သႀကၤန္တြင္း အရက္နာက်ခဲ့သည္ရွိေသာ္ သက္သာေစမယ့္ အသုံး၀င္နည္းလမ္း ၁၀ မ်ဳိး

Posted on

ေရးသားသူ – ေဒါက္တာဗိုး(Health Guide Journal)

အတာသႀကၤန္ပြဲေတာ္ဆုိတာ ျမန္မာႏုိင္ငံမွာ အထင္ရွားဆုံး အေပ်ာ္ရႊင္ရဆုံးပြဲေတာ္တစ္ခုပါ။ အေပ်ာ္ရႊင္ရဆုံးနဲ႔အညီ ကြ်န္ေတာ္တုိ႔ ေယာကၤ်ားေလးအမ်ားစုဟာ အေဖ်ာ္ယမကာေတြကုိ နည္းနည္းျဖစ္ျဖစ္ မ်ားမ်ားျဖစ္ျဖစ္ ေသာက္သုံးေလ့ရွိပါတယ္။ ဒီလုိေသာက္တဲ့အခါမွာ ေသာက္လုိက္ ကဲလုိက္နဲ႔ အရွိန္မထိန္းႏုိင္ျဖစ္ၿပီး အားပါတရ ေသာက္လုိက္မိရင္ေတာ့ ေနာက္တစ္ေန႔မနက္မွာ အရက္နာက်တတ္ေလ့ရွိပါတယ္။

မ်က္လံုး နီေနမယ္ ေခါင္းက တဆစ္ဆစ္နဲ႔ကိုက္ေနမယ္ ေခါင္းမၾကည္လင္ဘူး ေခါင္းေထာင္ထားရင္ မူးေနသလိုျဖစ္ေနမယ္ မသြားခ်င္ မလာခ်င္ဘူး ဘာမွ မစားခ်င္ဘူး ၊ ေရတအားငတ္ေနမယ္ အစရွိသျဖင့္ ခႏၶာကိုယ္မွာ ျပသနာေပါင္း မ်ားစြာဝင္လာပါျပီ။ သႀကၤန္ေနာက္တစ္ေန႔ ဆက္ေပ်ာ္ခ်င္ေသးေပမယ့္ မေပ်ာ္ႏုိင္ေတာ့ပါဘူး။

ဒီအရက္နာက်ျခင္းေလး ေပ်ာက္ကင္းမွပဲ ေနာက္တစ္ေန႔သႀကၤန္ကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ျဖတ္သန္းႏိုင္မွာမလား။ ဒီေတာ့ အရက္နာက်လို႔ ေနာင္တရတာ ေဘးဖယ္ထားျပီး မိမိဘာသာ ကုစားႏုိင္ေအာင္လုိ႔ အလြယ္တကူလုပ္ႏုိင္မယ့္ နည္းလမ္းေလး ၁၀ မ်ဳိးကုိ သုတဇုန္မိတ္ေဆြမ်ားအတြက္ မွ်ေ၀လုိက္ပါတယ္။

၁။ အုန္းရည္

မနက္ႏိုးထတဲ့အခ်ိန္မွာ တျခား အားျဖည့္အခ်ိဳရည္ မ်ားေသာက္ျခင္းထက္ အုန္းရည္ ေသာက္တာ ပိုေကာင္းပါတယ္။အုန္းရည္မွာ Electrolytes ဓာတ္မ်ားစြာပါပါတယ္ ။ အထူးသျဖင့္ အုန္းရည္ တဖန္ခြက္မွာ ပိုတက္စ္ဆီယမ္ ၅၆၉ မီလီဂရမ္ပါဝင္လို႔ လူကို ေရဓာတ္ျမန္ျမန္ျဖည့္ေပးျပီး အစာအိမ္ အတြက္လည္း ပိုေကာင္းပါတယ္ ။ တျခားေဖ်ာ္ရည္မ်ားထက္စာရင္ အရသာရွိလို႔ ပို အဆင္ေျပပါတယ္ ။

