ကိုလိုနီေခတ္ ျမိဳ႕ျပအေမြအႏွစ္ ရန္ကုန္စာတိုက္ၾကီး နဲ႔ ရန္ကုန္ၿမဳိ႕ရဲ႕ ‘၀’ မုိင္တုိင္ဆုိတာ

Posted on

ရန္ကုန္စာပို႔လုပ္ငန္းဟာ အဂၤလိပ္လက္ေအာက္က်ေရာက္စကပင္ စတင္ခဲ႔တာျဖစ္ပါတယ္။ ၁၅ရက္၊ ဧၿပီလ၊ ၁၈၅၂ခုနွစ္မွာ ဗိုလ္ခ်ဳပ္ေဂၚဒြင္က မစၥတာကရစ္(ပ္)ဆိုတဲ႔သူကို စာတိုက္ဗိုလ္အျဖစ္ခန္႔အပ္ခဲ႔ပါတယ္။ အဲဒီေနာက္ တပ္ေျမ(ကန္တုန္မင္)စာတိုက္ကို စတင္ဖြင့္လွစ္ခဲ႔တာပါ။ ရန္ကုန္စာတိုက္ၾကီးကုိ ၃ရက္၊ စက္တင္ဘာလ၊ ၁၈၅၂ ခုႏွစ္မွာ စတင္ဖြင့္လွစ္ခဲ႔တာျဖစ္ပါတယ္။ စဖြင့္တုန္းကေတာ့ ကမ္းနားလမ္းနဲ႔ ၃၂လမ္းေထာင့္မွာ ဖြင့္လွစ္ခဲ႔တာျဖစ္ပါတယ္။

ပထမဦးဆံုးစာတိုက္အေဆာက္အဦးက သစ္သားနဲ႔ ေဆာက္လုပ္ထားတာျဖစ္ျပီး ျမန္မာမႈသစ္ထြင္းလက္ရာ ကႏုတ္ပန္းေတြနဲ႔ တန္ဆာဆင္ထားတာပါ။ ဒါေပမယ့္၁၉၃၀ျပည့္ႏွစ္ငလ်င္ဒဏ္ကို မူလအေဆာက္အဦးဟာ ျပင္းထန္စြာခံစားျပီးတဲ႔ေနာက္ BullochBros&Co အေဆာက္အဦးသံုးထပ္အုတ္တိုက္ၾကီးကို ေကာ္မာရွယ္ဘဏ္က ရူပီး၅သိန္းနဲ႔လႊဲေျပာင္းရယူကာ ယခုလက္ရွိေနရာမွာ ေျပာင္းလဲဖြင့္လွစ္ခဲ႔ပါေတာ့တယ္။

မူလ ရန္ကုန္စာတုိက္ႀကီး

၁၈၈၅ခုႏွစ္မွာ ကုန္းေဘာင္မင္းဆက္ရဲ႕ေနာက္ဆံုးဘုရင္သီေပါမင္း အိႏၵိယကိုပါေတာ္မူျပီးေနာက္စာတိုက္အျပင္ ေၾကးနန္းဌာနကိုပူးတြဲကာ ရန္ကုန္စာတိုက္ၾကီးကအဓိကလုပ္ေဆာင္ခဲ႔ျပီး၃၁ရက္၊ မတ္လ၊ ၁၉၃၇ခုႏွစ္အထိ ျမန္မာနိုင္ငံစာတိုက္နဲ႔ ေၾကးနန္းဌာနဟာအိႏိၵယစာတိုက္နဲ႔ေၾကးနန္းဌာန လက္ေအာက္မွာ လုပ္ကိုင္ေနခဲ႔ရပါတယ္။ ရန္ကုန္စာတိုက္ၾကီးကို ဗဟိုျပဳျပီးျမန္မာနိုင္ငံအႏွံ႔ စာပို႔ျခင္းႏွင့္ေၾကးနန္းတို႔ အလြန္တြင္က်ယ္ခဲ႔ျပီး ျပည္တြင္းျပည္ပစာနဲ႔ေၾကးနန္းပို႔ျခင္းဟာအလြန္ စံႏႈန္းတိက်မႈရွိကာ အလြန္ပဲနာမည္ေက်ာ္ၾကားခဲ႔ပါတယ္။

စစ္ျပီးကာလ၈ရက္၊ ဇြန္လ၊ ၁၉၄၅ခုႏွစ္က စတင္ကာရန္ကုန္စာတိုက္ၾကီးကိုအုပ္ခ်ဳပ္သူေတြဟာ ျမန္မာလူမ်ိဳးေတြျဖစ္လာပါတယ္။ လြတ္
လပ္ေရးရျပီးခ်ိန္မွ စတင္ျပီး ၁၉၇၆ခုႏွစ္ထိရန္ကုန္စာတိုက္ၾကီးကို အေျချပဳကာေပးပို႔ေနခဲ႔ရတဲ႔စာတိုက္ၾကီးငယ္ေပါင္း၆၂၅ခုသာရွိခဲ႔ရာကေန ေနာက္ပုိင္းမွာေတာ့ ၁၃၆၉ရံုး ခ်ိတ္ဆက္ေဆာင္ရြက္လာႏုိင္ခဲ့ပါတယ္။ ရန္ကုန္ျမိဳ႕ျပအေမြအႏွစ္စာတိုက္ၾကီးကို ရန္ကုန္ျမိဳ႕ျပအေမြအနွစ္စာရင္းဝင္ ပဥၥမအၾကိမ္ေျမာက္အျပာေရာင္ကမၺည္းျပားတပ္ဆင္ထားတဲ႔ ေနရာလည္းျဖစ္ပါတယ္။

