဝ မၾကားဘဲ ျဖစ္သြားၿပီး ေနာက္ပိုင္း ေရအနည္းငယ္ ထြက္သြားၿပီးလွ်င္ ျပန္ၾကားရေလ့ ရွိသည္။ တစ္ဖန္ အျပင္မွ အပူရွိန္ေၾကာင့္ နားတြင္းမွ ေရအေငြ႕ျပန္ေသာ အခါ နားျပန္ပိတ္ သြားေလ့ ရွိသည္။ ထိုသုိ႔ျဖင့္ တစ္ေနကုန္ ပိတ္လိုက္၊ ပြင့္လိုက္ ျဖစ္ေနတတ္သည္။

နားထဲေရဝင္ၿပီး ေရေငြ႕က်န္ သျဖင့္ တစ္ေနကုန္ ပိတ္လိုက္၊ ပြင့္လိုက္ ျဖစ္ေနလွ်င္ နားထဲသို႔ ေရသန္႔သန႔္ကို ထပ္မံ ေလာင္းထည့္ၿပီး ျပန္သြန္ထုတ္ (နားကို ေဘးေစာင္းၿပီး ခါလိုက္လွ်င္ ျပန္ထြက္သည္)။ ႏွစ္ႀကိမ္၊ သံုးႀကိမ္ ျပဳလုပ္လွ်င္ နားထဲမွ ေရအကုန္ ထြက္သြားသျဖင့္ နားျပန္ပြင့္ သြားႏိုင္သည္။

အမွန္ေတာ့ နားထဲေရ၀င္ သည္မွာ ေကာင္းသည့္ ကိစၥမဟုတ္ေပ။ နားအတြင္းတြင္ နားဖာေခ်း ရွိသည္။ နားေကာ္ဟု လည္း ေခၚသည္။ ကပ္ေစးေစး ေကာ္ႏွင့္တူ၍ ျဖစ္သည္။ ထိုေကာ္သည္ နားအတြင္းသို႔ ပိုးေကာင္ဝင္လွ်င္ ဖမ္းထားၿပီး သတ္ပစ္ ႏိုင္သည္။ အဆိပ္ပါသည့္ ေကာ္မ်ဳိးျဖစ္သည္။ ပိုးသတ္ေဆးလည္း ျဖစ္သည္။

ထိုနားဖာေခ်း သည္ အစိုႏွင့္ အေျခာက္ႏွစ္မ်ဳိး ရွိသည္။ အေျခာက္ ျဖစ္သြားလွ်င္ နားအျပင္သို႔ အလိုအေလ်ာက္ လွ်ံထြက္ လာတတ္သည္။ ယားသျဖင့္ နားကေလာ္ ၾကသည္။ အခ်ဳိ႕မွာ နားကေလာ္ ရသည္ကို ဇိမ္ေတြ႕သျဖင့္ အၿမဲကေလာ္ရာမွ အက်င့္ပါသြားသည့္ နားဖာေခ်း မရွိသည့္တိုင္ နားထိုးတံျဖင့္ အၿမဲကေလာ ္ရာမွ နားတြင္ အနာျဖစ္ၿပီး နားျပည္ယို ေရာဂါ ျဖစ္ႏိုင္သည္။

နားတြင္းသို႔ ေရဝင္ေသာ အခါ အခန္႔မသင့္လွ်င္ နားဖာေခ်းေျခာက္ အဖတ္သည္ ေရႏွင့္ ေမ်ာ၍ အတြင္းသို႔ ဝင္သြားၿပီး နားစည္ဝတြင္ ပိတ္ဆို႔သျဖင့္ နားေဆး ရသူမ်ားရွိသည္။ ေရွးက ပုဏၰားကုန္း ရပ္တြင္ နားထိုးနားေဆး ကြၽမ္းက်င္ေသာ ပုဏၰား လူမ်ဳိးမ်ား ရွိသည္။ ေနာက္ပုိင္း ေခတ္မီ နား ၊ ႏွာေခါင္း ေဆး႐ံုမ်ား ေပၚေပါက္ လာေသာအခါ တျဖည္းျဖည္း ပေပ်ာက္ သြားသည္ဟု ယူဆရသည္။ ေရွးကလည္း သူနည္းႏွင့္ သူစြမ္းသူမ်ား ျဖစ္သည္။

