အရက္ရဲ႕ သမုိင္္းေၾကာင္း ႏွင့္ သိထားသင့္တဲ့အခ်က္တခ်ဳိ႕

Posted on

ဘိန္းမွာ ခရစ္ႏွစ္ ၁၈၀ဝ မတိုင္မီက ေပၚေပါက္လာခဲ့ေသာ္လည္း၊ အရက္မွာ ခုႏွစ္ေရတြက္၍ မရေလာက္ေအာင္ အလြန္ေရွးက်သည့္ ကာလကတည္းက ေပၚေပါက္လာခဲ့သည္။

အရက္သည္ ဓာတုေဗဒအေခၚအေဝၚအားျဖင့္ အီသိုင္းအယ္လ္ကိုေဟာ (Ethyl Alcohol) သို႔မဟုတ္ အက္သေနာ(Ethanol) ျဖစ္ၿပီး ယစ္မ်ိဳးဥပေဒအရ အရက္စစ္ အီသိုင္းအယ္လ္ကိုေဟာ အေလးခ်ိန္ႏွင့္ ထုထည္အခ်ိဳး (၂ mg%)ႏႈန္းထက္ ပိုမိုပါဝင္ေသာ အရည္ကို အရက္ဟု သတ္မွတ္ထားသည္။ အရက္ကို အၾကမ္းအားျဖင့္ ဘီယာအုပ္စု(Beer)၊ ဝိုင္အုပ္စု(Wine)ႏွင့္ အျပင္းစားအရက္အုပ္စု(Spirit or Strong)ဟူ၍ ေခၚဆိုသည္။

ဘီယာအုပ္စုတြင္ မ်ားေသာအာျဖင့္ အရက္စစ္စစ္ (Pure Alcohol) အေလးခ်ိန္ႏွင့္ ထုထည္အခ်ိဳး ၃ mg% မွေန၍ ၁၀ mg% အထိပါဝင္ၿပီး ဝိုင္အုပ္စုတြင္ ၉ mg% မွေန၍ ၁၅ mg% အထိ၊ အျပင္းစားအရက္အုပ္စုမ်ားတြင္ ၃၀ mg% ႏွင့္အထက္ အသီးသီး ပါရွိၾကသည္။ ဝိုင္အုပ္စုမွ ထုတ္လုပ္သည့္ အသီးအႏွံအေပၚမူတည္ၿပီး စပ်စ္ဝိုင္၊ ပန္းသီးဝိုင္၊ နာနတ္ဝိုင္ စသျဖင့္ ေခၚေဝၚၾကသည္။ အျပင္းစာအရက္မ်ားတြင္ ဝီစကီ၊ ဘရန္ဒီ၊ ဂ်င္၊ ရမ္ စသည္တို႔ ပါဝင္ၾကသည္။ ထန္းရည္၊ ဓနိရည္မ်ားပင္လၽွင္ အယ္လ္ကိုေဟာ ၂ mg% အထက္ပါဝင္ပါက အရက္ဟု သတ္မွတ္ႏိုင္သည္။ ဘီယာသည္ အရက္ပင္ ျဖစ္သည္။

ပိဋကတ္က်မ္းေတာ္လာ အရက္၏ အစ

ေရွးသေရာအခါ ဗာရာဏသီျပည္၌ သဗၺမိတၱမင္းႀကီး မင္းျပဳစဥ္က ကာသိတိုင္းသား(သူရာ)အမည္ရွိေသာမုဆိုး တစ္ေယာက္သည္ ဟိမဝႏၲာေတာ၌ အမဲပစ္ရန္ အသြား ေတာင္ေျခ၌ အကိုင္းသုံးခြရွိေသာ သစ္ပင္ႀကီးတစ္ပင္၏ အကိုင္းခြဆုံနား၌ ငွက္တို႔သည္အရက္ကို ေသာက္ၿပီးျမဴးတူးေပ်ာ္ပါးကာ ဟစ္ေအာ္ေႂကြးေၾကာ္ၾက၏။ ထို႔ေနာက္ ေအာက္သို႔ျပဳတ္က်လ်က္ အေသကဲ့သို႔ျဖစ္ေလ၏။ အတန္ငယ္ၾကာလၽွင္ တဖန္ျပန္တက္ၿပီး ထိုအရည္ကိုေသာက္ၾက ကုန္၏။ ဤသို႔အတန္တန္ ျမဴးတူးၾကသည္ကိုျမင္သျဖင့္ မုဆိုးကတက္၍ ၾကည့္ရာသစ္ခြတြင္မိုးတြင္းေရက်၍ အနီးအပါးမွ ဇီးျဖဴ၊သၽွိသၽွား၊ဖန္ခါးသီးတို႔ကိုလည္းေကာင္း၊ သေလးစပါးတို႔ကိုလည္းေကာင္း၊ ငွက္တို႔ယူေဆာင္ကာ ထိုသစ္ခြ၌စား၍ စားႂကြင္းမ်ား သစ္ခြတြင္းသို႔က်သျဖင့္ ေႏြအခါ၌ ဆူးေပါက္၍ အရက္ျဖစ္ေနသည္ကိုျမင္သျဖင့္ ေသာက္ၾကည့္ ေလ၏။

ထို႔ေနာက္ မူးယစ္လာကာ သစ္ပင္ေအာက္၌ မူးသျဖင့္ အိပ္ေပ်ာ္ေနၾကေသာ ငွက္တို႔ကိုသတ္၍ မီးကင္ကာစား၏။ ေသရည္ကိုလည္း အဖန္ဖန္ေသာက္၏။ ဤသို႔အားျဖင့္ မူးယစ္ကာ အိပ္၏။ ထို႔ေနာက္အနီးရွိ ဂ႐ုဏရေသ့ထံ ေသရည္ႏွင့္အမဲကင္တို႔ကိုယူသြားကာ ႏွစ္ဦးသား ေသာက္စားမူးယစ္ၾကေလ၏။ ယင္းေနာက္ ထိုအရည္ကို ဝါးက်ည္ေတာက္တို႔ျဖင့္ထမ္း၍ ပစၥႏၲရာဇ္မင္းအား ဆက္သရာ တစ္ၿမိဳ႕လုံးအရက္ ေသာက္သျဖင့္ပ်က္ေလ၏။

