ကလိုသို (သို႔မဟုတ္) မအိုေဆး အေၾကာင္း

Posted on

ေရးသားသူ – ေဒါက္တာေအးမင္းထူး

ဂရိဒဏၭာရီအရ Moirae ဆိုတာ ကံၾကမၼာကို ေျပာတာပါ။ ကံၾကမၼာကို အဆုံးအျဖတ္ေပးရတဲ့ နတ္သမီး (၃)ပါးရွိတယ္။ သူတို႔ကေတာ့ ဇုနတ္ဘုရား(Zeus) နဲ႔ နတ္ဘုရားမ သီးမစ္(themis)တို႔ရဲ႕ သမီးသံုးေယာက္ျဖစ္တဲ့ Clotho, Lachesis နဲ႔ Atropos တို႔ျဖစ္ပါတယ္။ Lachesis က လူ႔သက္တမ္းကို သတ္မွတ္ေပးရတယ္။ Atroposက ဘယ္အခ်ိန္မွာ ေသမယ္ဆိုတာ ဆံုးျဖတ္ေပးရတယ္။ Clothoက လူ႔သက္တမ္းကို ရွည္ေအာင္ ျပဳလုပ္ေပးရသူ ျဖစ္ပါတယ္။ အသက္ရွည္ဖို႔ ဒီနတ္သမီး သံုးပါးရဲ႕ ဆံုးျဖတ္ခ်က္က အေရးပါတယ္။ လူေတြစတင္ေမြးဖြားခ်ိန္ကေန ေသဆံုးခ်ိန္ထိ ျဖစ္တည္ ပ်က္ဆီးမႈအားလံုးကို သူတို႔ကပဲ ထိန္းခ်ဳပ္ေပးပါတယ္။ ဒီထဲမွာ အေရးပါဆံုးကေတာ့ အသက္ရွည္ေစတဲ့ clotho နတ္သမီး ျဖစ္ပါတယ္။

ဂရိ လူမ်ဳ္းေတြဟာ လူ႔သက္တမ္းကို အပ္ခ်ည္ၾကဳိးမွ်င္နဲ႔ တင္စားေလ့ရွိၾကပါတယ္။ လူတိုင္းမွာ ဇီဝအပ္ခ်ည္ၾကဳိးကိုယ္စီ ရွိၾကတယ္။ ကလိုသို နတ္သမီးက အဆိုပါ သက္ရွိအပ္ခ်ည္ၾကဳိးေတြကို ဗိုင္းငင္ရက္လုပ္ရသူျဖစ္တယ္။ အပ္ခ်ည္ႀကဳိးတခုဟာ ၾကဳိးရွည္ေလေလ လူ႔သက္တမ္း ရွည္ေလေလျဖစ္တယ္။ ဒါ့ေၾကာင့္ clotho ဆိုတဲ့အဓိပၸါယ္က အသက္ရွည္ျခင္းကို ကိုယ္စားျပဳပါတယ္။

ေဆးပညာနယ္ပယ္မွာလည္း ကလိုသို(klotho) ဆိုတာ ရွိပါတယ္။ clotho နတ္သမီးကေန အသံထြက္ ယူထားတာျဖစ္ပါတယ္။ Klotho ဆိုတာ သက္တမ္းရွည္ေအာင္ ျပဳလုပ္ေပးတဲ့ anti-aging protein တခုျဖစ္ပါတယ္။ ပံုမွန္အားျဖင့္ klotho ပ႐ိုတင္းကို ေက်ာက္ကပ္နဲ႔ ဦးေႏွာက္(choroid plexus) ကေန ထုတ္လုပ္ပါတယ္။ လူေတြမွာရွိတဲ့ ကလိုသိုမ်ဳိးဗီဇ( klotho gene) ကိုေတာ့ KL-VS လို႔ ေခၚပါတယ္။ KL-VS mutation (ကလိုသို မ်ဳိးဗီဇ ေျပာင္းလဲမႈ)က အေရးအေၾကာင္းနဲ႔ အရြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္မႈကို ေစာလ်င္စြာ ျဖစ္ေပၚေစတယ္။

