အလွတရားမ်ားစြာကုိ သိမ္းဆည္းထားေသာ ပတၱျမားေျမ မုိးကုတ္ၿမိဳ႔ သုိ႔ ( ၉၉၉ ) ေကြ႕အလုိ

Posted on

Via : သုခုမအလင္းတန္းမ်ား

ဓာတ္ပုံမ်ားအတြက္ မူရင္းတင္ထားသူ အားလုံးကုိေက်းဇူးတင္ပါတယ္။

မႏၲေလးၿမိဳ႕၏ ေျမာက္အရပ္ ( 128 ) မုိင္အကြာပင္လယ္ေရ မ်က္ႏွာျပင္အထက္ အျမင့္ေပ (၃၈၀၀)တြင္ တည္ရွိေသာ မိုးကုတ္ၿမိဳ႕ သည္ စိတ္ဝင္စားဖြယ္ရာမ်ားစြာႏွင့္ ျပည့္ႏွက္ေနေသာ ေတာင္ေပၚၿမိဳ႕ တစ္ၿမိဳ႕ ျဖစ္သည္။ ကဗ်ာဆန္သည္။ ရာသီဥတု ေအးျမကာ သန္႔ရွင္း ေသာ မုိးကုတ္ကုိ လူသိမ်ားရျခင္း၏ အဓိကအေၾကာင္းရင္းတစ္ခုမွာ ကမ႓ာ့အေကာင္းဆုံး ပတၱျမား ထြက္ျခင္းေၾကာင့္ဟုသိရွိၾကပါသည္။ ထုိ႕အျပင္ နန္းစဥ္ရတနာ ပတၱျမားငေမာက္ဟု ဆုိလုိက္ သည္ႏွင့္ လွ်ိဳ႕ဝွက္ခ်က္မ်ားစြာကုိ ခံစားၾကရပါလိမ့္မည္။ ဤ ပတၱျမားငေမာက္သည္ မိုးကုတ္ေဒသ ကပင္ ထြက္ရွိခဲ့သည္။

မိုးကုတ္သမိုင္းအက်ဥ္း

မိုးကုတ္ၿမိဳ႕ျဖစ္ေပၚလာပုံမွာ ျမန္မာသကၠရာဇ္ ( ၅၇၉ ) ခုႏွစ္ ၊ ခရစ္နွစ္ ( 1218 ) ခုႏွစ္ခန္႕က မိုးမိတ္ေစာ္ဘြားႀကီး သိုဟန္ဖ ( ေဆဟန္ဖ ) လက္ထက္တြင္ ရွမ္းမုဆိုးသုံးဦး ေတာလည္ထြက္ရင္း မ်က္ေစ့လည္ လမ္းမွားကာ ေရာက္ရွိလာပါသည္။ မိုးလည္းခ်ဳပ္ သြားၿပီျဖစ္သျဖင့္ ထုိေတာရွိ သဖန္းပင္ႀကီးေအာက္တြင္ စခန္းခ်ခဲ့ သည္။ နံနက္မိုးေသာက္ ေသာ္ အနီးတြင္ ေတာင္ၿပိဳေနၿပီး ေကာင္းကင္ယံမွ က်ီးကန္းႏွင့္ စြန္မ်ား ပ်ံဝဲဟစ္ေအာ္ေနေၾကာင္း ေတြ႕ရပါသည္။ အေၾကာင္းမွာ က်ီးကန္းႏွင့္ စြန္မ်ားသည္ ေျမေပၚတြင္ ခ်င္းခ်င္းနီ ေပၚေနေသာ ပတၱျမားနီမ်ားကို ေတြရွိရသျဖင့္ အသားဟု ထင္ကာ ခ်ီယူရန္ျဖစ္သည္။ မုဆုိးတုိ႕လည္း ထုိပတၱျမားတုိ႕ကုိ ယူေဆာင္ခဲ့ကာ ေစာ္ဘြားႀကီးကို ဆက္သခဲ့သည္။ ေစာ္ဘြားႀကီး လည္း ထိုပတၱျမားေျမကို တူူးေဖာ္ရန္ အုိးစား (30)ႏွင့္အတူ သဖန္းပင္ႀကီးအနီးတြင္ ႐ြာတည္ခဲ့သျဖင့္ သဖန္းပင္ရြာသည္ မုိးကုတ္စတင္ျဖစ္တည္ ေစခဲ့ေသာ ေနရာျဖစ္လာခဲ့သည္။

ဘုရင့္ေနာင္ေခတ္၊ ေညာင္ရမ္း ၊ အမရပူရ ၊ ေခတ္အဆက္ဆက္ ဘုရင္မ်ား အထူးအားကုိးအားထား ျပဳရေသာ ရတနာနယ္ေျမတစ္ခု ျဖစ္သည္။ သီေပါမင္းလက္ထက္တြင္ ျပင္သစ္အင္ဂ်င္နီယာမ်ားက မိုးကုတ္၊ ေဒသရွိ ပတၱျမားတြင္းမ်ားကို ႏွစ္စဥ္ အခြန္ေတာ္ေငြ က်ပ္သုံးသိန္း ေပးသြင္း၍ ပတၱျမားတြင္းမ်ားတူးေဖာ္လုပ္ကိုင္ခြင့္ လွ်ို႔ဝွက္သေဘာ တူညီၾကသည္။ ဤစာခ်ဳပ္ေၾကာင့္ အဂၤလိပ္ျမန္မာဆက္ဆံေရး တျဖည္းျဖည္း တင္းမာလာကာ ေနာက္ဆုံး ျမန္မာတစ္နိုင္ငံလုံးကို သိမ္းယူခဲ့သည္။ အထက္ျမန္မာႏိုင္ငံ က်ဆုံးျခင္းႏွင့္အတူ ျမန္မာ ပတၱျမားတြင္းမ်ားသည္လည္း နယ္ခ်ဲ့အဂၤလိပ္တို႔ လက္ေအာက္ သို႔ က်ေရာက္ခဲ့ရသည္။ သီေပါမင္းမွ ယာယီလိုင္စင္ျဖင့္ ပုံေသငွားရမ္းခ ရယူၿပီး လုပ္ကိုင္ခြင့္ျပဳထားလွ်က္ရွိေသာ ျပင္သစ္ကုမၸဏီ Messrs Bonvellein & Co. လည္း ပါေတာ္မူအၿပီး လိုင္စင္ ပ်က္ျပယ္ ခဲ့သည္။

အျမင့္ေပ ( 1000 မွ 2000) ၾကားရွိေသာ ေတာင္ၾကီးမ်ား ပတ္လည္ ဝုိင္းထားကာ ၿမဳိ႕အလယ္တြင္ အင္းၾကီးတစ္ခု တည္ရွိေနျပန္ေသာ မုိးကုတ္ၿမိဳ႕သည္ ျမန္မာျပည္ အတြင္းရွိ သာမာန္ၿမိဳ႕မ်ားႏွင့္မတူ ဒယ္အုိးအတြင္းတည္ရွိေနသည္ ဟု လူအေတာ္မ်ားမ်ားက မွတ္ခ်က္ျပဳ ၾကသည္။ အထူးသျဖင့္ ထုိဒယ္အုိးႏႈတ္ခမ္းမွ ၿမိဳ႕ပုံစံကုိ မည္သည့္႐ႈေထာင့္မွ ၾကည့္လုိက္ သည္ ျဖစ္ေစ မတူညီေသာ အလွတရားမ်ားကုိ ခံစားရပါလိမ့္မည္။ လမ္းမၾကီး တစ္လမ္းကုိအမွီျပဳကာ လမ္းသြယ္ေပါင္း မ်ားစြာက အစုလုိက္ ၊ အစုလုိက္ လာေရာက္ခ်ိတ္ဆက္ထားေသာ ရပ္ကြက္တို႔ သည္ ထုိလမ္းသြယ္မ်ား အတြင္းသုိ႕ ဝင္သြားၾကည့္ေသာအခါ အိမ္မ်ားကုိ လမ္းပလက္ေဖာင္းမ်ား ႏွင့္ကပ္လ်က္ ေဆာက္လုပ္ ထားသည္။ ဤပုံစံၿမိဳ႕ျပတည္ေဆာက္ပုံ သည္ အေရွ႕ဥေရာပႏုိင္ငံ မ်ား၏ ၿမိဳ႕ျပသေဘာတရားႏွင့္ ဆင္ေနသည္။

