ကမာၻ႔သမိုင္းမွာ ၾသဇာအၾကီးမားဆံုး ဂရိကဗ်ာဆရာၾကီး ဟုိမာ(ဟုိးမား)

Posted on

ဟိုမာကဗ်ာရယ္လို႔ အမည္သာတြင္တယ္။ တကယ္ပဲ ဟိုမာ(Homer)စပ္ဆိုတာလားလို႔ ျငင္းခံုၾကတာ ႏွစ္ေပါင္းရာေထာင္မကရွိခဲ့ျပီ။ ဘယ္တုန္းက ဘယ္မွာ ဘယ္လို ကၠလိယဒ္(the Iliad)နဲ႔ ၾသဒက္စီ(the Odyssey)ကို ေရးစပ္ခဲ့ပါသလဲ။ အထက္ထက္က ေရးျပီးရွိတာကို ဘယ္ေလာက္ မွီျငမ္းျပဳျပီးေရးတယ္လို႔ထင္ပါသလဲ။ ကၠလိယဒ္(the Iliad)နဲ႔ ၾသဒက္စီ(the Odyssey)ကို ေရးစပ္သူဟာ တစ္ေယာက္တည္းပဲလား။ တစ္မ်ိဳးကိုတစ္ေယာက္ေရးတာမ်ားလား။

ဟိုမာ(Homer)ဆိုတဲ့လူေတာင္ တကယ္ရွိခဲ့ဖူးတာ ဟုတ္ပါ့မလား။ ကဗ်ာႏွစ္ပုဒ္စလံုးဟာ တျဖည္းျဖည္းအျဖစ္အပ်က္ေတြ အမ်ားၾကီးကိုေပါင္းစပ္ေပးထားတာလား။ အယ္ဒီတာေတြက ဆရာမ်ိဳးစံုရဲ႕လက္ရာေတြကို ေပါင္းစပ္သြားတာမ်ားလား။ ေလ့လာသူေတြႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္ေအာင္ ေလ့လာေပမယ့္ ဒီေမးခြန္းေတြကို ေျဖတဲ့အခါ မ်ိဳးစံုေျပာၾကပါတယ္။ မညီမညႊတ္ျဖစ္ၿမဲပါပဲ။ ဒီလိုဆိုရင္ေခတ္ေဟာင္းကိုေလ့လာတဲ့ ပညာရွင္မဟုတ္ရင္ အေျဖမွန္ကိုမရႏိုင္ဘူး။ အေျဖကိုကြ်န္ေတာ္လည္းမသိပါ။ ဒါေပမယ့္ဒီစာအုပ္မွာ ဟိုမာ(Homer)ကို (တစ္ေနရာရာေပးရမယ္ဆိုရင္)ေအာက္မွာေပးထားတဲ့ မွန္းဆခ်က္ေတြကိုထည့္ျပီးစဥ္းစားရမွာျဖစ္ပါတယ္။

ပထမမွန္းဆခ်က္က တစ္ဦးတစ္ေယာက္က ေခါင္းတည္ျပီး ကၠလိယဒ္ကို ေရးရမွာျဖစ္ပါတယ္။ (ေကာ္မတီဖြဲ႔ျပီးေရးတာမ်ိဳးလို တစ္ေယာက္တစ္ေပါက္နဲ႔ကေခ်ာ္ကခြ်တ္မဟုတ္ဘူး။) ဟိုမာ(Homer)မတိုင္မီက ရာစုႏွစ္မ်ားစြာကို အခုေျပာေနတဲ့ အေၾကာင္းအရာမ်ိဳးကို ေရးစပ္ထားတဲ့ကဗ်ာတိုေလးေတြကို ဂရိ(Greek)တျခားကဗ်ာဆရာေတြကေရးခဲ့ရမယ္။ ဟိုမာ(Homer)က အဲဒါေတြကို အမ်ားၾကီးယူသံုးမွာျဖစ္ပါတယ္။ ဒါေပမယ့္ ဟိုမာ(Homer)ဟာ ကၠလိယဒ္ျဖစ္ေအာင္ အတိုအထြာေတြကို စီေပးတာေလာက္သာလုပ္တယ္လို႔မထင္ပါ။ သူ႔မွာ အေကာင္းအဆိုးေရြးခ်ယ္ႏိုင္တဲ့အစြမ္း အစီအစဥ္ေကာင္းေအာင္လုပ္ေပးႏိုင္တဲ့အစြမ္း စကားလံုး(ေဝါဟာရ)ပိုျပီးအခ်ိဳးက်ေအာင္ စီစဥ္ေပးႏိုင္တဲ့အစြမ္း လိုရင္လည္းျဖည့္ႏိုင္တဲ့အစြမ္းရွိရမယ္။)အဲဒီလိုလုပ္တဲ့အခိုက္မွာ ေနာက္ဆံုးသူကိုယ္တိုင္ဟာ ရသေျမာက္ေအာင္ ထူးထူးျခားျခား လက္စသတ္ပံုေဖာ္ေပးႏိုင္သူ ျဖစ္ရမယ္။

