သင္ မျမင္ဖူးေလာက္ေသးတဲ့ ထူးဆန္းရွားပါး တိရစာၦန္မ်ား

Posted on

Written By Royalsky(သုတဇုန္)

ထူးဆန္းတဲ့ ၿပီးရွားပါးတဲဲ့ တိရိစာၦန္ေလးေတြကုိ ျမင္ဖူးခ်င္ၾကမယ္ထင္ပါတယ္။ကမာၻေနရာ အႏွံ႕အျပားမွာ သင္သိၿပီးသား အေကာင္ေလးေတြေရာ မသိဖူး မၾကားဖူး တဲ့အေကာင္ေလးေတြအမ်ားၾကီးရွိေနပါတယ္။ အခုေျပာျပခ်င္တဲ့အေကာင္ေလးေတြကေတာ့ အျပင္မွာေတြ႕ဖုိ႔ေတာင္ခက္ခဲတဲ့ အေကာင္ေလးေတြအေၾကာင္းပဲျဖစ္ပါတယ္။

၁၀။ Elephant Shrew (ဆင္ၾကြက္စုတ္)

ေသးငယ္တဲ့ ႏုိ႔တုိက္သတၱ၀ါေလးေတြျဖစ္ၿပီး အာဖရိကမွာ အမ်ားဆံုး ေတြ႔ရတတ္ပါတယ္။သူ႕ရဲ႕ေသးငယ္ၿပီးခ်စ္စရာေကာင္းတဲ့ ႏႈတ္သီးေလးဟာဆင္ႏွာေမာင္းနဲ႔ တူတဲ့အတြက္ အဲ့ဒီနာမည္ေပးထားတာျဖစ္ပါတယ္။ Elephant Shrew ရဲ႕မ်ိဳးစိတ္ ၂၀ခန့္ေလာက္ အာဖရိကမွာ ရွိေနပါတယ္။ သူတုိ႕ေတြဟာ ေတာထဲ၊ျမက္ခင္းေတြနဲ႕ သစ္ပင္ေတြၾကားထဲမွာ ေနထုိင္ေလ့ရွိၾကပါတယ္။ ေသးသြယ္တဲ့ ေျခေခ်ာင္းလက္ေခ်ာင္းေလးေတြ၊ ရွည္လ်ားတဲ့ ေနာက္ေျခေထာက္၊ အၿမီး နဲ႔ ၾကီးမားတဲ့မ်က္လံုးေတြရွိပါတယ္။

အေမႊးအေရာင္ေတြကေတာ့ အနက္၊အညို၊အျဖဴနဲ႕ မီးခိုးေရာင္ေတြပဲျဖစ္ပါတယ္။သူတုိ႔ရဲ႕ရွည္တဲ့ ေျခေထာက္ေလးေတြသံုးၿပီး ယုန္ေတြလုိ ခုန္ဆြ ခုန္ဆြသြားတတ္ၾကပါတယ္။ အၾကားအားရံုု အနံ႔ခံႏုိင္စြမ္း ကလည္းအရမ္းေကာင္းၾကပါတယ္။ အဲဒီအခ်က္ေတြဟာ သူတုိ႕ဟာ သားရဲတိရိစာၦန္ေတြရန္ကေန လြတ္ေအာင္ေရွာင္ႏုိင္ေစတဲ့ အျပင္ သားေကာင္ရွာေဖြရာမွာလဲ အလြန္အသံုး၀င္ေစပါတယ္။

၉။ Mantis Shrimp (ရွိခုိး ပုဇြန္ဆိတ္)

ပစိဖိတ္သမုဒၵရာထဲမွာေတြ႕ႏိုင္တဲ့ ျမန္မာအေခၚ ရွိခုိးေကာင္နဲ႔ ပုံစံတူတဲ့ပုဇြန္ဆိတ္ေလးေတြျဖစ္ပါတယ္။ အခြံမာေရေနသတၱ၀ါေတြပဲျဖစ္ျပီး အေရာင္စံုလင္ၿပီးလွပၾကပါတယ္။ အျပင္ဘက္အခြံက အနီရင့္ေရာင္ေတာက္ေတာက္၊ လိေမၼာ္၊ အစိမ္း နဲ႔ အျပာေရာင္ေတြ ရွိၾကပါတယ္။ အေရာင္လွျခင္းအျပင္ သူတို႕ေတြရဲ႕ အျမင္အာရံုဟာ တျခားမ်ိဳးစိတ္ေတြထက္ပုိေကာင္းတာကုိလည္းေတြ႕ရပါတယ္။ သူတို႕မ်က္လံုးဟာ အေရာင္ ၁၆ေရာင္ေလာက္ကုိခြဲျခားနုိင္ပါတယ္။

သူတုိ႕ေတြရဲ႕အေရာင္ခြဲျခားႏိုင္စြမ္းက လူသားေတြထက္ကုိ ပုိၿပီးသာလြန္ေကာင္းမြန္ပါတယ္။ ေျပာခ်င္တာကေတာ့ သူတုိ႔အျမင္အာရံုဟာပုိမိုၾကည္လင္ျပတ္သားၿပီး အရမ္းလြန္ေရာင္ျခည္ကုိေတာင္ျမင္ႏိုင္ၾကပါတယ္တဲ့။ သတၱ၀ါေတြထဲမွာ အျမန္ဆံုး သတၱ၀ါတစ္မ်ဳိးျဖစ္ပါတယ္။ သူတို႔ ခႏၶာကုိယ္အစိတ္အပုိင္းေတြရဲ႕ လွုပ္ရွားမႈဟာ 0.22 caliber က်ည္ဆံရဲ႕အျမန္ႏႈန္းနီးပါး ျမန္ဆန္ပါတယ္။ အဲဒီအရွိန္ေၾကာင့္ပဲ သူတုိ႔ရဲ႕မာေၾကာလွတဲ့ အခြံေတြအလြယ္တကူ အက္ကြဲေလ့ရွိပါတယ္။