ေတာ၌အရက္ကုန္သျဖင့္ အိုးႀကီးအိုးငယ္တို႔ျဖင့္ ခ်က္ၾကေလ၏။ ထိုအခါမွစ၍ အရက္ခ်က္ျခင္း၊ အရက္ေသာက္ျခင္း ေပၚေပါက္လာေလသည္။ ထိုေသရည္ကိုလည္း သူရာဟူ၍လည္းေကာင္း၊ ဂ႐ုဏဟူ၍လည္းေကာင္း ေခၚေလ၏။ မင္းလည္း ေသအိုးအနီး၌ ႂကြက္မ်ား မေသာက္ေစရန္ေၾကာင္တို႔ကို ခ်ည္ထားကာ ႀကီးစြာေသာ မ႑ပ္ကိုျပဳ၍ ေသေသာက္သဘင္ က်င္းပအံ့ဟု တစ္ၿမိဳ႕လုံး စည္ေမာင္းလည္ေစ၏။ ေၾကာင္တို႔လည္း ေသအိုးမွ အျမႇဳပ္တို႔ေဝက်သည္ကို ေသာက္သျဖင့္ အေသကဲ့သို႔အိပ္ေလ၏။ ႂကြက္တို႔လာ၍ေၾကာင္တို႔၏ နား႐ြက္အၿမီးတို႔ကို စားၾကေလ၏။

အမတ္တို႔ျမင္လၽွင္ ေသရည္မဟုတ္၊ အဆိပ္ဟုေလၽွာက္သျဖင့္ သူရာမုဆိုးႏွင့္ ဂ႐ုဏရေသ့တို႔အား သတ္ေလ၏။ ထို႔ေနာက္ ေၾကာင္တို႔အမူးျပယ္မွ အရက္ျဖစ္ေၾကာင္းသိ သျဖင့္ ေသာက္ရန္ျပင္ၾကေလ၏။ သိၾကားမင္းလည္း ေလာကႀကီး ပ်က္စီးေတာ့မည္ကို ျမင္သျဖင့္ လာေရာက္ဆုံးမကာ အရက္အိုးတို႔ကို ႐ိုက္ခြဲေစ၏။ “ေလာကႀကီးအား ပ်က္စီးေစေသာ ေသအရက္ကို ေသာက္စားျခင္းမွ ေရွာင္ၾကေလာ့”ဟု ဆုံးမကာနတ္ျပည္သို႔ ျပန္ေလ၏။ ေသအရက္ကို မင္းႏွင့္တကြ တစ္ျပည္လုံးေရွာင္ၾကဥ္သျဖင့္ ခ်မ္းသာရာကိုရၾကေလ၏။

ပိဋကတ္က်မ္းေတာ္လာ အရက္မ်ိဳး ၅-ပါး

လူမျပဳေသာ္လည္း အလိုအေလ်ာက္ျဖစ္ေနတတ္ေသာ ေမရယေခၚအရက္မ်ိဳးငါးပါး။

၁။ ပုပၹါသဝ- သစ္ပြင့္ရည္မွျဖစ္ေသာအရက္၊
၂။ ဖလာသဝ-သစ္သီးရည္မွျဖစ္ေသာအရက္၊

၃။ မဓြာသဝ-မုဒရက္ရည္မွ ျဖစ္ေသာအရက္၊
၄။ ဂုဠာသဝ-ႀကံရည္မွျဖစ္ေသာအရက္၊
၅။ သမၻာရသံယုတၱ- အရက္ျဖစ္ေၾကာင္း ဝတၳဳေပါင္းတို႔စုေပါင္း၍ ျဖစ္ေသာအရက္။

ကမာၻ႔သမုိင္းထဲက အရက္

ကမာၻ႔သမုိင္းတြင္မူ ကေစာ္ဓာတ္ရေသာ သစ္ဥသစ္ဖု သစ္ရြက္ ၊ ပ်ားရည္တုိ႔ျဖင့္ ျပဳလုပ္ေသာ အေဖ်ာ္ယမကာမ်ားကို အီဂ်စ္သမုိင္းေခတ္ဦးတြင္ စတင္ေသာက္သုံးခဲ့ၾကသည္။ တရုတ္ႏုိင္ငံတြင္မူ ဘီစီ ၇၀၀၀ ခန္႔ကတည္းက အရက္ကုိေသာက္သုံးေနၿပီျဖစ္သည္။ အိႏၵိယကမူ sura ဟုေခၚေသာ ဆန္အရက္တစ္မ်ဳိးသည္ ဘီစီ ၃၀၀၀ ႏွင့္ ၂၀၀၀ ၾကား တြင္ေပၚေပါက္ႏွင့္ေနၿပီျဖစ္သည္။ ေဘဘီလုံသားေတြကမူ ဘီစီ ၂၇၀၀ ခန္႔ကတည္းက ၀ုိင္ဘုရားမကုိ ကုိးကြယ္ခဲ့ၾကသည္။ ယေန႔အရက္ႏွင့္ ဆင္ေသာ အရည္တစ္မ်ဳိးကို သစ္ဦးသစ္ဖု ၊ ပ်ားရည္ ႏွင့္ ေရတုိ႔ကုိ ေပါင္းစပ္ထုတ္လုပ္ခဲ့ၾကသည္ ဟု ေရွးေဟာင္းဂရိစာေပမ်ားတြင္ပါရွိသည္။ ထုိ႔ေၾကာင့္ အရက္အမ်ဳိးအစားတုိ႔မတူညီေသာ္လည္း ကမာၻေပၚတြင္ အရက္ေပၚေပါက္လာခဲ့သည္မွာ ႏွစ္ေထာင္ေပါင္းမ်ားစြာ ရွိႏွင့္ေနၿပီဟု ဆုိႏုိင္သည္။

