သူငယ္ခ်င္းေတြစုျပီး စီးပြားေရးလုပ္မယ္ဆုိရင္

Posted on

ေရးသားသူ – မိုးရွင္း (I.M.T)

ဒီေခတ္ထဲမွာ အခ်ိဳ႕လူငယ္ေတြ သူငယ္ခ်င္းေတြစုျပီး လုပ္ငန္းတစ္ခုကိုု အတူတူလုုပ္တတ္ၾကပါတယ္။ Start-up ေလးေတြ ဟိုဟိုဒီဒီရွိလာၾကပါတယ္။ ဒီလုိေပၚလာတာ ေကာင္းပါတယ္။ ဒါေပမယ့္ အမ်ားအားျဖင့္ ေရရွည္မခံပဲ ျပိဳကြဲသြားတတ္ၾကပါတယ္။ ဘာ့ေၾကာင့္မ်ားပါလဲ? ကြ်န္ေတာ္လည္း Start-up လုပ္ေနတဲ့သူတစ္ေယာက္ျဖစ္ျပီး ဒီလိုနယ္ပယ္ထဲက လူေတြလည္းအမ်ားၾကီးေတြ႔ဖူးတာေၾကာင့္ သိသမွ် ရွဲပါရေစ။

(၁) အစတည္းကမျပတ္သားျခင္း

ျမန္မာေတြမွာ အၾကီးမားဆံုး အားနည္းခ်က္က အားနာတတ္ျခင္းပဲ။ စီးပြားေရးမွာ အားနာလို႔မရဘူးဆိုတာကို လက္မခံႏိုုင္ၾကဘူး။ ခင္တာကခင္တာပဲ စီးပြားေရးလုပ္ၾကျပီဆိုုရင္ စာခ်ဳပ္စာတမ္း၊ မွတ္တမ္း မွတ္ရာ စသျဖင့္ျပတ္ျပတ္သားသားရွိသင့္တယ္။ နင္ကဘယ္ေလာက္ပိုက္ဆံစိုက္မွာလဲ၊ အခ်ိန္ေရာ ဘယ္ေလာက္ေပးမွာလဲ၊ ဘယ္အခ်ိန္အထိလုပ္နုုိင္မွာလဲ၊ ဘယ္အခ်ိန္အထိအျမတ္မရပဲေနႏိုုင္လဲ၊ စသျဖင့္ အားလံုးပြင့္ပြင့္လင္းလင္းရွိရပါမယ္။ ကတိေပးထားသလိုမလုပ္ရင္ေရာ ဘာျဖစ္မလဲ၊ ျဖစ္နုုိင္တဲ့ေထာင့္ေပါင္းစံုက စဥ္းစားပါ။ ဆက္မလုုပ္ေတာ့တာ၊ ထြက္သြားတာ၊ သစၥာေဖာက္တာ မျဖစ္ႏိုုင္ဘူးလိုု႔မထင္ပါနဲ႔။ ေငြကလူ႕စိတ္ကို မထင္မွတ္ ထားနုုိင္ေလာက္ေအာင္ ေျပာင္းလဲေစပါတယ္။ စာခ်ဳပ္စာတမ္းကသာ ေသေသခ်ာခ်ာ ထိန္းခ်ဳပ္နုုိင္တာပါ။