ဟိုမာ(Homer)ဆိုတဲ့လူဟာ ခုလိုေျပာင္ေျမာက္တဲ့လက္ရာကို ခရစ္မေပၚမီ ရွစ္ရာစုေလာက္က ေဖာ္ထုတ္ခဲ့တာျဖစ္မယ္ထင္ပါတယ္။ ဒါ့ထက္ပဲေစာမယ္လို႔ ေျပာတဲ့လူေတြရွိေပမယ့္ ဒီရက္စြဲဟာ အျဖစ္ႏိုင္ဆံုးရက္စြဲလို႔ ထင္ပါတယ္။ ျပီးေတာ့ ဒီလူပဲ ၾသဒက္ဆီ(the Odyssey)ကို ဖြဲ႔ဆိုတဲ့လူျဖစ္ရမယ္လို႔ယူဆပါတယ္။ (ဖြဲ႕ဆိုပံုကြဲလို႔)ကဗ်ာႏွစ္ပုဒ္ကို ဆရာႏွစ္ဦးေရးတာ ျဖစ္ဖို႔မ်ားတယ္ လို႔ ဆိုႏိုင္စရာရွိေပမယ့္ ေရးစပ္ပံုကြဲတာနဲ႔ ေရးစပ္ပံုဆင္တူတာေတြကို တန္းစီျပီးၾကည့္ရင္ တူတာကမ်ားပါတယ္။

ေျပာျပီးသမွ်ကို အခ်ဴပ္ဆိုရေသာ္ ဟိုမာ(Homer)ရဲ႕အေၾကာင္းကို နည္းနည္းေလးပဲသိတယ္ဆိုတာ ထင္ရွားတယ္။ ဘဝနဲ႔ပတ္သက္ျပီး ေသခ်ာတဲ့အခ်က္အလက္မရွိ ေခတ္ဦး ဂရိ(Greek) အခါကာလကစျပီး ေျပာစကားေတြအရ ဟိုမာ(Homer)ဟာ မ်က္မျမင္ဒုကၡိတစ္ေယာက္ျဖစ္ပါတယ္။ ဒါေပမယ့္အျဖစ္အပ်က္ေတြကို ေစ့ေစ့စံုစံုေရးခ်က္အရ ဟိုမာ(Homer)ရဲ႕ဇာတိက အိုင္အိုနိယ(Ionia)ဆိုတဲ့ ေအဂ်င္ပင္လယ္(Aegean Sea)အေရွ႕ဘက္ကမ္းက နယ္ျဖစ္မယ္။

အခုလိုကဗ်ာေတြကို ရွည္ရွည္က်ယ္က်ယ္သီကံုးရင္ စာနဲ႔ခ်မေရးဘဲျဖစ္ႏိုင္စရာရွိပါ့မလားလို႔ေမးပါ။ ပညာရွင္အမ်ားစုကေတာ့အနည္းဆံုး စတင္သီကံုးတဲ့အခါ ေနာက္ဆံုးအဆံုးသတ္တဲ့အထိ ႏႈတ္နဲ႔ပဲသီကံုးခဲ့တာျဖစ္မယ္လို႔ဆိုပါတယ္။ ဒီလိုဆိုရင္ဘယ္အခ်ိန္က အကၡရာတင္သလဲေမးရင္ အတိအက်ေျပာမရပါ။ ဘယ္ေလာက္ရွည္တဲ့ကဗ်ာလဲဆိုရင္ (အတြဲလိုက္လကၤာ ၂၈၀၀၀ ႏွစ္ေသာင္းရွစ္ေထာင္ရွိပါတယ္။) ဒါေတြကိုအမွားအယြင္း အေက်ာ္အနင္း အက်အေပါက္မရွိေအာင္ ေရးမထားရင္မျဖစ္ႏိုင္ပါလို႔ ယူဆရမလို႔ျဖစ္ေနပါတယ္။

ဘယ္အေျခအေနနဲ့သီကံုးခဲ့တာျဖစ္ျဖစ္ ခရစ္မေပၚမီ ေျခာက္ရာစုႏွစ္ကပဲ ဒီလကၤာေတြဟာ သိပ္ေရွးက်တဲ့လကၤာေတြျဖစ္ေနပါျပီ။ အဲဒီအခ်ိန္ကပဲ ဟိုမာ(Homer)ရဲ႕ အတၳဳပတၱိကို မေျပာျပႏိုင္ၾကေတာ့ပါ။ အဲဒီေနာက္ ဂရိ(Greek)ေတြက ၾသဒက္ဆီ(the Odyssey)နဲ႔ ကၠဳလိယဒ္(thr Iliad)ဟာ သူတို႔အမ်ိဳးသားစာေပမွာ အေခါင္အထြတ္ကရွိတယ္လို႔ သတ္မွတ္ျပီးျဖစ္ေနပါျပီ။ ယခင္အခုၾကားထဲက ရာစုႏွစ္ေပါင္းမ်ားစြာကပဲ အျဖည့္အျဖဳတ္ ဘယ္လိုပဲပါပါ ဟိုမာ(Homer)ရဲ႕ဂုဏ္သတင္းကလည္း က်ဆင္းသြားျခင္းမရွိပါ။

