စိတ္၀င္စားဖြယ္ လူ၀င္စားတုိ႔အေၾကာင္း

Posted on

ေရးသားသူ – Phyo Aung

မၾကာခဏဆိုသလို လူ၀င္စားၿဖစ္ရပ္သတင္းမ်ားသည္ ကၽြန္ေတာ္တို႔ပတ္၀န္းက်င္မ်ားတြင္လည္းေကာင္း ၊ စာအုပ္မ်ားတြင္လည္းေကာင္း ဖတ္ဖူး ၾကားဖူးၾကေပလိမ္႔မည္။ ကမာၻအရပ္ရပ္၌လည္း အတိတ္ဘ၀ကို ေကာင္းစြာမွတ္မိ၍ ေသခ်ာ ေၿပာၿပႏိုင္ေသာ ကေလးသူငယ္မ်ား တခါတရံ ေပၚထြက္လာေလ႔ရွိ၏။

ယံုၾကည္သူမ်ားႏွင့္ မယံုႀကည္သူမ်ား

အတိတ္ဘ၀ကို ယံုၾကည္လက္ခံၾကေသာသူမ်ားက ၿဖစ္ရိုးၿဖစ္စဥ္ ဟုသာမွတ္ယူ၍ စိတ္မ၀င္စားၾကေခ်။ မယံုၾကည္သူမ်ားကလည္း ကေလး၏ေပါက္ကရ ေၿပာဆိုမွဳဟူ၍ အေလးမထားဘဲ ေမ႔ပစ္လိုက္ၾကသည္ကမ်ား၏။

မယံုၾကည္သူမ်ား၏ စြပ္စြဲခ်က္ႏွင္႔ စဥ္းစားရမည္႔အခ်က္မ်ား

မယံုၾကည္လက္မခံလိုသူမ်ားက ထိုအမွဳမ်ားအားလံုးသည္ လိမ္လည္ေသာအရာမ်ားသာၿဖစ္ၾကပါသည္ ဟုစြပ္စြဲၾကသည္။ သို႕ရာတြင္ စဥ္းစားရန္ရွိသည္မွာ…. လူ၀င္စားမွဳမ်ားကို တီထြင္လိမ္လည္ရန္ မွာလြယ္ကူေသာ ကိစၥေတာ႔မဟုတ္ေပ။ အသက္သံုးႏွစ္သား ကေလးကို မိဘေဆြမ်ိဳးမ်ားက အပင္ပန္းခံ ဇာတ္တိုက္ကာ အခ်ိန္ကုန္ခံ၍ သင္ၾကားရေပမည္။

သုေတသီမ်ားေရွ႕၌ ေသသူ၏ ေဆြမ်ိဳးသားခ်င္းမ်ား၏ ကိုယ္ေရးကိုယ္တာအေၾကာင္းမ်ား၊ ဘ၀ေဟာင္းက ပိုင္ဆိုင္ခဲ႔ေသာပစၥည္းမ်ားႏွင္႔ ၀ယ္ယူခဲ႔ေသာေနရာမ်ား စေသာ သုေတသီတုိ႔ ေမးသမွ် အေသးစိတ္ခြဲၿခား ၍ အခ်က္ေပါင္းမ်ားစြာကို မွတ္မိေလေအာင္ ၃ႏွစ္သားကေလးမ်ားအဖို႔ အလြတ္က်က္သင္ၾကားထားရန္ လြယ္ကူပါမည္ေလာ။

ဤအခ်က္မ်ားႏွင္႔အၿခားစဥ္းစားစရာအခ်က္မ်ားစြာကို ေထာက္ခ်င္႔၍ သုေတသီမ်ားၿပဳစုထားေသာ ေထာင္ႏွင္႔ခ်ီ ရွိေသာ လူ၀င္စားအမွဳအားလံုးမွာ လိမ္လည္လွည္႔စားေသာ အရာမ်ားသာၿဖစ္ပါသည္ဟု မဆုိႏိုင္ေပ။

သုေတသီ ေဒါက္တာ စတီဗင္ဆင္

ဗားဂ်ီးနီးယားတကၠသိုလ္မွ ပရစိတၱေဗဒ ပါေမာကၡ ေဒါက္တာ အီအန္စတီဗင္ဆင္(Dr. Ian Stevenson)သည္ ကမာၻတလႊား ႏိုင္ငံမ်ားစြာ သြားေရာက္၍ လူ၀င္စားဆိုသူမ်ားအား စံုစမ္းေလ႔လာခဲ႔ေသာ လူ၀င္စားအမွဳမ်ားမွာ အမွဳေပါင္း ၃၀၀၀ ေက်ာ္ရွိေနၿပီၿဖစ္သည္။

လူ၀င္စားအမွဳမ်ားတြင္ ထင္ရွားေသာ လကၡဏာ ေလးခုကိုေတြ႕ရေပမည္။၎တို႔မွာ-

(၁) လူ၀င္စားၿဖစ္သည္ ဆိုေသာသူသည္ ကေလးအရြယ္ အသက္သံုးႏွစ္ေလာက္ကစ၍ မိမိ၏ အတိတ္ဘ၀အေၾကာင္း ကို မွန္ကန္စြာ ေၿပာၿပႏိုင္ၿခင္း။

(၂) ဘ၀ေဟာင္းမွ မိဘေဆြမိ်ဳးသားၿခင္းမ်ား၊ မိတ္ေဆြအေပါင္းအသင္းမ်ား၊ ေနရာဌာန ႏွင္႔ကိုယ္ပိုင္ပစၥည္းမ်ားကို ေကာင္းစြာ ခြဲၿခားမွတ္မိၿခင္း။

(၃) မိမိဘ၀ေဟာင္းႏွင္႔ပတ္သက္၍ စိတ္လွဳပ္ရွား ခံစားမွဳရွိၿခင္း၊ ဘ၀ေဟာင္းက လူမ်ား၊ ေနရာဌာန မ်ားႏွင္႔ၿဖစ္ပ်က္မွဳ မ်ားသည္ ခ်စ္စိတ္၊ မုန္းစိတ္၊ ေၾကာက္စိတ္ စသည္တို႔ကိုၿဖစ္ေပၚေစၿခင္း။

(၄) လူ၀င္စားဆိုသူ ႏွင္႔ဆိုင္ရာ အတိတ္ဘ၀ ပုဂိၢဳလ္တြင္ စရိုက္၊၀ါသနာ တို႔တူညီမွဳရွိၾကၿခင္း။

ဘရားဇီးႏိုင္ငံမွ လူ၀င္စားဆိုင္မြန္နီ

ဘရာဇီးႏိုင္ငံမွ လူ၀င္စားသုေတသန ဌာနမွ ေတြ႕ရွိခဲ႔ေသာ ဆိုင္မြန္နီ သည္ ဘရာဇီးႏိုင္ငံသူၿဖစ္လ်က္ ငယ္စဥ္ကတည္းကပင္ အီတာလ်ံစကားကို ေၿပာဆိုႏိုင္၏။ သူႏွင္႔ အတူေနထိုင္ေသာ မိဘ၊ေဆြမ်ိဳးသားခ်င္းမ်ားႏွင္႔ ပတ္၀န္းက်င္အသိုင္းအ၀ိုင္းမ်ားတြင္လည္း အီတာလ်ံစကားကို ေၿပာဆိုတတ္သူ၊ စိတ္၀င္တစားေလ႔လာသူဟူ၍ လည္းမရွိေခ်။

သို႔ေသာ္ ဆိုင္မြန္နီသည္ စကားေၿပာတတ္သည္႔အရြယ္မွ စ၍ အီတာလ်ံစကားကို ထူးထူးၿခားၿခားစေၿပာ၏။ ႏွစ္ႏွစ္အရြယ္တြင္ အီတာလ်ံစကားကို သြက္သြက္လက္လက္ ေၿပာဆိုႏိုင္သည္႔အၿပင္အီတာလ်ံကဗ်ာမ်ား ကုိလည္းရြတ္ဆိုႏိုင္၏။ ေလယာဥ္အသံမ်ား ၾကားလွ်င္ ေၾကာက္လန္႔တၾကား ၿဖစ္ေနတတ္သည္။

ဗံုးဆန္မွန္၍ ေသဆံုးခဲ႔ေသာ အီတလီသူ

သူ၏အတိတ္ဘ၀အေၾကာင္းကိုေၿပာၿပရာ…

သူသည္ဘ၀ေဟာင္းက အီတလီ၊ ေရာမၿမိဳ႕ရွိ မိဘမဲ႔ေက်ာင္းတြင္ ေနခဲ႔ရေၾကာင္း၊ အင္ဂ်လီနာဟု ေခၚေၾကာင္း၊ တေန႕တြင္ ဗံုးၾကဲေလယာဥ္မ်ား ေရာမၿမိဳ႕ေပၚသို႔ဗံုးၾကဲရာတြင္ သူတို႔မိဘမဲ႔ေက်ာင္းကို ထိမွန္ခဲ႔ေၾကာင္း၊ ဗံုးၾကဲသည္႔အခ်ိန္တြင္ တကိုယ္လံုး ပူခနဲၿဖစ္ၿပီး ေကာင္းကင္ဘံုကိုေရာက္သြားခဲ႔ေၾကာင္း…. သံုးႏွစ္အရြယ္ ဆိုင္မြန္က သူ၏ အတိတ္ဘ၀အေၾကာင္းအား ေၿပာၿပခဲ႔၏။

လက္ဘႏြန္ၿပည္မွ လူ၀င္စားမႈ

လက္ဘႏြန္ၿပည္၊ ေကာ္နယ္ရြာ (Kornayel)မွ အိမတ္ (Imad Elawar)သည္ အသက္ႏွစ္ႏွစ္ အရြယ္တြင္ အတိတ္ဘ၀က သူေနခဲ႔ေသာ ခရီဘီ ရြာ(Khriby)ႏွင္႔ ဘ၀ေဟာင္းက မိဘမ်ား၊ အၿခားလူမ်ား၊ ပိုင္ဆိုင္မွဳပစၥည္းမ်ားအေၾကာင္း၊ ေတာထဲ၌အမဲလိုက္ထြက္ပံု၊ ဘတ္(စ္)ကား ေမွာက္၍ေသဆံုးခဲ႔ပံု၊ ေခ်ာေမာလွပေသာ မယားငယ္အေၾကာင္း ႏွင္႔ အၿခားၿဖစ္ရပ္မ်ားအား လက္ရွိ မိဘ၊ေဆြမ်ိဳးမ်ားအားေၿပာၿပေလ႔ရွိ၏။ ဘ၀ေဟာင္းမွ ခရီဘီ ေက်းရြာေလးသို႔ သြားလိုေၾကာင္း လည္း မၾကာမၾကာ ပူဆာတတ္၏။

ခရီဘီေက်းရြာသို႔ လူ၀င္စားသုေတသန

စိတ္၀ိညာဥ္သုေတသီ ေဒါက္တာစတီဗင္ဆင္သည္ အိမန္ေနထိုင္ရာ ေကာ္နယ္ရြာသို႕ ေရာက္သြားေသာအခ်ိန္၌ လူ၀င္စား အိမတ္ႏွင္႔ သူ၏မိဘမ်ားမွာ ခရီဘီေက်းရြာသို႔ မသြားရေသးေပ။ စတီဗင္ဆင္ အဖြဲ႕ႏွင္႔အတူ လူ၀င္စားေလး အိမတ္ႏွင္႔ သူ၏မိဘမ်ားသည္ ခရီဘီေက်းရြာသို႔ သုေတသနခရီးအၿဖစ္ သြားခဲ႔ၾက၏။

