ကင္ဆာေရာဂါ ကုိ ကာကြယ္ေပးမယ့္ အစားအစာမ်ား

Posted on

Via : သုတၾကယ္စင္

၁။ Garlic ေခၚ ၾကက္သြန္ျဖဴ

ၾကက္သြန္ျဖဴကို ကၽြႏ္ုပ္တို႕စားေသာက္ေနေသာ ဟင္းလ်ာတိုင္းမွာ ထည့္စားေပးျခင္းဟာ ကင္ဆာေရာဂါကို ကာကြယ္ေပးႏိုင္ပါတယ္။ ဘာ့ေၾကာင့္ ဒီလိုေျပာရလဲဆိုရင္ ၾကက္သြန္ျဖဴမွာ သဘာဝအေလ်ာက္ ကင္ဆာေရာဂါကို ခုခံကာကြယ္ေပးမယ့္၊ ကိုယ္ခံအားကို တက္ၾကြႏိုးၾကားလာေစမယ့္ ကန္႕ျဒပ္ေပါင္း ပါဝင္လို႕ျဖစ္ပါတယ္။ ျပီးေတာ့ ၾကက္သြန္ျဖဴမွာ tumour လို႕ေခၚတဲ့ အသားပိုး ၾကီးထြားမူကို ေလ်ာ့ခ်ေပးႏိုင္တဲ့ စြမ္းအင္လည္း ပါဝင္ပါတယ္။ ေလ့လာေတြ႕ရွိခ်က္ေတြအရ ၾကက္သြန္ျဖဴဟာ အစာအိမ္ကင္ဆာ ျဖစ္ပြားမူပမာဏကိုလည္း ေလ်ာ့ခ်ေပးပါတယ္။

၂။ Broccoli လို႕ေခၚတဲ့ ပန္းေဂၚဖီစိမ္း

ပန္းေဂၚဖီစိမ္းဟာ ကင္ဆာ ကာကြယ္ေပးတဲ့ေနရာမွာ အေကာင္းဆံုး အစားအစာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ပန္းေဂၚဖီစိမ္းကိုလည္း မၾကာခဏ စားသံုးေပးဖို႕လိုပါတယ္။ ဟင္းခ်က္ျပီး စားသံုးႏိုင္သလို Steam လုပ္ျပီးလည္း စားလို႕ရပါတယ္။ Steam လုပ္ျပီးစားတာကေတာ့ ပိုထိေရာက္ေစပါတယ္။ Spain ေတြရဲ့ေလ့လာေတြ႕ရွိခ်က္မွာဆိုရင္ ပန္းေဂၚဖီစိမ္းကို ခ်က္ျပဳတ္ျပီးစားတာဟာဆိုရင္ ၉၇% ေလာက္ပဲ ကင္ဆာကိုေခ်ဖ်က္/ဖ်က္စီးႏိုင္တယ္လို႕ ေတြ႕ရွိထားတဲ့အတြက္ ပန္းေဂၚဖီစိမ္းကို အဆာေျပ/သေရစာစားသလို စားေပးပါ၊ ဒါမွမဟုတ္ သုပ္ျပီးစားေပးပါ၊ အဲ့လိုမွမဟုတ္ရင္ အျခား ဟင္းသီးဟင္းရြက္ေတြႏွင့္ေရာျပီး အေရေသာက္လုပ္စားေပးပါလို႕ တိုက္တြန္းထားပါတယ္။

၃။ Brazil nuts လို႕ေခၚတဲ့ ၾတိဂံပံု ဘရာဇီးသစ္ေစ့

Brazil nuts ဟာဆိုရင္ ကင္ဆာဆဲလ္ေတြကို ေသေစႏိုင္ျပီးေတာ့၊ DNA (deoxyribonucleic acid) ကို ျပန္လည္ျပဳျပင္ေပးမယ့္ ဆဲလ္ေတြကိုလည္း ကူညီေပးပါတယ္။ Harvard၊ Cornell & Arizona တကၠသိုလ္ေတြရဲ့ ေလ့လာခ်က္အရ အခံြမပါတဲ့ Brazil nuts ၂ေစ့ဟာဆိုရင္ Prostate tumours ကို ၆၃% ထိေအာင္ ေလ်ာ့က်ေစျပီးေတာ့၊ Colorectal cancers ျဖစ္တဲ့ အူ (သို႕) စအိုႏွင့္ သက္ဆိုင္ေသာ ကင္ဆာေရာဂါကို ၅၈% ထိေလ်ာ့က်ေစတယ္၊ ျပီးေတာ့ အဆုတ္ အႏၱရာယ္ေပးႏိုင္သည့္ အနာေရာဂါေတြကိုလည္း ၄၆% ထိေအာင္ ေလ်ာ့က်ေစတယ္။ ျခံဳငံုျပီးၾကည့္မယ္ဆိုရင္လည္း ကင္ဆာေရာဂါေၾကာင့္ ေသဆံုးမူကို ၃၉% ထိ ေလ်ာ့ခ်ေပးတယ္လို႕ ဆိုပါတယ္။

