သႀကၤန္ရဲ႕ သမုိင္းေၾကာင္း

Posted on

သႀကၤန္ဟူေသာ ေဝါဟာရသည္ သကၤႏၲေခၚ ပါဠိဘာသာ၊ သႀကၤႏၲေခၚ သကၠတဘာသာမွ သက္ဆင္းလာေသာ ေဝါဟာရျဖစ္သည္။ သကၤႏၲ၊ သႀကၤႏၲဟူသည္ ကူးေျပာင္းျခင္းဟု အနက္အဓိပၸါယ္ရသည္။ တေပါင္းလတြင္ ျမန္မာႏွစ္ တစ္ႏွစ္ကုန္ဆုံးကာ ႏွစ္ေဟာင္းကုန္၍ တန္ခူးလတြင္ ႏွစ္သစ္ႀကဳံရေသာကာလ၊ ႏွစ္သစ္ကူးေျပာင္းေသာကာလဟု ဆိုလိုရင္းျဖစ္သည္။ ေႏြရာသီ၏ အပူဒဏ္ကို သႀကၤန္ေရျဖင့္ ေအးျမေစသည္။ ႏွစ္ေဟာင္းမွ အညစ္အေၾကးမ်ားကို သႀကၤန္ေရျဖင့္ ေဆးေၾကာသစ္လြင္ ေတာက္ပသန္႔စင္လာေစသည္။

သို႔ျဖင့္ မည္သည့္အရာကူးေျပာင္းသည္ကို ဇာတ္လမ္းရွာေသာအခါ ဇာတ္လမ္း ၂ မ်ိဳးေတြ႕ရွိရသည္။ တစ္ခုမွာ ဟိႏၵဴအယူဝါဒမွ ဆင္းသက္၍ က်န္တစ္ခုမွာ ေနႏွင့္ကမၻာလည္ပတ္ရာမွ ဆင္းသက္လာသည္။

ဟိႏၵဴအယူဝါဒမွ ဆင္းသက္လာေသာ ရာဇဝင္

သိၾကားမင္းႏွင့္ ျဗဟၼာမင္းႀကီး ( Arsi ) အျငင္းပြားၾကရာ သိၾကားမင္းႏိုင္သျဖင့္ ျဗဟၼာမင္းႀကီး၏ ဦးေခါင္းကိုရခဲ့သည္။ ျဗဟၼာမင္းႀကီးမွာ တန္ခိုးႀကီးလွသျဖင့္ ထိုဦးေခါင္းႀကီးကို ပင္လယ္ထဲပစ္ခ်လၽွင္ ေရခန္းမည္ျဖစ္ၿပီး ေျမႀကီးမွာထားလၽွင္ မီးေလာင္ပ်က္စီးၾကမည္ျဖစ္သည္။ ေလထဲကို ပစ္လၽွင္လည္း သတၱဝါအားလုံး မီးေလာင္ၾကမည္ျဖစ္သျဖင့္ သိၾကားမင္းက မည္သည့္ေနရာတြင္မွ မထားလိုဘဲ လက္ထဲ၌သာ ကိုင္ထားရေလသည္။
ေနာက္ပိုင္းတြင္ တန္ခိုးႀကီးေသာ နတ္မင္းႀကီးမ်ားကို တာဝန္လႊဲၿပီး တစ္ႏွစ္လၽွင္ နတ္မင္းတစ္ပါးက ဦးေခါင္းႀကီးကို ထိန္းသိမ္းထားရန္ မိန္႔ဆိုသည္။ ဦးေခါင္းႀကီးကို တစ္ဦးလက္မွ တစ္ဦးလႊဲမည့္ အခ်ိန္အတိအက်ကို ပုဏၰားတို႔က တြက္ခ်က္ေဖၚထုတ္ၾကၿပီး ထိုအကူးအေျပာင္းကာလကို သကၤႏၲအခါဟု ဆိုၾကသည္။ ႏွစ္တစ္ႏွစ္ျပည့္သည္ဟုလည္း သတ္မွတ္သည္။

ထိုကာလ၌ သိၾကားမင္းသည္ လူ႕ျပည္တြင္ ေကာင္းမႈကုသိုလ္ထြန္းကားရန္ႏွင့္ ဗုဒၶသာသနာျပန္႔ပြားရန္အတြက္ လူ႕ျပည္ဆင္းကာ ေဆာင္႐ြက္ေလ့ရွိသည္။ မွတ္တမ္းမ်ားကို မွတ္သားသည္ဟုလည္းဆိုသည္။ ေကာင္းသူမ်ားကို ေ႐ႊေပလႊာတြင္ ေရးမွတ္ၿပီး၊ မေကာင္းသူမ်ားကို ေခြးသားေရတြင္ ေရးမွတ္သည္။ (ေသခါနီးစိတ္၊ ခႏၶာငါးပါးခ်ဳပ္ပုံ၊ အကုသိုလ္သေဘာႏွင့္ ငရဲ၊ ယမမင္း စသည့္အေၾကာင္းမ်ားကို ဘုရားရွင္က အဘိဏွသုတ္တြင္ ေဟာၾကားခဲ့ၿပီးျဖစ္သျဖင့္ ထိုသို႔ေရးမွတ္သည္ဆိုသည္မွာ မည္သို႔မၽွ အက်ိဳးအေၾကာင္းမရွိေပ။ ဆိုလိုသည္မွာ သိၾကားမင္းက မည္သို႔မၽွ အေရးမပါ၊ သတၱဝါတိုင္း မိမိကံႏွင့္မိမိသာျဖစ္သည္။)