ဘ၀ေဟာင္းမွ သံေယာဇဥ္

အိမတ္သည္ ခရစ္ဘီေက်းရြာသိုု႔ေရာက္ေသာအခါ ဘ၀ေဟာင္းမွ ေဆြမိ်ဳးမ်ား၊ မိတ္ေဆြမ်ားႏွင္႔ လွပေသာမယားငယ္တို႔ကို ေကာင္းစြာမွတ္မိ၍ သူတို႔အေၾကာင္းကို ေၿပာၿပႏိုင္၏။

သုေတသီတို႕က အိမတ္ ေၿပာၿပေသာ ဘ၀ေဟာင္းမွ အေၾကာင္းမ်ားကိုအေသးစိတ္ စံုစမ္းေလ႔လာၾကည္႔ရာ မွန္ကန္မွဳရွိေၾကာင္းသိခဲ႔ရသည္။ အတိတ္ဘ၀က မေသမွီေနာက္ဆံုး ေၿပာခဲ႔ေသာ စကားကိုပင္ အိမတ္က ၿပန္ေၿပာၿပရာ ဘ၀ေဟာင္းမွ ေဆြမ်ိဳးမ်ားမွ မွန္ကန္ေၾကာင္း အတည္ၿပဳေပးခဲ႔သည္။

အတိတ္ဘ၀က အေၾကာက္တရား

အိမတ္သည္ ဘတ္(စ္)ကားၿမင္လွ်င္ ေၾကာက္တတ္ေလ႔ရွိ ရာ သူ၏အတိတ္ဘ၀က ဘတ္(စ္)ကားေမွာက္၍ ေသဆံုးခဲ႔ေၾကာင္း သိရ၏။

အတိတ္ဘ၀က ပါရမီ

အိမတ္၏ မိဘအသိုင္းအ၀ိုင္း၌ ၿပင္သစ္စကားကို တတ္ေၿမာက္သူမရွိေသာ္လည္း ကေလးဘ၀မွာပင္ ၿပင္သစ္ဘာသာစကားကို လ်င္ၿမန္စြာတတ္ေၿမာက္ခဲ႔ကာ ထူးခြ်န္ေသာ အိမတ္သည္ ဘ၀ေဟာင္းက ၿပင္သစ္စစ္တပ္တြင္ အမွဳထမ္းဖူး၍ ၿပင္သစ္စကားကို ေကာင္းစြာေၿပာတတ္သူၿဖစ္ေၾကာင္း သိခဲ႔ရသည္။

အတိတ္ဘ၀က ၀ါသနာ ယခုဘ၀အထိပါ

ငယ္ငယ္ရြယ္ရြယ္ႏွင္႔ ေတာထြက္ အမဲလိုက္ၿခင္းကို စိတ္အားထက္သန္ေနေသာ အိမတ္သည္ သူ၏ ဘ၀ေဟာင္းက လည္း အမဲလိုက္ၿခင္းကို အလြန္၀ါသနာပါခဲ႔ေၾကာင္း ေၿပာၿပခဲ႔သည္။

ဘ၀ေဟာင္းက အထံု၀ါသနာ ႏွင့္ ယခုဘဝ

သုေတသီမ်ား၏အဆိုအရ ကေလးသူငယ္မ်ား၏ အထံု၀ါသနာသည္ ေရွးဘ၀ေဟာင္းႏွင္႔ဆက္စပ္ေနတတ္၏။ ဘာသာေရး၌ စိတ္၀င္စားေသာ ကေလးငယ္မ်ားမွာ ဘ၀ေဟာင္းကဘုရားတရားၾကည္ညိဳေသာ သူမ်ားၿဖစ္ေနၾက၏။

ေၿမြမ်ားကို မေၾကာက္ဘဲစိတ္၀င္စားေသာကေလးတစ္ဦးမွာ ယခင္ဘ၀က သူခိုးလူဆိုးမ်ားရန္မွ ကာကြယ္ရန္ အိမ္တြင္ ေၿမြေဟာက္တစ္ေကာင္ေမြးခဲ႔ဖူးေသာ အမ်ိဳးသမီးတစ္ဦးၿဖစ္ခဲ႔ဖူးေၾကာင္းသိရ၏။

ဘ၀ေဟာင္းက အၾကိဳက္ႏွင္႔ယခုဘ၀ အၾကိဳက္

လူ၀င္စားမွဳမ်ား၌ ကေလးသည္ အခ်ိဳ႕ေသာအစားအေသာက္မ်ားကို ခံုမင္ႏွစ္သက္၍ အခ်ိဳ႕ကို ရြံမုန္းၿခင္းမ်ား မွာလည္း ဘ၀ေဟာင္းက လကၡဏာအၿခင္းအရာမ်ားႏွင္႔တူ၏။ အရက္ေသာက္ခ်င္ေသာ ကေလးသံုးေယာက္ႏွင္႔ ေဆးလိပ္ေသာက္ခ်င္စိတ္ၿပင္းၿပေနေသာ ကေလးတစ္ဦးမွာ ယခင္ဘ၀က အလြန္အရက္ၾကိဳက္ေသာ သူမ်ားႏွင္႔ ေဆးလိပ္ၾကိဳက္သူတို႔ ၿဖစ္ေနၾက၏။

သုေတသီမ်ား၏ ေတြ႕ရွိခ်က္မ်ားကို ေထာက္ရွဳရေသာ္ အခ်ိဳ႕ကေလးမ်ားသည္ အတိတ္ဘ၀ကို လံုး၀မမွတ္မိေစကာမူ သူတို႔၏ ထူးၿခားေသာ ၀ါသနာမ်ား၊အစြဲအလမ္းမ်ားမွာ ဘ၀ေဟာင္းမွ ပါလာေသာ ၀ါသနာမ်ားၿဖစ္ေပလိမ္႔မည္။

မိဘႏွင္႔ ပတ္၀န္းက်င္၏ လြမ္းမိုးမွဳ

မိဘမ်ားႏွင္႔ပတ္၀န္းက်င္၏ ၾသဇာလြမ္းမိုးမွဳမွာ ၾကီးမားလွသည္မွန္၏။ သို႔ရာတြင္ ဤေနရာ၌ မိဘမ်ားႏွင္႔ ပတ္၀န္းက်င္မွ တိုက္တြန္းမွဳေၾကာင္႔ စိတ္၀င္စားလာေသာ ၿဖစ္ရပ္မ်ားကို မဆိုေခ်။

ကန္႔ကြက္တားၿမစ္ေနသည္႔ၾကားမွ ထူးခၽြန္ေအာင္ၿမင္ၾကသူမ်ား

နာမည္ေက်ာ္ ဂ်ာမန္ဂီတပညာရွင္ ေဂ်ာ႔ဖရီဒရစ္ဟင္ဒယ္(Frederick Handel) သည္မိဘေဆြမ်ိဳးမ်ားက ဂီတကို လံုး၀စိတ္မ၀င္စားသည္႔အၿပင္ ဆရာ၀န္ၿဖစ္သူ ဖခင္သည္ ဂီတႏွင္႔ပတ္သက္ ၍ တင္းတင္းက်ပ္က်ပ္ပိတ္ပင္တားၿမစ္ခဲ႔ေသာ္လည္း ဟင္ဒယ္သည္ အႏုပညာေလာက တြင္ ေအာင္ၿမင္ေက်ာ္ၾကားခဲ႔၏။

ဖေလာ္ရင္႔ႏိုက္တင္ေဂးသည္ ကေလးဘ၀ကပင္ သူနာၿပဳလုပ္ငန္းကို စိတ္၀င္စား၍ မိဘေဆြမ်ိဳးမ်ား ပိတ္ပင္ေနသည္႔ၾကားမွ ဆန္႔က်င္ကာ သူနာၿပဳဆရာမအၿဖစ္ ထင္ရွားလာခဲ႔သည္။

ဘ၀ေဟာင္းက ပါရမီေလာ

ကေလးဘ၀၌ အတတ္ပညာတခုခု(ဥပမာ အားကစား၊ ဂီတ၊ ပန္းခ်ီ၊စာေပ)အား မိဘေဆြမ်ိဳးမ်ားက အားမေပးသည္႔ၾကားမွပင္ အထူးတလည္ အားစိုက္သင္ၾကားစရာမလိုဘဲ အလြယ္တကူ ကၽြမ္းက်င္တတ္ေၿမာက္ၾကသူမ်ားကို ကၽြႏုပ္တို႔ ပတ္၀န္းက်င္၌ လည္းတခါတရံေတြ႕ႏိုင္ေပသည္။ သူတို႔သည္ ဘ၀ေဟာင္းကို လံုး၀မမွတ္မိၾကပါ။

သို႔ရာတြင္ မ်က္ေမွာက္၌ အေၾကာင္းတရားရွာမရအပ္ေသာ သူတို႔၏ စိတ္၀င္စားမွဳႏွင္႔ ကၽြမ္းက်င္လိမၼာမွဳတို႔သည္ ဘ၀ေဟာင္းက ပါလာသည္ဟုယူဆဖြယ္ရွိေန၏။

အတိတ္ပါရမီႏွင္႔လိုက္ဖက္ေသာ ကမၼ႒ာန္းတရား

ဗုဒၶဘုရားရွင္လက္ထက္ေတာ္အခါက ရဟန္းငယ္တစ္ပါးသည္ အသုဘကမၼ႒ာန္းကို ၀ါတြင္း ၃လ ကာလပတ္လံုးတင္မက တန္ေဆာင္မုန္းလၿပည္႔ေန႔အထိ ပြားမ်ားေသာ္လည္း တရားတိုးတက္မွဳမရွိေခ်။

လက္ယာေတာ္ရံ အရွင္သာရိပုတၱရာက ၿမတ္ဗုဒၶထံခ်ဥ္းကပ္ၿပီး ထိုရဟန္းငယ္အတြက္ ကမၼ႒ာန္းေတာင္းေပးရာ…….ဗုဒၶၿမတ္စြာသည္ ပဒုမၼာၾကာညိဳပန္းတစ္ပြင္႔ ကို ဖန္ဆင္းေတာ္မူၿပီး ထိုရဟန္းငယ္အားေပးဧ။္။

ထို႔ေနာက္ဗုဒၶသည္ ရဟန္းငယ္အား ေဇတ၀န္ေက်ာင္းဧ။္အေနာက္ေတာင္ေထာင႔္ရွိ ေရကန္အနီးတြင္ ကသိုဏ္း၀န္းအၿဖစ္ ပဒုမၼာပန္းပြင္႔ကိုၾကည္႔ရွဳရင္း နီလကမၼ႒ာန္းကို အာရံုစိုက္ ရွဳမွတ္ပြားမ်ားရန္ မွာၾကားလိုက္၏

ထိုရဟန္းငယ္သည္ ၿမတ္ဗုဒၶခ်ီးၿမွင္႔လိုက္ေသာ ပဒုမၼာၾကာပြင္႔ႏွင္႔ ကမၼ႒ာန္းအားပြားမ်ားရာ ထိုေန႔ ေနမ၀င္မွီတြင္ မဂ္ဥာဏ္ဖိုလ္ဥာဏ္ၿဖင္႔ နိဗၺာန္စခန္းသို႔ တက္လွမ္းႏိုင္ေလေတာ႔ဧ။္ ။ ဤရဟန္းငယ္သည္ အတိတ္က ဘ၀ေပါင္း၅၀၀ တိုင္ေအာင္ ေရႊပန္းထိမ္သားၿဖစ္ခဲ႔သၿဖင္႔ ေရႊပန္းေရႊခက္မ်ား ထုလုပ္ၿခင္းတြင္ အထံုပါရမီ ရင္႔သန္ေၾကာင္းကို ၿမတ္ဗုဒၶသည္ သိၿမင္ေတာ္မူ၍ ထုိရဟန္းငယ္ဧ။္ ပါရမီႏွင္႔ လိုက္ဖက္ေသာ ကမၼ႒ာန္းအား ရွဳပြားေစေသာေၾကာင္႔ အခ်ိန္တိုအတြင္း တရားထူးရသြားၿခင္းၿဖစ္သည္။

မင္းလွၿမိဳ႕က လူ၀င္စားမႈ

မင္းလွၿမိဳ႕မွ ေမာင္သာလွ သည္ သူ၏မိဘမ်ားႏွင္႔ ဧည္႔သည္မ်ားက ၾကိဳ႕ကုန္းရြာ၊ေရႊက်င္ေက်ာင္းတိုက္မွ ေၾကးစည္ၾကီးတစ္လံုး ေပ်ာက္သြားေၾကာင္းေၿပာဆိုေနသည္ကို ၾကားမိေသာအခါ ေမာင္သာလွမွာ မေနႏိုင္ေတာ႔ဘဲ…..

