ႏွစ္ေပါင္း ၈၀ေက်ာ္ သက္တမ္းရွိၿပီျဖစ္တဲ့ ကမာၻ႔အထင္ကရ ဂုိးဒင္းဂိတ္တံတားႀကီး အေၾကာင္း

Posted on

ေရးသားသူ – ကုိေက်ာ္မင္းေအာင္

၁၉၃၃ ခုနွစ္ဇန္နဝါရီလ ၅ ရက္ေန႔မွာ အေမရိကန္ျပည္ေထာင္စုရဲ႕ အထင္ကရအမွတ္သေကၤတ တစ္ခုျဖစ္တဲ့ ဆန္ဖရန္စၥကိုေရလက္ၾကားက Golden Gate ႀကိဳးတံတားႀကီးကိုစတင္တည္ေဆာက္ပါတယ္။ လူတစ္သိန္းေက်ာ္တက္ေရာက္တဲ့ အဲဒီပနၷက္ရိုက္ပြဲ အခမ္းအနားကိုအေမရိကန္သမၼတက သဝဏ္လႊာေပးပို႔ခဲ့ၿပီး အေျမာက္ႏွစ္ဆယ့္တခ်က္ပစ္ေဖာက္ဂုဏ္ျပဳခဲ့ပါတယ္။

ဆန္ဖရန္စစၥကိုကမ္းေျမႇာင္နဲ႔ တဖက္ကမ္းက မာရင္ေကာင္တီတို႔ကိုဆက္စပ္ေပးဖို႔အတြက္ ဆန္ဖရန္စစၥကိုေရလက္ၾကားကိုျဖတ္ၿပီး တံတားႀကီး တည္ေဆာက္ဖို႔႔ ႏွစ္ေပါင္းမ်ားစြာကပ ဲအမ်ိဳးမ်ိဳးအဆိုျပဳခ႔ဲၾကေပမယ့္ လိူင္းေလျပင္းထန္ၿပီး ေရကလည္းနက္တဲ့ပင္လယ္ထဲမွာ တံတားထိုးဖို႔ မျဖစ္နိုင္ဘူးလို႔ပဲအမ်ားက ယူဆၾကပါတယ္။ တံတားတည္ေဆာက္မယ့္ေျမေနရာပိုင္ရွင္ျဖစ္တဲ့ ေရတပ္ကလည္း တကယ္လို႔တံတားႀကီးေဖာက္ခြဲဖ်က္စီးခံရရင္ ဆန္ဖရန္စစၥကို ေရလက္ၾကားထဲကေရတပ္သေဘၤာေတြ ဘယ္မွထြက္မရပဲ ပိတ္မိသြားႏိုင္တယ္ ဆိုၿပီးစိုးရိမ္တႀကီးကန႔္ကြက္ခဲ့ေပမယ့္ ေနာက္ဆံုးမွာေတာ့ တံတားထိုးဖို႔သေဘာတူလိုက္ပါတယ္။

တံတားရဲ႕မူလဒီဇိုင္းကို၁၉၂၁ ခုနွစ္မွာ Strauss ကေရးဆြဲခဲ့တာျဖစ္ၿပီးသူ႔ဒီဇိုင္းကိုအမ်ားျပည္သူကို ခ်ျပတဲ့အခ်ိန္မွာ ႂကြက္ေထာင္ေခ်ာက္ကိုေျပာင္းျပန္လွန္ထားသလိုပဲ အရုပ္ဆိုးတယ္ ဆိုၿပီး ေဝဖန္ၾကလို႔သူ႔ၿပိဳင္ဖက္တျခားဒီဇိုင္းနာေတြျဖစ္တဲ့ Irving Morrow နဲ႔ Charles Ellisတို႔ကိုေခၚယူၿပီးျပန္ျပင္ဆြဲခဲ့ရပါတယ္။ ဒါေပမယ့္တံတားတည္ ေဆာက္ေရးမွာအဓိကႀကီးၾကပ္သူကေတာ့ Straussကိုယ္တိုင္ပဲျဖစ္ပါတယ္။ တံတားတည္ေဆာက္ေရးကာလဟာ ၄နွစ္ေက်ာ္ၾကာျမင့့္ခဲ့ၿပီး ၁၉၃၇ခုနွစ္ေမလ၂၇ ရက္မွာအခမ္းအနားနဲ႔ဖြင့္လွစ္ခဲ့ပါတယ္။

