ကမာၻ႔တေစၧအေျခာက္ဆုံးလမ္းမ ၆၆၆ ( သို႔ ) ငရဲသုိ႔အေ၀းေျပးလမ္း

Posted on

ဘာသာျပန္သူ – Elvis Maung

ကမာၻေပၚမွာ ဆန္းၾကယ္တဲ့ေနရာေတြအမ်ားႀကီးရွိပါတယ္။ ေလယာဥ္ေတြသေဘၤာေတြေပ်ာက္တတ္တဲ့ ဘာျမဴ ဒါႀတိဂံ၊ လူေတြ ထူးထူးဆန္းဆန္း ေပ်ာက္သြားတတ္တဲ႔ မကၠဆီကိုက သခၤ်ဳိင္းေဟာင္းတစ္ခု၊ ​ေရဒါထဲမွာလည္းမေပၚလိုက္ရွာရင္မေတြ႕ရတတ္တဲ့ လူမပါတဲ့ သေဘၤာေတြ၊ ႀတိဂံပံုလိႈင္းေတြပဲ ျဖစ္တတ္တဲ့ ဂ်ပန္ကနဂါးႀတိဂံ စတဲ့ ​ေနရာေတြအျပင္ လူသိမ်ားတဲ့ ဆန္းၾကယ္တဲ့ ေနရာတစ္ခုကေတာ့ အေမရိကန္ႏိုင္ငံ ယူတာျပည္နယ္ကေန နယူးမကၠဆီကိုအထိ ေဖာက္လုပ္ထားတဲ့ ျပည္နယ္အေဝးေျပးလမ္း ၆၆၆ ပဲျဖစ္ပါတယ္။

၆၆၆ ဆိုကတည္းက နိမိတ္ဆိုးဂဏန္း နတ္ဆိုးရဲ႕သေကၤတ အျဖစ္ တခ်ိဳ႕ ခရစ္ယာန္ဘာသာဝင္ေတြ ယံုၾကည္တဲ႔ဂဏန္းဆိုတာ သိၾကမွာပါ။ တကယ္ေတာ့ ဒီဂဏန္းက ဂရိစာကို ဘာသာျပန္ရင္ ၆၁၆ပါ။ ဒီလမ္းမကို နာမည္ေပးျဖစ္ခဲ့ပံုက လမ္းအမွတ္ ၆၆ကို ျပည္နယ္အေဝးေျပးလမ္းအျဖစ္ အဆင့္ျမွင့္တင္ခဲ့တာက ၁၉၂၆မွာ ျဖစ္လို႔ ၆၆၆ ျဖစ္သြားခဲ႕ရပါတယ္။ ဒီလမ္းနာမည္ကို ျပည္သူေတြ မႏွစ္သက္ၾကလို႔ နာမည္ေျပာင္းေပးဖို႔ကိစၥက အထက္လႊတ္ေတာ္အထိေတာင္ ေရာက္သြားခဲ့ရပါတယ္။

အေဝးေျပးလမ္း ၆၆၆ရဲ႕ထူးျခားခ်က္က ေတာ့ ယာဥ္တိုက္မႈမၾကာခဏျဖစ္တာပါပဲ။ ဒါဘာမ်ားထူးလို႔လဲ ျမန္မာျပည္မွာလည္း တိုက္တာပဲလို႔ထင္ၾကမွာပါ။ လမ္းမ ၆၆၆ရဲ႕ မေတာ္တဆမႈ ျဖစ္ပြားႏႈန္းမ်ားရျခင္းက တေစၦေျခာက္လို႔ လူေတြအေၾကာက္လြန္ၾကလို႔ စစ္ေဆးခ်က္ေတြအရ သိရွိရပါတယ္။

လမ္းမ ၆၆၆ ေပၚက ဝတ္စံုျဖဴနဲ႔ တေစၦမေလး

လမ္းမ ၆၆၆မွာ မၾကာခဏ ေတြ႕ရတတ္တာ ကေတာ့ ဝတ္စံုျဖဴနဲ႕မိန္းကေလးပါ။ ကားကိုလမ္းလယ္ေကာင္အထိ ရပ္တားတတ္ၿပီး ေအာက္ကိုဆင္းႀကည့္လိုက္ရင္ ေပ်ာက္သြားတတ္ပါတယ္။ ေဒသခံေတြကေတာ့ ဒါမ်ိဳးေတြ႕ရင္လံုးဝရပ္မေပးတတ္ပါဘူး။ ခံရပါမ်ားလို႕သိေနၾကပါၿပီ။ ခရီးသြားေတြ ဒုကၡတစ္ခုခုႀကံဳရင္ ရဲစခန္းကိုပဲ အကူအညီလွမ္းေတာင္းရတတ္ပါတယ္။ ေဒသခံေတြကကားတားရင္ မရပ္ေပးတာ စိတ္ဆိုးစရာမဟုတ္ပါဘူး။ ဝတ္စံုျဖဴနဲ႔ တေစၦမေလးကိုကားရပ္ေပးမိရင္ ကားေမွာက္ တတ္ပါသတဲ့။

