သမုိင္းတေကြ႕မွ မင္းေလာင္းဗႏၶကရေသ့ႀကီး

Posted on

သန္း၀င္းလႈိင္(မုိးမခမဂၢဇင္း)

လြန္ခဲ့ေသာ ႏွစ္ေပါင္း႐ွစ္ဆယ္ေက်ာ္က မံု႐ြာခ႐ိုင္ ေျမာက္ဖ်ားတြင္ ‘ဗသွ်ဴး’ အမည္႐ွိေသာ အိမ္ေျခ ၆၉ အိမ္၊ လူဦးေရ ၃၅၄ ဦးသာ ႐ွိသည့္ ႐ြာငယ္တစ္႐ြာ႐ွိေလသည္။ ထို႐ြာငယ္ဇနပုဒ္မွာ သာမန္ျမန္မာ့ေက်းလက္႐ြာသိမ္႐ြာငယ္မွ်သာျဖစ္ေသာ္လည္း သူ႔ကၽြန္ဘ၀တြင္ ၿဗိတိသွ်ကိုလိုနီနယ္ခ်ဲ႕သမားတို႔အား ပ်ာေလာင္ခတ္သြားေစသည္အထိ ဒုကၡအမ်ိဳးမ်ိဳးေပးႏုိင္ခဲ့ေသာ ႐ြာငယ္ကေလးပင္ ျဖစ္သည္။

ဒုကၡေပးႏုိင္ခဲ့သည့္ အေၾကာင္းကား ဤသို႔ျဖစ္သည္။ ဗသွ်ဴး႐ြာအပါအ၀င္ အနီးအနား႐ြာမ်ား၌ ထိုစဥ္က စေလဦးပုညကဗ်ာတစ္ပုဒ္မွ စာသားအတုိင္း ‘ႏွစ္ျပည္ေထာင္တည္စ အလည္က ေက်ာင္းေဆာင္၊ အေနာက္မွာ ေ၀ဘူေတာင္ငယ္၊ ေ႐ႊဂူေခ်ာင္အေကြ႕၊ မင္းႀကီးႏွင့္ကိႏၷရာ၊ ဣႏၵာပါထြက္တဲ့ရေသ့’ တေဘာင္ ေခၚ နိမိတ္စကားေပၚလာခဲ့ေလသည္။

ယင္းတေဘာင္၏ အတိတ္နိမိတ္ကိုယူ၍ ‘ဗႏၶက’ အမည္တြင္ေသာ ရေသ့တစ္ပါးသည္ ႐ြာႏွင့္မနီးမေ၀းတြင္ ထီးျဖဴ႐ုံတစ္ခုကို တည္ေဆာက္ေလသည္။ ယင္းထီးျဖဴ႐ုံ၏ အေနာက္ဖက္ အတာင္ ၅၀ ခန္႔အကြာတြင္ ေက်ာက္ခဲမ်ားကို ေတာင္ကုန္းေလးမ်ားသဖြယ္ စုပံုထား၏။ ထိုေတာင္တစ္ခုေပၚတြင္ ဘုရားတစ္ဆူတည္ထားျပန္၏။ အဆိုပါ ေတာင္ကေလးမ်ားေ႐ွ႕တြင္ ေ၀ဘူလ ႏွင့္ ေ၀ဘူလေတာင္ ဟူေသာ စာတမ္းတစ္ခု ေရးသား၍ စိုက္ထူထားေလသည္။ ထို႔အျပင္ ေတာင္ကုန္းကေလးမ်ားအနီး၌ ဆင္ျဖဴသံုးစီးပံု၊ ႐ွင္ဘုရင္႐ုပ္ပံု၊ နတ္မ်ားႏွင့္သိၾကားမင္း႐ုပ္ပံု၊ ကိႏၷရာ႐ုပ္ပံုမ်ားကိုလည္း တည္ထားေလသည္။ ဤသို႔ ဘုရားတည္၍ ႐ုပ္ပံုမ်ား၊ ဆင္ျဖဴမ်ားတည္ထားျခင္းမွာ ျမန္မာသကၠရာဇ္ ၁၂၈၉ (ခရစ္ ၁၉၂၇) ၌ “ေ၀ဘူေတာင္ေစာင္းမင္းေလာင္းဧကန္ေပၚလတၱံ” ဟူေသာ သိုက္တေဘာင္အရ တည္ထားျခင္းျဖစ္ ေၾကာင္း သိရေလသည္။

ထိုစဥ္ကထုတ္ေ၀ေသာ သတင္းစာမ်ားေဖာ္ျပခ်က္အရ ပထမဆင္ျဖဴက ပိဋကတ္သံုးပံုကိုတင္ေဆာင္ရန္၊ ဒုတိယဆင္ျဖဴ႐ွင္က မင္းေျမႇာက္တန္ဆာမ်ားကိုတင္ေဆာင္ရန္၊ တတိယဆင္ျဖဴက မင္းေလာင္းကိုတင္ေဆာင္ရန္ ရည္႐ြယ္ထားသည္ဟု ဆိုသည္။

မင္းေလာင္းဗႏၶကရေသ့ကို မံု႐ြာခ႐ိုင္ အုတ္ဖို႐ြာ၌ အဘဦး၀ိုက္၊ အမိေဒၚဖြားခင္တို႔မွ ျမန္မာသကၠရာဇ္ ၁၂၄၄ (ခရစ္ ၁၈၈၂) ခုႏွစ္တြင္ ဖြားျမင္ခဲ့သည္။ ငယ္မည္မွာ ေမာင္ထြန္းလွျဖစ္သည္။ အုတ္ဖိုေျမာက္ေက်ာင္းဆရာေတာ္ ဦးနႏၵဝံသထံတြင္ ပညာသင္ၾကားခဲ့သည္။ အသက္ ၁၅ ႏွစ္တြင္ ႐ွင္လူထြက္၍ မိဘမ်ားႏွင့္အတူ ေတာင္သူထန္းတက္အလုပ္မ်ား လုပ္ကိုင္ခဲ့သည္။ အသက္၂၀တြင္ ပသွ်ဴး႐ြာမွ မဖြားခင္ဆိုသူႏွင့္ အေၾကာင္းပါ၍ မလွရင္ေခၚ သမီးကေလးတစ္ဦး ထြန္းကားခဲ့သည္။ မဖြားခင္ႏွင့္ အၾကင္လင္မယားအျဖစ္ ၂၄ ႏွစ္ခန္႔ ေပါင္းသင္းေနထိုင္ၿပီး ေနာက္ အသက္ ၄၄ ႏွစ္တြင္ သကၠရာဇ္္ၾကမ္းႏွင့္ ႀကံဳႀကိဳက္သည္ဟုဆိုကာ ရေသ့ေဘာင္သို႔ ၀င္ေရာက္၍ ဗႏၶက ဘြဲ႕ခံယူခဲ့ေလသည္။

ရေသ့ဘ၀တြင္ ဣစၦာသယေဆးမ်ားကို ေဖာ္စပ္ကာ တစ္ဘူးလွ်င္ ၂ က်ပ္ႏႈန္းျဖင့္ ျဖန္႔ခ်ိေရာင္းခ်ခဲ့ရာ လူအမ်ားအျပားက ဗႏၶက ရေသ့ ေရာင္းေသာေဆးမ်ားမွာ ေရာဂါေ၀ဒနာမ်ားေပ်ာက္ကင္းေစ႐ုံမွ်သာမက ဓါးၿပီး ေသနတ္ၿပီး တုတ္ၿပီး ေဆးမ်ားပင္ ျဖစ္သည္ဟု ယံုၾကည္ ၾကၿပီး ႏွစ္ၿခိဳက္ၾကေသာေၾကာင့္ အမ်ားအျပားေရာင္းခ်ရသည္။ လမ်ားမၾကာမီအတြင္း ေငြေၾကးမ်ားစုေဆာင္းမိခဲ့ရာ ကုသိုလ္ေကာင္းမႈမ်ား ျပဳလုပ္ၾကရန္ ႏႈိးေဆာ္တုိက္တြန္းခဲ့ေသာေၾကာင့္ ေစတီပုထိုးမ်ားကို တည္ေထာင္ေနခဲ့ျခင္းျဖစ္သည္။

ဗသွ်ဴး႐ြာမွ ကိုသာျမတ္၊ ကိုနက္၊ အုတ္ဖို ႐ြာမွ ကိုထုိက္၊ ပဲျမစ္ေတာ႐ြာမွ ကိုဘိုးညိမ္း၊ ၿမိဳ႕သစ္ေခ်ာင္းမွ ကိုေပၚညိမ္း၊ မံု႐ြာၿမိဳ႕မွ ဦးဘိုးဇုန္ႏွင့္ ဦးဘိုးဆိုင္ စေသာ ပုဂၢိဳလ္မ်ားကလည္း ဗႏၶကရေသ့ႏွင့္အတူ ရေသ့၀တ္ကာ သူ၏လုပ္ငန္းမ်ားကို ကူညီခဲ့ၾကေလသည္။ ဤသို႔ျဖင့္ ဗသွ်ဴး႐ြာတြင္ ေ၀ဘူလ၊ ေ၀ဘာလေတာင္မ်ားႏွင့္ ဆင္ျဖဴသံုးစီး႐ွိသည္ဟူေသာ သတင္းစကားသည္ အရပ္ရပ္သို႔ ပ်ံ႕ႏွံ႕ သြားေလရာ မင္းေလာင္းေမွ်ာ္သူမ်ားႏွင့္ ဣစၦာသယေဆးမ်ား၀ယ္ယူလိုေသာ သူမ်ား ၀င္လာမစဲတသဲသဲျဖင့္ စည္ကားေနေလသည္။