၁၉၉၇ ခုႏွစ္မွာ ကလိုသို(klotho gene) ပ်က္ဆီးျခင္းဟာ အိုမင္းရင့္ေရာ္မႈကိုျမန္ဆန္ေစတယ္လို႔ စတင္သိရွိခဲ့တယ္။ အသက္(၄၀)ေက်ာ္တာနဲ႔ ေသြးတြြင္း klotho ပ႐ိုတင္း ပမာဏက သိသိသာသာက်ဆင္းလာပါၿပီ။ ဇရာျဖစ္စဥ္မွာ ဒီအခ်က္က အေရးပါလာပါတယ္။ ႂကြက္ေတြမွာ klotho ဗီဇ ျမႇင့္တင္ၾကည့္တဲ့အခါ ပံုမွန္ထက္ သံုးပံုတစ္ပံုနီးပါး အသက္ပိုရွည္လာတာေတြ႕ရပါတယ္။ဆိုလိုခ်င္တာက သက္တမ္း ႏွစ္ ၆၀ ရွိတဲ့လူတေယာက္ဟာ ႏွစ္(၈၀)ေလာကိထိ ပိုမိုအသက္ရွည္လာတဲ့ သေဘာျဖစ္တယ္။

klotho gene ကိုေတြ႕ရွိခဲ့ၿပီး ေနာက္ပိုင္း ေလ့လာမႈေတြ ဆက္တိုက္လုပ္ခဲ့ၾကတယ္။ အထူးသျဖင့္ လူေတြဘာ့ေၾကာင့္ အုိမင္းရင့္ေရာ္သြားလဲဆိုတဲ့ အေျခခံ အေၾကာင္းရင္းကို သိခ်င္လို႔ပါ။ အိုမင္းရင့္ေရာ္မႈဟာ ဦးေႏွာက္နဲ႔ တိုက္႐ိုက္ သက္ဆိုင္ပါတယ္။ ဒါ့ေၾကာင့္ ကလိုသိုနဲ႔ ဦးေႏွာက္ဆဲလ္ေတြရဲ႕ ဆက္စပ္မႈ၊ ဦးေႏွာက္ပ်က္ဆီးမႈနဲ႔ ဇရာျဖစ္စဥ္ စတာေတြကို လက္လွမ္းမွီသေလာက္ ေလ့လာခဲ့ၾကတာပါ။

ပထမဆံုးေတြ႕ရွိတာက ဦးေႏွာက္မွာ klotho ဓာတ္နည္းျခင္းဟာ မွတ္ဉာဏ္ခ်ိဳ႕ယြင္းမႈနဲ႔ သင္ယူႏိုင္စြမ္းအားနည္းေစတာလည္း ေတြ႕ရျပန္တယ္။ ဦးေႏွာက္ဆဲလ္ ပ်က္ဆီးလာေလေလ အိုမင္းရင့္ေရာ္မႈက ပိုမိုျမန္ဆန္လာေလျဖစ္တယ္။ ေနာက္ေတြ႕ရွိခ်က္တခုက ကလိုသို ပ႐ိုတင္းခ်ဳိ႕တဲ့မႈနဲ႔ နာတာရွည္ေရာဂါျဖစ္ပြားမႈဟာ ေသခ်ာေပါက္ ဆက္စပ္ေနတယ္ဆ္ုတဲ့အခ်က္ပါ။ အသက္ႀကီးလာတာနဲ႔ klotho ပမာဏ က်ဆင္းလာၿပီး ေသြးတိုးျဖစ္ပြားႏိုင္ေခ်ပိုလာပါတယ္။ ဒီအခ်က္နဲ႔ ပက္သတ္လ္ု႔ ဓာတ္ခြဲခန္းမွာ ေလ့လာစမ္းသပ္ၾကည့္တယ္။ ေသြးေပါင္တက္ေနတဲ့သူကို klotho gene ထိုးေဆးေပးၾကည့္တဲ့အခါ ႏွစ္ပတ္အတြင္း ေသြးေပါင္စတင္က်ဆင္းလာတယ္။ ေလ့လာမႈျပဳဳလုပ္ခဲ့တဲ့ ၁၂ ပတ္အတြင္း ေသြးေပါင္ဟာ နဂိုအေနအထားထိ တျဖည္းျဖည္းက်ဆင္းတာကို ေတြ႕ရပါတယ္။

