ေဆးထုိးသတ္ခံရေတာ့မယ့္ သနားစရာ ပုိလာ၀က္၀ံေလး အီႏူကာ

Posted on

စင္ကာပူ တိရိစာၦန္ရံုမွာေနတဲ့ Inuka အမည္ရွိ ပုိလာ ဝက္ဝံေလးတစ္ေကာင္အေၾကာင္း တင္ေပးဖုိ႔ေျပာလာတာေၾကာင့္ သုတဇုန္မိတ္ေဆြမ်ားအတြက္ ေရးသားေ၀မွ်လုိက္ရပါတယ္။

ဒီ ပုိလာဝက္ဝံေလးဟာဆုိရင္ စင္ကာပူႏိုင္ငံ တိရိစာၦန္ရံုထဲမွာရွိတဲ့ ေနာက္ဆုံးလက္က်န္ တစ္ေကာင္တည္းေသာ ပုိလာ၀က္၀ံေလးျဖစ္ပါတယ္။ အရမ္းေတာ္ ၊ အရမ္းတတ္တဲ့အတြက္ တိရစာၦန္ခ်စ္သူေတြရဲ႕ အခ်စ္ေတာ္လည္းျဖစ္သလုိ စင္ကာပူက လူသိအမ်ားဆုံးတိရစာၦန္ေလးလည္းျဖစ္ပါတယ္။ သူေမြးတုန္းက ဆုိ သူနာမည္ကိုေရြးေပးဖုိ႔ နာမည္ေရြးၿပဳိင္ပြဲေတြေတာင္လုပ္ခဲ့ပါတယ္။ ကမာၻတစ္၀န္းကလည္း ႏွစ္သက္ရာနာမည္အသီးသီးကို ပို႔ခဲ့ၾကပါတယ္။ အဲဒီထဲကမွ အႀကိမ္ေပါင္း၁ေသာင္းေက်ာ္ေရြးေပးၾကတဲ့ Inuka ဆိုတဲ့ နာမည္ကုိေရြးၿပီး ေပးလုိက္ၾကတာပဲျဖစ္ပါတယ္။

အခုဆုိရင္ သူဟာက်န္းမာေရးမေကာင္းျဖစ္ေနပါတယ္။ သူ႕ရဲ႕က်န္းမာေရးေဆးစစ္ခ်က္ေတြကုိ ဒီလထဲမွာထုတ္ျပန္ေၾကညာမွာျဖစ္တယ္လုိ႔လဲ WRS (Wildlife Reserves Singapore) က ဧၿပီ ၁၂ရက္ေန႔ (ၾကာသာပေတးေန႔) က ေျပာၾကားခဲ့ပါတယ္။

ဝက္ဝံေလးရဲ႕အသက္ဟာ ၂၇ႏွစ္ရွိၿပီျဖစ္ၿပီး သူဟာ အပူပုိင္းေဒသမွာ ပထမဆုံးေမြးဖြားခဲ့တဲ့ ပုိလာ၀က္၀ံေလးျဖစ္ပါတယ္။ အခုဆုိရင္ သူဟာ အဆစ္ေရာင္ေရာဂါ၊ သြားႏွင့္ပတ္သက္ေသာ ေရာဂါမ်ား၊ နားေရာဂါကူးစက္ခံရမႈေတြေၾကာင့္ သူ႕ရဲ႕ေနာက္ေျခေထာက္ေတြေရြ႕လ်ားမႈက ပံုမွန္မဟုတ္ေတာ့ပါဘူး။ အဲဒီအက်ိဳးဆက္အေနနဲ႔ သူ႕ရဲ႕ ေျခဖဝါး လက္ဖဝါးေလးေတြမွာ ပြန္းပဲ႔ဒဏ္ရာေတြျဖစ္လာခဲ့ပါတယ္။ အသက္အရြယ္ေၾကာင့္ ၾကြက္သားေတြအားနည္းလာတာေၾကာင့္ျဖစ္ႏုိင္ပါတယ္။