အရက္ေၾကာင့္ ျဖစ္ေစတတ္ေသာ ေရာဂါမ်ား

ပမာဏမ်ားလြန္း၍ အရက္မူးလြန္လၽွင္ အသက္အႏၲရာယ္ ထိခိုက္ႏိုင္ပါသည္။ အရက္အလြန္အကၽြံေသာက္လာလၽွင္ ဗီတာမင္ဓာတ္မ်ား( အထူးသျဖင့္ ဘီအုပ္စု ) ခ်ိဳ႕တဲ့ၿပီး အာ႐ုံေၾကာင္မ်ား ထုံၾကည္ေရာဂါ(Polyneuritis)၊ (Wernickle’s Encephalopathy) ဟုေခၚသည့္ ဦးေႏွာက္ခ်ိဳ႕ယြင္းမႈ ျဖစ္ႏိုင္ၿပီး ပိုဆိုးလၽွင္ (Korsakoff Psychosis) ဟုေခၚသည့္ စိတ္ေရာဂါ ရသည္အထိ ျဖစ္ပြားႏိုင္ပါသည္။

အဲဒီအျပင္ အရက္ကို အလြန္အကၽြံေသာက္သုံးျခင္းက အစာအိမ္နာရဲ႕ ေနာက္ဆက္တဲ့ ဆိုးက်ိဳးေတြျဖစ္တဲ့ ေသြးယိုျခင္းကိုလည္း ျဖစ္ေစပါသည္။

အရက္သည္ အသည္းကိုလည္း အဓိက ဒုကၡေပးသည္။ အသည္းသည္ ခႏၶာကိုယ္တြင္း ဝင္လာသမၽွ အဆိပ္အေတာက္မွန္သမၽွကို အဆိတ္မျဖစ္ဖို႔ ေျခဖ်က္ေပးရေသာ ခံတပ္တစ္ခုျဖစ္သည္။ ဝင္လာေသာ အရက္မ်ားကို အသည္းက ခ်က္ေပးရဖန္မ်ားသည့္အခါ အသည္းေရာင္ျခင္း(Hepatitis)၊ အသည္းအဆီဖုံးျခင္း(Fatty Liver)၊ အသည္းႂကြပ္ျခင္း(Liver irrhosis) တို႔ျဖစ္ႏိုင္ပါသည္။ အသည္းႂကြပ္ေရာဂါ ျဖစ္ရာမွ အသည္ကင္ဆာအထိ လည္း ျဖစ္ပြားႏိုင္ပါသည္။

စနစ္တက်မျဖတ္လၽွင္ အရက္ငန္းဖမ္းျခင္း(Delirium Tremens) ျဖစ္ႏိုင္သည္။ အေသာက္မ်ားသူ၊ အသက္ႀကီးသူမ်ားႏွင့္ အျခားေရာဂါအခံရွိသူမ်ားအတြက္ အႏၲရာယ္ရွိ၍ အထူးဂ႐ုစိုက္သင့္သည္။ အရက္ၾကာရွည္ေသာက္လၽွင္ စိုးရိမ္လြန္ျခင္း(Anxiety)၊ အေၾကာက္လြန္ျခင္း(Phobia)၊ ပတ္ဝန္းက်င္ေပၚတြင္ လြဲမွားေသာ အယူအဆႏွင့္ ယုံၾကည္ခ်က္အစြဲမ်ား ျဖစ္ေပၚျခင္း(Alcoholic Delusion)၊အထူးသျဖင့္ ဇနီးမယာေပၚတြင္ မဟုတ္မမွန္ဘဲ အျခားသူတစ္ေယာက္ေယာက္ႏွင့္ သမုတ္ျခင္း(Morbid Jealousy)၊ စိတ္ႂကြေရာဂါျဖစ္ျခင္း(Hypomania/ mania)၊ စိတ္က်ေရာဂါျဖစ္ျခင္း(Depression)၊ စိတ္က်ေရာဂါျပင္းထန္ပါက မိမိကိုယ္ကို ထိခိုက္အနာတရျဖစ္ေအာင္လုပ္ျခင္း၊ အဆုံးစီရင္ျခင္း(Suicide)ႏွင့္ အရက္စိတၱဇျဖစ္ျခင္း(Alcoholic Psychosis) တို႔ျဖစ္ေပၚႏိုင္ပါသည္။ ထို႔ျပင္ မွတ္ဉာဏ္ခ်ိဳ႕ယြင္းၿပီး မိသားစုအသိုင္းအဝိုင္း ေနရာေဒသတို႔ကို မမွတ္မိ မသိရွိေတာ့သျဖင့္ သူငယ္ျပန္သလို အရက္ေၾကာင့္ မွတ္ဉာဏ္ခ်ိဳ႕ယြင္းျခင္း(Alcoholic Dementia) ေရာဂါလည္း ရႏိုင္ပါသည္။

အရက္ႏွင့္ အမ်ိဳးသမီး

အမ်ိဳးသမီးေတြမွာ အမ်ိဳးသားမ်ားထက္စာရင္ ေရဓာတ္ထက္ အဆီဓာတ္မ်ားသည့္အတြက္ အရက္ျပင္းအားတူ၊ ပမာဏတူေသာက္လၽွင္ အမ်ိဳးသားေတြထက္ အမူးပိုလြယ္ပါသည္။ အသည္းလည္း ပိုထိခိုက္လြယ္သည္။ အရက္စြဲသူ အမ်ိဳးသမီးတစ္ေယာက္ ကိုယ္ဝန္ရွိလာမည္ဆိုလၽွင္ ကေလးငယ္မွာ (Fetal Alcohol Synnrome) ေရာဂါပါလာႏိုင္ပါသည္။ ၎တို႔မွာ ကေလးေသးေသးေမြးျခင္း၊ တစ္နည္းအားျဖင့္ ေပါင္မျပည့္ျခင္း၊ ႀကီးထြားမႈေႏွးျခင္း၊ မ်က္ႏွာႏွင့္ ေခါင္းတြင္ ေမြးရာပါခ်ိဳ႕ယြင္မႈမ်ားျဖစ္ျခင္း၊ ဉာဏ္ရည္မမီျခင္း၊ ခႏၶာကိုယ္ပိုင္း၊ စိတ္ပိုင္းႏွင့္ အျပဳအမူပိုင္းဆိုင္ရာ ေဖာက္ျပန္မႈမ်ိဳး ျဖစ္ႏိုင္ပါသည္။ ထို႔ေၾကာင္ အရက္သည္ သေႏၶသားအေပၚတြင္ တိုက္႐ိုက္ဆိုးက်ိဳး သက္ေရာက္မႈရွိသည္ကို ေတြ႕ရသည္။

