​ေဖြ​ေဖြ႐ွာ႐ွာ ဂရိဒ႑ာရီလာ ဗီးနပ္​စ္​ အခ်စ္​နတ္​သမီးအ​ေၾကာင္​း

Posted on

ေရးသားသူ – Ko Kyel Sin (ဗဟုသုတ ၾကယ္​စင္​ ဂ႐ု)

အ​ေနာက္​တိုင္​း၏ မိုးနတ္​​ေဒဝီ အလွဧကရီ နတ္​သမီးမွာ အက္​ဖ႐ိုဒိုက္​ (Aphrodite) ျဖစ္​​ေပသည္​။ သူ႔ကို ​ေရာမတို႔ ​ေခၚ​ေသာ ဗီးနပ္​စ္​ (Venus) ဟူ​ေသာအမည္​ႏွင္​့ ကမၻာက ပိုသိၾကသည္​။ သူ႔အ​ေၾကာင္​း စပ္​လိုက္​ၾကသည္​့ ကဗ်ာ​ေတြ၊ ထုလိုက္​ၾကသည္​့ ပန္​းပု​ေတြ တစ္​ပံုႀကီး႐ွိသည္​။ နာမည္​​ေက်ာ္​ ဗီးနပ္​စ္​႐ုပ္​တု (Venus of Milo) ကို လက္​ႏွစ္​ဘက္​မပါ၊ ကိုယ္​တစ္​ပိုင္​းဗလာႏွင္​့ မီလိုကြၽန္​းတြင္​ စတင္​​ေတြ႔႐ွိၿပီး ယခုအခါ ျပင္​သစ္​ျပည္​ လူးဗရ (Louvre) ျပတိုက္​၌ ထား႐ွိသည္​။

ဗီးနပ္​စ္​ ….. လွသည္​က​ေတာ့ အလြန္​လွသည္​။ အက္​ဖ႐ိုဒိုက္​ ​ေမြးဖြား​ေပၚထြန္​းလာပံုကို ကမၻာ​ေက်ာ္​ ျပင္​သစ္​ပန္​းခ်ီဆရာႀကီး ဘူးဂ္​႐ိုး (Bouguereau) ​ေရးဆြဲထားသည္​့ နာမည္​​ေက်ာ္​ ပန္​းခ်ီကား႐ွိသည္​။ မိ​ေမြးတိုင္​း ဖ​ေမြးတိုင္​း ခါး​ေလးကိုႏြဲ႔၊ ကိုယ္​ေလးကို အလွျပ၊ လက္​ႏွစ္​ဘက္​ကို ​ေျမႇာက္​ထားလ်က္​ ဆံပင္​ကို ကိုင္​​ေနဟန္​ကား ပုရိသမ်ား ရင္​ဖိုၿပီး ႐ူး​ေလာက္​​ေအာင္​လွ၏ဟု ဆိုၾက၏။

အက္​ဖ႐ိုဒိုက္​နတ္​သမီး ​ေမြးဖြားပံုမွာလည္​း ဆန္​းၾကယ္​လွသည္​။ အိုလံပတ္​​နတ္​မ်ားအ႐ွင္​ ဇီးယပ္​စ္​ ​ေခၚ ဇုနတ္​မင္​းႀကီး၏ ခမည္​း​ေတာ္​မွာ ခ႐ိုး​ေနာ့စ္​နတ္​မင္​း ျဖစ္​သည္​။ ခ႐ိုး​ေနာ့စ္​ကို အဖ​ေကာင္​းကင္​နတ္​မင္​း ယူ​ေရးနပ္​စ္​ႏွင္​့ အမိ ​ေျမကမၻာနတ္​သမီး ​ေဂယာတို႔မွ ​ေမြးဖြားခဲ့သည္။ ယူ​ေရးနပ္​စ္​ သက္​႐ွိထင္​႐ွား ႐ွိခ်ိန္​အတြင္​း ယူ​ေရးနပ္​စ္​ႏွင္​့ ​ေဂယာတို႔မွ သားသမီး ၃ အုပ္​စု ​ေမြးဖြားခဲ့သည္​။
၁) လက္​ရံုးတစ္​ရာ႐ွင္​ သား​ေတာ္​ ၃ ဦး
၂) မ်က္​လံုးတစ္​လံုး႐ွင္​ သား​ေတာ္​ ၃ ဦး
၄) တိုက္​တန္​အုပ္​စု သားသမီး ၇ ဦး တို႔ ျဖစ္​ၾကသည္​။ ခ႐ိုး​ေနာ့စ္​သည္​ တိုက္​တန္​အုပ္​စု၏ အငယ္​ဆံုးသား​ေတာ္​ ျဖစ္​သည္​။

ဒုတိယအုပ္​စု​ သား​ေတာ္​ ၃ ဦးသည္​ မာနႀကီးကာ ႐ိုင္​းစိုင္​းၾကမ္​းတမ္​းၾကသူမ်ား ျဖစ္​​ေသာ​ေၾကာင္​့ ခမည္​း​ေတာ္​ ယူ​ေရးနပ္​စ္​သည္​ ယင္​းညီအစ္​ကို ၃ ဦးကို တားတရက္​စ္​ (Tartarus) ​ေခၚ ငရဲအရပ္​ဆီသို႔ ပစ္​ခ်ခဲ့​ေလသည္​။ ဂရိတို႔၏ အဆိုအရ ပန္​းပဲ​ေပတံုးတစ္​ခုကို ကမၻာ​ေျမမွ ပစ္​ခ်လိုက္​လ်ွင္​  ​ေရာက္​ရန္​ ကိုးရက္​ၾကာ အကြာအ​ေဝး၌ တားတရက္​စ္​ ႐ွိ​ေလသည္​။

ထိုျဖစ္​ရပ္​ကို နတ္​မိဖုရားႀကီး ​ေဂယာက မ​ေက်နပ္​ဘဲ သားမ်ားအတြက္​ လင္​​ေယာက်္​ားအ​ေပၚ လက္​စား​ေခ်ရန္​ အခြင္​့အခါ ​ေစာင္​့​ေနခဲ့သည္​။ တိုက္​တန္​​ေမာင္​ႏွမမ်ားကို ​ေမြးဖြားၿပီး​ေနာက္​ အငယ္​ဆံုး ခ႐ိုး​ေနာ့စ္​က ​ေခါင္​း​ေဆာင္​ၿပီး မိခင္​၏အၾကံကို အ​ေကာင္​ထည္​​ေဖာ္​​ေပးရန္​ သ​ေဘာတူခဲ့ၾကသည္​။

ညတစ္​ညတြင္​ ယူ​ေရးနပ္​စ္​ႏွင္​့ ​ေဂယာတို႔ စက္​ရာခန္​း​ေဆာင္​ဝယ္​ ​ေပ်ာ္​ပါး​ေနခ်ိန္​တြင္​ ခ႐ိုး​ေနာ့စ္​သည္​ ပုန္​း​ေအာင္​း​ေနရာမွ ထြက္​လာကာ ဖခင္​ ယူ​ေရးနပ္​စ္​နတ္​မင္​း၏ ​ေယာက်္​ားတန္​​ဆာကို နတ္​မီးခတ္​​ေက်ာက္​တံစဥ္​ျဖင္​့ လွီးျဖတ္​ကာ အဖသတ္​သား အဇာတသတ္​ဘြဲ႔ကို ခံယူလိုက္​​ေလ​ေတာ့သည္​။ မိခင္​ ​ေဂယာ၏ ကိုယ္​တြင္​းဝင္​သြား​ေသာ ယူ​ေရးနပ္​စ္​၏ ​ေသြးစက္​တို႔မွပင္​ ​ေခါင္​းတြင္​ ​ေႁမြဆံပင္​မ​်ား​ ေပါက္​​ေန​ေသာ ​ေၾကာက္​စရာ ဘီလူးညီအစ္​မ သံုး​ေဖာ္​ကို ​ေကာင္​းကင္​နတ္​မင္​း ယူ​ေရးနပ္​စ္၏ ​ေနာက္​ဆံုးမ်ိဳးဆက္​အျဖစ္​ ထပ္​မံ​၍ ​ေမြးဖြားခဲ့​ေလသည္​။

ခ႐ိုး​ေနာ့စ္​သည္​ သူျဖတ္​ယူလာ​ေသာ ပစၥည္​းကို ဘယ္​လက္​ႏွင္​့ ကိုင္​ယူလာၿပီး သမုဒၵရာတြင္​းသို႔ လႊင္​့ပစ္​​ေလသည္​။ ထိုအခ်ိန္​မွစ၍ လူသားတို႔၌လည္​း ဘယ္​လက္​သည္​ ညာလက္​ထက္​ ယုတ္​​ေသာလက္​အျဖစ္​ သတ္​မွတ္​ခဲ့ၾက​ေလသည္​။ ယူ​ေရးနပ္​စ္​၏ ပစၥည္​းမွ က်​ေသာ ​ေသြးစက္​တို႔​ေၾကာင္​့ ​ေျမျပင္​အႏွံ႔ အက္​႐ွ္​ (Ash) ​ေခၚ သစ္​ပင္​တစ္​မ်ိဳးကို မွီ၍ျဖစ္​သည္​့ ႐ုကၡစိုးမ်ိဳး နင္​့ဖ္​ (Nymph) နတ္​သမီးမ်ား ​ေပါက္​ဖြားလာၾကသည္​။ ယူ​ေရးနပ္​စ္​၏ ပစၥည္​းႀကီးသည္​ကား သမုဒၵရာထဲတြင္​ အခ်ိန္​အတန္​ၾကာ ​ေမ်ာပါ​ေနခဲ့ကာ ​ေနာက္​ဆံုးတြင္​ ​ေရျမႇဳပ္​ျဖဴျဖဴႀကီးတစ္​ခု ျဖစ္​လာခဲ့သည္​။ ထို​ေရျမႇဳပ္​ျဖဴႀကီးအတြင္​းမွ အက္​ဖ႐ိုဒိုက္​ ​ေခၚ ဗီးနပ္​စ္​ အခ်စ္​နတ္​သမီး သ​ေႏၶတည္​ ဖြား​ေျမာက္​လာခဲ့​ေလသည္​။

