ပန္ထြာဘုရင္မ ရဲ႕ ဗိႆႏိုးၿမိဳ႕ေဟာင္း အေၾကာင္းသိေကာင္းစရာ

Posted on

မူရင္းေရးသားသူ – ေမာင္သာ(ေရွးေဟာင္းသုေတသန)

ဗိႆႏိုးဟု ဆိုလွ်င္ ျမန္မာလူမ်ိဳး အမ်ားစုက ရာဇ၀င္တြင္ လူႀကိဳက္မ်ားခဲ့သည့္ ဒြတၱေဘာင္မင္းႀကီးႏွင့္ပန္ထြာဘုရင္မ ဇာတ္လမ္းကို ေတြးေတာမိၾကသည္။ပန္ထြာဘုရင္မ ဇာတ္လမ္းေၾကာင့္ လူအမ်ားစိတ္၀င္စားၾကသည့္ ဗိႆႏိုးသည္ စင္စစ္အားျဖင့္ ပ်ဴယဥ္ေက်းမႈ ထြန္းကားခဲ့ေသာ ေရွးေဟာင္းနယ္ေျမတစ္ခု ျဖစ္ၿပီး မေကြးတိုင္းေဒသႀကီး၊ေတာင္တြင္းႀကီးၿမိဳ႕နယ္တြင္ တည္ရွိသည္။ ျမန္မာ့စာေပ သမိုင္းတြင္ ေတာင္တြင္းႀကီးသည္ ေပေလးပင္၊ရွင္ေလးပါးေၾကာင့္ ေက်ာ္ၾကားခဲ့သကဲ့သို႕ ဗိႆႏိုး သည္လည္း ပန္ထြာမင္းသမီး၊ ရန္ပယ္ေခ်ာင္းႏွင့္ စည္ေတာ္ႀကီးတို႕ေၾကာင့္ အလြန္ထင္ရွားခဲ့ေပသည္။

ဗိႆႏိုးသည္ ပဲခူးတိုင္းေဒသႀကီး၊ျပည္ၿမိဳ႕နယ္ရွိ သေရေခတၱရာၿမိဳ႕ေဟာင္းႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီး၊၀က္လက္ၿမိဳ႕နယ္ရွိ ဟန္လင္းၿမိဳ႕ေဟာင္းမ်ားကဲ့သို႕ပင္ ပ်ဴ ယဥ္ေက်းမႈ အေထာက္အထားမ်ား မ်ားစြာ ၾကြင္းက်န္ေနသည့္ သမိုင္း၀င္ေရွးေဟာင္းနယ္ေျမ တစ္ခုျဖစ္သည္။

ရာဇ၀င္ထဲမွ ဗိႆႏိုး

ေရွးအခါက အလိုရွိရာ ေတာင့္တ၍ ဆုေတာင္းပန္ထြာ ပတၱနာျပဳခဲ့ေသာ ပန္ထြာမင္းသမီး၊ ဗိႆႏိုးနတ္မင္း ဖန္ဆင္းေပး ေသာ ဗိႆႏိုးၿမိဳ႕၊ တီးခတ္လိုက္လွ်င္ ရန္သူမ်ားၿမိဳ႕တြင္းသို႕မ၀င္ႏိုင္ရန္ ေခ်ာင္းေရမ်ားကို တက္လာေစသည့္အတုလစည္ေတာ္၊ စည္ေတာ္ႀကီးတီးလိုက္တိုင္း ေရလုံးႀကီးမ်ား အရွိန္ျပင္းစြာစီးက်လာေသာ ရန္ပယ္ေခ်ာင္းတို႕သည္ ျမန္မာလူမ်ိဳးမ်ား ႏွစ္ၿခိဳက္ခဲ့သည့္ ဗိႆႏိုး ဇာတ္လမ္းျဖစ္ေပသည္။

အခြန္ပဏၰာေတာင္းရန္ ပန္ထြာျပည္သို႕ တိုင္းခန္းလွည့္လည္ေရာက္ရွိလာခဲ့သည့္ ဒြတၱေဘာင္မင္းႀကီးကို မသန္႕ေသာ အ၀တ္ ပ၀ါဆက္ခဲ့သည့္ ပန္ထြာဘုရင္မ၊ မသန္႕ေသာ အ၀တ္ျဖင့္ မ်က္ႏွာသုတ္ခဲ့သျဖင့္ မွည့္ရွင္ ကြယ္ခဲ့ရေသာ ဒြတၱေဘာင္မင္းႀကီး အေၾကာင္းမ်ားကို မဟာရာဇ၀င္ႀကီးတြင္ သာမာန္ ေဖာ္ျပထားသည္။

မင္းတုန္းမင္းလက္ထက္၊ ေနမ်ိဳးမင္းလွ သီရိသခၤယာဘြဲ႕ခံ ေျမ လတ္စစ္ကဲႀကီးျပဳစုေသာ ေတာင္တြင္းႀကီးသမိုင္းတြင္ မဟာသမၻ၀ႏွင့္စႏၵမုခိ ဘီလူးမတို႕ စုံဖက္ဖြားျမင္ခဲ့ေသာ မိန္းကေလးကို ရေသ့ ႀကီးတစ္ပါးကေမြးစားခဲ့ပုံ၊ ထိုမိန္းကေလး ႀကီးျပင္းလာခ်ိန္တြင္ ေရွးအတိတ္ဘ၀က ေပရြက္လွဴကာ ဆုေတာင္းပန္ထြာျပဳခဲ့ျခင္း ကို သိရွိေသာ သိၾကားမင္းက မိန္းကေလးႏွင့္ ေမာင္ႏွမေတာ္စပ္ခဲ့ဖူးေသာ ဗိႆႏိုးနတ္မင္းအား ေစာင့္ေရွာက္ခိုင္းခဲ့ပုံ၊ ဗိႆႏိုး နတ္မင္း က ၿမိဳ႕ျပ ထီးနန္းမ်ား ဖန္ဆင္းေပးခဲ့ပုံ၊ သေရေခတၱရာကို အုပ္စိုးေသာ ဒြတၱေဘာင္မင္းက ပန္ထြာျပည္ကို လုပ္ႀကံရာတြင္ပန္ထြာ မင္းသမီးက သိၾကားမင္းေပးေသာ စည္ကိုတီးခတ္သျဖင့္ ရန္ပယ္ေခ်ာင္းအတြင္းေရမ်ား အလုံးအရင္းျဖင့္ တက္လာကာစစ္သည္မ်ား ဆုတ္ခြာထြက္ေျပးရပုံ၊ ဒြတၱေဘာင္မင္းက ထိုစည္ႀကီးကို ဥပါယ္တမည္ျဖင့္ ဖ်က္ဆီးကာ ပန္ထြာျပည္ကို ေနာက္တစ္ ႀကိမ္စစ္ ထိုးပုံ၊ ဒြတၱေဘာင္မင္းႀကီး စစ္ေအာင္သျဖင့္ ပန္ထြာဘုရင္မကို ေခၚေဆာင္သြားပုံတို႕ကို ေရးသားခဲ့ရာလူအမ်ားက စိတ္၀င္စား စြဲမက္ခဲ့ ၾကသည္။