(၂) ေသြးပူတုန္းထကျခင္း

ခ်မယ္၊ လုပ္မယ္၊ ဆင္ဖမ္းမယ္၊ က်ားဖမ္းမယ္၊ တကယ့္တကယ္ ျခင္ဖမ္းခ်င္ရင္ေတာင္ ရွာမရေတာ့တဲ့ သူမ်ိဳးေတြရွိပါတယ္။ ေသြးပူတုန္းေလွ်ာက္ ေျပာတာေတြကို မယံုမိပါေစနဲ႔။ ေသေသခ်ာခ်ာအခ်ိန္ေပးပါ။ အားလံုးစိတ္ပါတာေသခ်ာမွလုပ္ပါ။ ေသြးပူတုုန္း ဝုန္းဝုန္းဒိုင္းဒိုင္းလုုပ္ျပီး နည္းနည္းေလာက္ လိႈင္းလႈပ္တာနဲ႔ အိမ္ျပန္ခ်င္တယ္ဆိုတဲ့ သူမ်ိဳးေတြရွိပါတယ္။ မုန္တိုုင္းသာတုုိက္ရင္ေတာ့ ရွာလိုု႔ပါရေတာ့မွာ မဟုတ္ပါဘူး။ အားလံုုးတကယ္ စိတ္ပါတာဟုတ္မဟုတ္သိဖုုိ႔လိုပါတယ္။

(၃) စိတ္ကူးသမားရွိျပီး အဆံုးသတ္သမားမရွိျခင္း

တစ္ခါတစ္ေလ လူေတြျငင္းတတ္ၾကတယ္။ Idea ရွိတဲ့သူနဲ႔ အေကာင္အထည္ေဖာ္တတ္တဲ့သူ ဘယ္သူက ပိုအေရးၾကီးလဲတဲ့။ ကြ်န္ေတာ္တစ္ဦးတစ္ေယာက္ ထဲရဲ့အျမင္အရ အိုင္ဒီယာဟာ လူေတာ္ေတာ္မ်ားမ်ား စဥ္းစားတတ္ၾကပါတယ္။ အဲ့ဒီအိုင္ဒီယာကို အေကာင္ အထည္ေဖာ္နုုိင္မယ့္သူသာ ရွာရခက္တာပါ။ ဥပမာ ေဘာလံုးတစ္သင္းမွာ တစ္သင္းလံုုးအေရးၾကီးတာမွန္တယ္။ ဒါေပမယ့္ ဂိုးသြင္းဖို႔ အဆံုးသတ္ေကာင္းတဲ့ ကစားသမားရွိမွ ႏိုုင္မွာပါ။ တစ္သင္းလံုးပိတ္ေဆာ့ရင္ အမ်ားဆံုးရသေရေပါ့။ ဒါေတာင္ သေရကိုလက္မခံပဲ ပင္နယ္တီနဲ႔ အဆံုးအျဖတ္ေပးတဲ့ပြဲဆို ဂိုးသြင္းဖို႔ကေသခ်ာေပါက္အေရးၾကီးလာမွာပါ။

ဒီေတာ့ သင္စုဖြဲ႔ထားတဲ့လူေတြထဲမွာ ေလသမားေတြခ်ည္းပဲ ပါလိုု႔မရပါဘူး။ Start-upဆိုုတာ ရံုးဆင္းဖို႔ ငါးမိနစ္အလိုမွာ အထုတ္ျပင္ထားတဲ့သူမ်ိဳးေတြနဲ႔ ဖြဲ႔စည္းလို႔မရပါဘူး။ တက္ၾကြေနျပီးမိမိလုုပ္ငန္းအတြက္ ေပးဆပ္လိုတဲ့သူေတြ အျပည့္ရွိမွသာေအာင္ျမင္ႏိုုင္မွာျဖစ္ပါတယ္။

(၄) အရင္းအနွီးကုန္သြားျခင္း

Start-up ေတြျပိဳကြဲရတဲ့ အေၾကာင္းအရင္းထဲမွာ အရင္းအႏွီးကုန္သြားတာက ထိ္ပ္ဆံုးကပါဝင္ပါတယ္။မိမိအဖြဲ႔ထဲမွာ သူ႕ဘာသာေတာင္ မနည္းရုန္းကန္ေနရတဲ့ အိမ္ေထာင္ရွင္ေတြပါရင္ပိုဆိုုးပါတယ္။ အိမ္ေထာင္နဲ႔ဆို သူ႕မွာ အမ်ားၾကီး ၾကည့္စရာေတြရွိေနပါတယ္။ လုပ္ခ်င္ရင္ေတာင္ လုပ္လိုု႔မရပါဘူး။ သူ႕ရဲ့မိသားစုကို ၾကည့္ရပါတယ္။ ဒီေတာ့ အစတည္းက ဘယ္ေလာက္ အထိေတာင့္ခံနုုိင္မလဲ တြက္ခ်က္သင့္ပါတယ္။ ၆လ အၾကာမွာ ဝင္ေငြမရွိေသးရင္ ဘာဆက္လုပ္ၾကမလဲ။ Plan Bက ဘာလဲ စတာေတြ စဥ္းစားထားသင့္ပါတယ္။