ယင္းကဲ့သို႔ ​ေမြးဖြားပံုသမိုင္​းကပင္​ မယဥ္​လွ​ေလ​ေသာ နတ္​မိမယ္​ အက္​ဖ႐ိုဒိုက္​ကား အိုလံပတ္​​ေတာင္​​ေတာ္​စ​ံ ဂရိနတ္တို႔၏ အလွႏွင္​့အခ်စ္​ကို ကိုယ္​စားျပဳ​ေသာ နတ္​​ေဒဝီပင္​ ျဖစ္​​ေလသည္​။ ဂရိတို႔က အခ်စ္​ဟု​ေခၚ​ေနသည္​မွာ ရာဂ (passion) ျဖစ္​သည္​။ ျမန္​မာ​မ်ား နားလည္​​ေသာ ​ေမတၱာမႊန္း​ေသာ ျမတ္​ႏိုးခ်စ္​မ်ိဳး မဟုတ္​ပါ။ အက္​ဖ႐ိုဒိုက္​ ဟူ​ေသာအမည္​သည္​ ​ေရျမႇဳပ္​ဟု အဓိပၸါယ္​ရ​ေသာ အက္​ဖ​ေရာ့စ္​ (Aphros) ဟူ​ေသာ စကားမွ ဆင္​းသက္​လာသည္​။ အက္​ဖ႐ိုဒိုက္​၏ တိုက္​႐ိုက္​အဓိပၸါယ္​မွာ ​ေရျမႇဳပ္​မွ ​ေမြးဖြားသူဟု ျဖစ္​​ေပသည္​။

ေရျမႇဳပ္​မွဖြားသူ ျဖစ္​လင္​့ကစား ယူ​ေရးနပ္​စ္​၏ မ်ိဳးဆက္​ျဖစ္​၍ သူ႔ကိုလည္း ​ေမြးစားသမီးအျဖစ္​ သတ္​မွတ္​၍ ဇီးယပ္​စ္​နတ္​မင္​းႀကီးက အိုလံပတ္​​ေတာင္​ထိပ္​တြင္​ တစ္​​ေနရာ ​ေပးထားသည္​။ သူ႔ကို ဝိုင္​းႀကိဳက္​ၾကသူ နတ္​မင္​းမ်ား၊ တိုက္​တန္​မ်ား မ​်ားစြာ႐ွိသည္​့ၾကားမွပင္​ ဟီရာနတ္​မိဖုရားႀကီး၏ အစီအမံျဖင္​့ ဇီးယပ္​စ္​က ​ေျခမသန္​သူ သား​ေတာ္​ ပန္​းပဲနတ္​မင္​း ဟီဖက္​စတပ္​ႏွင္​့ ​ေပးစား​ေလသည္​။ အက္​ဖ႐ိုဒိုက္​သည္​ ဟီဖက္​စတပ္​အား အမည္​ခံမ်ွသာ ​ေပါင္​းသင္​းၿပီး ပင္​တိုင္​​ေဖာက္​ျပန္​​ေနသူမွာ ​ေျခ​ေျဖာင္​့လက္​​ေျဖာင္​့ တ​ေဇာက္​ကန္​း ရန္​လို ​ေဒါသႀကီးသူ စစ္​နတ္​မင္​း ​ေအးရီးစ္​ ျဖစ္​သည္​။ ​ေအးရီးစ္​ႏွင္​့ တိတ္​တိတ္​ပုန္​းရ​ေသာ သား ႏွစ္ေယာက္​၊ သမီး တစ္​​ေယာက္​ (ဖက္​ဘက္​စ္​၊ ဒီးမက္​စ္​ႏွင္​့ ဟာမိုးနီးယ) တို႔ကို ဟီဖက္​စတပ္​၏ သားသမီးအမည္​ခံကာ ​ေမြးခဲ့သည္​။

အ​စပိုင္​းတြင္​ ဟီဖက္​စတပ္​က ဘာမွမသိခဲ့​​ေသာ္​လည္​း တစ္​ညတြင္​ကား ​ေအးရီးစ္​၏ သ​ေရးစ္​နယ္​ နန္​း​ေတာ္​တြင္​ မိုးလင္​းသည္​အထိ ႏွစ္​ဦးသား ခ်စ္​ဗ်ဴဟာခင္​းမိသည္​ကို ​ေနနတ္​သား အပိုလို ျမင္​လိုက္​ရရာမွာ ဟီဖက္​စတပ္​ကို သြား​ေျပာ​ေလ​ေတာ့သည္​။ ဟီဖက္​စတပ္​သည္​လည္​း ​ေဒါသအမ်က္​ ႀကီးစြာထြက္​လ်က္​ အမဲလိုက္​ပိုက္​ကြန္​တစ္​ခုကို ​ေၾကးနီျဖင္​့ ျပဳလုပ္​​ေလ​သည္​။ လက္​ရာ​ေျမာက္​လွ​ေသာ​ေၾကာင္​့ ပိုက္​ကြန္​သည္​ ​ေလတြင္​လြင္​့​ေသာ၊ သစ္​ရြက္​ ျမက္​တို႔၌ ​ေရး​ေရးရိပ္​ရိပ္​သာ လႊမ္​းထင္​​ေသာ ပင္​့ကူအိမ္​ႏုႏု​ေလးကဲ့သို႔သာ ႐ွိ​ေလသည္​။ သို႔ရာတြင္​ ခိုင္​လိုက္​သည္​မွာ မည္​သူမ်ွ ျဖတ္​၍မရ။

ဤနတ္​ပိုက္​ကြန္​ကုိ မိမိႏွင္​့ အက္​ဖ႐ိုဒိုက္​၏ အိပ္​ရာခုတင္​၌ ​လ်ိႈ့ဝွက္​​ေထာင္​ထားကာ မိမိပင္​ပန္း​​ေနသျဖင္​့ လင္​းမနက္​စ္​ကြၽန္​းသို႔ သြား​ေရာက္အနားယူဦးမည္​ဟု အက္​ဖ႐ိုဒိုက္​အား ​အသိ​ေပးကာ ဟီဖက္​စတပ္​သည္​ နန္​း​ေတာ္​မ​ွ အထြက္​ျပ​ေလသည္​။ အက္​ဖ႐ိုဒိုက္​လည္​း ​ေအးရီးစ္​နတ္​မင္​းကို အျမန္​အ​ေၾကာင္​းၾကား၍ ​ေဖာက္​ျပန္​ၾက​ေလလ်ွင္​ ပိုက္​ကြန္​၌မိၾကကာ နတ္​အ​ေပါင္​း၏ ​ေ႐ွ႕​ေမွာက္​၌ အႀကီးအက်ယ္​ အ႐ွက္​ကြဲၾက​ေလသည္​။ ပရိသတ္​ထိပ္​ဆံုးမွ ​ေနနတ္​သား အပိုလိုက ညီ​ေတာ္​ ​ေစတမန္​နတ္​သား ဟားမီးစ္​အား ​ေအးရီးစ္​ႏွင္​့ ​ေနရာလဲခ်င္​​သလားဟု စ​ေနာက္​​ေလလ်ွင္​ ဟားမီးစ္​ကလည္​း အက္​ဖ႐ိုဒိုက္​ႏွင့္သာဆိုလ်ွင္​ ပိုက္​ကြန္​သံုးထပ္​ပင္​ အုပ္​မိပါ​ေစ၊ မမႈ​ေၾကာင္​း အ​ေလးအနက္​ ျပန္​​ေျပာခဲ့​ေလသည္​။

ဟီဖက္​စတပ္​က ပိုက္​ကြန္​ျပန္​ဖြင္​့​ေပး​ေစခ်င္​လ်ွင္​ နစ္​နာ​ေၾကးအျဖစ္​ အက္​ဖ႐ိုဒိုက္​ႏွင္​့ လက္​ထပ္​စဥ္​က ဇီးယပ္​စ္​နတ္​မင္​းႀကီးထံ တင္​​ေတာင္​းခဲ့ရ​ေသာ မိမိ၏ရတနာမ်ားကို ျပန္​​ေပးရန္​ ​ေတာင္​းဆိုရာ ဇီးယပ္​စ္​မွ ​ေဒါသတႀကီး ျငင္​းဆန္​​ေလ၏။ ထိုအခါ အက္​ဖ႐ိုဒိုက္​အား ျမင္​ၿပီး ခ်စ္​စိတ္​ယိုဖိတ္​မိသူ ဇီးယပ္​စ္​၏ ​ေနာင္​​ေတာ္​ သမုဒၵရာ နတ္​မင္​းႀကီး ပိုဆိုင္​ဒြန္​က ဇီးယပ္​စ္​အစား ​ေအးရီးစ္​မွ ​ဟီဖက္​စတပ္​အား ​ေလ်ာ္​​ေၾကး​ေပးရန္​ ၾကားဝင္​ဆံုးျဖတ္​ အာမခံ​ေပး​ေလ၏။