အရက္အစိမ္းျဖတ္ျခင္းဆိုသည္မွာ အရက္ကို ေဆးမကူဘဲ၊ မေသာက္ေတာ့ဘဲ ျဖတ္ျခင္းကို ဆိုလိုသည္။ အရက္စြဲသူမ်ားတြင္ အသက္အ႐ြယ္ႀကီးသူ၊ အရက္ပမာဏမ်ားမ်ားေသာက္သူ၊ ေရာဂါအခံရွိသူ၊ အားနည္းခ်ည့္နဲ႔သူမ်ားသည္ ေဆး႐ုံေဆးခန္းမ်ား၌ ကုသသင့္သည္။ အထူးသျဖင့္ အတြင္းလူနာအေနျဖင့္ တက္ေရာက္ကုသမႈ ခံယူသင့္ပါသည္။ အခ်ိဳ႕ကလည္း အရက္ျဖတ္ၿပီး ေဆးဝါေတြေသာက္ေနတဲ့ အခ်ိန္ အရက္ျပန္ေသာက္မိလၽွင္ ေသတတ္သည္ဟုဆိုၿပီး အေၾကာင္းျပ အရက္မျဖတ္လိုၾကေခ်။ ဤသည္မွာ မွားယြင္းေသာအယူအဆျဖစ္သည္ဟု ဆရာဝန္မ်ားက ဆိုၾကသည္။

စိတ္ပိုင္းဆိုင္ရာကို ျပဳျပင္သည့္ေနရာတြင္ အရက္ျဖတ္ဖို႔ ႀကိဳးစားေန႔တဲ တစ္ခ်ိန္တည္းမွာပဲ အရက္ႏွင့္ နီးစပ္ေအာင္မေနျခင္း၊ အရက္ကို စြဲစြဲၿမဲၿမဲေသာက္သူမ်ားႏွင့္ သြားလာေပါင္းသင္းမႈ ဆင္ျခင္ျခင္း၊ ျဖစ္ႏိုင္ရန္ ေရွာင္ၾကဥ္ေနျခင္း၊ အရက္ပါေသာ ထမင္းစားပြဲ၊ ေပ်ာ္ပြဲ႐ႊင္ပြဲမ်ားကို ေရွာင္ျခင္း၊ အားကစားတစ္ခုခုကို အခ်ိန္မွန္မွန္ လိုက္စားျခင္း၊ အားလပ္သည့္အခ်ိန္တြင္ မိမိဝါသနာပါရာ စာဖတ္ျခင္း၊ သီးခ်င္းနားေထာင္ျခင္း၊ ႐ုပ္ရွင္ၾကည့္ျခင္းမ်ားအျပင္ ပန္းခ်ီဆြဲျခင္း၊ ဓာတ္ပုံ႐ိုက္ျခင္း၊ တံဆိပ္ေခါင္းစုျခင္း၊ လက္မႈပညာအလုပ္တစ္ခုခုကို လုပ္ျခင္း၊ ႏွစ္သက္ရာ အိမ္ေမြးတိရစၧာန္ငယ္မ်ားေမြးျခင္း စသည္တို႔ျပဳလုပ္ျခင္းျဖင့္ အခ်ိန္ကုန္ေစသင့္ပါသည္။ ဘာသာေရးအေနျဖင့္ သင့္ေတာ္သင့္အခ်ိန္တြင္ အခ်ိန္ေပး၍ တရားထိုင္ျခင္း၊ တရားစခန္းဝင္ျခင္းတို႔သည္မွာ စိတ္အမူအက်င့္ကို ျပဳျပင္ေျပာင္းလဲရာတြင္ ေကာင္းေသာနည္းလမ္းမ်ားျဖစ္ပါသည္။

အရက္ခ်က္လုပ္ပုံ

အရက္ခ်က္လုပ္ၾကရာ၌ ပစၥည္း အမ်ိဳးမ်ိဳးကို အသုံးျပဳၾကေသာ္လည္း မ်ားေသာအားျဖင့္ ခ်က္လုပ္နည္းမွာ အတူတူပင္ ျဖစ္သည္။ အရက္ဟုဆိုရာ၌ ေပါင္းခံေသာ နည္းျဖင့္ခ်က္ယူရရွိ၍ သတ္မွတ္ထားေသာ ပမာဏာထက္ အယ္လကိုေဟာ ပိုမိုပါရွိေသာ မူးယစ္ေဆးတတ္သည့္ အရည္အားလုံးကို ဆိုလိုေပသည္။ ထို ေၾကာင့္ ဗရန္ဒီ၊ ရမ္၊ ဝီစကီႏွင့္ စက္မႈလက္မႈသုံး အယ္လကိုေဟာအားလုံးသည္ အရက္ မ်ားပင္ ျဖစ္ၾကသည္။