၂။ ကညြန္႔

အရက္မေသာက္ခင္နဲ႔ အရက္ေသာက္ျပီး ခ်ိန္မွာ ကညြန္႔ စားေပးတာက အရက္နာက်ျပီး အိပ္ရာထဲလဲ ေနမွာကို ကာကြယ္ေပးပါတယ္။
ကိုရီးယားက သုေတသနပညာရွင္ေတြ႔ရွိခ်က္အရ ကညြန္႔အရြက္မွာပါတဲ့ ဓါတ္တမ်ိဳးက အရက္ကို ျမန္ျမန္ေခ်ဖ်က္ရာမွာကူညီတဲ့ alcohol dehydrogenase နဲ႔ acetaldehyde dehydrogenase ဆိုတဲ့ အင္ဇိုင္း ၂ မ်ိဳးကို တိုးပြားေစပါသည္။

၃။ ဂ်င္း

တခါတေလ ဗိုက္ေအာင့္သလိုလို အန္ခ်င္သလိုလို ျဖစ္ေနရင္ အေမက ဂ်င္းျပဳတ္ရည္ လာတိုက္တတ္ပါတယ္ ။ မမွားပါဘူး လူၾကီးသူမေတြက ဂ်င္းကို ပ်ိဳ႕ခ်င္အန္ခ်င္ရင္ ေဆးအျဖစ္သံုးလာတာ ၾကာပါျပီ ။ အရက္နာက်လို႔ မအီမသာ ပ်ိဳ႕ခ်င္ အန္ခ်င္ ျဖစ္ေနရင္ ဂ်င္းကို ဒီအတိုင္းမစားႏိုင္ပါက ဂ်င္းျပဳတ္ ရည္ေႏြးေႏြး ေလးျဖစ္ျဖစ္ (သို႔) ဂ်င္းေဖ်ာ္ရည္ေအးေအးေလး ေသာက္ေပးပါ ။

၄။ ခရမ္းခ်ဥ္သီး ေဖ်ာ္ရည္

အရက္ေသာက္တဲ့အခါ ခႏၶာကိုယ္မွာ ရွိတဲ့ အာဟာရ ဓါတ္ေတြ ဆံုးရံႈးကုန္ပါတယ္။ထိုအခါမွာ အရက္နာ က်ပါတယ္။ ခရမ္းခ်ဥ္သီးက အသည္းရဲ႕လုပ္ေဆာင္မႈကို ျမင့္တင္ေပးျပီး ခႏၶာကိုယ္မွာရွိတဲ့ အရက္ေတြ ျမန္ျမန္ေခ်ဖ်က္ ပါတယ္ ။ ဒါေၾကာင့္ မနက္ ကို ခရမ္းခ်ဥ္သီး ေဖ်ာ္ရည္ေအးေအးေလးတခြက္က ကုန္ဆံုးသြားတဲ့ အာဟာရ ဓာတ္ေတြ ျပန္ျဖည့္ေပးျပီး အသည္းရဲ႕ စြမ္းေဆာင္ရည္ကိုလည္း က်ေစမွာ မဟုတ္ပါဘူးတဲ့။

၅။ ငွက္ေပ်ာသီး

ဟုတ္ပါတယ္ လြယ္လြယ္ကူကူနဲ႔ သတိမထားမိတာ ငွက္ေပ်ာသီးပါပဲ။ ညက အရက္ေသာက္မ်ားလို႔ မနက္ အိပ္ရာထတဲ့ အခ်ိန္မွာ ေညာင္းျပီး တကိုယ္လံုး ကိုင္ရိုက္ထားသလို ၾကြက္သားေတြ နာေနတတ္ပါတယ္။ ငွက္ေပ်ာသီးမွာ ပါတဲ့ Potassium (ပိုတက္စ္ဆီယမ္) ဓာတ္က ခႏၶာကိုယ္ ၾကြက္သား နာက်င္ ကိုက္ခဲမႈ ကို သက္သာေစပါတယ္ ။ ေဖ်ာ္ရည္အျဖစ္ ေသာက္သံုးႏိုင္တာကလည္း အားသာခ်က္ပါ ။