အားလံုးသ​ေဘာတူကာ ပိုက္​ကြန္​ျပန္​ဖြင္​့​ေပးသျဖင္​့ ​ေအးရီးစ္​လည္​း သ​ေရးစ္​နန္​း​ေတာ္​သို႔ သုတ္​​ေျခတင္​​ေျပး​ေလ​ေတာ့၏။ အက္​ဖ႐ိုဒိုက္​သည္​ကား ဆိုက္​ပရပ္​စ္​ကြၽန္​း႐ွိ ​ေပးဖက္​စ္​ၿမိဳ႕ဆီ ​ေျပး​ေလသည္​။ ထိုၿမိဳ႕၌ ပင္​လယ္​​ေရခ်ိဳးလိုက္​​ေသာအခါ ယင္​ဖိုပင္​ မနားဖူး​ေသာ ပကတိ အပ်ိဳစင္​စစ္​စစ္​ ျပန္​ျဖစ္​သြားသည္​ ဆို​ေလ၏။ ပိုက္​ကြန္​တြင္​ ပိတ္​မိစဥ္​က အပိုလိုႏွင္​့ ဟားမီးစ္​၏ စကားကို ၾကားခဲ့ရ​ေသာ အက္​ဖ႐ိုဒိုက္​က ​ေက်နပ္​သ​ေဘာက်လြန္​းသျဖင္​့ ဟားမီးစ္​အား တစ္​ညတာ ဆု​ေပး​ေလရာ ယင္​းမွ ဟာမက္​ဖ႐ိုဒီးတက္​စ္​ ကို ဖြားျမင္​ခဲ့သည္​။ ထိုက​ေလးသည္​ သားလည္​း မဟုတ္​၊ သမီးလည္း မဟုတ္​​ေသာ ဖို၊ မ လိင္​အဂၤါ ႏွစ္​မ်ိဳးလံုးပါ​ေသာ ဥဘ​ေတာဗ်ည္​းတစ္​ဦး ျဖစ္​​ေလသည္​။

ၾကားဝင္​​ေစ့စပ္​​ေပး​ေသာ ​ေမြးစားဦးရီး​ေတာ္​ သမုဒၵရာနတ္​မင္းႀကီး ပိုဆိုင္​ဒြန္​၏ ​ေက်းဇူးကိုလည္​း အက္​ဖ႐ိုဒိုက္​က မ​ေမ့ခဲ့​ေပ။ အခ်စ္​နတ္​သမီး ျဖစ္​​ေသာ​ေၾကာင္​့ အခ်စ္​ႏွင္​့ပင္​ ​ေက်းဇူးဆပ္​လိုက္​ရာ ၎ႏွင္​့လည္​း သား​ေတာ္​ႏွစ္​ပါး ဖြားျမင္​​ေလသည္​။ ပိုဆိုင္​ဒြန္​ ဖ်န္​​ေျဖခဲ့​ေသာ ​ေလ်ာ္​​ေၾကးကို ​ေအးရီးစ္​က မ​ေပးခဲ့​ေပ။ ၾကားဝင္​ အာမခံခဲ့​ေသာ ပိုဆိုင္​ဒြန္​ကလည္​း မ​ေပး​ေပ။ ​ေလ်ာ္​​ေၾကးမရ​ေသာ္​လည္​း ကြာ႐ွင္​းျပတ္​စဲရန္​ ဆႏၵမ႐ွ္ိ႐ွာ​ေသာ ဟီဖက္​စတပ္​ကလည္​း ယင္​းကိစၥကို ​ေမ့လိုက္​​ေလသည္​။

အခ်စ္​နတ္​သမီးသည္​ကား အခ်စ္​ဇာတ္​လမ္​းမ်ား တစ္​ခန္​းၿပီး တစ္​ခန္​း ႐ိုက္​လ်က္​႐ွိ​ေလသည္​။ ဝိုင္​နတ္​သား ဒိုင္​အိုးနီးဆပ္​ႏွင္​့လည္​း ၿငိလိုက္​​ေသးရာ ပရီး​ေအးပက္​စ္​ ​ေခၚ သားတစ္​ဦးကို ဖြားျမင္​​ေလသည္​။ ဤက​ေလး၏ လိင္​အဂၤါသည္​ ျမင္​မ​ေကာင္​း​ေအာင္​ ႀကီးမားလွသည္​ ဆို၏။ အခ်စ္​နတ္​သမီး၏ ​ေတြ႕မ​ေ႐ွာင္​​ ​ေသာင္​းက်န္​းမႈကို မႏွစ္​ၿမိဳ႕​ေသာ ​ေယာကၡမ​ေတာ္​ ဟီရာ နတ္မိဖုရားႀကီးက က​ေလးအ​ေပၚ ဒဏ္​ခတ္​လိုက္​ျခင္​း ျဖစ္​သည္​။ မည္​သုိ႔ပင္​ျဖစ္​​ေစ သား​ေတာ္​ ပရီး​ေအးပက္​စ္​သည္​ ဂရိႏွင္​့​ေရာမသားတို႔၏ ဖိုသဘာဝ စြမ္​းအား႐ွင္​နတ္​ ျဖစ္​လာ​ေလသည္​။

အလြန္​​ျမာ​ေပြ​ေသာ ဇီးယပ္​စ္​နတ္​မင္​းႀကီးသည္​ ထူးထူးဆန္​းဆန္​းပင္​ အက္​ဖ႐ိုဒိုက္​ကို ​ေ႐ွာင္သည္​။ အက္​ဖ႐ိုဒိုက္​၏ ခါးစည္​းတန္​ဆာသည္​ အစြမ္​းထက္​လွ၏။ ယင္​းခါးစည္​းတန္​ဆာ ဝတ္ဆင္​ထားလ်ွင္​ က်န္​​သူမ်ားကို ထားဘိဦး၊ ဇီးယပ္​စ္​နတ္​မင္​းႀကီးသည္​ပင္​ အျပင္​းအထန္​ စိတ္ထိန္​းခ်ဳပ္​ရ​ေလသည္​။ ပင္​ပန္​းလာ​ေသာ ဇီးယပ္​စ္​နတ္​မင္​းႀကီးသည္​ အက္​ဖ႐ိုဒိုက္​အား အ႐ွက္​ခြဲရန္​ ရည္​ရြယ္​၍ သာမန္​​ေသမ်ိဳး လူ​ေခ်ာဘုရင္​​ေလး အင္​ခီးဆီးဇ္​အား အ႐ူးအမူး ခ်စ္မိေစရန္​ ဖန္တီးလိုက္​​ေလသည္​။

မိမိအား အလြန္​စြဲလမ္​း ႏွစ္​သက္​သြား​ေသာ အက္​ဖ႐ိုဒိုက္​အ​ား ဝင္​့ဝါ​ေစာ္​ကား​ေလ​ေသာ အင္ခီးဆီးဇ္​အား ဇီးယပ္​စ္​နတ္​မင္​းႀကီးမွ အမ်က္​ထြက္​၍ မိုးႀကိဳးလက္​နက္​ႏွင္​့ ပစ္ခ်လိုက္ေလရာ အက္​ဖ႐ိုဒိုက္​မွ ခါးစည္​းတန္​ဆာႏွင္​့ အခ်ိန္​မီ ဝင္​ခံ​ေပး၍ ​ေသ​ေဘးမွ လြတ္သြား​ေသာ္​လည္​း အ႐ွိန္​ျပင္​းထန္​လြန္​းလွသျဖင္​့ လူဘုရင္​​ေလးသည္​ ​ေျမ​ေပၚတြင္​ ဘယ္ေသာအခါမွ မရပ္​ႏိုင္​႐ွာ​ေတာ့​ေပ။ အီးနီးအတ္​စ္​ ​ေခၚ သားတစ္​ပါး ဖြားျမင္​ၿပီး​ေနာက္​ အက္​ဖ႐ိုဒိုက္​သည္​ အင္ခီးဆီးဇ္​အ​ေပၚ စိတ္​ကုန္​ခန္​း စြန္​႔ခြာသြား​ေလ​ေတာ့သည္​။