အျပာေရာင္ကမၺည္းျပားေပၚမွာ ဗဟိုစာတိုက္ႀကီး အေဆာက္အအံုေနရာမွာ ၁၉ဝ၈ ခုႏွစ္က စေကာ့လူမ်ိဳးပိုင္ ဆန္စက္နဲ႔ဆန္စပါး ေရာင္းဝယ္ေရးကုမၸဏီ ဖြင့္လွစ္ခဲ့ဖူးတဲ့အေၾကာင္း၊ ၁၉၃ဝမွာ ေျမငလ်င္ေၾကာင့္ လက္ရွိေျခာက္ထပ္႐ံုးေနရာရိွ ရန္ကုန္စာတိုက္ႀကီး ပ်က္စီးသြားၿပီး ဗဟိုစာတိုက္ႀကီးအျဖစ္ ေျပာင္းလဲအသံုးျပဳ ခဲ့တဲ့အေၾကာင္း ေရးထိုးထားပါတယ္။ ကမာၻ႔စာပို႔တိုက္သမဂၢအဖြဲ႔ဝင္ ရန္ကုန္စာတိုက္ၾကီးနဲ႔ျမန္မာ့စာပို႔လုပ္ငန္း ဟာ ၄ရက္၊ ေအာက္တိုဘာလ၊ ၁၉၄၉ခုႏွစ္မွာ ကမာၻ႔စာပို႔တိုက္ သမဂၢအဖြဲ႔ဝင္ျဖစ္ခဲ႔ပါတယ္။ ဒီေရွးေဟာင္းအေဆာက္အဦးႀကီးရဲ႕ သက္တမ္းဟာ ႏွစ္ေပါင္း ၁၁၀ ခန္႔ရွိသြားၿပီျဖစ္ေပမယ့္ တည္ျငိမ္ခန္႔ညားတဲ့အသြင္နဲ႔ ရပ္တည္ေနႏုိင္ဆဲျဖစ္ပါတယ္။

ကိုးကား-ျမန္မာျပည္တစ္ခြင္လမ္းညႊန္စာအုပ္

ရန္ကုန္ၿမဳိ႕၏ သုည မိုင္တိုင္ တည္ေနရာကို ေျခရာခံမိျခင္း

ရန္ကုန္ၿမဳိ႕တြင္ ၆မိုင္ခြဲ၊ ၇မိုင္ခြဲ၊ ၈မိုင္၊ ၉မိုင္၊ ၁၀မိုင္ ဘတ္စ္ကား မွတ္တိုင္ ေနရာမ်ား ရိွပါသည္။ ထိုအကြာအေ၀းမ်ားကို မည္သည့္ေနရာက စတင္၍ တိုင္းတာပါသလဲဟု ေမးခြန္းထုတ္လွ်င္ ေျဖဆိုနိုင္သူ အနည္းငယ္သာ ရိွပါလိမ့္မည္။

ဆူးေလေစတီ မွ ဗဟိုျပဳ၍ တိုင္းတာသည္ဟု ေျဖဆိုနိုင္သူ အနည္းငယ္ေတာ့ ရိွပါလိမ့္မည္။ သုိ႔ေသာ္ ကြ်န္ေတာ့အေနျဖင့္ ျဗိတိသွ် တို့သည္ အဘယ့္ေၾကာင့္ ျပည္လမ္းတေလွ်ာက္ ၏ အကြာအေ၀းျပ မိုင္တိုင္အမွတ္အသားကို စိုက္ထူရာတြင္ ဆူးေလစတီ တည္ေနရာအား သုည မိုင္ အျဖစ္ သတ္မွတ္ခဲ့ရေၾကာင္း အေၾကာင္းရင္းကို ရွာေဖြ မေတြ႔ရိွခဲ့ပါ။

ဆူးေလေစတီ သည္ ၿမဳိ႔ေတာ္ခန္းမ အနီးတြင္ တည္ရိွေသာေၾကာင့္ ၿမဳိ႕ေတာ္ခန္းမ အစား ဆူးေလေစတီ ကို ဗဟိုျပဳရသည္ဟု စဥ္းစားလွ်င္ ယုတၱိတန္သည္။ ကြ်န္ေတာ့၏ သူငယ္ခ်င္း ကိုေဇာ္ျမင့္ဦး ျပန္လည္ ေျပာျပသည္မွာ ျဗိတိသွ် တို့ အုပ္ခ်ဳပ္စဥ္ကာလက ဘုရင္ခံ ဆားဟူးဖရန့္ကိုယ္တိုင္ ေရႊတိဂံုဘုရား ေတာင္ဖက္မုဒ္ရိွ သခင္ကိုယ္ေတာ္မိုင္း အုတ္ဂူ တည္ရွိရာ ေနရာတ၀ိုက္တြင္ ရန္ကုန္ၿမဳိ႕ ၏ ဗဟို အျဖစ္ သုညမိုင္တိုင္ အမွတ္အသားေက်ာက္တိုင္ စိုက္ထူခဲ့ေၾကာင္း သူမွတ္ထားသမွ် ရန္ကုန္ျမဳိ႕ ၏ သမိုင္းေၾကာင္းကို ရွင္းျပခဲ့သည္။ အလြန္စိတ္၀င္စားစရာေကာင္းသည္။ သူငယ္ခ်င္း ကိုေက်ာ္ေက်ာ္စိုး လည္း ကၽြန္ေတာ့အား ရန္ကုန္ၿမဳိ႕ ၏ သမိုင္းေၾကာင္းကို ကိုလိုနီလက္ထက္ ရန္ကုန္ၿမဳိ႕၏ ေျမပံု နွင့္တကြ ရွင္းျပခဲ့သည္။