ဗႏၶကရေသ့သည္ တျဖည္းျဖည္း ေနာက္လုိက္အင္အားမ်ားျပားလာေသာအခါ ဗသွ်ဴး႐ြာမွေန၍ မံု႐ြာခ႐ိုင္အတြင္း႐ွိ လူအမ်ားအား “ၿဗိတိသွ်အစိုးရကို ျဖဳတ္ခ်ၿပီးလွ်င္ ဗႏၶကရေသ့ကို မင္းေျမႇာက္လိမ့္မည္” ဟူေသာ အရိပ္နိမိတ္မ်ား ထင္ျမင္ယံုၾကည္လာေစရန္ တေဘာင္စနည္းမ်ားကို တီထြင္ေပးေနသည္ဟူ၍ အခ်ိဳ႕က ယူဆၾကသည္။

၁၉၂၆ ခုႏွစ္ စက္တင္ဘာလတြင္ ဗႏၶကရေသ့သည္ ဗသွ်ဴး႐ြာ ရေသ့ေက်ာင္းသခၤမ္းမွ ထြက္ခြာၿပီးလွ်င္ ေ႐ႊဘိုခ႐ိုင္အတြင္း႐ွိ ေက်း႐ြာ စည္း႐ုံး၍ အဂၤလိပ္နယ္ခ်ဲ႕တို႔ကို ေတာ္လွန္ရန္လႈံ႕ေဆာ္ခဲ့သည္။ ထို႔အျပင္ ေျမဒူးၿမိဳ႕၌ ေအာင္ေျမနင္းၾကေသးသည္။ ထိုစဥ္က လႈပ္႐ွားေဆာင္႐ြက္ေနမႈမ်ားကို သက္ဆိုင္ရာစံုေထာက္အစီရင္ခံစာမ်ား၌ “ထိုလူအမ်ားသည္ ကာလပ်က္မည့္ေခတ္သို႔ အျမန္ေရာက္ပါေစ ဟု ဆုေတာင္းေမွ်ာ္လင့္ေနသူမ်ားျဖစ္ေၾကာင္း၊ ထိုအရပ္မွ လူအမ်ားတို႔သည္ လက္နက္မ်ား ဆြဲကိုင္လ်က္ အစိုးရက ေတာင္းေသာအခြန္ေတာ္မ်ား ကိုပင္ မေပးဟု ျငင္းဆန္ေနေၾကာင္း” ေဖာ္ျပထားေလသည္။

အစိုးရစံုေထာက္မ်ားအစီရင္ခံစာမ်ားအရ ထိုအရပ္ေဒသမွလူအမ်ား အဘယ့္ေၾကာင့္ ကာလပ်က္ပါေစဟု ဆုေတာင္းေနသနည္း။ အဘယ့္ေၾကာင့္ အစိုးရအခြန္ေတာ္ကို မေပးႏုိင္ဟု ေျဗာင္ျငင္းဆန္ေနၾကသနည္း။ အေျဖမွာ ႐ွင္းလွေပသည္။ ထိုစဥ္ကာလက ျမန္မာျပည္တ၀ွမ္းလံုးတြင္ ေတာင္သူလယ္သမားမ်ား၏ ဘ၀အေျခအေနမ်ားမွာ အစိုးရ၏ အမ်ိဳးမ်ိဳးေသာ အေၾကာင္းျပခ်က္ျဖင့္ ေတာင္းခံေနေသာ အခြန္အတုတ္မ်ားႏွင့္ သဘာ၀ေဘးဒဏ္မ်ားေၾကာင့္ စီးပြားေရးကပ္ဆုိက္ကာ ေရအိုးေအာက္မွ က႐ြတ္ေဆြးကဲ့သို႔ တျဖည္းျဖည္းခ်င္း မြဲျပာက်ေနခ်ိန္ျဖစ္သည္။

၁၉၂၆ ခုႏွစ္မ်ားတြင္ အထက္ျမန္မာျပည္ မိုးေခါင္ေရ႐ွားရပ္၀န္း႐ွိ လယ္သမားတစ္ဦးလွ်င္ အေၾကြးေငြ တစ္ႏွစ္လွ်င္ ၁၀၈ က်ပ္မွ် တင္႐ွိေန၍ ေၾကြးတင္ေသာ ေတာင္သူလယ္သမားဦးေရမွာ လူ ၁၀၀ လွ်င္ ၇၂ ေယာက္ ေၾကြး႐ွိေၾကာင္း ထိုစဥ္က ထုတ္ျပန္ေသာ ေၾကးတုိင္ အစီအရင္ခံစာမ်ားအရ သိ႐ွိရေလသည္။ ထို႔အျပင္ စပါးေစ်းကလည္း ထိုးက်လာလိုက္ေသး၏။ စပါးေစ်းမွာ တင္းတစ္ရာလွ်င္ ၁၉၂၄ ခုႏွစ္၌ ၁၉၅ က်ပ္၊ ၁၉၂၅ ခုႏွစ္တြင္ ၁၉၄ က်ပ္၊ ၁၉၂၆ ခုႏွစ္တြင္ ၁၉၀ က်ပ္ ေစ်းသို႔ က်ဆင္းလာခဲ့သည္။ ၁၉၂၇ ခုႏွစ္တြင္မူကား စပါးေစ်းမွာ ၁၃၀ က်ပ္ေစ်းသာ ႐ွိေတာ့သည္။

အေၾကြးကတင္ စပါးေစ်းက ထိုးက်ေန၍ ေတာင္သူလယ္သမားမ်ား အက်ပ္႐ိုက္ေနစဥ္ လူခြန္ေတာ္၊ ေျမခြန္ေတာ္၊ သႆေမဓအခြန္ေတာ္၊ ေရာင္း၀ယ္ခြန္မ်ား မေပးမေနရဟူ၍ အဂၤလိပ္နယ္ခ်ဲ႕အစိုးရ ႏွိပ္စက္လုိက္ေသးသည္။ ေၾကြးတင္၊ စပါးေစ်းက်၊ အခြန္ေတာ္တိုးလာသည့္အျပင္ ရာသီဥတုေဖာက္ျပန္မႈေၾကာင့္ လယ္သမားအမ်ားစု၏ ဘ၀မွာ ေျမနိမ့္ရာလွံစိုက္ပမာ နစ္သထက္နစ္ကာ ဖြတ္ဘိုးေအဘ၀သို႔ က်ေရာက္ေနရေလသည္။

ထုိစဥ္က လယ္သမားမ်ားမွာ အစိုးရ၏ ႀကီးေလးေသာ အခြန္ေတာ္မ်ား စည္းၾကပ္ခံရမႈအျပင္၊ လယ္သမားမ်ားကို ေငြတိုးေခ်းငွား မတရားႏွိပ္စက္ေနသည့္ ခ်စ္တီးတို႔၏ ညစ္ပတ္မႈဒဏ္ခ်က္မ်ားကိုလည္း ခံလုိက္ၾကရ႐ွာေသးသည္။ ယင္းသို႔အားျဖင့္ ေတာင္သူလယ္သမား အမ်ားစုမွာ မိမိလယ္ယာေျမမ်ား ေၾကြးသိမ္းခံရျခင္းေၾကာင့္ အျမတ္ႀကီးစားအတိုးႀကီးစား ခ်စ္တီးတို႔လက္သို႔ က်ေရာက္သြားၾကရေလသည္။ အစိုးရႏွင့္ ခ်စ္တီးတို႔က ေတာင္သူလယ္သမားမ်ားအေပၚ ဤသို႔ ဖိစီးႏွိပ္စက္လြန္းျခင္းေၾကာင့္ ၁၉၂၆ ဧၿပီလ ၈၊ ၉၊ ၁၀ ရက္ေန႔မ်ားတြင္ မိတၳီလာၿမိဳ႕၌ သံဃာသာမဂၢီအဖြဲ႕ႀကီး၏ ၾသ၀ါဒခံ ‘ဂ်ီစီဘီေအ ကြန္ဖရင့္’ ႀကီးက သႆေမဓ အခြန္ႏွင့္ ေျမခြန္ေတာ္မ်ား ေကာက္ခံျခင္းကို ျပင္းျပင္းထန္ထန္ ကန္႔ကြက္ခဲ့ေလသည္။