၈။ Glasswinged Butterfly

အင္းဆက္မ်ိဳးႏြယ္ထဲမွာ သူမတူေအာင္ အထင္ရွားဆံုး လိပ္ျပာမ်ိဳးႏြယ္တစ္ခုပါ။ ေဖာက္ထြင္းျမင္ႏိုင္တဲ့ အေတာင္ပံေတြေၾကာင့္ Glasswinged Butterfly လုိ႔အမည္တြင္တာပါ။ အေၾကာင္းကေတာ့ အေတာင္ပံေပၚကထူးဆန္းတဲ့ Tissue ေတြရဲ႕တည္ေဆာက္ပံုေၾကာင့္ပဲျဖစ္ပါတယ္။Tissueေတြဟာ အလင္းျဖန္႔ျပန္ျခင္းထက္ ပုိမုိအလင္းေဖာက္ႏုိင္ေစပါတယ္။

အေတာင္ပံရဲ႕အနားကြပ္ေလးကေတာ့အညိုရင့္ေရာင္ေလးပါ။ တကယ္လုိ႔ အဲဒီအနားကြပ္ေလးသာမပါရင္ သူတို႔ကုိျမင္ေတြ႕ဖုိ႕မလြယ္ကူႏုိင္ပါဘူး။ဒီလိပ္ျပာေလးေတြကုိ အေမရိကန္ အလယ္ပုိင္း စိုစြတ္တဲ့ ေတာထဲေတြနဲ႕ ပန္းျခံေတြမွာေတြ႕ရႏိုင္ပါတယ္။

၇။ Araripe Manakin

Araripe Manakin ငွက္မ်ိဳးစိတ္တစ္ခုျဖစ္ၿပီး အလြန္လွပေပမယ့္ အႏၱရာယ္လည္းရွိႏုိင္တဲ့ငွက္မ်ဳိးျဖစ္ပါတယ္။ သူတုိ႔ကုိ ဘရာဇီးမွာေတြ႕ရေလ့ရွိပါတယ္။ အခုဆုိရင္ ရွားပါးလာၿပီး အေကာင္၈၀၀ခန္႔ပဲ က်န္ရွိပါေတာ့တယ္။ တျဖည္းျဖည္းနဲ႔ ဒီထက္ေလွ်ာ့နည္းသြားၿပီး မၾကာခင္မွာ မ်ဳိးတုံးေပ်ာက္ကြယ္ႏုိင္တဲ့ အႏၱရာယ္နဲ႔ ရင္ဆုိင္ေနရပါတယ္။

သူတုိ႔ငွက္မိသားစုမွာဆုိရင္ အထီးေတြက အမေတြထက္ပုိလွပတဲ့ အေမႊးအေတာင္ေတြကုိ ပုိင္ဆုိင္ၾကပါတယ္။ အျဖဴေရာင္အေမႊးႏုေလးေတြ၊အနီေရာင္ေတာက္ပတဲ့ အေမာက္၊ မဟူရာေရာင္ အေတာင္ပံနဲ႕အမွီးေလးေတြရွိၾကပါတယ္။ အမေတြကေတာ့ အေရာင္မိႈင္းတဲ့ စိမ္း၀ါေရာင္ေလးေတြပဲျဖစ္ပါတယ္။

၆။ Nicobar Pigeon

အလြန္ေတာက္ပတဲ့ စိမ္းျပာေရာင္ အေမႊးေလးေတြေၾကာင့္ ကမာၻေပၚကတျခားခုိမ်ိဳးစိတ္ေတြနဲ႕ကြဲထြက္ေနပါတယ္။ ဒီခုိမ်ိဳးစိတ္ကုိေတာ့ Nicobar, ဘဂၤလားပင္လယ္ေအာ္က ကြ်န္းေတြေပၚမွာေတြ႔ရေလ့ရွိပါတယ္။ Nicobar ခုိေတြဟာ တစ္ျခားခုိေတြထက္ အရြယ္အစား ပုိၾကီးၾကပါတယ္။ အရြယ္ေရာက္ၿပီးသား Nicobar ခုိတစ္ေကာင္ဟာ ၆၀၀ဂရမ္ အေလးခ်ိန္ရွိၿပီး ၄၀ ကေန ၄၂ စင္တီမီတာ အထိရွည္ပါတယ္။

အရင္ကေတာ့ အမ်ားအျပားရွိခဲ့ေပမယ့္ အခုေတာ့ အေကာင္ေရေလ်ာ့နည္းလာေနပါၿပီ။ အေၾကာင္းကေတာ့ သဘာ၀အတုိင္းေပ်ာက္ဆံုးပ်က္စီးျခင္း၊ လူေတြရဲ႕ဖမ္းစားခံရျခင္း နဲ႕ အိမ္ေမြးတိရိစာၦန္အျဖစ္ေရာင္း၀ယ္ေဖာက္ကားျခင္းတုိ႕ေၾကာင့္ပဲျဖစ္ပါတယ္။

