ကမာၻတစ္လႊားက အထူးျခားဆံုး ေက်ာင္း (၁၀) ေက်ာင္း

Posted on

ေရးသားသူ – ေမာင္သာ (ေရွးေဟာင္းသုေတသန)

လူအမ်ားစုလက္ခံထားေသာ ‘ေက်ာင္း’ ဆိုသည့္ေ၀ါဟာရသည္ ပညာရပ္အသီးသီးကို ပို႔ခ်ရန္နွင့္ သင္ယူေလ့လာရန္ ဆရာ ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား ၊ ေက်ာင္းသူမ်ား ဆံုစည္းရာ အေဆာက္အဦးတစ္ခုပင္ျဖစ္သည္။ မနက္ခင္းတြင္ ေက်ာင္းသား ေက်ာင္းသူမ်ားသည္ လြယ္အိတ္ကိုယ္စီျဖင့္ ေက်ာင္းသို႔ေရာက္ရွိလာၾကသည္။ ဆရာ ဆရာမမ်ား၏ သင္ၾကားပို႔ခ်မႈမ်ားကို မွတ္သားလိုက္နာ၍ ကိုယ္တိုင္ေလ့က်င့္ခန္းမ်ား ျပဳလုပ္ၾကသည္။ ေက်ာင္းဆင္းလ်ွင္ အိမ္ျပန္ၾကၿပီး ေနာက္တစ္ေန႔တြင္ ထိုေနရာသို႔ ျပန္လာၾကျပန္သည္။ ထိုေနရာကိုပင္ ‘ေက်ာင္း’ ဟု သတ္မွတ္ၾကသည္။ သို႔ေသာ္ ကမၻာေပၚရွိ အခ်ိဳ႕ေသာေက်ာင္းမ်ားသည္ လူအမ်ားစု လက္ခံထားသည့္ေက်ာင္းမ်ားထက္ ပိုမိုထူးျခားေနတတ္ေၾကာင္း ေတြ႔ရပါသည္။

၁၀။ တုန္းက်ံဳးလိႈဏ္ဂူမူလတန္းေက်ာင္း (Dongzhong Mid-Cave Primary School)

တုန္းက်ံဳးလႈိဏ္ဂူမူလတန္းေက်ာင္းသည္ တရုတ္နိုင္ငံ ၊ ေကြးက်ိဳျပည္နယ္အတြင္းရွိ ေတာင္ထူထပ္ေသာ ေျမာင္ရြာေလးအနီး ဂူတစ္ခုထဲတြင္ တည္ရွိသည္။ တုန္းက်ံဳး (Dongzhong) ဆိုသည္မွာ ‘ဂူထဲတြင္’ ဟုအဓိပၸာယ္ရသည္။ ေကြးက်ိဳျပည္နယ္သည္ တရုတ္နိုင္ငံ၏ အဆင္းရဲဆံုးျပည္နယ္မ်ားထဲမွတစ္ခုျဖစ္ၿပီး အစိုးရအေထာက္အပံ့ မရွိသေလာက္နည္းပါးသည့္ ေဒသလည္းျဖစ္သည္။ ၁၉၈၄ ခုနွစ္တြင္ ဆရာ ဆရာမ (၈) ေယာက္ ၊ ေက်ာင္းသူ ေက်ာင္းသား (၁၈၆) ေယာက္တို႔ျဖင့္ ထိုလႈိဏ္ဂူေက်ာင္းေလးကို စတင္ခဲ့သည္။

အခ်ိဳ႕ေက်ာင္းသားမ်ားသည္ ေန႔စဥ္ ပညာဗဟုသုရွာမွီးရန္အတြက္ ေက်ာင္းသြားေက်ာင္းျပန္ခ်ိန္ စုစုေပါင္း (၆) နာရီအထိ အခ်ိန္ယူခဲ့ရသည္။ ရြာသူရြာသားမ်ားသည္လည္း ေက်ာင္းဆက္ဖြင့္ခြင့္ရနိုင္ရန္ စိုးရိမ္ခဲ့ၾကသည္။ သူတို႔စိုးရိမ္သည့္အတိုင္းပင္ ေက်ာင္းဖြင့္ၿပီး၂၃ နွစ္အၾကာတြင္ တရုတ္အာဏာပိုင္မ်ားက ထိုေက်ာင္းကိုပိတ္လိုက္သည္။ တရုတ္နိုင္ငံသည္ လႈိဏ္ဂူထဲကလူ႔အဖြဲ႔အစည္းမဟုတ္ေသာေၾကာင့္ ေျပာင္းလဲမႈလိုအပ္ေၾကာင္း အစိုးရေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ေျပာၾကားခဲ့သည္။

၉။ ဘဂၤလားေဒ့ရွ္နိုင္ငံရွိ ေရေပၚေက်ာင္းမ်ား (The Boat Schools of Bangladesh)

ဘဂၤလားေဒ့ရွ္နိုင္ငံသည္ တစ္နွစ္လ်ွင္နွစ္ႀကိမ္ ေရႀကီးေလ့ရွိၿပီး ျပည္သူသန္းေပါင္းမ်ားစြာတို႔သည္ ေရသန္႔ ၊ လ်ွပ္စစ္မီးႏွင့္ အျခားလိုအပ္ခ်က္ဆိုင္ရာ အခက္အခဲမ်ားနွင့္ရင္ဆိုင္ရသည္။ ကေလးမ်ားအတြက္ ေက်ာင္းမ်ားမဖြင့္ေပးနိုင္ေသာေၾကာင့္ ေက်ာင္းတက္ရန္လည္း အခက္အခဲျဖစ္လာရသည္။ နွစ္စဥ္ ေရႀကီးမႈေၾကာင့္ျဖစ္ေပၚလာသည့္ ျပႆနာမ်ားကို ရင္ဆိုင္ေျဖရွင္းနိုင္ရန္ ရွီဒူေလး ရႊမ္နဲဗား ရွန္စတာ (Shidhulai Swanirvar Sangstha) ဟုေခၚသည့္ ပုဂၢလိကအဖြဲ႔အစည္းတစ္ခုက ကူညီေျဖရွင္းေပးခဲ့သည္။ အိမ္မ်ား ၊ က်န္းမာေရးေစာင့္ေရွာက္မႈစင္တာမ်ားနွင့္ ေရေပၚေက်ာင္းမ်ားကို ထိုအဖြဲ႔က ေဆာက္လုပ္ေပးခဲ့သည္။

ထိုအဖြဲ႔သည္ ေရေပၚေက်ာင္း (၁၀၀) နီးပါးခန္႔ကို ေဆာက္လုပ္ေပးခဲ့သည္။ ေက်ာင္းတိုင္းတြင္ ေနစြမ္းအင္ရွိၿပီး ကြန္ပ်ဴတာတစ္လံုးတပ္ဆင္လ်က္ အင္တာနက္နွင့္ စာၾကည့္တိုက္အေသးစားတစ္ခုထားရွိသည္။ ေရႀကီးေသာ္လည္း ေရေပၚေက်ာင္းမ်ားက ဖြင့္ၿမဲပင္ျဖစ္သည္။ ေက်ာင္းသားတစ္စုၿပီးတစ္စုအား ေရေဘးသင့္ေနရာမ်ားမွ ရွာေဖြ၍ စာသင္ခန္းတြင္ ပညာသင္ယူေစၿပီး သူတို႔ေနရာေဒသအသီးသီးသို႔ ျပန္လည္ပို႔ေဆာင္ေပးသည္။ ၂၀၀၂ ခုနွစ္တြင္ ထိုေရေပၚေက်ာင္းမ်ားကို တည္ေဆာက္၍ ေက်ာင္းသား ၇၀,၀၀၀ ခန္႔ ပညာသင္ယူလ်က္ရွိသည္။