(၅) Plan B မရွိျခင္း

ဘုရင့္ေနာင္ ေဖာင္ဖ်က္တာ နားေထာင္လို႔ေတာ့ ေကာင္းပါတယ္။ ဒါေပမယ့္ လက္ေတြ႔ဘဝမွာ သိပ္ျပီး မလြယ္ကူလွပါဘူး။ ေဖာင္ဖ်က္တယ္ဆိုတာ ေနာက္ကို ဆုတ္လို႔လည္း အဆင္မေျပေတာ့တဲ့ အေျခအေနမိုု႔ပါ။ ဒါေပမယ့္ ကြ်န္ေတာ္ကေတာ့ Plan Bေပၚပိုုျပီးယံုၾကည္ ပါတယ္။ အခ်ိဳ႕ကေတာ့ ငါက Plan Bမရွိဘူး။ ရေအာင္ ပဲလုုပ္ေလ့ရွိတယ္ဆိုတဲ့သူမ်ိဳးေတြေတြ႔ဖူးပါတယ္။ ကြ်န္ေတာ္ကေတာ့ အျမဲPlan Bရွိပါတယ္။ အဲ့ဒီလိုု ထားျခင္းေၾကာင့္လည္း အျမဲကိုအဆင္ေျပခဲ့ပါတယ္။ Plan Bက သင္တို႔အဖြဲ႔ေပၚမူတည္ပါတယ္။ ဒါမျဖစ္ရင္ ဘယ္လိုလုပ္ၾကမလဲ။ ရင္းႏွီးျမႈဳပ္ႏွံသူရွာၾကမလား၊ ဘာလုပ္ၾကမလဲ။ အဲ့ဒါက သင္စဥ္းစားရမယ့္အပိုင္းပါ။

(၆) မလိုတာေတြျဖဳန္းျခင္း

အခ်ိဳ႕က မလိုုအပ္တာေတြ ျဖဳန္းတတ္ၾကပါတယ္။ ဥပမာ မလိုအပ္ပဲ ရုံးခန္းၾကီးတာရွာတာမ်ိဳး။ အထဲမွာထားတဲ့ တန္ဆာပလာေတြအတြက္ မလိုအပ္ပဲ ေစ်းၾကီးေပးဝယ္တာမ်ိဳး၊ ပိုုက္ဆံမရွိေသးခ်ိန္ Taxiေတြ ခဏခဏစီးတာမ်ိဳး၊ လက္ပ္ေတာ့ေတြ အေကာင္းစားဝယ္တာမိ်ဳးစသျဖင့္ လုုပ္တတ္ၾကပါတယ္။ စီးပြားေရးတစ္ခုစတင္တဲ့အခ်ိန္မွာ တတ္ႏိုုင္သမွ်ေခြ်တာတာ အေကာင္းဆံုးပါပဲ။ အထူးသျဖင့္ေငြေသသြားမယ့္ေနရာမ်ိဳးေတြမွာေပါ့။ ဥပမာကိုယ္လုပ္မယ့္လုုပ္ငန္းက မိမိရံုးကို လူေတြခဏခဏလာမယ့္ အလုပ္မဟုတ္ဘူးဆိုရင္ ရံုးခန္းအေကာင္းစားၾကီး မငွားသင့္ပါဘူး။ မိမိတို႔အဖြဲ႔ အလုပ္လိုု႔အဆင္ေျပမယ့္ ေနရာမ်ိဳးေလာက္ဆိုရပါျပီ။