မႏွစ္က သႀကၤန္တြင္ မီးသတ္ပိုက္ႏွင့္ ထိုးၿပီး ေရပက္ခံ ရသူတစ္ဦးသည္ နားစည္ေပါက္ၿပီး နားအၾကား အာ႐ံုပ်က္စီး သြားသည္။ ေဆး႐ံုမ်ားတြင္ ပါရဂူမ်ားႏွင့္ အခ်ိန္ၾကာျမင့္စြာ ကုသေသာ္လည္း ျပန္မၾကား ရေတာ့ေပ။ မီးသတ္ပိုက္ျဖင့္ မပက္ရန္ တားျမစ္ထား သည့္ၾကားမွ ပက္သူမ်ား ရွိေနဆဲ ျဖစ္သည္။ မ်က္စိအဆံုး၊ နားအ႐ႈံး ျဖစ္သျဖင့္ လူျဖစ္႐ံႈးျခင္း တစ္မ်ဳိးပင္ ျဖစ္သည္။

နားထဲ ေရဝင္ၿပီးေနာက္ ေရေငြ႕ျပန္ သျဖင့္ နားအၾကား အာ႐ံုပိတ္လိုက္ ပြင့္လိုက္ ျဖစ္ေနသူမ်ား အတြက္ လြယ္ကူေသာ ေဆးၿမီးတို (ေဆးနည္းတို) နည္းမ်ားကို တင္ျပရလွ်င္-

၁။ ေရေႏြးၾကမ္း အဖန္ရည္ က်က်ကို လက္ဖက္ေျခာက္ဖတ္ မပါေအာင္ စစ္ယူပါ။ အၾကမ္းပန္းကန္ တစ္ခြက္စာ ေရေႏြးပူပူတြင္ ဆားခါး (ဝမ္းႏုတ္ ေဆးသံုးသည့္ ဆားခါး) ဇြန္းေသးတစ္ဇြန္း ထည့္၍ ေဖ်ာ္ပါ။ ထုိ ေရေႏြး ခပ္ေႏြးေႏြးကို နားတြင္းသို႔ ေလာင္းထည့္ပါ။ လွ်ံက်ေအာင ္ထည့္ပါ။ ၿပီးလွ်င္ ေဘးေစာင္း ျပန္ထုတ္ပါ။ ဤနည္းျဖင့္ တစ္ေန႔လွ်င္ သံုးႀကိမ္ခန္႔ ျပဳလုပ္ေပးလွ်င္ နားသန္႔ၿပီး ျပန္ေကာင္း ႏိုင္ပါသည္။

၂။ တစ္နည္း မုန္ညင္းဆီ ငါးက်ပ္သားကို မီးျဖင့္ဆူေအာင္ အပူေပးပါ။ ဆူလွ်င္ မီးဖိုမွခ်ၿပီး ဆားခါးတစ္ဇြန္း ထည့္ေဖ်ာ္ပါ။ ထိုဆီကို ခပ္ေႏြးေႏြး ဂြမ္းျဖင့္တို႔၍ နားတြင္းသို႔ ညႇစ္ထည့္ပါ။ သို႔မဟုတ္ နားက်ပ္တံျဖင့္ နားက်ပ္ေပးပါက နားျပန္ေကာင္း ႏိုင္ပါတယ္။ မုန္ညင္းဆီ မရွိလွ်င္ ႏွမ္းဆီကို အစားထိုး အသံုးျပဳ ႏိုင္ပါသည္။

