တရား​ေစာင္​့ နတ္​သမီး ဆုိသည္မွာ

Posted on

ေရးသားသူ – ဦး​ေဝမင္​းအိမ္

တရားဥပေဒစိုးမိုးေရး ကို သရုပ္ေဖာ္ထားတဲ့ အမ်ိဳးသမီးရုပ္တုတစ္ခုရွိပါတယ္ ။ အဲဒီရုပ္တုကို Lady Justice လို႕ ေခၚပါတယ္ ။ အဲဒီရုပ္တုဟာ မ်က္လံုးကိုအ၀တ္တစ္စစည္းပိတ္ထားၿပီး ဘယ္ဖက္လက္မွာ အတိမ္းအေစာင္းမရွိတဲ့ ခ်ိန္ခြင္တခုကို ကိုင္ေျမွာက္ထားၿပီး ယာဘက္လက္မွာေတာ့ ႏွစ္ဖက္သြား ဓားတလက္ကို ကိုင္စဲြထားပါတယ္ ။ အဲဒီရုပ္တုဟာ လူ႕ေလာကလူ႕အသိုင္းအ၀ိုင္းမွာ တရားဥပေဒစိုးမိုးေရးကို ေဆာင္ရြက္ၾက ရာမွာ ထားရွိရမဲ့ စိတ္သေဘာကို လူပုဂၢိဳလ္တစ္ေယာက္ရဲ႕ ရုပ္အသြင္နဲ႔ တင္စားပံုေဖာ္ထားတဲ့ ရုပ္တုတစ္ခုပဲျဖစ္ ပါတယ္ ။

တရား​ေစာင္​့နတ္​သမီး Lady Justice ဟာ ဂရိဒဏၰာရီလာ နတ္​ဘုရားတစ္​ပါး ျဖစ္​ျပီး ဂရ္ိဘာသာမွာ သူမကို Lustitia (သုိ႔) Justitia လို႔ ​ေခၚဆိုၾကပါတယ္​။ Lady Justice ဟာ ဂရိလူမ်ဳိးတို ႔ရဲ႕ ဘာသာ​ေရး ကိုးကြယ္​မႈအရ ​ေပၚ​ေပါက္​လာတဲ့ နတ္​ဘုရားတစ္​ပါး မဟုတ္​
ပါဘူး။ Lady Justice ဟာ​ ဂရိ နဲ႔ ေရာမအင္​ပါယာဘုရင္ Augustus က ဗိမာန္တည္​​ေဆာက္ခ်ီးျမႇင္​့ျခင္​း ခံရတဲ့ နတ္​ဘုရားတစ္ပါးသာ​ ျဖစ္​ပါတယ္​။

တရား​ေစာင္​့နတ္​သမီးရဲ႕ ဝိေသသလကၡဏာမ်ား က​​ေတာ့

၁ – မ်က္​လံုးကို အဝတ္ ​စည္​း​ေႏွာင္​ထားျခင္​း – Blindfolded

၂ – ဘယ္​ဖက္လက္တြင္​ ခ်ိန္​ခြင္​ကို ကိုင္​​ေဆာင္​ထားျခင္​း – A Set of Scales

၃ – ညာဖက္​လက္တြင္​ ဓားကို ကိုင္​​ေဆာင္​ထားျခင္​း – Sword

၄ – ေရွးေခတ္ Greco -Roman ဝတ္ရံုလႊာ ျခံဳထားျခင္း – Toga

• မ်က္​လံုးကို အ၀တ္ စည္​း​ေႏွာင္​ထားျခင္​း – Blindfolded

မ်က္​လံုးကို အဝတ္ စည္​း​ေႏွာင္​ထားျခင္​းသည္​ သမာသမတ္​က်မႈ / ဘက္​မလိုက္​မႈကို ကုိယ္​စားျပဳပါတယ္​။ သို႔​ေပမယ္​့ တရား​ေစာင့္နတ္​သမီးရဲ႕ မူလအစမွာ​​ေတာ့ မ်က္​လံုးကို အဝတ္​စည္​း​ေႏွာင္​ထားျခင္​း မ႐ွိခဲ့ပါ။ ၁၆ ရာစု အစမွသာ တရား​ေစာင္​့နတ္​သမီး႐ုပ္​ထုမ်ားတြင္​ မ်က္​လံုးကို အဝတ္​စည္​းလာခဲ့ျခင္​း ျဖစ္​ပါသည္​​။ တရားစီရင္ဆံုျဖတ္ရာမွာ မံသစကၡဳ လို႕ေခၚတဲ့ မ်က္ေစ့အျမင္နဲ႕မၾကည့္ ၊ ညာဏ စကၡဳ လို႕ ဆိုတဲ့ ဥာဏ္ပညာ ဆင္ျခင္တံုတရားနဲ႕သာ ခ်င့္ခ်ိန္ဆံုးျဖတ္ရမယ္ဆိုတဲ့ အဓိပၸါယ္ပါပဲ ။