ကလိုသို မ်ဳိးဗီဇေျပာင္းလဲမႈ (klotho gene mutation) က လူေတြမွာျဖစ္တဲ့ အိုမင္းရင့္ေရာ္မႈနဲ႔ ဆင္တူေနပါတယ္။ အထူးသျဖင့္ ကလိုသို ေလွ်ာ့က်လာၿပီးေနာက္ပိုင္း အေရျပားဆဲလ္ေတြ သိသိသာသာ ရံႈ႕တြလာတာကို ေလ့လာေတြ႕ရွိခဲ့ၾကတယ္။ ၂၀၀၂ ခုႏွစ္ ေလ့လာမႈအရ klotho မ်ဳ္းဗီဇမွာပါတဲ့ KL-VS alleleက ဒီအခ်က္ကို ဆံုးျဖတ္ေပးတယ္လို႔ ဆိုပါတယ္။ အယ္ဇိုင္းမားေရာဂါ၊ဆီးခ်ဳိေရာဂါနဲ႔ မ်က္လံုးအားနည္းလာတာေတြဟာ KL-VS allele ေျပာင္းလဲလာ ေၾကာင့္ ျဖစ္ႏိုင္ပါတယ္။

၂၀၀၄ ခုႏွစ္မွာေတာ့ လူ႔ ေသြးရည္ၾကည္ထဲမွာပါတဲ့ klotho protein ကို ဆက္လက္ေလ့လာခဲ့ပါတယ္။ ေမြးကင္းစကေန အသက္(၉၁)ႏွစ္အရြယ္အတြင္း အသက္အရြယ္အမ်ဳိးမ်ဳ္းရွ္တဲ့ လူေပါင္း (၁၁၂) ေယာက္ကို ELISA နည္းပညာနဲ႔ စမ္းသပ္ၾကည့္တဲ့အခါ အသက္ႀကီးရင့္လာတာနဲ႔အတူ ေသြးတြင္း KL protein ပမာဏလည္း တျဖည္းျဖည္း ေလွ်ာ့က်လာတာ ေတြ႕ရပါတယ္။ ဒီေတြ႕ရွိခ်က္ဟာ အရြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္မႈကို တားဆိးႏိုင္တဲ့ ဇီဝကုထံုးအတြက္ အေထာက္အကူျပဳခဲ့ပါတယ္။

၂၀၀၆ ခုႏွစ္မွာ ကလိုသိုဟာ calcium and vitamin D homeostasis ကို ျဖစ္ေစတယ္လို႔ ဆိုပါတယ္။ ဒီအခ်က္ဟာ အ႐ိုးပြေရာဂါကို ကာကြယ္ကုသရာမွာ အေရးပါလာဖြယ္ရွ္တယ္လို႔ ပညာရွင္တခ်ဳိ့က သံုးသပ္ၾကတယ္။၂၀၀၇ ခုႏွစ္မွာေတာ့ ကလိုသိုနဲ႔ insulin ေဟာ္မုန္းဆက္စပ္မႈက္ုထပ္မံ ေဖာ္ျပခဲ့ပါတယ္။ insulin ေဟာ္မုန္းက klotho ထုတ္လုပ္မႈကို ျမႇင့္တက္ေစတယ္လူ့္ဆိုပါတယ္။ ဆီးခ်ဴ္ေရာဂါနဲ႔ ဆက္စပ္ေနတဲ့ insulin ရဲ႕ အခန္းကဏၳကလည္း အေရးပါလာပါတယ္။ ဆီးခ်ဳ္သမားေတြမွာ အင္စူလင္ထုတ္လုပ္မႈ နည္းပါတယ္။ အလားတူ ကလိုသိုထုတ္လုပ္မႈလည္း ေလွ်ာ့က်သြားလို႔ အသက္တိုတာ ျဖစ္ႏိုင္ပါတယ္။