“အဲဒါ…သား..အရင္တုန္းက.. လွဴခဲ႔တဲ႔ ေၾကးစည္ပဲ” ဟုၾကားၿဖတ္၀င္ေၿပာေလ၏။

“ေပါက္ေပါက္ရွာရွာ…. အဲဒါအပ်ိဳၾကီး ေဒၚေရႊမယ္လွဴခဲ႔တဲ႔ေၾကးစည္ပါ…ဟဲ႔…ေကာင္ေလးရဲ႕..”

“ဟုတ္တယ္ေလ၊ ေဒၚေရႊမယ္ၿဖစ္တုန္းက သား…လွဴခဲ႔တာေလ…”

ထိုအခါ လူမမယ္အရြယ္ ေမာင္သာလွေလးအား မိဘႏွစ္ပါးႏွင္႔ ဧည့္သည္မ်ားက တအံ႔တၾသၾကည္႔မိၾကကုန္၏။

ဘ၀ေဟာင္းက ေဆြမ်ိဳးမ်ားနင္႔ ေတြ႕ဆံုၿခင္း

ေဒၚေရႊမယ္၏ ေဆြးမိ်ဳး၊ မိတ္ေဆြမ်ားက ဤအေၾကာင္းကို ၾကားသိရေသာအခါ လူ၀င္စား ေမာင္သာလွကို လာၾကည္႔ၾက၏။ ယခု ေမာင္သာလွ ဘ၀၌ တခါမွ မၿမင္ဖူး၊ မၾကားဖူးေသာ ေဒၚေရႊမယ္၏ ေဆြးမ်ိဳးမ်ားကို လူမမယ္ေလး ေမာင္သာလွက နာမည္မ်ားေၿပာၿပႏိုင္သည္႔အၿပင္ မည္သို႔ ေဆြမ်ိဳးေတာ္စပ္ခဲ႔ပံုကိုလည္းေၿပာၿပ၏။ ေမာင္သာလွသည္ ဘ၀ေဟာင္းမွ ေဆြးမ်ိဳးမ်ားႏွင္႔ ၿပန္ဆံုရသၿဖင္႔ ေက်နပ္ေပ်ာ္ရႊင္ေနေလ၏။

ဘ၀ေဟာင္းအေၾကာင္းေၿပာၿပေသာ ေမာင္သာလွ

ဘ၀ေဟာင္းက ေဒၚေရ႔ႊမယ္အိမ္သို႔ ေခၚသြားေသာအခါ သူပိုင္ဆိိုင္ခဲ႔ဖူးေသာ ပစၥည္းမ်ားကို ခြဲၿခားၿပသည္႔အၿပင္၊ သူလွဴဒါန္းခဲ႔ဖူးေသာ အလွဴမ်ားအေၾကာင္း၊ သူ႔မိိတ္ေဆြေဟာင္းမ်ားအေၾကာင္း ေၿပာၿပေလသၿဖင္႔ ဘ၀ေဟာင္းမွ ေဒၚေရႊမယ္၏ အမ်ိဳးမ်ားမွာ လူ၀င္စား ေမာင္သာလွ ေလးကိုေဒၚေရႊမယ္အမွတ္ၿဖင္႔ အခ်စ္ၾကီးခ်စ္မိေလေတာ႔၏။

ဒါန၊ သီလဟူေသာ ကံမ်ိဳးေစ႔ႏွင္႔ စိတ္ဆႏၵ

ေဒၚေရႊမယ္္ဘ၀က အလွဴအတန္း၌ ၀ါသနာထံုသည္႔အေလ်ာက္ ငါးပါးသီလၿမဲၿပီး ေန႔စဥ္ဆြမ္းေလာင္းၿခင္း၊ ဆင္းရဲသူမ်ားအားေပးကမ္းၿခင္း၊ ဧက၂၀ လယ္ေၿမအား ဘုန္းၾကီးေက်ာင္းအတြက္ လွဴဒါန္းၿခင္း စသည္႔ကုသိုလ္မ်ားစြာအား ၿပဳခဲ႔၏။ အလွဴဒါနမ်ား ၿပဳၿပီး တိုင္း ေနာင္ဘ၀တြင္ သာသနာ႔အက်ိဳးအား ထမ္းရြက္ရေသာ ၊ဥာဏ္ပညာၾကီးေသာေယာက်္ားဘ၀အား ဆုေတာင္းခဲ႔ေၾကာင္း ေဆြမ်ိဳးမ်ားႏွင္႔ ေရႊက်င္ေက်ာင္းဆရာေတာ္တို႕ထံမွ သိရွိခဲ႔သည္။

ဘ၀ေဟာင္းက ခ်ခဲ႔ေသာ ကံမ်ိဳးေစ႔ အက်ိဳးေပးၿပီ

ေဒၚေရႊမယ္သည္ အသက္၆၀၌ ကြယ္လြန္ၿပီး ေနာက္တႏွစ္ခန္႔အၾကာတြင္ ေမာင္သာလွ အားေမြးဖြားခဲ႔၏။ ေဒၚေရႊမယ္ဘ၀က ဆႏၵၿပင္း ၿပ၍ေတာင္႔တ ခဲ႔သည္႔ေလ်ာက္ ယခုေမာင္သာလွ ဘ၀၌ပညာအလြန္ထူးခၽြန္ၿပီး၊ ေလးတန္းတြင္ စေကာလားရွစ္ဆု၊ သတၱမတန္းတြင္ စေကာလားရွစ္ဆု၊ ဆယ္တန္းေအာင္ေသာအခါတြင္ လည္းေကာလိပ္ဂ်င္ စေကာလားရွစ္ဆုကို ထူးခၽြန္စြာ ရခဲ႔၏။ ကမာၻ႕က်န္းမားေရးအဖြဲ႕ (WHO)မွ ခ်ီးၿမွင္႔ေသာ စေကာလားရွစ္ဆုရရွိၿပန္ကာ မဒရတ္တကၠသိုလ္မွ DVDဘြဲ႔ ႏွင္႔ လန္ဒန္တကၠသိုလ္မွ MBBS ဘြဲ႔တို႕ကို ရရွိခဲ႔၏။

အတိတ္ေဟာင္းက ကံမ်ိဳးေစ႔ႏွင္႔ စိတ္ဆႏၵ

ေဒၚေရႊမယ္ဘ၀က ၿပင္းၿပေသာဆႏၵရွိခဲ႔သည္႔အတိုင္း ယခု ေမာင္သာလွဘ၀တြင္ ဆရာ၀န္ၿဖစ္စမွာပင္ ကမာၻေအးကုန္းေၿမ၌ ဆရာေတာ္မ်ား၏ က်န္းမာေရးေစာင္႔ေရွာက္မွဳတာ၀န္ကိုယူရန္ ကံအေႀကာင္းသင့္၍ တာ၀န္ေပးအပ္ၿခင္းကို ၀မ္းပန္းတသာ ထမ္းရြက္ခဲ႔၏။

မႏၱေလးသို႔ေၿပာင္းေရႊ႕ေသာအခါတြင္လည္း သံဃာေတာ္မ်ား၏ က်န္းမာေရးကို ေစာင္႔ေရွာက္ရန္ ကံအေၾကာင္းလွစြာ ထပ္မံတာ၀န္ေပးအပ္ၿခင္းအား ၀မ္းေၿမာက္စြာ ခံယူထမ္းရြက္ၿပန္၏။

စြန္းလြန္းဆရာေတာ္ဘုရား ေလာင္းလ်ာဘ၀

စြန္းလြန္းဆရာေတာ္ ဘုရားသည္ လည္း အတိတ္ဘ၀တစ္ခုက… သထံုဘုရင္မႏူဟာမင္းဆည္းကပ္ ကိုးကြယ္ေသာ ဗားမဲ႔ဆရာေတာ္ၿဖစ္ခဲ႔ဖူးေၾကာင္း စြန္းလြန္းဆရာေတာ္ဘုရားၾကီး၏ ေထရုပတၱိစာအုပ္၌ မွတ္သားခဲ႔ရဘူး၏။

 

မဟာစည္ဆရာေတာ္ေၿပာေသာ သံေ၀ဂရဖြယ္ လူ၀င္စားမွဳ

အာရွႏိုင္ငံမ်ားတြင္သာမက အေနာက္ဥေရာပႏိုင္ငံမ်ားအထိပါ သီလဂုဏ္၊သမာဓိဂုဏ္၊ ပညာဂုဏ္ တို႔ေၾကာင္႔ ေနလိုလလို ထင္ရွားေတာ္မူေသာ မဟာစည္ဆရာေတာ္ဘုရားၾကီး ၏ “ဓမၼစၾကာတရားေတာ္ၾကီး” စာအုပ္၌ သံေ၀ဂရဖြယ္ေကာင္းေသာ လူ၀င္စားမွဳတစ္ခုကို ေဖာ္ၿပပါအံ႔။

စကားမေၿပာေသာ ကေလးငယ္

ေတာင္တြင္းၾကီးၿမိဳ႕ရွိစာေရးၾကီးလင္မယားတို႔တြင္ သားေယာက်္ားေလးတစ္ဦး ရွိ၏။ သို႔ေသာ္ အသက္ ၅ႏွစ္အရြယ္တိုင္ေအာင္ ကေလးငယ္မွာ စကားမေၿပာေခ်။ တေန႔တြင္…ဖခင္ၿဖစ္သူက လိုခ်င္တာေတြ၀ယ္ေပးပါမည္…စကားတစ္ခြန္း..ေတာ႔ အေဖ႔ကိုေၿပာပါဟု ၅ႏွစ္သားေလးအား ေခ်ာ႔ေမာ႔၍ တိုက္တြန္းေလ၏။

ဆပ္စရာ ရွိေသာ ဆန္တစ္စလယ္ အေၾကြး

ထိုအခါ ကေလးငယ္ပထမဆံုး..စေၿပာလိုက္သည္မွာ…. “ငညိဳဆန္တစ္စလယ္” ဟူေသာ စကားပင္ျဖစ္၏။ ဖခင္မွာ သားၿဖစ္သူ စကားစေၿပာသၿဖင္႔ ၀မ္းသာအားရၿဖစ္ကာ …

