ေဆာ္လမြန္ဘုရင္ႀကီးရဲ႕ ရတနာသုိက္

Posted on

ေရးသားသူ – ဆရာလွမိုး(ပညာေရး)

ကၽြန္ေတာ္တို႔ငယ္စဥ္က ဘႀကီးမ်ား၊ ဦးႀကီးမ်ား ေျပာျပခ်က္အရ ပုဂံေခတ္မွယေန႔တိုင္ ထင္ရွားေသာသိုက္မ်ားမွာ (၁)ဘုရားသိုက္၊

(၂)သိၾကားသိုက္၊

(၃)ဂဝံပေတ့ရေသ့သိုက္၊

(၄)ငမန္ကန္းသိုက္၊

(၅)တဂ႐ုပုဏၰသိုက္၊

(၆)နတ္စက္ေရာင္ ဆရာေတာ္သိုက္၊

(၇)ဘုမၼိရတ္သိုက္တို႔ ရွိသည္ဟု သိရ၏။ ဤသိုက္မ်ားတြင္ ေစာင့္ေရွာက္ၾကရေသာ အေစာင့္အေရွာက္မ်ားလည္း ရွိသည္ဟု သိရ၏။

မွတ္မွတ္ရရ ဒုတိယကမၻာစစ္ႀကိဳေခတ္ ကၽြန္ ေတာ္တို႔အလယ္တန္းေက်ာင္းသားဘဝက မင္းဘူး ခ႐ိုင္ မန္းစက္ေတာ္ရာသြား ခရီးလမ္းရွိ ကင္မိတ္ စခန္း၌ ပ်က္စီးေနေသာ ေစတီတစ္ဆူႏွင့္ ဇရပ္တစ္ ေဆာင္ရွိသည္။ ယုံတမ္းေကာလာဟလ ပါးစပ္ေဂဇက္ မ်ားအရ ျမစ္ဝကၽြန္းေပၚမွ လာေရာက္ေသာ သိုက္ ဆရာတစ္ဦးႏွင့္ တပည့္မ်ားသည္ အထက္ေဖာ္ျပပါ ကင္မိတ္စခန္းတြင္ သိုက္တူးခဲ့ၾကသည္ဟု ဆိုသည္။ သိုက္ဆရာ၏တပည့္တစ္ဦး စည္းကမ္းခ်ိဳးေဖာက္မႈ ေၾကာင့္ သိုက္ဆရာျဖစ္သူႏွင့္ တပည့္မ်ားမွာ ႐ူးသြား ၾကသည္ဟု သတင္းမ်ားထြက္လာသည္။

ကၽြန္ေတာ္တို႔ အေရွ႕တိုင္း၏ လက္ဆင့္ကမ္း အယူအဆအရ ‘‘သိုက္’’မ်ားတြင္ အထိုက္အ ေလ်ာက္ တန္ခိုးေတဇာရွိေသာ သိုက္ေစာင့္မ်ား၊ ဥစၥာေစာင့္မမ်ား ရွိသည္ဟုဆိုၾက၏။ ကၽြန္ေတာ္တို႔ နားေထာင္ခဲ့ရေသာ ဥစၥာေစာင့္ပုံျပင္မ်ားတြင္ လူသား ႏွင့္ ဥစၥာေစာင့္မတို႔၏ လြမ္းေမာတသဖြယ္ ခ်စ္မႈ ခ်စ္ေရးမ်ားႏွင့္ လူ႕ရပ္လူ႕႐ြာသို႔ သက္ဆိုင္ရာသိုက္ မ်ားမွ တာဝန္ရွိသူမ်ား ခြင့္ျပဳခ်က္ျဖင့္ လူအျဖစ္ ေခတၱလာခဲ့သူမ်ားအား သိုက္မွျပန္ေခၚသည့္ဇာတ္လမ္းမ်ားကိုလည္း နားေထာင္ခဲ့ရသည္။ သို႔ျဖစ္၍ ‘‘သိုက္’’ဟူေသာ ေဝါဟာရကို ကၽြန္ေတာ္တို႔သည္ ကေလးငယ္ဘဝကပင္ ရင္းႏွီးခဲ့ၾကရၿပီးျဖစ္၏။