ထို႔အျပင္ ဘုရားရွင္မ်ားလက္ထက္ကပင္ နတ္ႏွင့္သိၾကားတို႔သည္ တရားနာလိုလၽွင္ ညသန္းေခါင္ေက်ာ္ လူသူကင္းရွင္းခ်ိန္မွသာ လာေလ့ရွိသည့္ သာဓကမ်ားရွိေပသည္။ မဂၤလသုတ္၊ သကၠပညာသုတ၊ အာနာပါနသုတ္ စသည္တို႔မွာ ညအခ်ိန္တြင္ ေဟာၾကားခဲ့သည့္ သုတ္မ်ားျဖစ္ေပသည္။ အေၾကာင္းမွာ လူတို႔၏ ဝမ္းထဲမွ အစာေဟာင္းအနံ႔ကို နတ္တို႔က မခံႏိုင္ေသာေၾကာင့္ျဖစ္သည္ဟု ဆိုပါသည္။ ထို႔ေၾကာင့္ သႀကၤန္တြင္ သိၾကားမင္းက လူတို႔အၾကားဆင္းသည္ဟူေသာ အေျပာမွာ မျဖစ္ႏိုင္ေပ။

မည္သို႔ဆိုေစကာမူ အထက္ပါ ဇာတ္လမ္းအရဆိုလၽွင္ သိၾကားမင္းဆင္းသည္ ဆိုေသာ္ျငားလည္း ေရေလာင္းျခင္းအမႈမွာ မပါဝင္ေသးေပ။ ေနာက္ပိုင္းကာလမ်ားမွသာ ႏွစ္သစ္ကို ေအးခ်မ္းစြာ ႀကိဳဆိုသည့္သေဘာျဖင့္ ေရပက္ျခင္း၊ ေရေလာင္းျခင္းျဖင့္ ကစားလာၾကျခင္းျဖစ္သည္။ သို႔ျဖင့္ ကာလရွည္ၾကာလာေသာအခါ သႀကၤန္၊ သိၾကားမင္းႏွင့္ ေရပက္ျခင္းတို႔မွာ ဇာတ္လမ္းအားျဖင့္ တစ္သားတည္း ျဖစ္လာေတာ့သည္။ သို႔ျဖင့္ သိၾကားမင္းသည္ အက်ေန႔တြင္ လူ႕ျပည္သို႔ဆင္းသည္၊ အတက္ေန႔တြင္ လူ႕ျပည္မွျပန္သည္၊ စသည္ျဖင့္ ဆင့္ပြားဇာတ္လမ္းမ်ားပါ ထြက္ေပၚလာေတာ့သည္။

ေနႏွင့္ကမၻာလည္ပတ္ရာမွ ဆင္းသက္လာေသာ ရာဇဝင္

ယခုဇာတ္လမ္းမွာမူ ဗုဒၶဝင္က်မ္းမ်ား၊ ေဗဒင္ပညာရပ္မ်ားႏွင့္ ဆက္စပ္ေပသည္။ ကမၻာႀကီးက ေနကိုလွည့္ပတ္ျခင္းကို မိႆရာသီမွ စတင္ၾကည့္လၽွင္ ၿပိႆ၊ ေမထုန္… မိန္ရာသီသို႔ေရာက္ေသာအခါ သူရိယသိဒၶႏၲက်မ္းအရ ၃၆၅ ရက္၊ ၆ နာရီ ၊ ၁၂ မိနစ္၊ ၃၇ စကၠန္႔ျပည့္ကာ တနဂၤေႏြ ရဝိဖုဋၿဂိဳဟ္စင္မွ မိႆရာသီအစ သုညအသၤာသို႔ ဝင္သည္ဟု သတ္မွတ္ကာ ႏွစ္ေဟာင္းကုန္ဆုံးကာ ႏွစ္သစ္သို႔ကူးေျပာင္းေရာက္ရွိသည္ဟု ဆိုသည္။ သႀကၤန္က်သည္ဟု သတ္မွတ္သည္။ သို႔ေသာ္ ႏွစ္သစ္သို႔ အမွန္တကယ္ကူးသည့္ အခ်ိန္မွာ ေနာက္ထပ္ ၂ ရက္၊ ၄ နာရီ၊ ၄ မိနစ္ႏွင့္ ၄၀ စကၠန္႔ၾကာမွျဖစ္သည္။ ထိုသို႔ ေနသြားလမ္းကို ၁၂ ရာသီခြင္ႏွင့္ ၫွိႏႈိင္းတြက္ခ်က္ကာ လျပကၡဒိန္သုံး ျမန္မာတို႔အတြက္ တန္ခူးလအတြင္းတြင္ သႀကၤန္က်ေရာက္ေလသည္။