၅။ Clouded Leopard

ဒီပံုမွာေတြ႕ရတဲ့တကယ့္ကုိရွားပါးၿပီး လွပတဲ့ ေတာတြင္းသတၱ၀ါေလးကုိေတာ့ အေရွ႕ေတာင္အာရွမွာေတြ႕နုိင္ပါတယ္။ သူတုိ႕ေတြမွာ လွပဆန္းျပားတဲ့ အကြက္ေလးေတြရွိတာေၾကာင့္ clouded က်ားသစ္ရယ္လို႕အမည္တြင္ပံုရပါတယ္။ အေလးအခ်ိန္အေနနဲ႕ကေတာ့ ၁၆ kg ကေန ၂၂ kg ေလာက္ပဲရွိပါတယ္။ သူတို႕ေတြဟာ ေၾကာင္ၾကီးမ်ိဳးႏြယ္စုမွာပါ၀င္ၿပီး သူတုိ႔မ်ိဳးႏြယ္ထဲမွာေတာ့ အေသးဆံုးေတြပဲျဖစ္ၾကပါတယ္ အေမႊးအေရာင္ေတြကေတာ့ အ၀ါေရာင္၊ အညိုအေရာင္နဲ႕အနက္ေရာင္ျခယ္ နဲ႕ အကြက္ေလးေတြကေတာ့သူတုိ႕ရဲ႕ အမွတ္အသားလုိျဖစ္ေနပါတယ္။

သူတို႕ရဲ့အၿမီးကုိတုိင္းၾကည့္မယ္ဆုိရင္သူတုိ႕ရဲ႕ ခႏၶာကုိယ္အတုိင္းန႔ဲ အတူတူျဖစ္ေနတာကိုေတြ႕ရမွာပါ။ အၿမီီးနဲ႕ ခႏၶာကုိယ္အရွည္ဟာ တူတယ္လုိ႔ဆုိလုိျခင္းျဖစ္ပါတယ္။ ေတာင္တက္ရာမွာကြ်မ္းက်င္ၾကၿပီး မ်ားေသာအားျဖင့္သစ္ပင္ေတြေပၚမွာပဲေနထုိင္ေလ့ရွိၾကပါတယ္။ေတာင္တက္တဲ့ေနရာမွာ သူတို႕ရဲ႕သန္မာတဲ့ေျခေထာက္ေတြ၊ ေျခသည္းေတြကုိအသံုးျပဳျပီး လွ်င္ျမန္စြာတက္ႏုိင္ၾကပါတယ္။အခုဆုိရင္ခန္႕မွန္းေျခအားျဖင့္ clouded leopard အေကာင္ေရ ၁၀၀၀၀ ေအာက္ေလာက္ပဲက်န္ပါေတာ့တယ္။ သစ္ေတာျပဳန္းတီးျခင္း နဲ႕ တရားမ၀င္အမဲလုိက္ျခင္းတုိ႕ေၾကာင့္ တျဖည္းတျဖည္းအေရအတြက္ေလ်ာ့နည္းလာရတာပဲ ျဖစ္ပါတယ္။

၄။ Okapi

ပံုမွန္ျမင္ေတြ႕ေနၾကပံုစံနဲ႕မတူတဲ့ Okapi ဆုိတဲ့ သစ္ေတာသစ္ကုုလားအုတ္(forest giraffe) ျဖစ္ပါတယ္။ သူတုိ႔ဟာ ျမင္းက်ားမ်ဳိးႏြယ္ေတြျဖစ္ၿပီး ျမင္းက်ားသစ္ကုလားအုတ္(zebra giraffe) လုိ႔ ေခၚတဲ့သူေတြကေခၚၾကပါတယ္။ ဒီအေကာင္ေလးေတြကုိ ကြန္ဂို ဒီမုိကရက္တစ္သမၼတနုိင္ငံရဲ႕ေတာအုပ္ေတြထဲမွာ ျမင္ေတြ႕ႏုိင္ပါတယ္။ သူတို႔ရဲ႕ေျခေထာက္နဲ႕လက္ေတြမွာ ျမင္းက်ားေတြလုိအဆင္းက်ားေတြရွိေနတာပဲျဖစ္ပါတယ္။

သူတုိ႕မွာရွည္လ်ားတဲ့လည္ပင္းရွိေနေပမယ့္ ရုိးရုိး သစ္ကုလားအုတ္ေတြေလာက္ေတာ့ မရွည္ပါဘူး။ သူတုိ႔ဟာ ပ်မ္းမွ်အားျဖင့္ ၅ေပေလာက္ျမင့္ၿပီး ၃၅၀ကီလုိဂရမ္ေလာက္အေလးခ်ိန္ရွိၾကပါတယ္။ ရွည္လ်ားတဲ့နားရြက္ေတြေၾကာင့္ ထူးျခားတဲ႔အၾကားအာရံုကုိ ပိုင္ဆုိင္ထားၾကပါတယ္။ စိတ္မေကာင္းစရာတစ္ခုကေတာ့ အမ်ိဳးမ်ိဳးေသာ အႏၱရာယ္ေတြေၾကာင့္ အခုဆုိရင္ အေကာင္ေရ ၂၂၀၀၀ေအာက္နည္းပါးေနၿပီျဖစ္ပါတယ္။ အသက္ရွင္ေနထုိင္ဖုိ႔ ၾကီးမားတဲ့အခက္အခဲေတြနဲ႕ရင္ဆိုင္ေနၾကရလုိ႕ပဲျဖစ္ပါတယ္။