(၇) လူထပ္ေနျခင္း

ဆိုလိုခ်င္တာက အလုပ္တစ္ခုကို ၂ေယာက္လုပ္ေနၾကျခင္းပါ။ ေဘာလံုးပြဲနဲ႔ ဥပမာျပန္ေပးရရင္ ေဘာလံုုးပြဲတစ္ခုမွာ ကစားသမား ၁၁ေယာက္ဟာ သူ႕ေနရာနဲ႔သူတာဝန္ေက်ေအာင္ ထမ္းေဆာင္ရပါတယ္။ အလယ္တန္းက ကစားသမားက တိုက္စစ္မႈးေနရာ လိုက္ေဆာ့ေနလို႔မရပါဘူး။ ဂိုးမသြင္းရလို႔ စိတ္ေကာက္တာမ်ိဳးလည္း လုပ္လို႔မရပါဘူး။ အဖြဲ႔လိုက္ မိမိက်တဲ့ေနရာမ်ိဳးမွာ တာဝန္ေက်မွ ေအာင္ျမင္မွာပါ။ ဒီလိုမွမဟုတ္ပဲ တစ္ေနရာထဲမွာ စုျပံဳျပီးလုပ္ေနရင္ေတာ့ ဘယ္လိုမွ အဆင္ေျပမွာမဟုတ္ပါဘူး။

(၈) စိတ္ဓာတ္ေပ်ာ့ည့ံျခင္း

၃လေလာက္လုပ္တယ္၊ အျမတ္ရဖို႔ လမ္းမျမင္ေသး၊ စိတ္ဓာတ္က်၊ ေျဗာင္းဆန္၊ teamထဲမွာ ဟိုလူ႔ကိုမဲ၊ ဒီလူ႕ကိုမဲ၊ နင္မေကာင္းလိုု႔ ၊ သူမေကာင္းလို႔ စသျဖင့္ ကေယာင္ေျခာက္ျခားျဖစ္တတ္တဲ့သူမ်ိဳးပါလာရင္ေတာ့ အဲ့ဒီလုပ္ငန္းေရရွည္တည္တံ့ဖို႔မလြယ္ပါဘူး။

(၉) ေခါင္းေဆာင္မပါဝင္ျခင္း

ေအာင္ျမင္ေနတဲ့အဖြဲ႔အစည္းေတာ္ေတာ္မ်ားမ်ားမွာ ေခါင္းေဆာင္ရွိပါတယ္။ ေခါင္းေဆာင္မပါပဲ တစ္ေနရာကိုသြားဖို႔ဆိုတာ မလြယ္ပါဘူး။ မိမိတို႔ဖြဲ႔ထားတဲ့အဖြဲ႔ထဲမွာ အားလံုုးက ေနာက္လိုက္ေတြခ်ည္းပဲျဖစ္ေနလို႔ မရပါဘူး။ ဦးစီးဦးေဆာင္ရွိမယ့္သူတစ္ေယာက္ရွိဖို႔လိုပါတယ္။ ေခါင္းေဆာင္ေနရာ ဝိုင္းလုေနလို႔လည္းမျဖစ္ပါဘူး။ တကယ္ေတာ့ ေခါင္းေဆာင္ဆိုတာ တာဝန္အရမ္းၾကီးပါတယ္။ ထိုက္တန္တဲ့သူကို ဝိုုင္းျပီးခန္႔အပ္သင့္ပါတယ္။ ပါဝါအမ်ားၾကီးမေပးထားရင္ေတာင္ ဒီလုပ္ငန္းကို ဦးစီးဦးေဆာင္ သေဘာမ်ိဳးေလးေတာ့ထားသင့္ပါတယ္။