၆။ သံပုရာ ေဖ်ာ္ရည္

ညက အရက္ေတာ္ေတာ္မ်ားမ်ား ေသာက္မိတဲ့အခါ အသည္းက ဒီအရက္ေတြကို ခႏၶာကိုယ္ ကေန စြန္႔ထုတ္ဖို႔ ေတာ္ေတာ္ အလုပ္လုပ္ရပါသည္။ သံပုရာ ရည္တခြက္ေသာက္လိုက္ျခင္းျဖင့္ အသည္းက အရက္ကို ေခ်ဖ်က္ရာမွာ ပိုမို ျမန္ဆန္ေစျပီး ပ်က္ဆီးသြားတဲ့ အသည္း တစ္ရွဴး ေတြ ျပန္ေကာင္းမြန္ေအာင္ ကူညီေပးပါသတဲ့။ သံပုရာသီးမွာ ပါဝင္တဲ့ ဗီတာမင္ စီက တေန႔လံုးလန္းဆန္းေစျပီး အသည္းေရာင္ တာကိုလည္း ကာကြယ္ေပးလို႔ ေသာက္ဖို႔ လိုအပ္ပါသည္။

၇။ ၾကက္ဥ

ရုတ္တရက္ ၾကက္ဥ နဲ႔ အရက္နာက်တာနဲ႔ ဘာဆိုင္လဲဆိုျပီး အံ့ၾသသြားႏိုင္ပါတယ္။ ၾကက္ဥ မွာ ပါဝင္တဲ့ အမိုင္ႏိုအက္ဆစ္ စစ္စတင္း( the amino acid cysteine) က အရက္နာက်ေစတဲ့ Acetaldehyde ကိုျဖိဳခဲြေပးပါတယ္။ ထို႔ေၾကာင့္ ၾကက္ဥ ကို ေၾကာ္စားစား ျပဳတ္စားစား ခ်က္စားစား စားေပးျခင္းျဖင့္ အရက္နာ က်တာကို ကာကြယ္ႏိုင္ပါတယ္။

၈။ ငရုတ္သီး

အစပ္ မၾကိဳက္ရင္ေတာ့ ဒီနည္းက အဆင္ေျပမွာ မဟုတ္ပါဘူး။ ငရုတ္သီး စပ္စပ္ေလး ပါတဲ့ အစာေလး စားေပးျခင္းက အရက္နာက်တာကို ကာကြယ္ပါသတဲ့။ ေခြ်းမ်ားမ်ား ထြက္မယ္ ဆိုရင္ အသည္းက အရက္ ရဲ႕ အဆိပ္ေတြ ျမန္ျမန္ေခ်ဖ်က္ရာမွာ ကူညီပါတယ္။ အေနာက္တိုင္းမွာ ေခြ်းထြက္ခန္းသြားရင္ လန္းဆန္းတယ္ အရက္နာမက်ဘူး ဆိုတဲ့ သေဘာတူတူပါပဲ။ ငရုတ္သီး စပ္ေတာ့ ေရမ်ားမ်ား ေသာက္ျဖစ္မယ္ ဒါဆိုရင္ အရက္ေၾကာင့္ ခႏၶာကိုယ္က ဆံုးရံႈးသြားတဲ့ ေရဓာတ္ျပန္လည္ ျဖည့္ျပီးသားေပါ့ ။ တခ်က္ခုတ္ ႏွစ္ခ်က္ျပတ္ပဲ ဘယ္ေလာက္ေကာင္းလဲ