ပ်ဴ ေရွးေဟာင္းၿမိဳ႕ ဗိႆႏိုး

ဒ႑ာရီမ်ားႏွင့္ ေရာေနသည့္ ေရွးေဟာင္း ဗိႆႏိုးၿမိဳ႕သည္ ၂၀၁၄ ခုႏွစ္တြင္ကမၻာ့အေမြအႏွစ္တစ္ခုျဖစ္ လာခဲ့သည္။ ဗိႆႏိုးသည္ ေတာင္တြင္းႀကီးၿမိဳ႕၏ အေနာက္ဘက္ ၁၂ မိုင္အကြာရွိ ကုကၠိဳခြေက်းရြာ၏ ေျမာက္ဘက္ ပင္လယ္ေရ မ်က္ႏွာျပင္ အထက္ ေပ ၄၅၀ ၌ တည္ရွိေနသည္။ ၿမိဳ႕ေဟာင္းသည္ ေလးေထာင့္ မက်တက် ပုံသ႑ာန္ရွိၿပီး အေနာက္ဘက္သို႕အနည္းငယ္ ေစာင္း ေနသည္။ ၿမိဳ႕၏ ေတာင္ဘက္တြင္ ရန္ပယ္ေခ်ာင္းသည္ အေရွ႕မွ အေနာက္သို႕ စီးဆင္းေနကာ အုတ္ၿမိဳ႕ရိုး ႏွင့္ ေရက်ဳံး ပတ္လည္၀န္းရံ ထားသည့္ ဗိႆႏိုး ၿမိဳ႕ေဟာင္းသည္ ဧရိယာ ၃ ဒသမ ၃ စတုရန္းမိုင္က်ယ္၀န္းသည္။

ဗိႆႏိုးၿမိဳ႕ေဟာင္း၏ အေနာက္ေျမာက္တြင္အင္းႀကီးရြာတည္ရွိေနၿပီး အေရွ႕ေျမာက္ႏွစ္မိုင္အကြာ၊ ၿမိဳ႕ရိုး အျပင္တြင္ ေရႊေရာင္ေတာ္ေစတီကိုဖူးေတြ႕ႏိုင္ သည္။ ပ်ဴေခတ္ လက္ရာေရႊေရာင္ ေတာ္ေစတီသည္ ေခတ္အဆက္ဆက္ျပဳျပင္မြမ္းမံ ခဲ့မႈမ်ားေၾကာင့္ မူလလက္ရာမ်ား ေပ်ာက္ကြယ္ ခဲ့ၿပီ ျဖစ္သည္။

ဗိႆႏိုးၿမိဳ႕ေဟာင္း၀န္းက်င္ျဖစ္သည့္ ယင္းေခ်ာင္းလြင္ျပင္သည္ ဧရိယာ ၂၂၉၄ စတုရန္းကီလိုမီတာက်ယ္၀န္းသည္။ ၿမိဳ႕ ေဟာင္း၏ ေျမာက္ဘက္ရွိ ဆဒုံေခ်ာင္း၊ ေတာင္ဘက္မွ ရန္ပယ္ေခ်ာင္းႏွင့္ အေနာက္ဘက္မွ ယင္းေခ်ာင္းႏွင့္ေတာင္ဦးေခ်ာင္းတို႕သည္ ယင္းေခ်ာင္းလြင္ျပင္ေနရာတြင္ေပါင္းဆုံၾကသည္။ ယင္းလြင္ျပင္တြင္ ဗိႆႏိုးၿမိဳ႕ကို တည္ထားျပီး တစ္ဖက္လွ်င္ ႏွစ္မိုင္စီ ရွည္လ်ား သည့္ ၿမိဳ႕ရိုးသည္ အေရွ႕ဘက္၊ေတာင္ဘက္ႏွင့္ ေျမာက္ဘက္၌သာ ရွိၿပီး အေနာက္ဘက္တြင္အင္းႀကီးကန္ရွိသျဖင့္ ၿမိဳ႕ရိုးျပဳလုပ္ထား ျခင္း မရွိေခ်။

ဗိႆႏိုးၿမိဳ႕ေဟာင္းေတာင္ဘက္ရွိ ကုန္းငယ္ႏွစ္ခုကို ေရွးေဟာင္းသုေတသန ဌာနမွ ေက်ာက္စာ၀န္ မစၥတာေတာ္စိန္ခို က ၁၉၀၅ ခုႏွစ္တြင္ ပထမဆုံး တူးေဖာ္သုေတသနျပဳခဲ့သည္။ ထိုစဥ္က ၿဗိတိသွ်အစိုးရ၏ ဧည့္သည္ အျဖစ္ ျမန္မာႏိုင္ငံသို႕ ေရာက္ရွိခဲ့ ေသာ ျပင္သစ္ဗိုလ္ခ်ဳပ္လီယြန္ဒီဗဲေယ(Leon de Beylie) သည္ သေရေခတၱရာကိုတူးေဖာ္ေနစဥ္ ၁၉၀၇ ခုႏွစ္တြင္ ဗိႆႏိုး သို႕သြား ေရာက္ ေလ့လာ ခဲ့သည္။

ျမန္မာႏိုင္ငံ၊ေရွးေဟာင္းသုေတသနဌာနက ၁၉၅၉ ခုႏွစ္မွ ၁၉၆၂ ခုႏွစ္အထိ ဗိႆႏိုးၿမိဳ႕ေဟာင္းတြင္ ကုန္းေပါင္း ၂၅ ကုန္း တူးေဖာ္ခဲ့ၿပီး ၁၉၉၅ ခုႏွစ္မွ ၂၀၁၀ ျပည့္ႏွစ္အထိ ကုန္းေပါင္း ၆၇ ကုန္း တူးေဖာ္ သုေတသနျပဳခဲ့သည္။ဗိႆႏိုးၿမိဳ႕ေဟာင္းကို စတင္ တူးေဖာ္ခဲ့စဥ္က ကုကၠိဳခြရြာကို အစြဲျပဳ၍ တူးေဖာ္မႈကုန္းမ်ားကို KKG ဟု အမည္ေပးကာ အမွတ္စဥ္မ်ားတပ္ခဲ့ေသာ္လည္း ၁၉၉၅ ခုႏွစ္မွ စ၍ ဗိႆႏိုးၿမိဳ႕ေဟာင္းအမည္ကိုယူကာ ကုန္းအမွတ္မ်ားကို BTO ဟု ေျပာင္းလဲ သုံးစြဲခဲ့သည္။

ဗိႆႏိုးတူးေဖာ္ေတြ႕ရွိမႈမ်ားအရ အုတ္ကုန္းမ်ားကို ၿမိဳ႕ရိုးႏွင့္အရံအတား၊ၿမိဳ႕၀င္ေပါက္၊လူေနအေဆာက္အအုံႏွင့္ဘာသာ ေရး (သို႕မဟုတ္) ဓေလ့ထုံးတမ္းဆိုင္ရာ အေဆာက္အအုံမ်ားႏွင့္အေထြေထြဟု ခြဲျခားသတ္မွတ္ရာ ၿမိဳ႕ရိုးအရံအတား ၁၄ ခု၊ ၿမိဳ႕၀င္ ေပါက္ ေျခာက္ခု၊ လူေနအေဆာက္အအုံ ၁၀ ခု၊ ထုံးတမ္းစဥ္လာေနရာ ၃၀ ခု ႏွင့္ အေထြေထြ အုတ္ကုန္း ခုနစ္ခု တို႕ကို မွတ္တမ္းျပဳ ႏိုင္ခဲ့သည္။ ဗိႆႏိုးၿမိဳ႕ေဟာင္းတူးေဖာ္မႈမ်ားမွ အုတ္မ်ား၊ ပ်ဴ ဒဂၤါးမ်ား၊ အိုးမ်ား၊ ေျမမီးဖုတ္တံဆိပ္တုံးမ်ားအပါအ၀င္ ပ်ဴယဥ္ေက်း မႈ အေထာက္အထားပစၥည္းမ်ားကို ေတြ႕ရွိခဲ့သည္။

