ရခုိင္ျပည္ရဲ႕အထင္ကရ သၽွစ္ေသာင္းပုထိုးေတာ္ႀကီးအေၾကာင္း

Posted on

သၽွစ္ေသာင္းပုထိုးေတာ္ႀကီး (ရခိုင္အေခၚ သၽွိဳက္ေသာင္းဘုရား)

ရခိုင္ျပည္နယ္၏ၿမိဳ႕ေတာ္ေဟာင္း တစ္ၿမိဳ႕ျဖစ္ေသာ ၿမိဳ႕ေဟာင္း ေခၚ ေျမာက္ဦးၿမိဳ႕၏ ေျမာက္ဘက္တစ္မိုင္ခန္႔အကြာ အေရွ႕႐ိုးမေတာင္ႀကီး၏ အေနာက္ဘက္ ေတာင္ေစာင္းရွိ ဘိုးေခါင္ေတာင္ တြင္ ရွစ္ေသာင္းဘုရား တည္ရွိသည္။ ယင္းေစတီေတာ္ႀကီးကို ရန္ေအာင္ေဇယ် သိမ္ေတာ္ႀကီးဟုလည္း သမုတ္ေသးသည္။ ထိုေစတီေတာ္ႀကီး၏ ဂူတြင္းဂူပဝယ္ တည္ထားလ်က္ရွိသည့္ ရွစ္ေသာင္းေသာ႐ုပ္တုေတာ္တို႔ကို အစြဲျပဳ၍ ရွစ္ေသာင္း ဘုရားဟု ေခၚၾကျခင္းျဖစ္သည္။ ရန္ေအာင္ေဇယ်သိမ္ေတာ္ႀကီး ဟု တြင္ျခင္းမွာ ရခိုင္ဘုရင္က ေပၚတူဂီေရတပ္ႏွင့္ ကုလားစစ္တပ္ကို ေအာင္ေတာ္မူသည့္ အထိမ္းအမွတ္ႏွင့္ တည္ေတာ္မူျခင္းေၾကာင့္ဟု ဆိုၾကသည္။

Photo Credit : besttripmyanmar

ရွစ္ေသာင္းဘုရားကို ေျမာက္ဦးမင္းဆက္ ၁၂ ဆက္ေျမာက္ မင္းပင္ႀကီးေခၚ မင္းဗာႀကီး (ျမန္မာ ၈၉၃-၉၁၅) ဘုရင္သည္ သကၠရာဇ္ ၈၉၇ ခုႏွစ္ ကဆုန္လဆန္း ၅ ရက္ေန႔တြင္ ပန္းရန္ေက်ာ္မ်ားကို ဆင့္ေခၚေတာ္မူ၍ ထိုႏွစ္ တန္ေဆာင္မုန္းလျပည့္ စေနေန႔တြင္ စတင္ တည္ေတာ္မူသည္။ ဦးစြာပထမ ဘိုးေခါင္ေတာင္ ေတာ္ႀကီးကို ေျမတလင္းညီစြာ ၫွိေတာ္မူ၍ ရွစ္ေသာင္းေသာ ဓာတ္ေတာ္ေမြေတာ္ႏွင့္တကြ ဉာဏ္ေတာ္ ႏွစ္ေတာင္ႏွင့္ တစ္မိုက္စီရွိေသာ ေ႐ႊဆင္းတု ၁ဝ၈ ဆူ၊ ေငြဆင္းတု ၁ဝ၈ ဆူ၊ ရတနာကိုးပါးျဖင့္ သြန္းအပ္ေသာ ဆင္းတုေတာ္ ၁ဝ၈ ဆူတို႔ကို တစ္ခန္းက်စီ ကိန္းဝပ္ေစေတာ္မူၿပီးမွ ရွစ္ေသာင္းေလးေထာင္ေသာ ရတနာမ်ိဳးတို႔ျဖင့္ သြန္းအပ္ေသာ ႐ုပ္ပြားငယ္တို႔ကိုလည္း ထည့္ေတာ္မူသည္။

ထို႔ေနာက္ ဌာပနာခန္းကို ေက်ာက္ျပားတို႔ျဖင့္ ပိတ္ၿပီးေသာ္ အခန္းျပင္၌ ေကာင္းမႈေတာ္ေစတီႀကီးအား ၁ဝ၁ ပါးေသာလူမ်ိဳးတို႔ ပူေဇာ္ဟန္ ႐ုပ္လုံးျပဳ၍ ရံလ်က္ထားသည္။ ထိုမၽွမက ေျမာက္ဦးၿမိဳ႕ေတာ္ႀကီးဝယ္ အစဥ္အဆက္ စိုးစံခဲ့ေသာ ေဘးေလာင္းေတာ္ ဘိုးေလာင္းေတာ္ မင္းမ်ားမွအစ ဘုရားဒါယကာ မင္းပင္အထိ မင္း ၁၂ ဆက္တို႔၏ ပုံေတာ္ကို ေ႐ႊသားပကတိ ထုလုပ္ၿပီးလၽွင္ မႉးမတ္စုံလင္စြာ ၿခံရံလ်က္ ေစတီေတာ္ႀကီးအား ပူေဇာ္ဟန္ထည့္၍ အျပင္ဌာပနာခန္း တထပ္ကို ေက်ာက္ျပားပိတ္ကာ ေျမဖို႔သည္။ အေပၚယံ ေျမကို အထူးထူးေသာ ရတနာတို႔ျဖင့္ ျဖန္႔၍ ညီၫြတ္ေအာင္ ျပဳၿပီးေနာက္ အခ်ိန္ေကာင္း အခါေတာ္က်သည္ႏွင့္ တစ္ၿပိဳင္နက္ ျမစိမ္း ေက်ာက္ၫိုတို႔ျဖင့္ ဖိနပ္ေတာ္ခင္းသည္။