skin walker ( သို႔ ) အသြင္ေျပာင္းလူသား

နာဗာဟုိတုိ႔၏ ငွက္ႀကီးေတာင္

ေနာက္ထပ္ ခရီးသြားေတြ သတိ ထားရတာက skin walker လုိ႔ ေခၚတဲ့ အသြင္ေျပာင္းလူသားေတြျဖစ္ပါတယ္။ လမ္းမ ၆၆၆ရဲ႕ တစ္ေနရာမွာ နာဗာဟိုလူမ်ိဳးေတြ အထြတ္အျမတ္ထားတဲ့ ေတာင္ႀကီးတစ္ခုထီးတည္း တည္ရွိပါတယ္။ ငွက္ေတာင္ အေတာင္ပံေတြနဲ႕ေတာင္လို႔ ေခၚၾကတဲ့ ဒီေတာင္ႀကီးဟာ နာဗာဟိုဒ႑ာရီမွာေတာ့ ငွက္ႀကီးတစ္ေကာင္ကေန ေတာင္အျဖစ္ေျပာင္းလဲသြားတာလို႔ဆိုပါတယ္။ ဒီေတာင္ေပၚမွာေနခဲ့တဲ့ မ်ဳိးႏြယ္စု တစ္စုဟာ အရည္ခြံကိုခြာခ်ၿပီး တစ္ျခားတစ္ေယာက္ပံုစံေျပာင္းလဲႏိုင္တယ္လို႔ ေဒသခံေတြယံုၾကည္ၾကပါတယ္။

သူတို႔ေတြဟာ လူ႕ႏွလံုးကိုစားတတ္တယ္လို႔ယူဆၾကပါတယ္။ ဒီလိုေခတ္ႀကီးထဲမွာ ယုတၱိမရွိဘူးဆိုေပမယ့္ နယ္ခံရဲေတြမွာSkin walkerလို႔ သံသယျဖစ္စရာအမႈေတြခဏခဏႀကံဳ ေနရပါသတဲ့။

မိုင္တိုင္ ၁၀၀ေက်ာ္က ငရဲေခြးႀကီး

မိုင္တိုင္ ၁၀၀ေက်ာ္က ဧရာမေခြးႀကီးတစ္ေကာင္ကလည္း လမ္းမေပၚ ခဏခဏ ကိုယ္ထင္ျပတတ္ပါတယ္။ မ်က္လံုးအဝါနဲ႔ ဧရာမေခြးႀကီးကို ခရီးသြားေတာ္ေတာ္မ်ားမ်ားျမင္ဖူးၾကပါတယ္။တခ်ိဳ႔ကေတာ့ ဒီေခြးကိုေတြ႕ရင္ ကားမရပ္ပါနဲ႔ ေမာင္းေျပးပါလို႔ ေျပာၾကတယ္။အဲဒီေခြးက အေယာင္ေဆာင္ထားတဲ့ မေကာင္းဆိုးဝါးျဖစ္ၿပီး ကားရပ္မိရင္ ကားေနာက္ခန္းမွာပါလာတတ္တယ္ လို႔ဆုိပါတယ္။

ေစတန္စီးတဲ့ ကား ( သို႔ ) အနက္ေရာင္ဆီဒင္ကားၾကီး

ကားေမွာက္မႈ အစီရင္ခံစာေတြမွာ ရဲေတြေခါင္းရႈပ္ရတာကေတာ ေစတန္စီးတဲ့ကားလို႔နာမည္ေပးထားတဲ့ဆီဒင္ကားႀကီးအမႈပါပဲ။ ကားေမွာက္မႈကလူေတာ္ေတာ္မ်ားမ်ားက သူတို႔ကားကို အနက္ေရာင္ဆီဒင္ကားႀကီးတစ္စီးက အတင္းလိုက္လာၿပီး ေနာက္ကေန မေမွာက္မခ်င္းတိုက္တယ္။တိုက္ၿပီးရင္ေပ်ာက္သြားတယ္လို႔ဝန္ခံထြက္ဆိုၾကပါတယ္။ ထူးဆန္းတာကေတာ့ ဒီလို လိုက္တိုက္ခ်ိန္းတုိင္းဟာ လျပည့္ညေတြမွာခ်ည္း ျဖစ္ေနပါသတဲ့။ ကားေမာင္းတဲ့သူေတြအာမခံေၾကးမဆံုးေအာင္ ေျပာၾကတာလားလို႔ ထင္စရာရွိေပမယ့္ အတိုက္ခံရတဲ့ အထဲမွာကင္းလွည့္ရဲကားႏွစ္စီးပါပါတယ္။