၈။ အိႏၵိယနိုင္ငံရွိ မီးရထားစၾကၤံ​ေက်ာင္း (The Train Platform Schools of India)

အင္ဒါဂ်စ္ခူရားနားသည္ အလုပ္သို႔ ရထားစီးသြားသည့္အခ်ိန္တိုင္း ခရီးသည္မ်ားအား ေတာင္းရမ္းေနၾကေသာ ေက်ာင္းမသြားနိုင္သည့္ကေလးငယ္မ်ားကို ေတြ႔ရွိခဲ့သည္။ ခူရားနားသည္ အိႏၵိယနိုင္ငံ ၊ ေအာ္ရီဆာျပည္နယ္မွ ေက်ာင္းဆရာမတစ္ဦးျဖစ္ၿပီး ထိုကေလးမ်ား၏ အနာဂတ္အတြက္ အကူအညီေပးရန္ လိုအပ္သည္ဟုယူဆသည္။ ကေလးမ်ားကို ေက်ာင္းသို႔ေခၚေဆာင္သြားရန္ မျဖစ္နိုင္ေသာေၾကာင့္ ေက်ာင္းကိုသာ ကေလးမ်ားဆီသို႔ ေခၚလာေပးရန္ ဆံုးျဖတ္ခဲ့သည္။ ထို႔ေၾကာင့္ပင္ ရူခီကာေက်ာင္း လူမႈေရး၀န္ေဆာင္မႈအဖြဲ႔ (RSSO) ျဖစ္ေပၚလာျခင္းျဖစ္ၿပီး ၁၉၈၅ ခုႏွစ္တြင္ မီးရထားစႀကၤံေက်ာင္းကို စတင္ဖြင့္လွစ္ေပးခဲ့သည္။

ခူရားနားသည္ ေက်ာင္းတစ္ေက်ာင္းနွင့္စတင္ခဲ့ေသာ္လည္း ထိုအစီအစဥ္ေၾကာင့္ ေက်ာင္းသားေပါင္း ၄၀၀၀ ေက်ာ္ကို စာသင္ၾကားေပးနိုင္ခဲ့့သည္။ ထိုေက်ာင္းမ်ားသည္ လမ္းေဘးကေလးမ်ား ၊ အလုပ္လုပ္ေနသည့္ကေလးမ်ားႏွင့္ ဆင္းရဲသားမိသားစုမွကေလးမ်ားအတြက္ ရည္ရြယ္ထားျခင္းျဖစ္သည္။ မီးရထားမွတ္တိုင္မ်ားတြင္ ကေလးမ်ားကိုစု၍ အေရး အဖတ္သင္ၾကားသည္။ ေလ့လာေရးခရီးမ်ား ၊ ရုပ္ပံုကတ္မ်ား ၊ သီခ်င္းမ်ား ၊ ျပဇာတ္မ်ား ၊ ဂီတနွင့္ ရုပ္ေသးမ်ားျဖင့္ သင္ၾကားေပးသည္။ ကေလးမ်ား၏မိသားစုမ်ားအတြက္လည္း စား၀တ္ေနေရးအခက္အခဲရွိနိုင္ေၾကာင္း ခူရားနားက သေဘာေပါက္သျဖင့္ ေဆး၀ါးနွင့္အစားအစာမ်ားကို RSSO က တာ၀န္ယူေထာက္ပ့ံေပးထားသည္။

၇။ အဲဘိုးမူလတန္းေက်ာင္း (Abo Elementary School)

အဲဘိုးမူလတန္းေက်ာင္းသည္ အေမရိကန္နိုင္ငံ၏ ပထမဆံုးေျမေအာက္ေက်ာင္းျဖစ္သည္။ စစ္ေအးတိုက္ပြဲကာလအတြင္း နယူကလီးယားလက္နက္မ်ားေဘးမွ ကာကြယ္ရန္ အေမရိကန္သမၼတ ဂၽြန္အက္ဖ္ကေနဒီသည္ ထိုေက်ာင္းကို တည္ေဆာက္ခဲ့ျခင္းျဖစ္သည္။
ေက်ာင္းသည္ ေျမေအာက္တြင္တည္ရွိၿပီး ကစားကြင္းသည္ ေက်ာင္းေခါင္မိုးေပၚတြင္ျဖစ္သည္။ ၀င္ေပါက္ ၃ ခုရွိသည္။ ၀င္ေပါက္တစ္ခုစီကို ၈၀၀ ကီလိုဂရမ္ရွိသည့္ စတီးတန္းမ်ားျဖင့္ ကာရန္ထားသည္။

ထိုေက်ာင္းသည္ လ်ွပ္စစ္သံလိုက္လိႈင္းမ်ားကို ကာကြယ္နိုင္ၿပီး ၂၀ မက္ဂါတန္ေပါက္ကြဲမႈကို ခံနိုင္ရည္ရွိသည္။ ေရခဲတိုက္ ၊ ေရေႏြးေငြ႔စက္ ၊ ေရတြင္း ၊ ေလ၀င္ေလထြက္စနစ္ ၊ ေဆး၀ါးနွင့္ အစားအစာမ်ား ထားရွိသည္။ ဗံုးအကာအကြယ္အျဖစ္ ေဆာက္လုပ္ခဲ့ေသာ္လည္း ဗံုးဒဏ္မသင့္ခဲ့ေပ။ ျပဳျပင္စရိတ္မ်ားေၾကာင့္ ထိုေက်ာင္းကို ၁၉၉၅ ခုနွစ္တြင္ ပိတ္ခဲ့ရသည္။

၆။ ကူးလူးမူလတန္းေက်ာင္း (Gulu Elementary School)

ကူးလူးသည္ လူသိနည္းသည့္ တရုတ္နိုင္ငံ ၊ ဟန္႔ယြီမွ ရြာေလးတစ္ရြာျဖစ္သည္။ ေျမြလိမ္ေျမြေကာက္လမ္းမ်ားနွင့္ ျပည့္ေနၿပီး ေတာင္တက္လမ္းမ်ား ၊ ေက်ာက္ေဆာင္မ်ားကိုလည္း ျဖတ္သြားရေသာၿမိဳ႕ေလးျဖစ္သည္။ ကူးလူးမူလတန္းေက်ာင္းကိုမူ ၁၉၈၀ ခုနွစ္ေနာက္ပိုင္းတြင္ စန္းခ်ီကၽြင္ဆိုသည့္ ဆရာတစ္ေယာက္တည္းက ဖြင့္လွစ္ခဲ့ျခင္းျဖစ္သည္။ ကၽြင္သည္ အသက္ ၁၈နွစ္အရြယ္တြင္ ကူးလူးရြာသို႔ ေရာက္လာခဲ့သည္။