ယဥ္ေက်းမႈျဖစ္စဥ္မ်ားအရ ျမန္မာႏိုင္ငံသည္လြန္ခဲ့ေသာ ႏွစ္ေပါင္း ၅၀၀၀၀၀ မွ ႏွစ္ ၄၀၀၀ အတြင္း ေက်ာက္ေခတ္ေဟာင္း၊ ေက်ာက္ေခတ္လယ္၊ ေက်ာက္ေခတ္သစ္ ကာလမ်ားကိုလည္းေကာင္း၊ ႏွစ္ ၄၀၀၀ မွ ႏွစ္ ၃၀၀၀ အတြင္း ေၾကးေခတ္ ကာလ ကို လည္းေကာင္း၊ ႏွစ္ ၃၀၀၀ မွ ႏွစ္ ၁၅၀၀ အတြင္းသံေခတ္ ကာလကိုလည္းေကာင္းျဖတ္သန္းခဲ့သည္။ ပညာရွင္မ်ားက ေအဒီ ႏွစ္ ရာစုမွ ကိုးရာစု ကာလကို ပ်ဴေခတ္ထြန္းကားခဲ့ခ်ိန္ဟု ယူဆခဲ့ၾကရာ ျမန္မာႏိုင္ငံအတြင္းထင္ရွားေသာ ပ်ဴၿမိဳ႕ျပမ်ားတြင္ ဗိႆႏိုးသည္ တစ္ခု အပါအ၀င္ ျဖစ္ခဲ့ သည္။

ဗိႆႏိုးတူးေဖာ္မႈ ကုန္းအမွတ္ (၉) ၏အေစာဆုံးေျမလႊာႏွင့္ အထက္ေျမလႊာမွရရွိေသာ မီးေသြးစမ်ားကိုလည္းေကာင္း၊ ကုန္း အမွတ္ (၁၁) ေျမလႊာႏွစ္ခုမွ မီးေသြးစမ်ားကုိလည္းေကာင္း ေရဒီယိုကာဗြန္စမ္းသပ္နည္း(C 14) ျဖင့္ သက္တမ္းတြက္ခ်က္ခဲ့ ရာခရစ္ႏွစ္ တစ္ ရာစုႏွင့္ ႏွစ္ ရာစုအတြင္းဟု အေျဖထြက္ခဲ့ၿပီး ကုန္းအမွတ္ (၁၁) ႏွင့္ ကုန္းအမွတ္ (၃၂) မွ ေတြ႕ရွိခဲ့ ေသာ မီးေသြးခဲ မ်ားသည္ ခရစ္ႏွစ္ ႏွစ္ ရာစုအတြင္းက မီးေသြးခဲမ်ားဟု အေျဖရရွိျခင္းမ်ားကို ေထာက္ျခင္းျဖင့္ ဗိႆႏိုး ထြန္းကားခဲ့ ေသာ ကာလမွာ ခရစ္ႏွစ္ တစ္ ရာစု မွ ေနာက္အက်ဆုံး ေလးရာစု၊ ငါးရာစု ျဖစ္သည္ဟု မွတ္ယူကသင့္ေလ်ာ္မည္ျဖစ္ေၾကာင္း ဗိႆႏိုး ၿမိဳ႕ေဟာင္း ကို တူးေဖာ္ခဲ့သူ ေရွးေဟာင္းသုေတသနဌာန၊ ညႊန္ႀကားေရး၀န္ ဦးေအာင္ေသာ္က ေရးသားခဲ့သည္။

ဗိႆႏိုးတူးေဖာ္မႈကုန္း အမွတ္ (၂) မွ ေတြ႕ ရွိ ခဲ့သည့္ ေျမမီးဖုတ္ တံဆိပ္တုံးတြင္ ျဗဟၼီ အကၡရာျဖင့္ “သံဃာ့သီရီ” ဟုေရး သားထားျခင္းကို ခရစ္ႏွစ္ ႏွစ္ ရာစု လက္ေရး ျဖစ္ေၾကာင္း ပညာရွင္မ်ားက ခန္႕မွန္းခဲ့ၾကသည္။
ဗိႆႏိုးၿမိဳ႕၏သက္တမ္းကို ရာဇ၀င္က်မ္းမ်ားတြင္ သာသနာသကၠရာဇ္ ၁၀၁ ခုႏွစ္ (ခရစ္ေတာ္မေပၚမီ ၄၄၃ ခုႏွစ္) ဟုေရး သားၾကေသာ္လည္း သိပၸံနည္းက် စစ္ေဆးခဲ့ခ်ိန္တြင္ လြန္ခဲ့ေသာ ႏွစ္ ၁၉၅၀ ခန္႕က ဟု အေျဖထြက္ခဲ့သျဖင့္ ယခုအခ်ိန္တြင္ ဗိႆႏိုး သည္ သက္တမ္းႏွစ္ ၂၀၀၀ ေက်ာ္ခဲ့ၿပီျဖစ္ေပသည္။

ဗိႆႏိုးယဥ္ေက်းမႈ

ဗိႆႏိုးၿမိဳကို မတည္ေထာင္မီကပင္ ပ်ဴလူမ်ိဳးမ်ားသည္ ယင္းေနရာတြင္ မွီတင္းေနထိုင္ခဲ့ဟန္ရွိေၾကာင္း ေရွးေဟာင္းသုေတ သနဌာန ညႊန္ၾကားေရး၀န္ ဦးေအာင္ေသာ္က သုံးသပ္ခဲ့သည္။

ပ်ဴတို႕သည္ ခရစ္ႏွစ္ တစ္ရာစုတြင္ ၿမိဳ႕ျပ တည္ေထာင္၍အေျခခ်ေနထိုင္ခဲ့ၾကၿပီးအုတ္အေဆာက္အအုံမ်ားကိုတည္ေဆာက္ ႏိုင္ခဲ့ၾကသည္။အုတ္မ်ားကို ေျမနီသရြတ္ျဖင့္စီကာ ထုထည္ႀကီးမားေသာနံရံမ်ားကိုျပဳလုပ္ႏိုင္ခဲ့သည္။ လက္မႈအႏုပညာ အျဖစ္ ရက္ ကန္းရက္လုပ္ျခင္း၊ပုတီး၊လက္ေကာက္အဆင္တန္ဆာမ်ားျပဳလုပ္ျခင္း၊လက္ရာေျမာက္သည့္ အိုးထိန္းလုပ္ငန္းမ်ား ေဆာင္ရြက္ႏိုင္ ခဲ့ျခင္းတို႕ကို ဗိႆႏိုးတြင္ေတြ႕ရွိရသည့္ ယဥ္ေက်းမႈဆိုင္ရာပစၥည္းမ်ားက သက္ေသျပလ်က္ရွိသည္။ဗိႆႏိုး၏ ထူးျခားေသာ ဓေလ့ သည္ အရိုးအိုးျမွဳပ္ႏွံျခင္းထုံးတမ္းျဖစ္ကာ ဗိႆႏိုးတူးေဖာ္မႈမ်ားမွ အရိုးအိုးမ်ားကို အမ်ားအျပား ရရွိခဲ့သည္။

ဗိႆႏိုးသည္ သေရေခတၱရာႏွင့္ေခတ္ၿပိဳင္ျဖစ္ခဲ့ၿပီး ေအဒီ ေလးရာစုႏွင့္ငါးရာစုၾကားတြင္ပ်က္စီးခဲ့သည္။ အေဆာက္အအုံမ်ား ႏွင့္ ၿမိဳ႕တံခါးမ်ားသည္ မီးေလာင္ကၽြမ္းပ်က္စီးခဲ့ဟန္ရွိသည္။ ဗိႆႏိုးသည္ ပထမအႀကိမ္ပ်က္စီးၿပီးေနာက္ အေဆာက္အအုံမ်ားကို ျပန္လည္တည္ေဆာက္ခဲ့ၿပီး ဒုတိယအႀကိမ္တြင္ လုံး၀ ဆိပ္သုဥ္းသြားခဲ့သည္။