၃။ မုန္ညင္းဆီစစ္စစ္ (သို႔) ႏွမ္းဆီစစ္စစ္ ကိုသံုးပါ။ ေၾကးဇြန္း တစ္ေခ်ာင္းတြင္ ဆီ တစိဇြန္းခန္႔ ခပ္ပါ။ ေအာက္ေျခမွဖေယာင္းတိုင္ မီးျဖင့္ အပူေပးပါ။ တစ္မိနစ္ အတြင္းဆီမ်ား ဆူပြက္လာပါမည္ ၊ ပူေနေသာဆီကို အေအးခံၿပီး.. ခပ္ေႏြးေႏြး အေနထားတြငိနားအတြင္းသို႔ ေလာင္းထည့္ပါ ၊ ခဏၾကာရင္ျပန္ေစာင္းၿပီး နားထဲမွ ဆီျပန္ထြက္ေအာင္ ျပဳလုပ္ပါ ၊ ၀င္သြားသည့္ ေရမွာ ဆီႏွင့္ အတူေရာၿပီး ျပန္ထြက္လာပါသည္..။

မသက္သာေသးပါက တစ္ေန႔ႏွစ္ႀကိမ္ အထက္ပါအတိုင္း ျပဳလုပ္ပါ ၊ စာေရးသူ ကေတာ့ တေန႔ – ၃ၾကိမ္ – ၃ ရက္ ဆက္တိုက္ ျပဳလုပ္ေသာအခါ.. နားအတြင္းမွ ေရမ်ား အျပင္.. ေရပူေပါင္းမွ ရာဘာအစေလးပါ ထြက္က်လာၿပီး သက္သာသြားပါသည္ ။

နားထဲကို တစ္စံုတစ္ခု ၀င္ပါက.. နားၾကပ္ေတာင္ ၊ နားဖာကေလာ္မ်ားျဖင့္ မကလိသင့္ပါ ၊ နားဖာေခ်းေျခာက္ ျပင္ပမွ ဖုန္..ဂြမ္း..ပလက္စတစ္ အစငယ္မ်ား အတြင္းနားထိ ၀င္ခဲ့ပါက ရာသက္ပန္ .. နားေလး .. သြားႏိုင္ပါေၾကာင္း ဗဟုသုတ အျဖစ္တင္ျပ လိုက္ရပါသည္ ။
———————————
ေနာက္ထပ္အလြယ္တကူ နည္းေလးတခ်ဳိ႕

နားတြင္းမွ ေရထုတ္လိုလၽွင္

(၁) ကမာၻ့ ဆြဲငင္အားကို အသံုးျပဳပါ။

ေရဝင္ေသာ နားကို ေျမျပင္ရွိရာဘက္သို႔ ေစာင္းခ်ပါ၊ လက္ဖဝါးတစ္ဖက္ႏွင့္ ေစာင္းထားေသာ နားအား ပိတ္ၿပီး ခဏထားပါ၊ ခဏတာ ေလစုတ္ေသာ အာနိသင္က နားထဲဝင္ေနေသာ ေရကိုထြက္ေစပါသည္။

(၂) နားတြင္းေလဖိအားကို အသံုးျပဳပါ

ပါးစပ္ကို ပိတ္၍ ႏွားေခါင္း ႏွစ္ဖက္လံုးကို လက္ႏွင့္ပိတ္ပါ။ ႏွာေခါင္းပိတ္လၽွက္ အားႏွင့္ မႈတ္ထုတ္လိုက္ပါ၊ ေလဖိအားက နားတြင္းေရမ်ားကို အျပင္သို႔ထြက္ေစသည္။

(၃) အပူသံုး၍ ေရထုတ္ပါ

အဝတ္သန္႔တစ္ခုကို ေရေႏြးထဲတြင္စိမ္ပါ၊ ၿပီးလၽွင္ ေရညႇစ္ခ်ပါ၊ ထို႔ေနာက္ ေရဝင္ေနေသာ နားအေပၚသို႔ ထိုအဝတ္စကို စကၠန္႔ ၃၀ ထားပါ၊ ဤနည္းအတိုင္း ၄ေၾကာ့ခန္႔လုပ္ပါ၊ ေရေႏြး၏ အပူက နားအတြင္းႁပြန္ကို ပြင့္ေစၿပီး ေရထြက္လာေစပါသည္။