ဒုတိယကမၻာစစ္ႀကီး၏ အရိပ္အေငြ႕မ်ား ကၽြန္ ေတာ္တို႔ျမန္မာႏိုင္ငံသို႔ ကိုင္းၫြတ္လာေသာအခါ ကၽြန္ေတာ္မွာ စာစုံဖတ္စျပဳေသာ အလယ္တန္း ေက်ာင္းသားတစ္ဦး ျဖစ္ေနၿပီျဖစ္သည္။ တစ္ရက္ တြင္ ဆရာႀကီးေ႐ြဥေဒါင္း ျမန္မာဘာသာျပန္ဆိုေသာ ၿဗိတိသၽွအမ်ိဳးသားစာေရးဆရာႀကီး ဆာ႐ိုက္ဒါဟက္ ဂတ္၏ ‘‘The King Solmon’s Mine’’ဝတၳဳႀကီးကို ျမန္မာဘာသာျပန္ဆိုေသာ ‘‘ေဆာ္လမြန္သိုက္’’ ဝတၳဳႀကီးကို ဖန္တေရေတေအာင္ ဖတ္႐ႈမိခဲ့သည္။ ထိုဝတၳဳ၏ အဓိကဇာတ္ေဆာင္မ်ားျဖစ္ေသာ ၿဗိတိ သၽွအမ်ိဳးသား ဆာဟင္နရီကားတစ္၊ မုဆိုးႀကီး အလန္ကြာတာမိန္း၊ ဇူးလူးအမ်ိဳးသား ဘုရင္တြာလာ ႏွင့္ ပစၥည္းထမ္းသမား အမ္ဘိုးပါတို႔ကို ယေန႔ထိ တသသျဖစ္ခဲ့ရသည္။

စစ္ႀကီးၿပီးဆုံး၍ တကၠသိုလ္ေက်ာင္းသားႀကီး ျဖစ္လာေသာအခါ အဂၤလိပ္စာကို လူလူသူသူ ဖတ္ ႏိုင္လာခဲ့သျဖင့္ ငယ္စဥ္က တသသျဖစ္ခဲ့ရေသာ ေဆာ္လမြန္သိုက္ ျမန္မာဘာသာျပန္ အဂၤလိပ္စာအုပ္ ကို ဖတ္႐ႈခဲ့သည္သာမက ထိုဝတၳဳႀကီးအား ႐ုပ္ရွင္ အျဖစ္ ႐ိုက္ကူးျပသခဲ့ေသာအခါ ယင္းေဆာ္လမြန္ သိုက္ ႐ုပ္ရွင္ကားႀကီးကို ဖန္တရာေတေအာင္ ၾကည့္ ႐ႈခဲ့ရသည္။ ထိုဝတၳဳႀကီးသည္ စာေရးဆရာႀကီး ဆာ ႐ိုက္ဒါဟက္ဂတ္၏ စိတ္ကူးဉာဏ္ကြန္႔ျမဴး၍ ေရးသား ခဲ့ေသာ စိတ္ကူးယဥ္ဝတၳဳႀကီးတစ္ပုဒ္ျဖစ္ေသာ္လည္း ခရစ္ယာန္ဘာသာဝင္တို႔၏ သမၼာက်မ္းစာ အခ်က္ အလက္ႏွင့္ သမိုင္းအေထာက္အထားမ်ား၊ အာဖရိက တိုက္ ေဒသခံလူမ်ိဳးတို႔၏ သူေျပာကိုယ္ေျပာ လက္ ဆင့္ကမ္း ပါးစပ္သမိုင္းမ်ားကို အေျခခံေရးသားခဲ့ သျဖင့္ ထိုဝတၳဳႀကီးမွာ အသက္ဝင္ခဲ့ျခင္းျဖစ္၏။

သာဓကအားျဖင့္ ေဆာ္လမြန္ဘုရင္ႀကီးမွာ ေျမထဲပင္လယ္ကမ္းေျခတစ္ဝိုက္ႏွင့္ အာဖရိကတိုက္ တြင္ တစ္ေခတ္က ေနလိုလလို ထင္ရွားခဲ့ေသာ ဘုရင္ႀကီးျဖစ္၏။ ရွီဗာဘုရင္မႀကီးမွာလည္း လွပေခ်ာ ေမာ၍ ဟိုးဟိုးေက်ာ္ခဲ့ေသာ ဘုရင္မႀကီးျဖစ္ရာ သူ တို႔၏ လြမ္းေမာတသဖြယ္ ခ်စ္မႈခ်စ္ေရးမွာ သမိုင္းဝင္ ျဖစ္ခဲ့သည္။ ထိုစဥ္ကာလက ေဆာ္လမြန္ဘုရင္ႀကီး ေဖာက္လုပ္ခဲ့ေသာ လမ္းမႀကီးမွာ အထူးထင္ရွား၍ လူသိမ်ားခဲ့သည္။ ထို႔ျပင္ ေဆာ္လမြန္ဘုရင္ႀကီး၏ အမ်ားႏွင့္မတူ ထူးျခားထက္ျမက္ေသာ ဉာဏ္ပညာ ရွိသည္ဟု ထိုစဥ္ကာလက ေျမထဲပင္လယ္ ကမၻာ့ ႏိုင္ငံအသီးသီးမွ မင္းအေပါင္းတို႔က ယူဆထားၾက ရာ ၎တို႔ႏိုင္ငံအသီးသီးတြင္ မေျဖရွင္းႏိုင္ေသာကိစၥ ရပ္မွန္သမၽွကို ေဆာ္လမြန္ဘုရင္ႀကီးအား တင္ျပ၍ ဆုံးျဖတ္ေလ့ရွိသည္။