• ခ်ိန္​ခြင္​ – A Set of Scales

ခ်ိန္​ခြင္​က​ေတာ့ တရားမ်ွတမႈ – Justice ကို ကိုယ္​စားျပဳ ပါတယ္​​။ တရားမႈနဲ႔ မတရားမႈ အားျပိဳင္ ​မ်ွ​ေျခ တစ္​ခုလည္​း ျဖစ္​ပါတယ္​။ အႏူးဘစ္​ -God Anubis ကို တရားစီရင္​စဥ္​က ခ်ိန္​ခြင္​​ရဲ႕တစ္​ဖက္ မွာ လူ႔ႏွလံုးသားကို တင္ၿပီး​ ခ်ိန္​ခြင္ရဲ႕အျခားတစ္​ဖက္ မွာေတာ့ အမွန္​တရား ငွက္​​ေမႊးကိုတင္​ကာ စီရင္​ခဲ့ဖူးတယ္​လို႔ မွတ္​သားရပါတယ္​။

• ဓား – Sword

ဓားက​ေတာ့ အခြင္​့အာဏာ – Authority ကို ကုိယ္​စားျပဳပါတယ္​။ တိက်မွန္​ကန္​ျပတ္​သားစြာ​ ေဆာင္ရြက္​သည္​့ သ​ေဘာျဖစ္​တယ္လို႔လည္​း ယူဆရပါတယ္​။ ဂရိေခတ္ ၊ ေရာမေခတ္တို႕မွာ ဓား သေကၤတဟာ အခ်ဳပ္အျခာအာဏာကို ကိုယ္စားျပဳပါတယ္ ။ ဒါ့အျပင္ ႏွစ္ဖက္သြားဓားဟာ ထက္ျမက္ ျပတ္သားမႈ ၊ လွ်င္ျမန္မႈ နဲ႕ အဆံုးသတ္မႈ တို႕ကို ကိုယ္စားျပဳ တာျဖစ္တဲ့အတြက္ တရားစီရင္ေရးဆိုသည္မွာလည္း ထက္ျမက္ ျပတ္သားရမယ္ ၊ လွ်င္ျမန္ရမယ္ ၊ ေနာက္ဆံုး ဆံုးျဖတ္ခ်က္ဟာ တိက်ေသခ်ာရမယ္လို႕ ေဖာ္ညႊန္းထားတာျဖစ္ပါတယ္ ။

• ဝတ္ရံုလႊာ -Toga

ေရွးေခတ္ Greco -Roman ဝတ္ရံုလႊာ ကေတာ့ တရားမၽွတမႈ ကို ႐ုပ္လံုးေဖၚေသာ အေတြးအေခၚ သေဘာထားဆိုတဲ့ အဓိပၸါယ္ သေကၤတတစ္ခု ျဖစ္ပါတယ္။ တရား​ေစာင္​႕နတ္​သမီးနဲ႔ ပူးတြဲ​ ေတြ႕ျမင္​ရ​ေလ့႐ွိတဲ့ နတ္​ဘုရားတစ္​ပါးက​ေတာ့ မွန္​နဲ႔ ေႁမြကို ကိုင္ေဆာင္​ထားတဲ့ Prudentia ဆိုတဲ့ နတ္​ဘုရားပဲ ျဖစ္​ပါတယ္​။ ဒါ့ျပင္​သူမ နဲ႔ တန္​းတူအဆင့္႐ွိတဲ့ အျခား နတ္​ဘုရား ၂ ပါး ႐ွိပါ​ေသးတယ္​။ သူတို႔ က​​ေတာ့ Themis နဲ႔ Dike တို႔ပဲ ျဖစ္​ပါတယ္​။