.”ငါ႔သား…မင္းစကားသာေၿပာမယ္ဆို …အေဖက ဆန္တစ္စ လယ္…မွ မဟုတ္ဘူး…ဆန္တစ္အိတ္ဆိုလဲ…ေပးမယ္ကြာ” ဟု ဆိုေလရာ..သားၿဖစ္သူက ဖခင္အား ေတာင္တြင္းၾကီးၿမိဳ႕ႏွင္႔ ၁၀ မိုင္ခန္႔ေ၀းသည္႔ ေခ်ာင္းရိုးရြာရွိ ေမာင္ညိဳဆိုသူထံ ဆန္အိတ္တစ္အိတ္ ပို႔ခိုင္းေလ၏။

အေၾကြးရွင္ႏွင္႔ေတြ႕ဆံုၿခင္း

ေခ်ာင္းရိုးရြာရွိ ေမာင္ညိဳေနထိုင္ရာ အိမ္သို႔ အရင္တုန္းက အၾကိမ္ၾကိမ္လာခဲ႔ဖူးသည္႔အလား တလမ္းလံုးရွိ လမ္းလိမ္၊လမ္းေကာက္မ်ားအား ၅ႏွစ္သားကေလးက ဦးေဆာင္လမ္းညႊန္ၿပသြားခဲ႔၏။ ဖခင္မွာ သားၿဖစ္သူ စကားစေၿပာတာကိုပင္ အလြန္ေက်နပ္၀မ္းေၿမာက္ေန၏။

သည္လိုႏွင္႔ သိပ္မၾကာမွီ ေမာင္ညိဳအိမ္သို႔ ေရာက္လာေလသည္။ ေမာင္ညိဳအရြယ္မဟုတ္ေတာ႔ေပ။ အသက္အရြယ္ေထာက္ေသာ္ ဦးညိဳဟုေခၚထိုက္ေနၿပီ။

ကေလးငယ္က ဦးညိဳကို ေတြ႕လိုက္သည္ႏွင္႔…. “ေဟ႔…. ငညိဳ..ငါ႔ကိုမွတ္မိေသးရဲ႕လားကြ”ဟု တရင္းတႏွီး ႏွဳတ္ဆက္ေလ၏။ ထိုအခါ ကေလးဖခင္ စာေရးၾကီးက ဦးညိဳအား ေတာင္းပန္စကားဆိုကာ.. သားၿဖစ္သူ၏ ထူးၿခားသည္႔အေၾကာင္းမ်ား၊ သားၿဖစ္သူက ဦးညိဳအား ဆန္တစ္စလယ္ ေပးစရာရွိသည္ဆို၍ ေခၚခဲ႔ရေၾကာင္း၊ ကေလးမွာ ယခုမွပင္ စကားစေၿပာတာၿဖစ္ေၾကာင္းရွင္းၿပေလ၏။

ၾကက္ဘ၀က အသတ္ခံရၿခင္း

ကေလးက…”ငညိဳ၊ မင္းငါ႔ကိုမမွတ္မိေတာ႔ဘူူးေပါ႔ေလ၊ ငါ ဘဆိုင္ေလကြာ၊ မင္းဆီက ငါဆန္တစ္စလယ္ေခ်းခဲ႔တယ္၊ မင္းကိုၿပန္မဆပ္ခင္ ငါပိုးထိၿပီးေသခဲ႔တယ္၊ ေသခါနီး မင္းကို ဆန္အေၾကြးဆပ္ဖို႔ငါသတိရမိေသးတယ္၊ ေသၿပီးေနာက္ မင္းအိမ္မွာတိုက္ ၾကက္ဖၿဖစ္ခ့ဲရတယ္၊ ငါက မင္းအႏိုင္ရဖို႔ ၃ ၾကိမ္တိုင္တိုင္ အႏိုင္ခြပ္ေပးခဲ႔တယ္၊ ၄ ပြဲေၿမာက္ေတာ႔ ငါ႔ထက္ၾကီးတဲ႔ၾကက္ဖနဲ႔ေတြ႕ေတာ႔ ငါမတတ္သာေတာ႔ရံွဳးခဲ႔ရတယ္၊ ရွံဳးလို႔ဆိုၿပီး စိတ္ဆိုးဆိုးနဲ႔မင္းက ငါ႔ကို ရိုက္သတ္ခဲ႔တယ္။”

ႏြားဘ၀က အသတ္ခံရျခင္း

“ေသခါနီး အသက္ ငင္ေနတုန္း မင္းအိမ္ကႏြားမၾကီးက ငါ႔ကို လာနမ္းတယ္၊ ၾကက္ဘ၀ကေသေတာ႔ အဲဒီႏြားမ ရဲ႕သမီး..ႏြားမကေလးၿဖစ္လာရတယ္၊ ႏြားအရြယ္ေရာက္လာေတာ႔ မင္းနဲ႔ မင္းသူငယ္ခ်င္းေတြက ငါ႔အသား ကိုစားဖို႔ သတ္လိုက္ၾကတယ္၊”

လူ႔ဘ၀ၿပန္ရၿပီ

“ ငါေသခါနီးေ၀ဒနာေတြနဲ႕ အသက္ငင္ေနတုန္း အခု ငါ႔အေဖၿဖစ္တဲ႔စာေရးၾကီးနဲ႔ ငါ႔အေမတို႔ ငါ႔အနား ေရာက္လာၿပီး ငါအသတ္ခံရတာကို စိတ္မေကာင္းေၾကာင္း၊ သူတို႔ႏြားဆို သတ္ရက္မည္မဟုတ္ေၾကာင္း ၀မ္းနည္းစကားေတြေၿပာသြားခဲ႔တာကို ငါၾကားလိုက္ရတယ္။

အခု ငါသူတို႔ သားၿဖစ္ေနျပီ။ မင္းရဲ႕ ဆန္အေၾကြးဆပ္ဖို႔ အခြင္႔အေရးရလာ လို႔ လာဆပ္တာပါကြာ”

လူမိုက္ၾကီးရဲ႕ေနာင္တ

ဦးညိဳမွာ နားေထာင္ရင္း မိတ္ေဆြေဟာင္းၾကီး ဘဆိုင္ႏွင္႔ ပတ္သတ္ခဲ႔ေသာ ေရွးေဟာင္းေႏွာင္းၿဖစ္မ်ား၊ မိမိ၏ ရက္စက္မွဳမ်ား၊ စိတ္လိုက္မာန္ပါ လုပ္ခဲ႔ပံုမ်ား၊ ကံ၏ဆန္းၾကယ္ပံုမ်ား ကို တေရးေရးေတြးမိၿပီး ငိုးေၾကြးမိေလေတာ႔၏။

စာေရးၾကီးသည္လည္း မိမိ၏သားစကားမေၿပာခဲ႔သည္႔အေၾကာင္းရင္းမ်ား၊ ဆန္တစ္စလယ္မွ် ေလာက္ အေၾကြးယူခဲ႔သည္ကိုပင္ စိတ္စြဲ၍ ေသဆံုးခဲ႔သည္႔ ဦးဘဆိုင္၏ ဘ၀ကံအက်ိဳးေပးအေၾကာင္းမ်ား ကိုေတြးမိကာ စိတ္မေကာင္းၿဖစ္ၿပီး မ်က္ရည္မ်ားစို႔လာေလ၏။

အတိတ္ဘ၀ကို မွတ္မိၿခင္း

လူ၀င္စားမ်ားသည္ စကားေၿပာတတ္စ ကေလးငယ္ဘ၀မွစ၍ ၁၀ႏွစ္ခန္႔အရြယ္ထိ အတိတ္ဘ၀အေၾကာင္းကို ေၿပာဆိုတတ္ၾကသည္မွာသဘာ၀က်ေပ၏။ ထိုအရြယ္သည္ ဘ၀င္စိတ္အစဥ္(၀ါ) မွတ္ဥာဏ္၌ အတိတ္အေၾကာင္းအရာမ်ား ပူပူေႏြးေႏြး ရွိေနေသးသည္႔ အခ်ိန္ၿဖစ္၍ ယခုဘ၀ အေတြ႕အၾကံဳကလည္း နည္းပါးေနေသးေသာေၾကာင္႔ အတိတ္အေၾကာင္းကို မေမ႔ႏိုင္ေသးေသာ အခ်ိန္ၿဖစ္ေပ၏။

အခ်ိန္ၾကာလာေလ အတိတ္ဘ၀ကို ေမ႔သြားၿခင္းအေၾကာင္း

အသက္၁၀ ႏွစ္ေက်ာ္လာေသာအခါ အေပါင္းအသင္းမ်ား မ်ားျပားလာၿခင္းႏွင္႔ အေတြ႕အၾကံဳသစ္မ်ားေၾကာင္႔ အတိတ္ဘ၀အေၾကာင္းကို စိတ္၀င္စားမွဳေလ်ာ႔လာၿပီး တၿဖည္းၿဖည္းေမ႔ေလ်ာ႔သြားတတ္ၾကသည္။

အတိတ္ဘ၀ကို မမွတ္မိၿခင္းအေၾကာင္း

ၿပင္သစ္ၿပည္၊ ပါရီၿမိဳ႕ေတာ္မွ လူ၀င္စားမွဳမ်ားကို စိတ္၀င္စားၾကေသာ ပညာရွင္မ်ားက လယ္တီဆရာေတာ္ဘုရားအား အတိတ္ဘ၀ကို လူတိုင္း မမွတ္ႏိုင္ရၿခင္းအေၾကာင္းအားေမးၿမန္းေလွ်ာက္ထားဖူး၏။ လယ္တီဆရာေတာ္၏အေၿဖမွာ….

(၁) အတိတ္ဘ၀၌ ေန႔ရက္ ရွည္ၾကာစြာ အနာေရာဂါဖိစီး၍ ကိုယ္အား စိတ္အား ႏြမ္းနယ္ကုန္ခမ္းၿပီးမွ ေသဆံုးခဲ႔ရၿခင္းအေၾကာင္း၊

(၂) ယခုဘ၀တြင္ အမိ၀မ္း၌ ေသးငယ္လွေသာ ကာလေရၾကည္ အၿဖစ္မွ စ၍ ေန႔ရက္ၾကာေညာင္းစြာ ၾကီးထြားလာရသၿဖင္႔ စိတ္အားေသးႏုပ္ေမွးေမာ၍ ေနခဲ႔ရၿခင္းအေၾကာင္း
တို႔ေၾကာင္႔ၿဖစ္ေၾကာင္းေၿဖၾကားေတာ္မူခဲ႔၏။

စိတ္၏ဆန္းၾကယ္မွဳ

နာမ္(စိတ္) သေဘာတရား၏ ဆန္းၾကယ္မွဳမ်ားကို ရုပ္သေဘာတရားမ်ားၿဖင္႔ အေၿဖရွာမရသည္႔အတြက္ နာမ္(ကံ) စြမ္းအားၿဖင္႔ ဘ၀ကူးေၿပာင္းၿခင္းကို နားလည္ရန္ ခဲယဥ္းလွသၿဖင္႔ တယူသန္ ရုပ္၀ါဒီသမားမ်ားမွာ လက္ခံရန္ ၀န္ေလးလွ၏။