ဤမ်ွမကပါ မုိးကုတ္္္ၿမိဳ႕ ရွိ အိမ္မ်ားသည္ ပုံစံတစ္ခုတည္း တည္ေဆာက္ထားသလား ထင္ရေလာက္ ေအာင္ ဆင္တူေနသည္။ အေျခခံအားျဖင့္ ( 4 ) ေထာင့္ပုံစံ၊ ( 2 )ထပ္အိမ္ကုိ သြပ္မုိးၿပီး ၊ အိမ္အခန္းဖြဲ႕တုိင္း အေပၚထပ္တြင္ ျပတင္းေပါက္ ေဖာက္ကာ ေအာက္ထပ္တြင္ အခန္းျပည့္ တံခါးေပါက္မ်ား ေဖာက္ထားသည္။ ထုိသုိ႕ ျပဳလုပ္ ရျခင္းမွာ ေအာက္ထပ္တြင္ ေက်ာက္မ်က္ေသြးရန္ ၊ အေပၚထပ္မွာ ေက်ာက္မ်က္ရတနာ အေရာင္းဝယ္ျပဳလုပ္ရာ တြင္ အလင္းေရာင္ ေကာင္းစြာ ရရွိေစရန္ ရည္ရြယ္္ကာ ေဖာက္လုပ္ ထားျခင္း ျဖစ္ သည္။ မုိးကုတ္ၿမိဳ႕၏ အေျခသည္ျပန္႕ျပဴးေသာ္လည္း အိမ္မ်ား တုိးခ်ဲ ႕ ရန္လုိအပ္ေသာအခါ ဒီကရီ 20 မွ 45 ၾကား ေတာင္မၾကီး၏ အေျခဆီရွိ ေတာင္ကုန္းမ်ားဆီသုိ႕ ေျမေနရာတုိ႕ကုိ ဦးစြာ လမ္းေဖာက္လုပ္ လုိက္သည္။

ထုိမွ ေတာင္ကမ္းပါး ယံမ်ားကုိ ထစ္ယူ ကာအိမ္ ေဆာက္သည္။ ေငြေၾကးတတ္ႏုိင္ၾကသူမ်ား ပီပီ အိမ္မ်ားတစ္လုံး ေပၚတစ္လုံး ကမ္းပါးယံမွတဆင့္ ၿပိဳမက်ေစရန္ ေက်ာက္မ်ားျဖင့္ အိမ္ေနာက္ေက်ာ အိမ္ေရွ႕မ်ားတြင္ သပ္သပ္ရပ္ရပ္ ေက်ာက္ျဖင့္စီကာ ကမ္းပါးယံကုိ အားျဖည့္ထားသျဖင့္ ထုိေတာင္ ေစာင္းရပ္ကြက္ မ်ားကုိ ၾကည့္ရသည္မွာလည္း ကုိးရီးယား ေတာင္ေျခ ၿမိဳ႕ငယ္မ်ားႏွင့္ ဆင္ေနျပန္သည္။ ထုိမုိးကုတ္ျပန္႕ကုိ ျဖတ္စီးေသာ ေရနီေခ်ာင္းသည္ လက္ဖက္ရည္ အေရာင္ကဲ့သုိ႕ အစဥ္အၿမဲ နီျမန္း ေနသည္။

ဘူမိေဗဒပညာရွင္တုိ႔ ေတြ႕ရွိခ်က္အရ မိုးကုတ္ေဒသ ေအာက္ခံ ေက်ာက္သည္ ျမန္မာနိုင္ငံ၏ သက္တမ္းအရင့္ဆုံး ေက်ာက္ဖ်ာထု မ်ားတြင္ တစ္ခုအပါအ ဝင္ျဖစ္သည္။မိုးကုတ္ၿမိဳ႕တြင္ ေခတ္အဆက္ ဆက္ ေနထိုင္ခဲ့ၾကေသာ္လည္း ရတနာပုံေခတ္ႏွင့္ အဂၤလိပ္ လက္ထက္တြင္ ေက်ာက္မ်က္လုပ္ငန္း အေပၚ ပုိမုိအသက္ေမြး ဝမ္းေက်ာင္းျပဳၾကသည္။ ရတနာေပၚမွီ၍ ေက်ာက္တူးေဖာ္ျခင္း၊ ေက်ာက္ေသြးျခင္း၊ အထည္ျပဳလုပ္ျခင္း၊ အေရာင္းဝယ္ျပဳလုပ္ျခင္း၊ ေက်ာက္ပြဲစား လုပ္ျခင္းတို႔ ျဖစ္သည္။ 1990 မတုိင္ခင္အထိ ေက်ာက္မ်က္ရွာ ေဖြရာတြင္ လြယ္ကူသည္။ ေနအိမ္ဝင္း အတြင္ ေရတြင္းတူးလွ်င္ပင္ ေက်ာက္ရသည္အထိ ေက်ာက္မ်က္ေပါမ်ား သည္။ အခ်ိဳ႕ကေလးငယ္မ်ား မုိးရြာၿပီးစ တြင္ ေက်ာက္မ်က္လုပ္ ကုိင္ရာ ေနရာမ်ား သြားေရာက္ရွာေဖြလွ်င္ ေက်ာက္္ေကာက္ရသည့္ အေျခေနမွာ ဒုႏွင့္ေဒးျဖစ္သည္။ ေက်ာက္မ်က္တူး ေဖာ္သူတုိ႕ မုိးတြင္းတြင္ ေက်ာက္တြင္းေရမ်ားသျဖင့္ အလုပ္မလုပ္ဘဲ ေနႏုိင္ သည္အထိ အဆင္ေျပၾကသည္။

ေက်ာက္မ်က္တူးေဖာ္ပုံမ်ားမွာ အၾကမ္းအားျဖင့္ ခဲတြင္း ၊ ေျမတြင္း၊ ေလးပင္ ကုိးပင္စေသာ လက္လုပ္တြင္းမ်ား ၊ လူးဟူ၍ အမ်ိဳးမ်ိဳး ရွိသည္။ ခဲမ်ားကုိ ဒုိင္းနမုိက္ျဖင့္ ေဖာက္ခြဲကာ ေက်ာက္ရွာေဖြျခင္း ျဖစ္သည္။ ေျမတြင္းသည္ ေျမကုိ အင္းၾကီးျဖစ္ေအာင္ တူးေဖာ္ကာ ေက်ာက္မ်ားကုိ ရွာေဖြေသာ တြင္း ျဖစ္သည္။ ဤသည္မွ ထြက္ရွိ သမွ် ေက်ာက္မ်က္ မ်ားတြင္ လူးေက်ာက္သည္ အေကာင္းဆုံး၊ အလွဆုံးေက်ာက္မ်က္ဟု သတ္မွတ္သည္။ လူး၏သေဘာ ေတာင္ၾကားရွိ သဘာဝအတုိင္း ရွိေနေသာ လုိဏ္သေဘာ ျဖစ္ေန ေသာ ေနရာမ်ားအတြင္းသုိ႕ ဝင္သြားရင္း ထုိအထဲမွ ျဗဳန္းမ်ားကုိ ဆည္ယူကာ ေက်ာက္ရွာ ေဖြျခင္းျဖစ္သည္။

ထုိကဲ့သုိ႕ရရွိလာေသာ ေက်ာက္မ်က္အ႐ုိင္းတုိ႕ကုိ ထာပြဲေခၚ ေက်ာက္ဝုိင္းတုိ႕ တြင္ အေရာင္းဝယ္ျပဳလုပ္သည္။ ထာသည္ ရွမ္းဘာသာ အရ ဗန္းဟု အဓိပၸါယ္ရသည္။ ေက်ာက္မ်က္ရတနာ မ်ားကုိ ဗန္းထဲထည့္ကာ ေရာင္းခ်ေသာ ပြဲဟု အဓိပၸါယ္ရသည္။ မုိးကုတ္ၿမိဳ႕တြင္ ထာပြဲ ( ၄ ) ေနရာခန္႕ရွိကာ တစ္ေန႕တည္းတြင္ ေရာင္းခ်ေသာ္လည္း အခ်ိန္ကြဲျပားျပဳလုပ္ ေရာင္းဝယ္ ၾကသည္။