တံတားရဲ႕စုစုေပါင္းအရွည္က ၈၉၈၁ ေပ(၁.၇ မိုင္) ရိွပါတယ္။ တံတားႀကီးမွာ ၇၄၆ေပျမင့္တဲ့အဓိကေမ်ွာ္စင္တာဝါႀကီးႏွစ္ခုရိွၿပီးအခ်င္း ၃ေပစီရိွတဲ့သံမဏိႀကိဳးႏွစ္ေခ်ာင္းနဲ႔ခ်ိတ္ဆက္ထားပါတယ္။ အဲဒီသံမဏိ ႀကိဳးႀကီးႏွစ္ေခ်ာင္းဟာမိုင္ေပါင္း၈၀၀၀၀ ေက်ာ္ရွည္တဲ့ႀကိဳးမ်ွင္ေပါင္း ႏွစ္ေသာင္းခုႏွစ္ေထာင္ေက်ာ္ကိုပူးက်စ္ထားတာျဖစ္ပါတယ္။ အဲဒီႀကိဳးႀကီးႏွစ္ေခ်ာင္းကၿပိဳင္က်ေနတဲ့ႀကိဳးေတြနဲ႔ တံတားကိုဆြဲမထားပါတယ္။ တာဝါတိုင္နွစ္ခုအၾကားအကြာအေဝးဟာ ၄၂၀၀ေပရိွလို႔ ၁၉၆၈ခုႏွစ္အထိ ကမာၻေပၚမွာခန္းဖြင့္အက်ယ္ဆံုးတံတားျဖစ္ခဲ့ပါတယ္။

တာဝါတိုင္ႀကီးႏွစ္ခုမွာ အသံုးျပဳထားတဲ့ စို႔မူလီေပါင္း တသန္းႏွစ္သိန္းေက်ာ္ရိွၿပီး တံတားတခုလံုးမွာအသံုးျပဳထားတဲ့ သံမဏိအေလးခ်ိန္က တန္ခ်ိန္ေပါင္း ရွစ္ေသာင္းရွစ္ေထာင္ေက်ာ္ရိွပါတယ္။ ကုန္က်စရိတ္က ေဒၚလာ၃၅သန္းေက်ာ္ရိွၿပီး ၂၀၀၄ခုနွစ္ေပါက္ေစ်းအရဆိုရင္ေဒၚလာသန္း ၁၂၀၀နဲ႔ ညီပါတယ္တဲ့။ ဒီတံတားႀကီးကိုလိေမၼာ္ေရာင္ရဲရဲသုတ္ထားၿပီး ဒီအေရာင္ေၾကာင့္ေတာ့ GoldenGate လို႔ေခၚတာ မဟုတ္ပါဘူးတဲ့ဗ်ာ။ တံတားႀကီးရဲ႕အေရာင္ဟာမာရင္ေကာင္တီဖက္က ေတာင္ကုန္းေတြေနာက္ခံနဲ႔လိုက္ဖက္မူရိွၿပီး ျမဴနွင္းေတြဆိုင္းေနတဲ့ အခ်ိန္မ်ိဳးမွာလည္း သဲသဲကြဲကဲြျမင္နိုင္ပါတယ္တဲ့။

ဒီတံတားႀကီးနဲ႔ပတ္သက္ၿပီးစိတ္ဝင္စားစရာ အေၾကာင္းအခ်က္တခ်ိဳ႕ လည္းရိွေနပါေသးတယ္။ ကြန္ကရစ္လုပ္ငန္းမွာ AGကားေတြကို စတင္အသံုးျပဳခဲ့တာ ဒီတံတား Projectမွာ ျဖစ္ပါသတဲ့။ ေနာက္ၿပီးေတာ့တည္ေဆာက္ေရးကာလမွာ safety နဲ႔ပတ္သက္လို႔လည္းေတာ္ေတာ္ေလး အေလးထားခဲ့တာေတြ႕ရပါတယ္။ အလုပ္သမားအားလံုးမျဖစ္မေနhardhat ေဆာင္းရတဲ့ပထမဆံုး projectလည္းျဖစ္ပါတယ္။ ဒီေန႔ေခတ္မွာ အျမင့္မွာလုပ္ရတဲ့ လုပ္ငန္းခြင္ေတြမွာ တြင္တြင္က်ယ္က်ယ္အသံုးျပဳေနတဲ့ Safety net ေတြကိုလည္း ဒီတံတားမွာ စတင္အသံုးျပဳခဲ့တယ္လို႔သိရပါတယ္။