ၿမန္မာၿပည္သူေတြအတြက္အဆန္းမဟုတ္

ဗုဒၶဘာသာ ၀င္မ်ားၿဖစ္ၾကေသာ ၿမန္မာၿပည္သူၿပည္သားတို႔သည္ အတိတ္ဘ၀မ်ား မေရမတြက္ႏိုင္ေအာင္မ်ားၿပားခဲ႔ေၾကာင္းကို ဗုဒၶ၏ တရားေတာ္၌ မၾကာခဏ ၾကားသိဖူးေနၾကရာ လူ၀င္စားသတင္းမ်ားသည္ ထူးဆန္းသည္ဟုမထင္မွတ္ၾကေတာ႔ေခ်။ အတိတ္ဘ၀မရွိဟု ယံုၾကည္ယူဆေနၾကေသာ ႏိုင္ငံမ်ား၌မူ အလြန္ထူးဆန္းသည္ဟု မွတ္ထင္ၾက၏။ ထို႔ေၾကာင္႔ အေမရိကန္ၿပည္ေထာင္စု၌ ဘရိုက္ဒီမာဖီ ကဲ႔သို႔ေသာ အတိတ္ဘ၀ဇာတ္လမ္းမ်ား စတင္ေပၚေပါက္ေသာ အခါ၌ တႏိုင္ငံလံုးက စိတ္၀င္တစား အာရံုစိုက္ခဲ႔ၾကသည္။

ထပ္မံေတြ႕ရွိေသာ လူ၀င္စားအမွဳမ်ား

လူ၀င္စားအမွဳမ်ားကို စနစ္တက် စံုစမ္းစစ္ေဆးရာ၌ သိပၸံပညာရွင္မ်ားကိုယ္တိုင္ အသိအမွတ္ၿပဳေလးစားရသည္႔ ဟားဗတ္တကၠသိုလ္မွ ပါေမာကၡWilliam James ႏွင္႔ ဗားဂ်ီးနီးယားတကၠသိုလ္မွ Dr. Ian Stevenson ႏွင္႔ အၿခား ကမာၻအရပ္ရပ္မွ ပညာရွင္သုေတသီမ်ား မွ သုေတသနလုပ္ခဲ႔ၾကသည္႔လူ၀င္စားၿဖစ္ရပ္မ်ားမွာ ေသာင္းဂဏန္းေက်ာ္သို႔ ေရာက္လာၿပီၿဖစ္သည္။

အတိတ္ဘ၀အတြက္သက္ေသ အေထာက္အထားမ်ား

ပါမာကၡ ၀ီလ်ံဂ်ိမ္းေၿပာခဲ႔သလို က်ီးၿဖဴတစ္ေကာင္ေတြ႕လွ်င္ က်ီးအားလံုးမည္းပါသည္ဟူေသာ အယူအဆပ်က္ပ်ယ္ေလ၏ ယခုအခ်ိန္အထိ ေတြ႕ရွိထားေသာ လူ၀င္စားမွဳမ်ားမွာ ဆယ္ဂဏန္းမွ်သာမဟုတ္ ရာဂဏန္းသာမက ေထာင္ဂဏန္းေက်ာ္၍ ေသာင္းဂဏန္းသို႔ပင္ေရာက္ေနၿပီ ၿဖစ္သၿဖင္႔ အတိတ္ဘ၀ရွိသည္ဟူေသာ သက္ေသအေထာက္အထားမ်ားမွာ ထပ္ထပ္တိုးလာဖို႔သာရွိေပေတာ႔သည္။


စိတ်ဝင်စားဖွယ် လူဝင်စားတို့အကြောင်း (unicode)

ရေးသားသူ – Phyo Aung

မကြာခဏဆိုသလို လူဝင်စားဖြစ်ရပ်သတင်းများသည် ကျွန်တော်တို့ပတ်ဝန်းကျင်များတွင်လည်းကောင်း ၊ စာအုပ်များတွင်လည်းကောင်း ဖတ်ဖူး ကြားဖူးကြပေလိမ့်မည်။ ကမ္ဘာအရပ်ရပ်၌လည်း အတိတ်ဘဝကို ကောင်းစွာမှတ်မိ၍ သေချာ ပြောပြနိုင်သော ကလေးသူငယ်များ တခါတရံ ပေါ်ထွက်လာလေ့ရှိ၏။

ယုံကြည်သူများနှင့် မယုံကြည်သူများ

အတိတ်ဘဝကို ယုံကြည်လက်ခံကြသောသူများက ဖြစ်ရိုးဖြစ်စဉ် ဟုသာမှတ်ယူ၍ စိတ်မဝင်စားကြချေ။ မယုံကြည်သူများကလည်း ကလေး၏ပေါက်ကရ ပြောဆိုမှုဟူ၍ အလေးမထားဘဲ မေ့ပစ်လိုက်ကြသည်ကများ၏။

မယုံကြည်သူများ၏ စွပ်စွဲချက်နှင့် စဉ်းစားရမည့်အချက်များ

မယုံကြည်လက်မခံလိုသူများက ထိုအမှုများအားလုံးသည် လိမ်လည်သောအရာများသာဖြစ်ကြပါသည် ဟုစွပ်စွဲကြသည်။ သို့ရာတွင် စဉ်းစားရန်ရှိသည်မှာ…. လူဝင်စားမှုများကို တီထွင်လိမ်လည်ရန် မှာလွယ်ကူသော ကိစ္စတော့မဟုတ်ပေ။ အသက်သုံးနှစ်သား ကလေးကို မိဘဆွေမျိုးများက အပင်ပန်းခံ ဇာတ်တိုက်ကာ အချိန်ကုန်ခံ၍ သင်ကြားရပေမည်။

သုတေသီများရှေ့၌ သေသူ၏ ဆွေမျိုးသားချင်းများ၏ ကိုယ်ရေးကိုယ်တာအကြောင်းများ၊ ဘ၀ဟောင်းက ပိုင်ဆိုင်ခဲ့သောပစ္စည်းများနှင့် ဝယ်ယူခဲ့သောနေရာများ စသော သုတေသီတို့ မေးသမျှ အသေးစိတ်ခွဲခြား ၍ အချက်ပေါင်းများစွာကို မှတ်မိလေအောင် ၃နှစ်သားကလေးများအဖို့ အလွတ်ကျက်သင်ကြားထားရန် လွယ်ကူပါမည်လော။

ဤအချက်များနှင့်အခြားစဉ်းစားစရာအချက်များစွာကို ထောက်ချင့်၍ သုတေသီများပြုစုထားသော ထောင်နှင့်ချီ ရှိသော လူဝင်စားအမှုအားလုံးမှာ လိမ်လည်လှည့်စားသော အရာများသာဖြစ်ပါသည်ဟု မဆိုနိုင်ပေ။

သုတေသီ ဒေါက်တာ စတီဗင်ဆင်

ဗားဂျီးနီးယားတက္ကသိုလ်မှ ပရစိတ္တဗေဒ ပါမောက္ခ ဒေါက်တာ အီအန်စတီဗင်ဆင်(Dr. Ian Stevenson)သည် ကမ္ဘာတလွှား နိုင်ငံများစွာ သွားရောက်၍ လူဝင်စားဆိုသူများအား စုံစမ်းလေ့လာခဲ့သော လူဝင်စားအမှုများမှာ အမှုပေါင်း ၃၀၀၀ ကျော်ရှိနေပြီဖြစ်သည်။

လူဝင်စားအမှုများတွင် ထင်ရှားသော လက္ခဏာ လေးခုကိုတွေ့ရပေမည်။၎င်းတို့မှာ-

(၁) လူဝင်စားဖြစ်သည် ဆိုသောသူသည် ကလေးအရွယ် အသက်သုံးနှစ်လောက်ကစ၍ မိမိ၏ အတိတ်ဘဝအကြောင်း ကို မှန်ကန်စွာ ပြောပြနိုင်ခြင်း။

(၂) ဘ၀ဟောင်းမှ မိဘဆွေမျိုးသားခြင်းများ၊ မိတ်ဆွေအပေါင်းအသင်းများ၊ နေရာဌာန နှင့်ကိုယ်ပိုင်ပစ္စည်းများကို ကောင်းစွာ ခွဲခြားမှတ်မိခြင်း။

(၃) မိမိဘ၀ဟောင်းနှင့်ပတ်သက်၍ စိတ်လှုပ်ရှား ခံစားမှုရှိခြင်း၊ ဘ၀ဟောင်းက လူများ၊ နေရာဌာန များနှင့်ဖြစ်ပျက်မှု များသည် ချစ်စိတ်၊ မုန်းစိတ်၊ ကြောက်စိတ် စသည်တို့ကိုဖြစ်ပေါ်စေခြင်း။

(၄) လူဝင်စားဆိုသူ နှင့်ဆိုင်ရာ အတိတ်ဘ၀ ပုဂ္ဂိုလ်တွင် စရိုက်၊ဝါသနာ တို့တူညီမှုရှိကြခြင်း။

ဘရားဇီးနိုင်ငံမှ လူဝင်စားဆိုင်မွန်နီ

ဘရာဇီးနိုင်ငံမှ လူဝင်စားသုတေသန ဌာနမှ တွေ့ရှိခဲ့သော ဆိုင်မွန်နီ သည် ဘရာဇီးနိုင်ငံသူဖြစ်လျက် ငယ်စဉ်ကတည်းကပင် အီတာလျံစကားကို ပြောဆိုနိုင်၏။ သူနှင့် အတူနေထိုင်သော မိဘ၊ဆွေမျိုးသားချင်းများနှင့် ပတ်ဝန်းကျင်အသိုင်းအဝိုင်းများတွင်လည်း အီတာလျံစကားကို ပြောဆိုတတ်သူ၊ စိတ်ဝင်တစားလေ့လာသူဟူ၍ လည်းမရှိချေ။

သို့သော် ဆိုင်မွန်နီသည် စကားပြောတတ်သည့်အရွယ်မှ စ၍ အီတာလျံစကားကို ထူးထူးခြားခြားစပြော၏။ နှစ်နှစ်အရွယ်တွင် အီတာလျံစကားကို သွက်သွက်လက်လက် ပြောဆိုနိုင်သည့်အပြင်အီတာလျံကဗျာများ ကိုလည်းရွတ်ဆိုနိုင်၏။ လေယာဉ်အသံများ ကြားလျှင် ကြောက်လန့်တကြား ဖြစ်နေတတ်သည်။

ဗုံးဆန်မှန်၍ သေဆုံးခဲ့သော အီတလီသူ

သူ၏အတိတ်ဘဝအကြောင်းကိုပြောပြရာ…

သူသည်ဘ၀ဟောင်းက အီတလီ၊ ရောမမြို့ရှိ မိဘမဲ့ကျောင်းတွင် နေခဲ့ရကြောင်း၊ အင်ဂျလီနာဟု ခေါ်ကြောင်း၊ တနေ့တွင် ဗုံးကြဲလေယာဉ်များ ရောမမြို့ပေါ်သို့ဗုံးကြဲရာတွင် သူတို့မိဘမဲ့ကျောင်းကို ထိမှန်ခဲ့ကြောင်း၊ ဗုံးကြဲသည့်အချိန်တွင် တကိုယ်လုံး ပူခနဲဖြစ်ပြီး ကောင်းကင်ဘုံကိုရောက်သွားခဲ့ကြောင်း…. သုံးနှစ်အရွယ် ဆိုင်မွန်က သူ၏ အတိတ်ဘဝအကြောင်းအား ပြောပြခဲ့၏။