အဂၤလိပ္ လူမ်ိဳးမ်ားသည္ အင္မတန္တိက်၍ စနစ္က်သူမ်ားျဖစ္ေသာေၾကာင့္ သုညမိုင္ အမွတ္အသား ကို ရန္ကုန္ၿမဳိ႕အလယ္ ၏ ေျမျပင္တေနရာတြင္ စိုက္ထူခဲ့ေပလိမ့္မည္။ သို႔ေသာ္ လြတ္လပ္ေရး ရေသာအခါ အဂၤလိပ္ အစိုးရထံမွ စည္ပင္သာယာ ေျမပံုမ်ားကို လႊဲေျပာင္း ယူရာတြင္ အခ်ိဳ့ အေရးၾကီးေသာ ေျမပံု အခ်က္အလက္မ်ား က်န္ေကာင္း က်န္ေနႏုိင္ပါသည္။ ထိုေပ်ာက္ဆံုးေနသာ သမိုင္း အခ်က္အလက္ ကြင္းဆက္မ်ားကို ကၽြန္ေတာ္တို့ သူငယ္ခ်င္း ၃ေယာက္ အားလပ္ေသာ အခ်ိန္မ်ားတြင္ ေျမျပင္တေလွ်ာက္ ေလ့လာ၍ သုေတသန လုပ္ရန္ တကၠသိုလ္ေက်ာင္းသားဘ၀ က စိတ္ကူးယဥ္ခဲ့ၾကသည္။

လြန္ခဲ့ေသာတပါတ္က ကိုေက်ာ္ေက်ာ္စိုး တေယာက္ သခင္ကိုယ္ေတာ္မိႈင္းဂူ တ၀ိုက္တြင္ သဲလြန္စ ရလိုရျငား သြားေရာက္ ရွာေဖြခဲ့သည္။ နွစ္အတာ္ၾကာခဲ့သည္ျဖစ္၍ ေျမျပင္အေနအထားမွာ လံုး၀ ေျပာင္းလဲေနပါျပီ။ မည္သည့္ သမိုင္း၀င္ ေက်ာက္တိုင္မ်ွ မေတြ႔ခဲ့ရေတာ့ေပ။ ေရႊတိဂံုဘုရား ၏ နယ္နမိတ္အစ ဆိုသည့္ ေက်ာက္တိုင္ တခုကိုသာ ေတြ့ရိွခဲ့သည္။

ထို့ေနာက္ ကိုေက်ာ္ေက်ာ္စိုး သည္ သူ၏ကားကို ယင္းေနရာမွစတင္ျပီး ျပည္လမ္းတေလွ်ာက္ ေမာင္းႏွင္ခဲ့ရာ ၆မိုင္ခြဲ မွတ္တိုင္ ႏွင့္ ၈မိုင္ မွတ္တိုင္သို့ေရာက္ခိုက္ သူ၏ကားတြင္ တပ္ဆင္ထားေသာ အကြားေ၀းျပ ဒိုင္ခြက္ နွင့္ တိုက္ၾကည့္ေသာအခါ ၂မိုင္ နီးပါး လိုေနသည္ကို သတိထားမိခဲ့သည္။ ထို့ေၾကာင့္ သုည မိုင္တိုင္ ေနရာသည္ ေရႊတိဂံုဘုရား ေတာင္ဖက္မုဒ္ ေနရာ ျဖစ္ႏုိင္ေခ် အလြန္နည္းသြားျပီး ဆူးေလေစတီ ေနရာသည္သာ ရန္ကုန္ၿမဳိ႕ ၏ ဗဟို၊ သုည မိုင္ တည္ေနရာ ျဖစ္နိုင္သည္ဟု ေကာက္ခ်က္ခ်နိုင္ခဲ့သည္။

သမိုင္း စိတ္၀င္စားသူမ်ား ၏ ေျပာျပခ်က္အရ သခင္ကိုယ္တိုင္မိွုင္း အုတ္ဂူေနရာ တ၀ိုက္တြင္ အထင္ကရ ေက်ာက္တိုင္ စိတ္ထူခဲ့ျခင္းမွာ ျဖစ္နိုင္ေျခ ရိွျပီး မည္သည့္အေၾကာင္းအရာအတြက္ စိုက္ထူခဲ့ရျခင္း ျဖစ္ေျကာင္းကိုသာ အေျဖမထုတ္နိုင္ျခင္း ျဖစ္ဖို့မ်ားပါသည္၊