(၄)ေရေႏြးေငြ႕ ရူပါ

ေရဇလံုထဲသို႔ ေရေႏြးေငြ႕ထည့္ပါ၊ ထို႔ေနာက္ ေရေႏြးေငြ႕ရူပါ၊ ေရေႏြးေငြ႕ရူျခင္းကလည္း နားအတြင္းရွိ ေရမ်ားထြက္က်လာေစပါသည္။

မယ္တင္ (ေဆး ၁)
My Doctor Myanmar


သင်္ကြန်မှာ နားထဲရေဝင်ခဲ့သော် ကိုယ်တိုင်ကုသနိုင်မယ့် နည်းလမ်းကောင်းလေးများ (unicode)

ကြည်မြင့်လွင် (မုဒြာ)

နှစ်စဉ်သင်္ကြန် အပြီးတွင် တွေ့ကြုံရလေ့ ရှိသည့် ပြဿနာမှာ နားထဲရေဝင်သည့် ပြဿနာ ဖြစ်သည်။

နားထဲရေဝင်လျှင် ပထမလုံးဝ မကြားဘဲ ဖြစ်သွားပြီး နောက်ပိုင်း ရေအနည်းငယ် ထွက်သွားပြီးလျှင် ပြန်ကြားရလေ့ ရှိသည်။ တစ်ဖန် အပြင်မှ အပူရှိန်ကြောင့် နားတွင်းမှ ရေအငွေ့ပြန်သော အခါ နားပြန်ပိတ် သွားလေ့ ရှိသည်။ ထိုသို့ဖြင့် တစ်နေကုန် ပိတ်လိုက်၊ ပွင့်လိုက် ဖြစ်နေတတ်သည်။

နားထဲရေဝင်ပြီး ရေငွေ့ကျန် သဖြင့် တစ်နေကုန် ပိတ်လိုက်၊ ပွင့်လိုက် ဖြစ်နေလျှင် နားထဲသို့ ရေသန့်သန့်ကို ထပ်မံ လောင်းထည့်ပြီး ပြန်သွန်ထုတ် (နားကို ဘေးစောင်းပြီး ခါလိုက်လျှင် ပြန်ထွက်သည်)။ နှစ်ကြိမ်၊ သုံးကြိမ် ပြုလုပ်လျှင် နားထဲမှ ရေအကုန် ထွက်သွားသဖြင့် နားပြန်ပွင့် သွားနိုင်သည်။

အမှန်တော့ နားထဲရေဝင် သည်မှာ ကောင်းသည့် ကိစ္စမဟုတ်ပေ။ နားအတွင်းတွင် နားဖာချေး ရှိသည်။ နားကော်ဟု လည်း ခေါ်သည်။ ကပ်စေးစေး ကော်နှင့်တူ၍ ဖြစ်သည်။ ထိုကော်သည် နားအတွင်းသို့ ပိုးကောင်ဝင်လျှင် ဖမ်းထားပြီး သတ်ပစ် နိုင်သည်။ အဆိပ်ပါသည့် ကော်မျိုးဖြစ်သည်။ ပိုးသတ်ဆေးလည်း ဖြစ်သည်။

ထိုနားဖာချေး သည် အစိုနှင့် အခြောက်နှစ်မျိုး ရှိသည်။ အခြောက် ဖြစ်သွားလျှင် နားအပြင်သို့ အလိုအလျောက် လျှံထွက် လာတတ်သည်။ ယားသဖြင့် နားကလော် ကြသည်။ အချို့မှာ နားကလော် ရသည်ကို ဇိမ်တွေ့သဖြင့် အမြဲကလော်ရာမှ အကျင့်ပါသွားသည့် နားဖာချေး မရှိသည့်တိုင် နားထိုးတံဖြင့် အမြဲကလော ္ရာမှ နားတွင် အနာဖြစ်ပြီး နားပြည်ယို ရောဂါ ဖြစ်နိုင်သည်။