သမၼာက်မ္းစာႏွင့္ သမိုင္းမွတ္တမ္းမ်ားအရ ေဆာ္လမြန္ဘုရင္ႀကီး၏ ေနျပည္ေတာ္မွာ အံ့မခန္း ႀကီးမားလွသည္ဟု ဆိုသည္။ ၿမိဳ႕ေတာ္ရွိ ထာဝရ ဘုရားသခင္၏ ေက်ာင္းေတာ္ႀကီးမွာလည္း ေ႐ြ၊ ေငြ၊ ေၾကး၊ ေက်ာက္သံပတၱျမား၊ ဆင္စြယ္ အမ်ိဳးမ်ိဳးျဖင့္ မြမ္းမံျခယ္လွယ္ထား၏။ ဘုရင္ႀကီး၏နန္းေတာ္မွာ လည္း အံ့မခန္းလွပတင့္တယ္၍ ၿမိဳ႕ေတာ္အတြင္းေန ထိုင္ေသာ ၿမိဳ႕ေတာ္သူ ၿမိဳ႕ေတာ္သားအခ်ိဳ႕မွာ အဆင့္ ျမင့္ဗိသုကာအတတ္ပညာကို တတ္ေျမာက္ၾကသူမ်ား ျဖစ္၏။ ၿမိဳ႕ေတာ္မွာ ေျမထဲပင္လယ္ႏွင့္ အာဖရိက တိုက္ရွိ ႏိုင္ငံမ်ားအားလုံးႏွင့္ ကုန္စည္ေရာင္းဝယ္ေရး ကို ခ်ဳပ္ကိုင္ထားရာ ၿမိဳ႕သူၿမိဳ႕သားအေပါင္းမွာ ခ်မ္းသာႂကြယ္ဝၾကသည္။

သို႔ျဖစ္၍ ထိုစဥ္ကာလက ေဆာ္လမြန္ဘုရင္ႀကီး၏ ႏိုင္ငံေတာ္မွာ ႏိုင္ငံတကာက ေမာ့ၾကည့္ရေသာ ဆူပါပါဝါႏိုင္ငံေတာ္ႀကီးျဖစ္ရာ ဤ မၽွ ဟိုးဟိုးေက်ာ္၍ အံ့ဖြယ္သူရဲ ခ်မ္းသာေသာႏိုင္ငံ ေတာ္ႀကီးကို စိုးမိုးအုပ္ခ်ဳပ္ရေသာ ဘုရင္ႀကီးအဖို႔ သူ၏ဘဏာတိုက္သည္ စိန္၊ ေ႐ြ၊ ရတနာမ်ား၊ ဆင္ စြယ္မ်ားျဖင့္အတိ ျပည့္လၽွံေနမည္မွာ ဘာဆန္းသလဲ ဟု ဆိုရမည္ျဖစ္သည္။ မွတ္တမ္းမ်ားအရ ေဆာ္လ မြန္ဘုရင္ႀကီး၏ ေက်ာက္မိုင္းမ်ားႏွင့္ သတၱဳတြင္းမ်ား တြင္ အလုပ္သမားေပါင္း ၈ဝ,ဝဝဝ ေက်ာ္ရွိ၍ အင္ ဂ်င္နီယာ ၃,၃ဝဝ ရွိသည္ဟု ဆိုသည္။ ဤေက်ာက္ တြင္း သတၱဳတြင္းမ်ားမွ ထြက္ေသာ ေက်ာက္သံပတၱ ျမားႏွင့္ ေ႐ြတုံးေ႐ြခဲမ်ားမွာ လက္ဆစ္ခ်ိဳး ေရတြက္မရ ေအာင္ ရွိခဲ့၏။ (ယခုေခတ္တြင္ ကမၻာေက်ာ္ ကင္ဘာ ေလ စိန္မိုင္းမွာ ေတာင္အာဖရိကတိုက္တြင္ရွိ၍ အဖိုး မျဖတ္ႏိုင္ေသာ စိန္မ်ားထြက္ရွိသည္ဟု သိရ၏။)