ကိုေက်ာ္ေက်ာ္စိုး ၏ ေတြ႔ရိွခ်က္ကို အေျခခံျပီး ကြ်န္ေတာ္လည္း Google map တြင္ ဆူးေလေစတီကို ဗဟိုျပဳျပီး ျပည္လမ္းတေလွ်ာက္ အကြာအေ၀းကို အျပန္ျပန္အလွန္လွန္ တိုင္းတာၾကည့္ရာ ၆မိုင္ခြဲ အကြာအေ၀းသည္ ေျမျပင္ေပၚရိွ ၆မိုင္ခြဲ ဘတ္စ္ကား မွတ္တိုင္ေနရာတြင္ မျပဘဲ ၄င္းမွတ္တိုင္ကိုေက်ာ္လြန္၍ ေအဒီလမ္းမေရာက္ခင္ လူငယ္အင္းယားေလးေနရာအထိ ေရာက္သည္ကို ေတြ႔ရိွခဲ့သည္။ ၈မိုင္ အကြာအေ၀းသည္လည္း ေျမျပင္ ၈မိုင္ခြဲ ဘတ္စ္ကားမွတ္တိုင္ကို လြန္ျပီး ၉မိုင္ ေနရာေလာက္ထိ ေရာက္သည္ကို ေတြ႔ရိွခဲ့သည္။

၈မိုင္၊ ၇မိုင္ခြဲ၊ ၆မိုင္ခြဲ ဘတ္စ္ကားမွတ္တိုင္ေနရာမ်ားကို အသီးသီး အေျချပဳ၍ ဆန့္က်င္ဖက္အရပ္ ရန္ကုန္ျမိဳ႕လယ္သို႔ ျပည္လမ္းတေလွ်ာက္ ျပန္လွန္ တိုင္းတာၾကည့္ရာ အဆံုးေနရာမ်ားသည္ ဆူးေစတီကိုလြန္၍ ၀.၇မိုင္ ေက်ာ္လြန္သည္ ကို ေတြ႔ရိွရသည္။ ထို ၀.၇မိုင္ ေက်ာ္လြန္ေသာေနရာသည္ ဆူးေလလမ္းမအတိုင္းဆိုလွ်င္ ၀န္ၾကီးမ်ား ရံုးအေဆာက္အဦး၊ ကမ္းနားလမ္း ဆိုလွ်င္ ဗဟိုစာတိုက္ၾကီး အေဆာက္အဦး ရိွသည့္ေနရာ ျဖစ္သည္ကို ေတြ႔ရိွခဲ့သည္။

ဗဟိုစာတိုက္ၾကီးမွ ေန၍ ကမ္းနားလမ္းမွတဆင့္ ျပည္လမ္းတေလွ်ာက္ တိုင္းတာၾကည့္ရာ ၆မိုင္ခြဲ အကြာအေ၀းသည္ ေျမျပင္ေပၚတြင္ ၆မိုင္ခြဲ ဘတ္စ္ကားမွတ္တိုင္၊ ၇မိုင္ခြဲ ေနရာသည္ ၇မိုင္ခြဲ ဘတ္စ္ကားမွတ္တိုင္၊ ၈မိုင္ေနရာသည္ ၈မိုင္ ဘတ္စ္ကားမွတ္တိုင္ေနရာ အသီးသီး ျဖစ္သည္ကို ေတြ႔ရိွွခဲ့သည္။

အဂၤလိပ္တို့သည္ Singapore ၿမဳိ႕ကို တည္ေဆာက္ရာတြင္ ဗဟိုစာတိုက္ၾကီး (ယခု Fullerton hotel) ကို သုညမိုင္ အျဖစ္ အေျချပဳ သတ္မွတ္ခဲ့သည္။ ထိုေခတ္္က ဆက္သြယ္ေရးလမ္းေၾကာင္းအျဖစ္ စာပို့ျခင္း၊ ေၾကးနန္း၊ တယ္လီဖုန္းမ်ားကိုသာ အသံုးျပဳခဲ့သည္။ ဗဟိုစာတိုက္ၾကီးကို အေျချပဳ၍ ၿမဳိ႕တစ္ၿမဳိ႕ႏွင့္ တစ္ၿမဳိ႕အကြာအေ၀းအလိုက္ တံဆိပ္ေခါင္းအဖိုးအခ၊ ဆက္သြယ္ေရး ၀န္ေဆာင္မႈ အဖိုးအခ ကို သတ္မွတ္ခဲ့သည္။ ထို့ေၾကာင့္ စာတိုက္ဌါနအား zero milestone အျဖစ္ သတ္မွတ္ခဲ့ဟန္တူသည္ဟု စာေရးသူအေနျဖင့္ ယူဆပါသည္။