စိတ္မေကာင္းစရာတခုကေတာ့ ဒီတံတားႀကီးဟာ ေသေၾကာင္းႀကံစည္သူေတြ ႏွစ္သက္ျမတ္နိုးတဲ့ေနရာတစ္ခုျဖစ္ၿပီး ကမၻာမွာ သက္ေသမႈႏႈန္းအျမင့္ဆံုးေနရာ တစ္ခုျဖစ္ေနတာပါ။ ဒီတံတားႀကီးစတင္ဖြင့္လွစ္ခ်ိန္ကေန ယေန႔အထိတံတားေပၚကခုန္ခ်ၿပီးကိုယ့္ကိုယ္ကို သတ္ေသသူေပါင္း ၁၆၀၀ေက်ာ္ရိွၿပီလို႔သိရပါတယ္။ တံတားႀကီးဟာ ေပ ၂၆၀ ခန္႔ျမင့္မားၿပီး သိပၸံနည္းက်တြက္ရင္ တံတားေပၚက ခုန္ခ်သူတစ္ဦးဟာ တစ္နာရီ ၇၅ မိုင္ႏႈန္းနဲ႔ ၄ စကၠန္႔အတြင္း တံတားေအာက္ေျခကိုေရာက္ၿပီး ခံစားမႈအလ်ည္းမရွိပဲ အသက္ဇီဝိန္ခ်ဴပ္ေစ ႏိူင္မွာပါ။ ဒါကလည္း မိမိကိုယ္ကို သတ္ေသလိုသူေတြကို ဒီ Golden Gate တံတားႀကီးကို လာေရာက္ေစတဲ႔ အေၾကာင္းအရင္းတစ္ခု ျဖစ္ေစခဲ႔တာပါ။

တံတားႀကီးဖြင့္ၿပီး ၃ လအၾကာ ၾသဂုတ္လ ၁၉၃၇ ခုႏွစ္မွာ H.B. Wobber ဆိုတဲ႔သူတစ္ေယာက္ဟာ ဘတ္စ္ကားေပၚမွာ ငူငူႀကီးပါလာတာပါ။ ဘတ္စ္ကားႀကီးဟာ Golden Gate တံတားႀကီးကိုျဖတ္တာနဲ႔ တစ္ခ်ိန္လံုးငိုင္ေနတဲ႔ Wobber ဟာ သူ႕ေဘးနားမွာ ထိုင္ေနတဲ႔ခရီးသည္ကို “ငါဆင္းရမယ့္ မွတ္တိုင္ကဒီေနရာပဲ…ငါသြားေတာ့မယ္” ဆိုၿပီး တံတားေပၚက ခုန္ခ်သြားပါေတာ့တယ္။ ဒီလိုနဲ႔ Wobber ဟာ Golden Gate တံတားႀကီးကေန မိမိအသက္ကို ပထမဦးဆံုး ႏူတ္ယူခဲ႔သူအျဖစ္ မွတ္တမ္းဝင္ခဲ႔ပါေတာ့တယ္။

အေမရိကန္ ႏိုင္ငံရွိ နာမည္ေက်ာ္ Golden Gate တံတားကို ၁၉၃၃ မွ စတင္ တည္ေဆာက္ျပီး ၁၉၃၇ မွာ ျပီးစီး ခဲ့လို့ ယခုအခါ သက္တမ္းအား ျဖင့္ ၈၁ ႏွစ္ရွိ ပါတယ္။ Suspension, truss arch & truss ၾကိဳးတံတား အမ်ိဳးအစား ျဖစ္ပါတယ္။ ဒီတံတားဟာ လည္း သံကို အေျချပဳတဲ့ ႀကိဳးတံတား အမ်ိဳးအစား ဘဲ ျဖစ္ပါတယ္။ ေန႔စဥ္ တံတားကို ေမာ္ေတာ္ယာဥ္ေပါင္း ၁၁၀ ၀၀၀ ေက်ာ္ သြားလာေနတဲ့ ၆ လမ္းသြား ႀကိဳး တံတားႀကီး ျဖစ္ပါတယ္။ ၁၉၉၄ ခုနွစ္မွာ Golen Gate တံတားႀကီးကို ၂၀ရာစုၿမိဳ႕ျပအင္ဂ်င္နီယာပညာရဲ႕အ့ံမခန္းစြမ္းေဆာင္မူတခုအျဖစ္အေမရိကန္ၿမိဳ႕ျပအင္ဂ်င္နီယာအသင္း(ASCE)က“ေခတ္သစ္ရဲ႕ ကမာၻ႔အ့ံၾသဖြယ္ရာခုနွစ္ခု” (seven wonders in modern world) ထဲမွာ တခုအပါအဝင္ သတ္မွတ္ခဲ့ပါတယ္။