ေဆာ္လမြန္ဘုရင္ႀကီးအား ႏိုင္ငံတကာမွ ဆက္သေသာ လက္ေဆာင္ေ႐ြေငြ ေက်ာက္သံပတၱ ျမားမွာလည္း အံ့ဖြယ္ျဖစ္ရာ သူ၏ၿမိဳ႕ေတာ္ဘဏာ တိုက္တြင္ တာဝန္အခက္အခဲရွိလာသည္။ သို႔ျဖစ္၍ ေဆာ္လမြန္ဘုရင္ႀကီးသည္ သူ၏ဘဏာတိုက္ေတာ္ မွ ေ႐ြတုံး၊ ေ႐ြေငြ ေက်ာက္သံပတၱျမားမ်ား၊ ေ႐ြစင္ ႐ုပ္တုမ်ား၊ ရာေပါင္းေထာင္ေပါင္းမ်ားစြာေသာ ေ႐ြ စင္ေ႐ြသားျဖင့္ ျပဳလုပ္ထားေသာ အိမ္သုံးပစၥည္းမ်ား အား လူအမ်ား အသြားအလာခက္ခဲေသာ ေနရာတြင္ အခိုင္အမာ ရတနာသိုက္ျပဳလုပ္၍ ထားခဲ့သည္။ ထို ရတနာသိုက္တည္ေဆာက္သူမ်ား၊ ရတနာပစၥည္း မ်ား သယ္ေဆာင္ေပးပို႔ရသူမ်ားကိုလည္း ထုတ္ေဖာ္ မေျပာႏိုင္ရန္ အဆုံးစီရင္ခဲ့သည္ဟု ဆိုသည္။ သို႔ေသာ္ ေဒသခံမ်ိဳးႏြယ္အမ်ား၏ အဆက္ အႏြယ္မ်ားက သိရွိခဲ့ၾကသည္ဟု ဆိုသည္။

ဤထူး ျခားျဖစ္ရပ္မ်ားကို အေျခခံ၍ စာေရးဆရာႀကီး ဆာ ႐ိုက္ဒါဟက္ဂတ္က ေဆာ္လမြန္သိုက္ဝတၳဳႀကီးကို ေရးသားခဲ့ျခင္းျဖစ္၏။ သမိုင္းအဆက္ဆက္ ထိုရတ နာသိုက္အား သိုက္ဆရာမ်ားက ရွာေဖြခဲ့ၾကသည္။ ထိုသိုက္ကို ပထမဆုံးရွာေဖြရန္ စီစဥ္ခဲ့သူမွာ ၿဗိတိသၽွကိုလိုနီျဖစ္ေသာ ေတာင္အာဖရိကတိုက္၌ ႏွစ္ေပါင္းမ်ားစြာ အုပ္ခ်ဳပ္ေရးအရာရွိအျဖစ္ တာဝန္ ထမ္းေဆာင္ခဲ့ေသာ ၿဗိတိသၽွအမ်ိဳးသား နယ္သစ္ ရွာေဖြစြန္႔စားသြားလာသူ စီစီ႐ုဒ္ဆိုသူျဖစ္၏။ ေဒသခံ လူမ်ိဳးႏြယ္အႀကီးအကဲတို႔ထံမွ စုံစမ္းေလ့လာခ်က္ အရ အထက္ေဖာ္ျပပါ ေဆာ္လမြန္ဘုရင္ႀကီး၏ သိုက္ မွာ အမွန္တကယ္ရွိသည္ဟု အေထာက္အထားခိုင္ ခိုင္မာမာႏွင့္ သိရွိခဲ့သည္ဟု သိရ၏။

လူမ်ိဳးႏြယ္မ်ား ၏ အႀကီးအကဲျဖစ္ေသာ ဘူလာဝါ႐ိုးႏွင့္ လိုဘင္ဂို လာတို႔ထံမွ စုံစမ္းခ်က္ မွတ္တမ္းမ်ားအရ ေဆာ္လမြန္ ဘုရင္ႀကီး၏ ရတနာသိုက္မွာ အမွန္တကယ္ရွိ ေၾကာင္း ေဒသခံဇူးလူးမုဆိုးမ်ား၏ သတင္းေပးပို႔ခ်က္ အရ ထိုရတနာသိုက္ႀကီးမွာ ေဆာ္လမြန္ဘုရင္ႀကီး လက္ထက္ေတာ္အခါက ေဖာက္လုပ္ခဲ့ေသာ မဟာ လမ္းမႀကီးတည္ရွိရာ ယေန႔ ဇင္ဘာေဘြႏိုင္ငံ ေတာတြင္းတစ္ေနရာတြင္ ရွိႏိုင္သည္ဟု သိရ၏။ သမၼာ က်မ္းစာတြင္ ေ႐ြတြင္းမ်ားရွိရာ ရတနာေျမျဖစ္ေသာ အိုဖီယာေဒသဆိုသည္မွာ ဇင္ဘာေဘြႏိုင္ငံကို ေခၚ ေဝၚျခင္းျဖစ္သည္ဟု သိရ၏။