Singapore ျမို့သည္ Rangoon ၿမဳိ႕တည္ျပီးသည့္ေနာက္မွ ေပၚေပါက္လာျခင္းျဖစ္သည္။ အဂၤလိပ္အစိုးရသည္ Singapore ျမို့တည္ရာတြင္ Rangoon ျမို့ တည္ထားသည့္ စနစ္အခ်ိဳ့ကို ျပန္လည္အသံုးျပုခဲ့သည္။ လြန္ခဲ့ေသာႏွစ္အနည္းငယ္က Singapore အစိုးရသည္ သမိုင္း အေမြအနွစ္ ေထာက္အထားမ်ားျဖစ္သည့္ အကြာအေ၀းျပ မိုင္တိုင္ ေက်ာက္တိုင္မ်ားကို ျပန္လည္တူးေဖၚ ရရိွခဲ့ျပီးျဖစ္သည္။ ကြ်န္ေတာ္တို႔ႏုိင္ငံတြင္ကား မည္သည့္ မိုင္တိုင္ေက်ာက္တိုင္ကိုမ်ွ ျပန္လည္တူးေဖၚ ရရိွေၾကာင္း မၾကားရပါ၊

ကၽြန္ေတာ္တို့ သူငယ္ခ်င္း ၃ေယာက္အေနျဖင့္ ၾကားဖူးခဲ့သည့္ အေၾကာင္းအရာမ်ား၊ ဖတ္ရႈခဲ့ဖူးေသာ သမိုင္းအေထာက္အထားမ်ား၊ ေျမျပင္ေလ့လာမႈအေျခအေန၊ Google map မွ အျပန္ျပန္အလွန္လွန္ တိုင္းတာခ်က္မ်ားကို ျခံဳငံု၍ ေကာက္ခ်က္ခ်ရလွ်င္ ရန္ကုန္ၿမဳိ႕၏ သုည မိုင္တိုင္ ေက်ာက္တိုင္ တည္ေနရာ သည္ ကမ္းနားလမ္း နွင့္ ဗိုလ္ေအာင္ေက်ာ္လမ္းေထာင့္ရိွ ဗဟိုစာတိုက္ၾကီး ျဖစ္ပါေၾကာင္း သံုးသပ္ရပါေတာ့သည္။

Aung Ngwe Latt


ကိုလိုနီခေတ် မြို့ပြအမွေအနှစ် ရန်ကုန်စာတိုက်ကြီး နဲ့ ရန်ကုန်မြို့ရဲ့ ‘၀’ မိုင်တိုင်ဆိုတာ (unicode)

ရန်ကုန်စာပို့လုပ်ငန်းဟာ အင်္ဂလိပ်လက်အောက်ကျရောက်စကပင် စတင်ခဲ့တာဖြစ်ပါတယ်။ ၁၅ရက်၊ ဧပြီလ၊ ၁၈၅၂ခုနှစ်မှာ ဗိုလ်ချုပ်ဂေါ်ဒွင်က မစ္စတာကရစ်(ပ်)ဆိုတဲ့သူကို စာတိုက်ဗိုလ်အဖြစ်ခန့်အပ်ခဲ့ပါတယ်။ အဲဒီနောက် တပ်မြေ(ကန်တုန်မင်)စာတိုက်ကို စတင်ဖွင့်လှစ်ခဲ့တာပါ။ ရန်ကုန်စာတိုက်ကြီးကို ၃ရက်၊ စက်တင်ဘာလ၊ ၁၈၅၂ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ စဖွင့်တုန်းကတော့ ကမ်းနားလမ်းနဲ့ ၃၂လမ်းထောင့်မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

ပထမဦးဆုံးစာတိုက်အဆောက်အဦးက သစ်သားနဲ့ ဆောက်လုပ်ထားတာဖြစ်ပြီး မြန်မာမှုသစ်ထွင်းလက်ရာ ကနုတ်ပန်းတွေနဲ့ တန်ဆာဆင်ထားတာပါ။ ဒါပေမယ့်၁၉၃၀ပြည့်နှစ်ငလျင်ဒဏ်ကို မူလအဆောက်အဦးဟာ ပြင်းထန်စွာခံစားပြီးတဲ့နောက် BullochBros&Co အဆောက်အဦးသုံးထပ်အုတ်တိုက်ကြီးကို ကော်မာရှယ်ဘဏ်က ရူပီး၅သိန်းနဲ့လွှဲပြောင်းရယူကာ ယခုလက်ရှိနေရာမှာ ပြောင်းလဲဖွင့်လှစ်ခဲ့ပါတော့တယ်။

၁၈၈၅ခုနှစ်မှာ ကုန်းဘောင်မင်းဆက်ရဲ့နောက်ဆုံးဘုရင်သီပေါမင်း အိန္ဒိယကိုပါတော်မူပြီးနောက်စာတိုက်အပြင် ကြေးနန်းဌာနကိုပူးတွဲကာ ရန်ကုန်စာတိုက်ကြီးကအဓိကလုပ်ဆောင်ခဲ့ပြီး၃၁ရက်၊ မတ်လ၊ ၁၉၃၇ခုနှစ်အထိ မြန်မာနိုင်ငံစာတိုက်နဲ့ ကြေးနန်းဌာနဟာအိန္ဒိယစာတိုက်နဲ့ကြေးနန်းဌာန လက်အောက်မှာ လုပ်ကိုင်နေခဲ့ရပါတယ်။ ရန်ကုန်စာတိုက်ကြီးကို ဗဟိုပြုပြီးမြန်မာနိုင်ငံအနှံ့ စာပို့ခြင်းနှင့်ကြေးနန်းတို့ အလွန်တွင်ကျယ်ခဲ့ပြီး ပြည်တွင်းပြည်ပစာနဲ့ကြေးနန်းပို့ခြင်းဟာအလွန် စံနှုန်းတိကျမှုရှိကာ အလွန်ပဲနာမည်ကျော်ကြားခဲ့ပါတယ်။