၃။ Snow Leopard

ဟိမဝႏၱာေတာင္တန္းေတြေပၚမွာေနတဲ့ ဒီႏွင္းက်ားသစ္ေတြဟာ က်ားသစ္ေတြထဲမွာ အလွပဆုံး နဲ႔ အရက္စက္ဆံုးသတၱ၀ါတစ္မ်ိဳးပါ။ အႏၱရာယ္အရွိဆံုးဆုိရင္လည္း မမွားပါဘူး။ သူတုိ႕ရဲ႕ေျခေထာက္ေပၚမွာ ရွည္လ်ားၿပီးထူထဲတဲ့အေမႊးေတြရွိပါတယ္။သူတုိ႕ေတြဟာ ဟိမ၀ႏၱာေတာင္ေပၚမွာ ေကာင္းစြာ က်င္လည္က်က္စားလ်က္ရွိပါတယ္။ အေမႊးရဲ႕အေရာင္ကုိေျပာရမယ္ဆုိရင္ မီးခုိးျဖဴေရာင္ေပၚမွာအနက္ေရာင္အစက္ေျပာက္ေလးေတြပဲျဖစ္ပါတယ္။

ေက်ာက္ေတာင္ေတြေက်ာ္လႊားဖုိ႕နဲ႕ မတ္ေစာက္တဲ့ေနရာေတြကုိ ခုန္ေက်ာ္ႏိုင္ေစဖုိ႕သဘာ၀ကေပးတဲ့ ခႏၶာကုိယ္ေတြပုိင္ဆုိင္ထားၾကပါတယ္။ခုန္ေက်ာ္တဲ့အခါမွာဆုိရင္ သူတို႕ခႏၶာကိုယ္ရဲ႕ ၆ဆေလာက္အျမင့္အထိကုိခုန္ႏုိင္ၾကပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ Snow leopards အေကာင္ေရ ၇၀၀၀ေအာက္သာ သဘာ၀ပတ္၀န္းက်င္မွာက်န္ရွိပါေတာ့တယ္။ ရာသီဥတုေျပာင္းလဲျခင္းဟာ အေကာင္အေရအတြက္ေလ်ာ့က်လာျခင္းရဲ႕အဓိက တရားခံပဲျဖစ္ပါတယ္။

၂။ Emperor Tamarin


ေသးငယ္ၿပီးခ်စ္စဖြယ္ေကာင္းေသာေမ်ာက္မ်ိဳးစိတ္တစ္ခုပဲျဖစ္ပါတယ္။ ပီရူၿမိဳ႕နွင့္ ဘရားဇီးၿမိဳ႕ရွိ အပူပုိင္းေျမနိမ့္ေဒသတြင္ ေတြ႕ရတတ္သည္။သူတုိ႔မွာရွိတဲ့ သူမတူတဲ့ ရွည္လ်ားတဲ့အေမႊးအမ်ွင္ေတြေၾကာင့္ Emperor Tamarin ဆိုတဲ့နာမည္ရထားတယ္လုိ႕ဆုိပါတယ္။သူတို႕ေတြႏွုတ္ခမ္းေမႊးဟာ ဂ်ာမဏီႏုိင္ငံရဲ႕ ဧကရစ္ ဝီလွ်ံ II ရဲ႕ႏွုတ္ခမ္းေမႊးနဲ႕ဆင္တယ္ဆုိၿပီးေတာင္ ခိုင္းႏႈိင္းၾကပါေသးတယ္။

ေသးငယ္တဲ့ေမ်ာက္မ်ိဳးစိတ္လို႕ဆုိတဲ့အတုိင္း အရြယ္ေရာက္ေနၿပီျဖစ္တဲ့ Emperor Tamarin တစ္ေကာင္ဟာ ၇လက္မ ကေန ၁၂လက္မေလာက္ပဲရွိပါတယ္။ အေလးခ်ိန္အေနနဲ႕ဆုိရင္ ၉၀၀ ဂရမ္ေလာက္ပဲရွိပါတယ္။ အညိုေရာင္ခနၶာကုိယ္ရွိၿပီး နီညိုေရာင္အမွီး ရွိၾကပါတယ္။သူတုိ႕ေတြဟာ အေကာင္၂၀ခန္႔စုေဝးၿပီး အုပ္စုလုိက္ေနထုိင္ေလ့ရွိၾကပါတယ္။

၁။ Golden tiger


ေရႊေရာင္ဟာဆုိရင္ အလြန္ရွားပါးၿပီးတန္ဖိုးၾကီးလွတဲ့ အေရာင္ျဖစ္တဲ့အတြက္ ဒီအေရာင္ရွိတဲ့ က်ားေတြလည္းအလြန္ရွားပါးလွပါတယ္။ သူတုိ႕ကုိ golden tabby tiger လုိ႕လည္းေခၚၾကပါတယ္။ ပထမဆုံးေရႊေရာင္က်ားကုိ ဘဂၤလားက်ားမ်ဳိးစိတ္ကေန ၁၉၈၃ခုႏွစ္မွာ ေတြ႔ရွိခဲ့ၾကပါတယ္။ ဒီ ေရႊေရာင္က်ားမ်ိဳးစိတ္ေတြရဲ႕အေမႊးဟာဆုိရင္ တစ္ျခား က်ားေတြထက္ပုိၿပီး ႏူးညံ့ေခ်ာေမြ႕တာကုိေတြ႕ရပါတယ္။ ၁၉၀၀ ခုႏွစ္အေစာပုိင္းကာလေတြမွာေတာ့ ေရႊေရာင္က်ားမ်ားစြာဟာ အိႏၵိယက သစ္ေတာအုပ္ေတြထဲမွာ ရွိခဲ့ပါတယ္။