ပုဂံေခတ္သႀကၤန္ပြဲေတာ္

သဘာဝက်သည္တစ္ခုမွာ တန္ခူးဟူသည့္ ေဝါဟာရမွာ တာကူးမွ ဆင္းသက္လာျခင္းျဖစ္ၿပီး တနဂၤေႏြ ရဝိဖုဋၿဂိဳဟ္စင္မွ မိႆရာသီသို႔ ကူးေျပာင္းသည္ကိုရည္႐ြယ္၍ ေရွးျမန္မာပညာရွိတို႔က သတ္မွတ္အမည္ေပးခဲ့ျခင္းျဖစ္သည္။ ေနာက္ယူဆပုံတစ္မ်ိဳးမွာ တန္(ဝါ)တန္းမွာ ထန္းျဖစ္၍ ခူးမွာ ခူးဆြတ္ျခင္းျဖစ္သည္။ ထို႔ေၾကာင့္ ထန္းသီးခူးေသာလဟုလည္း အဓိပၸါယ္ေရာက္သည္။

ဗုဒၶက်မ္းဂန္မ်ားအရ ထိုကာလတြင္ ဘုရားရွင္၏ မယ္ေတာ္ဘက္မွ အမ်ိဳးမ်ားရွိသည့္ ေဒဝဒဟျပည္မွ မင္းသားမင္းသမီးမ်ား ေရကစားသည့္ ကာလျဖစ္သည္ဟုလည္းဆိုသည္။ (ေဒဝမွာ နတ္ဟူေသာ အဓိပၸါယ္သာမက၊ မင္းသားမင္းသမီးဟုလည္း အဓိပၸါယ္ရသည္။) ဘုရားရွင္လက္ထက္မတိုင္မီကပင္ ထိုပူျပင္းေသာ မိန္ရာသီမွ မိႆရာသီသို႔အေျပာင္းတြင္ ေရကစားေလ့ရွိသည္ဟုလည္း ဆိုသည္။ ယခုဇာတ္လမ္းမ်ားတြင္မူ သိၾကားမင္းမပါေတာ့ေပ။ ဗုဒၶဝင္ႏွင့္ ေဗဒင္ကို ၫွိႏႈိင္းၿပီး ေရကစားၾကျခင္းသာျဖစ္သည္။

ျမန္မာတို႔ႏွင့္ ယဥ္ေက်းမႈျခင္းတူညီသည့္ ထိုင္း ၊လာအို၊ ကေမၻာဒီးယား တို႔တြင္ မည္သို႔ေသာ အစဥ္အလာမ်ိဳးရွိသည္ကိုမူ မသိရေပ။ အမည္အားျဖင့္ ထိုင္းတြင္ ေဆာင္ခရန္ (Songkran ) ၊ လာအိုတြင္ ပီမိုင္( Pimai ) ၊ ကေမၻာဒီးယားတြင္ (Chaul Chnam Thmey ) စသည္ျဖင့္ အသီးသီးေခၚေဝၚၾကသည္။

ဘုရားပိဋကတ္ေတာ္၌ သႀကၤန္က်ျခင္း၊ တက္ျခင္း အေၾကာင္းမ်ားမပါေခ်။ သီတင္းကၽြတ္၊ တန္ေဆာင္မုန္းလမ်ား၌ က်င္းပေလ့ရွိေသာ နကၡတ္ပြဲသဘင္မ်ားအေၾကာင္းသာ ေဖၚျပထားေလသည္။ သို႔ေသာ္ ကမၻာေပၚရွိ လူမ်ိဳးတို႔သည္ မိမိတို႔၏ ဓေလ့ထုံးတမ္းအစဥ္အလာမ်ားအရ ႏွစ္ဆန္းရက္မ်ား သတ္မွတ္ရေပမည္။