၉။ ပ်ားရည္

ပ်ားရည္ ဟာ ေခါင္းကိုက္ျခင္းကို သက္သာေစႏိုင္ပါတယ္။ တိုင္ရင္းေဆးေတြမွာ ပ်ားရည္ဟာ မပါမျဖစ္ အလြန္အသံုးဝင္တဲ့အရာေပါ့။
ပ်ားရည္မွာ ပါတဲ့ ဖရူတိုစ့္(fructose)ပါဝင္ပါတယ္ ။ ခႏၶာကိုယ္က ဒီ ဖရူတိုစ့္ ဓာတ္ကို ေျခဖ်က္ခ်ိန္မွာ ခႏၶာကိုယ္တြင္းက်န္တဲ့ အရက္ေတြကို ျမန္ျမန္္ ေခ်ဖ်က္ေစပါတယ္ ။ ေခါင္းရင္းမွာ ပ်ားရည္ ပုလင္းေလးေဆာင္ျပီး ကာကြယ္ၾကတာေပါ့ ။

၁၀။ Sprite (စပရိုက္ရည္)

အရက္နာက်တာကို Sprite ေသာက္လို႔သက္သာတယ္ ဟုတ္လား။ စာေရးသူ ရူးေနတယ္ မထင္ပါနဲ႔။ အရက္ေသာက္လိုက္တဲ့အခါ ခႏၶာကိုယ္က ေန Acetaldehyde ဆိုတဲ့ ဓာတုဓာတ္တမ်ိဳး ထြက္တယ္။ ထို ဓာတ္က အရက္နာက်ေစတဲ့ တရားခံေပါ့။ ခုနက Acetaldehyde ဆိုတဲ့ ဓာတ္ကေန Acetate ဆိုတဲ့ဓာတ္ကိို ေျပာင္းသြားတဲ့ အခါ အရက္နာက်တာ သက္သာျပီး ေနလို႔ထိုင္လို႔ ပိုေကာင္းလာတယ္။ Sprite ကဲ့သို႔ ဆိုဒါ ပါတဲ့ အရည္ေတြက Acetaldehyde ကေန Acetate ဆိုတဲ့ ဓါတ္ကို ျမန္ျမန္ေျပာင္းေစျခင္းက အရက္နာက် ျမန္ျမန္သက္သာ သက္သာေစႏိုင္ပါသည္။

ဒါေၾကာင့္မလို႔ အရက္ေသာက္တာမ်ားလို႔ ျဖစ္ျဖစ္ ခါတိုင္း လစ္မစ္(Limit)ထက္ေက်ာ္ သြားလို႔ ျဖစ္ျဖစ္ ေနာက္မနက္ လန္းလန္းဆန္းဆန္း နဲ႔ တေန႔တာခရီးဆက္ ႏိုင္ရန္ အထက္ပါ အရာေလးေတြ နဲ႔ လက္တဲြလိုက္ရေအာင္ ။

ေဒါက္တာဗိုး
Health Guide Journal


သင်္ကြန်တွင်း အရက်နာကျခဲ့သည်ရှိသော် သက်သာစေမယ့် အသုံးဝင်နည်းလမ်း ၁၀ မျိုး (unicode)

ရေးသားသူ – ဒေါက်တာဗိုး(Health Guide Journal)

အတာသင်္ကြန်ပွဲတော်ဆိုတာ မြန်မာနိုင်ငံမှာ အထင်ရှားဆုံး အပျော်ရွှင်ရဆုံးပွဲတော်တစ်ခုပါ။ အပျော်ရွှင်ရဆုံးနဲ့အညီ ကျွန်တော်တို့ ယောင်္ကျားလေးအများစုဟာ အဖျော်ယမကာတွေကို နည်းနည်းဖြစ်ဖြစ် များများဖြစ်ဖြစ် သောက်သုံးလေ့ရှိပါတယ်။ ဒီလိုသောက်တဲ့အခါမှာ သောက်လိုက် ကဲလိုက်နဲ့ အရှိန်မထိန်းနိုင်ဖြစ်ပြီး အားပါတရ သောက်လိုက်မိရင်တော့ နောက်တစ်နေ့မနက်မှာ အရက်နာကျတတ်လေ့ရှိပါတယ်။