ထို႔ေနာက္ အစိုးရ၏ မတရားစည္းၾကပ္ေသာ အခြန္ေတာ္ေငြမ်ားကို ျငင္းဆန္သည့္ ‘မေပးဘူး’ ‘မေဆာင္ဘူး’ ‘မသိဘူး’ ဟူသည့္ ၀ံသာႏုဂ်ီစီဘီေအ အဖြဲ႕ႀကီး၏ လက္ေအာက္ခံ ‘ဘူး’ အသင္းမ်ား ျမန္မာျပည္အရပ္ရပ္တြင္ ေပၚေပါက္လာခဲ့ေလသည္။ ယင္းသို႔ ေတာင္သူလယ္သမားမ်ား၏ ဒိုင္အာခီအစိုးရကို အႏုနည္းျဖင့္ ေတာ္လွန္လုိက္သည့္ ထို ‘ဘူး– အသင္း’ မ်ား၏ ေဆာင္႐ြက္ခ်က္မ်ားသည္ မံု႐ြာခ႐ုိင္အတြင္း႐ွိ ေတာင္သူလယ္သမားမ်ားကို ႏႈိးဆြေနခ်ိန္ႏွင့္ တေျပးညီ မံု႐ြာခ႐ိုင္ ဗသွ်ဴး႐ြာမွ မင္းေလာင္း ဗႏၶကရေသ့၏ မိစၦာဒိ႒ိ အဂၤလိပ္အစိုးရကို ေမာင္းထုတ္ရမည္’ ဟူေသာ ေတာ္လွန္ေရးမီး႐ွဴးတုိင္ အ႐ွိန္ျပင္းစြာ ေတာက္ေလာင္ခ်ိန္ႏွင့္လည္း တုိက္ဆိုက္ေနေလသည္။

ထို႔ေနာက္ မၾကာမီအတြင္း ‘ဒူးျဖတ္၊ ရင္းၿဖိဳ၊ ဖိုးနင္း’ ဟူေသာ တေဘာင္စကားေပၚလာခဲ့ျပန္သည္။ ယင္းတေဘာင္ေပၚၿပီး မၾကာမီ မွာပင္ ‘ တဗိုလ္လွ်င္ တဓါးေသြး၊ ၁၂၈၉ ခုႏွစ္မွာ ပါပမင္းေျပးရေတာ့မယ္၊ မၾကာမီ ေျမဒူးကို ေအာင္ေျမနင္းမင္း’ ဟူေသာ လႈံ႕ေဆာ္ခ်က္မ်ားကို ၀ံသာႏုေခါင္းေဆာင္တစ္ဦးျဖစ္ေသာ ကိုထြန္းေပၚသည္ ေက်း႐ြာမ်ားသို႔ လွည့္လည္ေဟာေျပာလ်က္႐ွိေလ၏။

၁၉၂၆ ခုႏွစ္ ႏို၀င္ဘာလ အတြင္းတြင္ ေရဦးၿမိဳ႕ကို ေက်ာ္ဇံႏွင့္ ကိုတူတို႔၏ ေနအိမ္တြင္ ၀ံသာႏုအစည္းအေ၀းတစ္ခုကို လွ်ိဳ႕၀ွက္၍ က်င္းပၾကသည။္ ထိုအစည္းအေ၀း၌ ဗႏၶက ရေသ့၏ ေနာက္လုိက္ရေသ့တစ္ဦးက ဗႏၶကရေသ့၏ ဣစၦာသယေဆးလံုးမ်ားေရာင္းခ်ၿပိး မိစၦာဒိ႒ိ အဂၤလိပ္မ်ားကို တုိက္ခုိက္ႏွင္ထုတ္ၾကရန္ ေဟာေျပာေလသည္။ ျမင္းစီး႐ြာတြင္က်င္းပေသာ ၀ံသာႏုအစည္းအေ၀းသို႔ ဗႏၶကရေသ့ႀကီးကိုယ္ တုိင္ တက္ေရာက္ေဟာေျပာခဲ့သည္။

ဗႏၶက ရေသ့၏ တပည့္မ်ားႏွင့္ ေက်း႐ြာ၀ံသာႏုေခါင္းေဆာင္မ်ားက ဦးစီးေသာ ေက်း႐ြာ၀ံသာႏု အစည္းအေ၀းမ်ားကို ဖူးေတာင္းပြဲ၊ ေရဦးၿမိဳ႕၊ ဘဲေဘာ၊ ျမင္းစီး၊ မင္းကြန္း၊ ဖေလာင္း႐ိုင္၊ သာေကတ၊ ဆူးတပ္၊ ဆိတ္ခြန္၊ မင္းတုိင္ပင္၊ ေပါင္းလည္ကုန္း၊ တန္႔ဆည္ၿမိဳ႕၊ အုတ္ဖို၊ ေႏွာေတာ စသည့္ ၿမိဳ႕႐ြာတို႔တြင္ က်င္းပခဲ့ၾကသည္။ ထုိအစည္းအေ၀းပြဲမ်ားမွ အဂၤလိပ္အစိုးရကို မည္သည့္အခြန္မွ် မေပးေရးႏွင့္ ေမာင္းႏွင့္တုိက္ခိုက္ရန္တို႔ကို စည္းေ၀းဆံုးျဖတ္ခ်က္ခ်ခဲ့ၾကသည္။

ဤသို႔ ေဆြးေႏြးဆံုးျဖတ္ၾကၿပီးေနာက္ ၁၉၂၆ ခုႏွစ္ ေအာက္တိုဘာလတြင္ ဗႏၶကရေသ့ေနာက္လုိက္မ်ားျဖစ္ၾကေသာ ရေသ့ ဦးၿငိမ္း ႏွင့္ ရေသ့ ဦးဘိုးေအးတို႔က ဗႏၶကထံမွ ႐႐ွိေသာစာကို ဆိတ္ခြန္႐ြာသို႔ ေပးပို႔ရာ ႐ြာေခါင္းကိုဘိုးလူ၏လက္သို႔ မွားယြင္းေရာက္႐ွိသြား၏။ ကိုဘိုးလူမွ ဆိတ္ခြန္႐ြာသူႀကီးထံ ျပသရာ သူႀကီးက အေရးႀကီးသည္ဆိုၿပီးလွ်င္ ေ႐ႊဘိုရာဇ၀တ္၀န္ ဦးဘိုးသန္းထံ တင္ျပခဲ့ေလသည္။ ယင္းစာ သည္ အျခားမဟုတ္။ ဗႏၶကရေသ့က အဂၤလိပ္ကို စစ္ေၾကညာေသာ အမိန္႔စာျဖစ္ေလသည္။ စာပါေၾကညာခ်က္မွာ-

၁၂၈၈ ခုႏွစ္ ေတာ္သလင္းလျပည့္ေက်ာ္ ၁၀ ရက္ (ခရစ္ ၁၉၂၆ ခုႏွစ္ ေအာက္တိုဘာလ ၁ ရက္) ေသာၾကာေန႔။ ကန္ေတာ္႐ွင္၊ သာသနာျပဳမင္းအမိန္႔ေတာ္။

ဘုန္းေတာ္ႀကီးမ်ားႏွင့္တကြ ဒါယိကာမ်ားတို႔-

ကၽြႏု္ပ္ကိုယံုၾကည္ကိုးစားၾကေသာ သူတို႔သည္ ၁၂၈၈ ခုႏွစ္ တန္ေဆာင္မုန္းလ (၁၉၂၆ ခုႏွစ္ ႏို၀င္ဘာလ) မွ စ၍ လက္နက္မ်ား အျပည့္အစံု႐ွိၾကေစ။ ကၽြႏု္ပ္ကိုယ္တုိင္ ျမန္မာတို႔ထီးနန္းကို လုယူေသာ ပါပမင္းအဂၤလိပ္လူမ်ိဳးတို႔ကို ကၽြႏ္ုပ္၏ စိတ္ပုတီးႏွင့္ တုိက္ခိုက္မည္။ တန္ေဆာင္းမုန္းလက တပို႔တြဲလအထိ ႐ွိသမွ် လက္နက္ျဖင့္ တိုက္ခုိက္ၾကမည္။ ဖ်က္သင့္ေသာ အရာမ်ားကို ဖ်က္ဆီးေစ။ မီးႏွင့္ဖ်က္ေစ။

အဆိုပါ အမိန္႔ေတာ္ထည့္ထားေသာ စာအိတ္ကို ေ႐ႊခ်ထားၿပီးလွ်င္ (စ၊ ဓ၊ ဗ၊ ၀) စမေလးလံုးကိုလည္း ေရးသားထားေလသည္။ ဗႏၶက ႏွင့္ ၀ံသာႏုအသင္း၀င္ ေတာင္သူလယ္သမားမ်ားသည္ ယခင္ေပၚေပါက္ၿပီးေသာ “ဒူးျဖတ္၊ ရင္းၿဖိဳ၊ ဖိုနင္း” ဟူေသာ တေဘာင္နိမိတ္အရ ၁၉၂၇ ခုႏွစ္ ေဖေဖာ္၀ါရီလ ၁၁ ရက္ ေသာၾကာေန႔တြင္ ေျမဒူးၿမိဳ႕ကို အလံုးအရင္းျဖင့္ ၀င္ေရာက္တုိက္ခိုက္ကာ ေျမဒူးသူႀကီကို ဒူးျဖတ္ သတ္လိုက္ၾကသည္။ ဤသုိ႔ ေျမဒူးသူႀကီး ဒူးျဖတ္သတ္သြားျခင္းမွာ ေျမဒူးသူႀကီးသည္ လြန္ခဲ့ေသာ သံုးႏွစ္ခန္႔က ၀ံသာႏုေခါင္းေဆာင္ တစ္ဦးျဖစ္သူ ေမာင္ေနတက္ဆိုသူအား အစိုးရအၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၁၂၄ ျဖင့္ တရားစြဲေထာင္ခ်လုိက္ရာတြင္ အစိုးရ၏ အဓိက သက္ေသအျဖစ္ ပါ၀င္ထြက္ဆိုခဲ့ျခင္းေၾကာင့္ ၀ံသာႏုမ်ား၏ လက္စားေခ်ျခင္းကို ခံရသည္ဟု ဆိုသည္။