ဒုတိယပံုက body shop က ပစၥည္းေလးေတြပါ။ မွတ္မိေစရန္ ရည္ရြယ္ပါသည္။

၄။ လတ္ဆတ္ေသာ Lemonade သံပုရာရည္ (သို႕) ေရွာက္ရည္

Lemonade ေဖ်ာ္ရည္ကို တစ္ေန႕တစ္ၾကိမ္ ေန႕စဥ္ ေသာက္ေပးပါက ပါးစပ္၊ လည္ေခ်ာင္းႏွင့္ အစာအိမ္ကင္ဆာတို႕ အႏၱရာယ္မွ ကာကြယ္ေပးတယ္ဆိုတာကို Australian သုေတသနပညာရွင္ေတြက ေတြ႕ရွိခဲ့ၾကပါတယ္။

၅။ သင္စားမယ့္ ဂ်ံဳ စပါး ေျပာင္းဖူး တို႕နဲ႕ျပဳလုပ္ထားတဲ့ မနက္စာထဲ Blueberries တဝက္ေလာက္ ေရာျပီး စားသံုးေပးျခင္း

Blueberries ရဲ့ Antioxidant စြမ္းရည္ဟာ အဆင့္တစ္ ေနရာမွရွိျပီးေတာ့ ကင္ဆာအပါအဝင္ အနာေရာဂါ ျဖစ္ေစႏိုင္တဲ့ ဆဲလ္ေတြကို ပ်က္စီးေစႏိုင္တဲ့ အတြက္ေၾကာင့္ စားသံုးေပးသင့္တယ္လို႕ ဆိုထားပါတယ္။

၆။ Kiwi သီး

Kiwi သီးမွာဆိုရင္ Vitamin C,E နဲ႕ Lutein တို႕ပါဝင္တဲ့အတြက္ေၾကာင့္ ကင္ဆာကိုတိုက္ခိုက္ႏိုင္တဲ့ ေသးငယ္ေသာ လက္နက္တစ္ခုလို႕ ညႊန္းဆိုထားပါတယ္။

၇။ Scallions/Spring Onion ေခၚ ၾကက္သြန္ျမိတ္

ၾကက္သြန္ျမိတ္ကို အသုပ္လုပ္စားတဲ့အခါ အေပၚယံမွာ ျဖဴးစားေပးျခင္းအားျဖင့္ prostate ကင္ဆာျဖစ္ပြားမူကို ၅၀% ထိ ေလ်ာ့ခ်ေပးႏိုင္ပါတယ္။ အစိမ္း စားေပးျခင္းဟာ ကာကြယ္မူကို ပိုမိုထိေရာက္ေစပါတယ္။

က်န္းမာ ေပ်ာ္ရႊင္ေသာ မိသားစုဘဝ ပိုင္ဆိုင္ႏိုင္ၾကပါေစ။


ကင်ဆာရောဂါ ကို ကာကွယ်ပေးမယ့် အစားအစာများ (unicode)

Via : သုတကြယ်စင်

၁။ Garlic ခေါ် ကြက်သွန်ဖြူ

ကြက်သွန်ဖြူကို ကျွန်ုပ်တို့စားသောက်နေသော ဟင်းလျာတိုင်းမှာ ထည့်စားပေးခြင်းဟာ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ ဘာ့ကြောင့် ဒီလိုပြောရလဲဆိုရင် ကြက်သွန်ဖြူမှာ သဘာဝအလျောက် ကင်ဆာရောဂါကို ခုခံကာကွယ်ပေးမယ့်၊ ကိုယ်ခံအားကို တက်ကြွနိုးကြားလာစေမယ့် ကန့်ဒြပ်ပေါင်း ပါဝင်လို့ဖြစ်ပါတယ်။ ပြီးတော့ ကြက်သွန်ဖြူမှာ tumour လို့ခေါ်တဲ့ အသားပိုး ကြီးထွားမူကို လျော့ချပေးနိုင်တဲ့ စွမ်းအင်လည်း ပါဝင်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ကြက်သွန်ဖြူဟာ အစာအိမ်ကင်ဆာ ဖြစ်ပွားမူပမာဏကိုလည်း လျော့ချပေးပါတယ်။