ထိုေနာက္ ေနာင္ပြင့္ေတာ္မူလတၱံ႕ေသာ ရွင္ေတာ္ဘုရားတို႔အား ရည္စူး၍ ေက်ာက္ၫိုျဖင့္ ထုေသာ ဘုရားဆူေရ ႏွစ္ေသာင္း၊ ရတနာ ခုနစ္ပါးျဖင့္ ထုလုပ္ေသာ ဆင္းတုေတာ္ ေျခာက္ေသာင္း ေပါင္းရွစ္ေသာင္းေသာ ဆင္းတုေတာ္တို႔ကို မုခ္ဝ မုခ္ပ်ံတို႔၌ တည္ထားေလသည္။ ေစတီေတာ္ျမတ္ႀကီးကိုလည္း ငါးထပ္ေသာ မုခ္ပတ္တို႔ျဖင့္ ပတ္လည္ဝိုင္းၿပီးလၽွင္ ေက်ာက္ၫို ဘုရားကိုယ္ေတာ္ျမတ္တို႔ကို စီတန္း တည္ေတာ္မူသည္။ ထိုေနာက္မွ တစ္ဖန္ ေစတီေတာ္ျမစ္ႀကီး၏ ေရွ႕ေတာ္တြင္ ေက်ာက္အုတ္တံတိုင္းတို႔ျဖင့္ ပတ္လည္ ရံအပ္ေသာ မဟာရံအတြင္းဝယ္ ႀကီးစြာေသာ သိမ္ေတာ္ျမတ္ႀကီး၊ ေစတီေတာ္ငယ္တို႔ရွိသည္။

သွ်စ္ေသာင္းပုထိုးေတာ္ႀကီး အျပင္လိႈဏ္ပတ္လမ္း Photo credit : Nyi Lynn Seck

ေစတီေတာ္ႀကီးအတြင္း ဒုတိယအထပ္ေတာ္၌ မ႑ိဳင္ငါးခုတို႔ကို ဗဟိုျပဳ၍ ရွင္ေတာ္ဘုရား ႏုစဥ္အခါက က်င္လည္ခဲ့ရေသာ ဘဝတို႔ကို ႐ုပ္လုံးထုထားသည္။ ဟသၤာကိုးႀကိမ္ ျဖစ္သည္ကို ျပသည့္အေနႏွင့္ ဟသၤာကိုးေကာင္ကို ထုလုပ္ထား၍ ႀကိဳးၾကာဘဝ ၁၆ ႀကိမ္ ျဖစ္သည္ကို ျပသည့္အေနႏွင့္ ႀကိဳးၾကာ႐ုပ္ ၁၆ ေကာင္ ထုလုပ္ထားေလသည္။ ယင္းျဖစ္ေတာ္ေပါင္းအ႐ုပ္မ်ားကို ဒုတိယအထပ္ လက္ယာဘက္ ေအာက္ဆုံးတန္းမွ စ၍ ေတြ႕ႏိုင္သည္။ ထို႐ုပ္ထုမ်ားေနာက္ နာယတံ၊ ဗိႆႏိုး စေသာ ဟိႏၵဴနတ္႐ုပ္တို႔ကို၎၊ နိပါတ္ေတာ္လာ ဇာတ္႐ုပ္တို႔ကို၎ အေထာင္အေသာင္းမက ထုလုပ္ထားေလသည္။ ငါးထပ္ေသာလိုဏ္ဂူအတြင္း၌လည္း ေနာင္ပြင့္လတၱံေသာ ဘုရားရွင္တို႔အား ရည္မွန္း၍ ႐ုပ္တုေတာ္ေပါင္း ရွစ္ေသာင္းတို႔ကို ထုလုပ္ၿပီးလၽွင္ ဝကၤပါ သဏၭာန္ကဲ့သို႔ ခ႐ုပတ္စီတန္းလ်က္ ေနရာမဆန္႔ေအာင္ တည္ထားသည္။

သွ်စ္ေသာင္းပုထိုးေတာ္ႀကီး ရင္ျပင္ေတာ္ေပၚ Photo Credit : Aung Myo Min

ရွစ္ေသာင္းဘုရားသည္ အေနာက္၊ ေတာင္၊ ေျမာက္၊ သုံးဖက္လုံးတြင္ မဟာရံ တံတိုင္းမ်ား ပိတ္လ်က္ ရွိ၍ အေရွ႕ဘက္ရွိ ေတာင္ေျခရင္းမွသာ ဘုရားသို႔ဝင္ရန္ မုခ္ေပါက္ရွိသည္။ ထိုအေရွ႕ဘက္ ဝင္ေပါက္သို႔လည္း ဘုရား၏ေတာင္ဘက္ ေပ ၂ဝဝဝ ခန္႔အကြာ ေတာင္ေျခရင္းရွိ မုခ္ဦးမွ ဝင္၍ေတာင္ေျခရင္းတစ္ေလၽွာက္ ေဖာက္လုပ္ထားေသာ ေစာင္းတန္းအတိုင္း သြားမွေရာက္သည္။