အခုေတာ့ ဒီလုိရွားပါးတန္ဖိုးၾကီးလွတဲ့ က်ားေတြကို သစ္ေတာေတြထဲမွာ ျမင္ရေတာ့မွာမဟုတ္ပါဘူး။ ဘာလုိ႔လဲဆိုေတာ့ ေတြ႔သမွ် ေရႊေရာင္က်ားေတြဟာ တိရစာၦန္ရုံမွာ ဖမ္းဆီးေမြးျမဴခံရလုိ႔ျဖစ္ပါတယ္။ ရွားပါးမ်ိဳးစိတ္ျဖစ္တဲ့အတြက္ မ်ိဳးေဖာက္ဖုိ႕အတြက္လုိဆုိပါတယ္။ အခုေတာ့ ကမာၻေပၚမွာ ေရႊေရာင္က်ားအေရအတြက္ဟာ အေကာင္ ၃၀ ေအာက္သာ ရွိပါေတာ့တယ္။

သုတဇုန္


သင် မမြင်ဖူးလောက်သေးတဲ့ ထူးဆန်းရှားပါး တိရစ္ဆာန်များ (unicode)

Written By Royalsky(သုတဇုန်)

ထူးဆန်းတဲ့ ပြီးရှားပါးတဲ့ တိရိစ္ဆာန်လေးတွေကို မြင်ဖူးချင်ကြမယ်ထင်ပါတယ်။ကမ္ဘာနေရာ အနှံ့အပြားမှာ သင်သိပြီးသား အကောင်လေးတွေရော မသိဖူး မကြားဖူး တဲ့အကောင်လေးတွေအများကြီးရှိနေပါတယ်။ အခုပြောပြချင်တဲ့အကောင်လေးတွေကတော့ အပြင်မှာတွေ့ဖို့တောင်ခက်ခဲတဲ့ အကောင်လေးတွေအကြောင်းပဲဖြစ်ပါတယ်။

၁၀။ Elephant Shrew (ဆင်ကြွက်စုတ်)

သေးငယ်တဲ့ နို့တိုက်သတ္တဝါလေးတွေဖြစ်ပြီး အာဖရိကမှာ အများဆုံး တွေ့ရတတ်ပါတယ်။သူ့ရဲ့သေးငယ်ပြီးချစ်စရာကောင်းတဲ့ နှုတ်သီးလေးဟာဆင်နှာမောင်းနဲ့ တူတဲ့အတွက် အဲ့ဒီနာမည်ပေးထားတာဖြစ်ပါတယ်။ Elephant Shrew ရဲ့မျိုးစိတ် ၂ဝခန့်လောက် အာဖရိကမှာ ရှိနေပါတယ်။ သူတို့တွေဟာ တောထဲ၊မြက်ခင်းတွေနဲ့ သစ်ပင်တွေကြားထဲမှာ နေထိုင်လေ့ရှိကြပါတယ်။ သေးသွယ်တဲ့ ခြေချောင်းလက်ချောင်းလေးတွေ၊ ရှည်လျားတဲ့ နောက်ခြေထောက်၊ အမြီး နဲ့ ကြီးမားတဲ့မျက်လုံးတွေရှိပါတယ်။

အမွှေးအရောင်တွေကတော့ အနက်၊အညို၊အဖြူနဲ့ မီးခိုးရောင်တွေပဲဖြစ်ပါတယ်။သူတို့ရဲ့ရှည်တဲ့ ခြေထောက်လေးတွေသုံးပြီး ယုန်တွေလို ခုန်ဆွ ခုန်ဆွသွားတတ်ကြပါတယ်။ အကြားအားရုံ အနံ့ခံနိုင်စွမ်း ကလည်းအရမ်းကောင်းကြပါတယ်။ အဲဒီအချက်တွေဟာ သူတို့ဟာ သားရဲတိရိစ္ဆာန်တွေရန်ကနေ လွတ်အောင်ရှောင်နိုင်စေတဲ့ အပြင် သားကောင်ရှာဖွေရာမှာလဲ အလွန်အသုံးဝင်စေပါတယ်။

၉။ Mantis Shrimp (ရှိခိုး ပုဇွန်ဆိတ်)

ပစိဖိတ်သမုဒ္ဒရာထဲမှာတွေ့နိုင်တဲ့ မြန်မာအခေါ် ရှိခိုးကောင်နဲ့ ပုံစံတူတဲ့ပုဇွန်ဆိတ်လေးတွေဖြစ်ပါတယ်။ အခွံမာရေနေသတ္တဝါတွေပဲဖြစ်ပြီး အရောင်စုံလင်ပြီးလှပကြပါတယ်။ အပြင်ဘက်အခွံက အနီရင့်ရောင်တောက်တောက်၊ လိမ္မော်၊ အစိမ်း နဲ့ အပြာရောင်တွေ ရှိကြပါတယ်။ အရောင်လှခြင်းအပြင် သူတို့တွေရဲ့ အမြင်အာရုံဟာ တခြားမျိုးစိတ်တွေထက်ပိုကောင်းတာကိုလည်းတွေ့ရပါတယ်။ သူတို့မျက်လုံးဟာ အရောင် ၁၆ရောင်လောက်ကိုခွဲခြားနိုင်ပါတယ်။