နားတွင်းသို့ ရေဝင်သော အခါ အခန့်မသင့်လျှင် နားဖာချေးခြောက် အဖတ်သည် ရေနှင့် မျော၍ အတွင်းသို့ ဝင်သွားပြီး နားစည်ဝတွင် ပိတ်ဆို့သဖြင့် နားဆေး ရသူများရှိသည်။ ရှေးက ပုဏ္ဏားကုန်း ရပ်တွင် နားထိုးနားဆေး ကျွမ်းကျင်သော ပုဏ္ဏား လူမျိုးများ ရှိသည်။ နောက်ပိုင်း ခေတ်မီ နား ၊ နှာခေါင်း ဆေးရုံများ ပေါ်ပေါက် လာသောအခါ တဖြည်းဖြည်း ပပျောက် သွားသည်ဟု ယူဆရသည်။ ရှေးကလည်း သူနည်းနှင့် သူစွမ်းသူများ ဖြစ်သည်။

မနှစ်က သင်္ကြန်တွင် မီးသတ်ပိုက်နှင့် ထိုးပြီး ရေပက်ခံ ရသူတစ်ဦးသည် နားစည်ပေါက်ပြီး နားအကြား အာရုံပျက်စီး သွားသည်။ ဆေးရုံများတွင် ပါရဂူများနှင့် အချိန်ကြာမြင့်စွာ ကုသသော်လည်း ပြန်မကြား ရတော့ပေ။ မီးသတ်ပိုက်ဖြင့် မပက်ရန် တားမြစ်ထား သည့်ကြားမှ ပက်သူများ ရှိနေဆဲ ဖြစ်သည်။ မျက်စိအဆုံး၊ နားအရှုံး ဖြစ်သဖြင့် လူဖြစ်ရှုံးခြင်း တစ်မျိုးပင် ဖြစ်သည်။

နားထဲ ရေဝင်ပြီးနောက် ရေငွေ့ပြန် သဖြင့် နားအကြား အာရုံပိတ်လိုက် ပွင့်လိုက် ဖြစ်နေသူများ အတွက် လွယ်ကူသော ဆေးမြီးတို (ဆေးနည်းတို) နည်းများကို တင်ပြရလျှင်-

၁။ ရေနွေးကြမ်း အဖန်ရည် ကျကျကို လက်ဖက်ခြောက်ဖတ် မပါအောင် စစ်ယူပါ။ အကြမ်းပန်းကန် တစ်ခွက်စာ ရေနွေးပူပူတွင် ဆားခါး (ဝမ်းနုတ် ဆေးသုံးသည့် ဆားခါး) ဇွန်းသေးတစ်ဇွန်း ထည့်၍ ဖျော်ပါ။ ထို ရေနွေး ခပ်နွေးနွေးကို နားတွင်းသို့ လောင်းထည့်ပါ။ လျှံကျအောင ္ထည့်ပါ။ ပြီးလျှင် ဘေးစောင်း ပြန်ထုတ်ပါ။ ဤနည်းဖြင့် တစ်နေ့လျှင် သုံးကြိမ်ခန့် ပြုလုပ်ပေးလျှင် နားသန့်ပြီး ပြန်ကောင်း နိုင်ပါသည်။

၂။ တစ်နည်း မုန်ညင်းဆီ ငါးကျပ်သားကို မီးဖြင့်ဆူအောင် အပူပေးပါ။ ဆူလျှင် မီးဖိုမှချပြီး ဆားခါးတစ်ဇွန်း ထည့်ဖျော်ပါ။ ထိုဆီကို ခပ်နွေးနွေး ဂွမ်းဖြင့်တို့၍ နားတွင်းသို့ ညှစ်ထည့်ပါ။ သို့မဟုတ် နားကျပ်တံဖြင့် နားကျပ်ပေးပါက နားပြန်ကောင်း နိုင်ပါတယ်။ မုန်ညင်းဆီ မရှိလျှင် နှမ်းဆီကို အစားထိုး အသုံးပြု နိုင်ပါသည်။