စစ်ပြီးကာလ၈ရက်၊ ဇွန်လ၊ ၁၉၄၅ခုနှစ်က စတင်ကာရန်ကုန်စာတိုက်ကြီးကိုအုပ်ချုပ်သူတွေဟာ မြန်မာလူမျိုးတွေဖြစ်လာပါတယ်။ လွတ်
လပ်ရေးရပြီးချိန်မှ စတင်ပြီး ၁၉၇၆ခုနှစ်ထိရန်ကုန်စာတိုက်ကြီးကို အခြေပြုကာပေးပို့နေခဲ့ရတဲ့စာတိုက်ကြီးငယ်ပေါင်း၆၂၅ခုသာရှိခဲ့ရာကနေ နောက်ပိုင်းမှာတော့ ၁၃၆၉ရုံး ချိတ်ဆက်ဆောင်ရွက်လာနိုင်ခဲ့ပါတယ်။ ရန်ကုန်မြို့ပြအမွေအနှစ်စာတိုက်ကြီးကို ရန်ကုန်မြို့ပြအမွေအနှစ်စာရင်းဝင် ပဥ္စမအကြိမ်မြောက်အပြာရောင်ကမ္ဗည်းပြားတပ်ဆင်ထားတဲ့ နေရာလည်းဖြစ်ပါတယ်။ ကမ္ဘာ့စာပို့တိုက်သမဂ္ဂအဖွဲ့ဝင် ရန်ကုန်စာတိုက်ကြီးနဲ့မြန်မာ့စာပို့လုပ်ငန်း ဟာ ၄ရက်၊ အောက်တိုဘာလ၊ ၁၉၄၉ခုနှစ်မှာ ကမ္ဘာ့စာပို့တိုက် သမဂ္ဂအဖွဲ့ဝင်ဖြစ်ခဲ့ပါတယ်။

ကိုးကား-မြန်မာပြည်တစ်ခွင်လမ်းညွှန်စာအုပ်

ရန်ကုန်မြို့၏ သုည မိုင်တိုင် တည်နေရာကို ခြေရာခံမိခြင်း

ရန်ကုန်မြို့တွင် ၆မိုင်ခွဲ၊ ၇မိုင်ခွဲ၊ ၈မိုင်၊ ၉မိုင်၊ ၁ဝမိုင် ဘတ်စ်ကား မှတ်တိုင် နေရာများ ရှိပါသည်။ ထိုအကွာအဝေးများကို မည်သည့်နေရာက စတင်၍ တိုင်းတာပါသလဲဟု မေးခွန်းထုတ်လျှင် ဖြေဆိုနိုင်သူ အနည်းငယ်သာ ရှိပါလိမ့်မည်။

ဆူးလေစေတီ မှ ဗဟိုပြု၍ တိုင်းတာသည်ဟု ဖြေဆိုနိုင်သူ အနည်းငယ်တော့ ရှိပါလိမ့်မည်။ သို့သော် ကျွန်တော့အနေဖြင့် ဗြိတိသျှ တို့သည် အဘယ့်ကြောင့် ပြည်လမ်းတလျှောက် ၏ အကွာအဝေးပြ မိုင်တိုင်အမှတ်အသားကို စိုက်ထူရာတွင် ဆူးလေစတီ တည်နေရာအား သုည မိုင် အဖြစ် သတ်မှတ်ခဲ့ရကြောင်း အကြောင်းရင်းကို ရှာဖွေ မတွေ့ရှိခဲ့ပါ။

ဆူးလေစေတီ သည် မြို့တော်ခန်းမ အနီးတွင် တည်ရှိသောကြောင့် မြို့တော်ခန်းမ အစား ဆူးလေစေတီ ကို ဗဟိုပြုရသည်ဟု စဉ်းစားလျှင် ယုတ္တိတန်သည်။ ကျွန်တော့၏ သူငယ်ချင်း ကိုဇော်မြင့်ဦး ပြန်လည် ပြောပြသည်မှာ ဗြိတိသျှ တို့ အုပ်ချုပ်စဉ်ကာလက ဘုရင်ခံ ဆားဟူးဖရန့်ကိုယ်တိုင် ရွှေတိဂုံဘုရား တောင်ဖက်မုဒ်ရှိ သခင်ကိုယ်တော်မိုင်း အုတ်ဂူ တည်ရှိရာ နေရာတဝိုက်တွင် ရန်ကုန်မြို့ ၏ ဗဟို အဖြစ် သုညမိုင်တိုင် အမှတ်အသားကျောက်တိုင် စိုက်ထူခဲ့ကြောင်း သူမှတ်ထားသမျှ ရန်ကုန်မြို့ ၏ သမိုင်းကြောင်းကို ရှင်းပြခဲ့သည်။ အလွန်စိတ်ဝင်စားစရာကောင်းသည်။ သူငယ်ချင်း ကိုကျော်ကျော်စိုး လည်း ကျွန်တော့အား ရန်ကုန်မြို့ ၏ သမိုင်းကြောင်းကို ကိုလိုနီလက်ထက် ရန်ကုန်မြို့၏ မြေပုံ နှင့်တကွ ရှင်းပြခဲ့သည်။