ေနာက္ဆံုးေတြ႕ရွိခ်က္က ကလိုသိုနဲ႔ ဗီတာမင္ ဒီ ဆက္စပ္မႈပါ။ ေနေရာင္နဲ႔ ထိေတြ႕မႈမ်ားျခင္းဟာ အရြယ္မတိုင္ခင္အိုမင္းရင့္ေရာ္မႈကို ျဖစ္ေစပါတယ္။ ဘာ့ေၾကာင့္လဲဆိုေတာ့ ေနေရာင္ကေန ဗီတာမင္ဒီဖြဲ႕စည္းမႈကို ျဖစိေပၚေစပါတယ္။ ဗီတာမင္ဒီ မ်ားျခင္းဟာ tissue apoptosis(တစ္ရႈးပ်က္ဆီးမႈ)ကို ျဖစ္ေပၚေစႏိုင္တယ္။ တစ္ရႈးပ်က္ဆီးမႈေၾကာင့္ အေရျပား႐ုန္းဆန္႔ႏိုင္စြမ္း က်ဆင္းလာၿပီး အေရျပား တြန္႔ေခါက္လာတယ္။ ေလွ်ာ့တြဲလာတယ္။ ကလိုသိုက ဗီတာမင္ ဒီ အလြန္အကၽြံဖြဲ႕စည္းမႈကို ထိန္းခ်ဳပ္ေပးပါတယ္။

ကလိုသိုနဲ႔ ဇရာ

klotho ကုိ ဘာ့ေၾကာင့္ မအ္ုေဆးအေနနဲ႔ ရည္ၫႊန္းေနၾကသလဲ။ ဓာတ္တ္ုးပ်က္ဆီးႏိုင္တဲ့ ဆဲလ္တြင္း အဆိပ္အေတာက္ေတြကို အျမန္ဆံုး ဖယ္ရွားေပးႏိုင္လို႔ ျဖစ္ပါတယ္။ klotho ဓာတ္ျမင့္တက္ျခင္းဟာ Oxidative stress ေတြကို ေကာင္းေကာင္း ခံႏိုင္စြမ္းရွိပါတယ္။ အထူးသျဖင့္ နာတာရွည္ေရာဂါ၊ အိုမင္းရင့္ေရာ္မႈနဲ႔ ဦးေႏွာက္မွတ္ဉာဏ္ခ်ဳိ႕တဲ့မႈအတြက္ ကလိုသိုက အေရးပါလာတယ္။ ဒါတင္မက ဂရိဒဏၭာရီထဲကလို လူ႔သက္တမ္းကိုလည္း ျပဳျပင္ေျပာင္းလဲႏိုင္ဖြယ္ရွိပါတယ္။ လက္ရွိအခ်ိန္မွာ ကလိုသိုရဲ႕ျဖစ္တည္မႈ၊ ဇီဝကမၼေျပာင္းလဲမႈနဲ႔ ဇရာသေဘာကို တိတိက်က် နားမလည္ႏိုင္ေသးေပမယ့္ klotho gene ဟာ ဇီဝကုထံုးနယ္ပယ္မွာ အသံုးဝင္တဲ့အေျဖတခု ျဖစ္လာႏိုင္ဖြယ္ရွိပါတယ္။

ေဒါက္တာ ေအးမင္းထူး


ကလိုသို (သို့မဟုတ်) မအိုဆေး အကြောင်း (unicode)

ဂရိဒဏ္ဌာရီအရ Moirae ဆိုတာ ကံကြမ္မာကို ပြောတာပါ။ ကံကြမ္မာကို အဆုံးအဖြတ်ပေးရတဲ့ နတ်သမီး (၃)ပါးရှိတယ်။ သူတို့ကတော့ ဇုနတ်ဘုရား(Zeus) နဲ့ နတ်ဘုရားမ သီးမစ်(themis)တို့ရဲ့ သမီးသုံးယောက်ဖြစ်တဲ့ Clotho, Lachesis နဲ့ Atropos တို့ဖြစ်ပါတယ်။ Lachesis က လူ့သက်တမ်းကို သတ်မှတ်ပေးရတယ်။ Atroposက ဘယ်အချိန်မှာ သေမယ်ဆိုတာ ဆုံးဖြတ်ပေးရတယ်။ Clothoက လူ့သက်တမ်းကို ရှည်အောင် ပြုလုပ်ပေးရသူ ဖြစ်ပါတယ်။ အသက်ရှည်ဖို့ ဒီနတ်သမီး သုံးပါးရဲ့ ဆုံးဖြတ်ချက်က အရေးပါတယ်။ လူတွေစတင်မွေးဖွားချိန်ကနေ သေဆုံးချိန်ထိ ဖြစ်တည် ပျက်ဆီးမှုအားလုံးကို သူတို့ကပဲ ထိန်းချုပ်ပေးပါတယ်။ ဒီထဲမှာ အရေးပါဆုံးကတော့ အသက်ရှည်စေတဲ့ clotho နတ်သမီး ဖြစ်ပါတယ်။