ေအာက္က ပုံရိပ္ေတြကေတာ့ တံတာႀကီးေဆာက္လုပ္ခဲ့စဥ္က ရွားပါးပုံရိပ္ေတြျဖစ္ပါတယ္။ သုတဇုန္ မိတ္ေဆြမ်ားအတြက္ ဗဟုသုတ အေနနဲ႔ မွ်ေ၀လုိက္ပါတယ္။


နှစ်ပေါင်း ၈၀ကျော် သက်တမ်းရှိပြီဖြစ်တဲ့ ကမ္ဘာ့အထင်ကရ ဂိုးဒင်းဂိတ်တံတားကြီး အကြောင်း (unicode)

ရေးသားသူ – ကိုကျော်မင်းအောင်

၁၉၃၃ ခုနှစ်ဇန်နဝါရီလ ၅ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုရဲ့ အထင်ကရအမှတ်သင်္ကေတ တစ်ခုဖြစ်တဲ့ ဆန်ဖရန်စ္စကိုရေလက်ကြားက Golden Gate ကြိုးတံတားကြီးကိုစတင်တည်ဆောက်ပါတယ်။ လူတစ်သိန်းကျော်တက်ရောက်တဲ့ အဲဒီပန္နက်ရိုက်ပွဲ အခမ်းအနားကိုအမေရိကန်သမ္မတက သဝဏ်လွှာပေးပို့ခဲ့ပြီး အမြောက်နှစ်ဆယ့်တချက်ပစ်ဖောက်ဂုဏ်ပြုခဲ့ပါတယ်။

ဆန်ဖရန်စစ္စကိုကမ်းမြှောင်နဲ့ တဖက်ကမ်းက မာရင်ကောင်တီတို့ကိုဆက်စပ်ပေးဖို့အတွက် ဆန်ဖရန်စစ္စကိုရေလက်ကြားကိုဖြတ်ပြီး တံတားကြီး တည်ဆောက်ဖို့ နှစ်ပေါင်းများစွာကပ ဲအမျိုးမျိုးအဆိုပြုခဲ့ကြပေမယ့် လိူင်းလေပြင်းထန်ပြီး ရေကလည်းနက်တဲ့ပင်လယ်ထဲမှာ တံတားထိုးဖို့ မဖြစ်နိုင်ဘူးလို့ပဲအများက ယူဆကြပါတယ်။ တံတားတည်ဆောက်မယ့်မြေနေရာပိုင်ရှင်ဖြစ်တဲ့ ရေတပ်ကလည်း တကယ်လို့တံတားကြီးဖောက်ခွဲဖျက်စီးခံရရင် ဆန်ဖရန်စစ္စကို ရေလက်ကြားထဲကရေတပ်သင်္ဘောတွေ ဘယ်မှထွက်မရပဲ ပိတ်မိသွားနိုင်တယ် ဆိုပြီးစိုးရိမ်တကြီးကန့်ကွက်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ တံတားထိုးဖို့သဘောတူလိုက်ပါတယ်။

တံတားရဲ့မူလဒီဇိုင်းကို၁၉၂၁ ခုနှစ်မှာ Strauss ကရေးဆွဲခဲ့တာဖြစ်ပြီးသူ့ဒီဇိုင်းကိုအများပြည်သူကို ချပြတဲ့အချိန်မှာ ကြွက်ထောင်ချောက်ကိုပြောင်းပြန်လှန်ထားသလိုပဲ အရုပ်ဆိုးတယ် ဆိုပြီး ဝေဖန်ကြလို့သူ့ပြိုင်ဖက်တခြားဒီဇိုင်းနာတွေဖြစ်တဲ့ Irving Morrow နဲ့ Charles Ellisတို့ကိုခေါ်ယူပြီးပြန်ပြင်ဆွဲခဲ့ရပါတယ်။ ဒါပေမယ့်တံတားတည် ဆောက်ရေးမှာအဓိကကြီးကြပ်သူကတော့ Straussကိုယ်တိုင်ပဲဖြစ်ပါတယ်။ တံတားတည်ဆောက်ရေးကာလဟာ ၄နှစ်ကျော်ကြာမြင့်ခဲ့ပြီး ၁၉၃၇ခုနှစ်မေလ၂၇ ရက်မှာအခမ်းအနားနဲ့ဖွင့်လှစ်ခဲ့ပါတယ်။