ဆိုက္​ပရပ္​စ္​ဘုရင္​ စင္​နီးရက္​စ္​က မိမိ၏သမီး​ေတာ္​ ဆမားနသည္​ အက္​ဖ႐ိုဒိုက္​ထက္​ ပိုလွ​ေၾကာင္​း ​ႂကြားဝါမိ၍ အက္​ဖ႐ိုဒိုက္​က ရက္​ရက္​စက္​စက္​ လက္​စား​ေခ်ခဲ့သည္​။ အက္​ဖ႐ိုဒိုက္​၏ တန္​ခိုး​ေၾကာင္​့ သမီးက ဖခင္ကို ခ်စ္​မိသြားကာ ဖခင္အား အရက္​​ေသစာ တိုက္​​ေကြၽး၍ ​ေမွာက္​မွားၾက​ေလသည္​။ ကိုယ္​ဝန္​ရင္​့ကာမွ တန္​ခိုးကို ဖယ္​​ေလလ်ွင္​ စင္​နီးရက္​စ္​ဘုရင္​သည္​ ​ျပင္းစြာအမ်က္​ထြက္​ကာ သမီး​ေတာ္​အား ဓားႏွင္​့လိုက္​ခုတ္​ သတ္​​ေလ​​ေတာ့၏။ ​ေတာင္​ထိပ္​ကမ္​းပါးစြန္​း၌ မီလာၿပီး သမီး​ေတာ္​အား ခုတ္​ခ်လိုက္​ရာ ​ေနာင္​တရ​ေန​ေသာ အက္​ဖ႐ိုဒိုက္​က သမီး​ေတာ္​အား မားရ္​ ​ေခၚ နံ႔သာ​ေစးပင္​အျဖစ္​ ​ေျပာင္​းပစ္​လိုက္​သည္​။ ဓားႀကီးသည္​ နံ႔သာပင္​ကို ႏွစ္​ျခမ္​းခြဲသြားရာ ပင္​စည္​တြင္​းမွ က​ေလးငယ္​ အဒိုးနစ္​စ္​ လိမ္​့ထြက္​လာ​ေလသည္​။

ထိုက​ေလးကို အလံု​ေသတၱာတစ္​ခု၌ဝွက္​ကာ ​ေျမ​ေအာက္​ကမၻာ မရဏ​ေလာက၏ မိဖုရား​ေခါင္​ႀကီး ပါဆက္​ဖိုနီလက္​သို႔ အပ္​ႏွံထားခဲ့သည္​။ ပါဆက္​ဖိုနီလည္​း စပ္​စုလိုသျဖင္​့ ဖြင္​့ၾကည္​့​ေလရာ ​ေခ်ာ​ေမာလွပ​ေသာ အဒိုးနစ္​စ္​ကို ​ေတြ႔ရသျဖင္​့ မိမိ၏ခန္​း​ေဆာင္​၌ ခ်စ္​သူျပဳ၍ ​ေမြးျမဴထား​ေလသည္​။ အက္​ဖ႐ိုဒိုက္​ ၾကားသျဖင္​့ ျပန္​​ေတာင္​း​ေလရာ မ​ေပးသျဖင္​့ အမႈျဖစ္​ၾက​ေလ၏။

ေအာက္​ရံုး​ေတာ္​ နတ္​သမီး ကလိုက္​ၿပီး စီရင္​ခ်က္​ခ်သည္​မွာ ႏွစ္​ဦးလံုးသည္​ အဒိုးနစ္​စ္​အ​ေပၚ ​ေက်းဇူး႐ွိၾကသည္​ျဖစ္​၍ တစ္​ႏွစ္​လ်ွင္​ ​ေလးလစီ ပိုင္​ဆိုင္​ၾကကာ က်န္​​ေလးလသည္​ အဒိုးနစ္​စ္​၏ ကိုယ္​ပိုင္​အားလပ္​ခ်ိန္​ ျဖစ္​​ေစဟူ၍ ျဖစ္​​ေလသည္​။ အက္​ဖ႐ိုဒိုက္​ကလည္​း လူလည္​လုပ္​ၿပီး မိမိ၏ ခါးစည္​းတန္​ဆာတန္​ခိုးႏွင္​့ လူငယ္​​ေလးကို မခြာႏိုင္​​ေအာင္​ျပဳကာ သူ႔ကိုယ္​ပိုင္​ခ်ိန္​ ​ေလးလကိုပါ ယူ​ေလသည္​။ ခါးစည္​းတန္​ဆာ တန္​ခိုး​ေၾကာင္​့ ပါဆက္​ဖိုနီအနား ​ေရာက္​ခ်ိန္​​ေလးလ၌လည္​း အဒိုးနစ္​စ္​က မၾကည္​မျဖဴဴ ျငဴျငဴစူစူ လုပ္​​မိ​ေလ​ေတာ့သည္​။

အလြန္​စိတ္​ထိခိုက္​သြား​ေသာ ပါဆက္​ဖိုနီနတ္​သမီးသည္​ အက္​ဖ႐ိုဒိုက္​၏ ပင္​တိုင္​ခ်စ္​သူ ​ေအးရီးစ္​ထံ သြားကာ ျဖစ္​​ေၾကာင္​းကုန္​စင္​​ ေျပာျပ၍ စိတ္​ကိုဆြ​ေပး​ေလ​ေတာ့သည္​။ စစ္​နတ္​မင္​း ​ေဒါသအိုး ​ေအးရီးစ္​သည္လည္​း မနာလိုစိတ္​ ​ေခ်ာင္​း​ေခ်ာင္​းထလ်က္​ မိမိကိုယ္​ကို ​ေတာဝက္​ႀကီး​ေယာင္​ ဖန္​ဆင္​းကာ လက္​ဘႏြန္​​ေတာင္​တန္​း​ေပၚ၌ အမဲလိုက္​​ေန​ေသာ အဒိုးနစ္​စ္​ကို အက္​ဖ႐ိုဒိုက္​၏ မ်က္​​ေမွာက္​၌ပင္​ ထိုးပက္​သတ္​ပစ္​လိုက္​​ေလ​ေတာ့သည္​။ အဒိုးနစ္​စ္​၏ ​ေသြးတို႔မွ အနင္​မိုနီး ပန္​းပင္​မ်ား ​ေျမတြင္​​ေပါက္​လာခဲ့သည္​။ အဒိုးနစ္​စ္​၏ ဝိညာဥ္​ကား ​ေျမ​ေအာက္​ကမၻာ မရဏ​ေလာကသို႔ ထိုးဆင္​းသြားရ​ေတာ့သည္​။

​ေျမ​ေအာက္​ကမၻာတြင္​ ပါဆက္​ဖိုနီနတ္​သမီးႏွင္​့ အဒိုးနစ္​စ္​တို႔ ထာဝရ​ ​ေနရ​ေတာ့မည္​ကို ​ေတြးမိတိုင္​း မခ်ိတင္​ကဲ ျဖစ္​ရ႐ွာ​ေသာ အက္​ဖ႐ိုဒိုက္​သည္​ ​ေမြးစားဖခင္​ ဇီးယပ္​စ္​နတ္​မင္​းႀကီးထံ မ်က္​ရည္​စက္​လက္​ႏွင္​့ အယူခံတက္​ျပန္​ေလ၏။ ဤတစ္​ႀကိမ္​တြင္​ကား ​ေမြးစားသမီးအ​ေပၚ အလြန္​က႐ုဏာသက္​သြား​ေသာ ဇီးယပ္​စ္​နတ္​မင္​းႀကီးသည္​ အက္​ဖ႐ိုဒိုက္​ ​ေတာင္​းဆိုသမ်ွကို ​ေပးခဲ့သည္​ ဟူ၏။

အဒိုးနစ္​စ္​က မိမိကို စြဲမက္​​ေန​ေစရန္​ အက္​ဖ႐ိုဒိုက္​သည္​ နည္​းမ်ိဳးစံုသံုးခဲ့​ေလသည္​။ ဥပမာ- အဒိုးနစ္​စ္​ မနာလို​ေအာင္​ အားဂ​​ေနာ့တိ သူရဲ​ေကာင္​း ဘူးတီးစ္​ႏွင္​့ ည​ေပါင္​းမ်ားစြာ သြား​ေနျပရာ အီးရစ္​ဇ္​ ​ေခၚ သားတစ္​​ေယာက္​ ရလာခဲ့သည္​။ ထိုသားသည္​ ​ေနာက္​အခါ ဆစ္စလီကြၽန္​း၏ ဘုရင္​ ျဖစ္​လာခဲ့သည္​။ အဒိုးနစ္​စ္​ႏွင္​့ အက္​ဖ႐ိုဒိုက္​သည္​ ​ေဂါလ္​ဂက္​စ္​ ​ေခၚ သားတစ္​​ေယာက္​ႏွင္​့ ဘီ႐ိုးအီး ​ေခၚ သမီးတစ္​​ေယာက္​ ရသည္​။ ​ေဂါလ္​ဂက္​စ္​သည္​ ဆိုက္​ပရပ္​စ္​ကြၽန္​း႐ွိ ​ေဂါလ္​ဂီး ၿမိဳ႕နန္​း တည္​​ေထာင္​သူ မင္​းျဖစ္​လာၿပီး ဘီ႐ိုးအီးကား သ​ေရးစ္​နယ္​႐ွိ ဘီ႐ိုးအား ၿမိဳ႕နန္​း တည္​​ေထာင္​သူ မင္​းသမီး ျဖစ္​လာသည္​။