သူတို့တွေရဲ့အရောင်ခွဲခြားနိုင်စွမ်းက လူသားတွေထက်ကို ပိုပြီးသာလွန်ကောင်းမွန်ပါတယ်။ ပြောချင်တာကတော့ သူတို့အမြင်အာရုံဟာပိုမိုကြည်လင်ပြတ်သားပြီး အရမ်းလွန်ရောင်ခြည်ကိုတောင်မြင်နိုင်ကြပါတယ်တဲ့။ သတ္တဝါတွေထဲမှာ အမြန်ဆုံး သတ္တဝါတစ်မျိုးဖြစ်ပါတယ်။ သူတို့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေရဲ့ လှုပ်ရှားမှုဟာ 0.22 caliber ကျည်ဆံရဲ့အမြန်နှုန်းနီးပါး မြန်ဆန်ပါတယ်။ အဲဒီအရှိန်ကြောင့်ပဲ သူတို့ရဲ့မာကြောလှတဲ့ အခွံတွေအလွယ်တကူ အက်ကွဲလေ့ရှိပါတယ်။

၈။ Glasswinged Butterfly

အင်းဆက်မျိုးနွယ်ထဲမှာ သူမတူအောင် အထင်ရှားဆုံး လိပ်ပြာမျိုးနွယ်တစ်ခုပါ။ ဖောက်ထွင်းမြင်နိုင်တဲ့ အတောင်ပံတွေကြောင့် Glasswinged Butterfly လို့အမည်တွင်တာပါ။ အကြောင်းကတော့ အတောင်ပံပေါ်ကထူးဆန်းတဲ့ Tissue တွေရဲ့တည်ဆောက်ပုံကြောင့်ပဲဖြစ်ပါတယ်။Tissueတွေဟာ အလင်းဖြန့်ပြန်ခြင်းထက် ပိုမိုအလင်းဖောက်နိုင်စေပါတယ်။

အတောင်ပံရဲ့အနားကွပ်လေးကတော့အညိုရင့်ရောင်လေးပါ။ တကယ်လို့ အဲဒီအနားကွပ်လေးသာမပါရင် သူတို့ကိုမြင်တွေ့ဖို့မလွယ်ကူနိုင်ပါဘူး။ဒီလိပ်ပြာလေးတွေကို အမေရိကန် အလယ်ပိုင်း စိုစွတ်တဲ့ တောထဲတွေနဲ့ ပန်းခြံတွေမှာတွေ့ရနိုင်ပါတယ်။

၈။ Araripe Manakin

Araripe Manakin ငှက်မျိုးစိတ်တစ်ခုဖြစ်ပြီး အလွန်လှပပေမယ့် အန္တရာယ်လည်းရှိနိုင်တဲ့ငှက်မျိုးဖြစ်ပါတယ်။ သူတို့ကို ဘရာဇီးမှာတွေ့ရလေ့ရှိပါတယ်။ အခုဆိုရင် ရှားပါးလာပြီး အကောင်၈၀ဝခန့်ပဲ ကျန်ရှိပါတော့တယ်။ တဖြည်းဖြည်းနဲ့ ဒီထက်လျှော့နည်းသွားပြီး မကြာခင်မှာ မျိုးတုံးပျောက်ကွယ်နိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။

သူတို့ငှက်မိသားစုမှာဆိုရင် အထီးတွေက အမတွေထက်ပိုလှပတဲ့ အမွှေးအတောင်တွေကို ပိုင်ဆိုင်ကြပါတယ်။ အဖြူရောင်အမွှေးနုလေးတွေ၊အနီရောင်တောက်ပတဲ့ အမောက်၊ မဟူရာရောင် အတောင်ပံနဲ့အမှီးလေးတွေရှိကြပါတယ်။ အမတွေကတော့ အရောင်မှိုင်းတဲ့ စိမ်းဝါရောင်လေးတွေပဲဖြစ်ပါတယ်။

၆။ Nicobar Pigeon

အလွန်တောက်ပတဲ့ စိမ်းပြာရောင် အမွှေးလေးတွေကြောင့် ကမ္ဘာပေါ်ကတခြားခိုမျိုးစိတ်တွေနဲ့ကွဲထွက်နေပါတယ်။ ဒီခိုမျိုးစိတ်ကိုတော့ Nicobar, ဘင်္ဂလားပင်လယ်အော်က ကျွန်းတွေပေါ်မှာတွေ့ရလေ့ရှိပါတယ်။ Nicobar ခိုတွေဟာ တစ်ခြားခိုတွေထက် အရွယ်အစား ပိုကြီးကြပါတယ်။ အရွယ်ရောက်ပြီးသား Nicobar ခိုတစ်ကောင်ဟာ ၆၀ဝဂရမ် အလေးချိန်ရှိပြီး ၄၀ ကနေ ၄၂ စင်တီမီတာ အထိရှည်ပါတယ်။

အရင်ကတော့ အများအပြားရှိခဲ့ပေမယ့် အခုတော့ အကောင်ရေလျော့နည်းလာနေပါပြီ။ အကြောင်းကတော့ သဘာဝအတိုင်းပျောက်ဆုံးပျက်စီးခြင်း၊ လူတွေရဲ့ဖမ်းစားခံရခြင်း နဲ့ အိမ်မွေးတိရိစ္ဆာန်အဖြစ်ရောင်းဝယ်ဖောက်ကားခြင်းတို့ကြောင့်ပဲဖြစ်ပါတယ်။

