ကမာၻေက်ာ္တကၠသုိလ္ အခု ၂၀ ကုိ ၀င္ခြင့္ေလွ်ာက္ရာ အခု ၂၀လုံးရဲ႕ ၀င္ခြင့္အျပင္ ပညာသင္ဆုေဒၚလာ ၂သိန္း၆ေသာင္းပါ ရရွိခဲ့သူ

Posted on

ၿပီးခဲ့တဲ့ရက္ေတြတုန္းက အေမရိကန္ တက္စ္ဆက္က အထက္တန္းေက်ာင္းသားတစ္ေယာက္ ေပ်ာ္ရႊင္စြာေအာ္ဟစ္ ငိုယုိေနတဲ့ ဗီဒီယုိဖုိင္ဟာ ဆုိရွယ္နက္၀က္ေတြမွာ ေရပန္းစားခဲ့ပါတယ္။ ဒီလုိေအာ္ဟစ္ရျခင္းအေၾကာင္းကေတာ့ သူဟာ စတန္းဖုိ႔ဒ္တကၠသုိလ္မွာ ၀င္ခြင့္ရရွိခဲ့လုိ႔ျဖစ္ပါတယ္။ ဒါတင္မကေသးပါဘူး ေနာက္ထပ္ သူေလွ်ာက္ခဲ့တဲ့ တကၠသုိလ္ အခု ၂၀ စလုံးရဲ႕၀င္ခြင့္ကုိလည္း ရရွိခဲ့ပါေသးတယ္။

VIDEO

သူကေတာ့ အေမရိကန္ႏုိင္ငံ Houston ၿမဳိ႕မွာေနထုိင္တဲ့ အသက္ ၁၇ႏွစ္ အရြယ္ Michael Brown ဆုိတဲ့ အသက္ ၁၇ႏွစ္ အရြယ္လူငယ္ေလးတစ္ေယာက္ပဲ ျဖစ္ပါတယ္။ Lamar အထက္တန္းေက်ာင္းၿပီးတက္ေရာက္ၿပီးတဲ့ေနာက္ သူ ဆက္လက္တက္ဖုိ႔အတြက္ အေမရိကန္က ကမာၻ႔ထိပ္တန္း တကၠသုိလ္ အခု ၂၀ မွာ ၀င္ခြင့္ေလွ်ာက္ထားခဲ့ပါတယ္။ ဒီလုိေလွ်ာက္ခဲ့ရာမွာ တကၠသုိလ္အခု ၂၀စလုံးက သူ႔ကုိ၀င္ခြင့္ေပးခဲ့တဲ့အျပင္ ပညာသင္ဆုအတြက္ ခ်ီးျမွင့္ေငြ အေမရိကန္ ေဒၚလာ ၂၆၀၀၀၀ ကုိလည္း ရရွိခဲ့ပါေသးတယ္။ ဒါေၾကာင့္သူဟာ ရူးမတတ္ ေအာ္ဟစ္ေပ်ာ္ရႊင္ခဲ့တာျဖစ္ပါတယ္။

ဒီတကၠသိုလ္ႀကီးေတြရဲ႕ ၀င္ခြင့္ရရွိဖုိ႔ဟာ လုိအပ္ခ်က္ေတြမ်ားစြာရွိတဲ့အတြက္ စေလွ်ာက္တုန္းက ေမွ်ာ္လင့္ခ်က္သိပ္မရွိခဲ့ဘူးလုိ႔ Brown က ဆုိပါတယ္။ ဒါေၾကာင့္လည္း သူဟာ ရွိသမွ် တကၠသုိလ္ေတြအားလုံးကုိ ႀကဳိးစားၿပီး ၀င္ခြင့္ေလွ်ာက္ခဲ့တာျဖစ္ပါတယ္။

“အစက ဒီေလာက္မေမွ်ာ္လင့္ခဲ့ေပမယ့္ အခုေတာ့ ကြ်န္ေတာ္ႀကဳိးစားမႈ အလကားမျဖစ္ဘူးဆုိတာကို သိလုိက္ရပါတယ္။ ကြ်န္ေတာ္ႀကဳိးစားခဲ့ရတာေတြ ၊ စြန္႔လႊတ္ခဲ့တာေတြအတြက္ အခုလုိျဖစ္ခဲ့တာ ကြ်န္ေတာ္အရမ္းဂုဏ္ယူပါတယ္။ အခုေတာ့ ကြ်န္ေတာ္တက္ခ်င္တဲ့ တကၠသိုလ္ကုိ ေရြးခ်ယ္ၿပီး တက္ေရာက္ဖုိ႔ပဲ ရွိပါေတာ့တယ္” လုိ႔ Brown က ဆုိပါတယ္။