• Themis ( God of Divine Order, Fairness, Natural Law and Custom )

Themis ဟာ ဇုစ္နတ္​မင္​း – Zeus ရဲ႕ ၾကင္ယာ​ေတာ္ ​တစ္​ပါး ျဖစ္​ပါတယ္​။ သူမဟာ ဂရိအေစာဆုံးနတ္ေတြျဖစ္တဲ့ Gaia (Earth) နဲ႔ Uranus (Heaven) တုိ႔ရဲ႕သမီးပါ။ သူမက​ေတာ့ ခ်ိန္​ခြင္နဲ႔ ဓားကုိ ကိုင္​​ေဆာင္ထား​ေလ့ ႐ွိၿပီး တရားမွ်တျခင္းနတ္သမီးျဖစ္ပါတယ္။

• Dike ( God of Moral Order and Fair Judgement )

Dike က​ေတာ့ Themis နဲ႔ Zeus တို႔ရဲ႕ သမီးျဖစ္​ပါတယ္​။ သူမက​ေတာ့ ခ်ိန္​ခြင္နဲ႔ သံလြင္​ခက္ကို ကုိင္​​ေဆာင္​ထားပါတယ္​​။ ​ဂရိဒ႑ာရီေတြထဲမွာတာ့ သူမဟာ ကမာၻႀကီးရဲ႕ ​ေရႊခတ္​၊​ ေငြ​ေခတ္တုန္းက  ကမာၻ​ေပၚမွာ​ ေနထုိင္​ခဲ့ပါတယ္​။ သူမ​ ေနထိုင္​စဥ္​က လူသားမ်ဳိးႏြယ္​ ျငိမ္​းခ်မ္​းမႈ ရွိခဲ့တယ္​လို႔ သိရပါတယ္​။ ​ေနာက္​ပိုင္​း သူမ ကို Zeus က Mount Olympus သို႔ ျပန္​​ေခၚလိုက္​ခ်ိန္​ ကမာၻမွာ ​ေၾကး​ေခတ္​သို႔​ ေရာက္​႐ွိခဲ့ၿပီး ၿငိမ္​းခ်မ္​းမႈပ်က္​သုဥ္​း ခဲ့တယ္​လို႔ ဆိုပါတယ္​။ သူမ နဲ႔ အတူ ဆက္​စပ္​​ေတြ႔ရ​ေလ့႐ွိတဲ့ နတ္​ဘုရားက​ေတာ့ Astraea လို႔ ေခၚတဲ့ God of Innocence and Purity ပဲ ျဖစ္​ပါတယ္​။


တရား​စောင်​့ နတ်​သမီး ဆိုသည်မှာ (unicode)

ရေးသားသူ – ဦး​ဝေမင်​းအိမ်

တရားဥပဒေစိုးမိုးရေး ကို သရုပ်ဖော်ထားတဲ့ အမျိုးသမီးရုပ်တုတစ်ခုရှိပါတယ် ။ အဲဒီရုပ်တုကို Lady Justice လို့ ခေါ်ပါတယ် ။ အဲဒီရုပ်တုဟာ မျက်လုံးကိုအဝတ်တစ်စစည်းပိတ်ထားပြီး ဘယ်ဖက်လက်မှာ အတိမ်းအစောင်းမရှိတဲ့ ချိန်ခွင်တခုကို ကိုင်မြှောက်ထားပြီး ယာဘက်လက်မှာတော့ နှစ်ဖက်သွား ဓားတလက်ကို ကိုင်စွဲထားပါတယ် ။ အဲဒီရုပ်တုဟာ လူ့လောကလူ့အသိုင်းအဝိုင်းမှာ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ကြ ရာမှာ ထားရှိရမဲ့ စိတ်သဘောကို လူပုဂ္ဂိုလ်တစ်ယောက်ရဲ့ ရုပ်အသွင်နဲ့ တင်စားပုံဖော်ထားတဲ့ ရုပ်တုတစ်ခုပဲဖြစ် ပါတယ် ။