ရွစ္ေပက်ယ္သည့္ မုခ္ဦးမွ ၃၅ ေပခန္႔တက္ေသာ္ ေျမျပင္မွ ၁၆ ေပ ျမင့္ေသာ ပထမပစၥယံသို႔ ေရာက္သည္။ ပထမ ပစၥယံအေရာက္ ထိပ္ဝတြင္ လက္ဝဲဖက္၌ အလ်ားႏွစ္ေပခြဲ၊ အနံႏွစ္ေပခြဲ၊ အျမင့္ခုနစ္ေပ ေက်ာ္ရွိ ေက်ာက္စာတိုင္တစ္တိုင္ရွိသည္။ ေက်ာက္စာတိုင္၏ မ်က္ႏွာသုံးဖက္၌ နာဂရီဘာသာျဖင့္ ကမၸည္းေရးထိုးထားသည္ကို ေတြ႕ရ၍ က်န္တဖက္ရွိ စာတို႔မွာမူ ပ်က္ေနေလသည္။ ေက်ာက္စာတိုင္ႏွင့္ယွဥ္လ်က္ ပစၥယံ၏ လက္ယာဘက္ဝတြင္ အျမင့္ကိုးေပနီးပါးရွိ၍ ထိပ္တြင္ တေမာ့႐ုပ္ႂကြ ထြင္းထားေသာ ရွစ္ေျမႇာင့္ေက်ာက္တိုင္ တစ္တိုင္ရွိသည္။ လက္ဝဲဖက္ ေက်ာက္စာတိုင္၏ လက္ဝဲဘက္အနီး၌မူ ၾကာပန္းပုံ ဓမၼစၾကာပုံ ႐ုပ္ႂကြထြင္းထားေသာ ၁၂ ေပက်ယ္ေသာေက်ာက္ျပားတစ္ျပား လဲက်ေနသည္ကို ေတြ႕ရ၏။

ပထမပစၥယံတစ္ခုလုံးသည္ ယခင္က ေက်ာက္တုံးတို႔ျဖင့္ တည္ေဆာက္ထားေသာ ေစတီေပါင္းမ်ားစြာ တည္ရွိခဲ့ဟန္ တူသည္။ ယခုမူ ပုံ၌ (န)အမွတ္အသား ျပထားေသာ ေစတီဝိုင္းတစ္ဆူႏွင့္ (်) အမွတ္အသား ျပထားေသာ ရွစ္ေျမႇာင့္ေစတီတစ္ဆူမွအပ ပစၥယံတစ္ခုလုံး အုတ္က်ိဳး အုတ္ပဲ့တို႔ျဖင့္ လႊမ္းလ်က္ရွိသည္။ ပထမ ပစၥယံမွ တစ္ဆင့္တက္ေသာ္ ေပ ၃ဝ အျမင့္တြင္ ေတာင္မွေျမာက္ ေပ ၆ဝ၊ အေရွ႕မွ အေနာက္ ေပ ၂ဝ မွ ၃ဝ အထိက်ယ္ေသာ ပစၥယံ တစ္ထပ္သို႔ ေရာက္သည္။ ယင္းပစၥယံ အေရွ႕ဘက္သည္ ေတာင္ေစာင္းျဖစ္၍ အေနာက္၊ ေတာင္၊ ေျမာက္တို႔တြင္ ၁၂ ေပခန္႔ျမင့္ေသာ မဟာရံတံတိုင္းျဖင့္ ကာထားသည္။ ယင္းပစၥယံ၌ အထူးအေထြ တည္ေဆာက္ထားျခင္း ရွိဟန္မတူေခ်။

ဒုတိယပစၥယံမွ ေတာင္ေစာင္းတစ္ေလၽွာက္ ေျမာက္ဘက္ သြားမူ မုခ္ေပါက္တစ္ခုေတြ႕ရေပမည္။ ယင္းမုခ္ေပါက္အတိုင္းတက္မူ ေျမျပင္မွ ေပ ၆ဝ ျမင့္ေသာ ဘုရားႀကီးတည္ရာ ပစၥယံသို႔ ေရာက္သည္။ ထိုပစၥယံသည္ ေတာင္မွေျမာက္ေပ ၁၄ဝ ရွည္၍ အေရွ႕အေနာက္ ၂၂၅ ေပရွည္ေသာ မဟာရံတံတိုင္းႀကီး သုံးဖက္ျဖင့္ ကာရံထားသည္။ ေတာင္ႏွင့္ေျမာက္ တံတိုင္းႀကီးတြင္ အခန္းေပ ၂ဝ က်ယ္၍ ဉာဏ္ေတာ္ခုနစ္ေပျမင့္ေသာ ေစတီငယ္မ်ား တစ္ခုႏွင့္ တစ္ခု အကြာအေဝးညီစြာ တည္ထားသည္။ ေစတီငယ္မ်ားၾကားတြင္ သုံးေပခြဲေက်ာ္ျမင့္၍ သုံးေပနီးပါးက်ယ္ေသာ ေက်ာက္ျပားမ်ား စိုက္ထားေလသည္။ ေက်ာက္ျပား ႏွစ္ဖက္မ်က္ႏွာတြင္ ပန္းတေမာ့ ႐ုပ္ႂကြမ်ား ထြင္းထားေလသည္။