သူေရာက္ခါစတြင္ ထိုေဒသ၌ သန္႔စင္ခန္းပင္မရွိေသးသည့္အေျခအေနျဖစ္သည္။ ထို႔ေနာက္ ရြာသူရြာသားမ်ားကိုစည္းရံုး၍ ေတာင္ေပၚတြင္ သန္႕စင္ခန္းမ်ားတည္ေဆာက္ရန္ ကူညီေပးခဲ့သည္။ ေက်ာင္းကိုျပန္လည္ျပဳျပင္ၿပီး သန္႔စင္ခန္းတစ္ခုပါ ေဆာက္လုပ္ေပးသည္။ အသံုးမျပဳေတာ့သည့္ ေက်ာက္သင္ပုန္းခ်ပ္တစ္ခ်ပ္ျဖင့္ ဘတ္စကတ္ေဘာကစားကြင္းတစ္ခုလည္း ျပဳလုပ္ေပးခဲ့သည္။

၅။ ဟာေဗးေမ့ခ္ အထက္တန္းေက်ာင္း (Harvey Milk High School)

နယူးေယာက္ရွိ ဟာေဗးေမ့ခ္အထက္တန္းေက်ာင္းသည္ နာမည္ႀကီး မိန္းမလ်ွာအခြင့္အေရးလႈပ္ရွားသူ နိုင္ငံေရးသမား ဟာေဗးေမ့ခ္ကိုအစြဲျပဳ၍ မွည့္ေခၚထားျခင္းျဖစ္သည္။ ပံုမွန္ေက်ာင္းမ်ားတြင္ ခြဲျခားဆက္ဆံခံရေသာ ေယာက်္ားလ်ာမ်ား ၊ မိန္းမလ်ာမ်ား ၊ လိင္နွစ္မ်ိဳးစလံုးစိတ္ပါ၀င္စားသူမ်ားႏွင့္ လိင္ေျပာင္းလဲထားသူမ်ားအတြက္ ရည္ရြယ္ဖြင့္လွစ္ေပးျခင္းျဖစ္သည္။

ထိုေက်ာင္းသည္ အိမ္ေျပးမ်ားကိုလည္း လက္ခံေပးသည္။ ၂၀၀၃ ခုနွစ္ကစ၍ အထက္တန္းေအာင္လက္မွတ္မ်ား စတင္ေပးခဲ့သည္။ ထိုနွစ္မွာပင္ မိန္းမလ်ာဆန္႔က်င္ေရးအဖြဲ႔မ်ား၏ ေ၀ဖန္ျခင္းကိုခံရသည္။ ေက်ာင္းအတြက္ အစိုးရရန္ပံုေငြအဆံုးသတ္ေပးရန္ တရားစြဲဆိုမႈမ်ားႏွင့္လည္း ရင္ဆိုင္ရသည္။

၄။ ထရာဗာဂ်ိဳယာေက်ာင္း (Trabajo Ya)

ျပည့္တန္ဆာလုပ္ငန္းသည္ စပိန္နိုင္ငံတြင္ ယေန႔အထိ လူဦးေရ ၂၀၀,၀၀၀ မွ ၄၀၀,၀၀၀ အၾကားရွိသည္။ ‘ယခုပင္ စလုပ္ပါ’ ဟု အဓိပၸာယ္ရေသာ ထရာဗာဂ်ိဳယာ (Trabajo Ya) ေက်ာင္းသည္ ျပည့္တန္ဆာမ်ားကို ကုန္သြယ္ေရးနည္းလမ္းမ်ား သင္ေပးနိုင္ရန္ ဗလန္စီယာ တြင္ ဖြင့္လွစ္ထားျခင္းျဖစ္သည္။ ထိုေက်ာင္းသည္ အသက္ေမြး၀မ္းေၾကာင္း အေထာက္အကူအျဖစ္ ျပည့္တန္ဆာလုပ္ငန္းဆိုင္ရာ အေျခခံသင္တန္းမ်ား ပို႔ခ်ေပးသည္။ အမ်ိဳးသားေရာ အမ်ိဳးသမီးမ်ားပါ အသက္ေမြး၀မ္းေၾကာင္းအတြက္ အျမတ္အစြန္းရၿပီး အလုပ္အကိုင္အဆင္ေျပနိုင္ေၾကာင္း ထိုသင္တန္းသို႔ေလ်ွာက္ထားရန္ ေၾကာ္ျငာသည္။

သင္တန္းခ်ိန္သည္ စာေတြ႔နွင့္လက္ေတြ႔စုစုေပါင္း တစ္ပတ္ၾကာသည္။ သမိုင္းေၾကာင္းမ်ား ၊ ျပည့္တန္ဆာမ်ား၏ ဆင့္ကဲေျပာင္းလဲပံုမ်ားႏွင့္ စီးပြားေရးကၽြမ္းက်င္မႈမ်ားကို ေလ့လာရန္ သင္တန္းေၾကး ယူရို (၁၀၀) ေပးသြင္းရသည္။ ေန႔စဥ္ လက္ေတြ႔ (၂) နာရီလုပ္ေဆာင္ရၿပီး လိင္ကစားစရာအရုပ္မ်ားကို ေလ့လာရသည္။ ကာမသွ်တရ (Kama Sutra) နွင့္လည္း သူတို႔ကိုယ္တိုင္ ရင္းနွီးကၽြမ္း၀င္ေအာင္လုပ္ရသည္။

ထိုေက်ာင္းကိုဆန္႔က်င္သူမ်ားက တရားစြဲဆိုခဲ့ေသာ္လည္း ေက်ာင္း၏လႈပ္ရွားမႈမ်ားကို တရားရံုးက စံုစမ္းခဲ့ၿပီး ထိုေက်ာင္းသည္ ျပည့္တန္ဆာလုပ္ငန္းကို ျမွင့္တင္ေပးျခင္းမဟုတ္ေၾကာင္း သေဘာတူခဲ့ၾကသည္။ ကံေကာင္းေထာက္မစြာပင္ ထရာဘာဂ်ိဳယာေက်ာင္းသည္ ဆက္လက္ရပ္တည္လ်က္ရွိသည္။

၃။ အနာဂတ္၏ ဖီလာဒဲဖီးယားေက်ာင္း (The Philadelphia School Of The Future)

အနာဂတ္၏ ဖီလာဒဲဖီးယားေက်ာင္းကို ၂၀၀၆ ခုနွစ္တြင္ ဖြင့္လွစ္ခဲ့သည္။ ထိုေက်ာင္းရွိေက်ာင္းသားမ်ားသည္ စာအုပ္ရွိရန္မလို။ စာအုပ္မ်ားသံုးသည့္အစား ကြန္ပ်ဴတာမ်ားကိုသာ အသံုးျပဳၾကသည္။ သခ်ၤာသင္ယူရာတြင္ မွတ္စုေရးသည့္ေဆာ့ဖ္၀ဲကိုသာ သံုးၾကသည္။ ဆရာမ်ားကမူ ရိုးရာေက်ာက္သင္ပုန္းနွင့္ေျမျဖဴအစား ကြန္ပ်ဴတာစနစ္ေက်ာက္သင္ပုန္းမ်ားကိုသာ အသံုးျပဳၾကသည္။ ေက်ာင္းသားမ်ားသည္ ေက်ာင္းသားကဒ္နွင့္ဖြင့္ရေသာ ဒီဂ်စ္တယ္ေလာ့ကာမ်ားကို အသံုးျပဳသည္။