ဟိုမာ(Homer)သိပ္ေက်ာ္ၾကားလို႔ အခုလို ေနာက္တန္းအမ်ားၾကီးက်ေအာင္လို႔ ထားမိတဲ့အတြက္ ကြ်န္ေတာ္ သိပ္ျပီးမွားျပီလို႔ စိတ္မခ်မ္းမသာျဖစ္ရပါတယ္။ ဒါေပမယ့္စာေပပညာရွင္ေတြကို သူတို႔ရဲ႕လက္ရာနဲ႔သူတို႔ဇာတ္ေကာင္ေတြရဲ႕အစြမ္းကိုခ်င့္ျပီး ဒီစာအုပ္မွာ ေနရာထားတာျဖစ္လို႔ အခုလိုျဖစ္ေပၚလာတဲ့ေၾကာက္စိတ္ကိုေျဖရပါတယ္။ ဟိုမာ(Homer)နဲ႔ပတ္သက္တဲ့အခ်က္က လူေက်ာ္ၾကားသေလာက္ ၾသဇာသက္ေရာက္မႈမရွိတာကိုေတြ႔ရပါတယ္။ ကေန႔စာသင္ေက်ာင္းေတြမွာ ဟိုမာ(Homer)အေၾကာင္းကိုေျပာၾကေပမယ့္ လူေတြဟာ အထက္တန္းေက်ာင္းနဲ႔ေကာလိပ္ျပီးရင္ သူ႔အေၾကာင္းကိုမေျပာၾကေတာ့ပါ။

ရွိတ္စပီးယား(Shakespeare)ရဲ႕ ျပဇာတ္နဲ႔ကဗ်ာေတြကိုလူေတြကဖတ္လည္းဖတ္ ကလည္းက ပြဲၾကည့္သူ စာနာသူ ဘယ္ေတာ့မွမေလ်ာ့တာနဲ႔ သြားႏိႈင္းလို႔မရပါ။ ဟိုမာ(Homer)ကို ကိုးကားျပီးေျပာသူလည္းရွားတယ္။ ဟိုမာ(Homer)ေျပာပံုမ်ိဳးကို ဗာ့တလက္(Bartlett)မွာ ပါတတ္ပါတယ္။ ဒါေပမယ့္ ေန႔စဥ္ေျပာစကားမွာမေတြ႕ပါ။ ရွိတ္စပီးယား(Shakespeare)နဲ႔ အဲဒီလိုကြာရံုသာမက တျခားစာေရးဆရာေတြျဖစ္တဲ့ ဘင္ဂ်မင္ဖရန္ကလင္း(Benjamin Franklin)နဲ႔ျဖစ္ျဖစ္ အိုမာခယမ္(Omar Khayyem)နဲ႔ျဖစ္ျဖစ္ အရည္အေသြးခ်င္းကြာျခားလွပါတယ္။ လူေျပာမ်ားတဲ့ တစ္ပဲနိ(Penny)မသံုးရင္ တစ္ပဲနိ(Penny)ဝင္ေငြေပါ့ ဆိုတာမ်ိဳးဟာ လူပုဂၢိဳလ္ရဲ႕အက်င့္ျဖစ္ျဖစ္ ႏိုင္ငံေရးသေဘာထားဆံုးျဖတ္ခ်က္ကိုျဖစ္ျဖစ္ ကေန႔လူေတြရဲ႕အေျပာမွာ လႊမ္းမိုးႏိုင္တဲ့အသံုးမ်ိဳး ဟိုမာ(Homer)မွာ မေတြ႕ပါ။

ဒီလိုဆိုရင္ ဟိုမာ(Homer)ကို ဒီစာအုပ္မွာ ဘာျပဳလို႔ထည့္ခ်င္ေနပါလဲလို႔ ေမးစရာျဖစ္ျပန္တယ္။ အေၾကာင္းျပစရာအခ်က္ ႏွစ္ခ်က္ရွိပါတယ္။ ပထမအခ်က္က အခုလို ရာစုႏွစ္ေတြအမ်ားၾကီးမွာ ဟိုမာ(Homer)ရဲ႕ကဗ်ာကို ၾကားဖူး နာဖူး ဖတ္ဖူးသူသိပ္မ်ားတယ္။ ေရွးအခါမွာ ဟိုမာ(Homer)ရဲ႕ကဗ်ာေတြဟာ အခုအခါမွာထက္ ပိုျပီးလူၾကိဳက္မ်ားတယ္။ ဂရိ(Greek)မွာဆိုရင္ သူ႔လက္ရာကိုလူအမ်ားကသိတယ္။လူအမ်ားရဲ႕ယံုၾကည္မႈနဲ႔အမူအက်င့္ေတြကို လႊမ္းမိုးႏိုင္စြမ္းရွိတယ္။ ၾသဒက္စီ(the Odyssey)နဲ႔ ကၠဳလိယဒ္(the Iliad)ကို စာေပဝါသနာရွင္ေတြသာမက စစ္မႈထမ္းနဲ႔ ႏိုင္ငံေရးေခါင္းေဆာင္ေတြပါ အသံုးျပဳၾကတယ္။