ဝီစကီကို ခ်က္လုပ္ၾကရာတြင္ မုေယာစပါးကိုျဖစ္ေစ၊ ႐ိုင္း စပါးကိုျဖစ္ေစ၊ အုတ္ေခၚ ျမင္းစားဂ်ဳံကိုျဖစ္ေစ၊ သို႔မဟုတ္ ထို ဂ်ဳံသုံးမ်ိဳးစလုံးကို ေရာစပ္၍ျဖစ္ေစ အသုံးျပဳေလ့ရွိၾကသည္။ ထိုဂ်ဳံတစ္မ်ိဳးမ်ိဳးကို အေၫွာက္ ေပါက္လာေစရန္ ေရတြင္ စိမ္ၿပီးေနာက္ ရက္သတၱသုံးပတ္မၽွ ၾကာသည့္တိုင္ေအာင္ ၾကမ္း ေပၚတြင္ ျဖန္႔ထားရ ေလသည္။ ထိုေနာက္ စည္ႀကီးတစ္ခုထဲသို႔ ထည့္ၿပီးလၽွင္ ေရပူပူျဖင့္ ေခ်ေပးရ၏။ ေခ်ၿပီးေသာအခါ အေအးခံ၍ တေဆးႏွင့္ ကေဇာ္ေဖာက္ရသည္။ ထိုအခါ အယ္လကိုေဟာအရက္ကို ရရွိ၍ ထိုအယ္လကိုေဟာကို ေပါင္းခံနည္းျဖင့္ ခြဲထုတ္လိုက္ေသာအခါတြင္ ဝီစကီကို ရေလသည္။ ရမ္ခ်က္ရာတြင္ ႀကံရည္ကို ကေဇာ္ေဖာက္၍ ခ်က္ယူရသည္။ ဗရန္ဒီခ်က္ရာတြင္ ကေဇာ္ေဖာက္ရန္အတြက္ စပ်စ္ရည္ကို အသုံးျပဳၾကသည္။ ေရာင္းတမ္း အရက္မ်ားကို ခ်က္လုပ္ရာ၌ကား မုန္လာဥနီ၊ သို႔မဟုတ္ အားလူး၊ သို႔မဟုတ္ သစ္သားမ်ားကို အသုံးျပဳၾကသည္။

ကိုးကား
(တႎသနိပါတ္-ကုမၸဇာတ္)
ေၾကးမုံသတင္းစာ
ျမန္မာ့စြယ္စုံက်မ္း၊ အတြဲ(၁၄)


အရက်ရဲ့ သမိုင်းကြောင်း နှင့် သိထားသင့်တဲ့အချက်တချို့ (unicode)

ဘိန်းမှာ ခရစ်နှစ် ၁၈ဝဝ မတိုင်မီက ပေါ်ပေါက်လာခဲ့သော်လည်း၊ အရက်မှာ ခုနှစ်ရေတွက်၍ မရလောက်အောင် အလွန်ရှေးကျသည့် ကာလကတည်းက ပေါ်ပေါက်လာခဲ့သည်။

အရက်သည် ဓာတုဗေဒအခေါ်အဝေါ်အားဖြင့် အီသိုင်းအယ်လ်ကိုဟော (Ethyl Alcohol) သို့မဟုတ် အက်သနော(Ethanol) ဖြစ်ပြီး ယစ်မျိုးဥပဒေအရ အရက်စစ် အီသိုင်းအယ်လ်ကိုဟော အလေးချိန်နှင့် ထုထည်အချိုး (၂ mg%)နှုန်းထက် ပိုမိုပါဝင်သော အရည်ကို အရက်ဟု သတ်မှတ်ထားသည်။ အရက်ကို အကြမ်းအားဖြင့် ဘီယာအုပ်စု(Beer)၊ ဝိုင်အုပ်စု(Wine)နှင့် အပြင်းစားအရက်အုပ်စု(Spirit or Strong)ဟူ၍ ခေါ်ဆိုသည်။ ဘီယာအုပ်စုတွင် များသောအာဖြင့် အရက်စစ်စစ် (Pure Alcohol) အလေးချိန်နှင့် ထုထည်အချိုး ၃ mg% မှနေ၍ ၁၀ mg% အထိပါဝင်ပြီး ဝိုင်အုပ်စုတွင် ၉ mg% မှနေ၍ ၁၅ mg% အထိ၊ အပြင်းစားအရက်အုပ်စုများတွင် ၃၀ mg% နှင့်အထက် အသီးသီး ပါရှိကြသည်။ ဝိုင်အုပ်စုမှ ထုတ်လုပ်သည့် အသီးအနှံအပေါ်မူတည်ပြီး စပျစ်ဝိုင်၊ ပန်းသီးဝိုင်၊ နာနတ်ဝိုင် စသဖြင့် ခေါ်ဝေါ်ကြသည်။ အပြင်းစာအရက်များတွင် ဝီစကီ၊ ဘရန်ဒီ၊ ဂျင်၊ ရမ် စသည်တို့ ပါဝင်ကြသည်။ ထန်းရည်၊ ဓနိရည်များပင်လျှင် အယ်လ်ကိုဟော ၂ mg% အထက်ပါဝင်ပါက အရက်ဟု သတ်မှတ်နိုင်သည်။ ဘီယာသည် အရက်ပင် ဖြစ်သည်။

ပိဋကတ်ကျမ်းတော်လာ အရက်၏ အစ
ရှေးသရောအခါ ဗာရာဏသီပြည်၌ သဗ္ဗမိတ္တမင်းကြီး မင်းပြုစဉ်က ကာသိတိုင်းသား(သူရာ)အမည်ရှိသောမုဆိုး တစ်ယောက်သည် ဟိမဝန္တာတော၌ အမဲပစ်ရန် အသွား တောင်ခြေ၌ အကိုင်းသုံးခွရှိသော သစ်ပင်ကြီးတစ်ပင်၏ အကိုင်းခွဆုံနား၌ ငှက်တို့သည်အရက်ကို သောက်ပြီးမြူးတူးပျော်ပါးကာ ဟစ်အော်ကြွေးကြော်ကြ၏။ ထို့နောက် အောက်သို့ပြုတ်ကျလျက် အသေကဲ့သို့ဖြစ်လေ၏။ အတန်ငယ်ကြာလျှင် တဖန်ပြန်တက်ပြီး ထိုအရည်ကိုသောက်ကြ ကုန်၏။ ဤသို့အတန်တန် မြူးတူးကြသည်ကိုမြင်သဖြင့် မုဆိုးကတက်၍ ကြည့်ရာသစ်ခွတွင်မိုးတွင်းရေကျ၍ အနီးအပါးမှ ဇီးဖြူ၊သျှိသျှား၊ဖန်ခါးသီးတို့ကိုလည်းကောင်း၊ သလေးစပါးတို့ကိုလည်းကောင်း၊ ငှက်တို့ယူဆောင်ကာ ထိုသစ်ခွ၌စား၍ စားကြွင်းများ သစ်ခွတွင်းသို့ကျသဖြင့် နွေအခါ၌ ဆူးပေါက်၍ အရက်ဖြစ်နေသည်ကိုမြင်သဖြင့် သောက်ကြည့် လေ၏။