စားေသာက္ဖြယ္ရာမ်ား

မုိးကုတ္သည္ ေက်ာက္မ်က္ရတနာအျပင္ မုိးကုတ္အစားေသာက္ မ်ား မွာ နာမည္ၾကီးသည္။ ဝမ္းသဖုိး၊ မုိးကုတ္ၿမီးရွည္၊ မုိးကုတ္မွ်စ္ခ်ဥ္ ၊ မႈိေပါင္း၊ မုန္ညွင္းေပါင္း၊ မုိးကုတ္လက္ဖက္၊ မုိးကုတ္ထမင္းေပါင္း၊ ဝက္သားခ်ဥ္ ၊ မုိင္းလုံဝက္သားခ်ဥ္၊ မႈိသကၤန္း ၊ တည္သီး ၊ မက္ေခါက္သီးတုိ႕မွာ နာမည္ၾကီးသည္။ ဝမ္းသဖုိးဆုိသည္မွာ တုိဖူးေႏြးတစ္မ်ိဳးျဖစ္ကာ ထုိအထဲသုိ႕ ေခါက္္ဆြဲထည့္စားရေသာ အစားတစ္မ်ိဳးျဖစ္သည္။ ကုိလုိနီေခတ္တြင္ အဂၤလိပ္အရာရွိတစ္ဦး ထုိအစားအေသာက္ကုိ မုိးကုတ္သားတုိ႔ တည္ခင္းဧည့္ခံစဥ္ ပထမဆုံး စားလုိက္ေသာ အရသာကုိ ၾကိဳက္ႏွစ္သက္ လြန္းသျဖင့္ အာေမဋိတ္သံ ( Wonderful ) ဟု ေျပာလုိက္သည္မွ ထုိအစားစာ ကုိ ဝမ္းသဖုိးဟု ေခၚတြင္ေၾကာင္းလည္း အဆုိရွိသည္။

ဝမ္းသဖုိး

ေနာက္ထပ္အစားေသာက္ထဲမွ တစ္ခုကုိ ထပ္ညႊန္းရ မည္ဆုိလွ်င္ မႈိသကၤန္းျဖစ္သည္။ ဤမႈိမ်ိဳးသည္ ၾသဂုတ္ ဒုတိယပတ္မွ စက္တင္ဘာ ပထမအပတ္ၾကားတြင္ ေပၚေသာ မုိင္းလုံၿမိဳ႕ဘက္မွ ေပၚေသာမႈိတစ္မ်ိဳး ျဖစ္သည္။ အပြင့္ေသးငယ္ကာ အဝါေရာင္ရွိၿပီး တစ္ျပည္တစ္ေသာင္း ခန္႕အထိ ေစ်းရွိေသာ မႈိမ်ိဳးျဖစ္သည္။

မႈိသကၤန္း

လည္ပတ္စရာေနရာမ်ား

မုိးကုတ္ၿမိဳ႕ရွိ လည္ပတ္စရာေနရာမ်ားသည္ အမ်ားအားျဖင့္ ၿမိဳ႕ပတ္လည္ေတာင္ေျခ မ်ားတြင္ ၿမိဳ႕ကုိ ႐ႈေထာင့္အမ်ိဳးမ်ိဳးမွ ျမင္ေတြ႕ ရသည္။ ေငြေၾကးခ်မ္းသာၾကသူမ်ားေနထုိင္ရာၿမိဳ႕ ျဖစ္သလုိ ၊ ဗုဒၶဘာသာကုိ အထူးသက္ဝင္ယုံၾကည္ၾကသည့္ အတြက္ ရပ္ကြက္ တုိင္း တြင္ ဘုရားေစတီ ႏွင့္ သာသနာ့ဗိမာန္ေတာ္တုိ႕မွာ အလြန္ပင္ ခမ္းနားထည္ဝါလွသည္။ လက္ရာအမ်ားစုသည္ ကုိလုိနီေခတ္ ေနွာင္းကာလ လက္ရာမ်ားျဖစ္ၾကသည္။ေဖာင္ေတာ္ဦးဘုရား၊ ခ်မ္းသာၾကီးဘုရား ၊ ပတၱျမားေစတီ ၊ ေအးေစတီ၊ ႐ႈခင္းသာ ၊ ဘုရားတစ္ေထာင္လုိဏ္ဂူေက်ာင္း၊ ဘားနဒ္ရြာ၊ မိုးကုတ္အေနာက္ ပုိင္းက်ပ္ျပင္တြင္ ေဒၚနန္းၾကည္ေတာင္ ၊ ပင့္ကူေတာင္၊ ေက်ာက္ျပသဒ္တုိ႕ မွာ သာယာလွပသည္။

ေဖာင္ေတာ္ဦးဘုရား

ေဖာင္ေတာ္ဦးဘုရားတြင္ ဓါတ္ေတာ္တုိက္ ၊ ပတၱျမားပလႅင္ႏွင့္ မုိးကုတ္႐ႈခင္း တုိ႕ကုိ ၾကည့္႐ႈႏုိင္သည္။ ေဖာင္ေတာ္ဦးဘုရား ဗိမာန္ေတာ္ၾကီး၏ အမြန္းပန္းမ်ား သည္ မႏၱေလးၿမိဳ႕မွ ဗိသုကာ ဆရာဆုိင္၏ လက္ရာျဖစ္သည္ ဟုလည္း သိရသည္။ ေဖာင္ေတာ္ဦးဗုဒၶရုပ္ပြားေတာ္ျမတ္ကို သံုးဆယ္ၿမိဳ႕တြင္ ႏွစ္ေပါင္း (၈၀၀) ေက်ာ္ သုဓမၶာဂုိဏ္းခ်ဳပ္ဆရာေတာ္ႀကီးမ်ား၏ ၾသ၀ါဒကိုခံယူ၍ ေစာ္ဘြား၊ ၿမိဳ႕စား၊ နယ္စား၊ တိုက္နယ္သူႀကီးမင္း အစဥ္အဆက္ႏွင့္ ဗုဒၶဘာသာ၀င္တိုင္းရင္းသားတို႔က ေခတ္အဆက္ဆက္ထိန္းသိမ္းေစာင့္ေရွာက္ပူေဇာ္ ကိုးကြယ္လာခဲ့ၾကပါသည္။

ေဖာင္ေတာ္ဦးဘုရား

ခ်မ္းသာၾကီးဘုရား

အင္းဝျပည္ဘုရင္မင္းေခါင္ တည္ထားေသာ ေစတီျဖစ္သည္။ မုိးကုတ္သူ မုိးကုတ္သားတုိ႕ လွဴဒါန္းေသာ ရတနာမ်ားစြာ အျပင္ ေရႊေစတီ ၊ ေငြေစတီ တုိ႕ေတြ႕ရေသာ ဘုရားျဖစ္သည္။

ခ်မ္းသာႀကီးဘုရား၊ မိုးကုတ္ၿမိဳ႕။ Photo : Pyae Phyo Pyay

ပတၱျမားေစတီ

ပတၱျမားေစတီသည္ ခ်မ္းသာၾကီးဘုရား ၊ မုိးကုတ္အင္းႏွင့္ မုိးကုတ္ၿမိဳ႕႐ႈခင္းကုိ ေကာင္းစြာျမင္ေတြ႕ရေသာ ဘုရားျဖစ္ကာ မုိးကုတ္ကုိယ္စားျပဳေသာ ဓါတ္ပုံမ်ား ႐ုိက္ယူရာ ေနရာလည္းျဖစ္ သည္။ အထူးသျဖင့္ ေနဝင္ႏွင့္ ညမုိးခ်ဳပ္ေသာ အခ်ိန္မ်ားတြင္ အလြန္သာယာေသာ ေနရာျဖစ္သည္။ မုိးကုတ္ခ်ိဳင့္ဝွမ္းအတြင္း မီးမ်ားထြန္းထားကာ လင္းထိန္ေနေသာ ၿမိဳ႕၏အလွမွာ ရင္သပ္႐ႈ ေမာဖြယ္ ေကာင္းလွသည္။