ေရွးေရာမ(Roman)ေခါင္းေဆာင္ေတြက ဟိုမာ(Homer)ကို ကိုးကားတယ္ မဟာအလက္ဇႏၷား(Alexander the Great)ဆိုရင္ ကၠဳလိယဒ္ကိုစစ္ထြက္တဲ့အခါ ဖတ္ဖို႔ယူသြားတယ္။ အခုအခါမွာလည္း ဟိုမာ(Homer)ကို တခ်ိဳဴ ႕လူေတြကႏွစ္သက္တယ္။ ကြ်န္ေတာ္တို႔လည္း ေက်ာင္းမွာတုန္းက ဟိုမာ (Homer)ေကာက္ႏႈတ္္ခ်က္ေတြနဲ႔ရင္းႏွီးခဲ့ပါတယ္။ ဒါ့ထက္ပိုျပီး အေရးပါတဲ့အခ်က္က စာေပမွာ ဟိုမာ(Homer)ရဲ႕ ၾသဇာကိုေတြ႔ေနရတာျဖစ္ပါတယ္။ ေရွးေခတ္ဂရိ(Greek)ကဗ်ာဆရာနဲ႔ ျပဇာတ္ေရးဆရာေတြက ဟိုမာ(Homer)ကို စြဲစြဲလမ္းလမ္းအသံုးခ်ၾကတယ္။ ဥပမာ ဆရာေတြက ဟိုမာ(Homer) ၊ ယူရိပိဒက္စ္(Euripides)နဲ႔ အရစၥတိုတယ္(Aristotle)ဆိုသလို လူနည္းနည္းကိုပဲၾကည့္လိုက္ရင္ ဟိုမာ(Homer)အစြဲအလမ္းၾကီးသူေတြျဖစ္တာကို ေတြ႔ရပါတယ္။ သူတို႔က စာေပခန္႔ခန္႔ဆိုရင္ ဟိုမာ(Homer)ကို စံတင္ၾကပါတယ္။

ဟိုမာ(Homer)ကို ေရွးေရာမ(Rome)စာေရးဆရာေတြကလည္းအထင္ၾကီးပါတယ္။ အေကာင္းစံအျဖစ္ သူ႕ကဗ်ာေတြကိုထားတယ္။ ေရာမစာေရးဆရာေတြထဲမွာ အေကာင္းဆံုးလို႔ သတ္မွတ္တဲ့ ဗာဂ်ီလ္(Virgil)ဆိုရင္ သူ႔အေကာင္းဆံုးလက္ရာျဖစ္တဲ့ ေအယဲန္နိဒ္(the Aeneid)ကို သိသိသာသာကၠဳလိယဒ္(the Ilaid)နဲ႔ ၾသဒက္ဆီ(the Odyssey)ပံု ခ်ဳိးပါတယ္။ အခုေခတ္သစ္မွာပဲ ထင္ရွားတဲ့စာေရးဆရာဆိုရင္ ဟိုမာ(Homer)ကို တိုက္ရိုက္အတုယူခ်င္သူ တိုက္ရိုက္မဟုတ္ရင္လည္း ဆိုဖိုကလိစ္(Sophocles)နဲ႔ ဗာဂ်ီလ္(Virgil)ဆိုတဲ့ ဟိုမာ(Homer)ကို အထင္ၾကီးသူေတြကတစ္ဆင့္ အတုယူၾကပါတယ္။ သမိုင္းမွာ သူ႔လိုစာေရးဆရာေလာက္ က်ယ္က်ယ္ျပန္႔ျပန္႔ ၾကာၾကာရွည္ရွည္ ၾသဇာၾကီးသူမရွိပါ။