တံတားရဲ့စုစုပေါင်းအရှည်က ၈၉၈၁ ပေ(၁.၇ မိုင်) ရှိပါတယ်။ တံတားကြီးမှာ ၇၄၆ပေမြင့်တဲ့အဓိကမျှော်စင်တာဝါကြီးနှစ်ခုရှိပြီးအချင်း ၃ပေစီရှိတဲ့သံမဏိကြိုးနှစ်ချောင်းနဲ့ချိတ်ဆက်ထားပါတယ်။ အဲဒီသံမဏိ ကြိုးကြီးနှစ်ချောင်းဟာမိုင်ပေါင်း၈၀၀၀၀ ကျော်ရှည်တဲ့ကြိုးမျှင်ပေါင်း နှစ်သောင်းခုနှစ်ထောင်ကျော်ကိုပူးကျစ်ထားတာဖြစ်ပါတယ်။ အဲဒီကြိုးကြီးနှစ်ချောင်းကပြိုင်ကျနေတဲ့ကြိုးတွေနဲ့ တံတားကိုဆွဲမထားပါတယ်။ တာဝါတိုင်နှစ်ခုအကြားအကွာအဝေးဟာ ၄၂၀၀ပေရှိလို့ ၁၉၆၈ခုနှစ်အထိ ကမ္ဘာပေါ်မှာခန်းဖွင့်အကျယ်ဆုံးတံတားဖြစ်ခဲ့ပါတယ်။

တာဝါတိုင်ကြီးနှစ်ခုမှာ အသုံးပြုထားတဲ့ စို့မူလီပေါင်း တသန်းနှစ်သိန်းကျော်ရှိပြီး တံတားတခုလုံးမှာအသုံးပြုထားတဲ့ သံမဏိအလေးချိန်က တန်ချိန်ပေါင်း ရှစ်သောင်းရှစ်ထောင်ကျော်ရှိပါတယ်။ ကုန်ကျစရိတ်က ဒေါ်လာ၃၅သန်းကျော်ရှိပြီး ၂၀၀၄ခုနှစ်ပေါက်ဈေးအရဆိုရင်ဒေါ်လာသန်း ၁၂၀ဝနဲ့ ညီပါတယ်တဲ့။ ဒီတံတားကြီးကိုလိမ္မော်ရောင်ရဲရဲသုတ်ထားပြီး ဒီအရောင်ကြောင့်တော့ GoldenGate လို့ခေါ်တာ မဟုတ်ပါဘူးတဲ့ဗျာ။ တံတားကြီးရဲ့အရောင်ဟာမာရင်ကောင်တီဖက်က တောင်ကုန်းတွေနောက်ခံနဲ့လိုက်ဖက်မူရှိပြီး မြူနှင်းတွေဆိုင်းနေတဲ့ အချိန်မျိုးမှာလည်း သဲသဲကွဲကွဲမြင်နိုင်ပါတယ်တဲ့။

ဒီတံတားကြီးနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာ အကြောင်းအချက်တချို့ လည်းရှိနေပါသေးတယ်။ ကွန်ကရစ်လုပ်ငန်းမှာ AGကားတွေကို စတင်အသုံးပြုခဲ့တာ ဒီတံတား Projectမှာ ဖြစ်ပါသတဲ့။ နောက်ပြီးတော့တည်ဆောက်ရေးကာလမှာ safety နဲ့ပတ်သက်လို့လည်းတော်တော်လေး အလေးထားခဲ့တာတွေ့ရပါတယ်။ အလုပ်သမားအားလုံးမဖြစ်မနေhardhat ဆောင်းရတဲ့ပထမဆုံး projectလည်းဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ အမြင့်မှာလုပ်ရတဲ့ လုပ်ငန်းခွင်တွေမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုနေတဲ့ Safety net တွေကိုလည်း ဒီတံတားမှာ စတင်အသုံးပြုခဲ့တယ်လို့သိရပါတယ်။