တဖန္ “ရင္းၿဖိဳ” ဟူေသာ စကားအရ ၁၉၂၇ ခုႏွစ္ ဇူလိုင္လ ၂၄ ရက္ တနဂၤေႏြေန႔ တြင္ ဗႏၶကရေသ့ေနာက္လုိက္မ်ားသည္ ေသနတ္အလက္ေပါင္းမ်ားစြာ လူေပါင္းတစ္ရာျဖင့္ ဒီပဲရင္းပုလိပ္ဌာနကို လာေရာက္တုိက္ခုိက္ခဲ့ ၾကသည္။ ရဲဌာနသို႔ ၀င္ေရာက္စီးနင္းစဥ္က ဗႏၶက ေနာက္လုိက္မ်ားသည္ “အက်ဥ္းသမားေတြ ကို လႊတ္ပစ္မယ္။ ဂါတ္တဲကို မီး႐ႈိ႕ၿပီး ေသနတ္ေတြကိုသာ ယူမယ္။ မဆိုင္တဲ့လူေတြ ဖယ္ၾက” ဟူ၍ ေအာ္ဟစ္ၾကေသာ္လည္း ပုလိပ္ဌာနမွ ဆပ္အင္စပိတ္ေတာ္ ေမာင္ဖိုးသီဆိုသူက ေျခာက္လုံးျပဴးေသနတ္ျဖင့္ ဆီးႀကိဳခုခံသျဖင့္ စီးနင္းသူတို႔က ဓါးျဖင့္ ခုတ္ျဖတ္သြားခဲ့ၾကသည္။ ယင္းေနာက္ “ဖိုးနင္း” ဟူေသာ တေဘာင္စကားအတုိင္း ၀ံသာႏုအဖြဲ႕၀င္မ်ားသည္ အုတ္ဖို႐ြာသို႔ သြားေရာက္တုိက္ခုိက္ခဲ့ၾကျပန္သည္။ အုတ္ဖို႐ြာသို႔ စီးနင္းတုိက္ခိုက္ရာ၌ ေသနတ္ ၆ လက္၊ လူအင္အား ၅၀ ပါ၀င္၏။

“ဓါးလြတ္ေငြကြပ္ႏ်င့္ ေျမညြတ္ေအာင္ ခ်ီလာလိမ့္။ ဘိုးေတာ္ရဲ႕ေျမး” ဟူေသာ တေဘာင္စကားေပၚလာျပန္သည္။ ထို႔ေနာက္ မံု႐ြာ၊ စစ္ကိုင္း၊ ေ႐ႊဘိုစီရင္စုနယ္မ်ားအတြင္း ဗႏၶက ရေသ့ေခါင္းေဆာင္သည့္ ၀ံသာႏုအဖြဲ႕၀င္မ်ား၏ ထၾကြမႈသည္ ပ်ံ႕ႏွံ႕သြားေလသည္။ အဂၤလိပ္ အစိုးရသည္ ထိုဗႏၶက အဖြဲ႕ကို ႏွိမ္နင္းရန္ အင္အား ၁၅၀ ပါ႐ွိေသာ စစ္ပုလိပ္တပ္ခြဲတစ္ခုကို ေ႐ႊဘိုၿမိဳ႕မွ အထူးေစလႊတ္ခဲ့ရသည္။ ယင္းစစ္ ပုလိပ္တပ္ဖြဲ႕သည္ တန္ဆည္ၿမိဳ႕၊ ေရဦး၊ တပရင္းၿမိဳ႕မ်ားတြင္ ခြဲေ၀တပ္စြဲေနၾကေလသည္။ အေရးပိုင္ မစၥတာဒဗလ်ဴတီပမ္း၊ ခ႐ိုင္ရာဇ၀တ္၀န္ ဗဟာဒူးဘိုးသန္းတို႔သည္ ဗႏၶက အဖြဲ႕ႏွိမ္နင္းေရးကို ဦးစီးေနၾကသူမ်ားျဖစ္ၾကေလသည္။

ေ႐ႊဘို အေရးပိုင္က တရား႐ုံးတြင္ “ဗႏၶက အေရးေတာ္ပံုေၾကာင့္ ၁၉၂၆ ခုႏွစ္တြင္ ရ႐ွိရန္ျဖစ္ေသာ အစိုးရအခြန္ေတာ္ေငြမ်ားထဲမွ ၁၂ သိန္းမွာ လံုး၀ ေကာက္ခံ၍ မရခဲ့ပါ” ဟု ထုတ္ေဖာ္ေျပာဆိုသြားျခင္းကို ေထာက္လွ်င္ ဗႏၶက ၀ံသာႏုမ်ားႏွင့္ ဘူးအသင္းမ်ား၏ ေဆာင္႐ြက္မႈမ်ားသည္ အသင့္အတင့္ ေအာင္ျမင္သည္ ဟု ဆိုရေပမည္။ ဗႏၶကအဖြဲ႕သည္ အဂၤလိပ္အစိုးရကိုသာ တုိက္ခုိက္သည္မဟုတ္ တုိင္းျပည္သစၥာေဖာက္ရာထူးလက္ခံေသာ ဒိုင္အာခီအသင္း သားမ်ားကိုလည္း ႐ွာေဖြဖမ္းဆီးသတ္ျဖတ္ေလ့႐ွိျခင္းေၾကာင့္ ထိုနယ္တ၀ိုက္တြင္ အဂၤလိပ္အလိုေတာ္ရိ ဒိုင္အာခီသမားမ်ား ေျပးလႊား ပုန္းေအာင္းေနသည္မွာလည္း ထူးျခားမႈတစ္ခုပင္ျဖစ္သည္။

ယင္းသို႔ ပုန္ကန္ထၾကြမႈမ်ားဆက္တုိက္ျဖစ္ပြားလာျခင္းေၾကာင့္ အဂၤလိပ္နယ္ခ်ဲ႕အစိုးရသည္ အင္အားႀကီးမားေသာ စစ္ပုလိပ္ တပ္ရင္း အလံုးအရင္းႏွင့္ ႐ိုး႐ိုးပုလိပ္အဖြဲ႕အင္အားတိုးခ်ဲ႕ၿပီးလွ်င္ ေ႐ႊဘိုခ႐ိုင္တြင္ တပ္ခြဲထားေစရေလသည္။ အစိုးရသည္ ဗႏၶကကို အေသ သို႔မဟုတ္ အ႐ွင္ ဖမ္းဆီးမိလွ်င္ ဆုေငြထုိက္တန္စြာေပးမည္ဟု ေၾကညာရသည္အထိ အေရးတယူျပဳလာရသည္။

မံု႐ြာ၊ ေ႐ႊဘိုခ႐ိုင္မ်ားအတြင္း ႐ြာစဥ္႐ြယ္ဆက္ စစ္ပုလိပ္တို႔က ပိုက္စိတ္တိုက္လုိက္လံတုိက္ခုိက္မႈေၾကာင့္ ဗႏၶက ၀ံသာႏုအဖြဲ႕မွာ တျဖည္းျဖည္းၿပိဳကြဲသြားၾကရေလသည္။ ေနာက္ဆံုး၌ ဗႏၶကရေသ့ကို ၁၉၂၈ ခုႏွစ္ စက္တင္ဘာလအတြင္းတြင္ အလံုၿမိဳ႕တဖက္ကမ္း ေ႐ႊေတာင္ဦး၌ လူ၀တ္ျဖင့္ ဖမ္းဆီးရမိရာ သူႏွင့္အတူ တေဘာင္စကားတြင္ပါ႐ွိသည့္ ‘ေငြကြပ္ႏွင့္ဓါး႐ွည္’ ကိုပါ သက္ေသအျဖစ္ သိမ္းဆည္းမိသည္။

ဗႏၶကရေသ့ႀကီး

ထို႔အျပင္ ဗႏၶကေနာက္လုိက္ ၀ံသာႏုေခါင္းေဆာင္ ၆၉ ေယာက္ကိုလည္း ဖမ္းဆီးမိရာ ၂၄ ဦးကို ေအာက္႐ုံးက တရား႐ွင္လႊတ္သည္။ က်န္ ၄၅ ဦးကို စက္႐ွင္႐ုံးသို႔ တင္ပို႔စစ္ေဆးေစရာ ေခါင္းေဆာင္ ၂၀ ကို အိႏၵိယရာဇသတ္ႀကီး ပုဒ္မ ၁၂၀၊ ၁၂၁ (က)၊ ၁၂၄၊ ၃၉၅၊ ၃၉၇ တို႔ျဖင့္ အသီးသီး ျပစ္ဒဏ္ေပးလုိက္သည္။ ဗႏၶကရေသ့ ႏွင့္ အျခားေခါင္းေဆာင္ ၂၅ ဦးကိုမူ တသက္တကၽြန္းေထာင္ဒဏ္အျပစ္ေပးလုိက္ေလသည္။