Photo Credit : besttripmyanmar

ဘုရားႀကီးဘက္လွည့္ေနေသာ မ်က္ႏွာတြင္ ျမတ္စြာဘုရားသခင္၏ပုံေတာ္ အမ်ိဳးမ်ိဳးကို ထြင္းထုထား၍ အျပင္ဘက္ မ်က္ႏွာတြင္ နဂါး၊ ဂဠဳန္၊ ကုမၻဏ္၊ ရကၡိဳက္၊ ဘီလူး၊ ေႁမြစေသာ ပုံမ်ား ထြင္းထုထားေလသည္။ေစတီတည္ရာ ထိုပထမပစၥယံဝယ္ ေဘးေလာင္းေတာ္ ဘိုးေလာင္းေတာ္တို႔၏ အ႐ိုးစုကို သင့္တင့္ေလ်ာက္ပတ္စြာ ဂူေတာ္သြင္း၍ တည္ထားခဲ့သည္ဟု ဆိုသည္။ ထိုသို႔ တည္ထားခဲ့ေသာ သခ်ႋဳင္းရာတို႔တြင္ မင္းပင္ႀကီးလြန္ၿပီးေနာက္ တည္ထားေသာ မင္းပင္ႀကီးအ႐ိုးအိုး သခ်ႋဳင္းေတာ္တစ္ခုသာ ေတြ႕ျမင္ရေတာ့သည္။

ဘုရားႀကီးတည္ရာ ပထမပစၥယံကို ေတာင္ေစာင္းအတိုင္း ေလၽွာက္သြားမူ ဘုရားႀကီး၏ ဂႏၶကုဋီတိုက္သို႔ဝင္ရာ တစ္ခုတည္းေသာ မုခ္ဝကို လက္ဝဲဘက္၌ ေတြ႕ရေပမည္။ ယင္းမုခ္ဝအတိုင္း တည့္တည့္ ဝင္သြားပါက အေရွ႕ႏွင့္အေနာက္ ေပ ၄ဝ၊ ေတာင္ႏွင့္ေျမာက္ ေပ ၇ဝ က်ယ္ေသာ ရင္ျပင္ကို ေတြ႕ရေပမည္။ ထိုရင္ျပင္မွ လက္ဝဲဘက္ စႀကၤန္လမ္းအတိုင္း ဝင္ေသာ ဘုရားႀကီး၏ပတ္လည္ နံရံမ်ား၌ ဂူမ်ား ရွိသည္။ အေရွ႕ဘက္နံရံ၌ တစ္ဖက္ ႏွစ္ဂူစီ ရွိ၍ ေတာင္၊ ေျမာက္၊ အေနာက္နံရံတို႔၌ ဂူရွစ္ခုစီ ရွိသည္။ ယင္းဂူမ်ား အတြင္းတြင္ ဘုရား႐ုပ္ပြားႏွစ္ဆူသည္ ေက်ာခ်င္းကပ္၍ သီတင္းသုံးေနရာ စႀကၤန္ဘက္မွ တစ္ဆူကို ဖူးရ၍ ဘုရားႀကီး၏ ပထမပစၥယံဘက္မွ တစ္ဖက္အဆူကို ဖူးေတြ႕ႏိုင္သည္။

Photo Credit : besttripmyanmar

ဗဟို ဂႏၶကုဋီတိုက္တြင္း၌မူ ဉာဏ္ေတာ္ရွစ္ေပခန္႔ျမင့္ေသာ ဗုဒၶ႐ုပ္ပြားေတာ္တစ္ဆူ ရွိသည္။ ဂႏၶကုဋီတိုက္သည္ ေပ ၃ဝ ျမင့္၍ အမိုးေထာင့္ ေလးေထာင့္တြင္ ေစတီေလးဆူရွိသည္။ အလယ္ေကာင္တြင္ ေခါင္း ေလာင္းပုံ ထီး စသည္တို႔ပါေသာ ဉာဏ္ေတာ္ ေပ ၆ဝ ျမင့္သည့္ ေစတီေတာ္ႀကီးထီးထီး တည္လ်က္ရွိသည္။ ဤသို႔ ခမ္းနားဆန္းျပားလွစြာ တည္ထားေသာ ေစတီေတာ္ႀကီး၏ အေနာက္ေတာင္ေတာင့္တြင္ မင္းပင္ႀကီး၏ ဥပုသ္ေတာ္ေဆာင္ကို တစ္ဆက္တည္း လုပ္ခဲ့သည္ဟုဆိုသည္။ ေစတီေတာ္၏ ေျမာက္ေထာင့္၌မူ မယ္ေတာ္ကို အေၾကာင္းျပဳ၍ တည္ထားအပ္ေသာ မယ္ေတာ္သိမ္ေခၚ ဂူေတာ္ႀကီး တစ္ဆူ လည္း ရွိသည္။ ေစတီေတာ္ႀကီး၏လက္ရာမွ ဟိႏၵဴဗိသုကာႏွင့္ အႏုပညာလက္ရာမ်ားျဖစ္သည္။

ေရွးေဟာင္းသုေတသန ပညာရပ္တြင္ ကၽြမ္းက်င္ေသာႏိုင္ငံျခားသား ပုဂၢိဳလ္ႀကီးမ်ား၏ယူဆခ်က္အရမူ ေစတီေတာ္ႀကီးကို ဘုရားပုထိုး အျဖစ္ထက္ ရခိုင္ဘုရင္မ်ား ရန္သူေဘးမွ ခိုေအာင္းရန္ ခံတပ္အျဖစ္ တည္ထားဟန္တူသည္ဟု ဆိုသည္၊ ေစတီေတာ္ႀကီးအား သုံးဖက္မွ ပိတ္၍ အေရွ႕ဖက္ ေတာင္ေျခဖက္မွသာ မုခ္ေပါက္တစ္ခုတည္း ဖြင့္ကာ ဝကၤပါသဖြယ္တည္ေဆာက္ထားျခင္းသည္ပင္ ထိုပုဂၢိဳလ္တို႔၏ အဆိုကို ေထာက္ခံလ်က္ ရွိေလသည္။

