ကမာၻတစ္လႊားက ဆန္းဆန္းျပားျပားၾကက္မ်ား

Posted on

ၾကက္ ဆုိတာက ေနတုိင္းျမင္ေတြ႔ေနရတဲ့အတြက္ ဘာမွမထူးျခားေပမယ့္ သုတဇုန္မိတ္ေဆြမ်ားအတြက္ ဗဟုသုတ အေနနဲ႔ မွ်ေ၀လုိက္ပါတယ္။ ၾကက္ သည္ ငွက္ႏွင့္ အလားသဏၭာန္ တူေသာ တိရစၧာန္ ျဖစ္ၿပီး ေတာၾကက္၊ အိမ္ၾကက္၊ ေရၾကက္ဟူ၍ အမ်ိဳးမ်ိဳး အစားစား ရွိၾကပါတယ္။ ၾကက္ေတြဟာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၈၀၀၀ခန္႔ကတည္းက ရွိခဲ့ၿပီး အစပထမမွာေတာ့ ေတာထဲမွာပဲျမင္ေတြ႔ႏုိင္တဲ့ ေတာၾကက္ေတြသာျဖစ္တယ္လုိ႔ သိရပါတယ္။ အိမ္ေမြးတိရစာၦန္အျဖစ္ ပထမဆုံးေမြးျမဴခဲ့ၾကတာေတာ့ တရုတ္ႏုိင္ငံေျမာက္ပုိင္းေဒသမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ red jungle fowl လုိ႔သိၾကတဲ့ ေတာၾကက္ေတြဟာ ယေန႔ေခတ္ၾကက္မ်ဳိးႏြယ္ေတြရဲ႕ ဘုိးေဘးဘီဘင္ လုိ႔ ဆုိႏုိင္ပါတယ္။ အဲဒီကေန တဆင့္ ယေန႔ဆုိရင္ ကမာၻအႏွံ႔အျပားမွာ ၾကက္ေတြကုိျမင္ေတြ႔ႏုိင္ၿပီျဖစ္ပါတယ္။

ခန္႔မွန္းခ်က္အရ ယေန႔ကမာၻမွာ ၾကက္အမ်ဳိးအစားေပါင္း ၁၀၀ေက်ာ္ရွိေနၿပီး အေကာင္ေရေပါင္း ၂၅ဘီလ်ံ ရွိေနကာ အဲဒီအထဲက သန္း ၄၅၀ခန္႔ကုိသာ ၾကက္ဥထုတ္လုပ္ဖုိ႔ေမြးျမဴၾကပါတယ္။ က်န္တဲ့ ၂၄ဘီလ်ံေက်ာ္ကေတာ့ အသားအတြက္ျဖစ္ပါတယ္။ ကမာၻ႔ေနရာတုိင္းနီပါးမွာ ၾကက္ေတြကိုစားေသာက္ဖုိ႔ေမြးျမဴၾကေပမယ့္ အနည္းငယ္ေသာေနရာမွာေတာ့ ၾကက္ေတြကုိ အိမ္ေမြးအခ်စ္ေတာ္အျဖစ္ ေမြးျမဴေလ့ရွိပါတယ္။

ၾကက္ေတြဟာ ပ်မ္းမွ်အရြယ္အစားအားျဖင့္ ၂၇လက္မအလ်ားရွိၿပီး အေလးခ်ိန္က ၅.၅ေပါင္ခန္႔ ရွိတတ္ပါတယ္။ အထီးေတြဟာ အမေတြထက္ အေကာင္ပိုႀကီးပါတယ္။ အေရာင္ကေတာ့ မ်ဳိးစုံေတြ႔ႏုိင္ၿပီး အထီးေတြရဲ႕အေရာင္ဟာ အမေတြရဲ႕ အေရာင္ထက္ ပိုမုိေတာက္ပေလ့ရွိပါတယ္။ ၾကက္ေတြဟာ အျမင္အာရုံအလြန္ေကာင္းမြန္ၿပီး အေရာင္တုိင္းကိုခြဲျခားျမင္ႏုိင္ပါတယ္။