၅။ Clouded Leopard

ဒီပုံမှာတွေ့ရတဲ့တကယ့်ကိုရှားပါးပြီး လှပတဲ့ တောတွင်းသတ္တဝါလေးကိုတော့ အရှေ့တောင်အာရှမှာတွေ့နိုင်ပါတယ်။ သူတို့တွေမှာ လှပဆန်းပြားတဲ့ အကွက်လေးတွေရှိတာကြောင့် clouded ကျားသစ်ရယ်လို့အမည်တွင်ပုံရပါတယ်။ အလေးအချိန်အနေနဲ့ကတော့ ၁၆ kg ကနေ ၂၂ kg လောက်ပဲရှိပါတယ်။ သူတို့တွေဟာ ကြောင်ကြီးမျိုးနွယ်စုမှာပါဝင်ပြီး သူတို့မျိုးနွယ်ထဲမှာတော့ အသေးဆုံးတွေပဲဖြစ်ကြပါတယ် အမွှေးအရောင်တွေကတော့ အဝါရောင်၊ အညိုအရောင်နဲ့အနက်ရောင်ခြယ် နဲ့ အကွက်လေးတွေကတော့သူတို့ရဲ့ အမှတ်အသားလိုဖြစ်နေပါတယ်။

သူတို့ရဲ့အမြီးကိုတိုင်းကြည့်မယ်ဆိုရင်သူတို့ရဲ့ ခန္ဓာကိုယ်အတိုင်းနဲ့ အတူတူဖြစ်နေတာကိုတွေ့ရမှာပါ။ အမြီးနဲ့ ခန္ဓာကိုယ်အရှည်ဟာ တူတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။ တောင်တက်ရာမှာကျွမ်းကျင်ကြပြီး များသောအားဖြင့်သစ်ပင်တွေပေါ်မှာပဲနေထိုင်လေ့ရှိကြပါတယ်။တောင်တက်တဲ့နေရာမှာ သူတို့ရဲ့သန်မာတဲ့ခြေထောက်တွေ၊ ခြေသည်းတွေကိုအသုံးပြုပြီး လျှင်မြန်စွာတက်နိုင်ကြပါတယ်။အခုဆိုရင်ခန့်မှန်းခြေအားဖြင့် clouded leopard အကောင်ရေ ၁၀၀၀၀ အောက်လောက်ပဲကျန်ပါတော့တယ်။ သစ်တောပြုန်းတီးခြင်း နဲ့ တရားမဝင်အမဲလိုက်ခြင်းတို့ကြောင့် တဖြည်းတဖြည်းအရေအတွက်လျော့နည်းလာရတာပဲ ဖြစ်ပါတယ်။

၄။ Okapi

ပုံမှန်မြင်တွေ့နေကြပုံစံနဲ့မတူတဲ့ Okapi ဆိုတဲ့ သစ်တောသစ်ကုလားအုတ်(forest giraffe) ဖြစ်ပါတယ်။ သူတို့ဟာ မြင်းကျားမျိုးနွယ်တွေဖြစ်ပြီး မြင်းကျားသစ်ကုလားအုတ်(zebra giraffe) လို့ ခေါ်တဲ့သူတွေကခေါ်ကြပါတယ်။ ဒီအကောင်လေးတွေကို ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံရဲ့တောအုပ်တွေထဲမှာ မြင်တွေ့နိုင်ပါတယ်။ သူတို့ရဲ့ခြေထောက်နဲ့လက်တွေမှာ မြင်းကျားတွေလိုအဆင်းကျားတွေရှိနေတာပဲဖြစ်ပါတယ်။

သူတို့မှာရှည်လျားတဲ့လည်ပင်းရှိနေပေမယ့် ရိုးရိုး သစ်ကုလားအုတ်တွေလောက်တော့ မရှည်ပါဘူး။ သူတို့ဟာ ပျမ်းမျှအားဖြင့် ၅ပေလောက်မြင့်ပြီး ၃၅ဝကီလိုဂရမ်လောက်အလေးချိန်ရှိကြပါတယ်။ ရှည်လျားတဲ့နားရွက်တွေကြောင့် ထူးခြားတဲ့အကြားအာရုံကို ပိုင်ဆိုင်ထားကြပါတယ်။ စိတ်မကောင်းစရာတစ်ခုကတော့ အမျိုးမျိုးသော အန္တရာယ်တွေကြောင့် အခုဆိုရင် အကောင်ရေ ၂၂၀၀၀အောက်နည်းပါးနေပြီဖြစ်ပါတယ်။ အသက်ရှင်နေထိုင်ဖို့ ကြီးမားတဲ့အခက်အခဲတွေနဲ့ရင်ဆိုင်နေကြရလို့ပဲဖြစ်ပါတယ်။

၃။ Snow Leopard

ဟိမဝန္တာတောင်တန်းတွေပေါ်မှာနေတဲ့ ဒီနှင်းကျားသစ်တွေဟာ ကျားသစ်တွေထဲမှာ အလှပဆုံး နဲ့ အရက်စက်ဆုံးသတ္တဝါတစ်မျိုးပါ။ အန္တရာယ်အရှိဆုံးဆိုရင်လည်း မမှားပါဘူး။ သူတို့ရဲ့ခြေထောက်ပေါ်မှာ ရှည်လျားပြီးထူထဲတဲ့အမွှေးတွေရှိပါတယ်။သူတို့တွေဟာ ဟိမဝန္တာတောင်ပေါ်မှာ ကောင်းစွာ ကျင်လည်ကျက်စားလျက်ရှိပါတယ်။ အမွှေးရဲ့အရောင်ကိုပြောရမယ်ဆိုရင် မီးခိုးဖြူရောင်ပေါ်မှာအနက်ရောင်အစက်ပြောက်လေးတွေပဲဖြစ်ပါတယ်။