ပတၱျမားေစတီ

ဘားနဒ္ရြာ

ဘားနဒ္ရြာသည္ အဂၤလိပ္တုိ႕ ျမန္မာႏုိင္ငံကုိ သိမ္းပုိက္ၿပီးသည္ ဆုိသည္ႏွင့္ မုိးကုတ္ၿမဳိ႕မတည္ခင္ ထုိရြာတြင္ လာေရာက္ၿမိဳ႕တည္ ေသာ ေနရာျဖစ္သည္။ ဝန္ရွင္ေတာ္မင္းၾကီး ဘားနဒ္ ( Commissioner Bernard ) ကုိ အစြဲျပဳကာ ထုိရြာကုိ ဘားနဒ္ရြာဟုေခၚဆုိသည္။ ထုိရြာတြင္ ယေန႕အခ်ိန္ထိ ၿဗိတိသွ်တုိ႕၏ လက္နက္တုိက္ ႏွင့္ အဂၤလိပ္စစ္သခ်ၤိင္းကုိ ေတြ႕ရသည္။ ဤရြာသုိ႕မေရာက္ခင္ လမ္းတေလွ်ာက္ လီဆူ ၊ တ႐ုတ္လူမ်ိဳးတုိ႕ မိမိတုိ႕ ေနအိမ္ေဆာက္လုပ္ျခင္း ၊ စိုက္ပ်ိဳးေရး ေမြးျမဴေရး ၊ ဝတ္စားဆင္ယင္မႈ ၊ မိရုိးဖလာယဥ္ေက်းမႈ ရုိးရာမပ်က္ ေတြ႕ရွိရေသး သည္။

ဘားနဒ္ စစ္သခ်ဳႋင္း

ဘားနဒ္သည္ မုိးကုတ္ၿမိဳ႕၏ အေအးဆုံးေနရာ လည္းျဖစ္သည္။ ေဆာင္းတြင္းတြင္ ေရခဲအမွတ္ေအာက္ ေရာက္ရွိ သျဖင့္ အိမ္ေခါင္မုိး နွင့္ တစက္ျမိတ္မွ က်ေသာဆီးႏွင္းမ်ား ၊သစ္ပင္သစ္ရြက္မ်ား ကန္ေရ မ်က္ႏွာျပင္အစ ရွိသည္တုိ႕ ေရခဲေန သည္။ ထုိေဒသတြင္ ( ၅ ) တစ္ေစ်းေရာင္းခ်ေသာ ေစ်းေလးသည္ ခ်စ္စရာတုိင္းရင္းသားရုိးရာ ေစ်းကေလးျဖစ္သည္။ ထုိ ေဒသ၏ ေျပာင္ေခါင္း မုန္ညွင္းစိမ္းမွာ နာမည္ၾကီးသည္။ ထုိေစ်းတြင္ လတ္ဆတ္ေသာ ျခံထြက္ ဟင္းသီး ဟင္းရြက္ ၊ ေကာ္ဖီ ၊ အဝတ္ အထည္ ၊ ရတနာ ၊ ေခါက္ဆြဲဆုိင္တန္း မ်ား ၊ အနက္ေရာင္ၾကက္ ၊ဝက္မ်ားကုိ အရွင္ေရာင္းေသာေစ်းအျဖစ္ ေတြ႕ရသည္။

အဂၤလိပ္တို႔သည္ မုိးကုတ္အား ပတၱျမားတြင္းခရိုင္ဟု ဖြဲ႕စည္းခဲ့၍ မိုးကုတ္သည္ ခရိုင္႐ုံးစိုက္ၿမိဳ႕ ျဖစ္ခဲ့၏။ မုိးကုတ္ၿမိဳ႕လယ္ရွိ အင္းၾကီး သည္ အဂၤလိပ္တုိ႔ ( 1894 ) တြင္ ေက်ာက္မ်က္ရွာေဖြတူးေဖာ္ခဲ့ေသာ အင္းၾကီးျဖစ္သည္။ ေပ ( 70 -80 ) ခန္႔အနက္ရွိကာ ကမ႓ာေက်ာ္ ( Burmese Ruby ) ရရွိခဲ့ေသာ တြင္းဟုလည္းသိ ရသည္။ ထုိအင္းအနီးရွီ စစ္တန္းကုန္း ၊ ဗုိလ္ကုန္းတုိ႕တြင္ ဆုိင္ရာ ရာထူး အရာခံ အၾကပ္စစ္သည္တုိ႕ကုိ ေနရာခ်ထားေပးေသာ ေနရာ မ်ားျဖစ္သည္။ ယေန႕တုိင္ ကုိလုိနီအေဆာက္အဦးႏွင့္ ခ်ပ္ေက်ာင္း မ်ား ေတြ႕ရသည္။ မုိးကုတ္အင္းသည္ မုိးအခါတြင္ ေရမ်ားျပည့္ေနတတ္ သျဖင့္ အဂၤလိပ္တုိ႔အခက္ၾကဳံသည္။

ထုိေရမ်ားထုတ္ပစ္ရန္ သည္ အေတာ္ပင္ ကုန္က်စရိတ္မ်ားသျဖင့္ ေနာက္ဆုံး အင္းၾကီးကုိ လုိဏ္ေခါင္းတစ္ခု ေဖာက္လုပ္ကာ မုိင္းလုံၿမိဳ႕သုိ႕ သြားေသာလမ္း ဘက္တြင္ ေရမ်ားကုိေဖာက္ခ် လုိက္ကာ ေရလြဲတံခါးတစ္ခု တပ္ဆင္ ထား သည္။ အင္းၾကီးဆက္မတူး ေတာ့သည့္အခ်ိန္ ထုိအင္းအနီးတြင္ ေနာင္အခါလူမ်ား လာေရာက္ေနထုိင္သည္။ အင္းၾကီးသည္ အမွန္တကယ္ အင္းအတြင္းရွိေရမ်ားက က်ားကန္ထား သျဖင့္ အင္းနႈတ္ခမ္းတြင္ေနထုိင္ေသာ အိမ္မ်ားအင္းထဲျပိဳမ က်ျခင္းျဖစ္ သည္ဟု အဂၤလိပ္တုိ႕နားလည္သည္။ ျမန္မာ ျပည္လြတ္လပ္ေရး ရေသာအခါ ထုိအင္းေရလြဲတံခါးကုိ အဂၤလိပ္တုိ႔အေသပိတ္ပစ္ကာ ျပန္သြားခဲ့သည္။

ရတနာဟုဆုိရာတြင္ ေလာကီရတနာအျပင္ မုိးကုတ္ဆရာေတာ္ ဘုရား ဦးဝိမလသည္ မုိးကုတ္ဝိပသနာ စက္ဝုိင္းအား ကမ႓ာကုိ မိတ္ဆက္ေပး ခဲ့သူလည္းျဖစ္သည္။ မုိးကုတ္ၿမိဳ႕အျပင္ဖက္ တြင္ လက္ဖက္ျခံမ်ား ၊ ေလွကားထစ္ စုိက္ခင္းမ်ား ၊ ေရတံခြန္မ်ား ၊ ထုိအလွတရားမ်ားအျပင္ ေၾကာ္ျငာ မင္းသမီး ထက္ထက္မိုးဦး ၊ ထြန္းအိျႏာဗုိလ္ ၊ ရီေဝယံ ၊ ကစ္ကစ္ ၊ ေဖြးေဖြး ၊ ခင္ေလးႏြယ္ ၊ N-ကုိင္ရာ ႏွင့္ အျခား ေက်ာ္ၾကားသူမ်ားစြာ ေပၚထြန္း ရာၿမိဳ႕ျဖစ္သည္။