ၾကက္ေတြဟာ စကၠန္႔အနည္းငယ္ နဲ႔ အကြာအေ၀းကုိ ပ်ံႏုိင္စြမ္းရွိပါတယ္။ အၾကာဆုံးပ်ံသန္းႏိုင္ခဲ့ၾကက္ကေတာ့ ၂၀၁၄ခုႏွစ္က စံခ်ိန္တင္ခဲ့တာျဖစ္ၿပီး ၾကာခ်ိန္ ၁၃ စကၠန္႔ျဖစ္ကာ အကြာအေ၀းကေတာ့ ၃၀၁.၅ေပ ကိုေရာက္ရွိခဲ့တာျဖစ္ပါတယ္။ ၾကက္ေတြအိပ္ေနတဲ့အခါ မ်က္လုံးလွ်င္ျမန္စြာလႈပ္ရွားတာကိုၾကည့္ၿပီး လူေတြလုိပဲ အိပ္မက္မက္ေလ့ရွိတယ္လုိ႔ ခန္႔မွန္းထားၾကပါတယ္။

သူတုိ႔ရဲ႕ အဓိက အစားအစာကေတာ့ အေစ့အဆန္ နဲ႔ အင္းဆက္ပုိးမႊားေတြျဖစ္ပါတယ္။ ၾကက္ေတြဟာ ေကာင္းမြန္တဲ့ မွတ္ဥာဏ္ကိုပုိင္ဆုိင္ထားၿပီး မတူညီတဲ့လူေတြကုိ မွတ္မိခြဲျခားႏုိင္စြမ္းရွိပါတယ္။ ၾကက္မေတြဟာ တစ္ႏွစ္ကုိ ဥေပါင္း ၃၀၀ခန္႔ဥႏုိင္ပါတယ္။ ဥေတြဟာ ၾကက္အမ်ဳိးအစားအလုိက္ အျဖဴ ၊ အညဳိ ၊ ပန္းေရာင္ ၊ စိမ္းလဲ့လဲ့ ၊ ျပာလဲ့လဲ့ အေရာင္ေတြ ရွိတတ္ပါတယ္။ ၾကက္မေတြဟာ ဥေတြကို တစ္ေန႔အႀကိမ္ ၅၀ခန္႔၀ပ္ၿပီး ပ်မ္းမွ်အားျဖင့္ စ၀ပ္ၿပီး ၂၁ရက္ၾကာတဲ့အခါ ဥေတြကေန အေကာင္ေပါက္ပါတယ္။

ၾကက္မေတြဟာ သူမရဲ႕သားသမီးေတြကို ေစာင့္ေရွာက္ၿပီး အစာရွာေဖြစားေသာက္ပုံကို သင္ေပးတတ္ၾကပါတယ္။ ၾကက္ေတြရဲ႕သက္တမ္းကေတာ့ ၅ႏွစ္ကေန ၁၀ႏွစ္ ျဖစ္ပါတယ္။ ဒါကေတာ့ ၾကက္ေတြနဲ႔ ပတ္သတ္နဲ႔ ဗဟုသုတ အခ်ဳိ႕ျဖစ္ပါတယ္။

ေအာက္ကပုံေတြကေတာ့ ဓာတ္ပုံဆရာ Tranchellini ရုိက္ကူးထားတဲ့ ကမာၻတစ္လႊားက လွပဆန္းျပားတဲ့ ၾကက္ေတြရဲ႕ပုံေတြျဖစ္ပါတယ္။ သူဟာ ၂၀၁၃မွာ လယ္ကြင္းတစ္ခုမွာ လွပတဲ့ ၾကက္တစ္ေကာင္ေတြ႔ခဲ့ရကစလုိ႔ ၾကက္ေတြကိုသေဘာက်သြားၿပီး အျခားႏွစ္ေယာက္ျဖစ္တဲ့ Monti, Matteo တုိ႔နဲ႔အတူ လွပဆန္းျပားတဲ့ၾကက္ေတြကို ရွာေဖြရုိက္ကူးခဲ့ၾကတာျဖစ္ပါတယ္။ သူတုိ႔ရဲ႕ဒီ ၾကက္ဓာတ္ပုံစီးရီးကုိ အီတလီမွာက်င္းပတဲ့ Milano aviary exhibition မွာ ျပသခဲ့ပါတယ္။ ကဲ ကမာၻတစ္လႊားက ဆန္းဆန္းျပားျပားၾကက္ေတြကို ၾကည့္လုိက္ၾကပါဦး 🙂


