သႀကၤန္မွာ ဖုန္းထဲ ေရ၀င္သြားခဲ့ရင္ ကုိယ္တုိင္ကယ္တင္ႏုိင္ဖုိ႔

Posted on

ကဲ ဒီေန႔သႀကၤန္စေရာက္ပါၿပီ။ လူငယ္အားလုံးနီးပါးကေတာ့ အျပင္ထြက္ၾကမွာအမွန္ပါပဲ။ ဒီအခါမ်ဳိးမွာ ဖုန္းေတြကို ယူသြားၾကမွာျဖစ္တဲ့အတြက္ အနည္းနဲ႔အမ်ားေတာ့ ေရစုိၾကမွာျဖစ္ပါတယ္။ မေတာ္တဆ ကုိယ့္ဖုန္းကို ေရ၀င္ခဲ့သည္ရွိေသာ္ ဘာလုပ္လုိ႔ဘာကုိင္ရမွန္း ျဖစ္မေနေစဖုိ႔ သုတဇုန္မိတ္ေဆြမ်ားအတြက္ အႀကံျပဳခ်က္ေလးတခ်ဳိ႕ကုိ AdroidTip ကေန ျပန္လည္မွ်ေ၀လုိက္ပါတယ္။

သင့္ဖုန္းေရ၀င္ခဲ့ပါက-

မလုပ္သင့္တဲ့ အခ်က္မ်ား

၁။ ဖုန္းကိုျပန္ဖြင့္ဖုိ႔ မႀကဳိးစားပါနဲ႔။

၂။ ဘယ္ခလုပ္ကိုမွ သြားမႏွိပ္ပါနဲ႔။

၃။ ေရေတြကို ထုတ္ခ်င္ေဇာနဲ႔ ဖုန္းကုိခါျခင္း ၊ လႈပ္ယမ္းျခင္း ၊ ရုိက္ပုတ္ျခင္းေတြ မျပဳပါနဲ႔

၄။ ေလနဲ႔ သြားမမႈတ္လုိက္ပါနဲ႔ ၊ ေလနဲ႔မႈတ္လုိက္မယ္ဆုိရင္ ေရဟာဖုန္းရဲ႕ အတြင္းပုိင္း အစိတ္အပုိင္းေတြအထိ ေရာက္ရွိသြားႏုိင္ၿပီး ထိခုိက္ပ်က္စီးမႈ ပုိဆုိးသြားေစႏုိင္လုိ႔ပါ။

၅။ အပူမေပးပါနဲ႔ ( ဆံပင္အေျခာက္ခံစက္ေတြ ၊ မုိက္ခရုိေ၀့ဗ္မီးဖုိေတြနဲ႔ ဖုန္းကုိ အေျခာက္ မခံဖုိ႔ေျပာတာပါ)

ျပဳလုပ္သင့္တဲ့အခ်က္မ်ား

၁။ ဖုန္းကိုပိတ္လုိက္ပါ (မပိတ္ေသးဘူးဆုိရင္ေပါ့)၊ ပိတ္ၿပီးရင္ေတာ့ အတည့္ေထာင္ၿပီး ကုိင္ပါ။

၂။ ဖုန္းကာဗာ နဲ႔ အဖုံးကုိဖြင့္ကာ SIM Card, SD Card , Battery စတာေတြကုိ ျဖဳတ္လုိက္ပါ။ တခ်ဳိ႕ဖုန္းေတြကေတာ့ Battery ပါတာျဖစ္တဲ့အတြက္ ဒီအတုိင္းထားလုိက္ပါ။

၃။ SIM Card, SD Card , Battery ေတြကို ဖယ္ၿပီးရင္ေတာ့ ဖြင့္ထားတဲ့ေနာက္ေက်ာဖုံးက တစ္ဆင့္ ဖုန္းထဲက ေရေတြကုိ အ၀တ္စ ၊ တစ္ရႈးစကၠဴစတာေတြနဲ႔ စုပ္ယူဖုိ႔ႀကဳိးစားပါ။ ဒီအခါမ်ဳိးမွာ တစ္ရႈးနဲ႔ ပြတ္သုတ္တဲ့နည္းကုိ မသုံးပဲ တစ္ေနရာခ်င္းစီတုိ႔ၿပီး ေရစုပ္တဲ့နည္းကိုသုံးပါ။ ပြတ္လုိက္မယ္ဆုိရင္ အစုိဓာတ္ပုိပ်ံ႕ႏွံ႔သြားႏုိင္လုိ႔ ျဖစ္ပါတယ္။