ဂရိ လူမ်ျုးတွေဟာ လူ့သက်တမ်းကို အပ်ချည်ကြိုးမျှင်နဲ့ တင်စားလေ့ရှိကြပါတယ်။ လူတိုင်းမှာ ဇီဝအပ်ချည်ကြိုးကိုယ်စီ ရှိကြတယ်။ ကလိုသို နတ်သမီးက အဆိုပါ သက်ရှိအပ်ချည်ကြိုးတွေကို ဗိုင်းငင်ရက်လုပ်ရသူဖြစ်တယ်။ အပ်ချည်ကြိုးတခုဟာ ကြိုးရှည်လေလေ လူ့သက်တမ်း ရှည်လေလေဖြစ်တယ်။ ဒါ့ကြောင့် clotho ဆိုတဲ့အဓိပ္ပါယ်က အသက်ရှည်ခြင်းကို ကိုယ်စားပြုပါတယ်။

ဆေးပညာနယ်ပယ်မှာလည်း ကလိုသို(klotho) ဆိုတာ ရှိပါတယ်။ clotho နတ်သမီးကနေ အသံထွက် ယူထားတာဖြစ်ပါတယ်။ Klotho ဆိုတာ သက်တမ်းရှည်အောင် ပြုလုပ်ပေးတဲ့ anti-aging protein တခုဖြစ်ပါတယ်။ ပုံမှန်အားဖြင့် klotho ပရိုတင်းကို ကျောက်ကပ်နဲ့ ဦးနှောက်(choroid plexus) ကနေ ထုတ်လုပ်ပါတယ်။ လူတွေမှာရှိတဲ့ ကလိုသိုမျိုးဗီဇ( klotho gene) ကိုတော့ KL-VS လို့ ခေါ်ပါတယ်။ KL-VS mutation (ကလိုသို မျိုးဗီဇ ပြောင်းလဲမှု)က အရေးအကြောင်းနဲ့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို စောလျင်စွာ ဖြစ်ပေါ်စေတယ်။

၁၉၉၇ ခုနှစ်မှာ ကလိုသို(klotho gene) ပျက်ဆီးခြင်းဟာ အိုမင်းရင့်ရော်မှုကိုမြန်ဆန်စေတယ်လို့ စတင်သိရှိခဲ့တယ်။ အသက်(၄၀)ကျော်တာနဲ့ သွေးတွင်း klotho ပရိုတင်း ပမာဏက သိသိသာသာကျဆင်းလာပါပြီ။ ဇရာဖြစ်စဉ်မှာ ဒီအချက်က အရေးပါလာပါတယ်။ ကြွက်တွေမှာ klotho ဗီဇ မြှင့်တင်ကြည့်တဲ့အခါ ပုံမှန်ထက် သုံးပုံတစ်ပုံနီးပါး အသက်ပိုရှည်လာတာတွေ့ရပါတယ်။ဆိုလိုချင်တာက သက်တမ်း နှစ် ၆၀ ရှိတဲ့လူတယောက်ဟာ နှစ်(၈၀)လောကိထိ ပိုမိုအသက်ရှည်လာတဲ့ သဘောဖြစ်တယ်။

klotho gene ကိုတွေ့ရှိခဲ့ပြီး နောက်ပိုင်း လေ့လာမှုတွေ ဆက်တိုက်လုပ်ခဲ့ကြတယ်။ အထူးသဖြင့် လူတွေဘာ့ကြောင့် အိုမင်းရင့်ရော်သွားလဲဆိုတဲ့ အခြေခံ အကြောင်းရင်းကို သိချင်လို့ပါ။ အိုမင်းရင့်ရော်မှုဟာ ဦးနှောက်နဲ့ တိုက်ရိုက် သက်ဆိုင်ပါတယ်။ ဒါ့ကြောင့် ကလိုသိုနဲ့ ဦးနှောက်ဆဲလ်တွေရဲ့ ဆက်စပ်မှု၊ ဦးနှောက်ပျက်ဆီးမှုနဲ့ ဇရာဖြစ်စဉ် စတာတွေကို လက်လှမ်းမှီသလောက် လေ့လာခဲ့ကြတာပါ။