မျက်လုံး နီနေမယ် ခေါင်းက တဆစ်ဆစ်နဲ့ကိုက်နေမယ် ခေါင်းမကြည်လင်ဘူး ခေါင်းထောင်ထားရင် မူးနေသလိုဖြစ်နေမယ် မသွားချင် မလာချင်ဘူး ဘာမှ မစားချင်ဘူး ၊ ရေတအားငတ်နေမယ် အစရှိသဖြင့် ခန္ဓာကိုယ်မှာ ပြသနာပေါင်း များစွာဝင်လာပါပြီ။ သင်္ကြန်နောက်တစ်နေ့ ဆက်ပျော်ချင်သေးပေမယ့် မပျော်နိုင်တော့ပါဘူး။

ဒီအရက်နာကျခြင်းလေး ပျောက်ကင်းမှပဲ နောက်တစ်နေ့သင်္ကြန်ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်မှာမလား။ ဒီတော့ အရက်နာကျလို့ နောင်တရတာ ဘေးဖယ်ထားပြီး မိမိဘာသာ ကုစားနိုင်အောင်လို့ အလွယ်တကူလုပ်နိုင်မယ့် နည်းလမ်းလေး ၁၀ မျိုးကို သုတဇုန်မိတ်ဆွေများအတွက် မျှဝေလိုက်ပါတယ်။

၁။ အုန်းရည်

မနက်နိုးထတဲ့အချိန်မှာ တခြား အားဖြည့်အချိုရည် များသောက်ခြင်းထက် အုန်းရည် သောက်တာ ပိုကောင်းပါတယ်။အုန်းရည်မှာ Electrolytes ဓာတ်များစွာပါပါတယ် ။ အထူးသဖြင့် အုန်းရည် တဖန်ခွက်မှာ ပိုတက်စ်ဆီယမ် ၅၆၉ မီလီဂရမ်ပါဝင်လို့ လူကို ရေဓာတ်မြန်မြန်ဖြည့်ပေးပြီး အစာအိမ် အတွက်လည်း ပိုကောင်းပါတယ် ။ တခြားဖျော်ရည်များထက်စာရင် အရသာရှိလို့ ပို အဆင်ပြေပါတယ် ။

၂။ ကညွန့်

အရက်မသောက်ခင်နဲ့ အရက်သောက်ပြီး ချိန်မှာ ကညွန့် စားပေးတာက အရက်နာကျပြီး အိပ်ရာထဲလဲ နေမှာကို ကာကွယ်ပေးပါတယ်။
ကိုရီးယားက သုတေသနပညာရှင်တွေ့ရှိချက်အရ ကညွန့်အရွက်မှာပါတဲ့ ဓါတ်တမျိုးက အရက်ကို မြန်မြန်ချေဖျက်ရာမှာကူညီတဲ့ alcohol dehydrogenase နဲ့ acetaldehyde dehydrogenase ဆိုတဲ့ အင်ဇိုင်း ၂ မျိုးကို တိုးပွားစေပါသည်။

၃။ ဂျင်း

တခါတလေ ဗိုက်အောင့်သလိုလို အန်ချင်သလိုလို ဖြစ်နေရင် အမေက ဂျင်းပြုတ်ရည် လာတိုက်တတ်ပါတယ် ။ မမှားပါဘူး လူကြီးသူမတွေက ဂျင်းကို ပျို့ချင်အန်ချင်ရင် ဆေးအဖြစ်သုံးလာတာ ကြာပါပြီ ။ အရက်နာကျလို့ မအီမသာ ပျို့ချင် အန်ချင် ဖြစ်နေရင် ဂျင်းကို ဒီအတိုင်းမစားနိုင်ပါက ဂျင်းပြုတ် ရည်နွေးနွေး လေးဖြစ်ဖြစ် (သို့) ဂျင်းဖျော်ရည်အေးအေးလေး သောက်ပေးပါ ။