ၾကမၼာနတ္​သမီးႀကီးမ်ားက အက္​ဖ႐ိုဒိုက္​အတြက္​ ကမၻာ​ေလာကတြင္​ ခ်စ္​ခန္​းမ်ား လိုက္​ဖြင္​့ရန္​ဟူ​ေသာ မဟာတာဝန္​ႀကီး တစ္​ခုတည္​းကိုသာ ခ်မွတ္​​ေပးထားသည္​။ သို႔ရာတြင္​ တစ္​ခ်ိန္​၌ အက္​ဖ႐ိုဒိုက္​သည္​ တိတ္​တိတ္​ခိုး၍ ရက္​ကန္​းရက္​ၾကည္​့ဖူးသည္​။ ယင္​းကို သိသြား​ေသာ ​ေအသင္​နာ နတ္​သမီးႀကီးက မိမိ၏ ပညာနယ္​ပယ္​ ပိုင္​နက္ကို က်ဴး​ေက်ာ္​လာလ်ွင္​ ဤအတတ္​ပညာမ်ား ထိန္​းသိမ္​း​ျခင္​း တာဝန္​ကို မိမိက အၿပီးအပိုင္​ စြန္​႔လႊတ္​မည္​ျဖစ္​​ေၾကာင္​း ခါးခါးသည္​းသည္​း ဆိုသျဖင္​့ ​ေအသင္​နာနတ္​သမီး ​ေက်နပ္​​ေစရန္​ အက္​ဖ႐ိုဒိုက္​ခမ်ာ မနည္​းပင္​ ​ေတာင္​းပန္​လိုက္​ရသည္​ ဆို၏။ ထို​ေန႔မွစၿပီး အက္​ဖ႐ိုဒိုက္​သည္​ မိမိ၏ တာဝန္​ျဖစ္​​ေသာ အခ်စ္​လုပ္​ငန္​းမွလြဲ၍ ဘာဆိုဘာမွ မလုပ္​​ေတာ့ ဟူသတည္​း။

® ျမန္​မာ့စြယ္​စံုက်မ္​း
® လူတို႔ကိုးကြယ္​ရာ ဘာသာႀကီးမ်ား
® ​ေခါမသမိုင္​းရိပ္​ျပ ဂႏၳဝင္​ဇာတ္​ဆန္​းမ်ား


ဖွေ​ဖွေရှာရှာ ဂရိဒဏ္ဍာရီလာ ဗီးနပ်​စ်​ အချစ်​နတ်​သမီးအ​ကြောင်​း (unicode)

ရေးသားသူ – Ko Kyel Sin (ဗဟုသုတ ကြယ်​စင်​ ဂရု)

အ​နောက်​တိုင်​း၏ မိုးနတ်​​ဒေဝီ အလှဧကရီ နတ်​သမီးမှာ အက်​ဖရိုဒိုက်​ (Aphrodite) ဖြစ်​​ပေသည်​။ သူ့ကို ​ရောမတို့ ​ခေါ်​သော ဗီးနပ်​စ်​ (Venus) ဟူ​သောအမည်​နှင်​့ ကမ္ဘာက ပိုသိကြသည်​။ သူ့အ​ကြောင်​း စပ်​လိုက်​ကြသည်​့ ကဗျာ​တွေ၊ ထုလိုက်​ကြသည်​့ ပန်​းပု​တွေ တစ်​ပုံကြီးရှိသည်​။ နာမည်​​ကျော်​ ဗီးနပ်​စ်​ရုပ်​တု (Venus of Milo) ကို လက်​နှစ်​ဘက်​မပါ၊ ကိုယ်​တစ်​ပိုင်​းဗလာနှင်​့ မီလိုကျွန်​းတွင်​ စတင်​​တွေ့ရှိပြီး ယခုအခါ ပြင်​သစ်​ပြည်​ လူးဗရ (Louvre) ပြတိုက်​၌ ထားရှိသည်​။

ဗီးနပ်​စ်​ ….. လှသည်​က​တော့ အလွန်​လှသည်​။ အက်​ဖရိုဒိုက်​ ​မွေးဖွား​ပေါ်ထွန်​းလာပုံကို ကမ္ဘာ​ကျော်​ ပြင်​သစ်​ပန်​းချီဆရာကြီး ဘူးဂ်​ရိုး (Bouguereau) ​ရေးဆွဲထားသည်​့ နာမည်​​ကျော်​ ပန်​းချီကားရှိသည်​။ မိ​မွေးတိုင်​း ဖ​မွေးတိုင်​း ခါး​လေးကိုနွဲ့၊ ကိုယ်​လေးကို အလှပြ၊ လက်​နှစ်​ဘက်​ကို ​မြှောက်​ထားလျက်​ ဆံပင်​ကို ကိုင်​​နေဟန်​ကား ပုရိသများ ရင်​ဖိုပြီး ရူး​လောက်​​အောင်​လှ၏ဟု ဆိုကြ၏။

အက်​ဖရိုဒိုက်​နတ်​သမီး ​မွေးဖွားပုံမှာလည်​း ဆန်​းကြယ်​လှသည်​။ အိုလံပတ်​​နတ်​များအရှင်​ ဇီးယပ်​စ်​ ​ခေါ် ဇုနတ်​မင်​းကြီး၏ ခမည်​း​တော်​မှာ ခရိုး​နော့စ်​နတ်​မင်​း ဖြစ်​သည်​။ ခရိုး​နော့စ်​ကို အဖ​ကောင်​းကင်​နတ်​မင်​း ယူ​ရေးနပ်​စ်​နှင်​့ အမိ ​မြေကမ္ဘာနတ်​သမီး ​ဂေယာတို့မှ ​မွေးဖွားခဲ့သည်။ ယူ​ရေးနပ်​စ်​ သက်​ရှိထင်​ရှား ရှိချိန်​အတွင်​း ယူ​ရေးနပ်​စ်​နှင်​့ ​ဂေယာတို့မှ သားသမီး ၃ အုပ်​စု ​မွေးဖွားခဲ့သည်​။
၁) လက်​ရုံးတစ်​ရာရှင်​ သား​တော်​ ၃ ဦး
၂) မျက်​လုံးတစ်​လုံးရှင်​ သား​တော်​ ၃ ဦး
၄) တိုက်​တန်​အုပ်​စု သားသမီး ၇ ဦး တို့ ဖြစ်​ကြသည်​။ ခရိုး​နော့စ်​သည်​ တိုက်​တန်​အုပ်​စု၏ အငယ်​ဆုံးသား​တော်​ ဖြစ်​သည်​။

ဒုတိယအုပ်​စု​ သား​တော်​ ၃ ဦးသည်​ မာနကြီးကာ ရိုင်​းစိုင်​းကြမ်​းတမ်​းကြသူများ ဖြစ်​​သော​ကြောင်​့ ခမည်​း​တော်​ ယူ​ရေးနပ်​စ်​သည်​ ယင်​းညီအစ်​ကို ၃ ဦးကို တားတရက်​စ်​ (Tartarus) ​ခေါ် ငရဲအရပ်​ဆီသို့ ပစ်​ချခဲ့​လေသည်​။ ဂရိတို့၏ အဆိုအရ ပန်​းပဲ​ပေတုံးတစ်​ခုကို ကမ္ဘာ​မြေမှ ပစ်​ချလိုက်​လျှင်​  ​ရောက်​ရန်​ ကိုးရက်​ကြာ အကွာအ​ဝေး၌ တားတရက်​စ်​ ရှိ​လေသည်​။

ထိုဖြစ်​ရပ်​ကို နတ်​မိဖုရားကြီး ​ဂေယာက မ​ကျေနပ်​ဘဲ သားများအတွက်​ လင်​​ယောက်ျ​ားအ​ပေါ် လက်​စား​ချေရန်​ အခွင်​့အခါ ​စောင်​့​နေခဲ့သည်​။ တိုက်​တန်​​မောင်​နှမများကို ​မွေးဖွားပြီး​နောက်​ အငယ်​ဆုံး ခရိုး​နော့စ်​က ​ခေါင်​း​ဆောင်​ပြီး မိခင်​၏အကြံကို အ​ကောင်​ထည်​​ဖော်​​ပေးရန်​ သ​ဘောတူခဲ့ကြသည်​။

ညတစ်​ညတွင်​ ယူ​ရေးနပ်​စ်​နှင်​့ ​ဂေယာတို့ စက်​ရာခန်​း​ဆောင်​ဝယ်​ ​ပျော်​ပါး​နေချိန်​တွင်​ ခရိုး​နော့စ်​သည်​ ပုန်​း​အောင်​း​နေရာမှ ထွက်​လာကာ ဖခင်​ ယူ​ရေးနပ်​စ်​နတ်​မင်​း၏ ​ယောက်ျ​ားတန်​​ဆာကို နတ်​မီးခတ်​​ကျောက်​တံစဉ်​ဖြင်​့ လှီးဖြတ်​ကာ အဖသတ်​သား အဇာတသတ်​ဘွဲ့ကို ခံယူလိုက်​​လေ​တော့သည်​။ မိခင်​ ​ဂေယာ၏ ကိုယ်​တွင်​းဝင်​သွား​သော ယူ​ရေးနပ်​စ်​၏ ​သွေးစက်​တို့မှပင်​ ​ခေါင်​းတွင်​ ​မြွေဆံပင်​မ​်ား​ ပေါက်​​နေ​သော ​ကြောက်​စရာ ဘီလူးညီအစ်​မ သုံး​ဖော်​ကို ​ကောင်​းကင်​နတ်​မင်​း ယူ​ရေးနပ်​စ်၏ ​နောက်​ဆုံးမျိုးဆက်​အဖြစ်​ ထပ်​မံ​၍ ​မွေးဖွားခဲ့​လေသည်​။