၂။ Broccoli လို့ခေါ်တဲ့ ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းဟာ ကင်ဆာ ကာကွယ်ပေးတဲ့နေရာမှာ အကောင်းဆုံး အစားအစာဖြစ်ပါတယ်။ ဒါ့ကြောင့် ပန်းဂေါ်ဖီစိမ်းကိုလည်း မကြာခဏ စားသုံးပေးဖို့လိုပါတယ်။ ဟင်းချက်ပြီး စားသုံးနိုင်သလို Steam လုပ်ပြီးလည်း စားလို့ရပါတယ်။ Steam လုပ်ပြီးစားတာကတော့ ပိုထိရောက်စေပါတယ်။ Spain တွေရဲ့လေ့လာတွေ့ရှိချက်မှာဆိုရင် ပန်းဂေါ်ဖီစိမ်းကို ချက်ပြုတ်ပြီးစားတာဟာဆိုရင် ၉၇% လောက်ပဲ ကင်ဆာကိုချေဖျက်/ဖျက်စီးနိုင်တယ်လို့ တွေ့ရှိထားတဲ့အတွက် ပန်းဂေါ်ဖီစိမ်းကို အဆာပြေ/သရေစာစားသလို စားပေးပါ၊ ဒါမှမဟုတ် သုပ်ပြီးစားပေးပါ၊ အဲ့လိုမှမဟုတ်ရင် အခြား ဟင်းသီးဟင်းရွက်တွေနှင့်ရောပြီး အရေသောက်လုပ်စားပေးပါလို့ တိုက်တွန်းထားပါတယ်။

၃။ Brazil nuts လို့ခေါ်တဲ့ တြိဂံပုံ ဘရာဇီးသစ်စေ့

Brazil nuts ဟာဆိုရင် ကင်ဆာဆဲလ်တွေကို သေစေနိုင်ပြီးတော့၊ DNA (deoxyribonucleic acid) ကို ပြန်လည်ပြုပြင်ပေးမယ့် ဆဲလ်တွေကိုလည်း ကူညီပေးပါတယ်။ Harvard၊ Cornell & Arizona တက္ကသိုလ်တွေရဲ့ လေ့လာချက်အရ အခွံမပါတဲ့ Brazil nuts ၂စေ့ဟာဆိုရင် Prostate tumours ကို ၆၃% ထိအောင် လျော့ကျစေပြီးတော့၊ Colorectal cancers ဖြစ်တဲ့ အူ (သို့) စအိုနှင့် သက်ဆိုင်သော ကင်ဆာရောဂါကို ၅၈% ထိလျော့ကျစေတယ်၊ ပြီးတော့ အဆုတ် အန္တရာယ်ပေးနိုင်သည့် အနာရောဂါတွေကိုလည်း ၄၆% ထိအောင် လျော့ကျစေတယ်။ ခြုံငုံပြီးကြည့်မယ်ဆိုရင်လည်း ကင်ဆာရောဂါကြောင့် သေဆုံးမူကို ၃၉% ထိ လျော့ချပေးတယ်လို့ ဆိုပါတယ်။

ဒုတိယပုံက body shop က ပစ္စည်းလေးတွေပါ။ မှတ်မိစေရန် ရည်ရွယ်ပါသည်။

၄။ လတ်ဆတ်သော Lemonade သံပုရာရည် (သို့) ရှောက်ရည်

Lemonade ဖျော်ရည်ကို တစ်နေ့တစ်ကြိမ် နေ့စဉ် သောက်ပေးပါက ပါးစပ်၊ လည်ချောင်းနှင့် အစာအိမ်ကင်ဆာတို့ အန္တရာယ်မှ ကာကွယ်ပေးတယ်ဆိုတာကို Australian သုတေသနပညာရှင်တွေက တွေ့ရှိခဲ့ကြပါတယ်။

၅။ သင်စားမယ့် ဂျုံ စပါး ပြောင်းဖူး တို့နဲ့ပြုလုပ်ထားတဲ့ မနက်စာထဲ Blueberries တဝက်လောက် ရောပြီး စားသုံးပေးခြင်း

Blueberries ရဲ့ Antioxidant စွမ်းရည်ဟာ အဆင့်တစ် နေရာမှရှိပြီးတော့ ကင်ဆာအပါအဝင် အနာရောဂါ ဖြစ်စေနိုင်တဲ့ ဆဲလ်တွေကို ပျက်စီးစေနိုင်တဲ့ အတွက်ကြောင့် စားသုံးပေးသင့်တယ်လို့ ဆိုထားပါတယ်။

၆။ Kiwi သီး

Kiwi သီးမှာဆိုရင် Vitamin C,E နဲ့ Lutein တို့ပါဝင်တဲ့အတွက်ကြောင့် ကင်ဆာကိုတိုက်ခိုက်နိုင်တဲ့ သေးငယ်သော လက်နက်တစ်ခုလို့ ညွှန်းဆိုထားပါတယ်။

၇။ Scallions/Spring Onion ခေါ် ကြက်သွန်မြိတ်

ကြက်သွန်မြိတ်ကို အသုပ်လုပ်စားတဲ့အခါ အပေါ်ယံမှာ ဖြူးစားပေးခြင်းအားဖြင့် prostate ကင်ဆာဖြစ်ပွားမူကို ၅၀% ထိ လျော့ချပေးနိုင်ပါတယ်။ အစိမ်း စားပေးခြင်းဟာ ကာကွယ်မူကို ပိုမိုထိရောက်စေပါတယ်။

ကျန်းမာ ပျော်ရွှင်သော မိသားစုဘဝ ပိုင်ဆိုင်နိုင်ကြပါစေ။

Leave a Reply