ေလျပင္းတုိက္ခုိက္မႈေၾကာင့္ ၆၂ေပ ျမင့္တဲ့ တရုတ္ဧကရာဇ္ရုပ္တုႀကီးလဲက်

Posted on

ဒီရုပ္တုကေတာ့ တရုတ္ႏုိင္ငံ Shandong ျပည္နယ္ Binzhou ၿမဳိ႕မွာ ရွိတဲ့ တရုတ္ႏုိင္ငံ ပထမဆုံး အင္ပါယာကိုတည္ေထာင္သူ ဧကရာဇ္ ခ်င္ရွီဟြမ္(ရွီဟြမ္တီ) ရဲ႕ရုပ္တုပဲျဖစ္ပါတယ္။ ဒီရုပ္တုႀကီးဟာ ၿပီးခဲ့တဲ့အပတ္ေသာၾကာေန႔က ျပင္းထန္တဲ့ ေလတုိက္ခတ္မႈေၾကာင့္ လဲက်သြားခဲ့ရတာပဲ ျဖစ္ပါတယ္။

ဧကရာဇ္ ခ်င္ရွီဟြမ္ရုပ္တုႀကီးဟာ ေလျပင္းတုိက္ခတ္တဲ့အခါ ေအာက္ခံပလႅင္ခုံေပၚကေန ေလထဲသုိ႔ေျမာက္သြားၿပီး ၃၃ေပ အကြာအေ၀းမွာ လဲက်သြားခဲ့တယ္လုိ႔ သိရပါတယ္။ ဒီရုပ္တုႀကီးလဲက်မႈမွာ တစုံတရာထိခုိက္မႈေတာ့ မျဖစ္ခဲ့ပါဘူး။ တစ္နာရီ ၄၆မုိင္ႏႈန္းတုိက္ခတ္တဲ့ ေလတုိက္မႈေၾကာင့္ ရုပ္တုႀကီး နဲ႔ ရုပ္တုေအာက္ခံခုံနဲ႔ ဆက္ထားတဲ့ေနရာမွ ျပဳတ္ထြက္ကာ ယခုလုိျဖစ္ခဲ့ျခင္း ျဖစ္ပါတယ္။

၁၉မီတာ(၆၂ေပ) ျမင့္တဲ့ ဒီရုပ္တုႀကီးကို လြန္ခဲ့ေသာ ၁၃ႏွစ္(၂၀၀၅ခုႏွစ္က) တည္ေဆာက္ကာ Binzhou ၿမဳိ႕က scenic ပန္းၿခံထဲမွာ ထားရွိခဲ့တာျဖစ္ပါတယ္။ ဘုရင္ႀကီး ခ်င္ရွီဟြမ္ရုပ္တုမ်ားအနက္ ကမာၻေပၚမွာအႀကီးဆုံးရုပ္တုလည္း ျဖစ္ပါတယ္။

ယခုလိုလဲက်ရျခင္းမွာ ရုပ္တုဟာ ႀကီးမားေပမယ့္ အတြင္းေခါင္းပြအမ်ဳိးအစားျဖစ္ကာ အေလးခ်ိန္ ၆တန္ပဲ ေလးလုိ႔ျဖစ္ပါတယ္။ ရုပ္တုႀကီးကို ေၾကး နဲ႔ အျခားသတၱဳေတြ ေရာစပ္ျပဳလုပ္ထားတာျဖစ္ပါတယ္။

တရုတ္ႏုိင္ငံ အြန္လုိင္းသုံးစြဲသူေတြကေတာ့ ဒီျဖစ္ရပ္ဟာ လက္ရွိတရုတ္သမၼတ ရွီက်င့္ဖ်င္ရဲ႕ အုပ္ခ်ဳပ္မႈေၾကာင့္ ရလာမည့္ေနာက္ဆက္တြဲျဖစ္ရပ္ကို နိမိတ္ဖတ္ျခင္းျဖစ္တယ္ လုိ႔ဆုိၾကပါတယ္။