အင်္ဂလိပ် လူမျိုးများသည် အင်မတန်တိကျ၍ စနစ်ကျသူများဖြစ်သောကြောင့် သုညမိုင် အမှတ်အသား ကို ရန်ကုန်မြို့အလယ် ၏ မြေပြင်တနေရာတွင် စိုက်ထူခဲ့ပေလိမ့်မည်။ သို့သော် လွတ်လပ်ရေး ရသောအခါ အင်္ဂလိပ် အစိုးရထံမှ စည်ပင်သာယာ မြေပုံများကို လွှဲပြောင်း ယူရာတွင် အချို့ အရေးကြီးသော မြေပုံ အချက်အလက်များ ကျန်ကောင်း ကျန်နေနိုင်ပါသည်။ ထိုပျောက်ဆုံးနေသာ သမိုင်း အချက်အလက် ကွင်းဆက်များကို ကျွန်တော်တို့ သူငယ်ချင်း ၃ယောက် အားလပ်သော အချိန်များတွင် မြေပြင်တလျှောက် လေ့လာ၍ သုတေသန လုပ်ရန် တက္ကသိုလ်ကျောင်းသားဘ၀ က စိတ်ကူးယဉ်ခဲ့ကြသည်။

လွန်ခဲ့သောတပါတ်က ကိုကျော်ကျော်စိုး တယောက် သခင်ကိုယ်တော်မှိုင်းဂူ တဝိုက်တွင် သဲလွန်စ ရလိုရငြား သွားရောက် ရှာဖွေခဲ့သည်။ နှစ်အတာ်ကြာခဲ့သည်ဖြစ်၍ မြေပြင်အနေအထားမှာ လုံး၀ ပြောင်းလဲနေပါပြီ။ မည်သည့် သမိုင်းဝင် ကျောက်တိုင်မျှ မတွေ့ခဲ့ရတော့ပေ။ ရွှေတိဂုံဘုရား ၏ နယ်နမိတ်အစ ဆိုသည့် ကျောက်တိုင် တခုကိုသာ တွေ့ရှိခဲ့သည်။

ထို့နောက် ကိုကျော်ကျော်စိုး သည် သူ၏ကားကို ယင်းနေရာမှစတင်ပြီး ပြည်လမ်းတလျှောက် မောင်းနှင်ခဲ့ရာ ၆မိုင်ခွဲ မှတ်တိုင် နှင့် ၈မိုင် မှတ်တိုင်သို့ရောက်ခိုက် သူ၏ကားတွင် တပ်ဆင်ထားသော အကွားဝေးပြ ဒိုင်ခွက် နှင့် တိုက်ကြည့်သောအခါ ၂မိုင် နီးပါး လိုနေသည်ကို သတိထားမိခဲ့သည်။ ထို့ကြောင့် သုည မိုင်တိုင် နေရာသည် ရွှေတိဂုံဘုရား တောင်ဖက်မုဒ် နေရာ ဖြစ်နိုင်ချေ အလွန်နည်းသွားပြီး ဆူးလေစေတီ နေရာသည်သာ ရန်ကုန်မြို့ ၏ ဗဟို၊ သုည မိုင် တည်နေရာ ဖြစ်နိုင်သည်ဟု ကောက်ချက်ချနိုင်ခဲ့သည်။

သမိုင်း စိတ်ဝင်စားသူများ ၏ ပြောပြချက်အရ သခင်ကိုယ်တိုင်မှိုင်း အုတ်ဂူနေရာ တဝိုက်တွင် အထင်ကရ ကျောက်တိုင် စိတ်ထူခဲ့ခြင်းမှာ ဖြစ်နိုင်ခြေ ရှိပြီး မည်သည့်အကြောင်းအရာအတွက် စိုက်ထူခဲ့ရခြင်း ဖြစ်ကြောင်းကိုသာ အဖြေမထုတ်နိုင်ခြင်း ဖြစ်ဖို့များပါသည်၊

ကိုကျော်ကျော်စိုး ၏ တွေ့ရှိချက်ကို အခြေခံပြီး ကျွန်တော်လည်း Google map တွင် ဆူးလေစေတီကို ဗဟိုပြုပြီး ပြည်လမ်းတလျှောက် အကွာအဝေးကို အပြန်ပြန်အလှန်လှန် တိုင်းတာကြည့်ရာ ၆မိုင်ခွဲ အကွာအဝေးသည် မြေပြင်ပေါ်ရှိ ၆မိုင်ခွဲ ဘတ်စ်ကား မှတ်တိုင်နေရာတွင် မပြဘဲ ၎င်းမှတ်တိုင်ကိုကျော်လွန်၍ အေဒီလမ်းမရောက်ခင် လူငယ်အင်းယားလေးနေရာအထိ ရောက်သည်ကို တွေ့ရှိခဲ့သည်။ ၈မိုင် အကွာအဝေးသည်လည်း မြေပြင် ၈မိုင်ခွဲ ဘတ်စ်ကားမှတ်တိုင်ကို လွန်ပြီး ၉မိုင် နေရာလောက်ထိ ရောက်သည်ကို တွေ့ရှိခဲ့သည်။