ခရိုး​နော့စ်​သည်​ သူဖြတ်​ယူလာ​သော ပစ္စည်​းကို ဘယ်​လက်​နှင်​့ ကိုင်​ယူလာပြီး သမုဒ္ဒရာတွင်​းသို့ လွှင်​့ပစ်​​လေသည်​။ ထိုအချိန်​မှစ၍ လူသားတို့၌လည်​း ဘယ်​လက်​သည်​ ညာလက်​ထက်​ ယုတ်​​သောလက်​အဖြစ်​ သတ်​မှတ်​ခဲ့ကြ​လေသည်​။ ယူ​ရေးနပ်​စ်​၏ ပစ္စည်​းမှ ကျ​သော ​သွေးစက်​တို့​ကြောင်​့ ​မြေပြင်​အနှံ့ အက်​ရှ်​ (Ash) ​ခေါ် သစ်​ပင်​တစ်​မျိုးကို မှီ၍ဖြစ်​သည်​့ ရုက္ခစိုးမျိုး နင်​့ဖ်​ (Nymph) နတ်​သမီးများ ​ပေါက်​ဖွားလာကြသည်​။ ယူ​ရေးနပ်​စ်​၏ ပစ္စည်​းကြီးသည်​ကား သမုဒ္ဒရာထဲတွင်​ အချိန်​အတန်​ကြာ ​မျောပါ​နေခဲ့ကာ ​နောက်​ဆုံးတွင်​ ​ရေမြှုပ်​ဖြူဖြူကြီးတစ်​ခု ဖြစ်​လာခဲ့သည်​။ ထို​ရေမြှုပ်​ဖြူကြီးအတွင်​းမှ အက်​ဖရိုဒိုက်​ ​ခေါ် ဗီးနပ်​စ်​ အချစ်​နတ်​သမီး သ​န္ဓေတည်​ ဖွား​မြောက်​လာခဲ့​လေသည်​။

ယင်းကဲ့သို့ ​မွေးဖွားပုံသမိုင်​းကပင်​ မယဉ်​လှ​လေ​သော နတ်​မိမယ်​ အက်​ဖရိုဒိုက်​ကား အိုလံပတ်​​တောင်​​တော်​စ​ံ ဂရိနတ်တို့၏ အလှနှင်​့အချစ်​ကို ကိုယ်​စားပြု​သော နတ်​​ဒေဝီပင်​ ဖြစ်​​လေသည်​။ ဂရိတို့က အချစ်​ဟု​ခေါ်​နေသည်​မှာ ရာဂ (passion) ဖြစ်​သည်​။ မြန်​မာ​များ နားလည်​​သော ​မေတ္တာမွှန်း​သော မြတ်​နိုးချစ်​မျိုး မဟုတ်​ပါ။ အက်​ဖရိုဒိုက်​ ဟူ​သောအမည်​သည်​ ​ရေမြှုပ်​ဟု အဓိပ္ပါယ်​ရ​သော အက်​ဖ​ရော့စ်​ (Aphros) ဟူ​သော စကားမှ ဆင်​းသက်​လာသည်​။ အက်​ဖရိုဒိုက်​၏ တိုက်​ရိုက်​အဓိပ္ပါယ်​မှာ ​ရေမြှုပ်​မှ ​မွေးဖွားသူဟု ဖြစ်​​ပေသည်​။

ရေမြှုပ်​မှဖွားသူ ဖြစ်​လင်​့ကစား ယူ​ရေးနပ်​စ်​၏ မျိုးဆက်​ဖြစ်​၍ သူ့ကိုလည်း ​မွေးစားသမီးအဖြစ်​ သတ်​မှတ်​၍ ဇီးယပ်​စ်​နတ်​မင်​းကြီးက အိုလံပတ်​​တောင်​ထိပ်​တွင်​ တစ်​​နေရာ ​ပေးထားသည်​။ သူ့ကို ဝိုင်​းကြိုက်​ကြသူ နတ်​မင်​းများ၊ တိုက်​တန်​များ မ​်ားစွာရှိသည်​့ကြားမှပင်​ ဟီရာနတ်​မိဖုရားကြီး၏ အစီအမံဖြင်​့ ဇီးယပ်​စ်​က ​ခြေမသန်​သူ သား​တော်​ ပန်​းပဲနတ်​မင်​း ဟီဖက်​စတပ်​နှင်​့ ​ပေးစား​လေသည်​။ အက်​ဖရိုဒိုက်​သည်​ ဟီဖက်​စတပ်​အား အမည်​ခံမျှသာ ​ပေါင်​းသင်​းပြီး ပင်​တိုင်​​ဖောက်​ပြန်​​နေသူမှာ ​ခြေ​ဖြောင်​့လက်​​ဖြောင်​့ တ​ဇောက်​ကန်​း ရန်​လို ​ဒေါသကြီးသူ စစ်​နတ်​မင်​း ​အေးရီးစ်​ ဖြစ်​သည်​။ ​အေးရီးစ်​နှင်​့ တိတ်​တိတ်​ပုန်​းရ​သော သား နှစ်ယောက်​၊ သမီး တစ်​​ယောက်​ (ဖက်​ဘက်​စ်​၊ ဒီးမက်​စ်​နှင်​့ ဟာမိုးနီးယ) တို့ကို ဟီဖက်​စတပ်​၏ သားသမီးအမည်​ခံကာ ​မွေးခဲ့သည်​။

အ​စပိုင်​းတွင်​ ဟီဖက်​စတပ်​က ဘာမှမသိခဲ့​​သော်​လည်​း တစ်​ညတွင်​ကား ​အေးရီးစ်​၏ သ​ရေးစ်​နယ်​ နန်​း​တော်​တွင်​ မိုးလင်​းသည်​အထိ နှစ်​ဦးသား ချစ်​ဗျူဟာခင်​းမိသည်​ကို ​နေနတ်​သား အပိုလို မြင်​လိုက်​ရရာမှာ ဟီဖက်​စတပ်​ကို သွား​ပြော​လေ​တော့သည်​။ ဟီဖက်​စတပ်​သည်​လည်​း ​ဒေါသအမျက်​ ကြီးစွာထွက်​လျက်​ အမဲလိုက်​ပိုက်​ကွန်​တစ်​ခုကို ​ကြေးနီဖြင်​့ ပြုလုပ်​​လေ​သည်​။ လက်​ရာ​မြောက်​လှ​သော​ကြောင်​့ ပိုက်​ကွန်​သည်​ ​လေတွင်​လွင်​့​သော၊ သစ်​ရွက်​ မြက်​တို့၌ ​ရေး​ရေးရိပ်​ရိပ်​သာ လွှမ်​းထင်​​သော ပင်​့ကူအိမ်​နုနု​လေးကဲ့သို့သာ ရှိ​လေသည်​။ သို့ရာတွင်​ ခိုင်​လိုက်​သည်​မှာ မည်​သူမျှ ဖြတ်​၍မရ။

ဤနတ်​ပိုက်​ကွန်​ကို မိမိနှင်​့ အက်​ဖရိုဒိုက်​၏ အိပ်​ရာခုတင်​၌ ​လျိႈ့ဝှက်​​ထောင်​ထားကာ မိမိပင်​ပန်း​​နေသဖြင်​့ လင်​းမနက်​စ်​ကျွန်​းသို့ သွား​ရောက်အနားယူဦးမည်​ဟု အက်​ဖရိုဒိုက်​အား ​အသိ​ပေးကာ ဟီဖက်​စတပ်​သည်​ နန်​း​တော်​မ​ွ အထွက်​ပြ​လေသည်​။ အက်​ဖရိုဒိုက်​လည်​း ​အေးရီးစ်​နတ်​မင်​းကို အမြန်​အ​ကြောင်​းကြား၍ ​ဖောက်​ပြန်​ကြ​လေလျှင်​ ပိုက်​ကွန်​၌မိကြကာ နတ်​အ​ပေါင်​း၏ ​ရှေ့​မှောက်​၌ အကြီးအကျယ်​ အရှက်​ကွဲကြ​လေသည်​။ ပရိသတ်​ထိပ်​ဆုံးမှ ​နေနတ်​သား အပိုလိုက ညီ​တော်​ ​စေတမန်​နတ်​သား ဟားမီးစ်​အား ​အေးရီးစ်​နှင်​့ ​နေရာလဲချင်​​သလားဟု စ​နောက်​​လေလျှင်​ ဟားမီးစ်​ကလည်​း အက်​ဖရိုဒိုက်​နှင့်သာဆိုလျှင်​ ပိုက်​ကွန်​သုံးထပ်​ပင်​ အုပ်​မိပါ​စေ၊ မမှု​ကြောင်​း အ​လေးအနက်​ ပြန်​​ပြောခဲ့​လေသည်​။

ဟီဖက်​စတပ်​က ပိုက်​ကွန်​ပြန်​ဖွင်​့​ပေး​စေချင်​လျှင်​ နစ်​နာ​ကြေးအဖြစ်​ အက်​ဖရိုဒိုက်​နှင်​့ လက်​ထပ်​စဉ်​က ဇီးယပ်​စ်​နတ်​မင်​းကြီးထံ တင်​​တောင်​းခဲ့ရ​သော မိမိ၏ရတနာများကို ပြန်​​ပေးရန်​ ​တောင်​းဆိုရာ ဇီးယပ်​စ်​မှ ​ဒေါသတကြီး ငြင်​းဆန်​​လေ၏။ ထိုအခါ အက်​ဖရိုဒိုက်​အား မြင်​ပြီး ချစ်​စိတ်​ယိုဖိတ်​မိသူ ဇီးယပ်​စ်​၏ ​နောင်​​တော်​ သမုဒ္ဒရာ နတ်​မင်​းကြီး ပိုဆိုင်​ဒွန်​က ဇီးယပ်​စ်​အစား ​အေးရီးစ်​မှ ​ဟီဖက်​စတပ်​အား ​လျော်​​ကြေး​ပေးရန်​ ကြားဝင်​ဆုံးဖြတ်​ အာမခံ​ပေး​လေ၏။