လမ္းမ ၆၆၆ ကို ၄၉၁ဟု နာမည္ေျပာင္းၿပီးေနာက္

Supetnatural ဇာတ္လမ္းတြဲရဲ႕ အတြဲ ၁ အပိုင္း ၁၃ဟာ ဒီျဖစ္ရပ္ကိုဇာတ္လမ္းယူထားၿပီး ေနရာကိုေတာ့ မစ္ဇူရီလို႔ေျပာင္းထားတယ္။ နယ္ခံေတြရဲ႕ကန္႔ကြက္မႈေၾကာင့္ အေဝးေျပးလမ္း ၆၆၆ကို route ၄၉၁လုိ႔ နာမည္ေျပာင္းေပးခဲ့ေပမယ့္ ဒီလိုျဖစ္ရပ္ဆန္းေတြက ေလ်ာ့က်မသြားခဲ့ပါဘူး။ အခုအခ်ိန္မွာ ဒီလမ္းဟာ ကမာၻ႕တေစၦအေျခာက္ဆံုးေနရာေတြထဲမွာ ပါလာခဲ့ၿပီး Highway to hell လို႔ ေတာင္ ေခၚေဝၚေနၾကပါၿပီ။ ဒါေပမဲ့ ဒီနာမည္က အသစ္မဟုတ္ပါဘူး နာမည္ေဟာင္းျဖစ္ပါတယ္။

လမ္းမ ၆၆၆ဟာေရွးပေဝဏသီကတည္္းက လူသြားလမ္းျဖစ္ခဲ့ၿပီး အင္ဒီးယန္းေတြေခတ္သာမက အေမရိကန္ျပည္တြင္းစစ္မွာ လွည္းလမ္းျဖစ္ေနခဲ့ျပီး ၁၉၂၆ မွာမွ လမ္းေဟာင္းကိုျပင္ၿပီး အေဝးေျပးလမ္း လုပ္ခဲ့တာျဖစ္ပါတယ္။ ဟိုးအရင္ကတည္းက အင္ဒီးယန္းေတြက ဒီလမ္းကို ငရဲကိုသြားတဲ့လမ္း Way to hell လို႔ သူတို႕ဘာသာစကားနဲ႔ ေခၚဆိုခဲ့ၾကတာျဖစ္ပါတယ္။

Translated from Highway to hell by Linda Dunning

Elvis Maung


ကမ္ဘာ့တစ္ဆေအခြောက်ဆုံးလမ်းမ ၆၆၆ ( သို့ ) ငရဲသို့အဝေးပြေးလမ်း (unicode)

ဘာသာပြန်သူ – Elvis Maung

ကမ္ဘာပေါ်မှာ ဆန်းကြယ်တဲ့နေရာတွေအများကြီးရှိပါတယ်။ လေယာဉ်တွေသင်္ဘောတွေပျောက်တတ်တဲ့ ဘာမြူ ဒါတြိဂံ၊ လူတွေ ထူးထူးဆန်းဆန်း ပျောက်သွားတတ်တဲ့ မက္ကဆီကိုက သင်္ချိုင်းဟောင်းတစ်ခု၊ ​ရေဒါထဲမှာလည်းမပေါ်လိုက်ရှာရင်မတွေ့ရတတ်တဲ့ လူမပါတဲ့ သင်္ဘောတွေ၊ တြိဂံပုံလှိုင်းတွေပဲ ဖြစ်တတ်တဲ့ ဂျပန်ကနဂါးတြိဂံ စတဲ့ ​နေရာတွေအပြင် လူသိများတဲ့ ဆန်းကြယ်တဲ့ နေရာတစ်ခုကတော့ အမေရိကန်နိုင်ငံ ယူတာပြည်နယ်ကနေ နယူးမက္ကဆီကိုအထိ ဖောက်လုပ်ထားတဲ့ ပြည်နယ်အဝေးပြေးလမ်း ၆၆၆ ပဲဖြစ်ပါတယ်။