သို႔ေသာ္ ဆ႒မေျမာက္ ေဂ်ာ့ဘုရင္နန္းတက္ပြဲအထိမ္းအမွတ္အျဖစ္ ၁၉၃၇ ခုႏွစ္ ေမလ ၁၂ ရက္ေန႔တြင္ လြတ္ၿငိမ္းခ်မ္းသာခြင့္ ေပးခဲ့ရာ ဗႏၶကရေသ့သည္ ၁၉၃၇ ခုႏွစ္ ေမလ ၂၄ ရက္ေန႔တြင္ မႏၱေလးေထာင္မွ ျပန္လည္လြတ္ေျမာက္လာၿပီးေနာက္ ဗသွ်ဴး႐ြာသို႔ ျပန္လည္ ေရာက္႐ွိလာၿပီး မယားျဖစ္သူ မဖြားခင္ႏွင့္ဆက္လက္အတူေနထိုင္ခဲ့ေလသည္။ သူသည္ ဗသွ်ဴး႐ြာတြင္ ေအးခ်မ္းစြာေနထိုင္၍ ကုသိုလ္ဘ၀နာ ပြားမ်ားရင္း ၁၉၅၀ ျပည့္ႏွစ္တြင္ ကြယ္လြန္သြားခဲ့ေလသည္။

မည္သို႔ဆိုေစ… ျမန္မာသမိုင္းတေကြ႕၌ မင္းေလာင္း ဗႏၶက ရေသ့အမည္ျဖင့္ ေက်ာ္ၾကားခဲ့ေသာ သူ၏ ေဆာင္႐ြက္ခ်က္မ်ား၊ သူ႔အတၳဳုပၸတၱိႏွင့္ ဓါတ္ပံုကို သိ႐ွိသူအလြန္နည္းပါးလာေသာေၾကာင့္ ျပန္လည္ေဖာ္ထုတ္ေရးသားလုိက္ရပါသည္။

ဗသ်ဴွးရြာသည္​ ယခုအခါဘီသွွ်ဴးရြာျဖစ္သည္။

စာကိုး။

(၁) ေမာင္ေမာင္ခင္ (မံု႐ြာ)၊ “မင္းေလာင္းဗႏၶက” ျမန္မာ့အလင္းႏွစ္သစ္မဂၤလာသတင္းစာ၊ ၁၉၄၀ ဧၿပီလ။
(၂) သူရိယ သတင္းစာ ၂၅ ႏွစ္ေျမာက္ အထူးစာေစာင္ (၁၉၃၆ ဇူလုိင္လ)
(၃) နတ္ေမာက္ဘုန္းေက်ာ္၊ ျမန္မာ့လြတ္လပ္ေရးႀကိဳးပမ္းမႈ သုေတသနစာတမ္းမ်ား၊ ရန္ကုန္ စံပယ္ဦးစာေပ၊ ပထမအႀကိမ္ ၁၉၇၅ ဧၿပီ။


သမိုင်းတကွေ့မှ မင်းလောင်းဗန္ဓကရသေ့ကြီး (unicode)

သန်းဝင်းလှိုင်(မိုးမခမဂ္ဂဇင်း)

လွန်ခဲ့သော နှစ်ပေါင်းရှစ်ဆယ်ကျော်က မုံရွာခရိုင် မြောက်ဖျားတွင် ‘ဗသျှူး’ အမည်ရှိသော အိမ်ခြေ ၆၉ အိမ်၊ လူဦးရေ ၃၅၄ ဦးသာ ရှိသည့် ရွာငယ်တစ်ရွာရှိလေသည်။ ထိုရွာငယ်ဇနပုဒ်မှာ သာမန်မြန်မာ့ကျေးလက်ရွာသိမ်ရွာငယ်မျှသာဖြစ်သော်လည်း သူ့ကျွန်ဘဝတွင် ဗြိတိသျှကိုလိုနီနယ်ချဲ့သမားတို့အား ပျာလောင်ခတ်သွားစေသည်အထိ ဒုက္ခအမျိုးမျိုးပေးနိုင်ခဲ့သော ရွာငယ်ကလေးပင် ဖြစ်သည်။

ဒုက္ခပေးနိုင်ခဲ့သည့် အကြောင်းကား ဤသို့ဖြစ်သည်။ ဗသျှူးရွာအပါအဝင် အနီးအနားရွာများ၌ ထိုစဉ်က စလေဦးပုညကဗျာတစ်ပုဒ်မှ စာသားအတိုင်း ‘နှစ်ပြည်ထောင်တည်စ အလည်က ကျောင်းဆောင်၊ အနောက်မှာ ဝေဘူတောင်ငယ်၊ ရွှေဂူချောင်အကွေ့၊ မင်းကြီးနှင့်ကိန္နရာ၊ ဣန္ဒာပါထွက်တဲ့ရသေ့’ တဘောင် ခေါ် နိမိတ်စကားပေါ်လာခဲ့လေသည်။

ယင်းတဘောင်၏ အတိတ်နိမိတ်ကိုယူ၍ ‘ဗန္ဓက’ အမည်တွင်သော ရသေ့တစ်ပါးသည် ရွာနှင့်မနီးမဝေးတွင် ထီးဖြူရုံတစ်ခုကို တည်ဆောက်လေသည်။ ယင်းထီးဖြူရုံ၏ အနောက်ဖက် အတာင် ၅၀ ခန့်အကွာတွင် ကျောက်ခဲများကို တောင်ကုန်းလေးများသဖွယ် စုပုံထား၏။ ထိုတောင်တစ်ခုပေါ်တွင် ဘုရားတစ်ဆူတည်ထားပြန်၏။ အဆိုပါ တောင်ကလေးများရှေ့တွင် ဝေဘူလ နှင့် ဝေဘူလတောင် ဟူသော စာတမ်းတစ်ခု ရေးသား၍ စိုက်ထူထားလေသည်။ ထို့အပြင် တောင်ကုန်းကလေးများအနီး၌ ဆင်ဖြူသုံးစီးပုံ၊ ရှင်ဘုရင်ရုပ်ပုံ၊ နတ်များနှင့်သိကြားမင်းရုပ်ပုံ၊ ကိန္နရာရုပ်ပုံများကိုလည်း တည်ထားလေသည်။ ဤသို့ ဘုရားတည်၍ ရုပ်ပုံများ၊ ဆင်ဖြူများတည်ထားခြင်းမှာ မြန်မာသက္ကရာဇ် ၁၂၈၉ (ခရစ် ၁၉၂၇) ၌ “ဝေဘူတောင်စောင်းမင်းလောင်းဧကန်ပေါ်လတ္တံ” ဟူသော သိုက်တဘောင်အရ တည်ထားခြင်းဖြစ် ကြောင်း သိရလေသည်။

ထိုစဉ်ကထုတ်ဝေသော သတင်းစာများဖော်ပြချက်အရ ပထမဆင်ဖြူက ပိဋကတ်သုံးပုံကိုတင်ဆောင်ရန်၊ ဒုတိယဆင်ဖြူရှင်က မင်းမြှောက်တန်ဆာများကိုတင်ဆောင်ရန်၊ တတိယဆင်ဖြူက မင်းလောင်းကိုတင်ဆောင်ရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။

မင်းလောင်းဗန္ဓကရသေ့ကို မုံရွာခရိုင် အုတ်ဖိုရွာ၌ အဘဦးဝိုက်၊ အမိဒေါ်ဖွားခင်တို့မှ မြန်မာသက္ကရာဇ် ၁၂၄၄ (ခရစ် ၁၈၈၂) ခုနှစ်တွင် ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မောင်ထွန်းလှဖြစ်သည်။ အုတ်ဖိုမြောက်ကျောင်းဆရာတော် ဦးနန္ဒဝံသထံတွင် ပညာသင်ကြားခဲ့သည်။ အသက် ၁၅ နှစ်တွင် ရှင်လူထွက်၍ မိဘများနှင့်အတူ တောင်သူထန်းတက်အလုပ်များ လုပ်ကိုင်ခဲ့သည်။ အသက်၂ဝတွင် ပသျှူးရွာမှ မဖွားခင်ဆိုသူနှင့် အကြောင်းပါ၍ မလှရင်ခေါ် သမီးကလေးတစ်ဦး ထွန်းကားခဲ့သည်။ မဖွားခင်နှင့် အကြင်လင်မယားအဖြစ် ၂၄ နှစ်ခန့် ပေါင်းသင်းနေထိုင်ပြီး နောက် အသက် ၄၄ နှစ်တွင် သက္ကရာဇ်ကြမ်းနှင့် ကြုံကြိုက်သည်ဟုဆိုကာ ရသေ့ဘောင်သို့ ဝင်ရောက်၍ ဗန္ဓက ဘွဲ့ခံယူခဲ့လေသည်။

ရသေ့ဘဝတွင် ဣစ္ဆာသယဆေးများကို ဖော်စပ်ကာ တစ်ဘူးလျှင် ၂ ကျပ်နှုန်းဖြင့် ဖြန့်ချိရောင်းချခဲ့ရာ လူအများအပြားက ဗန္ဓက ရသေ့ ရောင်းသောဆေးများမှာ ရောဂါဝေဒနာများပျောက်ကင်းစေရုံမျှသာမက ဓါးပြီး သေနတ်ပြီး တုတ်ပြီး ဆေးများပင် ဖြစ်သည်ဟု ယုံကြည် ကြပြီး နှစ်ခြိုက်ကြသောကြောင့် အများအပြားရောင်းချရသည်။ လများမကြာမီအတွင်း ငွေကြေးများစုဆောင်းမိခဲ့ရာ ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြရန် နှိုးဆော်တိုက်တွန်းခဲ့သောကြောင့် စေတီပုထိုးများကို တည်ထောင်နေခဲ့ခြင်းဖြစ်သည်။