(၁၀) စုန္းျပဴးပါဝင္ျခင္း

သူငယ္ခ်င္းအရင္းေတြ စုလုပ္ၾကရင္ ဒီျပႆနာသိပ္မျဖစ္တတ္ပါဘူး။ ျဖစ္တတ္တာက ကိုယ့္သူငယ္ခ်င္းကေနာက္ထပ္ တစ္ေယာက္ကို ေခၚသြင္းလာတဲ့အခါမ်ိဳးမွာပါ။ ဘာမွလည္း လုုပ္ငန္းအေၾကာင္းနားမလည္။ အလကားေန မေကာင္းျမင္။ လူတိုင္းအျမင္ကတ္၊ ဘယ္သူနဲ႔မွ အဆင္မေျပ၊ စတဲ့လူမ်ိဳးပါ။ အ့ဲဒီလိုလူမ်ိဳးကိုေတာ့ သတိထားၾကပါ။ တစ္ဖြဲ႔လံုးပ်က္သြားေအာင္ ဖ်က္ဆီးနုုိင္တဲ့ အစြမ္းသူ႕မွာရွိပါတယ္။

(၁၁) အေသးစိတ္မျပင္ဆင္ထားျခင္း

အခ်ိဳ႕က စီးပြားေရးကို စိတ္ကူးေလးနဲ႔ပဲဝင္လုပ္ၾကပါတယ္။ တစ္ေယာက္တည္း လုုပ္ရင္ေတာ့ ကိစၥမရွိပါဘူး။ အမ်ားနဲ႔လုုပ္ရင္ေတာ့ စိတ္ညစ္စရာေတြ အမ်ားၾကီးသင္ေတြ႔ရပါလိမ့္မယ္။ အေစာၾကီးတည္းက မီးစင္ၾကည့္ကမယ္ဆိုတဲ့ ပံုစံမ်ိဳးနဲ႔ဆိုရင္ေတာ့ အဲ့ဒီစီးပြားေရး ၾကာရွည္မခံပါဘူး။

အထက္ပါအခ်က္ေတြကေတာ့ ကြ်န္ေတာ္သိသေလာက္ပဲျဖစ္ျပီး အျခားအခ်က္ေတြလည္းရွိေကာင္းရွိႏိုုင္ပါေသးတယ္။ သိသေလာက္ကို အျခားသူေတြ ဗဟုုသုတရဖိုု႔ Shareျခင္းသာျဖစ္ပါတယ္။ သူငယ္ခ်င္းေတြနဲ႔စီးပြားေရး လုုပ္တဲ့အခါ သတိထားနုုိင္ဖိုု႔ပါ။

မိုးရွင္း (I.M.T) ေရးသားသည္။


သူငယ်ချင်းတွေစုပြီး စီးပွားရေးလုပ်မယ်ဆိုရင် (unicode)

ရေးသားသူ – မိုးရှင်း (I.M.T)

ဒီခေတ်ထဲမှာ အချို့လူငယ်တွေ သူငယ်ချင်းတွေစုပြီး လုပ်ငန်းတစ်ခုကို အတူတူလုပ်တတ်ကြပါတယ်။ Start-up လေးတွေ ဟိုဟိုဒီဒီရှိလာကြပါတယ်။ ဒီလိုပေါ်လာတာ ကောင်းပါတယ်။ ဒါပေမယ့် အများအားဖြင့် ရေရှည်မခံပဲ ပြိုကွဲသွားတတ်ကြပါတယ်။ ဘာ့ကြောင့်များပါလဲ? ကျွန်တော်လည်း Start-up လုပ်နေတဲ့သူတစ်ယောက်ဖြစ်ပြီး ဒီလိုနယ်ပယ်ထဲက လူတွေလည်းအများကြီးတွေ့ဖူးတာကြောင့် သိသမျှ ရှဲပါရစေ။