ဗိႆႏိုးပ်က္စီးၿပီးသည့္တိုင္ အနီး၀န္းက်င္တြင္ လူ မ်ား ဆက္လက္ေနထိုင္ခဲ့ေသးေၾကာင္း ကုန္းအမွတ္ (KKG 21) က သက္ေသျပေနသည္။ ယင္းကုန္းကို ၁၉၆၃ ခုႏွစ္တြင္ တူးေဖာ္ခဲ့ရာ တြင္ ဘာသာေရးႏွင့္ စပ္ဆိုင္မည္ဟု ယူဆဖြယ္ရွိသည့္ ေႏွာင္းေခတ္လက္ရာအေဆာက္အအုံ ပႏၷက္ရာကို ေတြ႕ရွိၾကရသည္။ ယင္း ကုန္းမွ အဂၤေတရုပ္ၾကြျခေသၤ့၊ အဂၤေတပန္းဆြဲအပိုင္းအစမ်ား၊ မကိုဋ္ေဆာင္းထားသည့္နတ္ရုပ္ဦးေခါင္းပိုင္းအက်ိဳး၊ ဘီလူးႏွင့္ တူေသာ ဦးေခါင္းပိုင္းအက်ိဳး၊ အမ်ိဳးသမီးကိုယ္အထက္ပိုင္းအရုပ္၊ မ်က္လုံးသုံးလုံးပါရွိေသာဘီလူးေခါင္း စသည္ျဖင့္ ေရွးေဟာင္း ပစၥည္းမ်ားကို ရရွိခဲ့သည္။

ယင္းအေဆာက္အအုံသည္ ေရွးဦးဗိႆႏိုးႏွင့္ မသက္ဆိုင္ဘဲ ေအဒီ ၁၀ ရာစုႏွင့္ ၁၃ ရာစုအတြင္းတည္ေဆာက္ခဲ့သည့္ အေဆာက္အအုံျဖစ္ေၾကာင္း ပညာရွင္မ်ားက ခန္႕မွန္းခဲ့သည္။အဂၤေတမြမ္းမံမႈလက္ရာမ်ားသည္ ပုဂံေခတ္လက္ရာမ်ားႏွင့္ ဆက္စပ္ မႈရွိေနသျဖင့္ ပုဂံေခတ္ႏွင့္ မေရွးမေႏွာင္း တည္ေဆာက္ခဲ့ျခင္းျဖစ္ႏိုင္ေၾကာင္းလည္း ယူဆခဲ့ၾကသည္။

ဗိႆႏိုးၿမိဳ႕ေဟာင္းတူးေဖာ္မႈ အစီရင္ခံစာတြင္ ဗိႆႏိုးတြင္ သေရေခတၱရာေလာက္ ဗုဒၶဘာသာ မထြန္းကားခဲ့ေသာ္လည္း ဗုဒၶဘာသာႏွင့္ မိမိတို႕ယုံႀကည္ေသာ ထုံးဓေလ့မ်ားကို အေၾကာင္းျပဳ၍ ေစတီႏွင့္ ေက်ာင္းသခၤမ္း ကဲ့သို႕ေသာ အေဆာက္အအုံမ်ား ကို တည္ေဆာက္ခဲ့၏။ဗိႆႏိုးၿမိဳ႕၊ပန္ထြာျပည္ဟူေသာ အမည္မ်ားမွည့္ေခၚျခင္းႏွင့္ စပ္လ်ဥ္၍ အေထာက္အထား မေတြ႕ရေသာ္ လည္း အစဥ္အဆက္ေခၚေ၀ၚလာခဲ့ျခင္းျဖစ္၏ ဟုသုံးသပ္ထားသည္။

ဗိႆႏိုးေရွးေဟာင္းသုေတသနျပတိုက္

ဗိႆႏိုး ၿမိဳ႕ေဟာင္းမွ ေခတ္အဆက္ဆက္ တူးေဖာ္ရရွိ စုေဆာင္းရရွိထားေသာ ပစၥည္းမ်ားကို ခင္းက်င္းျပသႏိုင္ရန္ ဗိႆႏိုး ေရွးေဟာင္းသုေသတနျပတိုက္ကို ဗိႆႏိုးၿမိဳ႕ေဟာင္း၏ အေရွ႕ေတာင္ဘက္တြင္ ၂၀၀၈ ခုႏွစ္ စက္တင္ဘာလ ၁ ရက္ေန႕က ဖြင့္ လွစ္ ခဲ့သည္။
ျပတိုက္အတြင္း မေကြးတိုင္းေဒသၾကီးအတြင္းေနရာအသီးသီးမွ ရရွိခဲ့ေသာ ေက်ာက္၊ ေၾကး၊သံ လက္နက္မ်ား၊ ေရစင္သြန္း အိုး၊အရိုးအိုးမ်ား၊ ေျမမီးဖုတ္ပစၥည္းမ်ား၊ပ်ဴဒဂၤါးျပားမ်ားအပါအ၀င္ ပ်ဴယဥ္ေက်းမႈ အေထာက္အထားမ်ားကို ခင္းက်င္းျပသထားသည္။ ေျမပုံမ်ား၊ ဓာတ္ပုံမ်ား၊ အညႊန္းစာမ်ား၊ ဗိႆႏိုး ၿမိဳ႕ေဟာင္း တူးေဖာ္ခဲ့မႈ မွတ္တမ္းဇယားမ်ားကိုလည္းေတြ႕ျမင္ႏိုင္ၾကကာ ဗိႆႏိုး ၿမိဳ႕ေဟာင္းပုံစံတူ တစ္ခုကို တူးေဖာ္ရရွိခဲ့သည့္ အိုးမ်ား ႏွင့္ ယွဥ္တြဲ ျပသထားသည္။

ျပတိုက္အတြင္း ၀င္လိုက္သည္ ႏွင့္ ဗိႆႏိုးၿမိဳ႕ေဟာင္း ၀င္ေပါက္မွရရွိခဲ့သည့္ ဒြါရပါလ(တံခါးေစာင့္) ရုပ္ထု ေျခေထာက္ ေအာက္ပိုင္းႏွစ္ခုကိုျမင္ၾကရသည္။ ႏွစ္ေပ ၀န္းက်င္ရွိသည့္ ေျခေထာက္ရာမ်ားကိုၾကည့္ျခင္းျဖင့္ ရုပ္ထု၏ ပမာဏ သည္ အလြန္ႀကီး မားေၾကာင္းခန္႕မွန္းႏိုင္ေပသည္။ ဗိႆႏိုးၿမိဳ႕ေဟာင္းသို႕ လာေရာက္၍ တူးေဖာ္မႈကုန္းမ်ားကို ေလ့လာၾကရာတြင္ ေရွးေဟာင္းအေဆာက္အအုံမ်ား ေရရွည္ တည္တံ့ေစေရးအတြက္ အုတ္ အေဆာက္အအုံမ်ား အေပၚသို႕ မတက္ေရာက္ၾကရန္ ေမတၱာရပ္ခံသည့္ ဆိုင္းဘုတ္မ်ား ခ်ိတ္ဆြဲထား သည္။

၂၀၀၈ ခုႏွစ္က တူးေဖာ္သုေတသနျပဳရာတြင္ အရိုးအိုး ၁၀၉ လုံး၊ေျမဆီမီးခြက္ ငါးခု အပါအ၀င္ပ်ဴယဥ္ေက်းမႈဆိုင္ရာပစၥည္း မ်ားရရွိခဲ့သည့္ ကုန္း အမွတ္၂၈ သည္ စိတ္၀င္စားဖြယ္ကုန္းတစ္ခုျဖစ္ၿပီး အထိမ္း အမွတ္အေဆာက္အဦတစ္ခုဟု ယူဆထားသည္။ ဗိႆႏိုး နန္းေတာ္ရာအပါအ၀င္ တူးေဖာ္မႈကုန္းမ်ားကို လိုက္လံၾကည့္ရႈႏိုင္ၾကသည္။