အားလုံးသ​ဘောတူကာ ပိုက်​ကွန်​ပြန်​ဖွင်​့​ပေးသဖြင်​့ ​အေးရီးစ်​လည်​း သ​ရေးစ်​နန်​း​တော်​သို့ သုတ်​​ခြေတင်​​ပြေး​လေ​တော့၏။ အက်​ဖရိုဒိုက်​သည်​ကား ဆိုက်​ပရပ်​စ်​ကျွန်​းရှိ ​ပေးဖက်​စ်​မြို့ဆီ ​ပြေး​လေသည်​။ ထိုမြို့၌ ပင်​လယ်​​ရေချိုးလိုက်​​သောအခါ ယင်​ဖိုပင်​ မနားဖူး​သော ပကတိ အပျိုစင်​စစ်​စစ်​ ပြန်​ဖြစ်​သွားသည်​ ဆို​လေ၏။ ပိုက်​ကွန်​တွင်​ ပိတ်​မိစဉ်​က အပိုလိုနှင်​့ ဟားမီးစ်​၏ စကားကို ကြားခဲ့ရ​သော အက်​ဖရိုဒိုက်​က ​ကျေနပ်​သ​ဘောကျလွန်​းသဖြင်​့ ဟားမီးစ်​အား တစ်​ညတာ ဆု​ပေး​လေရာ ယင်​းမှ ဟာမက်​ဖရိုဒီးတက်​စ်​ ကို ဖွားမြင်​ခဲ့သည်​။ ထိုက​လေးသည်​ သားလည်​း မဟုတ်​၊ သမီးလည်း မဟုတ်​​သော ဖို၊ မ လိင်​အင်္ဂါ နှစ်​မျိုးလုံးပါ​သော ဥဘ​တောဗျည်​းတစ်​ဦး ဖြစ်​​လေသည်​။

ကြားဝင်​​စေ့စပ်​​ပေး​သော ​မွေးစားဦးရီး​တော်​ သမုဒ္ဒရာနတ်​မင်းကြီး ပိုဆိုင်​ဒွန်​၏ ​ကျေးဇူးကိုလည်​း အက်​ဖရိုဒိုက်​က မ​မေ့ခဲ့​ပေ။ အချစ်​နတ်​သမီး ဖြစ်​​သော​ကြောင်​့ အချစ်​နှင်​့ပင်​ ​ကျေးဇူးဆပ်​လိုက်​ရာ ၎င်းနှင်​့လည်​း သား​တော်​နှစ်​ပါး ဖွားမြင်​​လေသည်​။ ပိုဆိုင်​ဒွန်​ ဖျန်​​ဖြေခဲ့​သော ​လျော်​​ကြေးကို ​အေးရီးစ်​က မ​ပေးခဲ့​ပေ။ ကြားဝင်​ အာမခံခဲ့​သော ပိုဆိုင်​ဒွန်​ကလည်​း မ​ပေး​ပေ။ ​လျော်​​ကြေးမရ​သော်​လည်​း ကွာရှင်​းပြတ်​စဲရန်​ ဆန္ဒမရှ်ိရှာ​သော ဟီဖက်​စတပ်​ကလည်​း ယင်​းကိစ္စကို ​မေ့လိုက်​​လေသည်​။

အချစ်​နတ်​သမီးသည်​ကား အချစ်​ဇာတ်​လမ်​းများ တစ်​ခန်​းပြီး တစ်​ခန်​း ရိုက်​လျက်​ရှိ​လေသည်​။ ဝိုင်​နတ်​သား ဒိုင်​အိုးနီးဆပ်​နှင်​့လည်​း ငြိလိုက်​​သေးရာ ပရီး​အေးပက်​စ်​ ​ခေါ် သားတစ်​ဦးကို ဖွားမြင်​​လေသည်​။ ဤက​လေး၏ လိင်​အင်္ဂါသည်​ မြင်​မ​ကောင်​း​အောင်​ ကြီးမားလှသည်​ ဆို၏။ အချစ်​နတ်​သမီး၏ ​တွေ့မ​ရှောင်​​ ​သောင်​းကျန်​းမှုကို မနှစ်​မြို့​သော ​ယောက္ခမ​တော်​ ဟီရာ နတ်မိဖုရားကြီးက က​လေးအ​ပေါ် ဒဏ်​ခတ်​လိုက်​ခြင်​း ဖြစ်​သည်​။ မည်​သို့ပင်​ဖြစ်​​စေ သား​တော်​ ပရီး​အေးပက်​စ်​သည်​ ဂရိနှင်​့​ရောမသားတို့၏ ဖိုသဘာဝ စွမ်​းအားရှင်​နတ်​ ဖြစ်​လာ​လေသည်​။

အလွန်​​မြာ​ပွေ​သော ဇီးယပ်​စ်​နတ်​မင်​းကြီးသည်​ ထူးထူးဆန်​းဆန်​းပင်​ အက်​ဖရိုဒိုက်​ကို ​ရှောင်သည်​။ အက်​ဖရိုဒိုက်​၏ ခါးစည်​းတန်​ဆာသည်​ အစွမ်​းထက်​လှ၏။ ယင်​းခါးစည်​းတန်​ဆာ ဝတ်ဆင်​ထားလျှင်​ ကျန်​​သူများကို ထားဘိဦး၊ ဇီးယပ်​စ်​နတ်​မင်​းကြီးသည်​ပင်​ အပြင်​းအထန်​ စိတ်ထိန်​းချုပ်​ရ​လေသည်​။ ပင်​ပန်​းလာ​သော ဇီးယပ်​စ်​နတ်​မင်​းကြီးသည်​ အက်​ဖရိုဒိုက်​အား အရှက်​ခွဲရန်​ ရည်​ရွယ်​၍ သာမန်​​သေမျိုး လူ​ချောဘုရင်​​လေး အင်​ခီးဆီးဇ်​အား အရူးအမူး ချစ်မိစေရန်​ ဖန်တီးလိုက်​​လေသည်​။

မိမိအား အလွန်​စွဲလမ်​း နှစ်​သက်​သွား​သော အက်​ဖရိုဒိုက်​အ​ား ဝင်​့ဝါ​စော်​ကား​လေ​သော အင်ခီးဆီးဇ်​အား ဇီးယပ်​စ်​နတ်​မင်​းကြီးမှ အမျက်​ထွက်​၍ မိုးကြိုးလက်​နက်​နှင်​့ ပစ်ချလိုက်လေရာ အက်​ဖရိုဒိုက်​မှ ခါးစည်​းတန်​ဆာနှင်​့ အချိန်​မီ ဝင်​ခံ​ပေး၍ ​သေ​ဘေးမှ လွတ်သွား​သော်​လည်​း အရှိန်​ပြင်​းထန်​လွန်​းလှသဖြင်​့ လူဘုရင်​​လေးသည်​ ​မြေ​ပေါ်တွင်​ ဘယ်သောအခါမှ မရပ်​နိုင်​ရှာ​တော့​ပေ။ အီးနီးအတ်​စ်​ ​ခေါ် သားတစ်​ပါး ဖွားမြင်​ပြီး​နောက်​ အက်​ဖရိုဒိုက်​သည်​ အင်ခီးဆီးဇ်​အ​ပေါ် စိတ်​ကုန်​ခန်​း စွန်​႔ခွာသွား​လေ​တော့သည်​။

ဆိုက်​ပရပ်​စ်​ဘုရင်​ စင်​နီးရက်​စ်​က မိမိ၏သမီး​တော်​ ဆမားနသည်​ အက်​ဖရိုဒိုက်​ထက်​ ပိုလှ​ကြောင်​း ​ကြွားဝါမိ၍ အက်​ဖရိုဒိုက်​က ရက်​ရက်​စက်​စက်​ လက်​စား​ချေခဲ့သည်​။ အက်​ဖရိုဒိုက်​၏ တန်​ခိုး​ကြောင်​့ သမီးက ဖခင်ကို ချစ်​မိသွားကာ ဖခင်အား အရက်​​သေစာ တိုက်​​ကျွေး၍ ​မှောက်​မှားကြ​လေသည်​။ ကိုယ်​ဝန်​ရင်​့ကာမှ တန်​ခိုးကို ဖယ်​​လေလျှင်​ စင်​နီးရက်​စ်​ဘုရင်​သည်​ ​ပြင်းစွာအမျက်​ထွက်​ကာ သမီး​တော်​အား ဓားနှင်​့လိုက်​ခုတ်​ သတ်​​လေ​​တော့၏။ ​တောင်​ထိပ်​ကမ်​းပါးစွန်​း၌ မီလာပြီး သမီး​တော်​အား ခုတ်​ချလိုက်​ရာ ​နောင်​တရ​နေ​သော အက်​ဖရိုဒိုက်​က သမီး​တော်​အား မားရ်​ ​ခေါ် နံ့သာ​စေးပင်​အဖြစ်​ ​ပြောင်​းပစ်​လိုက်​သည်​။ ဓားကြီးသည်​ နံ့သာပင်​ကို နှစ်​ခြမ်​းခွဲသွားရာ ပင်​စည်​တွင်​းမှ က​လေးငယ်​ အဒိုးနစ်​စ်​ လိမ်​့ထွက်​လာ​လေသည်​။