ေစတီေတာ္ႀကီးသည္ ၁၇၈၄ ခုႏွစ္တြင္ ျမန္မာတို႔၏ ဗုံးဆံတစ္ႀကိမ္ မွန္၍ ၁၈၂၅ ခုႏွစ္တြင္ အဂၤလိပ္ဗုံးဆံ တစ္ႀကိမ္မွန္ခဲ့သျဖင့္ အေတာ္ပင္ပ်က္စီးယိုယြင္းလ်က္ ရွိသည္။ အထူးသျဖင့္ ေစတီေတာ္၏ အေနာက္ဘက္ျခမ္းသည္ ပ်က္စီး ယိုယြင္းခဲ့ရာ ေစတီေတာ္အား ေျမျပင္မွ ၾကည့္မူ အုတ္ပုံ ေက်ာက္ပုံႀကီးႏွင့္မျခား ေတြ႕ျမင္ရေလသည္။ ရွစ္ေသာင္းဘုရား၏ ေျမာက္ဘက္အထြက္မုခ္မွ အေရွ႕ ေျမာက္ဘက္ ၈၆ ေပအကြာတြင္ အံေတာ္ဘုရား တည္ရွိ၍ အေနာက္ေျမာက္ဘက္ ေပ ၃ဝဝ အကြာတြင္ ထုကၠံသိမ္ဘုရား တည္ရွိသည္။

ျမန္မာ့စြယ္စုံက်မ္း ၊ အတြဲ ၁၁


ရခိုင်ပြည်ရဲ့အထင်ကရ သျှစ်သောင်းပုထိုးတော်ကြီးအကြောင်း (unicode)

သျှစ်သောင်းပုထိုးတော်ကြီး (ရခိုင်အခေါ် သျှိုက်သောင်းဘုရား)

ရခိုင်ပြည်နယ်၏မြို့တော်ဟောင်း တစ်မြို့ဖြစ်သော မြို့ဟောင်း ခေါ် မြောက်ဦးမြို့၏ မြောက်ဘက်တစ်မိုင်ခန့်အကွာ အရှေ့ရိုးမတောင်ကြီး၏ အနောက်ဘက် တောင်စောင်းရှိ ဘိုးခေါင်တောင် တွင် ရှစ်သောင်းဘုရား တည်ရှိသည်။ ယင်းစေတီတော်ကြီးကို ရန်အောင်ဇေယျ သိမ်တော်ကြီးဟုလည်း သမုတ်သေးသည်။ ထိုစေတီတော်ကြီး၏ ဂူတွင်းဂူပဝယ် တည်ထားလျက်ရှိသည့် ရှစ်သောင်းသောရုပ်တုတော်တို့ကို အစွဲပြု၍ ရှစ်သောင်း ဘုရားဟု ခေါ်ကြခြင်းဖြစ်သည်။ ရန်အောင်ဇေယျသိမ်တော်ကြီး ဟု တွင်ခြင်းမှာ ရခိုင်ဘုရင်က ကုလားပြည်ကို အောင်တော်မူသည့် အထိမ်းအမှတ်နှင့် တည်တော်မူခြင်းကြောင့်ဟု ဆိုကြသည်။

ရှစ်သောင်းဘုရားကို မြောက်ဦးမင်းဆက် ၁၂ ဆက်မြောက် မင်းပင်ကြီးခေါ် မင်းဗာကြီး (မြန်မာ ၈၉၃-၉၁၅) ဘုရင်သည် သက္ကရာဇ် ၈၉၇ ခုနှစ် ကဆုန်လဆန်း ၅ ရက်နေ့တွင် ပန်းရန်ကျော်များကို ဆင့်ခေါ်တော်မူ၍ ထိုနှစ် တန်ဆောင်မုန်းလပြည့် စနေနေ့တွင် စတင် တည်တော်မူသည်။ ဦးစွာပထမ ဘိုးခေါင်တောင် တော်ကြီးကို မြေတလင်းညီစွာ ညှိတော်မူ၍ ရှစ်သောင်းသော ဓာတ်တော်မွေတော်နှင့်တကွ ဉာဏ်တော် နှစ်တောင်နှင့် တစ်မိုက်စီရှိသော ရွှေဆင်းတု ၁ဝ၈ ဆူ၊ ငွေဆင်းတု ၁ဝ၈ ဆူ၊ ရတနာကိုးပါးဖြင့် သွန်းအပ်သော ဆင်းတုတော် ၁ဝ၈ ဆူတို့ကို တစ်ခန်းကျစီ ကိန်းဝပ်စေတော်မူပြီးမှ ရှစ်သောင်းလေးထောင်သော ရတနာမျိုးတို့ဖြင့် သွန်းအပ်သော ရုပ်ပွားငယ်တို့ကိုလည်း ထည့်တော်မူသည်။