၀န္ထမ္းမ်ားက အဲဒီေန႔ညတည္းက လဲက်သြားတဲ့ ရုပ္တုႀကီးကုိ ၀န္ခ်ီစက္မ်ားျဖင့္ ျပန္္လည္မေထာင္ၿပီး ယခင္ေနရာသုိ႔ ျပန္လည္ေရႊ႕ကာ ျပင္ဆင္ခဲ့ၿပီးျဖစ္ပါတယ္။ ေၾကးနဲ႔ျပဳလုပ္ထားတဲ့ ရုပ္တုျဖစ္တာေၾကာင့္ ဆုိးဆုိးရြားရြား ပ်က္စီးခဲ့ျခင္း မျဖစ္ခဲ့ဘူးလုိ႔ သိရပါတယ္။

ဘုရင္ႀကီး ရွီဟြမ္တီ (ဘီစီ ၂၅၉-၂၁၀) ကို ခ်င္မင္းဆက္တည္ေထာင္ခဲ့တဲ့ဘုရင္ ၊ တရုတ္အင္ပါယာပထမဧကရာဇ္ ၊ ကမာၻေက်ာ္မဟာရံတံတုိင္းႀကီးကုိ တည္ေဆာက္သူ စသည္ျဖင့္ လူသိမ်ားပါတယ္။ သူ ဟာ ဘီစီ ၂၃၈ မွ ၂၁၀ ထိႏွစ္မ်ားအတြင္း အစုစုကြဲျပားေနေသာ ပေဒသရာဇ္ ႏိုင္ငံငယ္ေလးမ်ားကုိ တုိက္ခုိက္သိမ္းသြင္းကာ စုစည္းအုပ္ခ်ဳပ္ခဲ့သည့္ တရုတ္အင္ပါယာ၏ပထမဆုံး ဧကရာဇ္လည္းျဖစ္ပါတယ္။ ၎၏တိုက္ခိုက္ သိမ္းသြင္းမႈတို႔ေၾကာင့္ တ႐ုတ္ႏိုင္ငံမွာ တစ္စုတစ္စည္းတည္း ျဖစ္လာၿပီး ယေန႔ကဲ့သို႔ ကမၻာ့အင္အားႀကီးႏိုင္ငံအျဖစ္ ရပ္တည္ႏိုင္ရန္ အစျပဳႏိုင္သည္ဟု ဆိုလၽွင္မမွားေပ။


လေပြင်းတိုက်ခိုက်မှုကြောင့် ၆၂ပေ မြင့်တဲ့ တရုတ်ဧကရာဇ်ရုပ်တုကြီးလဲကျ(unicode)

ဒီရုပ်တုကတော့ တရုတ်နိုင်ငံ Shandong ပြည်နယ် Binzhou မြို့မှာ ရှိတဲ့ တရုတ်နိုင်ငံ ပထမဆုံး အင်ပါယာကိုတည်ထောင်သူ ဧကရာဇ် ချင်ရှီဟွမ်(ရှီဟွမ်တီ) ရဲ့ရုပ်တုပဲဖြစ်ပါတယ်။ ဒီရုပ်တုကြီးဟာ ပြီးခဲ့တဲ့အပတ်သောကြာနေ့က ပြင်းထန်တဲ့ လေတိုက်ခတ်မှုကြောင့် လဲကျသွားခဲ့ရတာပဲ ဖြစ်ပါတယ်။

ဧကရာဇ် ချင်ရှီဟွမ်ရုပ်တုကြီးဟာ လေပြင်းတိုက်ခတ်တဲ့အခါ အောက်ခံပလ္လင်ခုံပေါ်ကနေ လေထဲသို့မြောက်သွားပြီး ၃၃ပေ အကွာအဝေးမှာ လဲကျသွားခဲ့တယ်လို့ သိရပါတယ်။ ဒီရုပ်တုကြီးလဲကျမှုမှာ တစုံတရာထိခိုက်မှုတော့ မဖြစ်ခဲ့ပါဘူး။ တစ်နာရီ ၄၆မိုင်နှုန်းတိုက်ခတ်တဲ့ လေတိုက်မှုကြောင့် ရုပ်တုကြီး နဲ့ ရုပ်တုအောက်ခံခုံနဲ့ ဆက်ထားတဲ့နေရာမှ ပြုတ်ထွက်ကာ ယခုလိုဖြစ်ခဲ့ခြင်း ဖြစ်ပါတယ်။