လက်ဘနွန်ပြည်မှ လူဝင်စားမှု

လက်ဘနွန်ပြည်၊ ကော်နယ်ရွာ (Kornayel)မှ အိမတ် (Imad Elawar)သည် အသက်နှစ်နှစ် အရွယ်တွင် အတိတ်ဘဝက သူနေခဲ့သော ခရီဘီ ရွာ(Khriby)နှင့် ဘ၀ဟောင်းက မိဘများ၊ အခြားလူများ၊ ပိုင်ဆိုင်မှုပစ္စည်းများအကြောင်း၊ တောထဲ၌အမဲလိုက်ထွက်ပုံ၊ ဘတ်(စ်)ကား မှောက်၍သေဆုံးခဲ့ပုံ၊ ချောမောလှပသော မယားငယ်အကြောင်း နှင့် အခြားဖြစ်ရပ်များအား လက်ရှိ မိဘ၊ဆွေမျိုးများအားပြောပြလေ့ရှိ၏။ ဘ၀ဟောင်းမှ ခရီဘီ ကျေးရွာလေးသို့ သွားလိုကြောင်း လည်း မကြာမကြာ ပူဆာတတ်၏။

ခရီဘီကျေးရွာသို့ လူဝင်စားသုတေသန

စိတ်ဝိညာဉ်သုတေသီ ဒေါက်တာစတီဗင်ဆင်သည် အိမန်နေထိုင်ရာ ကော်နယ်ရွာသို့ ရောက်သွားသောအချိန်၌ လူဝင်စား အိမတ်နှင့် သူ၏မိဘများမှာ ခရီဘီကျေးရွာသို့ မသွားရသေးပေ။ စတီဗင်ဆင် အဖွဲ့နှင့်အတူ လူဝင်စားလေး အိမတ်နှင့် သူ၏မိဘများသည် ခရီဘီကျေးရွာသို့ သုတေသနခရီးအဖြစ် သွားခဲ့ကြ၏။

ဘ၀ဟောင်းမှ သံယောဇဉ်

အိမတ်သည် ခရစ်ဘီကျေးရွာသို့ရောက်သောအခါ ဘ၀ဟောင်းမှ ဆွေမျိုးများ၊ မိတ်ဆွေများနှင့် လှပသောမယားငယ်တို့ကို ကောင်းစွာမှတ်မိ၍ သူတို့အကြောင်းကို ပြောပြနိုင်၏။

သုတေသီတို့က အိမတ် ပြောပြသော ဘ၀ဟောင်းမှ အကြောင်းများကိုအသေးစိတ် စုံစမ်းလေ့လာကြည့်ရာ မှန်ကန်မှုရှိကြောင်းသိခဲ့ရသည်။ အတိတ်ဘဝက မသေမှီနောက်ဆုံး ပြောခဲ့သော စကားကိုပင် အိမတ်က ပြန်ပြောပြရာ ဘ၀ဟောင်းမှ ဆွေမျိုးများမှ မှန်ကန်ကြောင်း အတည်ပြုပေးခဲ့သည်။

အတိတ်ဘဝက အကြောက်တရား

အိမတ်သည် ဘတ်(စ်)ကားမြင်လျှင် ကြောက်တတ်လေ့ရှိ ရာ သူ၏အတိတ်ဘဝက ဘတ်(စ်)ကားမှောက်၍ သေဆုံးခဲ့ကြောင်း သိရ၏။

အတိတ်ဘဝက ပါရမီ

အိမတ်၏ မိဘအသိုင်းအဝိုင်း၌ ပြင်သစ်စကားကို တတ်မြောက်သူမရှိသော်လည်း ကလေးဘဝမှာပင် ပြင်သစ်ဘာသာစကားကို လျင်မြန်စွာတတ်မြောက်ခဲ့ကာ ထူးချွန်သော အိမတ်သည် ဘ၀ဟောင်းက ပြင်သစ်စစ်တပ်တွင် အမှုထမ်းဖူး၍ ပြင်သစ်စကားကို ကောင်းစွာပြောတတ်သူဖြစ်ကြောင်း သိခဲ့ရသည်။

အတိတ်ဘဝက ဝါသနာ ယခုဘဝအထိပါ

ငယ်ငယ်ရွယ်ရွယ်နှင့် တောထွက် အမဲလိုက်ခြင်းကို စိတ်အားထက်သန်နေသော အိမတ်သည် သူ၏ ဘ၀ဟောင်းက လည်း အမဲလိုက်ခြင်းကို အလွန်ဝါသနာပါခဲ့ကြောင်း ပြောပြခဲ့သည်။

ဘ၀ဟောင်းက အထုံဝါသနာ နှင့် ယခုဘဝ

သုတေသီများ၏အဆိုအရ ကလေးသူငယ်များ၏ အထုံဝါသနာသည် ရှေးဘ၀ဟောင်းနှင့်ဆက်စပ်နေတတ်၏။ ဘာသာရေး၌ စိတ်ဝင်စားသော ကလေးငယ်များမှာ ဘ၀ဟောင်းကဘုရားတရားကြည်ညိုသော သူများဖြစ်နေကြ၏။

မြွေများကို မကြောက်ဘဲစိတ်ဝင်စားသောကလေးတစ်ဦးမှာ ယခင်ဘဝက သူခိုးလူဆိုးများရန်မှ ကာကွယ်ရန် အိမ်တွင် မြွေဟောက်တစ်ကောင်မွေးခဲ့ဖူးသော အမျိုးသမီးတစ်ဦးဖြစ်ခဲ့ဖူးကြောင်းသိရ၏။

ဘ၀ဟောင်းက အကြိုက်နှင့်ယခုဘ၀ အကြိုက်

လူဝင်စားမှုများ၌ ကလေးသည် အချို့သောအစားအသောက်များကို ခုံမင်နှစ်သက်၍ အချို့ကို ရွံမုန်းခြင်းများ မှာလည်း ဘ၀ဟောင်းက လက္ခဏာအခြင်းအရာများနှင့်တူ၏။ အရက်သောက်ချင်သော ကလေးသုံးယောက်နှင့် ဆေးလိပ်သောက်ချင်စိတ်ပြင်းပြနေသော ကလေးတစ်ဦးမှာ ယခင်ဘဝက အလွန်အရက်ကြိုက်သော သူများနှင့် ဆေးလိပ်ကြိုက်သူတို့ ဖြစ်နေကြ၏။

သုတေသီများ၏ တွေ့ရှိချက်များကို ထောက်ရှုရသော် အချို့ကလေးများသည် အတိတ်ဘဝကို လုံးဝမမှတ်မိစေကာမူ သူတို့၏ ထူးခြားသော ဝါသနာများ၊အစွဲအလမ်းများမှာ ဘ၀ဟောင်းမှ ပါလာသော ဝါသနာများဖြစ်ပေလိမ့်မည်။

မိဘနှင့် ပတ်ဝန်းကျင်၏ လွမ်းမိုးမှု

မိဘများနှင့်ပတ်ဝန်းကျင်၏ ဩဇာလွမ်းမိုးမှုမှာ ကြီးမားလှသည်မှန်၏။ သို့ရာတွင် ဤနေရာ၌ မိဘများနှင့် ပတ်ဝန်းကျင်မှ တိုက်တွန်းမှုကြောင့် စိတ်ဝင်စားလာသော ဖြစ်ရပ်များကို မဆိုချေ။

ကန့်ကွက်တားမြစ်နေသည့်ကြားမှ ထူးချွန်အောင်မြင်ကြသူများ

နာမည်ကျော် ဂျာမန်ဂီတပညာရှင် ဂျော့ဖရီဒရစ်ဟင်ဒယ်(Frederick Handel) သည်မိဘဆွေမျိုးများက ဂီတကို လုံးဝစိတ်မဝင်စားသည့်အပြင် ဆရာဝန်ဖြစ်သူ ဖခင်သည် ဂီတနှင့်ပတ်သက် ၍ တင်းတင်းကျပ်ကျပ်ပိတ်ပင်တားမြစ်ခဲ့သော်လည်း ဟင်ဒယ်သည် အနုပညာလောက တွင် အောင်မြင်ကျော်ကြားခဲ့၏။

ဖလော်ရင့်နိုက်တင်ဂေးသည် ကလေးဘဝကပင် သူနာပြုလုပ်ငန်းကို စိတ်ဝင်စား၍ မိဘဆွေမျိုးများ ပိတ်ပင်နေသည့်ကြားမှ ဆန့်ကျင်ကာ သူနာပြုဆရာမအဖြစ် ထင်ရှားလာခဲ့သည်။

ဘ၀ဟောင်းက ပါရမီလော

ကလေးဘ၀၌ အတတ်ပညာတခုခု(ဥပမာ အားကစား၊ ဂီတ၊ ပန်းချီ၊စာပေ)အား မိဘဆွေမျိုးများက အားမပေးသည့်ကြားမှပင် အထူးတလည် အားစိုက်သင်ကြားစရာမလိုဘဲ အလွယ်တကူ ကျွမ်းကျင်တတ်မြောက်ကြသူများကို ကျွနုပ်တို့ ပတ်ဝန်းကျင်၌ လည်းတခါတရံတွေ့နိုင်ပေသည်။ သူတို့သည် ဘ၀ဟောင်းကို လုံးဝမမှတ်မိကြပါ။

သို့ရာတွင် မျက်မှောက်၌ အကြောင်းတရားရှာမရအပ်သော သူတို့၏ စိတ်ဝင်စားမှုနှင့် ကျွမ်းကျင်လိမ္မာမှုတို့သည် ဘ၀ဟောင်းက ပါလာသည်ဟုယူဆဖွယ်ရှိနေ၏။

အတိတ်ပါရမီနှင့်လိုက်ဖက်သော ကမ္မဋ္ဌာန်းတရား

ဗုဒ္ဓဘုရားရှင်လက်ထက်တော်အခါက ရဟန်းငယ်တစ်ပါးသည် အသုဘကမ္မဋ္ဌာန်းကို ဝါတွင်း ၃လ ကာလပတ်လုံးတင်မက တန်ဆောင်မုန်းလပြည့်နေ့အထိ ပွားများသော်လည်း တရားတိုးတက်မှုမရှိချေ။

လက်ယာတော်ရံ အရှင်သာရိပုတ္တရာက မြတ်ဗုဒ္ဓထံချဉ်းကပ်ပြီး ထိုရဟန်းငယ်အတွက် ကမ္မဋ္ဌာန်းတောင်းပေးရာ…….ဗုဒ္ဓမြတ်စွာသည် ပဒုမ္မာကြာညိုပန်းတစ်ပွင့် ကို ဖန်ဆင်းတော်မူပြီး ထိုရဟန်းငယ်အားပေးဧ။်။

ထို့နောက်ဗုဒ္ဓသည် ရဟန်းငယ်အား ဇေတဝန်ကျောင်းဧ။်အနောက်တောင်ထောင့်ရှိ ရေကန်အနီးတွင် ကသိုဏ်းဝန်းအဖြစ် ပဒုမ္မာပန်းပွင့်ကိုကြည့်ရှုရင်း နီလကမ္မဋ္ဌာန်းကို အာရုံစိုက် ရှုမှတ်ပွားများရန် မှာကြားလိုက်၏

ထိုရဟန်းငယ်သည် မြတ်ဗုဒ္ဓချီးမြှင့်လိုက်သော ပဒုမ္မာကြာပွင့်နှင့် ကမ္မဋ္ဌာန်းအားပွားများရာ ထိုနေ့ နေမဝင်မှီတွင် မဂ်ဥာဏ်ဖိုလ်ဥာဏ်ဖြင့် နိဗ္ဗာန်စခန်းသို့ တက်လှမ်းနိုင်လေတော့ဧ။် ။ ဤရဟန်းငယ်သည် အတိတ်က ဘ၀ပေါင်း၅၀၀ တိုင်အောင် ရွှေပန်းထိမ်သားဖြစ်ခဲ့သဖြင့် ရွှေပန်းရွှေခက်များ ထုလုပ်ခြင်းတွင် အထုံပါရမီ ရင့်သန်ကြောင်းကို မြတ်ဗုဒ္ဓသည် သိမြင်တော်မူ၍ ထိုရဟန်းငယ်ဧ။် ပါရမီနှင့် လိုက်ဖက်သော ကမ္မဋ္ဌာန်းအား ရှုပွားစေသောကြောင့် အချိန်တိုအတွင်း တရားထူးရသွားခြင်းဖြစ်သည်။

မင်းလှမြို့က လူဝင်စားမှု

မင်းလှမြို့မှ မောင်သာလှ သည် သူ၏မိဘများနှင့် ဧည့်သည်များက ကြို့ကုန်းရွာ၊ရွှေကျင်ကျောင်းတိုက်မှ ကြေးစည်ကြီးတစ်လုံး ပျောက်သွားကြောင်းပြောဆိုနေသည်ကို ကြားမိသောအခါ မောင်သာလှမှာ မနေနိုင်တော့ဘဲ…..

