ဒုတိယကမာၻစစ္အတြင္းက ေပ်ာက္ဆံုးသြားတဲ့ ေလယာဥ္တင္သေဘၤာႀကီးကုိ ၇၆ ႏွစ္ ၾကာၿပီးေနာက္ ျပန္ရွာေတြ႔

Posted on

ဒုတိယကမာၻစစ္တုန္းက ၾသစေၾတးလ်ကမ္းရုိးတန္းမွာ ေပ်ာက္ဆုံးနစ္ျမဳပ္သြားခဲ့တဲ့ အေမရိကန္ေလယာဥ္တင္သေဘၤာ USS Lexington ကုိ ၿပီးခဲ့တဲ့ မတ္လ ၄ရက္ေန႔က ေအာင္ျမင္စြာ ရွာေဖြေတြ႔ရွိခဲ့ပါတယ္။

ဒီရွာေဖြမႈကို ဦးေဆာင္သူက မုိက္ခရုိေဆာ့ဖ္တြဲဖက္တည္ေထာင္သူ ေပါအယ္လင္ျဖစ္ၿပီး သူပုိင္ဆုိင္တဲ့ သုေတသနသေဘၤာနဲ႔ ရွာေဖြေတြ႔ရွိခဲ့တာပဲျဖစ္ပါတယ္။ သုေတသနသေဘၤာ R/V Petrel ဟာ ကမာၻမွာ တစ္စီးတည္းရွိတဲ့ ပုဂၢလိကပုိင္ရွာေဖြေရးယာဥ္ျဖစ္ၿပီး ေရအနက္ မီတာ ၆၀၀၀ အထိဆင္းေရာက္ ရွာေဖြႏုိင္တဲ့အစြမ္းရွိပါတယ္။

ေပါအယ္လင္တုိ႔အဖြဲ႔ဟာ USS Lexington သေဘၤာပ်က္ ကို Coral ပင္လယ္ကေန ၈၀၀ကီလုိမီတာကြာေ၀းတဲ့ေနရာက ေရေအာက္ အနက္ ၂မုိင္ခန္႔မွာ လဲေလွ်ာင္းေနတာကို ေတြ႔ခဲ့ရတာပါ။

Lexington ဟာ အေမရိကန္ ေရတပ္ပုိင္ဆုိင္တဲ့ ၅စီးေျမာက္သေဘၤာျဖစ္ခဲ့ပါတယ္။ Lexington နဲ႔သူ႔ညီအစ္မ သေဘၤာျဖစ္တဲ့ Saratoga သေဘၤာေတြဟာ တည္ေဆာက္ဆဲ တုိက္ေရယာဥ္ေတြကိုရပ္တန္႔ၿပီး ေလယာဥ္တင္သေဘၤာအျဖစ္ေျပာင္းလဲ တည္ေဆာက္ခဲ့ၾကတာပဲ ျဖစ္ပါတယ္။

ထူးျခားတာက ေလယာဥ္တင္သေဘၤာတစ္၀က္ ၊ ကရူဇာတုိက္ေရယာဥ္ တစ္၀က္တည္ေဆာက္ထားတာပါ။ ဒီသေဘၤာမွာ အျခားတုိက္ေရယာဥ္ေတြလုိ ၈လက္မ အေျမွာက္ ၈လက္ နဲ႔ ၅လက္မ ေလယာဥ္ပစ္အေျမွာက္တုိ႔ တပ္ဆင္ထားတဲ့အျပင္ ၇လက္မ အထူရွိတဲ့ သံခ်ပ္ကာ သေဘၤာလည္းျဖစ္ပါတယ္။

အရွည္ ၈၈၈ေပ ရွိၿပီး အက်ယ္ ၁၀၇ေပ ရွိတဲ့ သေဘၤာျဖစ္ကာ တစ္နာရီကုိ ၃၈မုိင္ႏႈန္းသြားႏုိင္ပါတယ္။ ေလယာဥ္အစီးအေရ ၇၈ စီးကို သယ္ေဆာင္ႏုိင္တဲ့ သေဘၤာျဖစ္ပါတယ္။

 

