လူအသားကိုစားကာ အေသြးနဲ႔ ပန္းခ်ီေရးတဲ့ ဗင္နီဇြဲလားက ပန္းခ်ီဆရာ

Posted on

လူတစ္ေယာက္ဟာ လယ္သမားတစ္ေယာက္ကိုသတ္ၿပီး အစိတ္အပိုင္းေတာ္ေတာ္မ်ားမ်ားကုိ စားေသာက္ခဲ့ကာ က်န္ခႏၶာကုိယ္ အစိတ္အပုိင္းအစေတြ နဲ႔ ေသြးေတြကုိ အသုံးျပဳကာ ပန္းခ်ီေရးခဲ့တယ္ ဆုိတဲ့ လန္႔စရာျဖစ္ရပ္တစ္ခုပါ။

သူ႔နာမည္ကေတာ့ Luis Alfredo Gonzalez Hernandez ျဖစ္ပါတယ္။ သူဟာ ဗင္နီဇြဲလားႏုိင္ငံ Barlovento ေဒသမွာေနထုိင္သူျဖစ္ၿပီး အခုေတာ့ လူေတြက သူ႔ကုိ လူသားစားပန္းခ်ီဆရာလုိ႔ပဲေခၚၾကပါေတာ့တယ္။

သူ႔ကုိ ဗင္နီဇြဲလားရဲ႕ အႀကီးဆုံးရဲဌာနျဖစ္တဲ့ CICPC (Barlovento cientific, Penal, and Criminal Investigative Body ) က ရဲေတြက ၿပီးခဲ့တဲ့အပတ္က ဖမ္းဆီးခဲ့တာျဖစ္ပါတယ္။

သူ႔ရဲ႕ျဖစ္ရပ္နဲ႔အတူ ကင္မရာကို စူးစိုက္ၾကည့္ေနတဲ့သူ႔ရဲ႕ဓာတ္ပုံကုိ အြန္လုိင္းမွာေတာ္ေတ္ာေလးပ်ံႏွံ႔ေနခဲ့ပါၿပီ။

CICPC ရဲဌာနရဲ႕ အုပ္ခ်ဳပ္သူ Douglas Rico ကေတာ့ Hernandez ဟာ သူ႔ရဲ႕ဒီေၾကာက္မက္ဖြယ္လူသတ္မႈကို ၀န္ခံခဲ့ၿပီးၿပီလုိ႔ အတည္ျပဳခဲ့ပါတယ္။

တရားခံရဲ႕ အိမ္ကုိ ရဲေတြရွာေဖြၾကည့္တဲ့အခါမွာေတာ့ ေသြး နဲ႔ အရုိးျပာေတြနဲ႔ေပါင္းစပ္ေရးထားတဲ့ ပန္းခ်ီကားတခ်ဳိ႕နဲ႔ လူခႏၶာကုိယ္အပုိင္း အစအနည္းငယ္ကုိသာ ေတြ႔ရပါေတာ့တယ္။

“သူဟာ လယ္သမားကို သတ္ၿပီးတဲ့ေနာက္ ခႏၶာကိုယ္အစိတ္အပိုင္း အမ်ားစုကုိစားလုိက္ေၾကာင္း ၊ က်န္တဲ့အပုိင္းကိုေတာ့ မီးရႈိ႕လုိက္ၿပီးတဲ့ေနာက္ ၊ ရလာတဲ့ အရုိးျပာေတြ နဲ႔အတူ ေသြးကိုသုံးကာ ကင္းဗတ္ေပၚမွာပန္းခ်ီဆြဲခဲ့တယ္” လုိ႔ ၀န္ခံခဲ့ပါတယ္။

ထပ္ေျပာတဲ့ သူ႔စကားကေတာ့ အံၾသဖုိ႔ေကာင္းပါတယ္။ ဒီလုိလုပ္တဲ့အတြက္ သူ႔မွာအျပစ္မရွိပါဘူးတဲ့။ အဲဒီလယ္သမားက သူ႔ကုိသတ္ခုိင္း ၊ စားခုိင္းၿပီးတဲ့ေနာက္ ၊ သူ႔အေသြးအသားေတြနဲ႔ ပန္းခ်ီဆြဲဖုိ႔ ငွားရမ္းခဲ့တာေၾကာင့္ လုပ္ရျခင္း ျဖစ္ပါသတဲ့။

ရဲေတြကေတာ့ သူ႔စကားမယုံၾကည္ပဲ ဆက္လက္စစ္ေဆး ရွာေဖြမႈေတြ ဆက္လက္ျပဳလုပ္လွ်က္ရွိပါတယ္။ အသတ္ခံရတဲ့လယ္သမား ဘယ္သူဘယ္၀ါဆုိတာကုိလည္း မသိရေသးပါဘူး။ စစ္ေဆးမႈေတြအားလုံးမွန္ကန္ရင္ေတာ့ Hernandez ဟာ ႀကီးမားတဲ့ျပစ္ဒဏ္ခ်မွတ္ခံရဖြယ္ ရွိပါတယ္။

ဒီပုံစံနဲ႔ အလားတူတဲ့ မႈခင္းမ်ဳိးဟာ ဗင္နီဇြဲလားႏုိင္ငံမွာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၂၀ခန္႔က တစ္ခါျဖစ္ခဲ့ၿပီးပါၿပီ။ ၁၉၉၉ ခုႏွစ္မွာ ဗင္နီဇြဲလားက Dorancel Vargas Gomez ဆုိသူဟာ လူ ၁၀ေယာက္ထက္မနည္းကို သတ္ျဖတ္စားေသာက္ခဲ့တဲ့ မႈခင္းျဖစ္ရပ္ပါ။