ပုိလာ၀က္၀ံေလး Inuka ကုိ ၁၉၉၀ ဒီဇင္ဘာ ၂၆ရက္ေန႔မွာ ေမြးဖြားခဲ့ၿပီး သူဟာ ပုံမွန္ပုိလာဝက္ဝံေတြရဲ႕ သက္တမ္းထက္ အသက္ထက္ပုိရွည္ခဲ့ပါတယ္။ ပုိလာ၀က္၀ံရုိင္းေတြရဲ႕ ပ်မ္းမွ်သက္သက္တမ္းဟာ ၁၅ ႏွစ္ကေန ၁၈ႏွစ္သာ ျဖစ္ၿပီး လူသားေတြရဲ႕ ဂရုတစုိက္ထိိမ္းသိမ္းမႈကုိခံရတဲ့ ပုိလာ၀က္၀ံေတြကေတာ့ ၂၅ႏွစ္ ၀န္းက်င္အထိ သက္တမ္းရွိပါတယ္။ Inuka ရဲ႕ဖခင္ Nanook ကေတာ့ ကေနဒါႏုိင္ငံကေန ေရာက္ရွိလာတာျဖစ္ၿပီး သူ႔မိခင္ Sheba ကေတာ့ ဂ်ာမဏီကေနေရာက္လာတဲ့ ပုိလာ၀က္၀ံေတြျဖစ္ၾကပါတယ္။ ေမြးကင္းစမွာ ၄၅၀ ဂရမ္သာရွိေပမယ့္ ၂၀၁၇ မွာေတာ့ Inuka ရဲ႕အေလးခ်ိန္ဟာ ၅၁၃ ကီလုိဂရမ္ ရွိလာခဲ့ၿပီး အရပ္အျမင့္ကေတာ့ ၈ေပ ၀န္းက်င္ရွိပါတယ္။

Inuka တစ္ႏွစ္သားအရြယ္က မိခင္ျဖစ္သူနဲ႔အတူ

လက္ရွိမွာေတာ့ မက်န္းမမာျဖစ္ေနတဲ့ ၀က္၀ံေလးကုိ ေန႔စဥ္ အစားအေသာက္ေတြဂရုတစုိက္ေကြ်းေမြးျခင္း၊ သူ႔ရဲ႕ေျခေထာက္ေတြအတြက္ ထိေရာက္တဲ့ ကုထံုးေတြနဲ႔ကုသျခင္းမ်ား အျပင္ အကုိက္ခဲေပ်ာက္ေဆးေတြ ပဋိဇီဝေဆးဝါးေတြနဲ႔ ကုသေနၾကပါတယ္။ ဒုတိယအႀကိမ္အေနနဲ႔ ပုိမုိတိက်တဲ့ ရလဒ္အတြက္ ဧၿပီလကုန္ေလာက္မွာ စစ္ေဆးမႈ ထပ္လုပ္ဖုိ႕ရွိပါတယ္။ တကယ္လုိ႕ က်န္းမာေရးအေျခအေနတုိးတက္ေကာင္းမြန္လာတာ မေတြ႕ရရင္ေတာ့ ခက္ခဲတဲ့ဆံုးျဖတ္ခ်က္တစ္ခုခ်ရေတာ့မယ္လုိ႔ WRS ကဆုိပါတယ္။ ဒါကေတာ့ နာက်င္မႈ မရွိေစပဲ ေဆးထုိးၿပီးသတ္လုိက္ပစ္လုိက္ဖုိ႔ ျဖစ္ပါတယ္။

၀က္၀ံေလးဟာ လြန္ခဲ့တဲ့ ၃လေလာက္ကတည္းက တက္ၾကြလန္းဆန္းမႈ မရွိသေလာက္ျဖစ္ေနခဲ့ၿပီး အခုဆုိရင္ေတာ့ မလႈပ္ရွားေတာ့ပဲ အၿမဲလုိလုိ ၿငိမ္ေနပါေတာ့တယ္။ ေရလည္း သိပ္မကူးေတာ့သလုိ ေနစဥ္လုပ္ငန္းေဆာင္တာေတြကုိလည္း မလုပ္ေတာ့ပါဘူး။ ေရထဲမွာ ေဘာလံုးကြင္းေတြနဲ႕ကစားတာတုိ႔ ေရခဲတံုးေတြထဲထည့္ထားေပးတဲ့ သူ႕အႀကိဳက္ဆံုးအစားအစာေတြကိုေတာင္ စိတ္မ၀င္စားေတာ့တာေတြ႕ရပါတယ္တဲ့။

အခုေလာေလာဆယ္ေတာ့ polar bear interaction sessions ကေန စိတ္မေကာင္းစရာအစီစဥ္ကုိ ေခတၱရပ္ဆုိင္းထားၿပီး Inuka ကုိေပ်ာ္ေပ်ာ္ရႊင္ရႊႊင္နဲ႔ေနႏုိင္ေအာင္ အတတ္ႏုိင္ဆုံးႀကဳိးစားေပးလွ်က္ရွိပါတယ္။ သူ႕ကုိခ်စ္တဲ့ တိရစာၦန္ခ်စ္သူေတြကုိလည္း သူရွိရာ စင္ကာပူ တိရိစာၦန္ရံုကုိ လာလည္ခြင့္ေပးထားေသးတယ္လုိ႕ဆုိပါတယ္။ တိရစာၦန္ခ်စ္သူေတြကေတာ့ အေအးအလြန္ႀကဳိက္တဲ့ ပုိလာ၀က္၀ံေတြကို အပူပုိင္းရာသီဥတုမွာထားတာဟာ အလြန္ရက္စက္ရာက်ေၾကာင္း နဲ႔ ေနာက္ထပ္ဘယ္ပုိလာ၀က္၀ံကုိမွ စင္ကာပူကုိ ယူေဆာင္လာျခင္းမျပဳဖုိ႔ တုိက္တြန္းလွ်က္ရွိပါတယ္။