ၿဗိတိသၽွအမ်ိဳးသား စီစီ႐ုဒ္သည္ ေဆာ္လ မြန္ဘုရင္ႀကီး၏ ရတနာသိုက္ကို ရွာေဖြခဲ့ေသာ္လည္း အေၾကာင္းေၾကာင့္ ရွာေဖြမေတြ႕ခဲ့ရေပ။ ဒ႑ာရီလုိလုိျဖစ္ေနေသာ ထိုရတနာသိုက္ႀကီးမွာ ယေန႔ထိ ရတနာသိုက္ရွာေဖြသူမ်ားအား စိန္ေခၚလ်က္ရွိသည္ဟု ဆိုၾကပါေၾကာင္း …။

လွမိုး(ပညာေရး)
မေနာမယဂ်ာနယ္

က်မ္းကိုး -Treasure Lost, Found,


ဆော်လမွန်ဘုရင်ကြီးရဲ့ ရတနာသိုက် (unicode)

ရေးသားသူ – ဆရာလှမိုး(ပညာရေး)

ကျွန်တော်တို့ငယ်စဉ်က ဘကြီးများ၊ ဦးကြီးများ ပြောပြချက်အရ ပုဂံခေတ်မှယနေ့တိုင် ထင်ရှားသောသိုက်များမှာ (၁)ဘုရားသိုက်၊

(၂)သိကြားသိုက်၊

(၃)ဂဝံပတေ့ရသေ့သိုက်၊

(၄)ငမန်ကန်းသိုက်၊

(၅)တဂရုပုဏ္ဏသိုက်၊

(၆)နတ်စက်ရောင် ဆရာတော်သိုက်၊

(၇)ဘုမ္မိရတ်သိုက်တို့ ရှိသည်ဟု သိရ၏။ ဤသိုက်များတွင် စောင့်ရှောက်ကြရသော အစောင့်အရှောက်များလည်း ရှိသည်ဟု သိရ၏။

မှတ်မှတ်ရရ ဒုတိယကမ္ဘာစစ်ကြိုခေတ် ကျွန် တော်တို့အလယ်တန်းကျောင်းသားဘဝက မင်းဘူး ခရိုင် မန်းစက်တော်ရာသွား ခရီးလမ်းရှိ ကင်မိတ် စခန်း၌ ပျက်စီးနေသော စေတီတစ်ဆူနှင့် ဇရပ်တစ် ဆောင်ရှိသည်။ ယုံတမ်းကောလာဟလ ပါးစပ်ဂေဇက် များအရ မြစ်ဝကျွန်းပေါ်မှ လာရောက်သော သိုက် ဆရာတစ်ဦးနှင့် တပည့်များသည် အထက်ဖော်ပြပါ ကင်မိတ်စခန်းတွင် သိုက်တူးခဲ့ကြသည်ဟု ဆိုသည်။ သိုက်ဆရာ၏တပည့်တစ်ဦး စည်းကမ်းချိုးဖောက်မှု ကြောင့် သိုက်ဆရာဖြစ်သူနှင့် တပည့်များမှာ ရူးသွား ကြသည်ဟု သတင်းများထွက်လာသည်။

ကျွန်တော်တို့ အရှေ့တိုင်း၏ လက်ဆင့်ကမ်း အယူအဆအရ ‘‘သိုက်’’များတွင် အထိုက်အ လျောက် တန်ခိုးတေဇာရှိသော သိုက်စောင့်များ၊ ဥစ္စာစောင့်မများ ရှိသည်ဟုဆိုကြ၏။ ကျွန်တော်တို့ နားထောင်ခဲ့ရသော ဥစ္စာစောင့်ပုံပြင်များတွင် လူသား နှင့် ဥစ္စာစောင့်မတို့၏ လွမ်းမောတသဖွယ် ချစ်မှု ချစ်ရေးများနှင့် လူ့ရပ်လူ့ရွာသို့ သက်ဆိုင်ရာသိုက် များမှ တာဝန်ရှိသူများ ခွင့်ပြုချက်ဖြင့် လူအဖြစ် ခေတ္တလာခဲ့သူများအား သိုက်မှပြန်ခေါ်သည့်ဇာတ်လမ်းများကိုလည်း နားထောင်ခဲ့ရသည်။ သို့ဖြစ်၍ ‘‘သိုက်’’ဟူသော ဝေါဟာရကို ကျွန်တော်တို့သည် ကလေးငယ်ဘဝကပင် ရင်းနှီးခဲ့ကြရပြီးဖြစ်၏။