Ref:
Central european news
Daily Mail
The Sun UK
——————————————————–

လူအသားကိုစားကာ အသွေးနဲ့ ပန်းချီရေးတဲ့ ဗင်နီဇွဲလားက ပန်းချီဆရာ (unicode)

လူတစ်ယောက်ဟာ လယ်သမားတစ်ယောက်ကိုသတ်ပြီး အစိတ်အပိုင်းတော်တော်များများကို စားသောက်ခဲ့ကာ ကျန်ခန္ဓာအစိတ်အပိုင်းအစတွေ နဲ့ သွေးတွေကို အသုံးပြုကာ ပန်းချီရေးခဲ့တယ် ဆိုတဲ့ လန့်စရာဖြစ်ရပ်တစ်ခုပါ။

သူ့နာမည်ကတော့ Luis Alfredo Gonzalez Hernandez ဖြစ်ပါတယ်။ သူဟာ ဗင်နီဇွဲလားနိုင်ငံ Barlovento ဒေသမှာနေထိုင်သူဖြစ်ပြီး အခုတော့ လူတွေက သူ့ကို လူသားစားပန်းချီဆရာလို့ပဲခေါ်ကြပါတော့တယ်။

သူ့ကို ဗင်နီဇွဲလားရဲ့ အကြီးဆုံးရဲဌာနဖြစ်တဲ့ CICPC (Barlovento cientific, Penal, and Criminal Investigative Body ) က ရဲတွေက ပြီးခဲ့တဲ့အပတ်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ဖြစ်ရပ်နဲ့အတူ ကင်မရာကို စူးစိုက်ကြည့်နေတဲ့သူ့ရဲ့ဓာတ်ပုံကို အွန်လိုင်းမှာတော်တော်လေးပျံနှံ့နေခဲ့ပါပြီ။

CICPC ရဲဌာနရဲ့ အုပ်ချုပ်သူ Douglas Rico ကတော့ Hernandez ဟာ သူ့ရဲ့ဒီကြောက်မက်ဖွယ်လူသတ်မှုကို ဝန်ခံခဲ့ပြီးပြီလို့ အတည်ပြုခဲ့ပါတယ်။

တရားခံရဲ့ အိမ်ကို ရဲတွေရှာဖွေကြည့်တဲ့အခါမှာတော့ သွေး နဲ့ အရိုးပြာတွေနဲ့ပေါင်းစပ်ရေးထားတဲ့ ပန်းချီကားတချို့နဲ့ လူခန္ဓာကိုယ်အပိုင်း အစအနည်းငယ်ကိုသာ တွေ့ရပါတော့တယ်။

“သူဟာ လယ်သမားကို သတ်ပြီးတဲ့နောက် ခန္ဓာကိုယ်အစိတ်အပိုင်း အများစုကိုစားလိုက်ကြောင်း ၊ ကျန်တဲ့အပိုင်းကိုတော့ မီးရှို့လိုက်ပြီးတဲ့နောက် ၊ ရလာတဲ့ အရိုးပြာတွေ နဲ့အတူ သွေးကိုသုံးကာ ကင်းဗတ်ပေါ်မှာပန်းချီဆွဲခဲ့တယ်” လို့ ဝန်ခံခဲ့ပါတယ်။

ထပ်ပြောတဲ့ သူ့စကားကတော့ အံဩဖို့ကောင်းပါတယ်။ ဒီလိုလုပ်တဲ့အတွက် သူ့မှာအပြစ်မရှိပါဘူးတဲ့။ အဲဒီလယ်သမားက သူ့ကိုသတ်ခိုင်း ၊ စားခိုင်းပြီးတဲ့နောက် ၊ သူ့အသွေးအသားတွေနဲ့ ပန်းချီဆွဲဖို့ ငှားရမ်းခဲ့တာကြောင့် လုပ်ရခြင်း ဖြစ်ပါသတဲ့။

ရဲတွေကတော့ သူ့စကားမယုံကြည်ပဲ ဆက်လက်စစ်ဆေး ရှာဖွေမှုတွေ ဆက်လက်ပြုလုပ်လျှက်ရှိပါတယ်။ အသတ်ခံရတဲ့လယ်သမား ဘယ်သူဘယ်ဝါဆိုတာကိုလည်း မသိရသေးပါဘူး။ စစ်ဆေးမှုတွေအားလုံးမှန်ကန်ရင်တော့ Hernandez ဟာ ကြီးမားတဲ့ပြစ်ဒဏ်ချမှတ်ခံရဖွယ် ရှိပါတယ်။

ဒီပုံစံနဲ့ အလားတူတဲ့ မှုခင်းမျိုးဟာ ဗင်နီဇွဲလားနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ဝခန့်က တစ်ခါဖြစ်ခဲ့ပြီးပါပြီ။ ၁၉၉၉ ခုနှစ်မှာ ဗင်နီဇွဲလားက Dorancel Vargas Gomez ဆိုသူဟာ လူ ၁၀ယောက်ထက်မနည်းကို သတ်ဖြတ်စားသောက်ခဲ့တဲ့ မှုခင်းဖြစ်ရပ်ပါ။

Leave a Reply