ထိုေက်ာင္းဖြင့္ၿပီးေနာက္ စိန္ေခၚမႈမ်ားနွင့္ ႀကံဳေတြ႔ခဲ့ရသည္။ ေခါင္းေဆာင္မႈဆိုင္ရာျပႆနာမ်ားလည္း ရွိခဲ့သည္။ ေက်ာင္းသားမ်ားသည္ ဒစ္ဂ်စ္တယ္ေခတ္ဆီသို႔ မေရာက္မီ နည္းပညာပိုင္းဆိုင္ရာထိေရာက္မႈ အားနည္းၾကသည္။ ဆရာမ်ားသည္လည္း စာသင္ခန္းတြင္း ပူးေပါင္းလုပ္ေဆာင္ရသည့္ နည္းပညာဆိုင္ရာျပႆနာမ်ား ရွိခဲ့သည္။ စာသင္ေက်ာင္းသည္ ခရိုင္ကလိုအပ္သည့္ ပညာရပ္ဆိုင္ရာအကဲျဖတ္မႈမ်ားနွင့္လည္း ကိုက္ညီမႈမရွိခဲ့ေပ။

အေစာပိုင္းကာလႀကိဳးပမ္းမႈမ်ားေၾကာင့္ ေက်ာင္းသည္ ေအာင္ျမင္လာခဲ့သည္။ ေက်ာင္းသားမ်ားသည္လည္း သခ်ၤာနွင့္ စာဖတ္စြမ္းရည္တြင္ အမွတ္ေကာင္းလာၾကသည္။ ကြန္ပ်ဴတာႏွင့္ အျခားအစီအစဥ္မ်ားအကၽြမ္းတ၀င္ျဖစ္လာျခင္းသည္ ေက်ာင္းသားမ်ားအတြက္ ဘြဲ႔ရၿပီးေနာက္ အလုပ္အကိုင္ရရန္ အခြင့္အလမ္းျမင့္မားလာျခင္းပင္ျဖစ္သည္။

၂။ ဘရြတ္ကလင္ အလြတ္တန္းေက်ာင္း (Brooklyn Free School)

ဘရြတ္ကလင္အလြတ္တန္းေက်ာင္းကို နွစ္ပိုင္းခြဲထားသည္။ အထက္တန္းေက်ာင္းသည္ အသက္ ၁၁ နွစ္ မွ ၁၈ နွစ္အရြယ္ကေလးမ်ားအတြက္ျဖစ္ၿပီး မူလတန္းေက်ာင္းသည္ အသက္ ၄ နွစ္မွ ၁၀ နွစ္အရြယ္ကေလးမ်ားအတြက္ ျဖစ္သည္။ ထိုေက်ာင္းတြင္ သင္ရိုးညႊန္းတမ္း မရွိေပ။ ေက်ာင္းသားတိုင္းသည္ မိမိတို႕နွစ္သက္သည့္အတန္းကို ေရြးခ်ယ္ခြင့္ရွိသည္။ မိမိတို႔ဆႏၵအေလ်ာက္ ေက်ာင္းျပင္ပတြင္ေနခြင့္ရွိသည္။ ေက်ာင္းသားမ်ားကပင္ ေက်ာင္းစည္းကမ္းကို သတ္မွတ္ၾကသည္။

အခ်ိဳ႕ေက်ာင္းသားမ်ားသည္ မိမိတစ္ေယာက္တည္း လြတ္လြတ္လပ္လပ္သင္ယူရန္ ဆံုးျဖတ္နိုင္ခြင့္ရွိသည္။ အခ်ိဳ႕သည္ ကစားျခင္း ၊ ေလ်ွာက္လည္ျခင္းနွင့္ တေရးအိပ္ျခင္းတို႔ကိုလည္း ကိုယ္တိုင္ဆံုးျဖတ္နိုင္သည္။ တီဗြီအစီအစဥ္မ်ားကို ၾကည့္ရႈေလ့လာ၍ ေဆြးေႏြးၾကသည့္အတန္းမ်ားလည္းရွိသည္။ ၿမိဳ႕တြင္းရွိ စားေသာက္ဆိုင္မ်ားသို႔ သြားေရာက္စားေသာက္ျခင္းမျပဳမီ ထိုဆိုင္မ်ားအေၾကာင္း နိႈင္းယွဥ္ေျပာဆုိေလ့လာတတ္ၾကသည္။

မည္သို႔ေသာေက်ာင္းသားမ်ားကို ေရြးခ်ယ္သင့္သည္နွင့္ ေက်ာင္းကို မည္သို႔ စီမံသင့္သည္မ်ားကို အပတ္စဥ္ အစည္းအေ၀းက်င္းပေလ့ရွိသည္။ စာေမးပြဲမရွိ။ အိမ္စာမရွိ။ အဆင့္သတ္မွတ္ျခင္းမရွိေပ။ ေက်ာင္းသားတစ္ေယာက္၏ဆႏၵအေလ်ာက္ ေက်ာင္းနွင့္ပတ္သက္သည့္ကိစၥရပ္မ်ားရွိလ်ွင္ အစည္းအေ၀းေခၚယူနိုင္သည္။ ဆရာမ်ားက ကူညီပံ့ပိုးရံုသာလုပ္ေဆာင္ၿပီး ေက်ာင္းသားမ်ားက အတန္းကိုဦးေဆာင္ၾကရသည္။ ေက်ာင္းအုပ္ႀကီး၏အစီအစဥ္အရ ေက်ာင္းသားတစ္ဦးစီကို မိမိတို႔ကိုယ္ပိုင္လမ္းေၾကာင္းရွာေဖြတတ္ရန္ ေက်ာင္းကေမ်ွာ္မွန္းထားသည္။ ဘရြတ္ကလင္ အလြတ္တန္းေက်ာင္း၏ သင္ၾကားေရးပံုစံကို သင္ရိုးညႊန္းတမ္းမရွိျခင္းေၾကာင့္ ေ၀ဖန္ျခင္းခံရသည္။

၁။ စုန္းေက်ာင္း (Witch School)

ကမၻာတလႊား စုန္းပညာတိုးတက္လာေစရန္ စုန္းေက်ာင္းက စုန္းပညာသင္ၾကားေပးသည္။ ေက်ာင္းသား ၄၀,၀၀၀ ခန္႔သည္ အြန္လိုင္းမွ သင္ယူၾကျခင္းျဖစ္ၿပီး လူကိုယ္တိုင္သြားေရာက္သင္ယူနိုင္သည့္ ေနရာတစ္ခုလည္းရွိသည္။ အစဦးပိုင္းတြင္ ေက်ာင္းတည္ေနရာသည္ ခ်ီကာဂိုၿမိဳ႕ ၊ ရိုစ့္ဗဲလ္ျပည္နယ္တြင္ရွိၿပီး (၂) နွစ္တာ တည္ရွိခဲ့သည္။ ထို႔ေနာက္ မဆက္ျခဴးစက္ျပည္နယ္ (Massachusetts) ၊ ေဆလမ္ၿမိဳ႕သို႔ ေျပာင္းေရႊ႕ခဲ့သည္။ ထိုေနရာတြင္ ၁၆၉၂ မွ ၁၆၉၃ ခုနွစ္အၾကား ဆန္းသစ္ေဆာင္ရြက္ေနေသာ စုန္းအတတ္ပညာကို လူ ၂၀၀ ခန္႔က စြပ္စြဲေျပာဆိုၾကသည္။