အခုေျပာတဲ့ေနာက္ဆံုးအခ်က္ဟာ အခရာျဖစ္ပါတယ္။ အရင္အႏွစ္တစ္ရာအတြင္းမွာ ေတာ္လ္စတိြဳင္း(Tolstoy)ရဲ႕စာကို ဖတ္သူမ်ားတယ္။ သူဟာ ဟိမာ(Homer)ထက္ ၾသဇာရွိတယ္။ ဒါေပမယ့္ ေတာ္လ္စတိြဳင္း(Tolstoy)တို႔က ဟိုမာ(Homer)လို ေရွ႕အႏွစ္ႏွစ္ေထာင္ေျခာက္ရာတိုင္ေအာင္ ၾသဇာရွိႏိုင္ပါ့မလား။ ဟိုမာ(Homer)ၾသဇာရွိပံုက အႏွစ္ႏွစ္ေထာင္ခုႏွစ္ရာေက်ာ္ရင္သာ ေက်ာ္မယ္။ ဒါထက္မေလ်ာ့ပါ။ ဒါကို အေသအခ်ာ အခ်ိန္ကာလၾကာျမင့္တာမ်ိဳးစာေပသာမက တျခားဘယ္သူ႔အစြမ္းမွာမွ ေတြ႕ႏိုင္ၾကမွာမဟုတ္ပါ။

ေဒါက္တာသန္းထြန္း- ေက်ာ္စြာ ၁၀၀ မွ


ကမ္ဘာ့သမိုင်းမှာ ဩဇာအကြီးမားဆုံး ဂရိကဗျာဆရာကြီး ဟိုမာ(ဟိုးမား) (unicode)

ဟိုမာကဗျာရယ်လို့ အမည်သာတွင်တယ်။ တကယ်ပဲ ဟိုမာ(Homer)စပ်ဆိုတာလားလို့ ငြင်းခုံကြတာ နှစ်ပေါင်းရာထောင်မကရှိခဲ့ပြီ။ ဘယ်တုန်းက ဘယ်မှာ ဘယ်လို က္ကလိယဒ်(the Iliad)နဲ့ ဩဒက်စီ(the Odyssey)ကို ရေးစပ်ခဲ့ပါသလဲ။ အထက်ထက်က ရေးပြီးရှိတာကို ဘယ်လောက် မှီငြမ်းပြုပြီးရေးတယ်လို့ထင်ပါသလဲ။ က္ကလိယဒ်(the Iliad)နဲ့ ဩဒက်စီ(the Odyssey)ကို ရေးစပ်သူဟာ တစ်ယောက်တည်းပဲလား။ တစ်မျိုးကိုတစ်ယောက်ရေးတာများလား။

ဟိုမာ(Homer)ဆိုတဲ့လူတောင် တကယ်ရှိခဲ့ဖူးတာ ဟုတ်ပါ့မလား။ ကဗျာနှစ်ပုဒ်စလုံးဟာ တဖြည်းဖြည်းအဖြစ်အပျက်တွေ အများကြီးကိုပေါင်းစပ်ပေးထားတာလား။ အယ်ဒီတာတွေက ဆရာမျိုးစုံရဲ့လက်ရာတွေကို ပေါင်းစပ်သွားတာများလား။ လေ့လာသူတွေနှစ်ပေါင်းများစွာ ကြာမြင့်အောင် လေ့လာပေမယ့် ဒီမေးခွန်းတွေကို ဖြေတဲ့အခါ မျိုးစုံပြောကြပါတယ်။ မညီမညွှတ်ဖြစ်မြဲပါပဲ။ ဒီလိုဆိုရင်ခေတ်ဟောင်းကိုလေ့လာတဲ့ ပညာရှင်မဟုတ်ရင် အဖြေမှန်ကိုမရနိုင်ဘူး။ အဖြေကိုကျွန်တော်လည်းမသိပါ။ ဒါပေမယ့်ဒီစာအုပ်မှာ ဟိုမာ(Homer)ကို (တစ်နေရာရာပေးရမယ်ဆိုရင်)အောက်မှာပေးထားတဲ့ မှန်းဆချက်တွေကိုထည့်ပြီးစဉ်းစားရမှာဖြစ်ပါတယ်။

ပထမမှန်းဆချက်က တစ်ဦးတစ်ယောက်က ခေါင်းတည်ပြီး က္ကလိယဒ်ကို ရေးရမှာဖြစ်ပါတယ်။ (ကော်မတီဖွဲ့ပြီးရေးတာမျိုးလို တစ်ယောက်တစ်ပေါက်နဲ့ကချော်ကချွတ်မဟုတ်ဘူး။) ဟိုမာ(Homer)မတိုင်မီက ရာစုနှစ်များစွာကို အခုပြောနေတဲ့ အကြောင်းအရာမျိုးကို ရေးစပ်ထားတဲ့ကဗျာတိုလေးတွေကို ဂရိ(Greek)တခြားကဗျာဆရာတွေကရေးခဲ့ရမယ်။ ဟိုမာ(Homer)က အဲဒါတွေကို အများကြီးယူသုံးမှာဖြစ်ပါတယ်။ ဒါပေမယ့် ဟိုမာ(Homer)ဟာ က္ကလိယဒ်ဖြစ်အောင် အတိုအထွာတွေကို စီပေးတာလောက်သာလုပ်တယ်လို့မထင်ပါ။ သူ့မှာ အကောင်းအဆိုးရွေးချယ်နိုင်တဲ့အစွမ်း အစီအစဉ်ကောင်းအောင်လုပ်ပေးနိုင်တဲ့အစွမ်း စကားလုံး(ဝေါဟာရ)ပိုပြီးအချိုးကျအောင် စီစဉ်ပေးနိုင်တဲ့အစွမ်း လိုရင်လည်းဖြည့်နိုင်တဲ့အစွမ်းရှိရမယ်။)အဲဒီလိုလုပ်တဲ့အခိုက်မှာ နောက်ဆုံးသူကိုယ်တိုင်ဟာ ရသမြောက်အောင် ထူးထူးခြားခြား လက်စသတ်ပုံဖော်ပေးနိုင်သူ ဖြစ်ရမယ်။