စိတ်မကောင်းစရာတခုကတော့ ဒီတံတားကြီးဟာ သေကြောင်းကြံစည်သူတွေ နှစ်သက်မြတ်နိုးတဲ့နေရာတစ်ခုဖြစ်ပြီး ကမ္ဘာမှာ သက်သေမှုနှုန်းအမြင့်ဆုံးနေရာ တစ်ခုဖြစ်နေတာပါ။ ဒီတံတားကြီးစတင်ဖွင့်လှစ်ချိန်ကနေ ယနေ့အထိတံတားပေါ်ကခုန်ချပြီးကိုယ့်ကိုယ်ကို သတ်သေသူပေါင်း ၁၆၀၀ကျော်ရှိပြီလို့သိရပါတယ်။ တံတားကြီးဟာ ပေ ၂၆၀ ခန့်မြင့်မားပြီး သိပ္ပံနည်းကျတွက်ရင် တံတားပေါ်က ခုန်ချသူတစ်ဦးဟာ တစ်နာရီ ၇၅ မိုင်နှုန်းနဲ့ ၄ စက္ကန့်အတွင်း တံတားအောက်ခြေကိုရောက်ပြီး ခံစားမှုအလျည်းမရှိပဲ အသက်ဇီဝိန်ချူပ်စေ နိူင်မှာပါ။ ဒါကလည်း မိမိကိုယ်ကို သတ်သေလိုသူတွေကို ဒီ Golden Gate တံတားကြီးကို လာရောက်စေတဲ့ အကြောင်းအရင်းတစ်ခု ဖြစ်စေခဲ့တာပါ။

တံတားကြီးဖွင့်ပြီး ၃ လအကြာ ဩဂုတ်လ ၁၉၃၇ ခုနှစ်မှာ H.B. Wobber ဆိုတဲ့သူတစ်ယောက်ဟာ ဘတ်စ်ကားပေါ်မှာ ငူငူကြီးပါလာတာပါ။ ဘတ်စ်ကားကြီးဟာ Golden Gate တံတားကြီးကိုဖြတ်တာနဲ့ တစ်ချိန်လုံးငိုင်နေတဲ့ Wobber ဟာ သူ့ဘေးနားမှာ ထိုင်နေတဲ့ခရီးသည်ကို “ငါဆင်းရမယ့် မှတ်တိုင်ကဒီနေရာပဲ…ငါသွားတော့မယ်” ဆိုပြီး တံတားပေါ်က ခုန်ချသွားပါတော့တယ်။ ဒီလိုနဲ့ Wobber ဟာ Golden Gate တံတားကြီးကနေ မိမိအသက်ကို ပထမဦးဆုံး နူတ်ယူခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတော့တယ်။

အမေရိကန် နိုင်ငံရှိ နာမည်ကျော် Golden Gate တံတားကို ၁၉၃၃ မှ စတင် တည်ဆောက်ပြီး ၁၉၃၇ မှာ ပြီးစီး ခဲ့လို့ ယခုအခါ သက်တမ်းအား ဖြင့် ၈၁ နှစ်ရှိ ပါတယ်။ Suspension, truss arch & truss ကြိုးတံတား အမျိုးအစား ဖြစ်ပါတယ်။ ဒီတံတားဟာ လည်း သံကို အခြေပြုတဲ့ ကြိုးတံတား အမျိုးအစား ဘဲ ဖြစ်ပါတယ်။ နေ့စဉ် တံတားကို မော်တော်ယာဉ်ပေါင်း ၁၁၀ ၀၀၀ ကျော် သွားလာနေတဲ့ ၆ လမ်းသွား ကြိုး တံတားကြီး ဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်မှာ Golen Gate တံတားကြီးကို ၂ဝရာစုမြို့ပြအင်ဂျင်နီယာပညာရဲ့အံ့မခန်းစွမ်းဆောင်မူတခုအဖြစ်အမေရိကန်မြို့ပြအင်ဂျင်နီယာအသင်း(ASCE)က”ခေတ်သစ်ရဲ့အံ့ဩဖွယ်ရာခုနှစ်ခု(seven wonders in modern world) ထဲမှာ တခုအပါအဝင် သတ်မှတ်ခဲ့ပါတယ်။

Leave a Reply