ရိုစ္႔ဗဲလ္မွ ေဆလမ္ၿမိဳ႕သို႔ ေျပာင္းေရႊ႕ျခင္းမွာ အေၾကာင္းရင္းရွိသည္။ ရိုစ့္ဗဲလ္တြင္ စုန္းမ်ားေမာင္းသည့္ ကားဘီးမ်ားေပၚတြင္ ေရစင္မ်ားျဖန္းပတ္၍ ခရစ္ယာန္မ်ားက ေ၀ဖန္ကန္႔ကြက္ျခင္းေၾကာင့္ျဖစ္သည္။ အခ်ိဳ႕က သူတို႔ကိုယ္ပိုင္ကားမ်ားေပၚတြင္ ေရစင္မ်ားဖ်န္းပတ္ထားၾကသည္။ ေဆလမ္ၿမိဳ႕ကိုေရြးရသည္မွာ ထိုေနရာတြင္ စုန္းအဖြဲ႔အစည္းတစ္ခုရွိၿပီး စုန္းအခ်င္းခ်င္း ရင္းႏွီးေဖာ္ေရြမႈရနိုင္ျခင္းေၾကာင့္ျဖစ္သည္။

စာသင္ေက်ာင္းမ်ားစြာ ေပၚထြက္လာျခင္းသည္ သင္ယူေလ့လာသူမ်ားအတြက္အက်ိဳးရွိေစရံုသာမက ကမၻာႀကီးတိုးတက္မႈအတြက္ပါ အေထာက္အကူျပဳပါသည္။ ေဖာ္ျပပါေက်ာင္းမ်ား၏ ေဆာင္ရြက္ပံုေဆာင္ရြက္နည္းမ်ားမွ မိမိတို႔ေဒသနွင့္သင့္ေလ်ာ္သည့္နည္းလမ္းမ်ားကို မွတ္သားေလ့လာျခင္းျဖင့္ ေကာင္းမြန္ျပည့္စံုေသာေက်ာင္းမ်ား ဖန္တီးတည္ေဆာက္လာနိုင္မည္ျဖစ္ပါသည္။ ။


ကမ္ဘာတစ်လွှားက အထူးခြားဆုံး ကျောင်း (၁၀) ကျောင်း (unicode)

ရေးသားသူ – မောင်သာ (ရှေးဟောင်းသုတေသန)

လူအများစုလက်ခံထားသော ‘ကျောင်း’ ဆိုသည့်ဝေါဟာရသည် ပညာရပ်အသီးသီးကို ပို့ချရန်နှင့် သင်ယူလေ့လာရန် ဆရာ ၊ ဆရာမများနှင့် ကျောင်းသား ၊ ကျောင်းသူများ ဆုံစည်းရာ အဆောက်အဦးတစ်ခုပင်ဖြစ်သည်။ မနက်ခင်းတွင် ကျောင်းသား ကျောင်းသူများသည် လွယ်အိတ်ကိုယ်စီဖြင့် ကျောင်းသို့ရောက်ရှိလာကြသည်။ ဆရာ ဆရာမများ၏ သင်ကြားပို့ချမှုများကို မှတ်သားလိုက်နာ၍ ကိုယ်တိုင်လေ့ကျင့်ခန်းများ ပြုလုပ်ကြသည်။ ကျောင်းဆင်းလျှင် အိမ်ပြန်ကြပြီး နောက်တစ်နေ့တွင် ထိုနေရာသို့ ပြန်လာကြပြန်သည်။ ထိုနေရာကိုပင် ‘ကျောင်း’ ဟု သတ်မှတ်ကြသည်။ သို့သော် ကမ္ဘာပေါ်ရှိ အချို့သောကျောင်းများသည် လူအများစု လက်ခံထားသည့်ကျောင်းများထက် ပိုမိုထူးခြားနေတတ်ကြောင်း တွေ့ရပါသည်။

၁၀။ တုန်းကျုံးလှိုဏ်ဂူမူလတန်းကျောင်း (Dongzhong Mid-Cave Primary School)

တုန်းကျုံးလှိုဏ်ဂူမူလတန်းကျောင်းသည် တရုတ်နိုင်ငံ ၊ ကွေးကျိုပြည်နယ်အတွင်းရှိ တောင်ထူထပ်သော မြောင်ရွာလေးအနီး ဂူတစ်ခုထဲတွင် တည်ရှိသည်။ တုန်းကျုံး (Dongzhong) ဆိုသည်မှာ ‘ဂူထဲတွင်’ ဟုအဓိပ္ပာယ်ရသည်။ ကွေးကျိုပြည်နယ်သည် တရုတ်နိုင်ငံ၏ အဆင်းရဲဆုံးပြည်နယ်များထဲမှတစ်ခုဖြစ်ပြီး အစိုးရအထောက်အပံ့ မရှိသလောက်နည်းပါးသည့် ဒေသလည်းဖြစ်သည်။ ၁၉၈၄ ခုနှစ်တွင် ဆရာ ဆရာမ (၈) ယောက် ၊ ကျောင်းသူ ကျောင်းသား (၁၈၆) ယောက်တို့ဖြင့် ထိုလှိုဏ်ဂူကျောင်းလေးကို စတင်ခဲ့သည်။
အချို့ကျောင်းသားများသည် နေ့စဉ် ပညာဗဟုသုရှာမှီးရန်အတွက် ကျောင်းသွားကျောင်းပြန်ချိန် စုစုပေါင်း (၆) နာရီအထိ အချိန်ယူခဲ့ရသည်။ ရွာသူရွာသားများသည်လည်း ကျောင်းဆက်ဖွင့်ခွင့်ရနိုင်ရန် စိုးရိမ်ခဲ့ကြသည်။ သူတို့စိုးရိမ်သည့်အတိုင်းပင် ကျောင်းဖွင့်ပြီး၂၃ နှစ်အကြာတွင် တရုတ်အာဏာပိုင်များက ထိုကျောင်းကိုပိတ်လိုက်သည်။ တရုတ်နိုင်ငံသည် လှိုဏ်ဂူထဲကလူ့အဖွဲ့အစည်းမဟုတ်သောကြောင့် ပြောင်းလဲမှုလိုအပ်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

၉။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရေပေါ်ကျောင်းများ (The Boat Schools of Bangladesh)

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တစ်နှစ်လျှင်နှစ်ကြိမ် ရေကြီးလေ့ရှိပြီး ပြည်သူသန်းပေါင်းများစွာတို့သည် ရေသန့် ၊ လျှပ်စစ်မီးနှင့် အခြားလိုအပ်ချက်ဆိုင်ရာ အခက်အခဲများနှင့်ရင်ဆိုင်ရသည်။ ကလေးများအတွက် ကျောင်းများမဖွင့်ပေးနိုင်သောကြောင့် ကျောင်းတက်ရန်လည်း အခက်အခဲဖြစ်လာရသည်။ နှစ်စဉ် ရေကြီးမှုကြောင့်ဖြစ်ပေါ်လာသည့် ပြဿနာများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် ရှီဒူလေး ရွှမ်နဲဗား ရှန်စတာ (Shidhulai Swanirvar Sangstha) ဟုခေါ်သည့် ပုဂ္ဂလိကအဖွဲ့အစည်းတစ်ခုက ကူညီဖြေရှင်းပေးခဲ့သည်။ အိမ်များ ၊ ကျန်းမာရေးစောင့်ရှောက်မှုစင်တာများနှင့် ရေပေါ်ကျောင်းများကို ထိုအဖွဲ့က ဆောက်လုပ်ပေးခဲ့သည်။