ဟိုမာ(Homer)ဆိုတဲ့လူဟာ ခုလိုပြောင်မြောက်တဲ့လက်ရာကို ခရစ်မပေါ်မီ ရှစ်ရာစုလောက်က ဖော်ထုတ်ခဲ့တာဖြစ်မယ်ထင်ပါတယ်။ ဒါ့ထက်ပဲစောမယ်လို့ ပြောတဲ့လူတွေရှိပေမယ့် ဒီရက်စွဲဟာ အဖြစ်နိုင်ဆုံးရက်စွဲလို့ ထင်ပါတယ်။ ပြီးတော့ ဒီလူပဲ ဩဒက်ဆီ(the Odyssey)ကို ဖွဲ့ဆိုတဲ့လူဖြစ်ရမယ်လို့ယူဆပါတယ်။ (ဖွဲ့ဆိုပုံကွဲလို့)ကဗျာနှစ်ပုဒ်ကို ဆရာနှစ်ဦးရေးတာ ဖြစ်ဖို့များတယ် လို့ ဆိုနိုင်စရာရှိပေမယ့် ရေးစပ်ပုံကွဲတာနဲ့ ရေးစပ်ပုံဆင်တူတာတွေကို တန်းစီပြီးကြည့်ရင် တူတာကများပါတယ်။

ပြောပြီးသမျှကို အချူပ်ဆိုရသော် ဟိုမာ(Homer)ရဲ့အကြောင်းကို နည်းနည်းလေးပဲသိတယ်ဆိုတာ ထင်ရှားတယ်။ ဘဝနဲ့ပတ်သက်ပြီး သေချာတဲ့အချက်အလက်မရှိ ခေတ်ဦး ဂရိ(Greek) အခါကာလကစပြီး ပြောစကားတွေအရ ဟိုမာ(Homer)ဟာ မျက်မမြင်ဒုက္ခိတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့်အဖြစ်အပျက်တွေကို စေ့စေ့စုံစုံရေးချက်အရ ဟိုမာ(Homer)ရဲ့ဇာတိက အိုင်အိုနိယ(Ionia)ဆိုတဲ့ အေဂျင်ပင်လယ်(Aegean Sea)အရှေ့ဘက်ကမ်းက နယ်ဖြစ်မယ်။

အခုလိုကဗျာတွေကို ရှည်ရှည်ကျယ်ကျယ်သီကုံးရင် စာနဲ့ချမရေးဘဲဖြစ်နိုင်စရာရှိပါ့မလားလို့မေးပါ။ ပညာရှင်အများစုကတော့အနည်းဆုံး စတင်သီကုံးတဲ့အခါ နောက်ဆုံးအဆုံးသတ်တဲ့အထိ နှုတ်နဲ့ပဲသီကုံးခဲ့တာဖြစ်မယ်လို့ဆိုပါတယ်။ ဒီလိုဆိုရင်ဘယ်အချိန်က အက္ခရာတင်သလဲမေးရင် အတိအကျပြောမရပါ။ ဘယ်လောက်ရှည်တဲ့ကဗျာလဲဆိုရင် (အတွဲလိုက်လင်္ကာ ၂၈၀၀၀ နှစ်သောင်းရှစ်ထောင်ရှိပါတယ်။) ဒါတွေကိုအမှားအယွင်း အကျော်အနင်း အကျအပေါက်မရှိအောင် ရေးမထားရင်မဖြစ်နိုင်ပါလို့ ယူဆရမလို့ဖြစ်နေပါတယ်။

ဘယ်အခြေအနေနဲ့သီကုံးခဲ့တာဖြစ်ဖြစ် ခရစ်မပေါ်မီ ခြောက်ရာစုနှစ်ကပဲ ဒီလင်္ကာတွေဟာ သိပ်ရှေးကျတဲ့လင်္ကာတွေဖြစ်နေပါပြီ။ အဲဒီအချိန်ကပဲ ဟိုမာ(Homer)ရဲ့ အတ္ထုပတ္တိကို မပြောပြနိုင်ကြတော့ပါ။ အဲဒီနောက် ဂရိ(Greek)တွေက ဩဒက်ဆီ(the Odyssey)နဲ့ က္ကုလိယဒ်(thr Iliad)ဟာ သူတို့အမျိုးသားစာပေမှာ အခေါင်အထွတ်ကရှိတယ်လို့ သတ်မှတ်ပြီးဖြစ်နေပါပြီ။ ယခင်အခုကြားထဲက ရာစုနှစ်ပေါင်းများစွာကပဲ အဖြည့်အဖြုတ် ဘယ်လိုပဲပါပါ ဟိုမာ(Homer)ရဲ့ဂုဏ်သတင်းကလည်း ကျဆင်းသွားခြင်းမရှိပါ။

