ကမာၻ႔အႀကီးဆုံး ေၾကးမုံျပင္ႀကီး အေၾကာင္း

Posted on

ကမာၻ႔အႀကီးေၾကးမုံ လုိ႔ ဆုိေပမယ့္ တကယ့္ေၾကးမုံအစစ္မဟုတ္ပဲ တင္စားထားျခင္းသာ ျဖစ္ပါတယ္။ ေျမႀကီးကိုၾကည့္ရုံနဲ႔ ေကာင္းကင္ႀကီးတစ္ခုလုံးကိုျမင္ရေလာက္ေအာင္အထိ ႀကီးမားတဲ့ ဆားျပင္ႀကီးျဖစ္ပါတယ္။ ဒီဆားျပင္ႀကီးရဲ႕အမည္ကေတာ့ Salar de Uyuni လုိ႔ေခၚၿပီး ဘုိလီးဘီယားႏုိင္ငံံေတာင္ပုိင္းက Daniel Campos ျပည္နယ္မွာ တည္ရွိပါတယ္။

Salar ကေတာ့ စပိန္လုိ ဆားျပင္လုိ႔ အဓိပၸါယ္ရၿပီး Uyuni ကေတာ့ ဆားျပင္အနီးက ၿမဳိ႕တစ္ၿမဳိ႕ရဲ႕နာမည္ျဖစ္ပါတယ္။ ဒီဆားျပင္ႀကီးဟာ ဘယ္ေလာက္ေတာင္ ႀကီးမားလုိက္သလဲဆုိရင္ အက်ယ္အ၀န္းအားျဖင့္ ၁၀၅၈၂ စတုရန္းကီလုိမီတာ(၄၀၈၆ စတုရန္းမုိင္) ေတာင္က်ယ္၀န္းတဲ့ ကမာၻ႔အႀကီးဆုံးဆားျပင္ႀကီးျဖစ္ပါတယ္။ ဆားျပင္ႀကီးရွိေနတဲ့ေနရာဟာ ပင္လယ္ေရမ်က္ႏွာျပင္ထက္ အျမင့္ေပ ၁၁၉၉၅ေပ မွာျဖစ္ပါတယ္။

ဆားျပင္ႀကီးကို အာကာသမွ ျမင္ရပုံ

သမုိင္းေခတ္ဦး(လြန္ခဲ့ေသာႏွစ္ေပါင္း ၃၀၀၀၀ ကေန ၄၂၀၀၀အတြင္း)တုန္းက ဒီဆားျပင္ႀကီးေနရာမွာ ေရကန္ေတြေျမာက္မ်ားစြာရွိခဲ့ပါတယ္။ အဲဒီေရကန္ေတြေျခာက္ခမ္းသြားတဲ့ေနာက္မွာ ဒီဆားျပင္ႀကီးျဖစ္လာခဲ့တယ္လုိ႔ သိရပါတယ္။ ဆားျပင္ရဲ႕အထူဟာ ပ်မ္းမွ်အားျဖင့္ ၁မီတာေက်ာ္ထူပါတယ္။ ဆားျပင္ႀကီးမွာ ဆားငန္ေရကန္အခ်ဳိ႕ရွိၿပီး လီသီယမ္ျဒပ္စင္ပါ၀င္မႈ အလြန္ျမင့္မားပါတယ္။

ကမာၻေပၚမွာရွိတဲ့ လီသီယမ္ျဒပ္စင္စုစုေပါင္းရဲ႕ ၄၀% ခန္႔ကုိ ဒီဆားျပင္ႀကီးကေန ရရွိႏုိင္ပါတယ္။ လီသီယမ္ျဒပ္စင္ကုိ အလူမီနီယမ္၊ ကတ္ထ္မီယမ္၊ ေၾကးနီ ႏွင့္ မန္းဂနိစ္ တို႔ႏွင့္အတူႀကီးမားေသာ ေလယာဥ္အစိတ္အပိုင္း တည္ေဆာက္ျခင္းလုပ္ငန္းမ်ား နဲ႔ လွ်ပ္စစ္ဘယ္ထရီထုတ္လုပ္တဲ့လုပ္ငန္းမ်ားတြင္ အသုံးျပဳေလ့ရွိပါတယ္။