ထိုအဖွဲ့သည် ရေပေါ်ကျောင်း (၁၀၀) နီးပါးခန့်ကို ဆောက်လုပ်ပေးခဲ့သည်။ ကျောင်းတိုင်းတွင် နေစွမ်းအင်ရှိပြီး ကွန်ပျူတာတစ်လုံးတပ်ဆင်လျက် အင်တာနက်နှင့် စာကြည့်တိုက်အသေးစားတစ်ခုထားရှိသည်။ ရေကြီးသော်လည်း ရေပေါ်ကျောင်းများက ဖွင့်မြဲပင်ဖြစ်သည်။ ကျောင်းသားတစ်စုပြီးတစ်စုအား ရေဘေးသင့်နေရာများမှ ရှာဖွေ၍ စာသင်ခန်းတွင် ပညာသင်ယူစေပြီး သူတို့နေရာဒေသအသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးသည်။ ၂၀၀၂ ခုနှစ်တွင် ထိုရေပေါ်ကျောင်းများကို တည်ဆောက်၍ ကျောင်းသား ၇၀,၀၀၀ ခန့် ပညာသင်ယူလျက်ရှိသည်။

၈။ အိန္ဒိယနိုင်ငံရှိ မီးရထားစင်္ကြံ​ကျောင်း (The Train Platform Schools of India)

အင်ဒါဂျစ်ခူရားနားသည် အလုပ်သို့ ရထားစီးသွားသည့်အချိန်တိုင်း ခရီးသည်များအား တောင်းရမ်းနေကြသော ကျောင်းမသွားနိုင်သည့်ကလေးငယ်များကို တွေ့ရှိခဲ့သည်။ ခူရားနားသည် အိန္ဒိယနိုင်ငံ ၊ အော်ရီဆာပြည်နယ်မှ ကျောင်းဆရာမတစ်ဦးဖြစ်ပြီး ထိုကလေးများ၏ အနာဂတ်အတွက် အကူအညီပေးရန် လိုအပ်သည်ဟုယူဆသည်။ ကလေးများကို ကျောင်းသို့ခေါ်ဆောင်သွားရန် မဖြစ်နိုင်သောကြောင့် ကျောင်းကိုသာ ကလေးများဆီသို့ ခေါ်လာပေးရန် ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့်ပင် ရူခီကာကျောင်း လူမှုရေးဝန်ဆောင်မှုအဖွဲ့ (RSSO) ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ၁၉၈၅ ခုနှစ်တွင် မီးရထားစင်္ကြံကျောင်းကို စတင်ဖွင့်လှစ်ပေးခဲ့သည်။

ခူရားနားသည် ကျောင်းတစ်ကျောင်းနှင့်စတင်ခဲ့သော်လည်း ထိုအစီအစဉ်ကြောင့် ကျောင်းသားပေါင်း ၄၀၀၀ ကျော်ကို စာသင်ကြားပေးနိုင်ခဲ့သည်။ ထိုကျောင်းများသည် လမ်းဘေးကလေးများ ၊ အလုပ်လုပ်နေသည့်ကလေးများနှင့် ဆင်းရဲသားမိသားစုမှကလေးများအတွက် ရည်ရွယ်ထားခြင်းဖြစ်သည်။ မီးရထားမှတ်တိုင်များတွင် ကလေးများကိုစု၍ အရေး အဖတ်သင်ကြားသည်။ လေ့လာရေးခရီးများ ၊ ရုပ်ပုံကတ်များ ၊ သီချင်းများ ၊ ပြဇာတ်များ ၊ ဂီတနှင့် ရုပ်သေးများဖြင့် သင်ကြားပေးသည်။ ကလေးများ၏မိသားစုများအတွက်လည်း စားဝတ်နေရေးအခက်အခဲရှိနိုင်ကြောင်း ခူရားနားက သဘောပေါက်သဖြင့် ဆေးဝါးနှင့်အစားအစာများကို RSSO က တာဝန်ယူထောက်ပံ့ပေးထားသည်။

၇။ အဲဘိုးမူလတန်းကျောင်း (Abo Elementary School)

အဲဘိုးမူလတန်းကျောင်းသည် အမေရိကန်နိုင်ငံ၏ ပထမဆုံးမြေအောက်ကျောင်းဖြစ်သည်။ စစ်အေးတိုက်ပွဲကာလအတွင်း နယူကလီးယားလက်နက်များဘေးမှ ကာကွယ်ရန် အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီသည် ထိုကျောင်းကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
ကျောင်းသည် မြေအောက်တွင်တည်ရှိပြီး ကစားကွင်းသည် ကျောင်းခေါင်မိုးပေါ်တွင်ဖြစ်သည်။ ဝင်ပေါက် ၃ ခုရှိသည်။ ဝင်ပေါက်တစ်ခုစီကို ၈၀၀ ကီလိုဂရမ်ရှိသည့် စတီးတန်းများဖြင့် ကာရန်ထားသည်။ ထိုကျောင်းသည် လျှပ်စစ်သံလိုက်လှိုင်းများကို ကာကွယ်နိုင်ပြီး ၂၀ မက်ဂါတန်ပေါက်ကွဲမှုကို ခံနိုင်ရည်ရှိသည်။ ရေခဲတိုက် ၊ ရေနွေးငွေ့စက် ၊ ရေတွင်း ၊ လေဝင်လေထွက်စနစ် ၊ ဆေးဝါးနှင့် အစားအစာများ ထားရှိသည်။ ဗုံးအကာအကွယ်အဖြစ် ဆောက်လုပ်ခဲ့သော်လည်း ဗုံးဒဏ်မသင့်ခဲ့ပေ။ ပြုပြင်စရိတ်များကြောင့် ထိုကျောင်းကို ၁၉၉၅ ခုနှစ်တွင် ပိတ်ခဲ့ရသည်။

၆။ ကူးလူးမူလတန်းကျောင်း (Gulu Elementary School)

ကူးလူးသည် လူသိနည်းသည့် တရုတ်နိုင်ငံ ၊ ဟန့်ယွီမှ ရွာလေးတစ်ရွာဖြစ်သည်။ မြွေလိမ်မြွေကောက်လမ်းများနှင့် ပြည့်နေပြီး တောင်တက်လမ်းများ ၊ ကျောက်ဆောင်များကိုလည်း ဖြတ်သွားရသောမြို့လေးဖြစ်သည်။ ကူးလူးမူလတန်းကျောင်းကိုမူ ၁၉၈၀ ခုနှစ်နောက်ပိုင်းတွင် စန်းချီကျွင်ဆိုသည့် ဆရာတစ်ယောက်တည်းက ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ကျွင်သည် အသက် ၁၈နှစ်အရွယ်တွင် ကူးလူးရွာသို့ ရောက်လာခဲ့သည်။