မုိးကုတ္သူူမုိးကုတ္သားတုိ႕သည္ ယဥ္ေက်းသိမ္ေမြ႕ကာ တစ္ဦးႏွင့္တစ္ဦး ေတြ႕သည့္အခါ စားၿပီးၿပီလား ၊ တစ္ဦးဦးက ထြက္ခြာသြားသည့္အခါတြင္ က်န္တစ္ဦးက ေျဖးေျဖးေနာ္ လာလည္ ဦးေနာ္ စသျဖင့္ ေလးေလးစားစား ႏႈတ္ဆက္တတ္ ေသာ သဘာဝ ရွိသည္။ ေနအိမ္မ်ားကုိ သန္႕ရွင္းသပ္ရပ္စြာ ထားရွိသည္။ အထူးသျဖင့္ ဘုရားစင္ကုိ ၾကီးၾကီးထားရွိျပီး ဘုရားပန္းအုိး၊ ေသာက္ေတာ္ ေရခြက္ ႏွင့္ ဆြမ္းပန္းကန္ ပထမတန္းစား ပစၥည္းမ်ား အသုံးျပဳသည္။ ( 2014 ) ခုႏွစ္ သန္းေခါင္စာရင္းအရ မိုးကုတ္ၿမိဳ႕ရွိ လူဦးေရမွာ ( ၇၇,၆၀၉ ) ေယာက္ျဖစ္သည္။

သို႔ေသာ္ 1990 ေနာက္ပိုင္းတြင္ ေက်ာက္မ်က္ဖက္စပ္ လုပ္ငန္းႀကီးမ်ား ဝင္ေရာက္လုပ္ကိုင္ျခင္း ၊ ေက်ာက္မ်ား ရွားပါးလာျခင္း ေက်ာက္နီႀကိဳက္ေသာ ဥေရာပသားတို႔ စီးပြားေရး က်ဆင္းကာ ေက်ာက္ဝယ္ယူမႈ နည္းပါး လာျခင္း တို႔ေၾကာင့္ မိုးကုတ္စီးပြားေရးလည္း က်ဆင္းသြားကာ ယေန႔မိုးကုတ္သည္ အတိတ္၏ ခ်မ္းသာႂကြယ္ဝမႈျပယုဂ္အျဖစ္သာ က်န္ရစ္ေနေတာ့ သည္။ မုိးကုတ္ၿမိဳ႕သည္ ရာသီဥတု သာယာေအးျမသလုိ ၊ လည္ပတ္စရာ ေနရာမ်ားစြာႏွင့္ ဓါတ္ပုံဆရာတုိ႕ ဓါတ္ပုံရုိက္စရာ ေနရာမ်ားစြာ အကြက္အကြင္း မ်ားစြာ ေဖာ္ထုတ္ရုိက္ယူရန္ ေနရာေကာင္း တစ္ခုျဖစ္သည္။ ေဆာင္းရာသီတြင္ သြားေရာက္ပါက အသင့္ေတာ္ ဆုံးျဖစ္သည္။ သြားေရာက္လည္ပတ္မည္ဆုိလွ်င္ ေမၿမိဳ႕လမ္းမွာ နယ္ေျမအေျခေနေၾကာင့္ မသြားေစလုိ၊ ( ၉၉၉ ) ေကြ႔ရွိရာ လမ္းေဟာင္းမွသာ သြားေစလုိသည္။ ထုိ႔အတြက္ ကားမူး ေပ်ာက္ေဆး ၾကိဳတင္ေသာက္ၿပီးသြားေစလုိသည္။

မုိးကုတ္ၿမဳိ႕ ေရွးေဟာင္းပုံရိပ္တခ်ဳိ႕

သုခုမအလင္းတန္းမ်ား

Ref:

– ကမ႓ာကသိတဲ့ပတၱျမားေျမ ( ေမာင္ထြန္းဦး )


အလှတရားများစွာကို သိမ်းဆည်းထားသော ပတ္တမြားမြေ မိုးကုတ်မြို သို့ ( ၉၉၉ ) ကွေ့အလို (unicode)

Via : သုခုမအလင်းတန်းများ

မန္တလေးမြို့၏ မြောက်အရပ် ( 128 ) မိုင်အကွာပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ (၃၈၀၀)တွင် တည်ရှိသော မိုးကုတ်မြို့ သည် စိတ်ဝင်စားဖွယ်ရာများစွာနှင့် ပြည့်နှက်နေသော တောင်ပေါ်မြို့ တစ်မြို့ ဖြစ်သည်။ ကဗျာဆန်သည်။ ရာသီဥတု အေးမြကာ သန့်ရှင်း သော မိုးကုတ်ကို လူသိများရခြင်း၏ အဓိကအကြောင်းရင်းတစ်ခုမှာ ကမ႓ာ့အကောင်းဆုံး ပတ္တမြား ထွက်ခြင်းကြောင့်ဟုသိရှိကြပါသည်။ ထို့အပြင် နန်းစဉ်ရတနာ ပတ္တမြားငမောက်ဟု ဆိုလိုက် သည်နှင့် လျှို့ဝှက်ချက်များစွာကို ခံစားကြရပါလိမ့်မည်။ ဤ ပတ္တမြားငမောက်သည် မိုးကုတ်ဒေသ ကပင် ထွက်ရှိခဲ့သည်။

မိုးကုတ်သမိုင်းအကျဉ်း

မိုးကုတ်မြို့ဖြစ်ပေါ်လာပုံမှာ မြန်မာသက္ကရာဇ် ( ၅၇၉ ) ခုနှစ် ၊ ခရစ်နှစ် ( 1218 ) ခုနှစ်ခန့်က မိုးမိတ်စော်ဘွားကြီး သိုဟန်ဖ ( ဆေဟန်ဖ ) လက်ထက်တွင် ရှမ်းမုဆိုးသုံးဦး တောလည်ထွက်ရင်း မျက်စေ့လည် လမ်းမှားကာ ရောက်ရှိလာပါသည်။ မိုးလည်းချုပ် သွားပြီဖြစ်သဖြင့် ထိုတောရှိ သဖန်းပင်ကြီးအောက်တွင် စခန်းချခဲ့ သည်။ နံနက်မိုးသောက် သော် အနီးတွင် တောင်ပြိုနေပြီး ကောင်းကင်ယံမှ ကျီးကန်းနှင့် စွန်များ ပျံဝဲဟစ်အော်နေကြောင်း တွေ့ရပါသည်။ အကြောင်းမှာ ကျီးကန်းနှင့် စွန်များသည် မြေပေါ်တွင် ချင်းချင်းနီ ပေါ်နေသော ပတ္တမြားနီများကို တွေရှိရသဖြင့် အသားဟု ထင်ကာ ချီယူရန်ဖြစ်သည်။ မုဆိုးတို့လည်း ထိုပတ္တမြားတို့ကို ယူဆောင်ခဲ့ကာ စော်ဘွားကြီးကို ဆက်သခဲ့သည်။ စော်ဘွားကြီး လည်း ထိုပတ္တမြားမြေကို တူးဖော်ရန် အိုးစား (30)နှင့်အတူ သဖန်းပင်ကြီးအနီးတွင် ရွာတည်ခဲ့သဖြင့် သဖန်းပင်ရွာသည် မိုးကုတ်စတင်ဖြစ်တည် စေခဲ့သော နေရာဖြစ်လာခဲ့သည်။

ဘုရင့်နောင်ခေတ်၊ ညောင်ရမ်း ၊ အမရပူရ ၊ ခေတ်အဆက်ဆက် ဘုရင်များ အထူးအားကိုးအားထား ပြုရသော ရတနာနယ်မြေတစ်ခု ဖြစ်သည်။ သီပေါမင်းလက်ထက်တွင် ပြင်သစ်အင်ဂျင်နီယာများက မိုးကုတ်၊ ဒေသရှိ ပတ္တမြားတွင်းများကို နှစ်စဉ် အခွန်တော်ငွေ ကျပ်သုံးသိန်း ပေးသွင်း၍ ပတ္တမြားတွင်းများတူးဖော်လုပ်ကိုင်ခွင့် လျှို့ဝှက်သဘော တူညီကြသည်။ ဤစာချုပ်ကြောင့် အင်္ဂလိပ်မြန်မာဆက်ဆံရေး တဖြည်းဖြည်း တင်းမာလာကာ နောက်ဆုံး မြန်မာတစ်နိုင်ငံလုံးကို သိမ်းယူခဲ့သည်။ အထက်မြန်မာနိုင်ငံ ကျဆုံးခြင်းနှင့်အတူ မြန်မာ ပတ္တမြားတွင်းများသည်လည်း နယ်ချဲ့အင်္ဂလိပ်တို့ လက်အောက် သို့ ကျရောက်ခဲ့ရသည်။ သီပေါမင်းမှ ယာယီလိုင်စင်ဖြင့် ပုံသေငှားရမ်းခ ရယူပြီး လုပ်ကိုင်ခွင့်ပြုထားလျှက်ရှိသော ပြင်သစ်ကုမ္ပဏီ Messrs Bonvellein & Co. လည်း ပါတော်မူအပြီး လိုင်စင် ပျက်ပြယ် ခဲ့သည်။