ဒုတိယကမ္ဘာစစ်ကြီး၏ အရိပ်အငွေ့များ ကျွန် တော်တို့မြန်မာနိုင်ငံသို့ ကိုင်းညွတ်လာသောအခါ ကျွန်တော်မှာ စာစုံဖတ်စပြုသော အလယ်တန်း ကျောင်းသားတစ်ဦး ဖြစ်နေပြီဖြစ်သည်။ တစ်ရက် တွင် ဆရာကြီးရွေဥဒေါင်း မြန်မာဘာသာပြန်ဆိုသော ဗြိတိသျှအမျိုးသားစာရေးဆရာကြီး ဆာရိုက်ဒါဟက် ဂတ်၏ ‘‘The King Solmon’s Mine’’ဝတ္ထုကြီးကို မြန်မာဘာသာပြန်ဆိုသော ‘‘ဆော်လမွန်သိုက်’’ ဝတ္ထုကြီးကို ဖန်တရေတေအောင် ဖတ်ရှုမိခဲ့သည်။ ထိုဝတ္ထု၏ အဓိကဇာတ်ဆောင်များဖြစ်သော ဗြိတိ သျှအမျိုးသား ဆာဟင်နရီကားတစ်၊ မုဆိုးကြီး အလန်ကွာတာမိန်း၊ ဇူးလူးအမျိုးသား ဘုရင်တွာလာ နှင့် ပစ္စည်းထမ်းသမား အမ်ဘိုးပါတို့ကို ယနေ့ထိ တသသဖြစ်ခဲ့ရသည်။

စစ်ကြီးပြီးဆုံး၍ တက္ကသိုလ်ကျောင်းသားကြီး ဖြစ်လာသောအခါ အင်္ဂလိပ်စာကို လူလူသူသူ ဖတ် နိုင်လာခဲ့သဖြင့် ငယ်စဉ်က တသသဖြစ်ခဲ့ရသော ဆော်လမွန်သိုက် မြန်မာဘာသာပြန် အင်္ဂလိပ်စာအုပ် ကို ဖတ်ရှုခဲ့သည်သာမက ထိုဝတ္ထုကြီးအား ရုပ်ရှင် အဖြစ် ရိုက်ကူးပြသခဲ့သောအခါ ယင်းဆော်လမွန် သိုက် ရုပ်ရှင်ကားကြီးကို ဖန်တရာတေအောင် ကြည့် ရှုခဲ့ရသည်။ ထိုဝတ္ထုကြီးသည် စာရေးဆရာကြီး ဆာ ရိုက်ဒါဟက်ဂတ်၏ စိတ်ကူးဉာဏ်ကွန့်မြူး၍ ရေးသား ခဲ့သော စိတ်ကူးယဉ်ဝတ္ထုကြီးတစ်ပုဒ်ဖြစ်သော်လည်း ခရစ်ယာန်ဘာသာဝင်တို့၏ သမ္မာကျမ်းစာ အချက် အလက်နှင့် သမိုင်းအထောက်အထားများ၊ အာဖရိက တိုက် ဒေသခံလူမျိုးတို့၏ သူပြောကိုယ်ပြော လက် ဆင့်ကမ်း ပါးစပ်သမိုင်းများကို အခြေခံရေးသားခဲ့ သဖြင့် ထိုဝတ္ထုကြီးမှာ အသက်ဝင်ခဲ့ခြင်းဖြစ်၏။

သာဓကအားဖြင့် ဆော်လမွန်ဘုရင်ကြီးမှာ မြေထဲပင်လယ်ကမ်းခြေတစ်ဝိုက်နှင့် အာဖရိကတိုက် တွင် တစ်ခေတ်က နေလိုလလို ထင်ရှားခဲ့သော ဘုရင်ကြီးဖြစ်၏။ ရှီဗာဘုရင်မကြီးမှာလည်း လှပချော မော၍ ဟိုးဟိုးကျော်ခဲ့သော ဘုရင်မကြီးဖြစ်ရာ သူ တို့၏ လွမ်းမောတသဖွယ် ချစ်မှုချစ်ရေးမှာ သမိုင်းဝင် ဖြစ်ခဲ့သည်။ ထိုစဉ်ကာလက ဆော်လမွန်ဘုရင်ကြီး ဖောက်လုပ်ခဲ့သော လမ်းမကြီးမှာ အထူးထင်ရှား၍ လူသိများခဲ့သည်။ ထို့ပြင် ဆော်လမွန်ဘုရင်ကြီး၏ အများနှင့်မတူ ထူးခြားထက်မြက်သော ဉာဏ်ပညာ ရှိသည်ဟု ထိုစဉ်ကာလက မြေထဲပင်လယ် ကမ္ဘာ့ နိုင်ငံအသီးသီးမှ မင်းအပေါင်းတို့က ယူဆထားကြ ရာ ၎င်းတို့နိုင်ငံအသီးသီးတွင် မဖြေရှင်းနိုင်သောကိစ္စ ရပ်မှန်သမျှကို ဆော်လမွန်ဘုရင်ကြီးအား တင်ပြ၍ ဆုံးဖြတ်လေ့ရှိသည်။