၄။ တကယ္လုိ႔ ဖုန္းဟာနည္းနည္းပါးပါး စုိရုံတင္မဟုတ္ပဲ ေရထဲကုိျပဳတ္က်သြားတာမ်ဳိး (သုိ႔) ျပင္းထန္တဲ့ေရအမ်ားႀကီးနဲ႔ အပတ္ခံလုိက္ရတယ္ ဆုိရင္ေတာ့ ဖုန္စုပ္စက္နဲ႔ ဖုန္းအကြဲေၾကာင္းမ်ားတစ္ေလွ်ာက္ကေန ေရေတြကို စုပ္ထုတ္ပါ။ အထိမခံတဲ့အတြက္ ဂရုတစုိက္ ညွင္သာစြာျပဳလုပ္ဖုိ႔ လုိပါတယ္။ ဖုန္းအျပင္ Sim Card,SD Card တုိ႔ကိုပါ ဖုန္စုပ္စက္နဲ႔ စုပ္ပါ။

၅။ အဲဒီေနာက္ေတာ့ ဖုန္းကို ဆန္အိတ္(သုိ႔) ဆန္အုိး တစ္လုံးထဲ ထည့္ထားလုိက္ပါ ( ပစၥည္းအသစ္ေတြ၀ယ္ရင္ ပါတတ္တဲ့ silica gel ေလးေတြရွိရင္ပိုေကာင္းပါတယ္။ အိတ္ထဲဖုန္းနဲ႔အတူ ထည့္ထားေပးလုိက္ပါ) ဆန္္ေတြဟာေျခာက္ေသြ႔ေနဖုိ႔လုိပါတယ္။(တခ်ဳိ႕ဆန္ေတြက စုိထုိင္းထုိင္းျဖစ္ေနတတ္လုိ႔ပါ)။ ဆန္ ဟာ အရည္စုပ္ယူအား ေကာင္းမြန္တဲ့အတြက္ ဖုန္းထဲကေရေတြကုိ ျဖည္းျဖည္းခ်င္း စုပ္ယူႏုိင္စြမ္းရွိပါတယ္။

၆။ ဆန္ထဲမွာ ဖုန္းကုိ အေျခာက္ခံဖုိ႔ ႏွစ္ရက္ေလာက္ ႏွစ္ထားလိုက္ပါ။

၇။ ႏွစ္ရက္ၾကာၿပီးတဲ့ေနာက္ ဖုန္းကုိ ထုတ္ၾကည့္ပါ။ Battery ထည့္ၿပီး ဖုန္းကုိဖြင့္ပါ။ ပါ၀ါ တက္မတက္ စမ္းပါ။

၈။ ပါ၀ါတက္လာရင္ေတာ့ အေျခအေနေကာင္းပါတယ္။ ဆက္ၿပီးေတာ့ ဖုန္းရမရ စမ္းဆက္ၾကည့္တာေတြ ၊ သီခ်င္းဖြင့္ရင္ စပီကာအသံေကာင္းမေကာင္း screen touch ေကာင္းမေကာင္း စမ္းတာေတြကို လုပ္ၾကည့္ပါ။

၉။ ပါ၀ါတက္မလာဘူးဆုိရင္ေတာ့ အားသြင္းႀကဳိးနဲ႔အားသြင္းၾကည့္ပါ။ အားသြင္းေပမယ့္ မရဘူးဆုိရင္ေတာ့ ဘက္ထရီထိခုိက္သြားတာမ်ဳိး ျဖစ္ႏုိင္ပါတယ္။ ဘက္ထရီအပိုရွိရင္လဲၾကည့္ပါ။ လဲၾကည့္လုိ႔မွ မရဘူးဆုိရင္ေတာ့ ဖုန္းျပင္ဆုိင္ကုိသြားမွ ရပါေတာ့မယ္ 🙁 ။

ဆုိးဆုိးရြားရြားမျဖစ္ခဲ့ဘူးဆုိရင္ေတာ့ အေတာ္မ်ားမ်ားကေတာ့ အေပၚကနည္းနဲ႔ ျပန္ေကာင္းတာမ်ားပါတယ္။ အဲဒီေတာ့ ဖုန္းနဲ႔အတူ သႀကၤန္မွာကဲေတာ့မယ္ဆုိရင္ ဖုန္းေရစိုခံအိတ္ေလးေတြကို အသုံးျပဳၾကပါ။ ဖုန္းကိုေရမစုိဖုိ႔ ဂရုစုိက္ၾကပါလုိ႔.. ျဖစ္လာခဲ့ရင္လည္း အေပၚကနည္းနဲ႔ပဲ အဆင္ေျပႏုိင္ပါေစလုိ႔…