သိုးေဆာင္းလူမ်ိဳးမ်ားႏွင့္ ယင္းတို႔၏ အယူဝါဒကိုက်င့္သုံးေသာ လူမ်ိဳးအေပါင္းတို႔သည္ ဇန္နဝါရီလ ၁ ရက္ ႏွစ္ဆန္းရက္ျဖစ္၍ ဒီဇင္ဘာလ ၃၁ ရက္ ညဥ့္သန္းေခါင္မတိုင္မီ အခါက ႏွစ္သစ္ကူးရက္ႀကိဳ ေပ်ာ္႐ႊင္ပြဲမ်ား က်င္းပၾက၏။ အခ်ိဳ႕ကလည္း ဘုရားေက်ာင္းမ်ားတြင္ ႏွစ္ကူးအခ်ိန္အခါ၌ ဆုေတာင္းေမတၱာမ်ား ပို႔သၾက၏။ ဤသည္ကိုလည္း သိုးေဆာင္းႏွစ္ကူးသႀကၤန္ဟု ေခၚဆိုႏိုင္သည္။ တ႐ုတ္လူမ်ိဳးမ်ားလည္း ႏွစ္သစ္ကူးပြဲေတာ္ကို ေဖေဖၚဝါရီလအတြင္း အႀကီးအက်ယ္ က်င္းပသကဲ့သို႔ ဟိႏၵဴ-ဗဂၤါလီ လူမ်ိဳးတို႔လည္း မတ္လအတြင္း မိမိတို႔လူမ်ိဳး အခ်င္းခ်င္း ေဆးနီေရမ်ားျဖင့္ ေမတၱာေရစင္မ်ား ေလာင္းစားၾက၍ ႏွစ္ကူးသႀကၤန္ပြဲေတာ္မ်ား ေပ်ာ္႐ႊင္စြာက်င္းပၾက၏။

ျမန္မာလူမ်ိဳးတို႔၏ ႏွစ္ကူးသႀကၤန္ပြဲသည္လည္း ဟိႏၵဴအယူဝါဒမွ ဆင္းသက္ေသာဓေလ့အတိုင္း ေရွးယခင္ကာလမ်ား၌ မိဘဆရာသမားမ်ားႏွင့္ သက္ႀကီး ဝါႀကီးမ်ားကို သနပ္ခါးနံသာေရမ်ား၊ သေျပခက္ ကေလးမ်ားျဖင့္ ကန္ေတာ့ၾကသည့္ အေလ့အထရွိခဲ့ၾကသည္။ သို႔ရာတြင္ ယခုေခတ္၌ တစ္ဦးႏွင့္တစ္ဦး၊ တစ္ဖြဲ႕ႏွင့္တစ္ဖြဲ႕၊ အလြန္အက်ဴးအျပန္အလွန္ ေရကစားမႈမ်ား၊ အားကစားစိတ္ဓာတ္ သေဘာမ်ိဳးျဖင့္ အၿပိဳင္အဆိုင္စကားႏိုင္သံခ်ပ္မ်ားႏွင့္ ေပ်ာ္႐ႊင္ပြဲသဖြယ္ဆင္ႏႊဲမႈမ်ား ျဖစ္လာခဲ့သည္။

ပုဂံေခတ္၊ နရသီဟပေတ့မင္းလက္ထက္ မိဖုရားေစာလုံႏွင့္ ေရပက္ကစားရာတြင္ ဘုရင္က အက်ီစားလြန္သျဖင့္ ေစာလုံစိတ္ဆိုးကာ ဘုရင္ကို ေသေၾကာင္းႀကံေသာေၾကာင့္ ေစာလုံကြပ္မ်က္ခံရသည္ဟူေသာ ျဖစ္ရပ္အရ သႀကၤန္ေရ ကစားသည့္အေလ့သည္ ပုဂံေခတ္ကပင္ရွိခဲ့ၿပီဟု မွတ္ယူဖြယ္ရွိသည္။

အတာသႀကၤန္တစ္ႀကိမ္မွ ေနာက္တစ္ႀကိမ္ကာလသည္ တစ္ႏွစ္တာအပိုင္းအျခားကာလျဖစ္သည္။ စၾကဝဠာအတြင္းရွိ ၿဂိဳဟ္နကၡတ္တာရာမ်ားတြင္ သူရိယေနမင္းကိုဗဟိုျပဳ၍ လွည့္လည္သြားသည့္အခါ တစ္ပတ္ေျမာက္ကာလသည္ တစ္ႏွစ္အပိုင္းအျခားကာလျဖစ္သည္။ ယင္းကာလအပိုင္းအျခားသည္ ၃၆၅ ရက္ ၆ နာရီ ၁၂ မိနစ္ ၃၇ စကၠန္႔ျဖစ္၏။