၃။ မုန်ညင်းဆီစစ်စစ် (သို့) နှမ်းဆီစစ်စစ် ကိုသုံးပါ။ ကြေးဇွန်း တစ်ချောင်းတွင် ဆီ တစိဇွန်းခန့် ခပ်ပါ။ အောက်ခြေမှဖယောင်းတိုင် မီးဖြင့် အပူပေးပါ။ တစ်မိနစ် အတွင်းဆီများ ဆူပွက်လာပါမည် ၊ ပူနေသောဆီကို အအေးခံပြီး.. ခပ်နွေးနွေး အနေထားတွငိနားအတွင်းသို့ လောင်းထည့်ပါ ၊ ခဏကြာရင်ပြန်စောင်းပြီး နားထဲမှ ဆီပြန်ထွက်အောင် ပြုလုပ်ပါ ၊ ဝင်သွားသည့် ရေမှာ ဆီနှင့် အတူရောပြီး ပြန်ထွက်လာပါသည်..။

မသက်သာသေးပါက တစ်နေ့နှစ်ကြိမ် အထက်ပါအတိုင်း ပြုလုပ်ပါ ၊ စာရေးသူ ကတော့ တနေ့ – ၃ကြိမ် – ၃ ရက် ဆက်တိုက် ပြုလုပ်သောအခါ.. နားအတွင်းမှ ရေများ အပြင်.. ရေပူပေါင်းမှ ရာဘာအစလေးပါ ထွက်ကျလာပြီး သက်သာသွားပါသည် ။

နားထဲကို တစ်စုံတစ်ခု ဝင်ပါက.. နားကြပ်တောင် ၊ နားဖာကလော်များဖြင့် မကလိသင့်ပါ ၊ နားဖာချေးခြောက် ပြင်ပမှ ဖုန်..ဂွမ်း..ပလက်စတစ် အစငယ်များ အတွင်းနားထိ ဝင်ခဲ့ပါက ရာသက်ပန် .. နားလေး .. သွားနိုင်ပါကြောင်း ဗဟုသုတ အဖြစ်တင်ပြ လိုက်ရပါသည် ။
———————————
နောက်ထပ်အလွယ်တကူ နည်းလေးတချို့

နားတွင်းမှ ရေထုတ်လိုလျှင်

(၁) ကမ္ဘာ့ ဆွဲငင်အားကို အသုံးပြုပါ။

ရေဝင်သော နားကို မြေပြင်ရှိရာဘက်သို့ စောင်းချပါ၊ လက်ဖဝါးတစ်ဖက်နှင့် စောင်းထားသော နားအား ပိတ်ပြီး ခဏထားပါ၊ ခဏတာ လေစုတ်သော အာနိသင်က နားထဲဝင်နေသော ရေကိုထွက်စေပါသည်

(၂) နားတွင်းလေဖိအားကို အသုံးပြုပါ

ပါးစပ်ကို ပိတ်၍ နှားခေါင်း နှစ်ဖက်လုံးကို လက်နှင့်ပိတ်ပါ။ နှာခေါင်းပိတ်လျှက် အားနှင့် မှုတ်ထုတ်လိုက်ပါ၊ လေဖိအားက နားတွင်းရေများကို အပြင်သို့ထွက်စေသည်

(၃) အပူသုံး၍ ရေထုတ်ပါ

အဝတ်သန့်တစ်ခုကို ရေနွေးထဲတွင်စိမ်ပါ၊ ပြီးလျှင် ရေညှစ်ချပါ၊ ထို့နောက် ရေဝင်နေသော နားအပေါ်သို့ ထိုအဝတ်စကို စက္ကန့် ၃၀ ထားပါ၊ ဤနည်းအတိုင်း ၄ကြော့ခန့်လုပ်ပါ၊ ရေနွေး၏ အပူက နားအတွင်းပြွန်ကို ပွင့်စေပြီး ရေထွက်လာစေပါသည်

(၄)ရေနွေးငွေ့ ရူပါ

ရေဇလုံထဲသို့ ရေနွေးငွေ့ထည့်ပါ၊ ထို့နောက် ရေနွေးငွေ့ရူပါ၊ ရေနွေးငွေ့ရူခြင်းကလည်း နားအတွင်းရှိ ရေများထွက်ကျလာစေပါသည်။

မယ်တင် (ဆေး ၁)
My Doctor Myanmar

Leave a Reply