ထို့နောက် မူးယစ်လာကာ သစ်ပင်အောက်၌ မူးသဖြင့် အိပ်ပျော်နေကြသော ငှက်တို့ကိုသတ်၍ မီးကင်ကာစား၏။ သေရည်ကိုလည်း အဖန်ဖန်သောက်၏။ ဤသို့အားဖြင့် မူးယစ်ကာ အိပ်၏။ ထို့နောက်အနီးရှိ ဂရုဏရသေ့ထံ သေရည်နှင့်အမဲကင်တို့ကိုယူသွားကာ နှစ်ဦးသား သောက်စားမူးယစ်ကြလေ၏။ ယင်းနောက် ထိုအရည်ကို ဝါးကျည်တောက်တို့ဖြင့်ထမ်း၍ ပစ္စန္တရာဇ်မင်းအား ဆက်သရာ တစ်မြို့လုံးအရက် သောက်သဖြင့်ပျက်လေ၏။

တော၌အရက်ကုန်သဖြင့် အိုးကြီးအိုးငယ်တို့ဖြင့် ချက်ကြလေ၏။ ထိုအခါမှစ၍ အရက်ချက်ခြင်း၊ အရက်သောက်ခြင်း ပေါ်ပေါက်လာလေသည်။ ထိုသေရည်ကိုလည်း သူရာဟူ၍လည်းကောင်း၊ ဂရုဏဟူ၍လည်းကောင်း ခေါ်လေ၏။ မင်းလည်း သေအိုးအနီး၌ ကြွက်များ မသောက်စေရန်ကြောင်တို့ကို ချည်ထားကာ ကြီးစွာသော မဏ္ဍပ်ကိုပြု၍ သေသောက်သဘင် ကျင်းပအံ့ဟု တစ်မြို့လုံး စည်မောင်းလည်စေ၏။ ကြောင်တို့လည်း သေအိုးမှ အမြှုပ်တို့ဝေကျသည်ကို သောက်သဖြင့် အသေကဲ့သို့အိပ်လေ၏။ ကြွက်တို့လာ၍ကြောင်တို့၏ နားရွက်အမြီးတို့ကို စားကြလေ၏။ အမတ်တို့မြင်လျှင် သေရည်မဟုတ်၊ အဆိပ်ဟုလျှောက်သဖြင့် သူရာမုဆိုးနှင့် ဂရုဏရသေ့တို့အား သတ်လေ၏။ ထို့နောက် ကြောင်တို့အမူးပြယ်မှ အရက်ဖြစ်ကြောင်းသိ သဖြင့် သောက်ရန်ပြင်ကြလေ၏။ သိကြားမင်းလည်း လောကကြီး ပျက်စီးတော့မည်ကို မြင်သဖြင့် လာရောက်ဆုံးမကာ အရက်အိုးတို့ကို ရိုက်ခွဲစေ၏။ “လောကကြီးအား ပျက်စီးစေသော သေအရက်ကို သောက်စားခြင်းမှ ရှောင်ကြလော့”ဟု ဆုံးမကာနတ်ပြည်သို့ ပြန်လေ၏။ သေအရက်ကို မင်းနှင့်တကွ တစ်ပြည်လုံးရှောင်ကြဉ်သဖြင့် ချမ်းသာရာကိုရကြလေ၏။

ပိဋကတ်ကျမ်းတော်လာ အရက်မျိုး ၅-ပါး

လူမပြုသော်လည်း အလိုအလျောက်ဖြစ်နေတတ်သော မေရယခေါ်အရက်မျိုးငါးပါး။

ပုပ္ဖါသဝ- သစ်ပွင့်ရည်မှဖြစ်သောအရက်၊
ဖလာသဝ-သစ်သီးရည်မှဖြစ်သောအရက်၊

မဓွာသဝ-မုဒရက်ရည်မှ ဖြစ်သောအရက်၊
ဂုဠာသဝ-ကြံရည်မှဖြစ်သောအရက်၊
သမ္ဘာရသံယုတ္တ- အရက်ဖြစ်ကြောင်း ဝတ္ထုပေါင်းတို့စုပေါင်း၍ ဖြစ်သောအရက်။

ကမ္ဘာ့သမိုင်းထဲက အရက်

ကမ္ဘာ့သမိုင်းတွင်မူ ကစော်ဓာတ်ရသော သစ်ဥသစ်ဖု သစ်ရွက် ၊ ပျားရည်တို့ဖြင့် ပြုလုပ်သော အဖျော်ယမကာများကို အီဂျစ်သမိုင်းခေတ်ဦးတွင် စတင်သောက်သုံးခဲ့ကြသည်။ တရုတ်နိုင်ငံတွင်မူ ဘီစီ ၇၀၀၀ ခန့်ကတည်းက အရက်ကိုသောက်သုံးနေပြီဖြစ်သည်။ အိန္ဒိယကမူ sura ဟုခေါ်သော ဆန်အရက်တစ်မျိုးသည် ဘီစီ ၃၀၀၀ နှင့် ၂၀၀၀ ကြား တွင်ပေါ်ပေါက်နှင့်နေပြီဖြစ်သည်။ ဘေဘီလုံသားတွေကမူ ဘီစီ ၂၇၀၀ ခန့်ကတည်းက ဝိုင်ဘုရားမကို ကိုးကွယ်ခဲ့ကြသည်။ ယနေ့အရက်နှင့် ဆင်သော အရည်တစ်မျိုးကို သစ်ဦးသစ်ဖု ၊ ပျားရည် နှင့် ရေတို့ကို ပေါင်းစပ်ထုတ်လုပ်ခဲ့ကြသည် ဟု ရှေးဟောင်းဂရိစာပေများတွင်ပါရှိသည်။ ထို့ကြောင့် အရက်အမျိုးအစားတို့မတူညီသော်လည်း ကမ္ဘာပေါ်တွင် အရက်ပေါ်ပေါက်လာခဲ့သည်မှာ နှစ်ထောင်ပေါင်းများစွာ ရှိနှင့်နေပြီဟု ဆိုနိုင်သည်။