ကမ္ဘာတစ်လွှားက ဆန်းဆန်းပြားပြားကြက်များ (unicode)

ကြက် ဆိုတာက နေတိုင်းမြင်တွေ့နေရတဲ့အတွက် ဘာမှမထူးခြားပေမယ့် သုတဇုန်မိတ်ဆွေများအတွက် ဗဟုသုတ အနေနဲ့ မျှဝေလိုက်ပါတယ်။ ကြက် သည် ငှက်နှင့် အလားသဏ္ဌာန် တူသော တိရစ္ဆာန် ဖြစ်ပြီး တောကြက်၊ အိမ်ကြက်၊ ရေကြက်ဟူ၍ အမျိုးမျိုး အစားစား ရှိကြပါတယ်။ ကြက်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀၀ဝခန့်ကတည်းက ရှိခဲ့ပြီး အစပထမမှာတော့ တောထဲမှာပဲမြင်တွေ့နိုင်တဲ့ တောကြက်တွေသာဖြစ်တယ်လို့ သိရပါတယ်။ အိမ်မွေးတိရစ္ဆာန်အဖြစ် ပထမဆုံးမွေးမြူခဲ့ကြတာတော့ တရုတ်နိုင်ငံမြောက်ပိုင်းဒေသမှာ ဖြစ်ပါတယ်။ ဒါကြောင့် red jungle fowl လို့သိကြတဲ့ တောကြက်တွေဟာ ယနေ့ခေတ်ကြက်မျိုးနွယ်တွေရဲ့ ဘိုးဘေးဘီဘင် လို့ ဆိုနိုင်ပါတယ်။ အဲဒီကနေ တဆင့် ယနေ့ဆိုရင် ကမ္ဘာအနှံ့အပြားမှာ ကြက်တွေကိုမြင်တွေ့နိုင်ပြီဖြစ်ပါတယ်။

ခန့်မှန်းချက်အရ ယနေ့ကမ္ဘာမှာ ကြက်အမျိုးအစားပေါင်း ၁၀၀ကျော်ရှိနေပြီး အကောင်ရေပေါင်း ၂၅ဘီလျံ ရှိနေကာ အဲဒီအထဲက သန်း ၄၅ဝခန့်ကိုသာ ကြက်ဥထုတ်လုပ်ဖို့မွေးမြူကြပါတယ်။ ကျန်တဲ့ ၂၄ဘီလျံကျော်ကတော့ အသားအတွက်ဖြစ်ပါတယ်။ ကမ္ဘာ့နေရာတိုင်းနီပါးမှာ ကြက်တွေကိုစားသောက်ဖို့မွေးမြူကြပေမယ့် အနည်းငယ်သောနေရာမှာတော့ ကြက်တွေကို အိမ်မွေးအချစ်တော်အဖြစ် မွေးမြူလေ့ရှိပါတယ်။

ကြက်တွေဟာ ပျမ်းမျှအရွယ်အစားအားဖြင့် ၂၇လက်မအလျားရှိပြီး အလေးချိန်က ၅.၅ပေါင်ခန့် ရှိတတ်ပါတယ်။ အထီးတွေဟာ အမတွေထက် အကောင်ပိုကြီးပါတယ်။ အရောင်ကတော့ မျိုးစုံတွေ့နိုင်ပြီး အထီးတွေရဲ့အရောင်ဟာ အမတွေရဲ့ အရောင်ထက် ပိုမိုတောက်ပလေ့ရှိပါတယ်။ ကြက်တွေဟာ အမြင်အာရုံအလွန်ကောင်းမွန်ပြီး အရောင်တိုင်းကိုခွဲခြားမြင်နိုင်ပါတယ်။