၁၉မီတာ(၆၂ပေ) မြင့်တဲ့ ဒီရုပ်တုကြီးကို လွန်ခဲ့သော ၁၃နှစ်(၂၀၀၅ခုနှစ်က) တည်ဆောက်ကာ Binzhou မြို့က scenic ပန်းခြံထဲမှာ ထားရှိခဲ့တာဖြစ်ပါတယ်။ ဘုရင်ကြီး ချင်ရှီဟွမ်ရုပ်တုများအနက် ကမ္ဘာပေါ်မှာအကြီးဆုံးရုပ်တုလည်း ဖြစ်ပါတယ်။

ယခုလိုလဲကျရခြင်းမှာ ရုပ်တုဟာ ကြီးမားပေမယ့် အတွင်းခေါင်းပွအမျိုးအစားဖြစ်ကာ အလေးချိန် ၆တန်ပဲ လေးလို့ဖြစ်ပါတယ်။ ရုပ်တုကြီးကို ကြေး နဲ့ အခြားသတ္တုတွေ ရောစပ်ပြုလုပ်ထားတာဖြစ်ပါတယ်။

တရုတ်နိုင်ငံ အွန်လိုင်းသုံးစွဲသူတွေကတော့ ဒီဖြစ်ရပ်ဟာ လက်ရှိတရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ အုပ်ချုပ်မှုကြောင့် ရလာမည့်နောက်ဆက်တွဲဖြစ်ရပ်ကို နိမိတ်ဖတ်ခြင်းဖြစ်တယ် လို့ဆိုကြပါတယ်။

ဝန်ထမ်းများက အဲဒီနေ့ညတည်းက လဲကျသွားတဲ့ ရုပ်တုကြီးကို ဝန်ချီစက်များဖြင့် ပြန်လည်မထောင်ပြီး ယခင်နေရာသို့ ပြန်လည်ရွှေ့ကာ ပြင်ဆင်ခဲ့ပြီးဖြစ်ပါတယ်။ ကြေးနဲ့ပြုလုပ်ထားတဲ့ ရုပ်တုဖြစ်တာကြောင့် ဆိုးဆိုးရွားရွား ပျက်စီးခဲ့ခြင်း မဖြစ်ခဲ့ဘူးလို့ သိရပါတယ်။

ဘုရင်ကြီး ရှီဟွမ်တီ (ဘီစီ ၂၅၉-၂၁၀) ကို ချင်မင်းဆက်တည်ထောင်ခဲ့တဲ့ဘုရင် ၊ တရုတ်အင်ပါယာပထမဧကရာဇ် ၊ ကမ္ဘာကျော်မဟာရံတံတိုင်းကြီးကို တည်ဆောက်သူ စသည်ဖြင့် လူသိများပါတယ်။ သူ ဟာ ဘီစီ ၂၃၈ မှ ၂၁၀ ထိနှစ်များအတွင်း အစုစုကွဲပြားနေသော ပဒေသရာဇ် နိုင်ငံငယ်လေးများကို တိုက်ခိုက်သိမ်းသွင်းကာ စုစည်းအုပ်ချုပ်ခဲ့သည့် တရုတ်အင်ပါယာ၏ပထမဆုံး ဧကရာဇ်လည်းဖြစ်ပါတယ်။ ၎င်း၏တိုက်ခိုက် သိမ်းသွင်းမှုတို့ကြောင့် တရုတ်နိုင်ငံမှာ တစ်စုတစ်စည်းတည်း ဖြစ်လာပြီး ယနေ့ကဲ့သို့ ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ် ရပ်တည်နိုင်ရန် အစပြုနိုင်သည်ဟု ဆိုလျှင်မမှားပေ။

Leave a Reply