ဗသျှူးရွာမှ ကိုသာမြတ်၊ ကိုနက်၊ အုတ်ဖို ရွာမှ ကိုထိုက်၊ ပဲမြစ်တောရွာမှ ကိုဘိုးညိမ်း၊ မြို့သစ်ချောင်းမှ ကိုပေါ်ညိမ်း၊ မုံရွာမြို့မှ ဦးဘိုးဇုန်နှင့် ဦးဘိုးဆိုင် စသော ပုဂ္ဂိုလ်များကလည်း ဗန္ဓကရသေ့နှင့်အတူ ရသေ့ဝတ်ကာ သူ၏လုပ်ငန်းများကို ကူညီခဲ့ကြလေသည်။ ဤသို့ဖြင့် ဗသျှူးရွာတွင် ဝေဘူလ၊ ဝေဘာလတောင်များနှင့် ဆင်ဖြူသုံးစီးရှိသည်ဟူသော သတင်းစကားသည် အရပ်ရပ်သို့ ပျံ့နှံ့ သွားလေရာ မင်းလောင်းမျှော်သူများနှင့် ဣစ္ဆာသယဆေးများဝယ်ယူလိုသော သူများ ဝင်လာမစဲတသဲသဲဖြင့် စည်ကားနေလေသည်။

ဗန္ဓကရသေ့သည် တဖြည်းဖြည်း နောက်လိုက်အင်အားများပြားလာသောအခါ ဗသျှူးရွာမှနေ၍ မုံရွာခရိုင်အတွင်းရှိ လူအများအား “ဗြိတိသျှအစိုးရကို ဖြုတ်ချပြီးလျှင် ဗန္ဓကရသေ့ကို မင်းမြှောက်လိမ့်မည်” ဟူသော အရိပ်နိမိတ်များ ထင်မြင်ယုံကြည်လာစေရန် တဘောင်စနည်းများကို တီထွင်ပေးနေသည်ဟူ၍ အချို့က ယူဆကြသည်။

၁၉၂၆ ခုနှစ် စက်တင်ဘာလတွင် ဗန္ဓကရသေ့သည် ဗသျှူးရွာ ရသေ့ကျောင်းသင်္ခမ်းမှ ထွက်ခွာပြီးလျှင် ရွှေဘိုခရိုင်အတွင်းရှိ ကျေးရွာ စည်းရုံး၍ အင်္ဂလိပ်နယ်ချဲ့တို့ကို တော်လှန်ရန်လှုံ့ဆော်ခဲ့သည်။ ထို့အပြင် မြေဒူးမြို့၌ အောင်မြေနင်းကြသေးသည်။ ထိုစဉ်က လှုပ်ရှားဆောင်ရွက်နေမှုများကို သက်ဆိုင်ရာစုံထောက်အစီရင်ခံစာများ၌ “ထိုလူအများသည် ကာလပျက်မည့်ခေတ်သို့ အမြန်ရောက်ပါစေ ဟု ဆုတောင်းမျှော်လင့်နေသူများဖြစ်ကြောင်း၊ ထိုအရပ်မှ လူအများတို့သည် လက်နက်များ ဆွဲကိုင်လျက် အစိုးရက တောင်းသောအခွန်တော်များ ကိုပင် မပေးဟု ငြင်းဆန်နေကြောင်း” ဖော်ပြထားလေသည်။

အစိုးရစုံထောက်များအစီရင်ခံစာများအရ ထိုအရပ်ဒေသမှလူအများ အဘယ့်ကြောင့် ကာလပျက်ပါစေဟု ဆုတောင်းနေသနည်း။ အဘယ့်ကြောင့် အစိုးရအခွန်တော်ကို မပေးနိုင်ဟု ဗြောင်ငြင်းဆန်နေကြသနည်း။ အဖြေမှာ ရှင်းလှပေသည်။ ထိုစဉ်ကာလက မြန်မာပြည်တဝှမ်းလုံးတွင် တောင်သူလယ်သမားများ၏ ဘဝအခြေအနေများမှာ အစိုးရ၏ အမျိုးမျိုးသော အကြောင်းပြချက်ဖြင့် တောင်းခံနေသော အခွန်အတုတ်များနှင့် သဘာ၀ဘေးဒဏ်များကြောင့် စီးပွားရေးကပ်ဆိုက်ကာ ရေအိုးအောက်မှ ကရွတ်ဆွေးကဲ့သို့ တဖြည်းဖြည်းချင်း မွဲပြာကျနေချိန်ဖြစ်သည်။

၁၉၂၆ ခုနှစ်များတွင် အထက်မြန်မာပြည် မိုးခေါင်ရေရှားရပ်ဝန်းရှိ လယ်သမားတစ်ဦးလျှင် အကြွေးငွေ တစ်နှစ်လျှင် ၁၀၈ ကျပ်မျှ တင်ရှိနေ၍ ကြွေးတင်သော တောင်သူလယ်သမားဦးရေမှာ လူ ၁၀၀ လျှင် ၇၂ ယောက် ကြွေးရှိကြောင်း ထိုစဉ်က ထုတ်ပြန်သော ကြေးတိုင် အစီအရင်ခံစာများအရ သိရှိရလေသည်။ ထို့အပြင် စပါးဈေးကလည်း ထိုးကျလာလိုက်သေး၏။ စပါးဈေးမှာ တင်းတစ်ရာလျှင် ၁၉၂၄ ခုနှစ်၌ ၁၉၅ ကျပ်၊ ၁၉၂၅ ခုနှစ်တွင် ၁၉၄ ကျပ်၊ ၁၉၂၆ ခုနှစ်တွင် ၁၉၀ ကျပ် ဈေးသို့ ကျဆင်းလာခဲ့သည်။ ၁၉၂၇ ခုနှစ်တွင်မူကား စပါးဈေးမှာ ၁၃၀ ကျပ်ဈေးသာ ရှိတော့သည်။

အကြွေးကတင် စပါးဈေးက ထိုးကျနေ၍ တောင်သူလယ်သမားများ အကျပ်ရိုက်နေစဉ် လူခွန်တော်၊ မြေခွန်တော်၊ သဿမေဓအခွန်တော်၊ ရောင်းဝယ်ခွန်များ မပေးမနေရဟူ၍ အင်္ဂလိပ်နယ်ချဲ့အစိုးရ နှိပ်စက်လိုက်သေးသည်။ ကြွေးတင်၊ စပါးဈေးကျ၊ အခွန်တော်တိုးလာသည့်အပြင် ရာသီဥတုဖောက်ပြန်မှုကြောင့် လယ်သမားအများစု၏ ဘဝမှာ မြေနိမ့်ရာလှံစိုက်ပမာ နစ်သထက်နစ်ကာ ဖွတ်ဘိုးအေဘဝသို့ ကျရောက်နေရလေသည်။

ထိုစဉ်က လယ်သမားများမှာ အစိုးရ၏ ကြီးလေးသော အခွန်တော်များ စည်းကြပ်ခံရမှုအပြင်၊ လယ်သမားများကို ငွေတိုးချေးငှား မတရားနှိပ်စက်နေသည့် ချစ်တီးတို့၏ ညစ်ပတ်မှုဒဏ်ချက်များကိုလည်း ခံလိုက်ကြရရှာသေးသည်။ ယင်းသို့အားဖြင့် တောင်သူလယ်သမား အများစုမှာ မိမိလယ်ယာမြေများ ကြွေးသိမ်းခံရခြင်းကြောင့် အမြတ်ကြီးစားအတိုးကြီးစား ချစ်တီးတို့လက်သို့ ကျရောက်သွားကြရလေသည်။ အစိုးရနှင့် ချစ်တီးတို့က တောင်သူလယ်သမားများအပေါ် ဤသို့ ဖိစီးနှိပ်စက်လွန်းခြင်းကြောင့် ၁၉၂၆ ဧပြီလ ၈၊ ၉၊ ၁၀ ရက်နေ့များတွင် မိတ္ထီလာမြို့၌ သံဃာသာမဂ္ဂီအဖွဲ့ကြီး၏ ဩဝါဒခံ ‘ဂျီစီဘီအေ ကွန်ဖရင့်’ ကြီးက သဿမေဓ အခွန်နှင့် မြေခွန်တော်များ ကောက်ခံခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့လေသည်။