သူဒီလုိ ၀င္ခြင့္ရရွိခဲ့တဲ့ တကၠသုိလ္ ၂၀ မွာ ထိပ္တန္း တကၠသုိလ္ႀကီးေတြျဖစ္တဲ့ စတန္းဖုိ႔ဒ္ ၊ ဟားဗတ္ နဲ႔ ေရး တကၠသုိလ္တုိ႔လည္း ပါ၀င္ပါတယ္။ အျခားတကၠသုိလ္ေတြကေတာ့ U Penn, Princeton, Northwestern, Georgetown, Vanderbilt, Johns Hopkins, Pomona, Claremont Mckenna, Williams, UT-Austin, UC Berkeley, Amherst, UNC-Chappel Hill, Tulane, U Michigan, UC Davis, UC Irvine တုိ႔ျဖစ္ပါတယ္။ အမ်ားစုကေတာ့ သူ႔ကုိ ကံေကာင္းလြန္းသူလုိ႔ ခ်ီးမြမ္းၾကေပမယ့္ သူ႔ရဲ႕မိခင္ကေတာ့ ကံေကာင္းတာေၾကာင့္မဟုတ္ပဲ ၊ အထက္တန္္းေက်ာင္း တစ္ေလွ်ာက္မွာ သူမသားျဖစ္သူရဲ႕ အျပင္းအထန္ႀကဳိးစားမႈေတြေၾကာင့္သာ ျဖစ္တယ္လုိ႔ ဆိုပါတယ္။

တကၠသုိလ္ အခု ၂၀ စလုံးက Brown ကုိ လက္ခံခဲ့တဲ့ အဓိကအေၾကာင္းကေတာ့ သူ႔ရဲ႕ GPA ရမွတ္ေၾကာင့္ပဲ ျဖစ္ပါတယ္။ တကၠသုိလ္အားလုံးရဲ႕ ၀င္ခြင့္ GPA ရမွတ္ဟာ 4.0 ၀န္းက်င္ျဖစ္ၿပီး Brown ရဲ႕ GPA ရမွတ္ဟာ 4.68 ျဖစ္ပါတယ္။ သူတက္ခဲ့တဲ့ အထက္တန္းေက်ာင္းက ေက်ာင္းအုပ္ႀကီးကေတာ့ Brown ဟာ စာေတာ္ၿပီး အၿမဲတက္ၾကြေနတတ္တဲ့ ေက်ာင္းသားတစ္ေယာက္လုိ႔ ဆုိပါတယ္။ သူဟာ ေက်ာင္းက စကားရည္လုပြဲ ၊ စာစီစာကုံးပြဲ နဲ႔ အျခားပြဲတုိင္းလုိလုိမွာ အၿမဲ၀င္ၿပဳိင္ေလ့ရွိတယ္လုိ႔ ဆိုပါတယ္။ ဒါအျပင္ ေပါင္းသင္းဆက္ဆံေရးလည္းေကာင္းမြန္ၿပီး သူတက္ခဲ့တဲ့အတန္းတိုင္းမွာ ေက်ာင္းသားေခါင္းေဆာင္ေနရာကို ေရြးခ်ယ္ခံရသူလည္းျဖစ္ပါတယ္။

အထက္တန္းေက်ာင္းမွာတုန္းက Brown ဟာ သူ႔ရဲ႕အဓိကေမဂ်ာအျဖစ္ ႏုိင္ငံေရးသိပၸံကို တက္ေရာက္ခဲ့ၿပီး စီးပြားေရးေမဂ်ာကိုေတာ့ minor အေနနဲ႔ ယူခဲ့ပါတယ္။ အသက္ ၁၇ႏွစ္သာျဖစ္ေပမယ့္ Brown ဟာ မ်ားျပားလွတဲ့ ႏုိင္ငံေရး campaign ေတြမွာ ပါ၀င္ခဲ့ဖူးပါတယ္။ တကၠသုိလ္ၿပီးရင္ေတာ့ သူဟာ ႏုိင္ငံေရး နဲ႔ ဥပေဒနယ္ပယ္ဘက္မွာ ေဇာက္ခ်လုပ္သြားမယ္လုိ႔ Brown က ဆုိပါတယ္။ လက္ရွိမွာေတာ့ Brown ဟာ တကၠသုိလ္ အခု ၂၀ ထဲက စတန္းဖုိ႔ဒ္တကၠသုိလ္ကို ေရြးခ်ယ္ၿပီး တက္ေရာက္ေနခဲ့ၿပီ ျဖစ္ပါတယ္။