အရက်ကြောင့် ဖြစ်စေတတ်သော ရောဂါများ

ပမာဏများလွန်း၍ အရက်မူးလွန်လျှင် အသက်အန္တရာယ် ထိခိုက်နိုင်ပါသည်။ အရက်အလွန်အကျွံသောက်လာလျှင် ဗီတာမင်ဓာတ်များ( အထူးသဖြင့် ဘီအုပ်စု ) ချို့တဲ့ပြီး အာရုံကြောင်များ ထုံကြည်ရောဂါ(Polyneuritis)၊ (Wernickle’s Encephalopathy) ဟုခေါ်သည့် ဦးနှောက်ချို့ယွင်းမှု ဖြစ်နိုင်ပြီး ပိုဆိုးလျှင် (Korsakoff Psychosis) ဟုခေါ်သည့် စိတ်ရောဂါ ရသည်အထိ ဖြစ်ပွားနိုင်ပါသည်။

အဲဒီအပြင် အရက်ကို အလွန်အကျွံသောက်သုံးခြင်းက အစာအိမ်နာရဲ့ နောက်ဆက်တဲ့ ဆိုးကျိုးတွေဖြစ်တဲ့ သွေးယိုခြင်းကိုလည်း ဖြစ်စေပါသည်။

အရက်သည် အသည်းကိုလည်း အဓိက ဒုက္ခပေးသည်။ အသည်းသည် ခန္ဓာကိုယ်တွင်း ဝင်လာသမျှ အဆိပ်အတောက်မှန်သမျှကို အဆိတ်မဖြစ်ဖို့ ခြေဖျက်ပေးရသော ခံတပ်တစ်ခုဖြစ်သည်။ ဝင်လာသော အရက်များကို အသည်းက ချက်ပေးရဖန်များသည့်အခါ အသည်းရောင်ခြင်း(Hepatitis)၊ အသည်းအဆီဖုံးခြင်း(Fatty Liver)၊ အသည်းကြွပ်ခြင်း(Liver irrhosis) တို့ဖြစ်နိုင်ပါသည်။ အသည်းကြွပ်ရောဂါ ဖြစ်ရာမှ အသည်ကင်ဆာအထိ လည်း ဖြစ်ပွားနိုင်ပါသည်။

စနစ်တကျမဖြတ်လျှင် အရက်ငန်းဖမ်းခြင်း(Delirium Tremens) ဖြစ်နိုင်သည်။ အသောက်များသူ၊ အသက်ကြီးသူများနှင့် အခြားရောဂါအခံရှိသူများအတွက် အန္တရာယ်ရှိ၍ အထူးဂရုစိုက်သင့်သည်။ အရက်ကြာရှည်သောက်လျှင် စိုးရိမ်လွန်ခြင်း(Anxiety)၊ အကြောက်လွန်ခြင်း(Phobia)၊ ပတ်ဝန်းကျင်ပေါ်တွင် လွဲမှားသော အယူအဆနှင့် ယုံကြည်ချက်အစွဲများ ဖြစ်ပေါ်ခြင်း(Alcoholic Delusion)၊အထူးသဖြင့် ဇနီးမယာပေါ်တွင် မဟုတ်မမှန်ဘဲ အခြားသူတစ်ယောက်ယောက်နှင့် သမုတ်ခြင်း(Morbid Jealousy)၊ စိတ်ကြွရောဂါဖြစ်ခြင်း(Hypomania/ mania)၊ စိတ်ကျရောဂါဖြစ်ခြင်း(Depression)၊ စိတ်ကျရောဂါပြင်းထန်ပါက မိမိကိုယ်ကို ထိခိုက်အနာတရဖြစ်အောင်လုပ်ခြင်း၊ အဆုံးစီရင်ခြင်း(Suicide)နှင့် အရက်စိတ္တဇဖြစ်ခြင်း(Alcoholic Psychosis) တို့ဖြစ်ပေါ်နိုင်ပါသည်။ ထို့ပြင် မှတ်ဉာဏ်ချို့ယွင်းပြီး မိသားစုအသိုင်းအဝိုင်း နေရာဒေသတို့ကို မမှတ်မိ မသိရှိတော့သဖြင့် သူငယ်ပြန်သလို အရက်ကြောင့် မှတ်ဉာဏ်ချို့ယွင်းခြင်း(Alcoholic Dementia) ရောဂါလည်း ရနိုင်ပါသည်။

အရက်နှင့် အမျိုးသမီး
အမျိုးသမီးတွေမှာ အမျိုးသားများထက်စာရင် ရေဓာတ်ထက် အဆီဓာတ်များသည့်အတွက် အရက်ပြင်းအားတူ၊ ပမာဏတူသောက်လျှင် အမျိုးသားတွေထက် အမူးပိုလွယ်ပါသည်။ အသည်းလည်း ပိုထိခိုက်လွယ်သည်။ အရက်စွဲသူ အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ရှိလာမည်ဆိုလျှင် ကလေးငယ်မှာ (Fetal Alcohol Synnrome) ရောဂါပါလာနိုင်ပါသည်။ ၎င်းတို့မှာ ကလေးသေးသေးမွေးခြင်း၊ တစ်နည်းအားဖြင့် ပေါင်မပြည့်ခြင်း၊ ကြီးထွားမှုနှေးခြင်း၊ မျက်နှာနှင့် ခေါင်းတွင် မွေးရာပါချို့ယွင်မှုများဖြစ်ခြင်း၊ ဉာဏ်ရည်မမီခြင်း၊ ခန္ဓာကိုယ်ပိုင်း၊ စိတ်ပိုင်းနှင့် အပြုအမူပိုင်းဆိုင်ရာ ဖောက်ပြန်မှုမျိုး ဖြစ်နိုင်ပါသည်။ ထို့ကြောင် အရက်သည် သန္ဓေသားအပေါ်တွင် တိုက်ရိုက်ဆိုးကျိုး သက်ရောက်မှုရှိသည်ကို တွေ့ရသည်။