(၁) အစတည်းကမပြတ်သားခြင်း

မြန်မာတွေမှာ အကြီးမားဆုံး အားနည်းချက်က အားနာတတ်ခြင်းပဲ။ စီးပွားရေးမှာ အားနာလို့မရဘူးဆိုတာကို လက်မခံနိုင်ကြဘူး။ ခင်တာကခင်တာပဲ စီးပွားရေးလုပ်ကြပြီဆိုရင် စာချုပ်စာတမ်း၊ မှတ်တမ်း မှတ်ရာ စသဖြင့်ပြတ်ပြတ်သားသားရှိသင့်တယ်။ နင်ကဘယ်လောက်ပိုက်ဆံစိုက်မှာလဲ၊ အချိန်ရော ဘယ်လောက်ပေးမှာလဲ၊ ဘယ်အချိန်အထိလုပ်နိုင်မှာလဲ၊ ဘယ်အချိန်အထိအမြတ်မရပဲနေနိုင်လဲ၊ စသဖြင့် အားလုံးပွင့်ပွင့်လင်းလင်းရှိရပါမယ်။ ကတိပေးထားသလိုမလုပ်ရင်ရော ဘာဖြစ်မလဲ၊ ဖြစ်နိုင်တဲ့ထောင့်ပေါင်းစုံက စဉ်းစားပါ။ ဆက်မလုပ်တော့တာ၊ ထွက်သွားတာ၊ သစ္စာဖောက်တာ မဖြစ်နိုင်ဘူးလို့မထင်ပါနဲ့။ ငွေကလူ့စိတ်ကို မထင်မှတ် ထားနိုင်လောက်အောင် ပြောင်းလဲစေပါတယ်။ စာချုပ်စာတမ်းကသာ သေသေချာချာ ထိန်းချုပ်နိုင်တာပါ။

(၂) သွေးပူတုန်းထကခြင်း

ချမယ်၊ လုပ်မယ်၊ ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်၊ တကယ့်တကယ် ခြင်ဖမ်းချင်ရင်တောင် ရှာမရတော့တဲ့ သူမျိုးတွေရှိပါတယ်။ သွေးပူတုန်းလျှောက် ပြောတာတွေကို မယုံမိပါစေနဲ့။ သေသေချာချာအချိန်ပေးပါ။ အားလုံးစိတ်ပါတာသေချာမှလုပ်ပါ။ သွေးပူတုန်း ဝုန်းဝုန်းဒိုင်းဒိုင်းလုပ်ပြီး နည်းနည်းလောက် လှိုင်းလှုပ်တာနဲ့ အိမ်ပြန်ချင်တယ်ဆိုတဲ့ သူမျိုးတွေရှိပါတယ်။ မုန်တိုင်းသာတိုက်ရင်တော့ ရှာလို့ပါရတော့မှာ မဟုတ်ပါဘူး။ အားလုံးတကယ် စိတ်ပါတာဟုတ်မဟုတ်သိဖို့လိုပါတယ်။

(၃) စိတ်ကူးသမားရှိပြီး အဆုံးသတ်သမားမရှိခြင်း

တစ်ခါတစ်လေ လူတွေငြင်းတတ်ကြတယ်။ Idea ရှိတဲ့သူနဲ့ အကောင်အထည်ဖော်တတ်တဲ့သူ ဘယ်သူက ပိုအရေးကြီးလဲတဲ့။ ကျွန်တော်တစ်ဦးတစ်ယောက် ထဲရဲ့အမြင်အရ အိုင်ဒီယာဟာ လူတော်တော်များများ စဉ်းစားတတ်ကြပါတယ်။ အဲ့ဒီအိုင်ဒီယာကို အကောင် အထည်ဖော်နိုင်မယ့်သူသာ ရှာရခက်တာပါ။ ဥပမာ ဘောလုံးတစ်သင်းမှာ တစ်သင်းလုံးအရေးကြီးတာမှန်တယ်။ ဒါပေမယ့် ဂိုးသွင်းဖို့ အဆုံးသတ်ကောင်းတဲ့ ကစားသမားရှိမှ နိုင်မှာပါ။ တစ်သင်းလုံးပိတ်ဆော့ရင် အများဆုံးရသရေပေါ့။ ဒါတောင် သရေကိုလက်မခံပဲ ပင်နယ်တီနဲ့ အဆုံးအဖြတ်ပေးတဲ့ပွဲဆို ဂိုးသွင်းဖို့ကသေချာပေါက်အရေးကြီးလာမှာပါ။