အမြင့်ပေ ( 1000 မှ 2000) ကြားရှိသော တောင်ကြီးများ ပတ်လည် ဝိုင်းထားကာ မြို့အလယ်တွင် အင်းကြီးတစ်ခု တည်ရှိနေပြန်သော မိုးကုတ်မြို့သည် မြန်မာပြည် အတွင်းရှိ သာမာန်မြို့များနှင့်မတူ ဒယ်အိုးအတွင်းတည်ရှိနေသည် ဟု လူအတော်များများက မှတ်ချက်ပြု ကြသည်။ အထူးသဖြင့် ထိုဒယ်အိုးနှုတ်ခမ်းမှ မြို့ပုံစံကို မည်သည့်ရှုထောင့်မှ ကြည့်လိုက် သည် ဖြစ်စေ မတူညီသော အလှတရားများကို ခံစားရပါလိမ့်မည်။ လမ်းမကြီး တစ်လမ်းကိုအမှီပြုကာ လမ်းသွယ်ပေါင်း များစွာက အစုလိုက် ၊ အစုလိုက် လာရောက်ချိတ်ဆက်ထားသော ရပ်ကွက်တို့ သည် ထိုလမ်းသွယ်များ အတွင်းသို့ ဝင်သွားကြည့်သောအခါ အိမ်များကို လမ်းပလက်ဖောင်းများ နှင့်ကပ်လျက် ဆောက်လုပ် ထားသည်။ ဤပုံစံမြို့ပြတည်ဆောက်ပုံ သည် အရှေ့ဥရောပနိုင်ငံ များ၏ မြို့ပြသဘောတရားနှင့် ဆင်နေသည်။

ဤမျှမကပါ မိုးကုတ်္မြို့ ရှိ အိမ်များသည် ပုံစံတစ်ခုတည်း တည်ဆောက်ထားသလား ထင်ရလောက် အောင် ဆင်တူနေသည်။ အခြေခံအားဖြင့် ( 4 ) ထောင့်ပုံစံ၊ ( 2 )ထပ်အိမ်ကို သွပ်မိုးပြီး ၊ အိမ်အခန်းဖွဲ့တိုင်း အပေါ်ထပ်တွင် ပြတင်းပေါက် ဖောက်ကာ အောက်ထပ်တွင် အခန်းပြည့် တံခါးပေါက်များ ဖောက်ထားသည်။ ထိုသို့ ပြုလုပ် ရခြင်းမှာ အောက်ထပ်တွင် ကျောက်မျက်သွေးရန် ၊ အပေါ်ထပ်မှာ ကျောက်မျက်ရတနာ အရောင်းဝယ်ပြုလုပ်ရာ တွင် အလင်းရောင် ကောင်းစွာ ရရှိစေရန် ရည်ရွယ်ကာ ဖောက်လုပ် ထားခြင်း ဖြစ် သည်။ မိုးကုတ်မြို့၏ အခြေသည်ပြန့်ပြူးသော်လည်း အိမ်များ တိုးချဲ ႕ ရန်လိုအပ်သောအခါ ဒီကရီ 20 မှ 45 ကြား တောင်မကြီး၏ အခြေဆီရှိ တောင်ကုန်းများဆီသို့ မြေနေရာတို့ကို ဦးစွာ လမ်းဖောက်လုပ် လိုက်သည်။

ထိုမှ တောင်ကမ်းပါး ယံများကို ထစ်ယူ ကာအိမ် ဆောက်သည်။ ငွေကြေးတတ်နိုင်ကြသူများ ပီပီ အိမ်များတစ်လုံး ပေါ်တစ်လုံး ကမ်းပါးယံမှတဆင့် ပြိုမကျစေရန် ကျောက်များဖြင့် အိမ်နောက်ကျော အိမ်ရှေ့များတွင် သပ်သပ်ရပ်ရပ် ကျောက်ဖြင့်စီကာ ကမ်းပါးယံကို အားဖြည့်ထားသဖြင့် ထိုတောင် စောင်းရပ်ကွက် များကို ကြည့်ရသည်မှာလည်း ကိုးရီးယား တောင်ခြေ မြို့ငယ်များနှင့် ဆင်နေပြန်သည်။ ထိုမိုးကုတ်ပြန့်ကို ဖြတ်စီးသော ရေနီချောင်းသည် လက်ဖက်ရည် အရောင်ကဲ့သို့ အစဉ်အမြဲ နီမြန်း နေသည်။

ဘူမိဗေဒပညာရှင်တို့ တွေ့ရှိချက်အရ မိုးကုတ်ဒေသ အောက်ခံ ကျောက်သည် မြန်မာနိုင်ငံ၏ သက်တမ်းအရင့်ဆုံး ကျောက်ဖျာထု များတွင် တစ်ခုအပါအ ဝင်ဖြစ်သည်။မိုးကုတ်မြို့တွင် ခေတ်အဆက် ဆက် နေထိုင်ခဲ့ကြသော်လည်း ရတနာပုံခေတ်နှင့် အင်္ဂလိပ် လက်ထက်တွင် ကျောက်မျက်လုပ်ငန်း အပေါ် ပိုမိုအသက်မွေး ဝမ်းကျောင်းပြုကြသည်။ ရတနာပေါ်မှီ၍ ကျောက်တူးဖော်ခြင်း၊ ကျောက်သွေးခြင်း၊ အထည်ပြုလုပ်ခြင်း၊ အရောင်းဝယ်ပြုလုပ်ခြင်း၊ ကျောက်ပွဲစား လုပ်ခြင်းတို့ ဖြစ်သည်။ 1990 မတိုင်ခင်အထိ ကျောက်မျက်ရှာ ဖွေရာတွင် လွယ်ကူသည်။ နေအိမ်ဝင်း အတွင် ရေတွင်းတူးလျှင်ပင် ကျောက်ရသည်အထိ ကျောက်မျက်ပေါများ သည်။ အချို့ကလေးငယ်များ မိုးရွာပြီးစ တွင် ကျောက်မျက်လုပ် ကိုင်ရာ နေရာများ သွားရောက်ရှာဖွေလျှင် ကျောက်ကောက်ရသည့် အခြေနေမှာ ဒုနှင့်ဒေးဖြစ်သည်။ ကျောက်မျက်တူး ဖော်သူတို့ မိုးတွင်းတွင် ကျောက်တွင်းရေများသဖြင့် အလုပ်မလုပ်ဘဲ နေနိုင် သည်အထိ အဆင်ပြေကြသည်။

ကျောက်မျက်တူးဖော်ပုံများမှာ အကြမ်းအားဖြင့် ခဲတွင်း ၊ မြေတွင်း၊ လေးပင် ကိုးပင်စသော လက်လုပ်တွင်းများ ၊ လူးဟူ၍ အမျိုးမျိုး ရှိသည်။ ခဲများကို ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲကာ ကျောက်ရှာဖွေခြင်း ဖြစ်သည်။ မြေတွင်းသည် မြေကို အင်းကြီးဖြစ်အောင် တူးဖော်ကာ ကျောက်များကို ရှာဖွေသော တွင်း ဖြစ်သည်။ ဤသည်မှ ထွက်ရှိ သမျှ ကျောက်မျက် များတွင် လူးကျောက်သည် အကောင်းဆုံး၊ အလှဆုံးကျောက်မျက်ဟု သတ်မှတ်သည်။ လူး၏သဘော တောင်ကြားရှိ သဘာဝအတိုင်း ရှိနေသော လိုဏ်သဘော ဖြစ်နေ သော နေရာများအတွင်းသို့ ဝင်သွားရင်း ထိုအထဲမှ ဗြုန်းများကို ဆည်ယူကာ ကျောက်ရှာ ဖွေခြင်းဖြစ်သည်။