ထို့နောက် အစိုးရ၏ မတရားစည်းကြပ်သော အခွန်တော်ငွေများကို ငြင်းဆန်သည့် ‘မပေးဘူး’ ‘မဆောင်ဘူး’ ‘မသိဘူး’ ဟူသည့် ဝံသာနုဂျီစီဘီအေ အဖွဲ့ကြီး၏ လက်အောက်ခံ ‘ဘူး’ အသင်းများ မြန်မာပြည်အရပ်ရပ်တွင် ပေါ်ပေါက်လာခဲ့လေသည်။ ယင်းသို့ တောင်သူလယ်သမားများ၏ ဒိုင်အာခီအစိုးရကို အနုနည်းဖြင့် တော်လှန်လိုက်သည့် ထို ‘ဘူး– အသင်း’ များ၏ ဆောင်ရွက်ချက်များသည် မုံရွာခရိုင်အတွင်းရှိ တောင်သူလယ်သမားများကို နှိုးဆွနေချိန်နှင့် တပြေးညီ မုံရွာခရိုင် ဗသျှူးရွာမှ မင်းလောင်း ဗန္ဓကရသေ့၏ မိစ္ဆာဒိဋ္ဌိ အင်္ဂလိပ်အစိုးရကို မောင်းထုတ်ရမည်’ ဟူသော တော်လှန်ရေးမီးရှူးတိုင် အရှိန်ပြင်းစွာ တောက်လောင်ချိန်နှင့်လည်း တိုက်ဆိုက်နေလေသည်။

ထို့နောက် မကြာမီအတွင်း ‘ဒူးဖြတ်၊ ရင်းဖြို၊ ဖိုးနင်း’ ဟူသော တဘောင်စကားပေါ်လာခဲ့ပြန်သည်။ ယင်းတဘောင်ပေါ်ပြီး မကြာမီ မှာပင် ‘ တဗိုလ်လျှင် တဓါးသွေး၊ ၁၂၈၉ ခုနှစ်မှာ ပါပမင်းပြေးရတော့မယ်၊ မကြာမီ မြေဒူးကို အောင်မြေနင်းမင်း’ ဟူသော လှုံ့ဆော်ချက်များကို ဝံသာနုခေါင်းဆောင်တစ်ဦးဖြစ်သော ကိုထွန်းပေါ်သည် ကျေးရွာများသို့ လှည့်လည်ဟောပြောလျက်ရှိလေ၏။

၁၉၂၆ ခုနှစ် နိုဝင်ဘာလ အတွင်းတွင် ရေဦးမြို့ကို ကျော်ဇံနှင့် ကိုတူတို့၏ နေအိမ်တွင် ဝံသာနုအစည်းအဝေးတစ်ခုကို လျှို့ဝှက်၍ ကျင်းပကြသည။် ထိုအစည်းအဝေး၌ ဗန္ဓက ရသေ့၏ နောက်လိုက်ရသေ့တစ်ဦးက ဗန္ဓကရသေ့၏ ဣစ္ဆာသယဆေးလုံးများရောင်းချပြိး မိစ္ဆာဒိဋ္ဌိ အင်္ဂလိပ်များကို တိုက်ခိုက်နှင်ထုတ်ကြရန် ဟောပြောလေသည်။ မြင်းစီးရွာတွင်ကျင်းပသော ဝံသာနုအစည်းအဝေးသို့ ဗန္ဓကရသေ့ကြီးကိုယ် တိုင် တက်ရောက်ဟောပြောခဲ့သည်။

ဗန္ဓက ရသေ့၏ တပည့်များနှင့် ကျေးရွာဝံသာနုခေါင်းဆောင်များက ဦးစီးသော ကျေးရွာဝံသာနု အစည်းအဝေးများကို ဖူးတောင်းပွဲ၊ ရေဦးမြို့၊ ဘဲဘော၊ မြင်းစီး၊ မင်းကွန်း၊ ဖလောင်းရိုင်၊ သာကေတ၊ ဆူးတပ်၊ ဆိတ်ခွန်၊ မင်းတိုင်ပင်၊ ပေါင်းလည်ကုန်း၊ တန့်ဆည်မြို့၊ အုတ်ဖို၊ နှောတော စသည့် မြို့ရွာတို့တွင် ကျင်းပခဲ့ကြသည်။ ထိုအစည်းအဝေးပွဲများမှ အင်္ဂလိပ်အစိုးရကို မည်သည့်အခွန်မျှ မပေးရေးနှင့် မောင်းနှင့်တိုက်ခိုက်ရန်တို့ကို စည်းဝေးဆုံးဖြတ်ချက်ချခဲ့ကြသည်။

ဤသို့ ဆွေးနွေးဆုံးဖြတ်ကြပြီးနောက် ၁၉၂၆ ခုနှစ် အောက်တိုဘာလတွင် ဗန္ဓကရသေ့နောက်လိုက်များဖြစ်ကြသော ရသေ့ ဦးငြိမ်း နှင့် ရသေ့ ဦးဘိုးအေးတို့က ဗန္ဓကထံမှ ရရှိသောစာကို ဆိတ်ခွန်ရွာသို့ ပေးပို့ရာ ရွာခေါင်းကိုဘိုးလူ၏လက်သို့ မှားယွင်းရောက်ရှိသွား၏။ ကိုဘိုးလူမှ ဆိတ်ခွန်ရွာသူကြီးထံ ပြသရာ သူကြီးက အရေးကြီးသည်ဆိုပြီးလျှင် ရွှေဘိုရာဇဝတ်ဝန် ဦးဘိုးသန်းထံ တင်ပြခဲ့လေသည်။ ယင်းစာ သည် အခြားမဟုတ်။ ဗန္ဓကရသေ့က အင်္ဂလိပ်ကို စစ်ကြေညာသော အမိန့်စာဖြစ်လေသည်။ စာပါကြေညာချက်မှာ-

၁၂၈၈ ခုနှစ် တော်သလင်းလပြည့်ကျော် ၁၀ ရက် (ခရစ် ၁၉၂၆ ခုနှစ် အောက်တိုဘာလ ၁ ရက်) သောကြာနေ့။ ကန်တော်ရှင်၊ သာသနာပြုမင်းအမိန့်တော်။

ဘုန်းတော်ကြီးများနှင့်တကွ ဒါယိကာများတို့-

ကျွန်ုပ်ကိုယုံကြည်ကိုးစားကြသော သူတို့သည် ၁၂၈၈ ခုနှစ် တန်ဆောင်မုန်းလ (၁၉၂၆ ခုနှစ် နိုဝင်ဘာလ) မှ စ၍ လက်နက်များ အပြည့်အစုံရှိကြစေ။ ကျွန်ုပ်ကိုယ်တိုင် မြန်မာတို့ထီးနန်းကို လုယူသော ပါပမင်းအင်္ဂလိပ်လူမျိုးတို့ကို ကျွန်ုပ်၏ စိတ်ပုတီးနှင့် တိုက်ခိုက်မည်။ တန်ဆောင်းမုန်းလက တပို့တွဲလအထိ ရှိသမျှ လက်နက်ဖြင့် တိုက်ခိုက်ကြမည်။ ဖျက်သင့်သော အရာများကို ဖျက်ဆီးစေ။ မီးနှင့်ဖျက်စေ။

အဆိုပါ အမိန့်တော်ထည့်ထားသော စာအိတ်ကို ရွှေချထားပြီးလျှင် (စ၊ ဓ၊ ဗ၊ ၀) စမလေးလုံးကိုလည်း ရေးသားထားလေသည်။ ဗန္ဓက နှင့် ဝံသာနုအသင်းဝင် တောင်သူလယ်သမားများသည် ယခင်ပေါ်ပေါက်ပြီးသော “ဒူးဖြတ်၊ ရင်းဖြို၊ ဖိုနင်း” ဟူသော တဘောင်နိမိတ်အရ ၁၉၂၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက် သောကြာနေ့တွင် မြေဒူးမြို့ကို အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ကာ မြေဒူးသူကြီကို ဒူးဖြတ် သတ်လိုက်ကြသည်။ ဤသို့ မြေဒူးသူကြီး ဒူးဖြတ်သတ်သွားခြင်းမှာ မြေဒူးသူကြီးသည် လွန်ခဲ့သော သုံးနှစ်ခန့်က ဝံသာနုခေါင်းဆောင် တစ်ဦးဖြစ်သူ မောင်နေတက်ဆိုသူအား အစိုးရအကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ ဖြင့် တရားစွဲထောင်ချလိုက်ရာတွင် အစိုးရ၏ အဓိက သက်သေအဖြစ် ပါဝင်ထွက်ဆိုခဲ့ခြင်းကြောင့် ဝံသာနုများ၏ လက်စားချေခြင်းကို ခံရသည်ဟု ဆိုသည်။

တဖန် “ရင်းဖြို” ဟူသော စကားအရ ၁၉၂၇ ခုနှစ် ဇူလိုင်လ ၂၄ ရက် တနင်္ဂနွေနေ့ တွင် ဗန္ဓကရသေ့နောက်လိုက်များသည် သေနတ်အလက်ပေါင်းများစွာ လူပေါင်းတစ်ရာဖြင့် ဒီပဲရင်းပုလိပ်ဌာနကို လာရောက်တိုက်ခိုက်ခဲ့ ကြသည်။ ရဲဌာနသို့ ဝင်ရောက်စီးနင်းစဉ်က ဗန္ဓက နောက်လိုက်များသည် “အကျဉ်းသမားတွေ ကို လွှတ်ပစ်မယ်။ ဂါတ်တဲကို မီးရှို့ပြီး သေနတ်တွေကိုသာ ယူမယ်။ မဆိုင်တဲ့လူတွေ ဖယ်ကြ” ဟူ၍ အော်ဟစ်ကြသော်လည်း ပုလိပ်ဌာနမှ ဆပ်အင်စပိတ်တော် မောင်ဖိုးသီဆိုသူက ခြောက်လုံးပြူးသေနတ်ဖြင့် ဆီးကြိုခုခံသဖြင့် စီးနင်းသူတို့က ဓါးဖြင့် ခုတ်ဖြတ်သွားခဲ့ကြသည်။ ယင်းနောက် “ဖိုးနင်း” ဟူသော တဘောင်စကားအတိုင်း ဝံသာနုအဖွဲ့ဝင်များသည် အုတ်ဖိုရွာသို့ သွားရောက်တိုက်ခိုက်ခဲ့ကြပြန်သည်။ အုတ်ဖိုရွာသို့ စီးနင်းတိုက်ခိုက်ရာ၌ သေနတ် ၆ လက်၊ လူအင်အား ၅၀ ပါဝင်၏။