ဟိုမာ(Homer)သိပ်ကျော်ကြားလို့ အခုလို နောက်တန်းအများကြီးကျအောင်လို့ ထားမိတဲ့အတွက် ကျွန်တော် သိပ်ပြီးမှားပြီလို့ စိတ်မချမ်းမသာဖြစ်ရပါတယ်။ ဒါပေမယ့်စာပေပညာရှင်တွေကို သူတို့ရဲ့လက်ရာနဲ့သူတို့ဇာတ်ကောင်တွေရဲ့အစွမ်းကိုချင့်ပြီး ဒီစာအုပ်မှာ နေရာထားတာဖြစ်လို့ အခုလိုဖြစ်ပေါ်လာတဲ့ကြောက်စိတ်ကိုဖြေရပါတယ်။ ဟိုမာ(Homer)နဲ့ပတ်သက်တဲ့အချက်က လူကျော်ကြားသလောက် ဩဇာသက်ရောက်မှုမရှိတာကိုတွေ့ရပါတယ်။ ကနေ့စာသင်ကျောင်းတွေမှာ ဟိုမာ(Homer)အကြောင်းကိုပြောကြပေမယ့် လူတွေဟာ အထက်တန်းကျောင်းနဲ့ကောလိပ်ပြီးရင် သူ့အကြောင်းကိုမပြောကြတော့ပါ။

ရှိတ်စပီးယား(Shakespeare)ရဲ့ ပြဇာတ်နဲ့ကဗျာတွေကိုလူတွေကဖတ်လည်းဖတ် ကလည်းက ပွဲကြည့်သူ စာနာသူ ဘယ်တော့မှမလျော့တာနဲ့ သွားနှိုင်းလို့မရပါ။ ဟိုမာ(Homer)ကို ကိုးကားပြီးပြောသူလည်းရှားတယ်။ ဟိုမာ(Homer)ပြောပုံမျိုးကို ဗာ့တလက်(Bartlett)မှာ ပါတတ်ပါတယ်။ ဒါပေမယ့် နေ့စဉ်ပြောစကားမှာမတွေ့ပါ။ ရှိတ်စပီးယား(Shakespeare)နဲ့ အဲဒီလိုကွာရုံသာမက တခြားစာရေးဆရာတွေဖြစ်တဲ့ ဘင်ဂျမင်ဖရန်ကလင်း(Benjamin Franklin)နဲ့ဖြစ်ဖြစ် အိုမာခယမ်(Omar Khayyem)နဲ့ဖြစ်ဖြစ် အရည်အသွေးချင်းကွာခြားလှပါတယ်။ လူပြောများတဲ့ တစ်ပဲနိ(Penny)မသုံးရင် တစ်ပဲနိ(Penny)ဝင်ငွေပေါ့ ဆိုတာမျိုးဟာ လူပုဂ္ဂိုလ်ရဲ့အကျင့်ဖြစ်ဖြစ် နိုင်ငံရေးသဘောထားဆုံးဖြတ်ချက်ကိုဖြစ်ဖြစ် ကနေ့လူတွေရဲ့အပြောမှာ လွှမ်းမိုးနိုင်တဲ့အသုံးမျိုး ဟိုမာ(Homer)မှာ မတွေ့ပါ။

ဒီလိုဆိုရင် ဟိုမာ(Homer)ကို ဒီစာအုပ်မှာ ဘာပြုလို့ထည့်ချင်နေပါလဲလို့ မေးစရာဖြစ်ပြန်တယ်။ အကြောင်းပြစရာအချက် နှစ်ချက်ရှိပါတယ်။ ပထမအချက်က အခုလို ရာစုနှစ်တွေအများကြီးမှာ ဟိုမာ(Homer)ရဲ့ကဗျာကို ကြားဖူး နာဖူး ဖတ်ဖူးသူသိပ်များတယ်။ ရှေးအခါမှာ ဟိုမာ(Homer)ရဲ့ကဗျာတွေဟာ အခုအခါမှာထက် ပိုပြီးလူကြိုက်များတယ်။ ဂရိ(Greek)မှာဆိုရင် သူ့လက်ရာကိုလူအများကသိတယ်။လူအများရဲ့ယုံကြည်မှုနဲ့အမူအကျင့်တွေကို လွှမ်းမိုးနိုင်စွမ်းရှိတယ်။ ဩဒက်စီ(the Odyssey)နဲ့ က္ကုလိယဒ်(the Iliad)ကို စာပေဝါသနာရှင်တွေသာမက စစ်မှုထမ်းနဲ့ နိုင်ငံရေးခေါင်းဆောင်တွေပါ အသုံးပြုကြတယ်။