၄။ ခရမ်းချဉ်သီး ဖျော်ရည်

အရက်သောက်တဲ့အခါ ခန္ဓာကိုယ်မှာ ရှိတဲ့ အာဟာရ ဓါတ်တွေ ဆုံးရှုံးကုန်ပါတယ်။ထိုအခါမှာ အရက်နာ ကျပါတယ်။ ခရမ်းချဉ်သီးက အသည်းရဲ့လုပ်ဆောင်မှုကို မြင့်တင်ပေးပြီး ခန္ဓာကိုယ်မှာရှိတဲ့ အရက်တွေ မြန်မြန်ချေဖျက် ပါတယ် ။ ဒါကြောင့် မနက် ကို ခရမ်းချဉ်သီး ဖျော်ရည်အေးအေးလေးတခွက်က ကုန်ဆုံးသွားတဲ့ အာဟာရ ဓာတ်တွေ ပြန်ဖြည့်ပေးပြီး အသည်းရဲ့ စွမ်းဆောင်ရည်ကိုလည်း ကျစေမှာ မဟုတ်ပါဘူးတဲ့။

၅။ငှက်ပျောသီး

ဟုတ်ပါတယ် လွယ်လွယ်ကူကူနဲ့ သတိမထားမိတာ ငှက်ပျောသီးပါပဲ။ ညက အရက်သောက်များလို့ မနက် အိပ်ရာထတဲ့ အချိန်မှာ ညောင်းပြီး တကိုယ်လုံး ကိုင်ရိုက်ထားသလို ကြွက်သားတွေ နာနေတတ်ပါတယ်။ ငှက်ပျောသီးမှာ ပါတဲ့ Potassium (ပိုတက်စ်ဆီယမ်) ဓာတ်က ခန္ဓာကိုယ် ကြွက်သား နာကျင် ကိုက်ခဲမှု ကို သက်သာစေပါတယ် ။ ဖျော်ရည်အဖြစ် သောက်သုံးနိုင်တာကလည်း အားသာချက်ပါ ။

၆။ သံပုရာ ဖျော်ရည်

ညက အရက်တော်တော်များများ သောက်မိတဲ့အခါ အသည်းက ဒီအရက်တွေကို ခန္ဓာကိုယ် ကနေ စွန့်ထုတ်ဖို့ တော်တော် အလုပ်လုပ်ရပါသည်။ သံပုရာ ရည်တခွက်သောက်လိုက်ခြင်းဖြင့် အသည်းက အရက်ကို ချေဖျက်ရာမှာ ပိုမို မြန်ဆန်စေပြီး ပျက်ဆီးသွားတဲ့ အသည်း တစ်ရှူး တွေ ပြန်ကောင်းမွန်အောင် ကူညီပေးပါသတဲ့။ သံပုရာသီးမှာ ပါဝင်တဲ့ ဗီတာမင် စီက တနေ့လုံးလန်းဆန်းစေပြီး အသည်းရောင် တာကိုလည်း ကာကွယ်ပေးလို့ သောက်ဖို့ လိုအပ်ပါသည်။

၇။ ကြက်ဥ

ရုတ်တရက် ကြက်ဥ နဲ့ အရက်နာကျတာနဲ့ ဘာဆိုင်လဲဆိုပြီး အံ့ဩသွားနိုင်ပါတယ်။ ကြက်ဥ မှာ ပါဝင်တဲ့ အမိုင်နိုအက်ဆစ် စစ်စတင်း( the amino acid cysteine) က အရက်နာကျစေတဲ့ Acetaldehyde ကိုဖြိုခွဲပေးပါတယ်။ ထို့ကြောင့် ကြက်ဥ ကို ကြော်စားစား ပြုတ်စားစား ချက်စားစား စားပေးခြင်းဖြင့် အရက်နာ ကျတာကို ကာကွယ်နိုင်ပါတယ်။