“ဓါးလွတ်ငွေကွပ်နျင့် မြေညွတ်အောင် ချီလာလိမ့်။ ဘိုးတော်ရဲ့မြေး” ဟူသော တဘောင်စကားပေါ်လာပြန်သည်။ ထို့နောက် မုံရွာ၊ စစ်ကိုင်း၊ ရွှေဘိုစီရင်စုနယ်များအတွင်း ဗန္ဓက ရသေ့ခေါင်းဆောင်သည့် ဝံသာနုအဖွဲ့ဝင်များ၏ ထကြွမှုသည် ပျံ့နှံ့သွားလေသည်။ အင်္ဂလိပ် အစိုးရသည် ထိုဗန္ဓက အဖွဲ့ကို နှိမ်နင်းရန် အင်အား ၁၅၀ ပါရှိသော စစ်ပုလိပ်တပ်ခွဲတစ်ခုကို ရွှေဘိုမြို့မှ အထူးစေလွှတ်ခဲ့ရသည်။ ယင်းစစ် ပုလိပ်တပ်ဖွဲ့သည် တန်ဆည်မြို့၊ ရေဦး၊ တပရင်းမြို့များတွင် ခွဲဝေတပ်စွဲနေကြလေသည်။ အရေးပိုင် မစ္စတာဒဗလျူတီပမ်း၊ ခရိုင်ရာဇဝတ်ဝန် ဗဟာဒူးဘိုးသန်းတို့သည် ဗန္ဓက အဖွဲ့နှိမ်နင်းရေးကို ဦးစီးနေကြသူများဖြစ်ကြလေသည်။

ရွှေဘို အရေးပိုင်က တရားရုံးတွင် “ဗန္ဓက အရေးတော်ပုံကြောင့် ၁၉၂၆ ခုနှစ်တွင် ရရှိရန်ဖြစ်သော အစိုးရအခွန်တော်ငွေများထဲမှ ၁၂ သိန်းမှာ လုံး၀ ကောက်ခံ၍ မရခဲ့ပါ” ဟု ထုတ်ဖော်ပြောဆိုသွားခြင်းကို ထောက်လျှင် ဗန္ဓက ဝံသာနုများနှင့် ဘူးအသင်းများ၏ ဆောင်ရွက်မှုများသည် အသင့်အတင့် အောင်မြင်သည် ဟု ဆိုရပေမည်။ ဗန္ဓကအဖွဲ့သည် အင်္ဂလိပ်အစိုးရကိုသာ တိုက်ခိုက်သည်မဟုတ် တိုင်းပြည်သစ္စာဖောက်ရာထူးလက်ခံသော ဒိုင်အာခီအသင်း သားများကိုလည်း ရှာဖွေဖမ်းဆီးသတ်ဖြတ်လေ့ရှိခြင်းကြောင့် ထိုနယ်တဝိုက်တွင် အင်္ဂလိပ်အလိုတော်ရိ ဒိုင်အာခီသမားများ ပြေးလွှား ပုန်းအောင်းနေသည်မှာလည်း ထူးခြားမှုတစ်ခုပင်ဖြစ်သည်။

ယင်းသို့ ပုန်ကန်ထကြွမှုများဆက်တိုက်ဖြစ်ပွားလာခြင်းကြောင့် အင်္ဂလိပ်နယ်ချဲ့အစိုးရသည် အင်အားကြီးမားသော စစ်ပုလိပ် တပ်ရင်း အလုံးအရင်းနှင့် ရိုးရိုးပုလိပ်အဖွဲ့အင်အားတိုးချဲ့ပြီးလျှင် ရွှေဘိုခရိုင်တွင် တပ်ခွဲထားစေရလေသည်။ အစိုးရသည် ဗန္ဓကကို အသေ သို့မဟုတ် အရှင် ဖမ်းဆီးမိလျှင် ဆုငွေထိုက်တန်စွာပေးမည်ဟု ကြေညာရသည်အထိ အရေးတယူပြုလာရသည်။

မုံရွာ၊ ရွှေဘိုခရိုင်များအတွင်း ရွာစဉ်ရွယ်ဆက် စစ်ပုလိပ်တို့က ပိုက်စိတ်တိုက်လိုက်လံတိုက်ခိုက်မှုကြောင့် ဗန္ဓက ဝံသာနုအဖွဲ့မှာ တဖြည်းဖြည်းပြိုကွဲသွားကြရလေသည်။ နောက်ဆုံး၌ ဗန္ဓကရသေ့ကို ၁၉၂၈ ခုနှစ် စက်တင်ဘာလအတွင်းတွင် အလုံမြို့တဖက်ကမ်း ရွှေတောင်ဦး၌ လူဝတ်ဖြင့် ဖမ်းဆီးရမိရာ သူနှင့်အတူ တဘောင်စကားတွင်ပါရှိသည့် ‘ငွေကွပ်နှင့်ဓါးရှည်’ ကိုပါ သက်သေအဖြစ် သိမ်းဆည်းမိသည်။

ထို့အပြင် ဗန္ဓကနောက်လိုက် ဝံသာနုခေါင်းဆောင် ၆၉ ယောက်ကိုလည်း ဖမ်းဆီးမိရာ ၂၄ ဦးကို အောက်ရုံးက တရားရှင်လွှတ်သည်။ ကျန် ၄၅ ဦးကို စက်ရှင်ရုံးသို့ တင်ပို့စစ်ဆေးစေရာ ခေါင်းဆောင် ၂၀ ကို အိန္ဒိယရာဇသတ်ကြီး ပုဒ်မ ၁၂၀၊ ၁၂၁ (က)၊ ၁၂၄၊ ၃၉၅၊ ၃၉၇ တို့ဖြင့် အသီးသီး ပြစ်ဒဏ်ပေးလိုက်သည်။ ဗန္ဓကရသေ့ နှင့် အခြားခေါင်းဆောင် ၂၅ ဦးကိုမူ တသက်တကျွန်းထောင်ဒဏ်အပြစ်ပေးလိုက်လေသည်။

သို့သော် ဆဋ္ဌမမြောက် ဂျော့ဘုရင်နန်းတက်ပွဲအထိမ်းအမှတ်အဖြစ် ၁၉၃၇ ခုနှစ် မေလ ၁၂ ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ရာ ဗန္ဓကရသေ့သည် ၁၉၃၇ ခုနှစ် မေလ ၂၄ ရက်နေ့တွင် မန္တလေးထောင်မှ ပြန်လည်လွတ်မြောက်လာပြီးနောက် ဗသျှူးရွာသို့ ပြန်လည် ရောက်ရှိလာပြီး မယားဖြစ်သူ မဖွားခင်နှင့်ဆက်လက်အတူနေထိုင်ခဲ့လေသည်။ သူသည် ဗသျှူးရွာတွင် အေးချမ်းစွာနေထိုင်၍ ကုသိုလ်ဘဝနာ ပွားများရင်း ၁၉၅၀ ပြည့်နှစ်တွင် ကွယ်လွန်သွားခဲ့လေသည်။

မည်သို့ဆိုစေ… မြန်မာသမိုင်းတကွေ့၌ မင်းလောင်း ဗန္ဓက ရသေ့အမည်ဖြင့် ကျော်ကြားခဲ့သော သူ၏ ဆောင်ရွက်ချက်များ၊ သူ့အတ္ထုပ္ပတ္တိနှင့် ဓါတ်ပုံကို သိရှိသူအလွန်နည်းပါးလာသောကြောင့် ပြန်လည်ဖော်ထုတ်ရေးသားလိုက်ရပါသည်။

ဗသျူွးရွာသည်​ ယခုအခါဘီသျှူးရွာဖြစ်သည်။

စာကိုး။

(၁) မောင်မောင်ခင် (မုံရွာ)၊ “မင်းလောင်းဗန္ဓက” မြန်မာ့အလင်းနှစ်သစ်မင်္ဂလာသတင်းစာ၊ ၁၉၄၀ ဧပြီလ။
(၂) သူရိယ သတင်းစာ ၂၅ နှစ်မြောက် အထူးစာစောင် (၁၉၃၆ ဇူလိုင်လ)
(၃) နတ်မောက်ဘုန်းကျော်၊ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သုတေသနစာတမ်းများ၊ ရန်ကုန် စံပယ်ဦးစာပေ၊ ပထမအကြိမ် ၁၉၇၅ ဧပြီ။

Leave a Reply