ကြက်တွေဟာ စက္ကန့်အနည်းငယ် နဲ့ အကွာအဝေးကို ပျံနိုင်စွမ်းရှိပါတယ်။ အကြာဆုံးပျံသန်းနိုင်ခဲ့ကြက်ကတော့ ၂၀၁၄ခုနှစ်က စံချိန်တင်ခဲ့တာဖြစ်ပြီး ကြာချိန် ၁၃ စက္ကန့်ဖြစ်ကာ အကွာအဝေးကတော့ ၃၀၁.၅ပေ ကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။ ကြက်တွေအိပ်နေတဲ့အခါ မျက်လုံးလျှင်မြန်စွာလှုပ်ရှားတာကိုကြည့်ပြီး လူတွေလိုပဲ အိပ်မက်မက်လေ့ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။

သူတို့ရဲ့ အဓိက အစားအစာကတော့ အစေ့အဆန် နဲ့ အင်းဆက်ပိုးမွှားတွေဖြစ်ပါတယ်။ ကြက်တွေဟာ ကောင်းမွန်တဲ့ မှတ်ဥာဏ်ကိုပိုင်ဆိုင်ထားပြီး မတူညီတဲ့လူတွေကို မှတ်မိခွဲခြားနိုင်စွမ်းရှိပါတယ်။ ကြက်မတွေဟာ တစ်နှစ်ကို ဥပေါင်း ၃၀ဝခန့်ဥနိုင်ပါတယ်။ ဥတွေဟာ ကြက်အမျိုးအစားအလိုက် အဖြူ ၊ အညို ၊ ပန်းရောင် ၊ စိမ်းလဲ့လဲ့ ၊ ပြာလဲ့လဲ့ အရောင်တွေ ရှိတတ်ပါတယ်။ ကြက်မတွေဟာ ဥတွေကို တစ်နေ့အကြိမ် ၅ဝခန့်ဝပ်ပြီး ပျမ်းမျှအားဖြင့် စဝပ်ပြီး ၂၁ရက်ကြာတဲ့အခါ ဥတွေကနေ အကောင်ပေါက်ပါတယ်။

ကြက်မတွေဟာ သူမရဲ့သားသမီးတွေကို စောင့်ရှောက်ပြီး အစာရှာဖွေစားသောက်ပုံကို သင်ပေးတတ်ကြပါတယ်။ ကြက်တွေရဲ့သက်တမ်းကတော့ ၅နှစ်ကနေ ၁၀နှစ် ဖြစ်ပါတယ်။ ဒါကတော့ ကြက်တွေနဲ့ ပတ်သတ်နဲ့ ဗဟုသုတ အချို့ဖြစ်ပါတယ်။

အောက်ကပုံတွေကတော့ ဓာတ်ပုံဆရာ Tranchellini ရိုက်ကူးထားတဲ့ ကမ္ဘာတစ်လွှားက လှပဆန်းပြားတဲ့ ကြက်တွေရဲ့ပုံတွေဖြစ်ပါတယ်။ သူဟာ ၂၀၁၃မှာ လယ်ကွင်းတစ်ခုမှာ လှပတဲ့ ကြက်တစ်ကောင်တွေ့ခဲ့ရကစလို့ ကြက်တွေကိုသဘောကျသွားပြီး အခြားနှစ်ယောက်ဖြစ်တဲ့ Monti, Matteo တို့နဲ့အတူ လှပဆန်းပြားတဲ့ကြက်တွေကို ရှာဖွေရိုက်ကူးခဲ့ကြတာဖြစ်ပါတယ်။ သူတို့ရဲ့ဒီ ကြက်ဓာတ်ပုံစီးရီးကို အီတလီမှာကျင်းပတဲ့ Milano aviary exhibition မှာ ပြသခဲ့ပါတယ်။ ကဲ ကမ္ဘာတစ်လွှားက ဆန်းဆန်းပြားပြားကြက်တွေကို ကြည့်လိုက်ကြပါဦး 🙂

Leave a Reply