သာသနာေရးႏွင့္ ယဥ္ေက်းမႈ၀န္ႀကီးဌာနသည္ ဗိႆႏိုးအပါအ၀င္ ပ်ဴၿမိဳ႕ေဟာင္းမ်ားစီမံခန္႕ခြဲမႈေကာ္မတီ ရွစ္ ခုကိုဖြဲ႕စည္း လ်က္ ရည္မွန္းခ်က္ ၁၉ ခ်က္ ၊ လုပ္ငန္းစဥ္ ၆၀ ခ်မွတ္ကာ စီမံခန္႕ခြဲ ထိန္းသိမ္းေစာင့္ေရွာက္မႈမ်ားကို ေဆာင္ရြက္လ်က္ရွိသည္။ ယဥ္ေက်းမႈ အေမြအႏွစ္မ်ား ေရရွည္တည္တံ့ေစရန္အတြက္ ျပည္သူမ်ား လိုက္နာရမည့္ စည္းကမ္းခ်က္မ်ားကို ထုတ္ျပန္ထားသည္။ ဗိႆႏိုးသည္ ကမၻာ့ေရွးေဟာင္း အေမြအႏွစ္စာရင္း၀င္ျဖစ္လာခဲ့သည့္အတြက္ ေဒသခံမ်ား၏ စီးပြားေရးအခြင့္ အလန္းမ်ား တိုးတက္ လာသကဲ့သို႕ အေမြအႏွစ္ေဒသသည္လည္း စနစ္တက်ဖြံ႕ၿဖိဳးတိုးတက္လ်က္ရွိေနသည္။

ကမၻာ့ယဥ္ေက်းမႈ အေမြအႏွစ္စာရင္း၀င္ၿပီးသည့္ေနာက္ ျပည္တြင္းျပည္ပ ခရီးသြားမ်ားသည္ ဗိႆႏိုးတူးေဖာ္မႈကုန္းမ်ားရွိ အေဆာက္အအုံ အၾကြင္းအက်န္မ်ားႏွင့္ ဗိႆႏိုးျပတိုက္တြင္ခင္းက်င္းျပသထားသည့္ ပ်ဴ ယဥ္ေက်းမႈ ပစၥည္း မ်ားကို စိတ္၀င္စားစြာ လာေရာက္ ၾကည့္ရႈလ်က္ရွိၾကရာ ျမန္မာတို႕၏ ဂုဏ္ယူဖြယ္ ပ်ဴ ယဥ္ေက်းမႈ အေမြအႏွစ္မ်ားအား ေရရွည္ တည္တံ့ေစရန္ ၀ုိင္း၀န္း ေစာင့္ေရွာက္ၾကရမည္ ျဖစ္ေပသည္။

ကိုးကား
ဗိႆႏိုးၿမိဳ႕ေဟာင္း(ဦးေအာင္ေသာ္)
ဗိႆႏိုးၿမိဳ႕ေဟာင္းတူးေဖာ္မႈမွတ္တမ္း(ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန)

ေမာင္သာ(ေရွးေဟာင္းသုေတသန)
၁၅ ၊ ၁၂ ၊ ၂၀၁၇ ရက္ထုတ္ ရတနာပုံသတင္းစာ


ပန်ထွာဘုရင်မ ရဲ့ ဗိဿနိုးမြို့ဟောင်း အကြောင်းသိကောင်းစရာ (unicode)

မူရင်းရေးသားသူ – မောင်သာ(ရှေးဟောင်းသုတေသန)

ဗိဿနိုးဟု ဆိုလျှင် မြန်မာလူမျိုး အများစုက ရာဇဝင်တွင် လူကြိုက်များခဲ့သည့် ဒွတ္တဘောင်မင်းကြီးနှင့်ပန်ထွာဘုရင်မ ဇာတ်လမ်းကို တွေးတောမိကြသည်။ပန်ထွာဘုရင်မ ဇာတ်လမ်းကြောင့် လူအများစိတ်ဝင်စားကြသည့် ဗိဿနိုးသည် စင်စစ်အားဖြင့် ပျူယဉ်ကျေးမှု ထွန်းကားခဲ့သော ရှေးဟောင်းနယ်မြေတစ်ခု ဖြစ်ပြီး မကွေးတိုင်းဒေသကြီး၊တောင်တွင်းကြီးမြို့နယ်တွင် တည်ရှိသည်။ မြန်မာ့စာပေ သမိုင်းတွင် တောင်တွင်းကြီးသည် ပေလေးပင်၊ရှင်လေးပါးကြောင့် ကျော်ကြားခဲ့သကဲ့သို့ ဗိဿနိုး သည်လည်း ပန်ထွာမင်းသမီး၊ ရန်ပယ်ချောင်းနှင့် စည်တော်ကြီးတို့ကြောင့် အလွန်ထင်ရှားခဲ့ပေသည်။

ဗိဿနိုးသည် ပဲခူးတိုင်းဒေသကြီး၊ပြည်မြို့နယ်ရှိ သရေခေတ္တရာမြို့ဟောင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ဝက်လက်မြို့နယ်ရှိ ဟန်လင်းမြို့ဟောင်းများကဲ့သို့ပင် ပျူ ယဉ်ကျေးမှု အထောက်အထားများ များစွာ ကြွင်းကျန်နေသည့် သမိုင်းဝင်ရှေးဟောင်းနယ်မြေ တစ်ခုဖြစ်သည်။

ရာဇဝင်ထဲမှ ဗိဿနိုး

ရှေးအခါက အလိုရှိရာ တောင့်တ၍ ဆုတောင်းပန်ထွာ ပတ္တနာပြုခဲ့သော ပန်ထွာမင်းသမီး၊ ဗိဿနိုးနတ်မင်း ဖန်ဆင်းပေး သော ဗိဿနိုးမြို့၊ တီးခတ်လိုက်လျှင် ရန်သူများမြို့တွင်းသို့မဝင်နိုင်ရန် ချောင်းရေများကို တက်လာစေသည့်အတုလစည်တော်၊ စည်တော်ကြီးတီးလိုက်တိုင်း ရေလုံးကြီးများ အရှိန်ပြင်းစွာစီးကျလာသော ရန်ပယ်ချောင်းတို့သည် မြန်မာလူမျိုးများ နှစ်ခြိုက်ခဲ့သည့် ဗိဿနိုး ဇာတ်လမ်းဖြစ်ပေသည်။

အခွန်ပဏ္ဏာတောင်းရန် ပန်ထွာပြည်သို့ တိုင်းခန်းလှည့်လည်ရောက်ရှိလာခဲ့သည့် ဒွတ္တဘောင်မင်းကြီးကို မသန့်သော အဝတ် ပဝါဆက်ခဲ့သည့် ပန်ထွာဘုရင်မ၊ မသန့်သော အဝတ်ဖြင့် မျက်နှာသုတ်ခဲ့သဖြင့် မှည့်ရှင် ကွယ်ခဲ့ရသော ဒွတ္တဘောင်မင်းကြီး အကြောင်းများကို မဟာရာဇဝင်ကြီးတွင် သာမာန် ဖော်ပြထားသည်။

မင်းတုန်းမင်းလက်ထက်၊ နေမျိုးမင်းလှ သီရိသင်္ခယာဘွဲ့ခံ မြေ လတ်စစ်ကဲကြီးပြုစုသော တောင်တွင်းကြီးသမိုင်းတွင် မဟာသမ္ဘ၀နှင့်စန္ဒမုခိ ဘီလူးမတို့ စုံဖက်ဖွားမြင်ခဲ့သော မိန်းကလေးကို ရသေ့ ကြီးတစ်ပါးကမွေးစားခဲ့ပုံ၊ ထိုမိန်းကလေး ကြီးပြင်းလာချိန်တွင် ရှေးအတိတ်ဘဝက ပေရွက်လှူကာ ဆုတောင်းပန်ထွာပြုခဲ့ခြင်း ကို သိရှိသော သိကြားမင်းက မိန်းကလေးနှင့် မောင်နှမတော်စပ်ခဲ့ဖူးသော ဗိဿနိုးနတ်မင်းအား စောင့်ရှောက်ခိုင်းခဲ့ပုံ၊ ဗိဿနိုး နတ်မင်း က မြို့ပြ ထီးနန်းများ ဖန်ဆင်းပေးခဲ့ပုံ၊ သရေခေတ္တရာကို အုပ်စိုးသော ဒွတ္တဘောင်မင်းက ပန်ထွာပြည်ကို လုပ်ကြံရာတွင်ပန်ထွာ မင်းသမီးက သိကြားမင်းပေးသော စည်ကိုတီးခတ်သဖြင့် ရန်ပယ်ချောင်းအတွင်းရေများ အလုံးအရင်းဖြင့် တက်လာကာစစ်သည်များ ဆုတ်ခွာထွက်ပြေးရပုံ၊ ဒွတ္တဘောင်မင်းက ထိုစည်ကြီးကို ဥပါယ်တမည်ဖြင့် ဖျက်ဆီးကာ ပန်ထွာပြည်ကို နောက်တစ် ကြိမ်စစ် ထိုးပုံ၊ ဒွတ္တဘောင်မင်းကြီး စစ်အောင်သဖြင့် ပန်ထွာဘုရင်မကို ခေါ်ဆောင်သွားပုံတို့ကို ရေးသားခဲ့ရာလူအများက စိတ်ဝင်စား စွဲမက်ခဲ့ ကြသည်။