အရက်အစိမ်းဖြတ်ခြင်းဆိုသည်မှာ အရက်ကို ဆေးမကူဘဲ၊ မသောက်တော့ဘဲ ဖြတ်ခြင်းကို ဆိုလိုသည်။ အရက်စွဲသူများတွင် အသက်အရွယ်ကြီးသူ၊ အရက်ပမာဏများများသောက်သူ၊ ရောဂါအခံရှိသူ၊ အားနည်းချည့်နဲ့သူများသည် ဆေးရုံဆေးခန်းများ၌ ကုသသင့်သည်။ အထူးသဖြင့် အတွင်းလူနာအနေဖြင့် တက်ရောက်ကုသမှု ခံယူသင့်ပါသည်။ အချို့ကလည်း အရက်ဖြတ်ပြီး ဆေးဝါတွေသောက်နေတဲ့ အချိန် အရက်ပြန်သောက်မိလျှင် သေတတ်သည်ဟုဆိုပြီး အကြောင်းပြ အရက်မဖြတ်လိုကြချေ။ ဤသည်မှာ မှားယွင်းသောအယူအဆဖြစ်သည်ဟု ဆရာဝန်များက ဆိုကြသည်။

စိတ်ပိုင်းဆိုင်ရာကို ပြုပြင်သည့်နေရာတွင် အရက်ဖြတ်ဖို့ ကြိုးစားနေ့တဲ တစ်ချိန်တည်းမှာပဲ အရက်နှင့် နီးစပ်အောင်မနေခြင်း၊ အရက်ကို စွဲစွဲမြဲမြဲသောက်သူများနှင့် သွားလာပေါင်းသင်းမှု ဆင်ခြင်ခြင်း၊ ဖြစ်နိုင်ရန် ရှောင်ကြဉ်နေခြင်း၊ အရက်ပါသော ထမင်းစားပွဲ၊ ပျော်ပွဲရွှင်ပွဲများကို ရှောင်ခြင်း၊ အားကစားတစ်ခုခုကို အချိန်မှန်မှန် လိုက်စားခြင်း၊ အားလပ်သည့်အချိန်တွင် မိမိဝါသနာပါရာ စာဖတ်ခြင်း၊ သီးချင်းနားထောင်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်းများအပြင် ပန်းချီဆွဲခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ တံဆိပ်ခေါင်းစုခြင်း၊ လက်မှုပညာအလုပ်တစ်ခုခုကို လုပ်ခြင်း၊ နှစ်သက်ရာ အိမ်မွေးတိရစ္ဆာန်ငယ်များမွေးခြင်း စသည်တို့ပြုလုပ်ခြင်းဖြင့် အချိန်ကုန်စေသင့်ပါသည်။ ဘာသာရေးအနေဖြင့် သင့်တော်သင့်အချိန်တွင် အချိန်ပေး၍ တရားထိုင်ခြင်း၊ တရားစခန်းဝင်ခြင်းတို့သည်မှာ စိတ်အမူအကျင့်ကို ပြုပြင်ပြောင်းလဲရာတွင် ကောင်းသောနည်းလမ်းများဖြစ်ပါသည်။

အရက်ချက်လုပ်ပုံ
အရက်ချက်လုပ်ကြရာ၌ ပစ္စည်း အမျိုးမျိုးကို အသုံးပြုကြသော်လည်း များသောအားဖြင့် ချက်လုပ်နည်းမှာ အတူတူပင် ဖြစ်သည်။ အရက်ဟုဆိုရာ၌ ပေါင်းခံသော နည်းဖြင့်ချက်ယူရရှိ၍ သတ်မှတ်ထားသော ပမာဏာထက် အယ်လကိုဟော ပိုမိုပါရှိသော မူးယစ်ဆေးတတ်သည့် အရည်အားလုံးကို ဆိုလိုပေသည်။ ထို ကြောင့် ဗရန်ဒီ၊ ရမ်၊ ဝီစကီနှင့် စက်မှုလက်မှုသုံး အယ်လကိုဟောအားလုံးသည် အရက် များပင် ဖြစ်ကြသည်။

ဝီစကီကို ချက်လုပ်ကြရာတွင် မုယောစပါးကိုဖြစ်စေ၊ ရိုင်း စပါးကိုဖြစ်စေ၊ အုတ်ခေါ် မြင်းစားဂျုံကိုဖြစ်စေ၊ သို့မဟုတ် ထို ဂျုံသုံးမျိုးစလုံးကို ရောစပ်၍ဖြစ်စေ အသုံးပြုလေ့ရှိကြသည်။ ထိုဂျုံတစ်မျိုးမျိုးကို အညှောက် ပေါက်လာစေရန် ရေတွင် စိမ်ပြီးနောက် ရက်သတ္တသုံးပတ်မျှ ကြာသည့်တိုင်အောင် ကြမ်း ပေါ်တွင် ဖြန့်ထားရ လေသည်။ ထိုနောက် စည်ကြီးတစ်ခုထဲသို့ ထည့်ပြီးလျှင် ရေပူပူဖြင့် ချေပေးရ၏။ ချေပြီးသောအခါ အအေးခံ၍ တဆေးနှင့် ကဇော်ဖောက်ရသည်။ ထိုအခါ အယ်လကိုဟောအရက်ကို ရရှိ၍ ထိုအယ်လကိုဟောကို ပေါင်းခံနည်းဖြင့် ခွဲထုတ်လိုက်သောအခါတွင် ဝီစကီကို ရလေသည်။ ရမ်ချက်ရာတွင် ကြံရည်ကို ကဇော်ဖောက်၍ ချက်ယူရသည်။ ဗရန်ဒီချက်ရာတွင် ကဇော်ဖောက်ရန်အတွက် စပျစ်ရည်ကို အသုံးပြုကြသညင်။ ရောင်းတမ်း အရက်များကို ချက်လုပ်ရာ၌ကား မုန်လာဥနီ၊ သို့မဟုတ် အားလူး၊ သို့မဟုတ် သစ်သားများကို အသုံးပြုကြသည်။

ကိုးကား
(တိံသနိပါတ်-ကုမ္ပဇာတ်)
ကြေးမုံသတင်းစာ
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)

Leave a Reply