ထိုကဲ့သို့ရရှိလာသော ကျောက်မျက်အရိုင်းတို့ကို ထာပွဲခေါ် ကျောက်ဝိုင်းတို့ တွင် အရောင်းဝယ်ပြုလုပ်သည်။ ထာသည် ရှမ်းဘာသာ အရ ဗန်းဟု အဓိပ္ပါယ်ရသည်။ ကျောက်မျက်ရတနာ များကို ဗန်းထဲထည့်ကာ ရောင်းချသော ပွဲဟု အဓိပ္ပါယ်ရသည်။ မိုးကုတ်မြို့တွင် ထာပွဲ ( ၄ ) နေရာခန့်ရှိကာ တစ်နေ့တည်းတွင် ရောင်းချသော်လည်း အချိန်ကွဲပြားပြုလုပ် ရောင်းဝယ် ကြသည်။

စားသောက်ဖွယ်ရာများ

မိုးကုတ်သည် ကျောက်မျက်ရတနာအပြင် မိုးကုတ်အစားသောက် များ မှာ နာမည်ကြီးသည်။ ဝမ်းသဖိုး၊ မိုးကုတ်မြီးရှည်၊ မိုးကုတ်မျှစ်ချဉ် ၊ မှိုပေါင်း၊ မုန်ညှင်းပေါင်း၊ မိုးကုတ်လက်ဖက်၊ မိုးကုတ်ထမင်းပေါင်း၊ ဝက်သားချဉ် ၊ မိုင်းလုံဝက်သားချဉ်၊ မှိုသင်္ကန်း ၊ တည်သီး ၊ မက်ခေါက်သီးတို့မှာ နာမည်ကြီးသည်။ ဝမ်းသဖိုးဆိုသည်မှာ တိုဖူးနွေးတစ်မျိုးဖြစ်ကာ ထိုအထဲသို့ ခေါက်ဆွဲထည့်စားရသော အစားတစ်မျိုးဖြစ်သည်။ ကိုလိုနီခေတ်တွင် အင်္ဂလိပ်အရာရှိတစ်ဦး ထိုအစားအသောက်ကို မိုးကုတ်သားတို့ တည်ခင်းဧည့်ခံစဉ် ပထမဆုံး စားလိုက်သော အရသာကို ကြိုက်နှစ်သက် လွန်းသဖြင့် အာမေဋိတ်သံ ( Wonderful ) ဟု ပြောလိုက်သည်မှ ထိုအစားစာ ကို ဝမ်းသဖိုးဟု ခေါ်တွင်ကြောင်းလည်း အဆိုရှိသည်။ နောက်ထပ်အစားသောက်ထဲမှ တစ်ခုကို ထပ်ညွှန်းရ မည်ဆိုလျှင် မှိုသင်္ကန်းဖြစ်သည်။ ဤမှိုမျိုးသည် ဩဂုတ် ဒုတိယပတ်မှ စက်တင်ဘာ ပထမအပတ်ကြားတွင် ပေါ်သော မိုင်းလုံမြို့ဘက်မှ ပေါ်သောမှိုတစ်မျိုး ဖြစ်သည်။ အပွင့်သေးငယ်ကာ အဝါရောင်ရှိပြီး တစ်ပြည်တစ်သောင်း ခန့်အထိ ဈေးရှိသော မှိုမျိုးဖြစ်သည်။

လည်ပတ်စရာနေရာများ

မိုးကုတ်မြို့ရှိ လည်ပတ်စရာနေရာများသည် အများအားဖြင့် မြို့ပတ်လည်တောင်ခြေ များတွင် မြို့ကို ရှုထောင့်အမျိုးမျိုးမှ မြင်တွေ့ ရသည်။ ငွေကြေးချမ်းသာကြသူများနေထိုင်ရာမြို့ ဖြစ်သလို ၊ ဗုဒ္ဓဘာသာကို အထူးသက်ဝင်ယုံကြည်ကြသည့် အတွက် ရပ်ကွက် တိုင်း တွင် ဘုရားစေတီ နှင့် သာသနာ့ဗိမာန်တော်တို့မှာ အလွန်ပင် ခမ်းနားထည်ဝါလှသည်။ လက်ရာအများစုသည် ကိုလိုနီခေတ် နှောင်းကာလ လက်ရာများဖြစ်ကြသည်။ဖောင်တော်ဦးဘုရား၊ ချမ်းသာကြီးဘုရား ၊ ပတ္တမြားစေတီ ၊ အေးစေတီ၊ ရှုခင်းသာ ၊ ဘုရားတစ်ထောင်လိုဏ်ဂူကျောင်း၊ ဘားနဒ်ရွာ၊ မိုးကုတ်အနောက် ပိုင်းကျပ်ပြင်တွင် ဒေါ်နန်းကြည်တောင် ၊ ပင့်ကူတောင်၊ ကျောက်ပြသဒ်တို့ မှာ သာယာလှပသည်။

ဖောင်တော်ဦးဘုရား

ဖောင်တော်ဦးဘုရားတွင် ဓါတ်တော်တိုက် ၊ ပတ္တမြားပလ္လင်နှင့် မိုးကုတ်ရှုခင်း တို့ကို ကြည့်ရှုနိုင်သည်။ ဖောင်တော်ဦးဘုရား ဗိမာန်တော်ကြီး၏ အမွန်းပန်းများ သည် မန္တလေးမြို့မှ ဗိသုကာ ဆရာဆိုင်၏ လက်ရာဖြစ်သည် ဟုလည်း သိရသည်။

ချမ်းသာကြီးဘုရား

အင်းဝပြည်ဘုရင်မင်းခေါင် တည်ထားသော စေတီဖြစ်သည်။ မိုးကုတ်သူ မိုးကုတ်သားတို့ လှူဒါန်းသော ရတနာများစွာ အပြင် ရွှေစေတီ ၊ ငွေစေတီ တို့တွေ့ရသော ဘုရားဖြစ်သည်။

ပတ္တမြားစေတီ

ပတ္တမြားစေတီသည် ချမ်းသာကြီးဘုရား ၊ မိုးကုတ်အင်းနှင့် မိုးကုတ်မြို့ရှုခင်းကို ကောင်းစွာမြင်တွေ့ရသော ဘုရားဖြစ်ကာ မိုးကုတ်ကိုယ်စားပြုသော ဓါတ်ပုံများ ရိုက်ယူရာ နေရာလည်းဖြစ် သည်။ အထူးသဖြင့် နေဝင်နှင့် ညမိုးချုပ်သော အချိန်များတွင် အလွန်သာယာသော နေရာဖြစ်သည်။ မိုးကုတ်ချိုင့်ဝှမ်းအတွင်း မီးများထွန်းထားကာ လင်းထိန်နေသော မြို့၏အလှမှာ ရင်သပ်ရှု မောဖွယ် ကောင်းလှသည်။

ဘားနဒ်ရွာ

ဘားနဒ်ရွာသည် အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးသည် ဆိုသည်နှင့် မိုးကုတ်မြို့မတည်ခင် ထိုရွာတွင် လာရောက်မြို့တည် သော နေရာဖြစ်သည်။ ဝန်ရှင်တော်မင်းကြီး ဘားနဒ် ( Commissioner Bernard ) ကို အစွဲပြုကာ ထိုရွာကို ဘားနဒ်ရွာဟုခေါ်ဆိုသည်။ ထိုရွာတွင် ယနေ့အချိန်ထိ ဗြိတိသျှတို့၏ လက်နက်တိုက် နှင့် အင်္ဂလိပ်စစ်သင်္ချိင်းကို တွေ့ရသည်။ ဤရွာသို့မရောက်ခင် လမ်းတလျှောက် လီဆူ ၊ တရုတ်လူမျိုးတို့ မိမိတို့ နေအိမ်ဆောက်လုပ်ခြင်း ၊ စိုက်ပျိုးရေး မွေးမြူရေး ၊ ဝတ်စားဆင်ယင်မှု ၊ မိရိုးဖလာယဉ်ကျေးမှု ရိုးရာမပျက် တွေ့ရှိရသေး သည်။