ဆုိဒီယမ္ ၊ ပိုတက္ဆီယမ္ နဲ႔ မဂၢနီဆီယမ္တုိ႔ကုိလည္း ဒီဆားျပင္ႀကီးကေန အေျမာက္အမ်ားထုတ္ယူႏုိင္ပါတယ္။ ဒီေလာက္ သတၱဳေတြေပါမ်ားေနေပမယ့္ ဒီေနရာမွာ လီသီယမ္ထုတ္လုပ္ေရးလုပ္ငန္းေတြကလြဲလုိ႔ မုိင္းတြင္းတစ္ခုမွ မရွိပါဘူး။ ဘုိလီးဘီးယားအစုိးရက ခြင့္မျပဳလုိ႔ျဖစ္ပါတယ္။ ဒီဆားျပင္ႀကီးမွာရွိတဲ့ ဆားေတြရဲ႕အေလးခ်ိန္ဟာ တန္ေပါင္း ၁၀ဘီလ်ံခန္႔ရွိတယ္လုိ႔ တြက္ခ်က္ထားၾကပါတယ္။

ဒီဆားျပင္ႀကီးမွာ အမ်ားဆုံးေတြ႔ႏုိင္တာကေတာ့ ႀကဳိးၾကာနီေတြပါ။ အမ်ဳိးအစားစုံလင္လွတဲ့ ႀကဳိးၾကာနီ မ်ဳိးစိတ္ေတြကို ဒီတစ္ေနရာတည္းမွာ စုေပါင္းေတြ႔ႏုိင္ပါတယ္။ ေတာင္အေမရိက ႀကဳိးၾကာနီ ၊ ခ်ီလီ ၊ အန္ဒီး နဲ႔ ရွားပါးႀကဳိးၾကာျဖစ္တဲ့ ဂ်ိမ္းစ္ႀကဳိးၾကာနီ(James’s flamingos) ေတြကို ေတြ႔ႏုိင္ပါတယ္။ အျခားငွက္မ်ဳိးစိတ္ေတြကိုလည္းေတြ႔ရမွာျဖစ္ၿပီး အန္ဒီးေျမေခြး နဲ႔ ယုန္နဲ႔တူေသာ viscacha ေကာင္ေလးေတြကိုလည္း ေတြ႔ရမွာျဖစ္ပါတယ္။

ဒီေနရာဟာ ၿမဳိ႕ႀကီးေတြနဲ႔ အေတာ္ေလးလွမ္းတဲ့အတြက္ လာေရာက္လည္ပတ္သူေတြအဆင္ေျပေစဖုိ႔ ဒီေနရာမွာ ဟုိတယ္ေတြကိုဖြင့္ထားပါတယ္။ ရိုးရုိးဟုိတယ္ေတြမဟုတ္ပဲ ဆားဘေလာက္တုံးေတြကုိ အသုံးျပဳတည္ေဆာက္ထားတဲ့ ဆားဟုိတယ္ေတြျဖစ္ပါတယ္။ ဒီေနရာက ပထမဆုံး ဆားဟုိတယ္ကေတာ့ Palacio de Sal လုိ႔ေခၚတဲ့ ဆားဟုိတယ္ျဖစ္ၿပီး ၁၉၉၃-၁၉၉၅ခုႏွစ္မွာ တည္ေဆာက္ခဲ့ၿပီး ဆားျပင္ႀကီးရဲ႕အလယ္ပုိင္းမွာ ရွိပါတယ္။ ဒီေနရာမွာ ထင္ရွားတဲ့ အျခားေနရာတစ္ခုက ရထားသခၤ်ဳိင္းျဖစ္ၿပီး Uyuni ၿမဳိ႕အျပင္ဘက္ ၃ကီလုိမီတာ အကြာမွာတည္ရွိပါတယ္။ ၁၉ရာစုက အသုံးျပဳခဲ့တဲ့ ရထားေပါင္းေျမာက္မ်ားစြာကို ဒီေနရာမွာ စြန္႔ပစ္ထားပါတယ္။

ရထားသခၤ်ဳိင္း

ဆားျပင္ႀကီးရဲ႕မ်က္ႏွာျပင္ဟာ အလြန္ၾကည္လင္လြန္းလုိ႔ အေ၀းကၾကည့္ရင္ ဧရာမ မွန္ခ်ပ္ႀကီးအလားထင္ရပါတယ္။ ျပန္႔ျပဴးၿပီးအလြန္လွပတာေၾကာင့္ ေကာင္းကင္နဲ႔ေျမႀကီးဆုံရာေနရာလုိ႔လည္း တင္စားေလ့ရွိပါတယ္။ ကမာၻေပၚက ဓာတ္ပုံရုိက္၀ါသနာပါသူေတြအႀကဳိက္ဆုံးေနရာတစ္ခုျဖစ္ၿပီး အံၾသဖုိ႔ေကာင္းတဲ့ သဘာ၀ရဲ႕ ကမာၻ႔အံ့ဖြယ္ေနရာတစ္ခုအျဖစ္ သတ္မွတ္ထားျခင္းလည္း ခံထားရပါတယ္။