သူရောက်ခါစတွင် ထိုဒေသ၌ သန့်စင်ခန်းပင်မရှိသေးသည့်အခြေအနေဖြစ်သည်။ ထို့နောက် ရွာသူရွာသားများကိုစည်းရုံး၍ တောင်ပေါ်တွင် သန့်စင်ခန်းများတည်ဆောက်ရန် ကူညီပေးခဲ့သည်။ ကျောင်းကိုပြန်လည်ပြုပြင်ပြီး သန့်စင်ခန်းတစ်ခုပါ ဆောက်လုပ်ပေးသည်။ အသုံးမပြုတော့သည့် ကျောက်သင်ပုန်းချပ်တစ်ချပ်ဖြင့် ဘတ်စကတ်ဘောကစားကွင်းတစ်ခုလည်း ပြုလုပ်ပေးခဲ့သည်။

၅။ ဟာဗေးမေ့ခ် အထက်တန်းကျောင်း (Harvey Milk High School)

နယူးယောက်ရှိ ဟာဗေးမေ့ခ်အထက်တန်းကျောင်းသည် နာမည်ကြီး မိန်းမလျှာအခွင့်အရေးလှုပ်ရှားသူ နိုင်ငံရေးသမား ဟာဗေးမေ့ခ်ကိုအစွဲပြု၍ မှည့်ခေါ်ထားခြင်းဖြစ်သည်။ ပုံမှန်ကျောင်းများတွင် ခွဲခြားဆက်ဆံခံရသော ယောက်ျားလျာများ ၊ မိန်းမလျာများ ၊ လိင်နှစ်မျိုးစလုံးစိတ်ပါဝင်စားသူများနှင့် လိင်ပြောင်းလဲထားသူများအတွက် ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်သည်။

ထိုကျောင်းသည် အိမ်ပြေးများကိုလည်း လက်ခံပေးသည်။ ၂၀၀၃ ခုနှစ်ကစ၍ အထက်တန်းအောင်လက်မှတ်များ စတင်ပေးခဲ့သည်။ ထိုနှစ်မှာပင် မိန်းမလျာဆန့်ကျင်ရေးအဖွဲ့များ၏ ဝေဖန်ခြင်းကိုခံရသည်။ ကျောင်းအတွက် အစိုးရရန်ပုံငွေအဆုံးသတ်ပေးရန် တရားစွဲဆိုမှုများနှင့်လည်း ရင်ဆိုင်ရသည်။

၄။ ထရာဗာဂျိုယာကျောင်း (Trabajo Ya)

ပြည့်တန်ဆာလုပ်ငန်းသည် စပိန်နိုင်ငံတွင် ယနေ့အထိ လူဦးရေ ၂၀၀,၀၀၀ မှ ၄၀၀,၀၀၀ အကြားရှိသည်။ ‘ယခုပင် စလုပ်ပါ’ ဟု အဓိပ္ပာယ်ရသော ထရာဗာဂျိုယာ (Trabajo Ya) ကျောင်းသည် ပြည့်တန်ဆာများကို ကုန်သွယ်ရေးနည်းလမ်းများ သင်ပေးနိုင်ရန် ဗလန်းဆီးယားတွင် ဖွင့်လှစ်ထားခြင်းဖြစ်သည်။ ထိုကျောင်းသည် အသက်မွေးဝမ်းကြောင်း အထောက်အကူအဖြစ် ပြည့်တန်ဆာလုပ်ငန်းဆိုင်ရာ အခြေခံသင်တန်းများ ပို့ချပေးသည်။ အမျိုးသားရော အမျိုးသမီးများပါ အသက်မွေးဝမ်းကြောင်းအတွက် အမြတ်အစွန်းရပြီး အလုပ်အကိုင်အဆင်ပြေနိုင်ကြောင်း ထိုသင်တန်းသို့လျှောက်ထားရန် ကြော်ငြာသည်။

သင်တန်းချိန်သည် စာတွေ့နှင့်လက်တွေ့စုစုပေါင်း တစ်ပတ်ကြာသည်။ သမိုင်းကြောင်းများ ၊ ပြည့်တန်ဆာများ၏ ဆင့်ကဲပြောင်းလဲပုံများနှင့် စီးပွားရေးကျွမ်းကျင်မှုများကို လေ့လာရန် သင်တန်းကြေး ယူရို (၁၀၀) ပေးသွင်းရသည်။ နေ့စဉ် လက်တွေ့ (၂) နာရီလုပ်ဆောင်ရပြီး လိင်ကစားစရာအရုပ်များကို လေ့လာရသည်။ ကာမာဆူထရာ (Kama Sutra) နှင့်လည်း သူတို့ကိုယ်တိုင် ရင်းနှီးကျွမ်းဝင်အောင်လုပ်ရသည်။
ထိုကျောင်းကိုဆန့်ကျင်သူများက တရားစွဲဆိုခဲ့သော်လည်း ကျောင်း၏လှုပ်ရှားမှုများကို တရားရုံးက စုံစမ်းခဲ့ပြီး ထိုကျောင်းသည် ပြည့်တန်ဆာလုပ်ငန်းကို မြှင့်တင်ပေးခြင်းမဟုတ်ကြောင်း သဘောတူခဲ့ကြသည်။ ကံကောင်းထောက်မစွာပင် ထရာဘာဂျိုယာကျောင်းသည် ဆက်လက်ရပ်တည်လျက်ရှိသည်။

၃။ အနာဂတ်၏ ဖီလာဒဲဖီးယားကျောင်း (The Philadelphia School Of The Future)

အနာဂတ်၏ ဖီလာဒဲဖီးယားကျောင်းကို ၂၀၀၆ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ ထိုကျောင်းရှိကျောင်းသားများသည် စာအုပ်ရှိရန်မလို။ စာအုပ်များသုံးသည့်အစား ကွန်ပျူတာများကိုသာ အသုံးပြုကြသည်။ သင်္ချာသင်ယူရာတွင် မှတ်စုရေးသည့်ဆော့ဖ်ဝဲကိုသာ သုံးကြသည်။ ဆရာများကမူ ရိုးရာကျောက်သင်ပုန်းနှင့်မြေဖြူအစား ကွန်ပျူတာစနစ်ကျောက်သင်ပုန်းများကိုသာ အသုံးပြုကြသည်။ ကျောင်းသားများသည် ကျောင်းသားကဒ်နှင့်ဖွင့်ရသော ဒီဂျစ်တယ်လော့ကာများကို အသုံးပြုသည်။

ထိုကျောင်းဖွင့်ပြီးနောက် စိန်ခေါ်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။ ခေါင်းဆောင်မှုဆိုင်ရာပြဿနာများလည်း ရှိခဲ့သည်။ ကျောင်းသားများသည် ဒစ်ဂျစ်တယ်ခေတ်ဆီသို့ မရောက်မီ နည်းပညာပိုင်းဆိုင်ရာထိရောက်မှု အားနည်းကြသည်။ ဆရာများသည်လည်း စာသင်ခန်းတွင်း ပူးပေါင်းလုပ်ဆောင်ရသည့် နည်းပညာဆိုင်ရာပြဿနာများ ရှိခဲ့သည်။ စာသင်ကျောင်းသည် ခရိုင်ကလိုအပ်သည့် ပညာရပ်ဆိုင်ရာအကဲဖြတ်မှုများနှင့်လည်း ကိုက်ညီမှုမရှိခဲ့ပေ။