ဘားနဒ်သည် မိုးကုတ်မြို့၏ အအေးဆုံးနေရာ လည်းဖြစ်သည်။ ဆောင်းတွင်းတွင် ရေခဲအမှတ်အောက် ရောက်ရှိ သဖြင့် အိမ်ခေါင်မိုး နှင့် တစက်မြိတ်မှ ကျသောဆီးနှင်းများ ၊သစ်ပင်သစ်ရွက်များ ကန်ရေ မျက်နှာပြင်အစ ရှိသည်တို့ ရေခဲနေ သည်။ ထိုဒေသတွင် ( ၅ ) တစ်ဈေးရောင်းချသော ဈေးလေးသည် ချစ်စရာတိုင်းရင်းသားရိုးရာ ဈေးကလေးဖြစ်သည်။ ထို ဒေသ၏ ပြောင်ခေါင်း မုန်ညှင်းစိမ်းမှာ နာမည်ကြီးသည်။ ထိုဈေးတွင် လတ်ဆတ်သော ခြံထွက် ဟင်းသီး ဟင်းရွက် ၊ ကော်ဖီ ၊ အဝတ် အထည် ၊ ရတနာ ၊ ခေါက်ဆွဲဆိုင်တန်း များ ၊ အနက်ရောင်ကြက် ၊ဝက်များကို အရှင်ရောင်းသောဈေးအဖြစ် တွေ့ရသည်။

အင်္ဂလိပ်တို့သည် မိုးကုတ်အား ပတ္တမြားတွင်းခရိုင်ဟု ဖွဲ့စည်းခဲ့၍ မိုးကုတ်သည် ခရိုင်ရုံးစိုက်မြို့ ဖြစ်ခဲ့၏။ မိုးကုတ်မြို့လယ်ရှိ အင်းကြီး သည် အင်္ဂလိပ်တို့ ( 1894 ) တွင် ကျောက်မျက်ရှာဖွေတူးဖော်ခဲ့သော အင်းကြီးဖြစ်သည်။ ပေ ( 70 -80 ) ခန့်အနက်ရှိကာ ကမ႓ာကျော် ( Burmese Ruby ) ရရှိခဲ့သော တွင်းဟုလည်းသိ ရသည်။ ထိုအင်းအနီးရှီ စစ်တန်းကုန်း ၊ ဗိုလ်ကုန်းတို့တွင် ဆိုင်ရာ ရာထူး အရာခံ အကြပ်စစ်သည်တို့ကို နေရာချထားပေးသော နေရာ များဖြစ်သည်။ ယနေ့တိုင် ကိုလိုနီအဆောက်အဦးနှင့် ချပ်ကျောင်း များ တွေ့ရသည်။ မိုးကုတ်အင်းသည် မိုးအခါတွင် ရေများပြည့်နေတတ် သဖြင့် အင်္ဂလိပ်တို့အခက်ကြုံသည်။

ထိုရေများထုတ်ပစ်ရန် သည် အတော်ပင် ကုန်ကျစရိတ်များသဖြင့် နောက်ဆုံး အင်းကြီးကို လိုဏ်ခေါင်းတစ်ခု ဖောက်လုပ်ကာ မိုင်းလုံမြို့သို့ သွားသောလမ်း ဘက်တွင် ရေများကိုဖောက်ချ လိုက်ကာ ရေလွဲတံခါးတစ်ခု တပ်ဆင် ထား သည်။ အင်းကြီးဆက်မတူး တော့သည့်အချိန် ထိုအင်းအနီးတွင် နောင်အခါလူများ လာရောက်နေထိုင်သည်။ အင်းကြီးသည် အမှန်တကယ် အင်းအတွင်းရှိရေများက ကျားကန်ထား သဖြင့် အင်းနှုတ်ခမ်းတွင်နေထိုင်သော အိမ်များအင်းထဲပြိုမ ကျခြင်းဖြစ် သည်ဟု အင်္ဂလိပ်တို့နားလည်သည်။ မြန်မာ ပြည်လွတ်လပ်ရေး ရသောအခါ ထိုအင်းရေလွဲတံခါးကို အင်္ဂလိပ်တို့အသေပိတ်ပစ်ကာ ပြန်သွားခဲ့သည်။

ရတနာဟုဆိုရာတွင် လောကီရတနာအပြင် မိုးကုတ်ဆရာတော် ဘုရား ဦးဝိမလသည် မိုးကုတ်ဝိပသနာ စက်ဝိုင်းအား ကမ႓ာကို မိတ်ဆက်ပေး ခဲ့သူလည်းဖြစ်သည်။ မိုးကုတ်မြို့အပြင်ဖက် တွင် လက်ဖက်ခြံများ ၊ လှေကားထစ် စိုက်ခင်းများ ၊ ရေတံခွန်များ ၊ ထိုအလှတရားများအပြင် ကြော်ငြာ မင်းသမီး ထက်ထက်မိုးဦး ၊ ထွန်းအိနြာဗိုလ် ၊ ရီဝေယံ ၊ ကစ်ကစ် ၊ ဖွေးဖွေး ၊ ခင်လေးနွယ် ၊ N-ကိုင်ရာ နှင့် အခြား ကျော်ကြားသူများစွာ ပေါ်ထွန်း ရာမြို့ဖြစ်သည်။

မိုးကုတ်သူမိုးကုတ်သားတို့သည် ယဉ်ကျေးသိမ်မွေ့ကာ တစ်ဦးနှင့်တစ်ဦး တွေ့သည့်အခါ စားပြီးပြီလား ၊ တစ်ဦးဦးက ထွက်ခွာသွားသည့်အခါတွင် ကျန်တစ်ဦးက ဖြေးဖြေးနော် လာလည် ဦးနော် စသဖြင့် လေးလေးစားစား နှုတ်ဆက်တတ် သော သဘာဝ ရှိသည်။ နေအိမ်များကို သန့်ရှင်းသပ်ရပ်စွာ ထားရှိသည်။ အထူးသဖြင့် ဘုရားစင်ကို ကြီးကြီးထားရှိပြီး ဘုရားပန်းအိုး၊ သောက်တော် ရေခွက် နှင့် ဆွမ်းပန်းကန် ပထမတန်းစား ပစ္စည်းများ အသုံးပြုသည်။ ( 2014 ) ခုနှစ် သန်းခေါင်စာရင်းအရ မိုးကုတ်မြို့ရှိ လူဦးရေမှာ ( ၇၇,၆၀၉ ) ယောက်ဖြစ်သည်။

သို့သော် 1990 နောက်ပိုင်းတွင် ကျောက်မျက်ဖက်စပ် လုပ်ငန်းကြီးများ ဝင်ရောက်လုပ်ကိုင်ခြင်း ၊ ကျောက်များ ရှားပါးလာခြင်း ကျောက်နီကြိုက်သော ဥရောပသားတို့ စီးပွားရေး ကျဆင်းကာ ကျောက်ဝယ်ယူမှု နည်းပါး လာခြင်း တို့ကြောင့် မိုးကုတ်စီးပွားရေးလည်း ကျဆင်းသွားကာ ယနေ့မိုးကုတ်သည် အတိတ်၏ ချမ်းသာကြွယ်ဝမှုပြယုဂ်အဖြစ်သာ ကျန်ရစ်နေတော့ သည်။ မိုးကုတ်မြို့သည် ရာသီဥတု သာယာအေးမြသလို ၊ လည်ပတ်စရာ နေရာများစွာနှင့် ဓါတ်ပုံဆရာတို့ ဓါတ်ပုံရိုက်စရာ နေရာများစွာ အကွက်အကွင်း များစွာ ဖော်ထုတ်ရိုက်ယူရန် နေရာကောင်း တစ်ခုဖြစ်သည်။ ဆောင်းရာသီတွင် သွားရောက်ပါက အသင့်တော် ဆုံးဖြစ်သည်။ သွားရောက်လည်ပတ်မည်ဆိုလျှင် မေမြို့လမ်းမှာ နယ်မြေအခြေနေကြောင့် မသွားစေလို၊ ( ၉၉၉ ) ကွေ့ရှိရာ လမ်းဟောင်းမှသာ သွားစေလိုသည်။ ထို့အတွက် ကားမူး ပျောက်ဆေး ကြိုတင်သောက်ပြီးသွားစေလိုသည်။

သုခုမအလင်းတန်းများ

Ref:

– ကမ႓ာကသိတဲ့ပတ္တမြားမြေ ( မောင်ထွန်းဦး )

Leave a Reply