ပျူ ရှေးဟောင်းမြို့ ဗိဿနိုး

ဒဏ္ဍာရီများနှင့် ရောနေသည့် ရှေးဟောင်း ဗိဿနိုးမြို့သည် ၂၀၁၄ ခုနှစ်တွင်ကမ္ဘာ့အမွေအနှစ်တစ်ခုဖြစ် လာခဲ့သည်။ ဗိဿနိုးသည် တောင်တွင်းကြီးမြို့၏ အနောက်ဘက် ၁၂ မိုင်အကွာရှိ ကုက္ကိုခွကျေးရွာ၏ မြောက်ဘက် ပင်လယ်ရေ မျက်နှာပြင် အထက် ပေ ၄၅၀ ၌ တည်ရှိနေသည်။ မြို့ဟောင်းသည် လေးထောင့် မကျတကျ ပုံသဏ္ဍာန်ရှိပြီး အနောက်ဘက်သို့အနည်းငယ် စောင်း နေသည်။ မြို့၏ တောင်ဘက်တွင် ရန်ပယ်ချောင်းသည် အရှေ့မှ အနောက်သို့ စီးဆင်းနေကာ အုတ်မြို့ရိုး နှင့် ရေကျုံး ပတ်လည်ဝန်းရံ ထားသည့် ဗိဿနိုး မြို့ဟောင်းသည် ဧရိယာ ၃ ဒသမ ၃ စတုရန်းမိုင်ကျယ်ဝန်းသည်။

ဗိဿနိုးမြို့ဟောင်း၏ အနောက်မြောက်တွင်အင်းကြီးရွာတည်ရှိနေပြီး အရှေ့မြောက်နှစ်မိုင်အကွာ၊ မြို့ရိုး အပြင်တွင် ရွှေရောင်တော်စေတီကိုဖူးတွေ့နိုင် သည်။ပျူခေတ် လက်ရာရွှေရောင် တော်စေတီသည် ခေတ်အဆက်ဆက်ပြုပြင်မွမ်းမံ ခဲ့မှုများကြောင့် မူလလက်ရာများ ပျောက်ကွယ် ခဲ့ပြီ ဖြစ်သည်။
ဗိဿနိုးမြို့ဟောင်းဝန်းကျင်ဖြစ်သည့် ယင်းချောင်းလွင်ပြင်သည် ဧရိယာ ၂၂၉၄ စတုရန်းကီလိုမီတာကျယ်ဝန်းသည်။ မြို့ ဟောင်း၏ မြောက်ဘက်ရှိ ဆဒုံချောင်း၊ တောင်ဘက်မှ ရန်ပယ်ချောင်းနှင့် အနောက်ဘက်မှ ယင်းချောင်းနှင့်တောင်ဦးချောင်းတို့သည် ယင်းချောင်းလွင်ပြင်နေရာတွင်ပေါင်းဆုံကြသည်။ ယင်းလွင်ပြင်တွင် ဗိဿနိုးမြို့ကို တည်ထားပြီး တစ်ဖက်လျှင် နှစ်မိုင်စီ ရှည်လျား သည့် မြို့ရိုးသည် အရှေ့ဘက်၊တောင်ဘက်နှင့် မြောက်ဘက်၌သာ ရှိပြီး အနောက်ဘက်တွင်အင်းကြီးကန်ရှိသဖြင့် မြို့ရိုးပြုလုပ်ထား ခြင်း မရှိချေ။

ဗိဿနိုးမြို့ဟောင်းတောင်ဘက်ရှိ ကုန်းငယ်နှစ်ခုကို ရှေးဟောင်းသုတေသန ဌာနမှ ကျောက်စာဝန် မစ္စတာတော်စိန်ခို က ၁၉၀၅ ခုနှစ်တွင် ပထမဆုံး တူးဖော်သုတေသနပြုခဲ့သည်။ ထိုစဉ်က ဗြိတိသျှအစိုးရ၏ ဧည့်သည် အဖြစ် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ သော ပြင်သစ်ဗိုလ်ချုပ်လီယွန်ဒီဗဲယေ(Leon de Beylie) သည် သရေခေတ္တရာကိုတူးဖော်နေစဉ် ၁၉၀၇ ခုနှစ်တွင် ဗိဿနိုး သို့သွား ရောက် လေ့လာ ခဲ့သည်။

မြန်မာနိုင်ငံ၊ရှေးဟောင်းသုတေသနဌာနက ၁၉၅၉ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ ဗိဿနိုးမြို့ဟောင်းတွင် ကုန်းပေါင်း ၂၅ ကုန်း တူးဖော်ခဲ့ပြီး ၁၉၉၅ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ကုန်းပေါင်း ၆၇ ကုန်း တူးဖော် သုတေသနပြုခဲ့သည်။ဗိဿနိုးမြို့ဟောင်းကို စတင် တူးဖော်ခဲ့စဉ်က ကုက္ကိုခွရွာကို အစွဲပြု၍ တူးဖော်မှုကုန်းများကို KKG ဟု အမည်ပေးကာ အမှတ်စဉ်များတပ်ခဲ့သော်လည်း ၁၉၉၅ ခုနှစ်မှ စ၍ ဗိဿနိုးမြို့ဟောင်းအမည်ကိုယူကာ ကုန်းအမှတ်များကို BTO ဟု ပြောင်းလဲ သုံးစွဲခဲ့သည်။

ဗိဿနိုးတူးဖော်တွေ့ရှိမှုများအရ အုတ်ကုန်းများကို မြို့ရိုးနှင့်အရံအတား၊မြို့ဝင်ပေါက်၊လူနေအဆောက်အအုံနှင့်ဘာသာ ရေး (သို့မဟုတ်) ဓလေ့ထုံးတမ်းဆိုင်ရာ အဆောက်အအုံများနှင့်အထွေထွေဟု ခွဲခြားသတ်မှတ်ရာ မြို့ရိုးအရံအတား ၁၄ ခု၊ မြို့ဝင် ပေါက် ခြောက်ခု၊ လူနေအဆောက်အအုံ ၁၀ ခု၊ ထုံးတမ်းစဉ်လာနေရာ ၃၀ ခု နှင့် အထွေထွေ အုတ်ကုန်း ခုနစ်ခု တို့ကို မှတ်တမ်းပြု နိုင်ခဲ့သည်။ ဗိဿနိုးမြို့ဟောင်းတူးဖော်မှုများမှ အုတ်များ၊ ပျူ ဒင်္ဂါးများ၊ အိုးများ၊ မြေမီးဖုတ်တံဆိပ်တုံးများအပါအဝင် ပျူယဉ်ကျေး မှု အထောက်အထားပစ္စည်းများကို တွေ့ရှိခဲ့သည်။