အျခားသူေတြကုိေျပာတဲ့ Brown ရဲ႕ စကားကေတာ့ ေအာက္ပါအတုိင္းျဖစ္ပါတယ္။
“ကူညီတတ္သူျဖစ္ပါေစ ၊ အိပ္မက္ႀကီးႀကီးမက္ပါ၊ ေၾကာက္ရြံ႕စိတ္ကုိရင္ဆုိင္ပါ ၊ သင့္မိသားစုအတြက္ ဂုဏ္ယူရတဲ့သူျဖစ္ပါေစ ၊ သင့္ကုိယ္သင္အဟုတ္ ခ်စ္ပါ ၊ သင့္လူမႈပတ္၀န္းက်င္ကုိလည္းခ်စ္ပါ”

—————-

ကမ္ဘာကျော်တက္ကသိုလ် အခု ၂၀ ကို ဝင်ခွင့်လျှောက်ရာ အခု ၂ဝလုံးရဲ့ ဝင်ခွင့်အပြင် ပညာသင်ဆုဒေါ်လာ ၂သိန်း၆သောင်းပါ ရရှိခဲ့သူ (unicode)

ပြီးခဲ့တဲ့ရက်တွေတုန်းက အမေရိကန် တက်စ်ဆက်က အထက်တန်းကျောင်းသားတစ်ယောက် ပျော်ရွှင်စွာအော်ဟစ် ငိုယိုနေတဲ့ ဗီဒီယိုဖိုင်ဟာ ဆိုရှယ်နက်ဝက်တွေမှာ ရေပန်းစားခဲ့ပါတယ်။ ဒီလိုအော်ဟစ်ရခြင်းအကြောင်းကတော့ သူဟာ စတန်းဖို့ဒ်တက္ကသိုလ်မှာ ဝင်ခွင့်ရရှိခဲ့လို့ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး နောက်ထပ် သူလျှောက်ခဲ့တဲ့ တက္ကသိုလ် အခု ၂၀ စလုံးရဲ့ဝင်ခွင့်ကိုလည်း ရရှိခဲ့ပါသေးတယ်။

သူကတော့ အမေရိကန်နိုင်ငံ Houston မြို့မှာနေထိုင်တဲ့ အသက် ၁၇နှစ် အရွယ် Michael Brown ဆိုတဲ့ အသက် ၁၇နှစ် အရွယ်လူငယ်လေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ Lamar အထက်တန်းကျောင်းပြီးတက်ရောက်ပြီးတဲ့နောက် သူ ဆက်လက်တက်ဖို့အတွက် အမေရိကန်က ကမ္ဘာ့ထိပ်တန်း တက္ကသိုလ် အခု ၂၀ မှာ ဝင်ခွင့်လျှောက်ထားခဲ့ပါတယ်။ ဒီလိုလျှောက်ခဲ့ရာမှာ တက္ကသိုလ်အခု ၂ဝစလုံးက သူ့ကိုဝင်ခွင့်ပေးခဲ့တဲ့အပြင် ပညာသင်ဆုအတွက် ချီးမြှင့်ငွေ အမေရိကန် ဒေါ်လာ ၂၆၀၀၀၀ ကိုလည်း ရရှိခဲ့ပါသေးတယ်။ ဒါကြောင့်သူဟာ ရူးမတတ် အော်ဟစ်ပျော်ရွှင်ခဲ့တာဖြစ်ပါတယ်။

ဒီတက္ကသိုလ်ကြီးတွေရဲ့ ဝင်ခွင့်ရရှိဖို့ဟာ လိုအပ်ချက်တွေများစွာရှိတဲ့အတွက် စလျှောက်တုန်းက မျှော်လင့်ချက်သိပ်မရှိခဲ့ဘူးလို့ Brown က ဆိုပါတယ်။ ဒါကြောင့်လည်း သူဟာ ရှိသမျှ တက္ကသိုလ်တွေအားလုံးကို ကြိုးစားပြီး ဝင်ခွင့်လျှောက်ခဲ့တာဖြစ်ပါတယ်။
“အစက ဒီလောက်မမျှော်လင့်ခဲ့ပေမယ့် အခုတော့ ကျွန်တော်ကြိုးစားမှု အလကားမဖြစ်ဘူးဆိုတာကို သိလိုက်ရပါတယ်။ ကျွန်တော်ကြိုးစားခဲ့ရတာတွေ ၊ စွန့်လွှတ်ခဲ့တာတွေအတွက် အခုလိုဖြစ်ခဲ့တာ ကျွန်တော်အရမ်းဂုဏ်ယူပါတယ်။ အခုတော့ ကျွန်တော်တက်ချင်တဲ့ တက္ကသိုလ်ကို ရွေးချယ်ပြီး တက်ရောက်ဖို့ပဲ ရှိပါတော့တယ်” လို့ Brown က ဆိုပါတယ်။