“အဲဒါ…သား..အရင်တုန်းက.. လှူခဲ့တဲ့ ကြေးစည်ပဲ” ဟုကြားဖြတ်ဝင်ပြောလေ၏။

“ပေါက်ပေါက်ရှာရှာ…. အဲဒါအပျိုကြီး ဒေါ်ရွှေမယ်လှူခဲ့တဲ့ကြေးစည်ပါ…ဟဲ့…ကောင်လေးရဲ့..”

“ဟုတ်တယ်လေ၊ ဒေါ်ရွှေမယ်ဖြစ်တုန်းက သား…လှူခဲ့တာလေ…”

ထိုအခါ လူမမယ်အရွယ် မောင်သာလှလေးအား မိဘနှစ်ပါးနှင့် ဧည့်သည်များက တအံ့တဩကြည့်မိကြကုန်၏။

ဘ၀ဟောင်းက ဆွေမျိုးများနင့် တွေ့ဆုံခြင်း

ဒေါ်ရွှေမယ်၏ ဆွေးမျိုး၊ မိတ်ဆွေများက ဤအကြောင်းကို ကြားသိရသောအခါ လူဝင်စား မောင်သာလှကို လာကြည့်ကြ၏။ ယခု မောင်သာလှ ဘ၀၌ တခါမှ မမြင်ဖူး၊ မကြားဖူးသော ဒေါ်ရွှေမယ်၏ ဆွေးမျိုးများကို လူမမယ်လေး မောင်သာလှက နာမည်များပြောပြနိုင်သည့်အပြင် မည်သို့ ဆွေမျိုးတော်စပ်ခဲ့ပုံကိုလည်းပြောပြ၏။ မောင်သာလှသည် ဘ၀ဟောင်းမှ ဆွေးမျိုးများနှင့် ပြန်ဆုံရသဖြင့် ကျေနပ်ပျော်ရွှင်နေလေ၏။

ဘ၀ဟောင်းအကြောင်းပြောပြသော မောင်သာလှ

ဘ၀ဟောင်းက ဒေါ်ရေ့ႊမယ်အိမ်သို့ ခေါ်သွားသောအခါ သူပိုင်ဆိုင်ခဲ့ဖူးသော ပစ္စည်းများကို ခွဲခြားပြသည့်အပြင်၊ သူလှူဒါန်းခဲ့ဖူးသော အလှူများအကြောင်း၊ သူ့မိတ်ဆွေဟောင်းများအကြောင်း ပြောပြလေသဖြင့် ဘ၀ဟောင်းမှ ဒေါ်ရွှေမယ်၏ အမျိုးများမှာ လူဝင်စား မောင်သာလှ လေးကိုဒေါ်ရွှေမယ်အမှတ်ဖြင့် အချစ်ကြီးချစ်မိလေတော့၏။

ဒါန၊ သီလဟူသော ကံမျိုးစေ့နှင့် စိတ်ဆန္ဒ

ဒေါ်ရွှေမယ်ဘဝက အလှူအတန်း၌ ဝါသနာထုံသည့်အလျောက် ငါးပါးသီလမြဲပြီး နေ့စဉ်ဆွမ်းလောင်းခြင်း၊ ဆင်းရဲသူများအားပေးကမ်းခြင်း၊ ဧက၂၀ လယ်မြေအား ဘုန်းကြီးကျောင်းအတွက် လှူဒါန်းခြင်း စသည့်ကုသိုလ်များစွာအား ပြုခဲ့၏။ အလှူဒါနများ ပြုပြီး တိုင်း နောင်ဘဝတွင် သာသနာ့အကျိုးအား ထမ်းရွက်ရသော ၊ဥာဏ်ပညာကြီးသောယောက်ျားဘဝအား ဆုတောင်းခဲ့ကြောင်း ဆွေမျိုးများနှင့် ရွှေကျင်ကျောင်းဆရာတော်တို့ထံမှ သိရှိခဲ့သည်။

ဘ၀ဟောင်းက ချခဲ့သော ကံမျိုးစေ့ အကျိုးပေးပြီ

ဒေါ်ရွှေမယ်သည် အသက်၆၀၌ ကွယ်လွန်ပြီး နောက်တနှစ်ခန့်အကြာတွင် မောင်သာလှ အားမွေးဖွားခဲ့၏။ ဒေါ်ရွှေမယ်ဘဝက ဆန္ဒပြင်း ပြ၍တောင့်တ ခဲ့သည့်လျောက် ယခုမောင်သာလှ ဘ၀၌ပညာအလွန်ထူးချွန်ပြီး၊ လေးတန်းတွင် စကောလားရှစ်ဆု၊ သတ္တမတန်းတွင် စကောလားရှစ်ဆု၊ ဆယ်တန်းအောင်သောအခါတွင် လည်းကောလိပ်ဂျင် စကောလားရှစ်ဆုကို ထူးချွန်စွာ ရခဲ့၏။ ကမ္ဘာ့ကျန်းမားရေးအဖွဲ့ (WHO)မှ ချီးမြှင့်သော စကောလားရှစ်ဆုရရှိပြန်ကာ မဒရတ်တက္ကသိုလ်မှ DVDဘွဲ့ နှင့် လန်ဒန်တက္ကသိုလ်မှ MBBS ဘွဲ့တို့ကို ရရှိခဲ့၏။

အတိတ်ဟောင်းက ကံမျိုးစေ့နှင့် စိတ်ဆန္ဒ

ဒေါ်ရွှေမယ်ဘဝက ပြင်းပြသောဆန္ဒရှိခဲ့သည့်အတိုင်း ယခု မောင်သာလှဘဝတွင် ဆရာဝန်ဖြစ်စမှာပင် ကမ္ဘာအေးကုန်းမြေ၌ ဆရာတော်များ၏ ကျန်းမာရေးစောင့်ရှောက်မှုတာဝန်ကိုယူရန် ကံအကြောင်းသင့်၍ တာဝန်ပေးအပ်ခြင်းကို ဝမ်းပန်းတသာ ထမ်းရွက်ခဲ့၏။

မန္တလေးသို့ပြောင်းရွှေ့သောအခါတွင်လည်း သံဃာတော်များ၏ ကျန်းမာရေးကို စောင့်ရှောက်ရန် ကံအကြောင်းလှစွာ ထပ်မံတာဝန်ပေးအပ်ခြင်းအား ဝမ်းမြောက်စွာ ခံယူထမ်းရွက်ပြန်၏။

စွန်းလွန်းဆရာတော်ဘုရား လောင်းလျာဘ၀

စွန်းလွန်းဆရာတော် ဘုရားသည် လည်း အတိတ်ဘဝတစ်ခုက… သထုံဘုရင်မနူဟာမင်းဆည်းကပ် ကိုးကွယ်သော ဗားမဲ့ဆရာတော်ဖြစ်ခဲ့ဖူးကြောင်း စွန်းလွန်းဆရာတော်ဘုရားကြီး၏ ထေရုပတ္တိစာအုပ်၌ မှတ်သားခဲ့ရဘူး၏။

 

မဟာစည်ဆရာတော်ပြောသော သံဝေဂရဖွယ် လူဝင်စားမှု

အာရှနိုင်ငံများတွင်သာမက အနောက်ဥရောပနိုင်ငံများအထိပါ သီလဂုဏ်၊သမာဓိဂုဏ်၊ ပညာဂုဏ် တို့ကြောင့် နေလိုလလို ထင်ရှားတော်မူသော မဟာစည်ဆရာတော်ဘုရားကြီး ၏ “ဓမ္မစကြာတရားတော်ကြီး” စာအုပ်၌ သံဝေဂရဖွယ်ကောင်းသော လူဝင်စားမှုတစ်ခုကို ဖော်ပြပါအံ့။

စကားမပြောသော ကလေးငယ်

တောင်တွင်းကြီးမြို့ရှိစာရေးကြီးလင်မယားတို့တွင် သားယောက်ျားလေးတစ်ဦး ရှိ၏။ သို့သော် အသက် ၅နှစ်အရွယ်တိုင်အောင် ကလေးငယ်မှာ စကားမပြောချေ။ တနေ့တွင်…ဖခင်ဖြစ်သူက လိုချင်တာတွေဝယ်ပေးပါမည်…စကားတစ်ခွန်း..တော့ အဖေ့ကိုပြောပါဟု ၅နှစ်သားလေးအား ချော့မော့၍ တိုက်တွန်းလေ၏။

ဆပ်စရာ ရှိသော ဆန်တစ်စလယ် အကြွေး

ထိုအခါ ကလေးငယ်ပထမဆုံး..စပြောလိုက်သည်မှာ…. “ငညိုဆန်တစ်စလယ်” ဟူသော စကားပင်ဖြစ်၏။ ဖခင်မှာ သားဖြစ်သူ စကားစပြောသဖြင့် ဝမ်းသာအားရဖြစ်ကာ …

.”ငါ့သား…မင်းစကားသာပြောမယ်ဆို …အဖေက ဆန်တစ်စ လယ်…မှ မဟုတ်ဘူး…ဆန်တစ်အိတ်ဆိုလဲ…ပေးမယ်ကွာ” ဟု ဆိုလေရာ..သားဖြစ်သူက ဖခင်အား တောင်တွင်းကြီးမြို့နှင့် ၁၀ မိုင်ခန့်ဝေးသည့် ချောင်းရိုးရွာရှိ မောင်ညိုဆိုသူထံ ဆန်အိတ်တစ်အိတ် ပို့ခိုင်းလေ၏။

အကြွေးရှင်နှင့်တွေ့ဆုံခြင်း

ချောင်းရိုးရွာရှိ မောင်ညိုနေထိုင်ရာ အိမ်သို့ အရင်တုန်းက အကြိမ်ကြိမ်လာခဲ့ဖူးသည့်အလား တလမ်းလုံးရှိ လမ်းလိမ်၊လမ်းကောက်များအား ၅နှစ်သားကလေးက ဦးဆောင်လမ်းညွှန်ပြသွားခဲ့၏။ ဖခင်မှာ သားဖြစ်သူ စကားစပြောတာကိုပင် အလွန်ကျေနပ်ဝမ်းမြောက်နေ၏။