ယဉ်ကျေးမှုဖြစ်စဉ်များအရ မြန်မာနိုင်ငံသည်လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀၀၀ မှ နှစ် ၄၀၀၀ အတွင်း ကျောက်ခေတ်ဟောင်း၊ ကျောက်ခေတ်လယ်၊ ကျောက်ခေတ်သစ် ကာလများကိုလည်းကောင်း၊ နှစ် ၄၀၀၀ မှ နှစ် ၃၀၀၀ အတွင်း ကြေးခေတ် ကာလ ကို လည်းကောင်း၊ နှစ် ၃၀၀၀ မှ နှစ် ၁၅၀၀ အတွင်းသံခေတ် ကာလကိုလည်းကောင်းဖြတ်သန်းခဲ့သည်။ ပညာရှင်များက အေဒီ နှစ် ရာစုမှ ကိုးရာစု ကာလကို ပျူခေတ်ထွန်းကားခဲ့ချိန်ဟု ယူဆခဲ့ကြရာ မြန်မာနိုင်ငံအတွင်းထင်ရှားသော ပျူမြို့ပြများတွင် ဗိဿနိုးသည် တစ်ခု အပါအဝင် ဖြစ်ခဲ့ သည်။

ဗိဿနိုးတူးဖော်မှု ကုန်းအမှတ် (၉) ၏အစောဆုံးမြေလွှာနှင့် အထက်မြေလွှာမှရရှိသော မီးသွေးစများကိုလည်းကောင်း၊ ကုန်း အမှတ် (၁၁) မြေလွှာနှစ်ခုမှ မီးသွေးစများကိုလည်းကောင်း ရေဒီယိုကာဗွန်စမ်းသပ်နည်း(C 14) ဖြင့် သက်တမ်းတွက်ချက်ခဲ့ ရာခရစ်နှစ် တစ် ရာစုနှင့် နှစ် ရာစုအတွင်းဟု အဖြေထွက်ခဲ့ပြီး ကုန်းအမှတ် (၁၁) နှင့် ကုန်းအမှတ် (၃၂) မှ တွေ့ရှိခဲ့ သော မီးသွေးခဲ များသည် ခရစ်နှစ် နှစ် ရာစုအတွင်းက မီးသွေးခဲများဟု အဖြေရရှိခြင်းများကို ထောက်ခြင်းဖြင့် ဗိဿနိုး ထွန်းကားခဲ့ သော ကာလမှာ ခရစ်နှစ် တစ် ရာစု မှ နောက်အကျဆုံး လေးရာစု၊ ငါးရာစု ဖြစ်သည်ဟု မှတ်ယူကသင့်လျော်မည်ဖြစ်ကြောင်း ဗိဿနိုး မြို့ဟောင်း ကို တူးဖော်ခဲ့သူ ရှေးဟောင်းသုတေသနဌာန၊ ညွှန်ကြားရေးဝန် ဦးအောင်သော်က ရေးသားခဲ့သည်။

ဗိဿနိုးတူးဖော်မှုကုန်း အမှတ် (၂) မှ တွေ့ ရှိ ခဲ့သည့် မြေမီးဖုတ် တံဆိပ်တုံးတွင် ဗြဟ္မီ အက္ခရာဖြင့် “သံဃာ့သီရီ” ဟုရေး သားထားခြင်းကို ခရစ်နှစ် နှစ် ရာစု လက်ရေး ဖြစ်ကြောင်း ပညာရှင်များက ခန့်မှန်းခဲ့ကြသည်။
ဗိဿနိုးမြို့၏သက်တမ်းကို ရာဇဝင်ကျမ်းများတွင် သာသနာသက္ကရာဇ် ၁၀၁ ခုနှစ် (ခရစ်တော်မပေါ်မီ ၄၄၃ ခုနှစ်) ဟုရေး သားကြသော်လည်း သိပ္ပံနည်းကျ စစ်ဆေးခဲ့ချိန်တွင် လွန်ခဲ့သော နှစ် ၁၉၅၀ ခန့်က ဟု အဖြေထွက်ခဲ့သဖြင့် ယခုအချိန်တွင် ဗိဿနိုး သည် သက်တမ်းနှစ် ၂၀၀၀ ကျော်ခဲ့ပြီဖြစ်ပေသည်။

ဗိဿနိုးယဉ်ကျေးမှု
ဗိဿနိုးမြိုကို မတည်ထောင်မီကပင် ပျူလူမျိုးများသည် ယင်းနေရာတွင် မှီတင်းနေထိုင်ခဲ့ဟန်ရှိကြောင်း ရှေးဟောင်းသုတေ သနဌာန ညွှန်ကြားရေးဝန် ဦးအောင်သော်က သုံးသပ်ခဲ့သည်။

ပျူတို့သည် ခရစ်နှစ် တစ်ရာစုတွင် မြို့ပြ တည်ထောင်၍အခြေချနေထိုင်ခဲ့ကြပြီးအုတ်အဆောက်အအုံများကိုတည်ဆောက် နိုင်ခဲ့ကြသည်။အုတ်များကို မြေနီသရွတ်ဖြင့်စီကာ ထုထည်ကြီးမားသောနံရံများကိုပြုလုပ်နိုင်ခဲ့သည်။ လက်မှုအနုပညာ အဖြစ် ရက် ကန်းရက်လုပ်ခြင်း၊ပုတီး၊လက်ကောက်အဆင်တန်ဆာများပြုလုပ်ခြင်း၊လက်ရာမြောက်သည့် အိုးထိန်းလုပ်ငန်းများ ဆောင်ရွက်နိုင် ခဲ့ခြင်းတို့ကို ဗိဿနိုးတွင်တွေ့ရှိရသည့် ယဉ်ကျေးမှုဆိုင်ရာပစ္စည်းများက သက်သေပြလျက်ရှိသည်။ဗိဿနိုး၏ ထူးခြားသော ဓလေ့ သည် အရိုးအိုးမြှုပ်နှံခြင်းထုံးတမ်းဖြစ်ကာ ဗိဿနိုးတူးဖော်မှုများမှ အရိုးအိုးများကို အများအပြား ရရှိခဲ့သည်။

ဗိဿနိုးသည် သရေခေတ္တရာနှင့်ခေတ်ပြိုင်ဖြစ်ခဲ့ပြီး အေဒီ လေးရာစုနှင့်ငါးရာစုကြားတွင်ပျက်စီးခဲ့သည်။ အဆောက်အအုံများ နှင့် မြို့တံခါးများသည် မီးလောင်ကျွမ်းပျက်စီးခဲ့ဟန်ရှိသည်။ ဗိဿနိုးသည် ပထမအကြိမ်ပျက်စီးပြီးနောက် အဆောက်အအုံများကို ပြန်လည်တည်ဆောက်ခဲ့ပြီး ဒုတိယအကြိမ်တွင် လုံး၀ ဆိပ်သုဉ်းသွားခဲ့သည်။

ဗိဿနိုးပျက်စီးပြီးသည့်တိုင် အနီးဝန်းကျင်တွင် လူ များ ဆက်လက်နေထိုင်ခဲ့သေးကြောင်း ကုန်းအမှတ် (KKG 21) က သက်သေပြနေသည်။ ယင်းကုန်းကို ၁၉၆၃ ခုနှစ်တွင် တူးဖော်ခဲ့ရာ တွင် ဘာသာရေးနှင့် စပ်ဆိုင်မည်ဟု ယူဆဖွယ်ရှိသည့် နှောင်းခေတ်လက်ရာအဆောက်အအုံ ပန္နက်ရာကို တွေ့ရှိကြရသည်။ ယင်း ကုန်းမှ အင်္ဂတေရုပ်ကြွခြင်္သေ့၊ အင်္ဂတေပန်းဆွဲအပိုင်းအစများ၊ မကိုဋ်ဆောင်းထားသည့်နတ်ရုပ်ဦးခေါင်းပိုင်းအကျိုး၊ ဘီလူးနှင့် တူသော ဦးခေါင်းပိုင်းအကျိုး၊ အမျိုးသမီးကိုယ်အထက်ပိုင်းအရုပ်၊ မျက်လုံးသုံးလုံးပါရှိသောဘီလူးခေါင်း စသည်ဖြင့် ရှေးဟောင်း ပစ္စည်းများကို ရရှိခဲ့သည်။