ကမ္ဘာ့အကြီးဆုံး ကြေးမုံပြင်ကြီး အကြောင်း (unicode)

ကမ္ဘာ့အကြီးကြေးမုံ လို့ ဆိုပေမယ့် တကယ့်ကြေးမုံအစစ်မဟုတ်ပဲ တင်စားထားခြင်းသာ ဖြစ်ပါတယ်။ မြေကြီးကိုကြည့်ရုံနဲ့ ကောင်းကင်ကြီးတစ်ခုလုံးကိုမြင်ရလောက်အောင်အထိ ကြီးမားတဲ့ ဆားပြင်ကြီးဖြစ်ပါတယ်။ ဒီဆားပြင်ကြီးရဲ့အမည်ကတော့ Salar de Uyuni လို့ခေါ်ပြီး ဘိုလီးဘီယားနိုင်ငံတောင်ပိုင်းက Daniel Campos ပြည်နယ်မှာ တည်ရှိပါတယ်။

Salar ကတော့ စပိန်လို ဆားပြင်လို့ အဓိပ္ပါယ်ရပြီး Uyuni ကတော့ ဆားပြင်အနီးက မြို့တစ်မြို့ရဲ့နာမည်ဖြစ်ပါတယ်။ ဒီဆားပြင်ကြီးဟာ ဘယ်လောက်တောင် ကြီးမားလိုက်သလဲဆိုရင် အကျယ်အဝန်းအားဖြင့် ၁၀၅၈၂ စတုရန်းကီလိုမီတာ(၄၀၈၆ စတုရန်းမိုင်) တောင်ကျယ်ဝန်းတဲ့ ကမ္ဘာ့အကြီးဆုံးဆားပြင်ကြီးဖြစ်ပါတယ်။ ဆားပြင်ကြီးရှိနေတဲ့နေရာဟာ ပင်လယ်ရေမျက်နှာပြင်ထက် အမြင့်ပေ ၁၁၉၉၅ပေ မှာဖြစ်ပါတယ်။

သမိုင်းခေတ်ဦး(လွန်ခဲ့သောနှစ်ပေါင်း ၃၀၀၀၀ ကနေ ၄၂၀၀ဝအတွင်း)တုန်းက ဒီဆားပြင်ကြီးနေရာမှာ ရေကန်တွေမြောက်များစွာရှိခဲ့ပါတယ်။ အဲဒီရေကန်တွေခြောက်ခမ်းသွားတဲ့နောက်မှာ ဒီဆားပြင်ကြီးဖြစ်လာခဲ့တယ်လို့ သိရပါတယ်။ ဆားပြင်ရဲ့အထူဟာ ပျမ်းမျှအားဖြင့် ၁မီတာကျော်ထူပါတယ်။ ဆားပြင်ကြီးမှာ ဆားငန်ရေကန်အချို့ရှိပြီး လီသီယမ်ဒြပ်စင်ပါဝင်မှု အလွန်မြင့်မားပါတယ်။

ကမ္ဘာပေါ်မှာရှိတဲ့ လီသီယမ်ဒြပ်စင်စုစုပေါင်းရဲ့ ၄၀% ခန့်ကို ဒီဆားပြင်ကြီးကနေ ရရှိနိုင်ပါတယ်။ လီသီယမ်ဒြပ်စင်ကို အလူမီနီယမ်၊ ကတ်ထ်မီယမ်၊ ကြေးနီ နှင့် မန်းဂနိစ် တို့နှင့်အတူကြီးမားသော လေယဉ်အစိတ်အပိုင်း တည်ဆောက်ခြင်းလုပ်ငန်းများ နဲ့ လျှပ်စစ်ဘယ်ထရီထုတ်လုပ်တဲ့လုပ်ငန်းများတွင် အသုံးပြုလေ့ရှိပါတယ်။