ထို့နောက် ဌာပနာခန်းကို ကျောက်ပြားတို့ဖြင့် ပိတ်ပြီးသော် အခန်းပြင်၌ ကောင်းမှုတော်စေတီကြီးအား ၁ဝ၁ ပါးသောလူမျိုးတို့ ပူဇော်ဟန် ရုပ်လုံးပြု၍ ရံလျက်ထားသည်။ ထိုမျှမက မြောက်ဦးမြို့တော်ကြီးဝယ် အစဉ်အဆက် စိုးစံခဲ့သော ဘေးလောင်းတော် ဘိုးလောင်းတော် မင်းများမှအစ ဘုရားဒါယကာ မင်းပင်အထိ မင်း ၁၂ ဆက်တို့၏ ပုံတော်ကို ရွှေသားပကတိ ထုလုပ်ပြီးလျှင် မှူးမတ်စုံလင်စွာ ခြံရံလျက် စေတီတော်ကြီးအား ပူဇော်ဟန်ထည့်၍ အပြင်ဌာပနာခန်း တထပ်ကို ကျောက်ပြားပိတ်ကာ မြေဖို့သည်။ အပေါ်ယံ မြေကို အထူးထူးသော ရတနာတို့ဖြင့် ဖြန့်၍ ညီညွတ်အောင် ပြုပြီးနောက် အချိန်ကောင်း အခါတော်ကျသည်နှင့် တစ်ပြိုင်နက် မြစိမ်း ကျောက်ညိုတို့ဖြင့် ဖိနပ်တော်ခင်းသည်။

ထိုနောက် နောင်ပွင့်တော်မူလတ္တံ့သော ရှင်တော်ဘုရားတို့အား ရည်စူး၍ ကျောက်ညိုဖြင့် ထုသော ဘုရားဆူရေ နှစ်သောင်း၊ ရတနာ ခုနစ်ပါးဖြင့် ထုလုပ်သော ဆင်းတုတော် ခြောက်သောင်း ပေါင်းရှစ်သောင်းသော ဆင်းတုတော်တို့ကို မုခ်ဝ မုခ်ပျံတို့၌ တည်ထားလေသည်။ စေတီတော်မြတ်ကြီးကိုလည်း ငါးထပ်သော မုခ်ပတ်တို့ဖြင့် ပတ်လည်ဝိုင်းပြီးလျှင် ကျောက်ညို ဘုရားကိုယ်တော်မြတ်တို့ကို စီတန်း တည်တော်မူသည်။ ထိုနောက်မှ တစ်ဖန် စေတီတော်မြစ်ကြီး၏ ရှေ့တော်တွင် ကျောက်အုတ်တံတိုင်းတို့ဖြင့် ပတ်လည် ရံအပ်သော မဟာရံအတွင်းဝယ် ကြီးစွာသော သိမ်တော်မြတ်ကြီး၊ စေတီတော်ငယ်တို့ရှိသည်။

စေတီတော်ကြီးအတွင်း ဒုတိယအထပ်တော်၌ မဏ္ဍိုင်ငါးခုတို့ကို ဗဟိုပြု၍ ရှင်တော်ဘုရား နုစဉ်အခါက ကျင်လည်ခဲ့ရသော ဘဝတို့ကို ရုပ်လုံးထုထားသည်။ ဟင်္သာကိုးကြိမ် ဖြစ်သည်ကို ပြသည့်အနေနှင့် ဟင်္သာကိုးကောင်ကို ထုလုပ်ထား၍ ကြိုးကြာဘဝ ၁၆ ကြိမ် ဖြစ်သည်ကို ပြသည့်အနေနှင့် ကြိုးကြာရုပ် ၁၆ ကောင် ထုလုပ်ထားလေသည်။ ယင်းဖြစ်တော်ပေါင်းအရုပ်များကို ဒုတိယအထပ် လက်ယာဘက် အောက်ဆုံးတန်းမှ စ၍ တွေ့နိုင်သည်။ ထိုရုပ်ထုများနောက် နာယတံ၊ ဗိဿနိုး စသော ဟိန္ဒူနတ်ရုပ်တို့ကို၎င်း၊ နိပါတ်တော်လာ ဇာတ်ရုပ်တို့ကို၎င်း အထောင်အသောင်းမက ထုလုပ်ထားလေသည်။ ငါးထပ်သောလိုဏ်ဂူအတွင်း၌လည်း နောင်ပွင့်လတ္တံသော ဘုရားရှင်တို့အား ရည်မှန်း၍ ရုပ်တုတော်ပေါင်း ရှစ်သောင်းတို့ကို ထုလုပ်ပြီးလျှင် ဝင်္ကပါ သဏ္ဌာန်ကဲ့သို့ ခရုပတ်စီတန်းလျက် နေရာမဆန့်အောင် တည်ထားသည်။

ရှစ်သောင်းဘုရားသည် အနောက်၊ တောင်၊ မြောက်၊ သုံးဖက်လုံးတွင် မဟာရံ တံတိုင်းများ ပိတ်လျက် ရှိ၍ အရှေ့ဘက်ရှိ တောင်ခြေရင်းမှသာ ဘုရားသို့ဝင်ရန် မုခ်ပေါက်ရှိသည်။ ထိုအရှေ့ဘက် ဝင်ပေါက်သို့လည်း ဘုရား၏တောင်ဘက် ပေ ၂ဝဝဝ ခန့်အကွာ တောင်ခြေရင်းရှိ မုခ်ဦးမှ ဝင်၍တောင်ခြေရင်းတစ်လျှောက် ဖောက်လုပ်ထားသော စောင်းတန်းအတိုင်း သွားမှရောက်သည်။