သုတဇုန္ မိတ္ေဆြမ်ား ႏွစ္သစ္သႀကၤန္မွာ ဘာစိတ္အေႏွာက္အယွက္မွ မေတြ႔ပဲ ေပ်ာ္ေပ်ာ္ႀကီး ကဲႏုိင္ၾကပါေစဗ်ာ 🙂


သင်္ကြန်မှာ ရေဝင်သွားတဲ့ဖုန်းကို ကိုယ်တိုင်ကယ်တင်နိုင်ဖို့ (unicode)

ကဲ ဒီနေ့သင်္ကြန်စရောက်ပါပြီ။ လူငယ်အားလုံးနီးပါးကတော့ အပြင်ထွက်ကြမှာအမှန်ပါပဲ။ ဒီအခါမျိုးမှာ ဖုန်းတွေကို ယူသွားကြမှာဖြစ်တဲ့အတွက် အနည်းနဲ့အများတော့ ရေစိုကြမှာဖြစ်ပါတယ်။ မတော်တဆ ကိုယ့်ဖုန်းကို ရေဝင်ခဲ့သည်ရှိသော် ဘာလုပ်လို့ဘာကိုင်ရမှန်း ဖြစ်မနေစေဖို့ သုတဇုန်မိတ်ဆွေများအတွက် အကြံပြုချက်လေးတချို့ကို AdroidTip ကနေ ပြန်လည်မျှဝေလိုက်ပါတယ်။

သင့်ဖုန်းရေဝင်ခဲ့ပါက-

မလုပ်သင့်တဲ့ အချက်များ

၁။ ဖုန်းကိုပြန်ဖွင့်ဖို့ မကြိုးစားပါနဲ့။

၂။ ဘယ်ခလုပ်ကိုမှ သွားမနှိပ်ပါနဲ့။

၃။ ရေတွေကို ထုတ်ချင်ဇောနဲ့ ဖုန်းကိုခါခြင်း ၊ လှုပ်ယမ်းခြင်း ၊ ရိုက်ပုတ်ခြင်းတွေ မပြုပါနဲ့

၄။ လေနဲ့ သွားမမှုတ်လိုက်ပါနဲ့ ၊ လေနဲ့မှုတ်လိုက်မယ်ဆိုရင် ရေဟာဖုန်းရဲ့ အတွင်းပိုင်း အစိတ်အပိုင်းတွေအထိ ရောက်ရှိသွားနိုင်ပြီး ထိခိုက်ပျက်စီးမှု ပိုဆိုးသွားစေနိုင်လို့ပါ။

၅။ အပူမပေးပါနဲ့ ( ဆံပင်အခြောက်ခံစက်တွေ ၊ မိုက်ခရိုဝေ့ဗ်မီးဖိုတွေနဲ့ ဖုန်းကို အခြောက် မခံဖို့ပြောတာပါ)

ပြုလုပ်သင့်တဲ့အချက်များ

၁။ ဖုန်းကိုပိတ်လိုက်ပါ (မပိတ်သေးဘူးဆိုရင်ပေါ့)၊ ပိတ်ပြီးရင်တော့ အတည့်ထောင်ပြီး ကိုင်ပါ။

၂။ ဖုန်းကာဗာ နဲ့ အဖုံးကိုဖွင့်ကာ SIM Card, SD Card , Battery စတာတွေကို ဖြုတ်လိုက်ပါ။ တချို့ဖုန်းတွေကတော့ Battery ပါတာဖြစ်တဲ့အတွက် ဒီအတိုင်းထားလိုက်ပါ။

၃။ SIM Card, SD Card , Battery တွေကို ဖယ်ပြီးရင်တော့ ဖွင့်ထားတဲ့နောက်ကျောဖုံးက တစ်ဆင့် ဖုန်းထဲက ရေတွေကို အဝတ်စ ၊ တစ်ရှုးစက္ကူစတာတွေနဲ့ စုပ်ယူဖို့ကြိုးစားပါ။ ဒီအခါမျိုးမှာ တစ်ရှုးနဲ့ ပွတ်သုတ်တဲ့နည်းကို မသုံးပဲ တစ်နေရာချင်းစီတို့ပြီး ရေစုပ်တဲ့နည်းကိုသုံးပါ။ ပွတ်လိုက်မယ်ဆိုရင် အစိုဓာတ်ပိုပျံ့နှံ့သွားနိုင်လို့ ဖြစ်ပါတယ်။