ဆိုဒီယမ် ၊ ပိုတက်ဆီယမ် နဲ့ မဂ္ဂနီဆီယမ်တို့ကိုလည်း ဒီဆားပြင်ကြီးကနေ အမြောက်အများထုတ်ယူနိုင်ပါတယ်။ ဒီလောက် သတ္တုတွေပေါများနေပေမယ့် ဒီနေရာမှာ လီသီယမ်ထုတ်လုပ်ရေးလုပ်ငန်းတွေကလွဲလို့ မိုင်းတွင်းတစ်ခုမှ မရှိပါဘူး။ ဘိုလီးဘီးယားအစိုးရက ခွင့်မပြုလို့ဖြစ်ပါတယ်။ ဒီဆားပြင်ကြီးမှာရှိတဲ့ ဆားတွေရဲ့အလေးချိန်ဟာ တန်ပေါင်း ၁ဝဘီလျံခန့်ရှိတယ်လို့ တွက်ချက်ထားကြပါတယ်။

ဒီဆားပြင်ကြီးမှာ အများဆုံးတွေ့နိုင်တာကတော့ ကြိုးကြာနီတွေပါ။ အမျိုးအစားစုံလင်လှတဲ့ ကြိုးကြာနီ မျိုးစိတ်တွေကို ဒီတစ်နေရာတည်းမှာ စုပေါင်းတွေ့နိုင်ပါတယ်။ တောင်အမေရိက ကြိုးကြာနီ ၊ ချီလီ ၊ အန်ဒီး နဲ့ ရှားပါးကြိုးကြာဖြစ်တဲ့ ဂျိမ်းစ်ကြိုးကြာနီ(James’s flamingos) တွေကို တွေ့နိုင်ပါတယ်။ အခြားငှက်မျိုးစိတ်တွေကိုလည်းတွေ့ရမှာဖြစ်ပြီး အန်ဒီးမြေခွေး နဲ့ ယုန်နဲ့တူသော viscacha ကောင်လေးတွေကိုလည်း တွေ့ရမှာဖြစ်ပါတယ်။

ဒီနေရာဟာ မြို့ကြီးတွေနဲ့ အတော်လေးလှမ်းတဲ့အတွက် လာရောက်လည်ပတ်သူတွေအဆင်ပြေစေဖို့ ဒီနေရာမှာ ဟိုတယ်တွေကိုဖွင့်ထားပါတယ်။ ရိုးရိုးဟိုတယ်တွေမဟုတ်ပဲ ဆားဘလောက်တုံးတွေကို အသုံးပြုတည်ဆောက်ထားတဲ့ ဆားဟိုတယ်တွေဖြစ်ပါတယ်။ ဒီနေရာက ပထမဆုံး ဆားဟိုတယ်ကတော့ Palacio de Sal လို့ခေါ်တဲ့ ဆားဟိုတယ်ဖြစ်ပြီး ၁၉၉၃-၁၉၉၅ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး ဆားပြင်ကြီးရဲ့အလယ်ပိုင်းမှာ ရှိပါတယ်။ ဒီနေရာမှာ ထင်ရှားတဲ့ အခြားနေရာတစ်ခုက ရထားသင်္ချိုင်းဖြစ်ပြီး Uyuni မြို့အပြင်ဘက် ၃ကီလိုမီတာ အကွာမှာတည်ရှိပါတယ်။ ၁၉ရာစုက အသုံးပြုခဲ့တဲ့ ရထားပေါင်းမြောက်များစွာကို ဒီနေရာမှာ စွန့်ပစ်ထားပါတယ်။

ဆားပြင်ကြီးရဲ့မျက်နှာပြင်ဟာ အလွန်ကြည်လင်လွန်းလို့ အဝေးကကြည့်ရင် ဧရာမ မှန်ချပ်ကြီးအလားထင်ရပါတယ်။ ပြန့်ပြူးပြီးအလွန်လှပတာကြောင့် ကောင်းကင်နဲ့မြေကြီးဆုံရာနေရာလို့လည်း တင်စားလေ့ရှိပါတယ်။ ကမ္ဘာပေါ်က ဓာတ်ပုံရိုက်ဝါသနာပါသူတွေအကြိုက်ဆုံးနေရာတစ်ခုဖြစ်ပြီး အံဩဖို့ကောင်းတဲ့ သဘာဝရဲ့ ကမ္ဘာ့အံ့ဖွယ်နေရာတစ်ခုအဖြစ် ထည့်သွင်းခြင်းလည်း ခံထားရပါတယ်။

Leave a Reply