ပထမဆုံးတွေ့ရှိတာက ဦးနှောက်မှာ klotho ဓာတ်နည်းခြင်းဟာ မှတ်ဉာဏ်ချို့ယွင်းမှုနဲ့ သင်ယူနိုင်စွမ်းအားနည်းစေတာလည်း တွေ့ရပြန်တယ်။ ဦးနှောက်ဆဲလ် ပျက်ဆီးလာလေလေ အိုမင်းရင့်ရော်မှုက ပိုမိုမြန်ဆန်လာလေဖြစ်တယ်။ နောက်တွေ့ရှိချက်တခုက ကလိုသို ပရိုတင်းချို့တဲ့မှုနဲ့ နာတာရှည်ရောဂါဖြစ်ပွားမှုဟာ သေချာပေါက် ဆက်စပ်နေတယ်ဆ်ုတဲ့အချက်ပါ။ အသက်ကြီးလာတာနဲ့ klotho ပမာဏ ကျဆင်းလာပြီး သွေးတိုးဖြစ်ပွားနိုင်ချေပိုလာပါတယ်။ ဒီအချက်နဲ့ ပက်သတ်လ်ု့ ဓာတ်ခွဲခန်းမှာ လေ့လာစမ်းသပ်ကြည့်တယ်။ သွေးပေါင်တက်နေတဲ့သူကို klotho gene ထိုးဆေးပေးကြည့်တဲ့အခါ နှစ်ပတ်အတွင်း သွေးပေါင်စတင်ကျဆင်းလာတယ်။ လေ့လာမှုပြုလုပ်ခဲ့တဲ့ ၁၂ ပတ်အတွင်း သွေးပေါင်ဟာ နဂိုအနေအထားထိ တဖြည်းဖြည်းကျဆင်းတာကို တွေ့ရပါတယ်။

ကလိုသို မျိုးဗီဇပြောင်းလဲမှု (klotho gene mutation) က လူတွေမှာဖြစ်တဲ့ အိုမင်းရင့်ရော်မှုနဲ့ ဆင်တူနေပါတယ်။ အထူးသဖြင့် ကလိုသို လျှော့ကျလာပြီးနောက်ပိုင်း အရေပြားဆဲလ်တွေ သိသိသာသာ ရှုံ့တွလာတာကို လေ့လာတွေ့ရှိခဲ့ကြတယ်။ ၂၀၀၂ ခုနှစ် လေ့လာမှုအရ klotho မ်ျုးဗီဇမှာပါတဲ့ KL-VS alleleက ဒီအချက်ကို ဆုံးဖြတ်ပေးတယ်လို့ ဆိုပါတယ်။ အယ်ဇိုင်းမားရောဂါ၊ဆီးချိုရောဂါနဲ့ မျက်လုံးအားနည်းလာတာတွေဟာ KL-VS allele ပြောင်းလဲလာ ကြောင့် ဖြစ်နိုင်ပါတယ်။

၂၀၀၄ ခုနှစ်မှာတော့ လူ့ သွေးရည်ကြည်ထဲမှာပါတဲ့ klotho protein ကို ဆက်လက်လေ့လာခဲ့ပါတယ်။ မွေးကင်းစကနေ အသက်(၉၁)နှစ်အရွယ်အတွင်း အသက်အရွယ်အမျိုးမ်ျုးရှ်တဲ့ လူပေါင်း (၁၁၂) ယောက်ကို ELISA နည်းပညာနဲ့ စမ်းသပ်ကြည့်တဲ့အခါ အသက်ကြီးရင့်လာတာနဲ့အတူ သွေးတွင်း KL protein ပမာဏလည်း တဖြည်းဖြည်း လျှော့ကျလာတာ တွေ့ရပါတယ်။ ဒီတွေ့ရှိချက်ဟာ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို တားဆိးနိုင်တဲ့ ဇီဝကုထုံးအတွက် အထောက်အကူပြုခဲ့ပါတယ်။