ကျောက်တောင်တွေကျော်လွှားဖို့နဲ့ မတ်စောက်တဲ့နေရာတွေကို ခုန်ကျော်နိုင်စေဖို့သဘာဝကပေးတဲ့ ခန္ဓာကိုယ်တွေပိုင်ဆိုင်ထားကြပါတယ်။ခုန်ကျော်တဲ့အခါမှာဆိုရင် သူတို့ခန္ဓာကိုယ်ရဲ့ ၆ဆလောက်အမြင့်အထိကိုခုန်နိုင်ကြပါတယ်။ လက်ရှိအချိန်မှာတော့ Snow leopards အကောင်ရေ ၇၀၀၀အောက်သာ သဘာဝပတ်ဝန်းကျင်မှာကျန်ရှိပါတော့တယ်။ ရာသီဥတုပြောင်းလဲခြင်းဟာ အကောင်အရေအတွက်လျော့ကျလာခြင်းရဲ့အဓိက တရားခံပဲဖြစ်ပါတယ်။

၂။ Emperor Tamarin
သေးငယ်ပြီးချစ်စဖွယ်ကောင်းသောမျောက်မျိုးစိတ်တစ်ခုပဲဖြစ်ပါတယ်။ ပီရူမြို့နှင့် ဘရားဇီးမြို့ရှိ အပူပိုင်းမြေနိမ့်ဒေသတွင် တွေ့ရတတ်သည်။သူတို့မှာရှိတဲ့ သူမတူတဲ့ ရှည်လျားတဲ့အမွှေးအမျှင်တွေကြောင့် Emperor Tamarin ဆိုတဲ့နာမည်ရထားတယ်လို့ဆိုပါတယ်။သူတို့တွေနှုတ်ခမ်းမွှေးဟာ ဂျာမဏီနိုင်ငံရဲ့ ဧကရစ် ဝီလျှံ II ရဲ့နှုတ်ခမ်းမွှေးနဲ့ဆင်တယ်ဆိုပြီးတောင် ခိုင်းနှိုင်းကြပါသေးတယ်။

သေးငယ်တဲ့မျောက်မျိုးစိတ်လို့ဆိုတဲ့အတိုင်း အရွယ်ရောက်နေပြီဖြစ်တဲ့ Emperor Tamarin တစ်ကောင်ဟာ ၇လက်မ ကနေ ၁၂လက်မလောက်ပဲရှိပါတယ်။ အလေးချိန်အနေနဲ့ဆိုရင် ၉၀၀ ဂရမ်လောက်ပဲရှိပါတယ်။ အညိုရောင်ခန္ဓာကိုယ်ရှိပြီး နီညိုရောင်အမှီး ရှိကြပါတယ်။သူတို့တွေဟာ အကောင်၂ဝခန့်စုဝေးပြီး အုပ်စုလိုက်နေထိုင်လေ့ရှိကြပါတယ်။

၁။ Golden tiger
ရွှေရောင်ဟာဆိုရင် အလွန်ရှားပါးပြီးတန်ဖိုးကြီးလှတဲ့ အရောင်ဖြစ်တဲ့အတွက် ဒီအရောင်ရှိတဲ့ ကျားတွေလည်းအလွန်ရှားပါးလှပါတယ်။ သူတို့ကို golden tabby tiger လို့လည်းခေါ်ကြပါတယ်။ ပထမဆုံးရွှေရောင်ကျားကို ဘင်္ဂလားကျားမျိုးစိတ်ကနေ ၁၉၈၃ခုနှစ်မှာ တွေ့ရှိခဲ့ကြပါတယ်။ ဒီ ရွှေရောင်ကျားမျိုးစိတ်တွေရဲ့အမွှေးဟာဆိုရင် တစ်ခြား ကျားတွေထက်ပိုပြီး နူးညံ့ချောမွေ့တာကိုတွေ့ရပါတယ်။ ၁၉၀၀ ခုနှစ်အစောပိုင်းကာလတွေမှာတော့ ရွှေရောင်ကျားများစွာဟာ အိန္ဒိယက သစ်တောအုပ်တွေထဲမှာ ရှိခဲ့ပါတယ်။

အခုတော့ ဒီလိုရှားပါးတန်ဖိုးကြီးလှတဲ့ ကျားတွေကို သစ်တောတွေထဲမှာ မြင်ရတော့မှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ တွေ့သမျှ ရွှေရောင်ကျားတွေဟာ တိရစ္ဆာန်ရုံမှာ ဖမ်းဆီးမွေးမြူခံရလို့ဖြစ်ပါတယ်။ ရှားပါးမျိုးစိတ်ဖြစ်တဲ့အတွက် မျိုးဖောက်ဖို့အတွက်လိုဆိုပါတယ်။ အခုတော့ ကမ္ဘာပေါ်မှာ ရွှေရောင်ကျားအရေအတွက်ဟာ အကောင် ၃၀ အောက်သာ ရှိပါတော့တယ်။

သုတဇုန်

Leave a Reply