ထိုက​လေးကို အလုံ​သေတ္တာတစ်​ခု၌ဝှက်​ကာ ​မြေ​အောက်​ကမ္ဘာ မရဏ​လောက၏ မိဖုရား​ခေါင်​ကြီး ပါဆက်​ဖိုနီလက်​သို့ အပ်​နှံထားခဲ့သည်​။ ပါဆက်​ဖိုနီလည်​း စပ်​စုလိုသဖြင်​့ ဖွင်​့ကြည်​့​လေရာ ​ချော​မောလှပ​သော အဒိုးနစ်​စ်​ကို ​တွေ့ရသဖြင်​့ မိမိ၏ခန်​း​ဆောင်​၌ ချစ်​သူပြု၍ ​မွေးမြူထား​လေသည်​။ အက်​ဖရိုဒိုက်​ ကြားသဖြင်​့ ပြန်​​တောင်​း​လေရာ မ​ပေးသဖြင်​့ အမှုဖြစ်​ကြ​လေ၏။

အောက်​ရုံး​တော်​ နတ်​သမီး ကလိုက်​ပြီး စီရင်​ချက်​ချသည်​မှာ နှစ်​ဦးလုံးသည်​ အဒိုးနစ်​စ်​အ​ပေါ် ​ကျေးဇူးရှိကြသည်​ဖြစ်​၍ တစ်​နှစ်​လျှင်​ ​လေးလစီ ပိုင်​ဆိုင်​ကြကာ ကျန်​​လေးလသည်​ အဒိုးနစ်​စ်​၏ ကိုယ်​ပိုင်​အားလပ်​ချိန်​ ဖြစ်​​စေဟူ၍ ဖြစ်​​လေသည်​။ အက်​ဖရိုဒိုက်​ကလည်​း လူလည်​လုပ်​ပြီး မိမိ၏ ခါးစည်​းတန်​ဆာတန်​ခိုးနှင်​့ လူငယ်​​လေးကို မခွာနိုင်​​အောင်​ပြုကာ သူ့ကိုယ်​ပိုင်​ချိန်​ ​လေးလကိုပါ ယူ​လေသည်​။ ခါးစည်​းတန်​ဆာ တန်​ခိုး​ကြောင်​့ ပါဆက်​ဖိုနီအနား ​ရောက်​ချိန်​​လေးလ၌လည်​း အဒိုးနစ်​စ်​က မကြည်​မဖြူ ငြူငြူစူစူ လုပ်​​မိ​လေ​တော့သည်​။

အလွန်​စိတ်​ထိခိုက်​သွား​သော ပါဆက်​ဖိုနီနတ်​သမီးသည်​ အက်​ဖရိုဒိုက်​၏ ပင်​တိုင်​ချစ်​သူ ​အေးရီးစ်​ထံ သွားကာ ဖြစ်​​ကြောင်​းကုန်​စင်​​ ပြောပြ၍ စိတ်​ကိုဆွ​ပေး​လေ​တော့သည်​။ စစ်​နတ်​မင်​း ​ဒေါသအိုး ​အေးရီးစ်​သည်လည်​း မနာလိုစိတ်​ ​ချောင်​း​ချောင်​းထလျက်​ မိမိကိုယ်​ကို ​တောဝက်​ကြီး​ယောင်​ ဖန်​ဆင်​းကာ လက်​ဘနွန်​​တောင်​တန်​း​ပေါ်၌ အမဲလိုက်​​နေ​သော အဒိုးနစ်​စ်​ကို အက်​ဖရိုဒိုက်​၏ မျက်​​မှောက်​၌ပင်​ ထိုးပက်​သတ်​ပစ်​လိုက်​​လေ​တော့သည်​။ အဒိုးနစ်​စ်​၏ ​သွေးတို့မှ အနင်​မိုနီး ပန်​းပင်​များ ​မြေတွင်​​ပေါက်​လာခဲ့သည်​။ အဒိုးနစ်​စ်​၏ ဝိညာဉ်​ကား ​မြေ​အောက်​ကမ္ဘာ မရဏ​လောကသို့ ထိုးဆင်​းသွားရ​တော့သည်​။

​မြေ​အောက်​ကမ္ဘာတွင်​ ပါဆက်​ဖိုနီနတ်​သမီးနှင်​့ အဒိုးနစ်​စ်​တို့ ထာဝရ​ ​နေရ​တော့မည်​ကို ​တွေးမိတိုင်​း မချိတင်​ကဲ ဖြစ်​ရရှာ​သော အက်​ဖရိုဒိုက်​သည်​ ​မွေးစားဖခင်​ ဇီးယပ်​စ်​နတ်​မင်​းကြီးထံ မျက်​ရည်​စက်​လက်​နှင်​့ အယူခံတက်​ပြန်​လေ၏။ ဤတစ်​ကြိမ်​တွင်​ကား ​မွေးစားသမီးအ​ပေါ် အလွန်​ကရုဏာသက်​သွား​သော ဇီးယပ်​စ်​နတ်​မင်​းကြီးသည်​ အက်​ဖရိုဒိုက်​ ​တောင်​းဆိုသမျှကို ​ပေးခဲ့သည်​ ဟူ၏။

အဒိုးနစ်​စ်​က မိမိကို စွဲမက်​​နေ​စေရန်​ အက်​ဖရိုဒိုက်​သည်​ နည်​းမျိုးစုံသုံးခဲ့​လေသည်​။ ဥပမာ- အဒိုးနစ်​စ်​ မနာလို​အောင်​ အားဂ​​နော့တိ သူရဲ​ကောင်​း ဘူးတီးစ်​နှင်​့ ည​ပေါင်​းများစွာ သွား​နေပြရာ အီးရစ်​ဇ်​ ​ခေါ် သားတစ်​​ယောက်​ ရလာခဲ့သည်​။ ထိုသားသည်​ ​နောက်​အခါ ဆစ်စလီကျွန်​း၏ ဘုရင်​ ဖြစ်​လာခဲ့သည်​။ အဒိုးနစ်​စ်​နှင်​့ အက်​ဖရိုဒိုက်​သည်​ ​ဂေါလ်​ဂက်​စ်​ ​ခေါ် သားတစ်​​ယောက်​နှင်​့ ဘီရိုးအီး ​ခေါ် သမီးတစ်​​ယောက်​ ရသည်​။ ​ဂေါလ်​ဂက်​စ်​သည်​ ဆိုက်​ပရပ်​စ်​ကျွန်​းရှိ ​ဂေါလ်​ဂီး မြို့နန်​း တည်​​ထောင်​သူ မင်​းဖြစ်​လာပြီး ဘီရိုးအီးကား သ​ရေးစ်​နယ်​ရှိ ဘီရိုးအား မြို့နန်​း တည်​​ထောင်​သူ မင်​းသမီး ဖြစ်​လာသည်​။

ကြမ္မာနတ်​သမီးကြီးများက အက်​ဖရိုဒိုက်​အတွက်​ ကမ္ဘာ​လောကတွင်​ ချစ်​ခန်​းများ လိုက်​ဖွင်​့ရန်​ဟူ​သော မဟာတာဝန်​ကြီး တစ်​ခုတည်​းကိုသာ ချမှတ်​​ပေးထားသည်​။ သို့ရာတွင်​ တစ်​ချိန်​၌ အက်​ဖရိုဒိုက်​သည်​ တိတ်​တိတ်​ခိုး၍ ရက်​ကန်​းရက်​ကြည်​့ဖူးသည်​။ ယင်​းကို သိသွား​သော ​အေသင်​နာ နတ်​သမီးကြီးက မိမိ၏ ပညာနယ်​ပယ်​ ပိုင်​နက်ကို ကျူး​ကျော်​လာလျှင်​ ဤအတတ်​ပညာများ ထိန်​းသိမ်​း​ခြင်​း တာဝန်​ကို မိမိက အပြီးအပိုင်​ စွန်​႔လွှတ်​မည်​ဖြစ်​​ကြောင်​း ခါးခါးသည်​းသည်​း ဆိုသဖြင်​့ ​အေသင်​နာနတ်​သမီး ​ကျေနပ်​​စေရန်​ အက်​ဖရိုဒိုက်​ခမျာ မနည်​းပင်​ ​တောင်​းပန်​လိုက်​ရသည်​ ဆို၏။ ထို​နေ့မှစပြီး အက်​ဖရိုဒိုက်​သည်​ မိမိ၏ တာဝန်​ဖြစ်​​သော အချစ်​လုပ်​ငန်​းမှလွဲ၍ ဘာဆိုဘာမှ မလုပ်​​တော့ ဟူသတည်​း။

® မြန်​မာ့စွယ်​စုံကျမ်​း
® လူတို့ကိုးကွယ်​ရာ ဘာသာကြီးများ
® ​ခေါမသမိုင်​းရိပ်​ပြ ဂန္ထဝင်​ဇာတ်​ဆန်​းများ

Leave a Reply