၄။ တကယ်လို့ ဖုန်းဟာနည်းနည်းပါးပါး စိုရုံတင်မဟုတ်ပဲ ရေထဲကိုပြုတ်ကျသွားတာမျိုး (သို့) ပြင်းထန်တဲ့ရေအများကြီးနဲ့ အပတ်ခံလိုက်ရတယ် ဆိုရင်တော့ ဖုန်စုပ်စက်နဲ့ ဖုန်းအကွဲကြောင်းများတစ်လျှောက်ကနေ ရေတွေကို စုပ်ထုတ်ပါ။ အထိမခံတဲ့အတွက် ဂရုတစိုက် ညှင်သာစွာပြုလုပ်ဖို့ လိုပါတယ်။ ဖုန်းအပြင် Sim Card,SD Card တို့ကိုပါ ဖုန်စုပ်စက်နဲ့ စုပ်ပါ။

၅။ အဲဒီနောက်တော့ ဖုန်းကို အိတ်အပါးတလုံးထဲထည့်ကာအိမ်က ဆန်အိုးထဲကို မြုပ်ထားလိုက်ပါ။ ဆန်တွေဟာခြောက်သွေ့နေဖို့လိုပါတယ်။(တချို့ဆန်တွေက စိုထိုင်းထိုင်းဖြစ်နေတတ်လို့ပါ)။ ဆန် ဟာ အရည်စုပ်ယူအား ကောင်းမွန်တဲ့အတွက် ဖုန်းထဲကရေတွေကို ဖြည်းဖြည်းချင်း စုပ်ယူနိုင်စွမ်းရှိပါတယ်။

၆။ ဆန်ထဲမှာ ဖုန်းကို အခြောက်ခံဖို့ နှစ်ရက်လောက် နှစ်ထားလိုက်ပါ။

၇။ နှစ်ရက်ကြာပြီးတဲ့နောက် ဖုန်းကို ထုတ်ကြည့်ပါ။ Battery ထည့်ပြီး ဖုန်းကိုဖွင့်ပါ။ ပါဝါ တက်မတက် စမ်းပါ။

၈။ ပါဝါတက်လာရင်တော့ အခြေအနေကောင်းပါတယ်။ ဆက်ပြီးတော့ ဖုန်းရမရ စမ်းဆက်ကြည့်တာတွေ ၊ သီချင်းဖွင့်ရင် စပီကာအသံကောင်းမကောင်း screen touch ကောင်းမကောင်း စမ်းတာတွေကို လုပ်ကြည့်ပါ။

၉။ ပါဝါတက်မလာဘူးဆိုရင်တော့ အားသွင်းကြိုးနဲ့အားသွင်းကြည့်ပါ။ အားသွင်းပေမယ့် မရဘူးဆိုရင်တော့ ဘက်ထရီထိခိုက်သွားတာမျိုး ဖြစ်နိုင်ပါတယ်။ ဘက်ထရီအပိုရှိရင်လဲကြည့်ပါ။ လဲကြည့်လို့မှ မရဘူးဆိုရင်တော့ ဖုန်းပြင်ဆိုင်ကိုသွားမှ ရပါတော့မယ် 🙁 ။

ဆိုးဆိုးရွားရွားမဖြစ်ခဲ့ဘူးဆိုရင်တော့ အတော်များများကတော့ အပေါ်ကနည်းနဲ့ ပြန်ကောင်းတာများပါတယ်။ အဲဒီတော့ ဖုန်းနဲ့အတူ သင်္ကြန်မှာကဲတော့မယ်ဆိုရင် ဖုန်းရေစိုခံအိတ်လေးတွေကို အသုံးပြုကြပါ။ ဖုန်းကိုရေမစိုဖို့ ဂရုစိုက်ကြပါလို့.. ဖြစ်လာခဲ့ရင်လည်း အပေါ်ကနည်းနဲ့ပဲ အဆင်ပြေနိုင်ပါစေလို့…

သုတဇုန် မိတ်ဆွေများ နှစ်သစ်သင်္ကြန်မှာ ဘာစိတ်အနှောက်အယှက်မှ မတွေ့ပဲ ပျော်ပျော်ကြီး ကဲနိုင်ကြပါစေဗျာ 🙂

Leave a Reply