၆၆၆ ဆိုကတည်းက နိမိတ်ဆိုးဂဏန်း နတ်ဆိုးရဲ့သင်္ကေတ အဖြစ် တချို့ ခရစ်ယာန်ဘာသာဝင်တွေ ယုံကြည်တဲ့ဂဏန်းဆိုတာ သိကြမှာပါ။ တကယ်တော့ ဒီဂဏန်းက ဂရိစာကို ဘာသာပြန်ရင် ၆၁၆ပါ။ ဒီလမ်းမကို နာမည်ပေးဖြစ်ခဲ့ပုံက လမ်းအမှတ် ၆၆ကို ပြည်နယ်အဝေးပြေးလမ်းအဖြစ် အဆင့်မြှင့်တင်ခဲ့တာက ၁၉၂၆မှာ ဖြစ်လို့ ၆၆၆ ဖြစ်သွားခဲ့ရပါတယ်။ ဒီလမ်းနာမည်ကို ပြည်သူတွေ မနှစ်သက်ကြလို့ နာမည်ပြောင်းပေးဖို့ကိစ္စက အထက်လွှတ်တော်အထိတောင် ရောက်သွားခဲ့ရပါတယ်။

အဝေးပြေးလမ်း ၆၆၆ရဲ့ထူးခြားချက်က တော့ ယာဉ်တိုက်မှုမကြာခဏဖြစ်တာပါပဲ။ ဒါဘာများထူးလို့လဲ မြန်မာပြည်မှာလည်း တိုက်တာပဲလို့ထင်ကြမှာပါ။ လမ်းမ ၆၆၆ရဲ့ မတော်တဆမှု ဖြစ်ပွားနှုန်းများရခြင်းက တစ္ဆေခြောက်လို့ လူတွေအကြောက်လွန်ကြလို့ စစ်ဆေးချက်တွေအရ သိရှိရပါတယ်။

လမ်းမ ၆၆၆ ပေါ်က ဝတ်စုံဖြူနဲ့ တစ္ဆေမလေး

လမ်းမ ၆၆၆မှာ မကြာခဏ တွေ့ရတတ်တာ ကတော့ ဝတ်စုံဖြူနဲ့မိန်းကလေးပါ။ ကားကိုလမ်းလယ်ကောင်အထိ ရပ်တားတတ်ပြီး အောက်ကိုဆင်းကြည့်လိုက်ရင် ပျောက်သွားတတ်ပါတယ်။ ဒေသခံတွေကတော့ ဒါမျိုးတွေ့ရင်လုံးဝရပ်မပေးတတ်ပါဘူး။ ခံရပါများလို့သိနေကြပါပြီ။ ခရီးသွားတွေ ဒုက္ခတစ်ခုခုကြုံရင် ရဲစခန်းကိုပဲ အကူအညီလှမ်းတောင်းရတတ်ပါတယ်။ ဒေသခံတွေကကားတားရင် မရပ်ပေးတာ စိတ်ဆိုးစရာမဟုတ်ပါဘူး။ ဝတ်စုံဖြူနဲ့ တစ္ဆေမလေးကိုကားရပ်ပေးမိရင် ကားမှောက် တတ်ပါသတဲ့။

skin walker ( သို့ ) အသွင်ပြောင်းလူသား

နောက်ထပ် ခရီးသွားတွေ သတိ ထားရတာက skin walkerလို့ ခေါ်တဲ့ အသွင်ပြောင်းလူသားတွေဖြစ်ပါတယ်။ လမ်းမ ၆၆၆ရဲ့ တစ်နေရာမှာ နာဗာဟိုလူမျိုးတွေ အထွတ်အမြတ်ထားတဲ့ တောင်ကြီးတစ်ခုထီးတည်း တည်ရှိပါတယ်။ ငှက်တောင် အတောင်ပံတွေနဲ့တောင်လို့ ခေါ်ကြတဲ့ ဒီတောင်ကြီးဟာ နာဗာဟိုဒဏ္ဍာရီမှာတော့ ငှက်ကြီးတစ်ကောင်ကနေ တောင်အဖြစ်ပြောင်းလဲသွားတာလို့ဆိုပါတယ်။ ဒီတောင်ပေါ်မှာနေခဲ့တဲ့ မျိုးနွယ်စု တစ်စုဟာ အရည်ခွံကိုခွာချပြီး တစ်ခြားတစ်ယောက်ပုံစံပြောင်းလဲနိုင်တယ်လို့ ဒေသခံတွေယုံကြည်ကြပါတယ်။

သူတို့တွေဟာ လူ့နှလုံးကိုစားတတ်တယ်လို့ယူဆကြပါတယ်။ ဒီလိုခေတ်ကြီးထဲမှာ ယုတ္တိမရှိဘူးဆိုပေမယ့် နယ်ခံရဲတွေမှာSkin walkerလို့ သံသယဖြစ်စရာအမှုတွေခဏခဏကြုံ နေရပါသတဲ့။