အစောပိုင်းကာလကြိုးပမ်းမှုများကြောင့် ကျောင်းသည် အောင်မြင်လာခဲ့သည်။ ကျောင်းသားများသည်လည်း သင်္ချာနှင့် စာဖတ်စွမ်းရည်တွင် အမှတ်ကောင်းလာကြသည်။ ကွန်ပျူတာနှင့် အခြားအစီအစဉ်များအကျွမ်းတဝင်ဖြစ်လာခြင်းသည် ကျောင်းသားများအတွက် ဘွဲ့ရပြီးနောက် အလုပ်အကိုင်ရရန် အခွင့်အလမ်းမြင့်မားလာခြင်းပင်ဖြစ်သည်။

၂။ ဘရွတ်ကလင် အလွတ်တန်းကျောင်း (Brooklyn Free School)

ဘရွတ်ကလင်အလွတ်တန်းကျောင်းကို နှစ်ပိုင်းခွဲထားသည်။ အထက်တန်းကျောင်းသည် အသက် ၁၁ နှစ် မှ ၁၈ နှစ်အရွယ်ကလေးများအတွက်ဖြစ်ပြီး မူလတန်းကျောင်းသည် အသက် ၄ နှစ်မှ ၁၀ နှစ်အရွယ်ကလေးများအတွက် ဖြစ်သည်။ ထိုကျောင်းတွင် သင်ရိုးညွှန်းတမ်း မရှိပေ။ ကျောင်းသားတိုင်းသည် မိမိတို့နှစ်သက်သည့်အတန်းကို ရွေးချယ်ခွင့်ရှိသည်။ မိမိတို့ဆန္ဒအလျောက် ကျောင်းပြင်ပတွင်နေခွင့်ရှိသည်။ ကျောင်းသားများကပင် ကျောင်းစည်းကမ်းကို သတ်မှတ်ကြသည်။

အချို့ကျောင်းသားများသည် မိမိတစ်ယောက်တည်း လွတ်လွတ်လပ်လပ်သင်ယူရန် ဆုံးဖြတ်နိုင်ခွင့်ရှိသည်။ အချို့သည် ကစားခြင်း ၊ လျှောက်လည်ခြင်းနှင့် တရေးအိပ်ခြင်းတို့ကိုလည်း ကိုယ်တိုင်ဆုံးဖြတ်နိုင်သည်။ တီဗွီအစီအစဉ်များကို ကြည့်ရှုလေ့လာ၍ ဆွေးနွေးကြသည့်အတန်းများလည်းရှိသည်။ မြို့တွင်းရှိ စားသောက်ဆိုင်များသို့ သွားရောက်စားသောက်ခြင်းမပြုမီ ထိုဆိုင်များအကြောင်း နှိုင်းယှဉ်ပြောဆိုလေ့လာတတ်ကြသည်။

မည်သို့သောကျောင်းသားများကို ရွေးချယ်သင့်သည်နှင့် ကျောင်းကို မည်သို့ စီမံသင့်သည်များကို အပတ်စဉ် အစည်းအဝေးကျင်းပလေ့ရှိသည်။ စာမေးပွဲမရှိ။ အိမ်စာမရှိ။ အဆင့်သတ်မှတ်ခြင်းမရှိပေ။ ကျောင်းသားတစ်ယောက်၏ဆန္ဒအလျောက် ကျောင်းနှင့်ပတ်သက်သည့်ကိစ္စရပ်များရှိလျှင် အစည်းအဝေးခေါ်ယူနိုင်သည်။ ဆရာများက ကူညီပံ့ပိုးရုံသာလုပ်ဆောင်ပြီး ကျောင်းသားများက အတန်းကိုဦးဆောင်ကြရသည်။ ကျောင်းအုပ်ကြီး၏အစီအစဉ်အရ ကျောင်းသားတစ်ဦးစီကို မိမိတို့ကိုယ်ပိုင်လမ်းကြောင်းရှာဖွေတတ်ရန် ကျောင်းကမျှော်မှန်းထားသည်။ ဘရွတ်ကလင် အလွတ်တန်းကျောင်း၏ သင်ကြားရေးပုံစံကို သင်ရိုးညွှန်းတမ်းမရှိခြင်းကြောင့် ဝေဖန်ခြင်းခံရသည်။

၁။ စုန်းကျောင်း (Witch School)

ကမ္ဘာတလွှား စုန်းပညာတိုးတက်လာစေရန် စုန်းကျောင်းက စုန်းပညာသင်ကြားပေးသည်။ ကျောင်းသား ၄၀,၀၀၀ ခန့်သည် အွန်လိုင်းမှ သင်ယူကြခြင်းဖြစ်ပြီး လူကိုယ်တိုင်သွားရောက်သင်ယူနိုင်သည့် နေရာတစ်ခုလည်းရှိသည်။ အစဦးပိုင်းတွင် ကျောင်းတည်နေရာသည် ချီကာဂိုမြို့ ၊ ရိုစ့်ဗဲလ်ပြည်နယ်တွင်ရှိပြီး (၂) နှစ်တာ တည်ရှိခဲ့သည်။ ထို့နောက် မဆက်ခြူးစက်ပြည်နယ် (Massachusetts) ၊ ဆေလမ်မြို့သို့ ပြောင်းရွှေ့ခဲ့သည်။ ထိုနေရာတွင် ၁၆၉၂ မှ ၁၆၉၃ ခုနှစ်အကြား ဆန်းသစ်ဆောင်ရွက်နေသော စုန်းအတက်ပညာကို လူ ၂၀၀ ခန့်က စွပ်စွဲပြောဆိုကြသည်။

ရိုစ့်ဗဲလ်မှ ဆေလမ်မြို့သို့ ပြောင်းရွှေ့ခြင်းမှာ အကြောင်းရင်းရှိသည်။ ရိုစ့်ဗဲလ်တွင် စုန်းများမောင်းသည့် ကားဘီးများပေါ်တွင် ရေစင်များဖြန်းပတ်၍ ခရစ်ယာန်များက ဝေဖန်ကန့်ကွက်ခြင်းကြောင့်ဖြစ်သည်။ အချို့က သူတို့ကိုယ်ပိုင်ကားများပေါ်တွင် ရေစင်များဖျန်းပတ်ထားကြသည်။ ဆေလမ်မြို့ကိုရွေးရသည်မှာ ထိုနေရာတွင် စုန်းအဖွဲ့အစည်းတစ်ခုရှိပြီး စုန်းအချင်းချင်း ရင်းနှီးဖော်ရွေမှုရနိုင်ခြင်းကြောင့်ဖြစ်သည်။

စာသင်ကျောင်းများစွာ ပေါ်ထွက်လာခြင်းသည် သင်ယူလေ့လာသူများအတွက်အကျိုးရှိစေရုံသာမက ကမ္ဘာကြီးတိုးတက်မှုအတွက်ပါ အထောက်အကူပြုပါသည်။ ဖော်ပြပါကျောင်းများ၏ ဆောင်ရွက်ပုံဆောင်ရွက်နည်းများမှ မိမိတို့ဒေသနှင့်သင့်လျော်သည့်နည်းလမ်းများကို မှတ်သားလေ့လာခြင်းဖြင့် ကောင်းမွန်ပြည့်စုံသောကျောင်းများ ဖန်တီးတည်ဆောက်လာနိုင်မည်ဖြစ်ပါသည်။ ။

Leave a Reply