သမ္မာကျမ်းစာနှင့် သမိုင်းမှတ်တမ်းများအရ ဆော်လမွန်ဘုရင်ကြီး၏ နေပြည်တော်မှာ အံ့မခန်း ကြီးမားလှသည်ဟု ဆိုသည်။ မြို့တော်ရှိ ထာဝရ ဘုရားသခင်၏ ကျောင်းတော်ကြီးမှာလည်း ရွေ၊ ငွေ၊ ကြေး၊ ကျောက်သံပတ္တမြား၊ ဆင်စွယ် အမျိုးမျိုးဖြင့် မွမ်းမံခြယ်လှယ်ထား၏။ ဘုရင်ကြီး၏နန်းတော်မှာ လည်း အံ့မခန်းလှပတင့်တယ်၍ မြို့တော်အတွင်းနေ ထိုင်သော မြို့တော်သူ မြို့တော်သားအချို့မှာ အဆင့် မြင့်ဗိသုကာအတတ်ပညာကို တတ်မြောက်ကြသူများ ဖြစ်၏။ မြို့တော်မှာ မြေထဲပင်လယ်နှင့် အာဖရိက တိုက်ရှိ နိုင်ငံများအားလုံးနှင့် ကုန်စည်ရောင်းဝယ်ရေး ကို ချုပ်ကိုင်ထားရာ မြို့သူမြို့သားအပေါင်းမှာ ချမ်းသာကြွယ်ဝကြသည်။

သို့ဖြစ်၍ ထိုစဉ်ကာလက ဆော်လမွန်ဘုရင်ကြီး၏ နိုင်ငံတော်မှာ နိုင်ငံတကာက မော့ကြည့်ရသော ဆူပါပါဝါနိုင်ငံတော်ကြီးဖြစ်ရာ ဤ မျှ ဟိုးဟိုးကျော်၍ အံ့ဖွယ်သူရဲ ချမ်းသာသောနိုင်ငံ တော်ကြီးကို စိုးမိုးအုပ်ချုပ်ရသော ဘုရင်ကြီးအဖို့ သူ၏ဘဏာတိုက်သည် စိန်၊ ရွေ၊ ရတနာများ၊ ဆင် စွယ်များဖြင့်အတိ ပြည့်လျှံနေမည်မှာ ဘာဆန်းသလဲ ဟု ဆိုရမည်ဖြစ်သည်။ မှတ်တမ်းများအရ ဆော်လ မွန်ဘုရင်ကြီး၏ ကျောက်မိုင်းများနှင့် သတ္တုတွင်းများ တွင် အလုပ်သမားပေါင်း ၈ဝ,ဝဝဝ ကျော်ရှိ၍ အင် ဂျင်နီယာ ၃,၃ဝဝ ရှိသည်ဟု ဆိုသည်။ ဤကျောက် တွင်း သတ္တုတွင်းများမှ ထွက်သော ကျောက်သံပတ္တ မြားနှင့် ရွေတုံးရွေခဲများမှာ လက်ဆစ်ချိုး ရေတွက်မရ အောင် ရှိခဲ့၏။ (ယခုခေတ်တွင် ကမ္ဘာကျော် ကင်ဘာ လေ စိန်မိုင်းမှာ တောင်အာဖရိကတိုက်တွင်ရှိ၍ အဖိုး မဖြတ်နိုင်သော စိန်များထွက်ရှိသည်ဟု သိရ၏။)