တရား​စောင်​့နတ်​သမီး Lady Justice ဟာ ဂရိဒဏ္ဏာရီလာ နတ်​ဘုရားတစ်​ပါး ဖြစ်​ပြီး ဂရိ်ဘာသာမှာ သူမကို Lustitia (သို့) Justitia လို့ ​ခေါ်ဆိုကြပါတယ်​။ Lady Justice ဟာ ဂရိလူမျိုးတို့ရဲ့ ဘာသာ​ရေး ကိုးကွယ်​မှုအရ ​ပေါ်​ပေါက်​လာတဲ့ နတ်​ဘုရားတစ်​ပါး မဟုတ်​
ပါဘူး။ Lady Justice ဟာ​ ဂရိ နဲ့ ရောမအင်​ပါယာဘုရင် Augustus က ဗိမာန်တည်​​ဆောက်ချီးမြှင်​့ခြင်​း ခံရတဲ့ နတ်​ဘုရားတစ်ပါးသာ​ ဖြစ်​ပါတယ်​။

တရား​စောင်​့နတ်​သမီးရဲ့ ဝိသေသလက္ခဏာများ က​​တော့

၁ – မျက်​လုံးကို အဝတ် ​စည်​း​နှောင်​ထားခြင်​း – Blindfolded

၂ – ဘယ်​ဖက်လက်တွင်​ ချိန်​ခွင်​ကို ကိုင်​​ဆောင်​ထားခြင်​း – A Set of Scales

၃ – ညာဖက်​လက်တွင်​ ဓားကို ကိုင်​​ဆောင်​ထားခြင်​း – Sword

၄ – ရှေးခေတ် Greco -Roman ဝတ်ရုံလွှာ ခြုံထားခြင်း – Toga

• မျက်​လုံးကို အဝတ် စည်​း​နှောင်​ထားခြင်​း – Blindfolded

မျက်​လုံးကို အဝတ် စည်​း​နှောင်​ထားခြင်​းသည်​ သမာသမတ်​ကျမှု / ဘက်​မလိုက်​မှုကို ကိုယ်​စားပြုပါတယ်​။ သို့​ပေမယ်​့ တရား​စောင့်နတ်​သမီးရဲ့ မူလအစမှာ​​တော့ မျက်​လုံးကို အဝတ်​စည်​း​နှောင်​ထားခြင်​း မရှိခဲ့ပါ။ ၁၆ ရာစု အစမှသာ တရား​စောင်​့နတ်​သမီးရုပ်​ထုများတွင်​ မျက်​လုံးကို အဝတ်​စည်​းလာခဲ့ခြင်​း ဖြစ်​ပါသည်​​။ တရားစီရင်ဆုံဖြတ်ရာမှာ မံသစက္ခု လို့ခေါ်တဲ့ မျက်စေ့အမြင်နဲ့မကြည့် ၊ ညာဏ စက္ခု လို့ ဆိုတဲ့ ဥာဏ်ပညာ ဆင်ခြင်တုံတရားနဲ့သာ ချင့်ချိန်ဆုံးဖြတ်ရမယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ ။

• ချိန်​ခွင်​ – A Set of Scales

ချိန်​ခွင်​က​တော့ တရားမျှတမှု – Justice ကို ကိုယ်​စားပြု ပါတယ်​​။ တရားမှုနဲ့ မတရားမှု အားပြိုင် ​မျှ​ခြေ တစ်​ခုလည်​း ဖြစ်​ပါတယ်​။ အနူးဘစ်​ -God Anubis ကို တရားစီရင်​စဉ်​က ချိန်​ခွင်​​ရဲ့တစ်​ဖက် မှာ လူ့နှလုံးသားကို တင်ပြီး​ ချိန်​ခွင်ရဲ့အခြားတစ်​ဖက် မှာတော့ အမှန်​တရား ငှက်​​မွှေးကိုတင်​ကာ စီရင်​ခဲ့ဖူးတယ်​လို့ မှတ်​သားရပါတယ်​။