သႀကၤန္ႏွင့္ပတ္သက္ေသာ သမိုင္းအခ်က္အလက္မ်ား မည္သို႔ပင္ကြဲျပားေစကာမူ လက္ရွိအခ်ိန္တြင္ ပိေတာက္ပန္းမ်ားပြင့္သည့္ တန္ခူးလတြင္က်င္းပသည့္ အတာသႀကၤန္ေရသဘင္ပြဲေတာ္ကို ျမန္မာႏိုင္ငံတြင္ အစည္ကားဆုံးႏွင့္ အႀကီးက်ယ္ဆုံး အခမ္းနားဆုံး ျမန္မာႏွစ္သစ္ကူးပြဲေတာ္တစ္ခုအျဖစ္ ႏွစ္စဥ္က်င္းပလ်က္ရွိသည္။ ေခတ္ေဟာင္းေငြဖလားႏွင့္ သေျပခက္ယဥ္ေက်းမႈမ်ား၊ ေခတ္သစ္ ဂီတအကအလွယဥ္ေက်းမႈမ်ားျဖင့္ ေရာေထြးလ်က္ရွိေသာ္လည္း သႀကၤန္သည္ ျမန္မာျပည္သူျပည္သားတိုင္း ေပ်ာ္႐ႊင္ရသည့္ အႀကီးက်ယ္အခမ္းနားဆုံး ျမန္မာ့ႏွစ္သစ္ကူးပြဲေတာ္တစ္ခုပင္ျဖစ္ေပေတာ့သည္။

၁၉၅၀ ၿမဳိ႕မသႀကၤန္

၁၉၄၆ခုႏွစ္က သႀကၤန္ပြဲေတာ္ ဗီဒီယုိ

 

ျမန္မာ့စြယ္စုံက်မ္း


သင်္ကြန်ရဲ့ သမိုင်းကြောင်း (unicode)

သင်္ကြန်ဟူသော ဝေါဟာရသည် သင်္ကန္တခေါ် ပါဠိဘာသာ၊ သင်္ကြန္တခေါ် သက္ကတဘာသာမှ သက်ဆင်းလာသော ဝေါဟာရဖြစ်သည်။ သင်္ကန္တ၊ သင်္ကြန္တဟူသည် ကူးပြောင်းခြင်းဟု အနက်အဓိပ္ပါယ်ရသည်။ တပေါင်းလတွင် မြန်မာနှစ် တစ်နှစ်ကုန်ဆုံးကာ နှစ်ဟောင်းကုန်၍ တန်ခူးလတွင် နှစ်သစ်ကြုံရသောကာလ၊ နှစ်သစ်ကူးပြောင်းသောကာလဟု ဆိုလိုရင်းဖြစ်သည်။ နွေရာသီ၏ အပူဒဏ်ကို သင်္ကြန်ရေဖြင့် အေးမြစေသည်။ နှစ်ဟောင်းမှ အညစ်အကြေးများကို သင်္ကြန်ရေဖြင့် ဆေးကြောသစ်လွင် တောက်ပသန့်စင်လာစေသည်။

သို့ဖြင့် မည်သည့်အရာကူးပြောင်းသည်ကို ဇာတ်လမ်းရှာသောအခါ ဇာတ်လမ်း ၂ မျိုးတွေ့ရှိရသည်။ တစ်ခုမှာ ဟိန္ဒူအယူဝါဒမှ ဆင်းသက်၍ ကျန်တစ်ခုမှာ နေနှင့်ကမ္ဘာလည်ပတ်ရာမှ ဆင်းသက်လာသည်။

ဟိန္ဒူအယူဝါဒမှ ဆင်းသက်လာသော ရာဇဝင်

သိကြားမင်းနှင့် ဗြဟ္မာမင်းကြီး ( Arsi ) အငြင်းပွားကြရာ သိကြားမင်းနိုင်သဖြင့် ဗြဟ္မာမင်းကြီး၏ ဦးခေါင်းကိုရခဲ့သည်။ ဗြဟ္မာမင်းကြီးမှာ တန်ခိုးကြီးလှသဖြင့် ထိုဦးခေါင်းကြီးကို ပင်လယ်ထဲပစ်ချလျှင် ရေခန်းမည်ဖြစ်ပြီး မြေကြီးမှာထားလျှင် မီးလောင်ပျက်စီးကြမည်ဖြစ်သည်။ လေထဲကို ပစ်လျှင်လည်း သတ္တဝါအားလုံး မီးလောင်ကြမည်ဖြစ်သဖြင့် သိကြားမင်းက မည်သည့်နေရာတွင်မှ မထားလိုဘဲ လက်ထဲ၌သာ ကိုင်ထားရလေသည်။
နောက်ပိုင်းတွင် တန်ခိုးကြီးသော နတ်မင်းကြီးများကို တာဝန်လွှဲပြီး တစ်နှစ်လျှင် နတ်မင်းတစ်ပါးက ဦးခေါင်းကြီးကို ထိန်းသိမ်းထားရန် မိန့်ဆိုသည်။ ဦးခေါင်းကြီးကို တစ်ဦးလက်မှ တစ်ဦးလွှဲမည့် အချိန်အတိအကျကို ပုဏ္ဏားတို့က တွက်ချက်ဖေါ်ထုတ်ကြပြီး ထိုအကူးအပြောင်းကာလကို သင်္ကန္တအခါဟု ဆိုကြသည်။ နှစ်တစ်နှစ်ပြည့်သည်ဟုလည်း သတ်မှတ်သည်။