ဆော်လမွန်ဘုရင်ကြီးအား နိုင်ငံတကာမှ ဆက်သသော လက်ဆောင်ရွေငွေ ကျောက်သံပတ္တ မြားမှာလည်း အံ့ဖွယ်ဖြစ်ရာ သူ၏မြို့တော်ဘဏာ တိုက်တွင် တာဝန်အခက်အခဲရှိလာသည်။ သို့ဖြစ်၍ ဆော်လမွန်ဘုရင်ကြီးသည် သူ၏ဘဏာတိုက်တော် မှ ရွေတုံး၊ ရွေငွေ ကျောက်သံပတ္တမြားများ၊ ရွေစင် ရုပ်တုများ၊ ရာပေါင်းထောင်ပေါင်းများစွာသော ရွေ စင်ရွေသားဖြင့် ပြုလုပ်ထားသော အိမ်သုံးပစ္စည်းများ အား လူအများ အသွားအလာခက်ခဲသော နေရာတွင် အခိုင်အမာ ရတနာသိုက်ပြုလုပ်၍ ထားခဲ့သည်။ ထို ရတနာသိုက်တည်ဆောက်သူများ၊ ရတနာပစ္စည်း များ သယ်ဆောင်ပေးပို့ရသူများကိုလည်း ထုတ်ဖော် မပြောနိုင်ရန် အဆုံးစီရင်ခဲ့သည်ဟု ဆိုသည်။ သို့သော် ဒေသခံမျိုးနွယ်အများ၏ အဆက် အနွယ်များက သိရှိခဲ့ကြသည်ဟု ဆိုသည်။

ဤထူး ခြားဖြစ်ရပ်များကို အခြေခံ၍ စာရေးဆရာကြီး ဆာ ရိုက်ဒါဟက်ဂတ်က ဆော်လမွန်သိုက်ဝတ္ထုကြီးကို ရေးသားခဲ့ခြင်းဖြစ်၏။ သမိုင်းအဆက်ဆက် ထိုရတ နာသိုက်အား သိုက်ဆရာများက ရှာဖွေခဲ့ကြသည်။ ထိုသိုက်ကို ပထမဆုံးရှာဖွေရန် စီစဉ်ခဲ့သူမှာ ဗြိတိသျှကိုလိုနီဖြစ်သော တောင်အာဖရိကတိုက်၌ နှစ်ပေါင်းများစွာ အုပ်ချုပ်ရေးအရာရှိအဖြစ် တာဝန် ထမ်းဆောင်ခဲ့သော ဗြိတိသျှအမျိုးသား နယ်သစ် ရှာဖွေစွန့်စားသွားလာသူ စီစီရုဒ်ဆိုသူဖြစ်၏။ ဒေသခံ လူမျိုးနွယ်အကြီးအကဲတို့ထံမှ စုံစမ်းလေ့လာချက် အရ အထက်ဖော်ပြပါ ဆော်လမွန်ဘုရင်ကြီး၏ သိုက် မှာ အမှန်တကယ်ရှိသည်ဟု အထောက်အထားခိုင် ခိုင်မာမာနှင့် သိရှိခဲ့သည်ဟု သိရ၏။

လူမျိုးနွယ်များ ၏ အကြီးအကဲဖြစ်သော ဘူလာဝါရိုးနှင့် လိုဘင်ဂို လာတို့ထံမှ စုံစမ်းချက် မှတ်တမ်းများအရ ဆော်လမွန် ဘုရင်ကြီး၏ ရတနာသိုက်မှာ အမှန်တကယ်ရှိ ကြောင်း ဒေသခံဇူးလူးမုဆိုးများ၏ သတင်းပေးပို့ချက် အရ ထိုရတနာသိုက်ကြီးမှာ ဆော်လမွန်ဘုရင်ကြီး လက်ထက်တော်အခါက ဖောက်လုပ်ခဲ့သော မဟာ လမ်းမကြီးတည်ရှိရာ ယနေ့ ဇင်ဘာဘွေနိုင်ငံ တောတွင်းတစ်နေရာတွင် ရှိနိုင်သည်ဟု သိရ၏။ သမ္မာ ကျမ်းစာတွင် ရွေတွင်းများရှိရာ ရတနာမြေဖြစ်သော အိုဖီယာဒေသဆိုသည်မှာ ဇင်ဘာဘွေနိုင်ငံကို ခေါ် ဝေါ်ခြင်းဖြစ်သည်ဟု သိရ၏။

ဗြိတိသျှအမျိုးသား စီစီရုဒ်သည် ဆော်လ မွန်ဘုရင်ကြီး၏ ရတနာသိုက်ကို ရှာဖွေခဲ့သော်လည်း အကြောင်းကြောင့် ရှာဖွေမတွေ့ခဲ့ရပေ။ ဒဏ္ဍာရီလိုလိုဖြစ်နေသော ထိုရတနာသိုက်ကြီးမှာ ယနေ့ထိ ရတနာသိုက်ရှာဖွေသူများအား စိန်ခေါ်လျက်ရှိသည်ဟု ဆိုကြပါကြောင်း …။

လှမိုး(ပညာရေး)
မနောမယဂျာနယ်

ကျမ်းကိုး -Treasure Lost, Found,

Leave a Reply