မိုင်တိုင် ၁၀၀ကျော်က ငရဲခွေးကြီး

မိုင်တိုင် ၁၀၀ကျော်က ဧရာမခွေးကြီးတစ်ကောင်ကလည်း လမ်းမပေါ် ခဏခဏ ကိုယ်ထင်ပြတတ်ပါတယ်။ မျက်လုံးအဝါနဲ့ ဧရာမခွေးကြီးကို ခရီးသွားတော်တော်များများမြင်ဖူးကြပါတယ်။တချို့ကတော့ ဒီခွေးကိုတွေ့ရင် ကားမရပ်ပါနဲ့ မောင်းပြေးပါလို့ ပြောကြတယ်။အဲဒီခွေးက အယောင်ဆောင်ထားတဲ့ မကောင်းဆိုးဝါးဖြစ်ပြီး ကားရပ်မိရင် ကားနောက်ခန်းမှာပါလာတတ်တယ် လို့ဆိုပါတယ်။

စေတန်စီးတဲ့ ကား ( သို့ ) အနက်ရောင်ဆီဒင်ကားကြီး

ကားမှောက်မှု အစီရင်ခံစာတွေမှာ ရဲတွေခေါင်းရှုပ်ရတာကတော စေတန်စီးတဲ့ကားလို့နာမည်ပေးထားတဲ့ဆီဒင်ကားကြီးအမှုပါပဲ။ ကားမှောက်မှုကလူတော်တော်များများက သူတို့ကားကို အနက်ရောင်ဆီဒင်ကားကြီးတစ်စီးက အတင်းလိုက်လာပြီး နောက်ကနေ မမှောက်မချင်းတိုက်တယ်။တိုက်ပြီးရင်ပျောက်သွားတယ်လို့ဝန်ခံထွက်ဆိုကြပါတယ်။ ထူးဆန်းတာကတော့ ဒီလို လိုက်တိုက်ချိန်းတိုင်းဟာ လပြည့်ညတွေမှာချည်း ဖြစ်နေပါသတဲ့။ ကားမောင်းတဲ့သူတွေအာမခံကြေးမဆုံးအောင် ပြောကြတာလားလို့ ထင်စရာရှိပေမယ့် အတိုက်ခံရတဲ့ အထဲမှာကင်းလှည့်ရဲကားနှစ်စီးပါပါတယ်။

Supetnatural ဇာတ်လမ်းတွဲရဲ့ အတွဲ ၁ အပိုင်း ၁၃ဟာ ဒီဖြစ်ရပ်ကိုဇာတ်လမ်းယူထားပြီး နေရာကိုတော့ မစ်ဇူရီလို့ပြောင်းထားတယ်။ နယ်ခံတွေရဲ့ကန့်ကွက်မှုကြောင့် အဝေးပြေးလမ်း ၆၆၆ကို နာမည်ပြောင်းပေးခဲ့ပေမယ့်ဒီလိုဖြစ်ရပ်ဆန်းတွေက လျော့ကျမသွားခဲ့ပါဘူး။
အခုအချိန်မှာ ဒီလမ်းဟာ ကမ္ဘာ့တစ္ဆေအခြောက်ဆုံးနေရာတွေထဲမှာ ပါလာခဲ့ပြီး Highway to hell လို့ တောင် ခေါ်ဝေါ်နေကြပါပြီ။ ဒါပေမဲ့ ဒီနာမည်က အသစ်မဟုတ်ပါဘူး နာမည်ဟောင်းဖြစ်ပါတယ်။

လမ်းမ ၆၆၆ဟာရှေးပဝေဏသီကတည်းက လူသွားလမ်းဖြစ်ခဲ့ပြီး အင်ဒီးယန်းတွေခေတ်သာမက အမေရိကန်ပြည်တွင်းစစ်မှာ လှည်းလမ်းဖြစ်နေခဲ့ပြီး ၁၉၂၆ မှာမှ လမ်းဟောင်းကိုပြင်ပြီး အဝေးပြေးလမ်း လုပ်ခဲ့တာဖြစ်ပါတယ်။ ဟိုးအရင်ကတည်းက အင်ဒီးယန်းတွေက ဒီလမ်းကို ငရဲကိုသွားတဲ့လမ်း Way to hell လို့ သူတို့ဘာသာစကားနဲ့ ခေါ်ဆိုခဲ့ကြတာဖြစ်ပါတယ်။

Translated from Highway to hell by Linda Dunning

Elvis Maung

Leave a Reply