ထိုကာလ၌ သိကြားမင်းသည် လူ့ပြည်တွင် ကောင်းမှုကုသိုလ်ထွန်းကားရန်နှင့် ဗုဒ္ဓသာသနာပြန့်ပွားရန်အတွက် လူ့ပြည်ဆင်းကာ ဆောင်ရွက်လေ့ရှိသည်။ မှတ်တမ်းများကို မှတ်သားသည်ဟုလည်းဆိုသည်။ ကောင်းသူများကို ရွှေပေလွှာတွင် ရေးမှတ်ပြီး၊ မကောင်းသူများကို ခွေးသားရေတွင် ရေးမှတ်သည်။ (သေခါနီးစိတ်၊ ခန္ဓာငါးပါးချုပ်ပုံ၊ အကုသိုလ်သဘောနှင့် ငရဲ၊ ယမမင်း စသည့်အကြောင်းများကို ဘုရားရှင်က အဘိဏှသုတ်တွင် ဟောကြားခဲ့ပြီးဖြစ်သဖြင့် ထိုသို့ရေးမှတ်သည်ဆိုသည်မှာ မည်သို့မျှ အကျိုးအကြောင်းမရှိပေ။ ဆိုလိုသည်မှာ သိကြားမင်းက မည်သို့မျှ အရေးမပါ၊ သတ္တဝါတိုင်း မိမိကံနှင့်မိမိသာဖြစ်သည်။)

ထို့အပြင် ဘုရားရှင်များလက်ထက်ကပင် နတ်နှင့်သိကြားတို့သည် တရားနာလိုလျှင် ညသန်းခေါင်ကျော် လူသူကင်းရှင်းချိန်မှသာ လာလေ့ရှိသည့် သာဓကများရှိပေသည်။ မင်္ဂလသုတ်၊ သက္ကပညာသုတ၊ အာနာပါနသုတ် စသည်တို့မှာ ညအချိန်တွင် ဟောကြားခဲ့သည့် သုတ်များဖြစ်ပေသည်။ အကြောင်းမှာ လူတို့၏ ဝမ်းထဲမှ အစာဟောင်းအနံ့ကို နတ်တို့က မခံနိုင်သောကြောင့်ဖြစ်သည်ဟု ဆိုပါသည်။ ထို့ကြောင့် သင်္ကြန်တွင် သိကြားမင်းက လူတို့အကြားဆင်းသည်ဟူသော အပြောမှာ မဖြစ်နိုင်ပေ။

မည်သို့ဆိုစေကာမူ အထက်ပါ ဇာတ်လမ်းအရဆိုလျှင် သိကြားမင်းဆင်းသည် ဆိုသော်ငြားလည်း ရေလောင်းခြင်းအမှုမှာ မပါဝင်သေးပေ။ နောက်ပိုင်းကာလများမှသာ နှစ်သစ်ကို အေးချမ်းစွာ ကြိုဆိုသည့်သဘောဖြင့် ရေပက်ခြင်း၊ ရေလောင်းခြင်းဖြင့် ကစားလာကြခြင်းဖြစ်သည်။ သို့ဖြင့် ကာလရှည်ကြာလာသောအခါ သင်္ကြန်၊ သိကြားမင်းနှင့် ရေပက်ခြင်းတို့မှာ ဇာတ်လမ်းအားဖြင့် တစ်သားတည်း ဖြစ်လာတော့သည်။ သို့ဖြင့် သိကြားမင်းသည် အကျနေ့တွင် လူ့ပြည်သို့ဆင်းသည်၊ အတက်နေ့တွင် လူ့ပြည်မှပြန်သည်၊ စသည်ဖြင့် ဆင့်ပွားဇာတ်လမ်းများပါ ထွက်ပေါ်လာတော့သည်။

နေနှင့်ကမ္ဘာလည်ပတ်ရာမှ ဆင်းသက်လာသော ရာဇဝင်

ယခုဇာတ်လမ်းမှာမူ ဗုဒ္ဓဝင်ကျမ်းများ၊ ဗေဒင်ပညာရပ်များနှင့် ဆက်စပ်ပေသည်။ ကမ္ဘာကြီးက နေကိုလှည့်ပတ်ခြင်းကို မိဿရာသီမှ စတင်ကြည့်လျှင် ပြိဿ၊ မေထုန်… မိန်ရာသီသို့ရောက်သောအခါ သူရိယသိဒ္ဓန္တကျမ်းအရ ၃၆၅ ရက်၊ ၆ နာရီ ၊ ၁၂ မိနစ်၊ ၃၇ စက္ကန့်ပြည့်ကာ တနင်္ဂနွေ ရဝိဖုဋဂြိုဟ်စင်မှ မိဿရာသီအစ သုညအင်္သာသို့ ဝင်သည်ဟု သတ်မှတ်ကာ နှစ်ဟောင်းကုန်ဆုံးကာ နှစ်သစ်သို့ကူးပြောင်းရောက်ရှိသည်ဟု ဆိုသည်။ သင်္ကြန်ကျသည်ဟု သတ်မှတ်သည်။ သို့သော် နှစ်သစ်သို့ အမှန်တကယ်ကူးသည့် အချိန်မှာ နောက်ထပ် ၂ ရက်၊ ၄ နာရီ၊ ၄ မိနစ်နှင့် ၄၀ စက္ကန့်ကြာမှဖြစ်သည်။ ထိုသို့ နေသွားလမ်းကို ၁၂ ရာသီခွင်နှင့် ညှိနှိုင်းတွက်ချက်ကာ လပြက္ခဒိန်သုံး မြန်မာတို့အတွက် တန်ခူးလအတွင်းတွင် သင်္ကြန်ကျရောက်လေသည်။