VIDEO

Ref:
Channel News Aisa
Wikipedia


ဆေးထိုးသတ်ခံရတော့မယ့် နောက်ဆုံး ပိုလာဝက်ဝံလေး အီနူကာ (unicode)

စင်ကာပူ တိရိစ္ဆာန်ရုံမှာနေတဲ့ Inuka အမည်ရှိ ပိုလာ ဝက်ဝံလေးတစ်ကောင်အကြောင်း တင်ပေးဖို့ပြောလာတာကြောင့် သုတဇုန်မိတ်ဆွေများအတွက် ရေးသားဝေမျှလိုက်ရပါတယ်။

ဒီ ပိုလာဝက်ဝံလေးဟာဆိုရင် စင်ကာပူနိုင်ငံ တိရိစ္ဆာန်ရုံထဲမှာရှိတဲ့ တစ်ကောင်တည်းသော ပိုလာဝက်ဝံလေးဖြစ်ပါတယ်။ အရမ်းတော် ၊ အရမ်းတတ်တဲ့အတွက် တိရစ္ဆာန်ချစ်သူတွေရဲ့ အချစ်တော်လည်းဖြစ်သလို စင်ကာပူက လူသိအများဆုံးတိရစ္ဆာန်လေးလည်းဖြစ်ပါတယ်။ သူမွေးတုန်းက ဆို သူနာမည်ကိုရွေးပေးဖို့ နာမည်ရွေးပြိုင်ပွဲတွေတောင်လုပ်ခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းကလည်း နှစ်သက်ရာနာမည်အသီးသီးကို ပို့ခဲ့ကြပါတယ်။ အဲဒီထဲကမှ အကြိမ်ပေါင်း၁သောင်းကျော်ရွေးပေးကြတဲ့ Inuka ဆိုတဲ့ နာမည်ကိုရွေးပြီး ပေးလိုက်ကြတာပဲဖြစ်ပါတယ်။

အခုဆိုရင် သူဟာကျန်းမာရေးမကောင်းဖြစ်နေပါတယ်။ သူ့ရဲ့ကျန်းမာရေးဆေးစစ်ချက်တွေကို ဒီလထဲမှာထုတ်ပြန်ကြေညာမှာဖြစ်တယ်လို့လဲ WRS (Wildlife Reserves Singapore) က ဧပြီ ၁၂ရက်နေ့ (ကြာသာပတေးနေ့) က ပြောကြားခဲ့ပါတယ်။

ဝက်ဝံလေးရဲ့အသက်ဟာ ၂၇နှစ်ရှိပြီဖြစ်ပြီး သူဟာ အပူပိုင်းဒေသမှာ ပထမဆုံးမွေးဖွားခဲ့တဲ့ ပိုလာဝက်ဝံလေးဖြစ်ပါတယ်။ အခုဆိုရင် သူဟာ အဆစ်ရောင်ရောဂါ၊ သွားနှင့်ပတ်သက်သော ရောဂါများ၊ နားရောဂါကူးစက်ခံရမှုတွေကြောင့် သူ့ရဲ့နောက်ခြေထောက်တွေရွေ့လျားမှုက ပုံမှန်မဟုတ်တော့ပါဘူး။ အဲဒီအကျိုးဆက်အနေနဲ့ သူ့ရဲ့ ခြေဖဝါး လက်ဖဝါးလေးတွေမှာ ပွန်းပဲ့ဒဏ်ရာတွေဖြစ်လာခဲ့ပါတယ်။ အသက်အရွယ်ကြောင့် ကြွက်သားတွေအားနည်းလာတာကြောင့်ဖြစ်နိုင်ပါတယ်။