ရှစ်ပေကျယ်သည့် မုခ်ဦးမှ ၃၅ ပေခန့်တက်သော် မြေပြင်မှ ၁၆ ပေ မြင့်သော ပထမပစ္စယံသို့ ရောက်သည်။ ပထမ ပစ္စယံအရောက် ထိပ်ဝတွင် လက်ဝဲဖက်၌ အလျားနှစ်ပေခွဲ၊ အနံနှစ်ပေခွဲ၊ အမြင့်ခုနစ်ပေ ကျော်ရှိ ကျောက်စာတိုင်တစ်တိုင်ရှိသည်။ ကျောက်စာတိုင်၏ မျက်နှာသုံးဖက်၌ နာဂရီဘာသာဖြင့် ကမ္ပည်းရေးထိုးထားသည်ကို တွေ့ရ၍ ကျန်တဖက်ရှိ စာတို့မှာမူ ပျက်နေလေသည်။ ကျောက်စာတိုင်နှင့်ယှဉ်လျက် ပစ္စယံ၏ လက်ယာဘက်ဝတွင် အမြင့်ကိုးပေနီးပါးရှိ၍ ထိပ်တွင် တမော့ရုပ်ကြွ ထွင်းထားသော ရှစ်မြှောင့်ကျောက်တိုင် တစ်တိုင်ရှိသည်။ လက်ဝဲဖက် ကျောက်စာတိုင်၏ လက်ဝဲဘက်အနီး၌မူ ကြာပန်းပုံ ဓမ္မစကြာပုံ ရုပ်ကြွထွင်းထားသော ၁၂ ပေကျယ်သောကျောက်ပြားတစ်ပြား လဲကျနေသည်ကို တွေ့ရ၏။

ပထမပစ္စယံတစ်ခုလုံးသည် ယခင်က ကျောက်တုံးတို့ဖြင့် တည်ဆောက်ထားသော စေတီပေါင်းများစွာ တည်ရှိခဲ့ဟန် တူသည်။ ယခုမူ ပုံ၌ (န)အမှတ်အသား ပြထားသော စေတီဝိုင်းတစ်ဆူနှင့် (်) အမှတ်အသား ပြထားသော ရှစ်မြှောင့်စေတီတစ်ဆူမှအပ ပစ္စယံတစ်ခုလုံး အုတ်ကျိုး အုတ်ပဲ့တို့ဖြင့် လွှမ်းလျက်ရှိသည်။ ပထမ ပစ္စယံမှ တစ်ဆင့်တက်သော် ပေ ၃ဝ အမြင့်တွင် တောင်မှမြောက် ပေ ၆ဝ၊ အရှေ့မှ အနောက် ပေ ၂ဝ မှ ၃ဝ အထိကျယ်သော ပစ္စယံ တစ်ထပ်သို့ ရောက်သည်။ ယင်းပစ္စယံ အရှေ့ဘက်သည် တောင်စောင်းဖြစ်၍ အနောက်၊ တောင်၊ မြောက်တို့တွင် ၁၂ ပေခန့်မြင့်သော မဟာရံတံတိုင်းဖြင့် ကာထားသည်။ ယင်းပစ္စယံ၌ အထူးအထွေ တည်ဆောက်ထားခြင်း ရှိဟန်မတူချေ။

ဒုတိယပစ္စယံမှ တောင်စောင်းတစ်လျှောက် မြောက်ဘက် သွားမူ မုခ်ပေါက်တစ်ခုတွေ့ရပေမည်။ ယင်းမုခ်ပေါက်အတိုင်းတက်မူ မြေပြင်မှ ပေ ၆ဝ မြင့်သော ဘုရားကြီးတည်ရာ ပစ္စယံသို့ ရောက်သည်။ ထိုပစ္စယံသည် တောင်မှမြောက်ပေ ၁၄ဝ ရှည်၍ အရှေ့အနောက် ၂၂၅ ပေရှည်သော မဟာရံတံတိုင်းကြီး သုံးဖက်ဖြင့် ကာရံထားသည်။ တောင်နှင့်မြောက် တံတိုင်းကြီးတွင် အခန်းပေ ၂ဝ ကျယ်၍ ဉာဏ်တော်ခုနစ်ပေမြင့်သော စေတီငယ်များ တစ်ခုနှင့် တစ်ခု အကွာအဝေးညီစွာ တည်ထားသည်။ စေတီငယ်များကြားတွင် သုံးပေခွဲကျော်မြင့်၍ သုံးပေနီးပါးကျယ်သော ကျောက်ပြားများ စိုက်ထားလေသည်။ ကျောက်ပြား နှစ်ဖက်မျက်နှာတွင် ပန်းတမော့ ရုပ်ကြွများ ထွင်းထားလေသည်။

ဘုရားကြီးဘက်လှည့်နေသော မျက်နှာတွင် မြတ်စွာဘုရားသခင်၏ပုံတော် အမျိုးမျိုးကို ထွင်းထုထား၍ အပြင်ဘက် မျက်နှာတွင် နဂါး၊ ဂဠုန်၊ ကုမ္ဘဏ်၊ ရက္ခိုက်၊ ဘီလူး၊ မြွေစသော ပုံများ ထွင်းထုထားလေသည်။စေတီတည်ရာ ထိုပထမပစ္စယံဝယ် ဘေးလောင်းတော် ဘိုးလောင်းတော်တို့၏ အရိုးစုကို သင့်တင့်လျောက်ပတ်စွာ ဂူတော်သွင်း၍ တည်ထားခဲ့သည်ဟု ဆိုသည်။ ထိုသို့ တည်ထားခဲ့သော သင်္ချိုင်းရာတို့တွင် မင်းပင်ကြီးလွန်ပြီးနောက် တည်ထားသော မင်းပင်ကြီးအရိုးအိုး သင်္ချိုင်းတော်တစ်ခုသာ တွေ့မြင်ရတော့သည်။