သဘာဝကျသည်တစ်ခုမှာ တန်ခူးဟူသည့် ဝေါဟာရမှာ တာကူးမှ ဆင်းသက်လာခြင်းဖြစ်ပြီး တနင်္ဂနွေ ရဝိဖုဋဂြိုဟ်စင်မှ မိဿရာသီသို့ ကူးပြောင်းသည်ကိုရည်ရွယ်၍ ရှေးမြန်မာပညာရှိတို့က သတ်မှတ်အမည်ပေးခဲ့ခြင်းဖြစ်သည်။ နောက်ယူဆပုံတစ်မျိုးမှာ တန်(ဝါ)တန်းမှာ ထန်းဖြစ်၍ ခူးမှာ ခူးဆွတ်ခြင်းဖြစ်သည်။ ထို့ကြောင့် ထန်းသီးခူးသောလဟုလည်း အဓိပ္ပါယ်ရောက်သည်။

ဗုဒ္ဓကျမ်းဂန်များအရ ထိုကာလတွင် ဘုရားရှင်၏ မယ်တော်ဘက်မှ အမျိုးများရှိသည့် ဒေဝဒဟပြည်မှ မင်းသားမင်းသမီးများ ရေကစားသည့် ကာလဖြစ်သည်ဟုလည်းဆိုသည်။ (ဒေဝမှာ နတ်ဟူသော အဓိပ္ပါယ်သာမက၊ မင်းသားမင်းသမီးဟုလည်း အဓိပ္ပါယ်ရသည်။) ဘုရားရှင်လက်ထက်မတိုင်မီကပင် ထိုပူပြင်းသော မိန်ရာသီမှ မိဿရာသီသို့အပြောင်းတွင် ရေကစားလေ့ရှိသည်ဟုလည်း ဆိုသည်။ ယခုဇာတ်လမ်းများတွင်မူ သိကြားမင်းမပါတော့ပေ။ ဗုဒ္ဓဝင်နှင့် ဗေဒင်ကို ညှိနှိုင်းပြီး ရေကစားကြခြင်းသာဖြစ်သည်။

မြန်မာတို့နှင့် ယဉ်ကျေးမှုခြင်းတူညီသည့် ထိုင်း ၊လာအို၊ ကမ္ဘောဒီးယား တို့တွင် မည်သို့သော အစဉ်အလာမျိုးရှိသည်ကိုမူ မသိရပေ။ အမည်အားဖြင့် ထိုင်းတွင် ဆောင်ခရန် (Songkran ) ၊ လာအိုတွင် ပီမိုင်( Pimai ) ၊ ကမ္ဘောဒီးယားတွင် (Chaul Chnam Thmey ) စသည်ဖြင့် အသီးသီးခေါ်ဝေါ်ကြသည်။

ဘုရားပိဋကတ်တော်၌ သင်္ကြန်ကျခြင်း၊ တက်ခြင်း အကြောင်းများမပါချေ။ သီတင်းကျွတ်၊ တန်ဆောင်မုန်းလများ၌ ကျင်းပလေ့ရှိသော နက္ခတ်ပွဲသဘင်များအကြောင်းသာ ဖေါ်ပြထားလေသည်။ သို့သော် ကမ္ဘာပေါ်ရှိ လူမျိုးတို့သည် မိမိတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများအရ နှစ်ဆန်းရက်များ သတ်မှတ်ရပေမည်။