ရှေးရောမ(Roman)ခေါင်းဆောင်တွေက ဟိုမာ(Homer)ကို ကိုးကားတယ် မဟာအလက်ဇန္နား(Alexander the Great)ဆိုရင် က္ကုလိယဒ်ကိုစစ်ထွက်တဲ့အခါ ဖတ်ဖို့ယူသွားတယ်။ အခုအခါမှာလည်း ဟိုမာ(Homer)ကို တချိူ ႕လူတွေကနှစ်သက်တယ်။ ကျွန်တော်တို့လည်း ကျောင်းမှာတုန်းက ဟိုမာ (Homer)ကောက်နှုတ်ချက်တွေနဲ့ရင်းနှီးခဲ့ပါတယ်။ ဒါ့ထက်ပိုပြီး အရေးပါတဲ့အချက်က စာပေမှာ ဟိုမာ(Homer)ရဲ့ ဩဇာကိုတွေ့နေရတာဖြစ်ပါတယ်။ ရှေးခေတ်ဂရိ(Greek)ကဗျာဆရာနဲ့ ပြဇာတ်ရေးဆရာတွေက ဟိုမာ(Homer)ကို စွဲစွဲလမ်းလမ်းအသုံးချကြတယ်။ ဥပမာ ဆရာတွေက ဟိုမာ(Homer) ၊ ယူရိပိဒက်စ်(Euripides)နဲ့ အရစ္စတိုတယ်(Aristotle)ဆိုသလို လူနည်းနည်းကိုပဲကြည့်လိုက်ရင် ဟိုမာ(Homer)အစွဲအလမ်းကြီးသူတွေဖြစ်တာကို တွေ့ရပါတယ်။ သူတို့က စာပေခန့်ခန့်ဆိုရင် ဟိုမာ(Homer)ကို စံတင်ကြပါတယ်။

ဟိုမာ(Homer)ကို ရှေးရောမ(Rome)စာရေးဆရာတွေကလည်းအထင်ကြီးပါတယ်။ အကောင်းစံအဖြစ် သူ့ကဗျာတွေကိုထားတယ်။ ရောမစာရေးဆရာတွေထဲမှာ အကောင်းဆုံးလို့ သတ်မှတ်တဲ့ ဗာဂျီလ်(Virgil)ဆိုရင် သူ့အကောင်းဆုံးလက်ရာဖြစ်တဲ့ အေယဲန်နိဒ်(the Aeneid)ကို သိသိသာသာက္ကုလိယဒ်(the Ilaid)နဲ့ ဩဒက်ဆီ(the Odyssey)ပုံ ချိုးပါတယ်။ အခုခေတ်သစ်မှာပဲ ထင်ရှားတဲ့စာရေးဆရာဆိုရင် ဟိုမာ(Homer)ကို တိုက်ရိုက်အတုယူချင်သူ တိုက်ရိုက်မဟုတ်ရင်လည်း ဆိုဖိုကလိစ်(Sophocles)နဲ့ ဗာဂျီလ်(Virgil)ဆိုတဲ့ ဟိုမာ(Homer)ကို အထင်ကြီးသူတွေကတစ်ဆင့် အတုယူကြပါတယ်။ သမိုင်းမှာ သူ့လိုစာရေးဆရာလောက် ကျယ်ကျယ်ပြန့်ပြန့် ကြာကြာရှည်ရှည် ဩဇာကြီးသူမရှိပါ။

အခုပြောတဲ့နောက်ဆုံးအချက်ဟာ အခရာဖြစ်ပါတယ်။ အရင်အနှစ်တစ်ရာအတွင်းမှာ တော်လ်စတွိုင်း(Tolstoy)ရဲ့စာကို ဖတ်သူများတယ်။ သူဟာ ဟိမာ(Homer)ထက် ဩဇာရှိတယ်။ ဒါပေမယ့် တော်လ်စတွိုင်း(Tolstoy)တို့က ဟိုမာ(Homer)လို ရှေ့အနှစ်နှစ်ထောင်ခြောက်ရာတိုင်အောင် ဩဇာရှိနိုင်ပါ့မလား။ ဟိုမာ(Homer)ဩဇာရှိပုံက အနှစ်နှစ်ထောင်ခုနှစ်ရာကျော်ရင်သာ ကျော်မယ်။ ဒါထက်မလျော့ပါ။ ဒါကို အသေအချာ အချိန်ကာလကြာမြင့်တာမျိုးစာပေသာမက တခြားဘယ်သူ့အစွမ်းမှာမှ တွေ့နိုင်ကြမှာမဟုတ်ပါ။

ဒေါက်တာသန်းထွန်း- ကျော်စွာ ၁၀၀

Leave a Reply