ပိုလာဝက်ဝံလေး Inuka ကို ၁၉၉၀ ဒီဇင်ဘာ ၂၆ရက်နေ့မှာ မွေးဖွားခဲ့ပြီး သူဟာ ပုံမှန်ပိုလာဝက်ဝံတွေရဲ့ သက်တမ်းထက် အသက်ထက်ပိုရှည်ခဲ့ပါတယ်။ ပိုလာဝက်ဝံတွေရဲ့ ပျမ်းမျှသက်သက်တမ်းဟာ ၁၅ နှစ်ကနေ ၁၈နှစ်သာ ဖြစ်ပြီး ပိုအသက်ရှည်တဲ့ ပိုလာဝက်ဝံအနည်းငယ်ကတော့ ၂၅နှစ် ဝန်းကျင်အထိ သက်တမ်းရှိပါတယ်။ Inuka ရဲ့ဖခင် Nanook ကတော့ ကနေဒါနိုင်ငံကနေ ရောက်ရှိလာတာဖြစ်ပြီး သူ့မိခင် Sheba ကတော့ ဂျာမဏီကနေရောက်လာတဲ့ ပိုလာဝက်ဝံတွေဖြစ်ကြပါတယ်။ မွေးကင်းစမှာ ၄၅၀ ဂရမ်သာရှိပေမယ့် ၂၀၁၇ မှာတော့ Inuka ရဲ့အလေးချိန်ဟာ ၅၁၃ ကီလိုဂရမ် ရှိလာခဲ့ပြီး အရပ်အမြင့်ကတော့ ၈ပေ ဝန်းကျင်ရှိပါတယ်။

လက်ရှိမှာတော့ မကျန်းမမာဖြစ်နေတဲ့ ဝက်ဝံလေးကို နေ့စဉ် အစားအသောက်တွေဂရုတစိုက်ကျွေးမွေးခြင်း၊ သူ့ရဲ့ခြေထောက်တွေအတွက် ထိရောက်တဲ့ ကုထုံးတွေနဲ့ကုသခြင်းများ အပြင် အကိုက်ခဲပျောက်ဆေးတွေ ပဋိဇီဝဆေးဝါးတွေနဲ့ ကုသနေကြပါတယ်။ ဒုတိယအကြိမ်အနေနဲ့ ပိုမိုတိကျတဲ့ ရလဒ်အတွက် ဧပြီလကုန်လောက်မှာ စစ်ဆေးမှု ထပ်လုပ်ဖို့ရှိပါတယ်။ တကယ်လို့ ကျန်းမာရေးအခြေအနေတိုးတက်ကောင်းမွန်လာတာ မတွေ့ရရင်တော့ ခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုချရတော့မယ်လို့ WRS ကဆိုပါတယ်။ ဒါကတော့ နာကျင်မှု မရှိစေပဲ ဆေးထိုးပြီးသတ်လိုက်ပစ်လိုက်ဖို့ ဖြစ်ပါတယ်။

ဝက်ဝံလေးဟာ လွန်ခဲ့တဲ့ ၃လလောက်ကတည်းက တက်ကြွလန်းဆန်းမှု မရှိသလောက်ဖြစ်နေခဲ့ပြီး အခုဆိုရင်တော့ မလှုပ်ရှားတော့ပဲ အမြဲလိုလို ငြိမ်နေပါတော့တယ်။ ရေလည်း သိပ်မကူးတော့သလို နေစဉ်လုပ်ငန်းဆောင်တာတွေကိုလည်း မလုပ်တော့ပါဘူး။ ရေထဲမှာ ဘောလုံးကွင်းတွေနဲ့ကစားတာတို့ ရေခဲတုံးတွေထဲထည့်ထားပေးတဲ့ သူ့အကြိုက်ဆုံးအစားအစာတွေကိုတောင် စိတ်မဝင်စားတော့တာတွေ့ရပါတယ်တဲ့။

အခုလောလောဆယ်တော့ polar bear interaction sessions ကနေ စိတ်မကောင်းစရာအစီစဉ်ကို ခေတ္တရပ်ဆိုင်းထားပြီး Inuka ကိုပျော်ပျော်ရွှင်ရွှင်နဲ့နေနိုင်အောင် အတတ်နိုင်ဆုံးကြိုးစားပေးလျှက်ရှိပါတယ်။ သူ့ကိုချစ်တဲ့ တိရစ္ဆာန်ချစ်သူတွေကိုလည်း သူရှိရာ စင်ကာပူ တိရိစ္ဆာန်ရုံကို လာလည်ခွင့်ပေးထားသေးတယ်လို့ဆိုပါတယ်။ တိရစ္ဆာန်ချစ်သူတွေကတော့ အအေးအလွန်ကြိုက်တဲ့ ပိုလာဝက်ဝံတွေကို အပူပိုင်းရာသီဥတုမှာထားတာဟာ အလွန်ရက်စက်ရာကျကြောင်း နဲ့ နောက်ထပ်ဘယ်ပိုလာဝက်ဝံကိုမှ စင်ကာပူကို ယူဆောင်လာခြင်းမပြုဖို့ တိုက်တွန်းလျှက်ရှိပါတယ်။

Leave a Reply