သိုးဆောင်းလူမျိုးများနှင့် ယင်းတို့၏ အယူဝါဒကိုကျင့်သုံးသော လူမျိုးအပေါင်းတို့သည် ဇန်နဝါရီလ ၁ ရက် နှစ်ဆန်းရက်ဖြစ်၍ ဒီဇင်ဘာလ ၃၁ ရက် ညဉ့်သန်းခေါင်မတိုင်မီ အခါက နှစ်သစ်ကူးရက်ကြို ပျော်ရွှင်ပွဲများ ကျင်းပကြ၏။ အချို့ကလည်း ဘုရားကျောင်းများတွင် နှစ်ကူးအချိန်အခါ၌ ဆုတောင်းမေတ္တာများ ပို့သကြ၏။ ဤသည်ကိုလည်း သိုးဆောင်းနှစ်ကူးသင်္ကြန်ဟု ခေါ်ဆိုနိုင်သည်။ တရုတ်လူမျိုးများလည်း နှစ်သစ်ကူးပွဲတော်ကို ဖေဖေါ်ဝါရီလအတွင်း အကြီးအကျယ် ကျင်းပသကဲ့သို့ ဟိန္ဒူ-ဗင်္ဂါလီ လူမျိုးတို့လည်း မတ်လအတွင်း မိမိတို့လူမျိုး အချင်းချင်း ဆေးနီရေများဖြင့် မေတ္တာရေစင်များ လောင်းစားကြ၍ နှစ်ကူးသင်္ကြန်ပွဲတော်များ ပျော်ရွှင်စွာကျင်းပကြ၏။

မြန်မာလူမျိုးတို့၏ နှစ်ကူးသင်္ကြန်ပွဲသည်လည်း ဟိန္ဒူအယူဝါဒမှ ဆင်းသက်သောဓလေ့အတိုင်း ရှေးယခင်ကာလများ၌ မိဘဆရာသမားများနှင့် သက်ကြီး ဝါကြီးများကို သနပ်ခါးနံသာရေများ၊ သပြေခက် ကလေးများဖြင့် ကန်တော့ကြသည့် အလေ့အထရှိခဲ့ကြသည်။ သို့ရာတွင် ယခုခေတ်၌ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ အလွန်အကျူးအပြန်အလှန် ရေကစားမှုများ၊ အားကစားစိတ်ဓာတ် သဘောမျိုးဖြင့် အပြိုင်အဆိုင်စကားနိုင်သံချပ်များနှင့် ပျော်ရွှင်ပွဲသဖွယ်ဆင်နွှဲမှုများ ဖြစ်လာခဲ့သည်။

ပုဂံခေတ်၊ နရသီဟပတေ့မင်းလက်ထက် မိဖုရားစောလုံနှင့် ရေပက်ကစားရာတွင် ဘုရင်က အကျီစားလွန်သဖြင့် စောလုံစိတ်ဆိုးကာ ဘုရင်ကို သေကြောင်းကြံသောကြောင့် စောလုံကွပ်မျက်ခံရသည်ဟူသော ဖြစ်ရပ်အရ သင်္ကြန်ရေ ကစားသည့်အလေ့သည် ပုဂံခေတ်ကပင်ရှိခဲ့ပြီဟု မှတ်ယူဖွယ်ရှိသည်။

အတာသင်္ကြန်တစ်ကြိမ်မှ နောက်တစ်ကြိမ်ကာလသည် တစ်နှစ်တာအပိုင်းအခြားကာလဖြစ်သည်။ စကြဝဠာအတွင်းရှိ ဂြိုဟ်နက္ခတ်တာရာများတွင် သူရိယနေမင်းကိုဗဟိုပြု၍ လှည့်လည်သွားသည့်အခါ တစ်ပတ်မြောက်ကာလသည် တစ်နှစ်အပိုင်းအခြားကာလဖြစ်သည်။ ယင်းကာလအပိုင်းအခြားသည် ၃၆၅ ရက် ၆ နာရီ ၁၂ မိနစ် ၃၇ စက္ကန့်ဖြစ်၏။

သင်္ကြန်နှင့်ပတ်သက်သော သမိုင်းအချက်အလက်များ မည်သို့ပင်ကွဲပြားစေကာမူ လက်ရှိအချိန်တွင် ပိတောက်ပန်းများပွင့်သည့် တန်ခူးလတွင်ကျင်းပသည့် အတာသင်္ကြန်ရေသဘင်ပွဲတော်ကို မြန်မာနိုင်ငံတွင် အစည်ကားဆုံးနှင့် အကြီးကျယ်ဆုံး အခမ်းနားဆုံး မြန်မာနှစ်သစ်ကူးပွဲတော်တစ်ခုအဖြစ် နှစ်စဉ်ကျင်းပလျက်ရှိသည်။ ခေတ်ဟောင်းငွေဖလားနှင့် သပြေခက်ယဉ်ကျေးမှုများ၊ ခေတ်သစ် ဂီတအကအလှယဉ်ကျေးမှုများဖြင့် ရောထွေးလျက်ရှိသော်လည်း သင်္ကြန်သည် မြန်မာပြည်သူပြည်သားတိုင်း ပျော်ရွှင်ရသည့် အကြီးကျယ်အခမ်းနားဆုံး မြန်မာ့နှစ်သစ်ကူးပွဲတော်တစ်ခုပင်ဖြစ်သည်။

မြန်မာ့စွယ်စုံကျမ်း

Leave a Reply