သူဒီလို ဝင်ခွင့်ရရှိခဲ့တဲ့ တက္ကသိုလ် ၂၀ မှာ ထိပ်တန်း တက္ကသိုလ်ကြီးတွေဖြစ်တဲ့ စတန်းဖို့ဒ် ၊ ဟားဗတ် နဲ့ ရေး တက္ကသိုလ်တို့လည်း ပါဝင်ပါတယ်။ အခြားတက္ကသိုလ်တွေကတော့ U Penn, Princeton, Northwestern, Georgetown, Vanderbilt, Johns Hopkins, Pomona, Claremont Mckenna, Williams, UT-Austin, UC Berkeley, Amherst, UNC-Chappel Hill, Tulane, U Michigan, UC Davis, UC Irvine တို့ဖြစ်ပါတယ်။ အများစုကတော့ သူ့ကို ကံကောင်းလွန်းသူလို့ ချီးမွမ်းကြပေမယ့် သူ့ရဲ့မိခင်ကတော့ ကံကောင်းတာကြောင့်မဟုတ်ပဲ ၊ အထက်တန်းကျောင်း တစ်လျှောက်မှာ သူမသားဖြစ်သူရဲ့ အပြင်းအထန်ကြိုးစားမှုတွေကြောင့်သာ ဖြစ်တယ်လို့ ဆိုပါတယ်။

တက္ကသိုလ် အခု ၂၀ စလုံးက Brown ကို လက်ခံခဲ့တဲ့ အဓိကအကြောင်းကတော့ သူ့ရဲ့ GPA ရမှတ်ကြောင့်ပဲ ဖြစ်ပါတယ်။ တက္ကသိုလ်အားလုံးရဲ့ ဝင်ခွင့် GPA ရမှတ်ဟာ 4.0 ဝန်းကျင်ဖြစ်ပြီး Brown ရဲ့ GPA ရမှတ်ဟာ 4.68 ဖြစ်ပါတယ်။ သူတက်ခဲ့တဲ့ အထက်တန်းကျောင်းက ကျောင်းအုပ်ကြီးကတော့ Brown ဟာ စာတော်ပြီး အမြဲတက်ကြွနေတတ်တဲ့ ကျောင်းသားတစ်ယောက်လို့ ဆိုပါတယ်။ သူဟာ ကျောင်းက စကားရည်လုပွဲ ၊ စာစီစာကုံးပွဲ နဲ့ အခြားပွဲတိုင်းလိုလိုမှာ အမြဲဝင်ပြိုင်လေ့ရှိတယ်လို့ ဆိုပါတယ်။ ဒါအပြင် ပေါင်းသင်းဆက်ဆံရေးလည်းကောင်းမွန်ပြီး သူတက်ခဲ့တဲ့အတန်းတိုင်းမှာ ကျောင်းသားခေါင်းဆောင်နေရာကို ရွေးချယ်ခံရသူလည်းဖြစ်ပါတယ်။

အထက်တန်းကျောင်းမှာတုန်းက Brown ဟာ သူ့ရဲ့အဓိကမေဂျာအဖြစ် နိုင်ငံရေးသိပ္ပံကို တက်ရောက်ခဲ့ပြီး စီးပွားရေးမေဂျာကိုတော့ minor အနေနဲ့ ယူခဲ့ပါတယ်။ အသက် ၁၇နှစ်သာဖြစ်ပေမယ့် Brown ဟာ များပြားလှတဲ့ နိုင်ငံရေး campaign တွေမှာ ပါဝင်ခဲ့ဖူးပါတယ်။ တက္ကသိုလ်ပြီးရင်တော့ သူဟာ နိုင်ငံရေး နဲ့ ဥပဒေနယ်ပယ်ဘက်မှာ ဇောက်ချလုပ်သွားမယ်လို့ Brown က ဆိုပါတယ်။ လက်ရှိမှာတော့ Brown ဟာ ဘယ်တက္ကသိုယ်တက်မယ်ဆိုတာကို မရွေးချယ်ရသေးပဲ မေလ ၁ရက်နေ့မှာတော့တစ်ခုခုကိုရွေးချယ်ရပါတော့မယ်။

အခြားသူတွေကိုပြောတဲ့ Brown ရဲ့ စကားကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
“ကူညီတတ်သူဖြစ်ပါစေ ၊ အိပ်မက်ကြီးကြီးမက်ပါ၊ ကြောက်ရွံ့စိတ်ကိုရင်ဆိုင်ပါ ၊ သင့်မိသားစုအတွက် ဂုဏ်ယူရတဲ့သူဖြစ်ပါစေ ၊ သင့်ကိုယ်သင်အဟုတ် ချစ်ပါ ၊ သင့်လူမှုပတ်ဝန်းကျင်ကိုလည်းချစ်ပါ”

Leave a Reply