၂၀၀၆ ခုနှစ်မှာ ကလိုသိုဟာ calcium and vitamin D homeostasis ကို ဖြစ်စေတယ်လို့ ဆိုပါတယ်။ ဒီအချက်ဟာ အရိုးပွရောဂါကို ကာကွယ်ကုသရာမှာ အရေးပါလာဖွယ်ရှ်တယ်လို့ ပညာရှင်တချို့က သုံးသပ်ကြတယ်။၂၀၀၇ ခုနှစ်မှာတော့ ကလိုသိုနဲ့ insulin ဟော်မုန်းဆက်စပ်မှုက်ုထပ်မံ ဖော်ပြခဲ့ပါတယ်။ insulin ဟော်မုန်းက klotho ထုတ်လုပ်မှုကို မြှင့်တက်စေတယ်လ်ူ့ဆိုပါတယ်။ ဆီးခ်ျူရောဂါနဲ့ ဆက်စပ်နေတဲ့ insulin ရဲ့ အခန်းကဏ္ထကလည်း အရေးပါလာပါတယ်။ ဆီးခ်ျုသမားတွေမှာ အင်စူလင်ထုတ်လုပ်မှု နည်းပါတယ်။ အလားတူ ကလိုသိုထုတ်လုပ်မှုလည်း လျှော့ကျသွားလို့ အသက်တိုတာ ဖြစ်နိုင်ပါတယ်။

နောက်ဆုံးတွေ့ရှိချက်က ကလိုသိုနဲ့ ဗီတာမင် ဒီ ဆက်စပ်မှုပါ။ နေရောင်နဲ့ ထိတွေ့မှုများခြင်းဟာ အရွယ်မတိုင်ခင်အိုမင်းရင့်ရော်မှုကို ဖြစ်စေပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ နေရောင်ကနေ ဗီတာမင်ဒီဖွဲ့စည်းမှုကို ဖြစိပေါ်စေပါတယ်။ ဗီတာမင်ဒီ များခြင်းဟာ tissue apoptosis(တစ်ရှုးပျက်ဆီးမှု)ကို ဖြစ်ပေါ်စေနိုင်တယ်။ တစ်ရှုးပျက်ဆီးမှုကြောင့် အရေပြားရုန်းဆန့်နိုင်စွမ်း ကျဆင်းလာပြီး အရေပြား တွန့်ခေါက်လာတယ်။ လျှော့တွဲလာတယ်။ ကလိုသိုက ဗီတာမင် ဒီ အလွန်အကျွံဖွဲ့စည်းမှုကို ထိန်းချုပ်ပေးပါတယ်။

ကလိုသိုနဲ့ ဇရာ

klotho ကို ဘာ့ကြောင့် မအ်ုဆေးအနေနဲ့ ရည်ညွှန်းနေကြသလဲ။ ဓာတ်တ်ုးပျက်ဆီးနိုင်တဲ့ ဆဲလ်တွင်း အဆိပ်အတောက်တွေကို အမြန်ဆုံး ဖယ်ရှားပေးနိုင်လို့ ဖြစ်ပါတယ်။ klotho ဓာတ်မြင့်တက်ခြင်းဟာ Oxidative stress တွေကို ကောင်းကောင်း ခံနိုင်စွမ်းရှိပါတယ်။ အထူးသဖြင့် နာတာရှည်ရောဂါ၊ အိုမင်းရင့်ရော်မှုနဲ့ ဦးနှောက်မှတ်ဉာဏ်ချို့တဲ့မှုအတွက် ကလိုသိုက အရေးပါလာတယ်။ ဒါတင်မက ဂရိဒဏ္ဌာရီထဲကလို လူ့သက်တမ်းကိုလည်း ပြုပြင်ပြောင်းလဲနိုင်ဖွယ်ရှိပါတယ်။ လက်ရှိအချိန်မှာ ကလိုသိုရဲ့ဖြစ်တည်မှု၊ ဇီဝကမ္မပြောင်းလဲမှုနဲ့ ဇရာသဘောကို တိတိကျကျ နားမလည်နိုင်သေးပေမယ့် klotho gene ဟာ ဇီဝကုထုံးနယ်ပယ်မှာ အသုံးဝင်တဲ့အဖြေတခု ဖြစ်လာနိုင်ဖွယ်ရှိပါတယ်။

ဒေါက်တာ အေးမင်းထူး

Leave a Reply