၈မိုင်၊ ၇မိုင်ခွဲ၊ ၆မိုင်ခွဲ ဘတ်စ်ကားမှတ်တိုင်နေရာများကို အသီးသီး အခြေပြု၍ ဆန့်ကျင်ဖက်အရပ် ရန်ကုန်မြို့လယ်သို့ ပြည်လမ်းတလျှောက် ပြန်လှန် တိုင်းတာကြည့်ရာ အဆုံးနေရာများသည် ဆူးစေတီကိုလွန်၍ ၀.၇မိုင် ကျော်လွန်သည် ကို တွေ့ရှိရသည်။ ထို ၀.၇မိုင် ကျော်လွန်သောနေရာသည် ဆူးလေလမ်းမအတိုင်းဆိုလျှင် ဝန်ကြီးများ ရုံးအဆောက်အဦး၊ ကမ်းနားလမ်း ဆိုလျှင် ဗဟိုစာတိုက်ကြီး အဆောက်အဦး ရှိသည့်နေရာ ဖြစ်သည်ကို တွေ့ရှိခဲ့သည်။

ဗဟိုစာတိုက်ကြီးမှ နေ၍ ကမ်းနားလမ်းမှတဆင့် ပြည်လမ်းတလျှောက် တိုင်းတာကြည့်ရာ ၆မိုင်ခွဲ အကွာအဝေးသည် မြေပြင်ပေါ်တွင် ၆မိုင်ခွဲ ဘတ်စ်ကားမှတ်တိုင်၊ ၇မိုင်ခွဲ နေရာသည် ၇မိုင်ခွဲ ဘတ်စ်ကားမှတ်တိုင်၊ ၈မိုင်နေရာသည် ၈မိုင် ဘတ်စ်ကားမှတ်တိုင်နေရာ အသီးသီး ဖြစ်သည်ကို တွေ့ရှိခဲ့သည်။

အင်္ဂလိပ်တို့သည် Singapore မြို့ကို တည်ဆောက်ရာတွင် ဗဟိုစာတိုက်ကြီး (ယခု Fullerton hotel) ကို သုညမိုင် အဖြစ် အခြေပြု သတ်မှတ်ခဲ့သည်။ ထိုခေတ်က ဆက်သွယ်ရေးလမ်းကြောင်းအဖြစ် စာပို့ခြင်း၊ ကြေးနန်း၊ တယ်လီဖုန်းများကိုသာ အသုံးပြုခဲ့သည်။ ဗဟိုစာတိုက်ကြီးကို အခြေပြု၍ မြို့တစ်မြို့နှင့် တစ်မြို့အကွာအဝေးအလိုက် တံဆိပ်ခေါင်းအဖိုးအခ၊ ဆက်သွယ်ရေး ဝန်ဆောင်မှု အဖိုးအခ ကို သတ်မှတ်ခဲ့သည်။ ထို့ကြောင့် စာတိုက်ဌါနအား zero milestone အဖြစ် သတ်မှတ်ခဲ့ဟန်တူသည်ဟု စာရေးသူအနေဖြင့် ယူဆပါသည်။

Singapore မြို့သည် Rangoon မြို့တည်ပြီးသည့်နောက်မှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ အင်္ဂလိပ်အစိုးရသည် Singapore မြို့တည်ရာတွင် Rangoon မြို့ တည်ထားသည့် စနစ်အချို့ကို ပြန်လည်အသုံးပြုခဲ့သည်။ လွန်ခဲ့သောနှစ်အနည်းငယ်က Singapore အစိုးရသည် သမိုင်း အမွေအနှစ် ထောက်အထားများဖြစ်သည့် အကွာအဝေးပြ မိုင်တိုင် ကျောက်တိုင်များကို ပြန်လည်တူးဖေါ် ရရှိခဲ့ပြီးဖြစ်သည်။ ကျွန်တော်တို့နိုင်ငံတွင်ကား မည်သည့် မိုင်တိုင်ကျောက်တိုင်ကိုမျှ ပြန်လည်တူးဖေါ် ရရှိကြောင်း မကြားရပါ၊

ကျွန်တော်တို့ သူငယ်ချင်း ၃ယောက်အနေဖြင့် ကြားဖူးခဲ့သည့် အကြောင်းအရာများ၊ ဖတ်ရှုခဲ့ဖူးသော သမိုင်းအထောက်အထားများ၊ မြေပြင်လေ့လာမှုအခြေအနေ၊ Google map မှ အပြန်ပြန်အလှန်လှန် တိုင်းတာချက်များကို ခြုံငုံ၍ ကောက်ချက်ချရလျှင် ရန်ကုန်မြို့၏ သုည မိုင်တိုင် ကျောက်တိုင် တည်နေရာ သည် ကမ်းနားလမ်း နှင့် ဗိုလ်အောင်ကျော်လမ်းထောင့်ရှိ ဗဟိုစာတိုက်ကြီး ဖြစ်ပါကြောင်း သုံးသပ်ရပါတော့သည်။

Aung Ngwe Latt

Leave a Reply