• ဓား – Sword

ဓားက​တော့ အခွင်​့အာဏာ – Authority ကို ကိုယ်​စားပြုပါတယ်​။ တိကျမှန်​ကန်​ပြတ်​သားစွာ​ ဆောင်ရွက်​သည်​့ သ​ဘောဖြစ်​တယ်လို့လည်​း ယူဆရပါတယ်​။ ဂရိခေတ် ၊ ရောမခေတ်တို့မှာ ဓား သင်္ကေတဟာ အချုပ်အခြာအာဏာကို ကိုယ်စားပြုပါတယ် ။ ဒါ့အပြင် နှစ်ဖက်သွားဓားဟာ ထက်မြက် ပြတ်သားမှု ၊ လျှင်မြန်မှု နဲ့ အဆုံးသတ်မှု တို့ကို ကိုယ်စားပြု တာဖြစ်တဲ့အတွက် တရားစီရင်ရေးဆိုသည်မှာလည်း ထက်မြက် ပြတ်သားရမယ် ၊ လျှင်မြန်ရမယ် ၊ နောက်ဆုံး ဆုံးဖြတ်ချက်ဟာ တိကျသေချာရမယ်လို့ ဖော်ညွှန်းထားတာဖြစ်ပါတယ် ။

• ဝတ်ရုံလွှာ -Toga

ရှေးခေတ် Greco -Roman ဝတ်ရုံလွှာ ကတော့ တရားမျှတမှု ကို ရုပ်လုံးဖေါ်သော အတွေးအခေါ် သဘောထားဆိုတဲ့ အဓိပ္ပါယ် သင်္ကေတတစ်ခု ဖြစ်ပါတယ်။ တရား​စောင်​႕နတ်​သမီးနဲ့ ပူးတွဲ​ တွေ့မြင်​ရ​လေ့ရှိတဲ့ နတ်​ဘုရားတစ်​ပါးက​တော့ မှန်​နဲ့ မြွေကို ကိုင်ဆောင်​ထားတဲ့ Prudentia ဆိုတဲ့ နတ်​ဘုရားပဲ ဖြစ်​ပါတယ်​။ ဒါ့ပြင်​သူမ နဲ့ တန်​းတူအဆင့်ရှိတဲ့ အခြား နတ်​ဘုရား ၂ ပါး ရှိပါ​သေးတယ်​။ သူတို့ က​​တော့ Themis နဲ့ Dike တို့ပဲ ဖြစ်​ပါတယ်​။

• Themis ( God of Divine Order, Fairness, Natural Law and Custom )

Themis ဟာ ဇုစ်နတ်​မင်​း – Zeus ရဲ့ ကြင်ယာ​တော် ​တစ်​ပါး ဖြစ်​ပါတယ်​။ သူမဟာ ဂရိအစောဆုံးနတ်တွေဖြစ်တဲ့ Gaia (Earth) နဲ့ Uranus (Heaven) တို့ရဲ့သမီးပါ။ သူမက​တော့ ချိန်​ခွင်နဲ့ ဓားကို ကိုင်​​ဆောင်ထား​လေ့ ရှိပါတယ်​။

• Dike ( God of Moral Order and Fair Judgement )

Dike က​တော့ Themis နဲ့ Zeus တို့ရဲ့ သမီးဖြစ်​ပါတယ်​။ သူမက​တော့ ချိန်​ခွင်နဲ့ သံလွင်​ခက်ကို ကိုင်​​ဆောင်​ထားပါတယ်​​။ ​ဂရိဒဏ္ဍာရီတွေထဲမှာတာ့ သူမဟာ ကမ္ဘာကြီးရဲ့ ​ရွှေခတ်​၊​ ငွေ​ခေတ်တုန်းက  ကမ္ဘာ​ပေါ်မှာ​ နေထိုင်​ခဲ့ပါတယ်​။ သူမ​ နေထိုင်​စဉ်​က လူသားမျိုးနွယ်​ ငြိမ်​းချမ်​းမှု ရှိခဲ့တယ်​လို့ သိရပါတယ်​။ ​နောက်​ပိုင်​း သူမ ကို Zeus က Mount Olympus သို့ ပြန်​​ခေါ်လိုက်​ချိန်​ ကမ္ဘာမှာ ​ကြေး​ခေတ်​သို့​ ရောက်​ရှိခဲ့ပြီး ငြိမ်​းချမ်​းမှုပျက်​သုဉ်​း ခဲ့တယ်​လို့ ဆိုပါတယ်​။ သူမ နဲ့ အတူ ဆက်​စပ်​​တွေ့ရ​လေ့ရှိတဲ့ နတ်​ဘုရားက​တော့ Astraea လို့ ခေါ်တဲ့ God of Innocence and Purity ပဲ ဖြစ်​ပါတယ်​။

Leave a Reply