၈။ ငရုတ်သီး

အစပ် မကြိုက်ရင်တော့ ဒီနည်းက အဆင်ပြေမှာ မဟုတ်ပါဘူး။ ငရုတ်သီး စပ်စပ်လေး ပါတဲ့ အစာလေး စားပေးခြင်းက အရက်နာကျတာကို ကာကွယ်ပါသတဲ့။ ချွေးများများ ထွက်မယ် ဆိုရင် အသည်းက အရက် ရဲ့ အဆိပ်တွေ မြန်မြန်ချေဖျက်ရာမှာ ကူညီပါတယ်။ အနောက်တိုင်းမှာ ချွေးထွက်ခန်းသွားရင် လန်းဆန်းတယ် အရက်နာမကျဘူး ဆိုတဲ့ သဘောတူတူပါပဲ။ ငရုတ်သီး စပ်တော့ ရေများများ သောက်ဖြစ်မယ် ဒါဆိုရင် အရက်ကြောင့် ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ ရေဓာတ်ပြန်လည် ဖြည့်ပြီးသားပေါ့ ။ တချက်ခုတ် နှစ်ချက်ပြတ်ပဲ ဘယ်လောက်ကောင်းလဲ

၉။ ပျားရည်

ပျားရည် ဟာ ခေါင်းကိုက်ခြင်းကို သက်သာစေနိုင်ပါတယ်။ တိုင်ရင်းဆေးတွေမှာ ပျားရည်ဟာ မပါမဖြစ် အလွန်အသုံးဝင်တဲ့အရာပေါ့။
ပျားရည်မှာ ပါတဲ့ ဖရူတိုစ့်(fructose)ပါဝင်ပါတယ် ။ ခန္ဓာကိုယ်က ဒီ ဖရူတိုစ့် ဓာတ်ကို ခြေဖျက်ချိန်မှာ ခန္ဓာကိုယ်တွင်းကျန်တဲ့ အရက်တွေကို မြန်မြန် ချေဖျက်စေပါတယ် ။ ခေါင်းရင်းမှာ ပျားရည် ပုလင်းလေးဆောင်ပြီး ကာကွယ်ကြတာပေါ့ ။

၁၀။ Sprite (စပရိုက်ရည်)

အရက်နာကျတာကို Sprite သောက်လို့သက်သာတယ် ဟုတ်လား။ စာရေးသူ ရူးနေတယ် မထင်ပါနဲ့။ အရက်သောက်လိုက်တဲ့အခါ ခန္ဓာကိုယ်က နေ Acetaldehyde ဆိုတဲ့ ဓာတုဓာတ်တမျိုး ထွက်တယ်။ ထို ဓာတ်က အရက်နာကျစေတဲ့ တရားခံပေါ့။ ခုနက Acetaldehyde ဆိုတဲ့ ဓာတ်ကနေ Acetate ဆိုတဲ့ဓာတ်ကို ပြောင်းသွားတဲ့ အခါ အရက်နာကျတာ သက်သာပြီး နေလို့ထိုင်လို့ ပိုကောင်းလာတယ်။ Sprite ကဲ့သို့ ဆိုဒါ ပါတဲ့ အရည်တွေက Acetaldehyde ကနေ Acetate ဆိုတဲ့ ဓါတ်ကို မြန်မြန်ပြောင်းစေခြင်းက အရက်နာကျ မြန်မြန်သက်သာ သက်သာစေနိုင်ပါသည်။

ဒါကြောင့်မလို့ အရက်သောက်တာများလို့ ဖြစ်ဖြစ် ခါတိုင်း လစ်မစ်(Limit)ထက်ကျော် သွားလို့ ဖြစ်ဖြစ် နောက်မနက် လန်းလန်းဆန်းဆန်း နဲ့ တနေ့တာခရီးဆက် နိုင်ရန် အထက်ပါ အရာလေးတွေ နဲ့ လက်တွဲလိုက်ရအောင် ။

ဒေါက်တာဗိုး
Health Guide Journal

Leave a Reply