သေဘၤာမွာတပ္ဆင္ထားတဲ့ ၈လက္မ အေျမွာက္
တုိက္ခုိက္ခံရၿပီးေနာက္ နစ္ျမဳပ္ခါနီး

တန္ခ်ိန္ ၄၃၀၀၀ ေက်ာ္ ႐ွိတဲ့ ဒီသေဘၤာႀကီးဟာ ၁၉၄၂ ခုႏွစ္ ေမလ ၄ ရက္ကေန ၈ ရက္အထိ ျဖစ္ပြားခဲ့တဲ့ Coralပင္လယ္စစ္ပြဲမွာ ဂ်ပန္တုိက္ေလယာဥ္ေတြရဲ႕ ပစ္ခတ္မႈေၾကာင့္ ပ်က္စီးနစ္ျမဳပ္သြားခဲ့ရကာ သေဘၤာအမႈထမ္းေပါင္း ၂၀၀ ေက်ာ္ေသဆုံးခဲ့ပါတယ္။

အျခားတပ္သားအမ်ားအျပားကို Lexington မနစ္ျမဳပ္ခင္ က်န္ေရယာဥ္မ်ားက ကယ္ဆယ္ႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္ ဒီသေဘၤာႀကီးနစ္ျမဳပ္ခဲ့တာ အခုဆုိရင္ ႏွစ္ေပါင္း ၇၆ႏွစ္ ရွိသြားၿပီ ျဖစ္ပါတယ္။

နစ္ျမဳပ္စဥ္က သေဘၤာေပၚမွာ ေလယာဥ္ ၃၅စင္းပါရွိတဲ့အနက္ ျပန္ေတြ႔တဲ့အခ်ိန္မွာေတာ့ ၁၁စင္းသာ ရွိပါေတာ့တယ္။ ဒီရွာေဖြေတြ႔ရွိမႈကို အေမရိကန္ ပစိဖိတ္စစ္ဌာနခ်ဳပ္ရဲ႕ အႀကီးအကဲ ေရတပ္ဗိုလ္ခ်ဳပ္ႀကီး ဟာရီ ဟားရစ္ က တခုတ္တရ ခ်ီးက်ဴးခဲ့ပါတယ္။
“ကြ်န္ေတာ့္အေဖက ဒီသေဘၤာနစ္ျမဳပ္တုန္းက မေသပဲ က်န္ရစ္ခဲ့တဲ့သူပါ။ သူ႔ရဲ႕သားတစ္ေယာက္အေနနဲ႔ Lady Lex ကို အခုလုိ ရွာေတြ႔ႏုိင္ခဲ့တဲ့အေပၚ ၀မ္းေျမာက္မိပါတယ္။ ေပါအယ္လင္နဲ႔ အဖြဲ႔ကိုလည္း ဂုဏ္ျပဳပါတယ္။”

ဒုတိယကမာၻစစ္အတြင္း ပစိဖိတ္သမုဒၵရာထဲမွာ ဂ်ပန္ ေလယာဥ္တင္သေဘၤာေတြ ခ်ီတက္လာတာကို တားဆီးရာမွာ Coral ပင္လယ္တိုက္ပြဲဟာ အဓိကအက်ဆုံး တုိက္ပြဲတစ္ပြဲျဖစ္ခဲ့တယ္လုိ႔ သိရပါတယ္။


၇၆ နှစ် ကြာပြီးနောက် ဒုတိယကမ္ဘာစစ်အတွင်းက ပျောက်ဆုံးသွားတဲ့ လေယာဉ်တင်သင်္ဘောကြီးကို ပြန်ရှာတွေ့ (unicode)

ဒုတိယကမ္ဘာစစ်တုန်းက ဩစတြေးလျကမ်းရိုးတန်းမှာ ပျောက်ဆုံးနစ်မြုပ်သွားခဲ့တဲ့ အမေရိကန်လေယာဉ်တင်သင်္ဘော USS Lexington ကို ပြီးခဲ့တဲ့ မတ်လ ၄ရက်နေ့က အောင်မြင်စွာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဒီရှာဖွေမှုကို ဦးဆောင်သူက မိုက်ခရိုဆော့ဖ်တွဲဖက်တည်ထောင်သူ ပေါအယ်လင်ဖြစ်ပြီး သူပိုင်ဆိုင်တဲ့ သုတေသနသင်္ဘောနဲ့ ရှာဖွေတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ သုတေသနသင်္ဘော R/V Petrel ဟာ ကမ္ဘာမှာ တစ်စီးတည်းရှိတဲ့ ပုဂ္ဂလိကပိုင်ရှာဖွေရေးယာဉ်ဖြစ်ပြီး ရေအနက် မီတာ ၆၀၀၀ အထိဆင်းရောက် ရှာဖွေနိုင်တဲ့အစွမ်းရှိပါတယ်။