ယင်းအဆောက်အအုံသည် ရှေးဦးဗိဿနိုးနှင့် မသက်ဆိုင်ဘဲ အေဒီ ၁၀ ရာစုနှင့် ၁၃ ရာစုအတွင်းတည်ဆောက်ခဲ့သည့် အဆောက်အအုံဖြစ်ကြောင်း ပညာရှင်များက ခန့်မှန်းခဲ့သည်။အင်္ဂတေမွမ်းမံမှုလက်ရာများသည် ပုဂံခေတ်လက်ရာများနှင့် ဆက်စပ် မှုရှိနေသဖြင့် ပုဂံခေတ်နှင့် မရှေးမနှောင်း တည်ဆောက်ခဲ့ခြင်းဖြစ်နိုင်ကြောင်းလည်း ယူဆခဲ့ကြသည်။

ဗိဿနိုးမြို့ဟောင်းတူးဖော်မှု အစီရင်ခံစာတွင် ဗိဿနိုးတွင် သရေခေတ္တရာလောက် ဗုဒ္ဓဘာသာ မထွန်းကားခဲ့သော်လည်း ဗုဒ္ဓဘာသာနှင့် မိမိတို့ယုံကြည်သော ထုံးဓလေ့များကို အကြောင်းပြု၍ စေတီနှင့် ကျောင်းသင်္ခမ်း ကဲ့သို့သော အဆောက်အအုံများ ကို တည်ဆောက်ခဲ့၏။ဗိဿနိုးမြို့၊ပန်ထွာပြည်ဟူသော အမည်များမှည့်ခေါ်ခြင်းနှင့် စပ်လျဉ်၍ အထောက်အထား မတွေ့ရသော် လည်း အစဉ်အဆက်ခေါ်ဝေါ်လာခဲ့ခြင်းဖြစ်၏ ဟုသုံးသပ်ထားသည်။

ဗိဿနိုးရှေးဟောင်းသုတေသနပြတိုက်

ဗိဿနိုး မြို့ဟောင်းမှ ခေတ်အဆက်ဆက် တူးဖော်ရရှိ စုဆောင်းရရှိထားသော ပစ္စည်းများကို ခင်းကျင်းပြသနိုင်ရန် ဗိဿနိုး ရှေးဟောင်းသုသေတနပြတိုက်ကို ဗိဿနိုးမြို့ဟောင်း၏ အရှေ့တောင်ဘက်တွင် ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့က ဖွင့် လှစ် ခဲ့သည်။
ပြတိုက်အတွင်း မကွေးတိုင်းဒေသကြီးအတွင်းနေရာအသီးသီးမှ ရရှိခဲ့သော ကျောက်၊ ကြေး၊သံ လက်နက်များ၊ ရေစင်သွန်း အိုး၊အရိုးအိုးများ၊ မြေမီးဖုတ်ပစ္စည်းများ၊ပျူဒင်္ဂါးပြားများအပါအဝင် ပျူယဉ်ကျေးမှု အထောက်အထားများကို ခင်းကျင်းပြသထားသည်။ မြေပုံများ၊ ဓာတ်ပုံများ၊ အညွှန်းစာများ၊ ဗိဿနိုး မြို့ဟောင်း တူးဖော်ခဲ့မှု မှတ်တမ်းဇယားများကိုလည်းတွေ့မြင်နိုင်ကြကာ ဗိဿနိုး မြို့ဟောင်းပုံစံတူ တစ်ခုကို တူးဖော်ရရှိခဲ့သည့် အိုးများ နှင့် ယှဉ်တွဲ ပြသထားသည်။

ပြတိုက်အတွင်း ဝင်လိုက်သည် နှင့် ဗိဿနိုးမြို့ဟောင်း ဝင်ပေါက်မှရရှိခဲ့သည့် ဒွါရပါလ(တံခါးစောင့်) ရုပ်ထု ခြေထောက် အောက်ပိုင်းနှစ်ခုကိုမြင်ကြရသည်။ နှစ်ပေ ဝန်းကျင်ရှိသည့် ခြေထောက်ရာများကိုကြည့်ခြင်းဖြင့် ရုပ်ထု၏ ပမာဏ သည် အလွန်ကြီး မားကြောင်းခန့်မှန်းနိုင်ပေသည်။ ဗိဿနိုးမြို့ဟောင်းသို့ လာရောက်၍ တူးဖော်မှုကုန်းများကို လေ့လာကြရာတွင် ရှေးဟောင်းအဆောက်အအုံများ ရေရှည် တည်တံ့စေရေးအတွက် အုတ် အဆောက်အအုံများ အပေါ်သို့ မတက်ရောက်ကြရန် မေတ္တာရပ်ခံသည့် ဆိုင်းဘုတ်များ ချိတ်ဆွဲထား သည်။

၂၀၀၈ ခုနှစ်က တူးဖော်သုတေသနပြုရာတွင် အရိုးအိုး ၁၀၉ လုံး၊မြေဆီမီးခွက် ငါးခု အပါအဝင်ပျူယဉ်ကျေးမှုဆိုင်ရာပစ္စည်း များရရှိခဲ့သည့် ကုန်း အမှတ်၂၈ သည် စိတ်ဝင်စားဖွယ်ကုန်းတစ်ခုဖြစ်ပြီး အထိမ်း အမှတ်အဆောက်အဦတစ်ခုဟု ယူဆထားသည်။ ဗိဿနိုး နန်းတော်ရာအပါအဝင် တူးဖော်မှုကုန်းများကို လိုက်လံကြည့်ရှုနိုင်ကြသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် ဗိဿနိုးအပါအဝင် ပျူမြို့ဟောင်းများစီမံခန့်ခွဲမှုကော်မတီ ရှစ် ခုကိုဖွဲ့စည်း လျက် ရည်မှန်းချက် ၁၉ ချက် ၊ လုပ်ငန်းစဉ် ၆၀ ချမှတ်ကာ စီမံခန့်ခွဲ ထိန်းသိမ်းစောင့်ရှောက်မှုများကို ဆောင်ရွက်လျက်ရှိသည်။ ယဉ်ကျေးမှု အမွေအနှစ်များ ရေရှည်တည်တံ့စေရန်အတွက် ပြည်သူများ လိုက်နာရမည့် စည်းကမ်းချက်များကို ထုတ်ပြန်ထားသည်။ ဗိဿနိုးသည် ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်းဝင်ဖြစ်လာခဲ့သည့်အတွက် ဒေသခံများ၏ စီးပွားရေးအခွင့် အလန်းများ တိုးတက် လာသကဲ့သို့ အမွေအနှစ်ဒေသသည်လည်း စနစ်တကျဖွံ့ဖြိုးတိုးတက်လျက်ရှိနေသည်။

ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ပြီးသည့်နောက် ပြည်တွင်းပြည်ပ ခရီးသွားများသည် ဗိဿနိုးတူးဖော်မှုကုန်းများရှိ အဆောက်အအုံ အကြွင်းအကျန်များနှင့် ဗိဿနိုးပြတိုက်တွင်ခင်းကျင်းပြသထားသည့် ပျူ ယဉ်ကျေးမှု ပစ္စည်း များကို စိတ်ဝင်စားစွာ လာရောက် ကြည့်ရှုလျက်ရှိကြရာ မြန်မာတို့၏ ဂုဏ်ယူဖွယ် ပျူ ယဉ်ကျေးမှု အမွေအနှစ်များအား ရေရှည် တည်တံ့စေရန် ဝိုင်းဝန်း စောင့်ရှောက်ကြရမည် ဖြစ်ပေသည်။

ကိုးကား
ဗိဿနိုးမြို့ဟောင်း(ဦးအောင်သော်)
ဗိဿနိုးမြို့ဟောင်းတူးဖော်မှုမှတ်တမ်း(ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန)

မောင်သာ(ရှေးဟောင်းသုတေသန)
၁၅ ၊ ၁၂ ၊ ၂၀၁၇ ရက်ထုတ် ရတနာပုံသတင်းစာ

Leave a Reply