ဘုရားကြီးတည်ရာ ပထမပစ္စယံကို တောင်စောင်းအတိုင်း လျှောက်သွားမူ ဘုရားကြီး၏ ဂန္ဓကုဋီတိုက်သို့ဝင်ရာ တစ်ခုတည်းသော မုခ်ဝကို လက်ဝဲဘက်၌ တွေ့ရပေမည်။ ယင်းမုခ်ဝအတိုင်း တည့်တည့် ဝင်သွားပါက အရှေ့နှင့်အနောက် ပေ ၄ဝ၊ တောင်နှင့်မြောက် ပေ ၇ဝ ကျယ်သော ရင်ပြင်ကို တွေ့ရပေမည်။ ထိုရင်ပြင်မှ လက်ဝဲဘက် စင်္ကြန်လမ်းအတိုင်း ဝင်သော ဘုရားကြီး၏ပတ်လည် နံရံများ၌ ဂူများ ရှိသည်။ အရှေ့ဘက်နံရံ၌ တစ်ဖက် နှစ်ဂူစီ ရှိ၍ တောင်၊ မြောက်၊ အနောက်နံရံတို့၌ ဂူရှစ်ခုစီ ရှိသည်။ ယင်းဂူများ အတွင်းတွင် ဘုရားရုပ်ပွားနှစ်ဆူသည် ကျောချင်းကပ်၍ သီတင်းသုံးနေရာ စင်္ကြန်ဘက်မှ တစ်ဆူကို ဖူးရ၍ ဘုရားကြီး၏ ပထမပစ္စယံဘက်မှ တစ်ဖက်အဆူကို ဖူးတွေ့နိုင်သည်။

ဗဟို ဂန္ဓကုဋီတိုက်တွင်း၌မူ ဉာဏ်တော်ရှစ်ပေခန့်မြင့်သော ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ရှိသည်။ ဂန္ဓကုဋီတိုက်သည် ပေ ၃ဝ မြင့်၍ အမိုးထောင့် လေးထောင့်တွင် စေတီလေးဆူရှိသည်။ အလယ်ကောင်တွင် ခေါင်း လောင်းပုံ ထီး စသည်တို့ပါသော ဉာဏ်တော် ပေ ၆ဝ မြင့်သည့် စေတီတော်ကြီးထီးထီး တည်လျက်ရှိသည်။ ဤသို့ ခမ်းနားဆန်းပြားလှစွာ တည်ထားသော စေတီတော်ကြီး၏ အနောက်တောင်တောင့်တွင် မင်းပင်ကြီး၏ ဥပုသ်တော်ဆောင်ကို တစ်ဆက်တည်း လုပ်ခဲ့သည်ဟုဆိုသည်။ စေတီတော်၏ မြောက်ထောင့်၌မူ မယ်တော်ကို အကြောင်းပြု၍ တည်ထားအပ်သော မယ်တော်သိမ်ခေါ် ဂူတော်ကြီး တစ်ဆူ လည်း ရှိသည်။ စေတီတော်ကြီး၏လက်ရာမှ ဟိန္ဒူဗိသုကာနှင့် အနုပညာလက်ရာများဖြစ်သည်။

ရှေးဟောင်းသုတေသန ပညာရပ်တွင် ကျွမ်းကျင်သောနိုင်ငံခြားသား ပုဂ္ဂိုလ်ကြီးများ၏ယူဆချက်အရမူ စေတီတော်ကြီးကို ဘုရားပုထိုး အဖြစ်ထက် ရခိုင်ဘုရင်များ ရန်သူဘေးမှ ခိုအောင်းရန် ခံတပ်အဖြစ် တည်ထားဟန်တူသည်ဟု ဆိုသည်၊ စေတီတော်ကြီးအား သုံးဖက်မှ ပိတ်၍ အရှေ့ဖက် တောင်ခြေဖက်မှသာ မုခ်ပေါက်တစ်ခုတည်း ဖွင့်ကာ ဝင်္ကပါသဖွယ်တည်ဆောက်ထားခြင်းသည်ပင် ထိုပုဂ္ဂိုလ်တို့၏ အဆိုကို ထောက်ခံလျက် ရှိလေသည်။

စေတီတော်ကြီးသည် ၁၇၈၄ ခုနှစ်တွင် မြန်မာတို့၏ ဗုန်းဆံတစ်ကြိမ် မှန်၍ ၁၈၂၅ ခုနှစ်တွင် အင်္ဂလိပ်ဗုန်းဆံ တစ်ကြိမ်မှန်ခဲ့သဖြင့် အတော်ပင်ပျက်စီးယိုယွင်းလျက် ရှိသည်။ အထူးသဖြင့် စေတီတော်၏ အနောက်ဘက်ခြမ်းသည် ပျက်စီး ယိုယွင်းခဲ့ရာ စေတီတော်အား မြေပြင်မှ ကြည့်မူ အုတ်ပုံ ကျောက်ပုံကြီးနှင့်မခြား တွေ့မြင်ရလေသည်။ ရှစ်သောင်းဘုရား၏ မြောက်ဘက်အထွက်မုခ်မှ အရှေ့ မြောက်ဘက် ၈၆ ပေအကွာတွင် အံတော်ဘုရား တည်ရှိ၍ အနောက်မြောက်ဘက် ပေ ၃ဝဝ အကွာတွင် ထုက္ကံသိမ်ဘုရား တည်ရှိသည်။

မြန်မာ့စွယ်စုံကျမ်း ၊ အတွဲ ၁၁

Leave a Reply