ပေါအယ်လင်တို့အဖွဲ့ဟာ USS Lexington သင်္ဘောပျက် ကို Coral ပင်လယ်ကနေ ၈၀ဝကီလိုမီတာကွာဝေးတဲ့နေရာက ရေအောက် အနက် ၂မိုင်ခန့်မှာ လဲလျှောင်းနေတာကို တွေ့ခဲ့ရတာပါ။

Lexington ဟာ အမေရိကန် ရေတပ်ပိုင်ဆိုင်တဲ့ ၅စီးမြောက်သင်္ဘောဖြစ်ခဲ့ပါတယ်။ Lexington နဲ့သူ့ညီအစ်မ သင်္ဘောဖြစ်တဲ့ Saratoga သင်္ဘောတွေဟာ တည်ဆောက်ဆဲ တိုက်ရေယာဉ်တွေကိုရပ်တန့်ပြီး လေယာဉ်တင်သင်္ဘောအဖြစ်ပြောင်းလဲ တည်ဆောက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

ထူးခြားတာက လေယာဉ်တင်သင်္ဘောတစ်ဝက် ၊ ကရူဇာတိုက်ရေယာဉ် တစ်ဝက်တည်ဆောက်ထားတာပါ။ ဒီသင်္ဘောမှာ အခြားတိုက်ရေယာဉ်တွေလို ၈လက်မ အမြှောက် ၈လက် နဲ့ ၅လက်မ လေယာဉ်ပစ်အမြှောက်တို့ တပ်ဆင်ထားတဲ့အပြင် ၇လက်မ အထူရှိတဲ့ သံချပ်ကာ သင်္ဘောလည်းဖြစ်ပါတယ်။

အရှည် ၈၈၈ပေ ရှိပြီး အကျယ် ၁၀၇ပေ ရှိတဲ့ သင်္ဘောဖြစ်ကာ တစ်နာရီကို ၃၈မိုင်နှုန်းသွားနိုင်ပါတယ်။ လေယာဉ်အစီးအရေ ၇၈ စီးကို သယ်ဆောင်နိုင်တဲ့ သင်္ဘောဖြစ်ပါတယ်။

တန်ချိန် ၄၃၀၀၀ ကျော် ရှိတဲ့ ဒီသင်္ဘောကြီးဟာ ၁၉၄၂ ခုနှစ် မေလ ၄ ရက်ကနေ ၈ ရက်အထိ ဖြစ်ပွားခဲ့တဲ့ Coralပင်လယ်စစ်ပွဲမှာ ဂျပန်တိုက်လေယာဉ်တွေရဲ့ ပစ်ခတ်မှုကြောင့် ပျက်စီးနစ်မြုပ်သွားခဲ့ရကာ သင်္ဘောအမှုထမ်းပေါင်း ၂၀၀ ကျော်သေဆုံးခဲ့ပါတယ်။

အခြားတပ်သားအများအပြားကို Lexington မနစ်မြုပ်ခင် ကျန်ရေယာဉ်များက ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီသင်္ဘောကြီးနစ်မြုပ်ခဲ့တာ အခုဆိုရင် နှစ်ပေါင်း ၇၆နှစ် ရှိသွားပြီ ဖြစ်ပါတယ်။

နစ်မြုပ်စဉ်က သင်္ဘောပေါ်မှာ လေယာဉ် ၃၅စင်းပါရှိတဲ့အနက် ပြန်တွေ့တဲ့အချိန်မှာတော့ ၁၁စင်းသာ ရှိပါတော့တယ်။ ဒီရှာဖွေတွေ့ရှိမှုကို အမေရိကန် ပစိဖိတ်စစ်ဌာနချုပ်ရဲ့ အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး ဟာရီ ဟားရစ် က တခုတ်တရ ချီးကျူးခဲ့ပါတယ်။
“ကျွန်တော့်အဖေက ဒီသင်္ဘောနစ်မြုပ်တုန်းက မသေပဲ ကျန်ရစ်ခဲ့တဲ့သူပါ။ သူ့ရဲ့သားတစ်ယောက်အနေနဲ့ Lady Lex ကို အခုလို ရှာတွေ့နိုင်ခဲ့တဲ့အပေါ် ဝမ်းမြောက်မိပါတယ်။ ပေါအယ်လင်နဲ့ အဖွဲ့ကိုလည်း ဂုဏ်ပြုပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း ပစိဖိတ်သမုဒ္ဒရာထဲမှာ ဂျပန် လေယာဉ်တင်သင်္ဘောတွေ ချီတက်လာတာကို တားဆီးရာမှာ Coral ပင်လယ်တိုက်ပွဲဟာ အဓိကအကျဆုံး တိုက်ပွဲတစ်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Leave a Reply