သည်လိုနှင့် သိပ်မကြာမှီ မောင်ညိုအိမ်သို့ ရောက်လာလေသည်။ မောင်ညိုအရွယ်မဟုတ်တော့ပေ။ အသက်အရွယ်ထောက်သော် ဦးညိုဟုခေါ်ထိုက်နေပြီ။

ကလေးငယ်က ဦးညိုကို တွေ့လိုက်သည်နှင့်…. “ဟေ့…. ငညို..ငါ့ကိုမှတ်မိသေးရဲ့လားကွ”ဟု တရင်းတနှီး နှုတ်ဆက်လေ၏။ ထိုအခါ ကလေးဖခင် စာရေးကြီးက ဦးညိုအား တောင်းပန်စကားဆိုကာ.. သားဖြစ်သူ၏ ထူးခြားသည့်အကြောင်းများ၊ သားဖြစ်သူက ဦးညိုအား ဆန်တစ်စလယ် ပေးစရာရှိသည်ဆို၍ ခေါ်ခဲ့ရကြောင်း၊ ကလေးမှာ ယခုမှပင် စကားစပြောတာဖြစ်ကြောင်းရှင်းပြလေ၏။

ကြက်ဘဝက အသတ်ခံရခြင်း

ကလေးက…”ငညို၊ မင်းငါ့ကိုမမှတ်မိတော့ဘူးပေါ့လေ၊ ငါ ဘဆိုင်လေကွာ၊ မင်းဆီက ငါဆန်တစ်စလယ်ချေးခဲ့တယ်၊ မင်းကိုပြန်မဆပ်ခင် ငါပိုးထိပြီးသေခဲ့တယ်၊ သေခါနီး မင်းကို ဆန်အကြွေးဆပ်ဖို့ငါသတိရမိသေးတယ်၊ သေပြီးနောက် မင်းအိမ်မှာတိုက် ကြက်ဖဖြစ်ခဲ့ရတယ်၊ ငါက မင်းအနိုင်ရဖို့ ၃ ကြိမ်တိုင်တိုင် အနိုင်ခွပ်ပေးခဲ့တယ်၊ ၄ ပွဲမြောက်တော့ ငါ့ထက်ကြီးတဲ့ကြက်ဖနဲ့တွေ့တော့ ငါမတတ်သာတော့ရှုံးခဲ့ရတယ်၊ ရှုံးလို့ဆိုပြီး စိတ်ဆိုးဆိုးနဲ့မင်းက ငါ့ကို ရိုက်သတ်ခဲ့တယ်။”

နွားဘဝက အသတ်ခံရခြင်း

“သေခါနီး အသက် ငင်နေတုန်း မင်းအိမ်ကနွားမကြီးက ငါ့ကို လာနမ်းတယ်၊ ကြက်ဘဝကသေတော့ အဲဒီနွားမ ရဲ့သမီး..နွားမကလေးဖြစ်လာရတယ်၊ နွားအရွယ်ရောက်လာတော့ မင်းနဲ့ မင်းသူငယ်ချင်းတွေက ငါ့အသား ကိုစားဖို့ သတ်လိုက်ကြတယ်၊”

လူ့ဘ၀ပြန်ရပြီ

“ ငါသေခါနီးဝေဒနာတွေနဲ့ အသက်ငင်နေတုန်း အခု ငါ့အဖေဖြစ်တဲ့စာရေးကြီးနဲ့ ငါ့အမေတို့ ငါ့အနား ရောက်လာပြီး ငါအသတ်ခံရတာကို စိတ်မကောင်းကြောင်း၊ သူတို့နွားဆို သတ်ရက်မည်မဟုတ်ကြောင်း ဝမ်းနည်းစကားတွေပြောသွားခဲ့တာကို ငါကြားလိုက်ရတယ်။

အခု ငါသူတို့ သားဖြစ်နေပြီ။ မင်းရဲ့ ဆန်အကြွေးဆပ်ဖို့ အခွင့်အရေးရလာ လို့ လာဆပ်တာပါကွာ”

လူမိုက်ကြီးရဲ့နောင်တ

ဦးညိုမှာ နားထောင်ရင်း မိတ်ဆွေဟောင်းကြီး ဘဆိုင်နှင့် ပတ်သတ်ခဲ့သော ရှေးဟောင်းနှောင်းဖြစ်များ၊ မိမိ၏ ရက်စက်မှုများ၊ စိတ်လိုက်မာန်ပါ လုပ်ခဲ့ပုံများ၊ ကံ၏ဆန်းကြယ်ပုံများ ကို တရေးရေးတွေးမိပြီး ငိုးကြွေးမိလေတော့၏။

စာရေးကြီးသည်လည်း မိမိ၏သားစကားမပြောခဲ့သည့်အကြောင်းရင်းများ၊ ဆန်တစ်စလယ်မျှ လောက် အကြွေးယူခဲ့သည်ကိုပင် စိတ်စွဲ၍ သေဆုံးခဲ့သည့် ဦးဘဆိုင်၏ ဘဝကံအကျိုးပေးအကြောင်းများ ကိုတွေးမိကာ စိတ်မကောင်းဖြစ်ပြီး မျက်ရည်များစို့လာလေ၏။

အတိတ်ဘဝကို မှတ်မိခြင်း

လူဝင်စားများသည် စကားပြောတတ်စ ကလေးငယ်ဘဝမှစ၍ ၁၀နှစ်ခန့်အရွယ်ထိ အတိတ်ဘဝအကြောင်းကို ပြောဆိုတတ်ကြသည်မှာသဘာဝကျပေ၏။ ထိုအရွယ်သည် ဘဝင်စိတ်အစဉ်(ဝါ) မှတ်ဥာဏ်၌ အတိတ်အကြောင်းအရာများ ပူပူနွေးနွေး ရှိနေသေးသည့် အချိန်ဖြစ်၍ ယခုဘ၀ အတွေ့အကြုံကလည်း နည်းပါးနေသေးသောကြောင့် အတိတ်အကြောင်းကို မမေ့နိုင်သေးသော အချိန်ဖြစ်ပေ၏။

အချိန်ကြာလာလေ အတိတ်ဘဝကို မေ့သွားခြင်းအကြောင်း

အသက်၁၀ နှစ်ကျော်လာသောအခါ အပေါင်းအသင်းများ များပြားလာခြင်းနှင့် အတွေ့အကြုံသစ်များကြောင့် အတိတ်ဘဝအကြောင်းကို စိတ်ဝင်စားမှုလျော့လာပြီး တဖြည်းဖြည်းမေ့လျော့သွားတတ်ကြသည်။

အတိတ်ဘဝကို မမှတ်မိခြင်းအကြောင်း

ပြင်သစ်ပြည်၊ ပါရီမြို့တော်မှ လူဝင်စားမှုများကို စိတ်ဝင်စားကြသော ပညာရှင်များက လယ်တီဆရာတော်ဘုရားအား အတိတ်ဘဝကို လူတိုင်း မမှတ်နိုင်ရခြင်းအကြောင်းအားမေးမြန်းလျှောက်ထားဖူး၏။ လယ်တီဆရာတော်၏အဖြေမှာ….

(၁) အတိတ်ဘ၀၌ နေ့ရက် ရှည်ကြာစွာ အနာရောဂါဖိစီး၍ ကိုယ်အား စိတ်အား နွမ်းနယ်ကုန်ခမ်းပြီးမှ သေဆုံးခဲ့ရခြင်းအကြောင်း၊

(၂) ယခုဘဝတွင် အမိဝမ်း၌ သေးငယ်လှသော ကာလရေကြည် အဖြစ်မှ စ၍ နေ့ရက်ကြာညောင်းစွာ ကြီးထွားလာရသဖြင့် စိတ်အားသေးနုပ်မှေးမော၍ နေခဲ့ရခြင်းအကြောင်း
တို့ကြောင့်ဖြစ်ကြောင်းဖြေကြားတော်မူခဲ့၏။

စိတ်၏ဆန်းကြယ်မှု

နာမ်(စိတ်) သဘောတရား၏ ဆန်းကြယ်မှုများကို ရုပ်သဘောတရားများဖြင့် အဖြေရှာမရသည့်အတွက် နာမ်(ကံ) စွမ်းအားဖြင့် ဘဝကူးပြောင်းခြင်းကို နားလည်ရန် ခဲယဉ်းလှသဖြင့် တယူသန် ရုပ်ဝါဒီသမားများမှာ လက်ခံရန် ဝန်လေးလှ၏။

မြန်မာပြည်သူတွေအတွက်အဆန်းမဟုတ်

ဗုဒ္ဓဘာသာ ဝင်များဖြစ်ကြသော မြန်မာပြည်သူပြည်သားတို့သည် အတိတ်ဘဝများ မရေမတွက်နိုင်အောင်များပြားခဲ့ကြောင်းကို ဗုဒ္ဓ၏ တရားတော်၌ မကြာခဏ ကြားသိဖူးနေကြရာ လူဝင်စားသတင်းများသည် ထူးဆန်းသည်ဟုမထင်မှတ်ကြတော့ချေ။ အတိတ်ဘဝမရှိဟု ယုံကြည်ယူဆနေကြသော နိုင်ငံများ၌မူ အလွန်ထူးဆန်းသည်ဟု မှတ်ထင်ကြ၏။ ထို့ကြောင့် အမေရိကန်ပြည်ထောင်စု၌ ဘရိုက်ဒီမာဖီ ကဲ့သို့သော အတိတ်ဘဝဇာတ်လမ်းများ စတင်ပေါ်ပေါက်သော အခါ၌ တနိုင်ငံလုံးက စိတ်ဝင်တစား အာရုံစိုက်ခဲ့ကြသည်။

ထပ်မံတွေ့ရှိသော လူဝင်စားအမှုများ

လူဝင်စားအမှုများကို စနစ်တကျ စုံစမ်းစစ်ဆေးရာ၌ သိပ္ပံပညာရှင်များကိုယ်တိုင် အသိအမှတ်ပြုလေးစားရသည့် ဟားဗတ်တက္ကသိုလ်မှ ပါမောက္ခWilliam James နှင့် ဗားဂျီးနီးယားတက္ကသိုလ်မှ Dr. Ian Stevenson နှင့် အခြား ကမ္ဘာအရပ်ရပ်မှ ပညာရှင်သုတေသီများ မှ သုတေသနလုပ်ခဲ့ကြသည့်လူဝင်စားဖြစ်ရပ်များမှာ သောင်းဂဏန်းကျော်သို့ ရောက်လာပြီဖြစ်သည်။

အတိတ်ဘဝအတွက်သက်သေ အထောက်အထားများ

ပါမာက္ခ ဝီလျံဂျိမ်းပြောခဲ့သလို ကျီးဖြူတစ်ကောင်တွေ့လျှင် ကျီးအားလုံးမည်းပါသည်ဟူသော အယူအဆပျက်ပျယ်လေ၏ ယခုအချိန်အထိ တွေ့ရှိထားသော လူဝင်စားမှုများမှာ ဆယ်ဂဏန်းမျှသာမဟုတ် ရာဂဏန်းသာမက ထောင်ဂဏန်းကျော်၍ သောင်းဂဏန်းသို့ပင်ရောက်နေပြီ ဖြစ်သဖြင့် အတိတ်ဘဝရှိသည်ဟူသော သက်သေအထောက်အထားများမှာ ထပ်ထပ်တိုးလာဖို့သာရှိပေတော့သည်။

Leave a Reply