ဒီတော့ သင်စုဖွဲ့ထားတဲ့လူတွေထဲမှာ လေသမားတွေချည်းပဲ ပါလို့မရပါဘူး။ Start-upဆိုတာ ရုံးဆင်းဖို့ ငါးမိနစ်အလိုမှာ အထုတ်ပြင်ထားတဲ့သူမျိုးတွေနဲ့ ဖွဲ့စည်းလို့မရပါဘူး။ တက်ကြွနေပြီးမိမိလုပ်ငန်းအတွက် ပေးဆပ်လိုတဲ့သူတွေ အပြည့်ရှိမှသာအောင်မြင်နိုင်မှာဖြစ်ပါတယ်။

(၄) အရင်းအနှီးကုန်သွားခြင်း

Start-up တွေပြိုကွဲရတဲ့ အကြောင်းအရင်းထဲမှာ အရင်းအနှီးကုန်သွားတာက ထိ်ပ်ဆုံးကပါဝင်ပါတယ်။မိမိအဖွဲ့ထဲမှာ သူ့ဘာသာတောင် မနည်းရုန်းကန်နေရတဲ့ အိမ်ထောင်ရှင်တွေပါရင်ပိုဆိုးပါတယ်။ အိမ်ထောင်နဲ့ဆို သူ့မှာ အများကြီး ကြည့်စရာတွေရှိနေပါတယ်။ လုပ်ချင်ရင်တောင် လုပ်လို့မရပါဘူး။ သူ့ရဲ့မိသားစုကို ကြည့်ရပါတယ်။ ဒီတော့ အစတည်းက ဘယ်လောက် အထိတောင့်ခံနိုင်မလဲ တွက်ချက်သင့်ပါတယ်။ ၆လ အကြာမှာ ဝင်ငွေမရှိသေးရင် ဘာဆက်လုပ်ကြမလဲ။ Plan Bက ဘာလဲ စတာတွေ စဉ်းစားထားသင့်ပါတယ်။

(၅) Plan B မရှိခြင်း

ဘုရင့်နောင် ဖောင်ဖျက်တာ နားထောင်လို့တော့ ကောင်းပါတယ်။ ဒါပေမယ့် လက်တွေ့ဘဝမှာ သိပ်ပြီး မလွယ်ကူလှပါဘူး။ ဖောင်ဖျက်တယ်ဆိုတာ နောက်ကို ဆုတ်လို့လည်း အဆင်မပြေတော့တဲ့ အခြေအနေမို့ပါ။ ဒါပေမယ့် ကျွန်တော်ကတော့ Plan Bပေါ်ပိုပြီးယုံကြည် ပါတယ်။ အချို့ကတော့ ငါက Plan Bမရှိဘူး။ ရအောင် ပဲလုပ်လေ့ရှိတယ်ဆိုတဲ့သူမျိုးတွေတွေ့ဖူးပါတယ်။ ကျွန်တော်ကတော့ အမြဲPlan Bရှိပါတယ်။ အဲ့ဒီလို ထားခြင်းကြောင့်လည်း အမြဲကိုအဆင်ပြေခဲ့ပါတယ်။ Plan Bက သင်တို့အဖွဲ့ပေါ်မူတည်ပါတယ်။ ဒါမဖြစ်ရင် ဘယ်လိုလုပ်ကြမလဲ။ ရင်းနှီးမြှုပ်နှံသူရှာကြမလား၊ ဘာလုပ်ကြမလဲ။ အဲ့ဒါက သင်စဉ်းစားရမယ့်အပိုင်းပါ။

(၆) မလိုတာတွေဖြုန်းခြင်း

အချို့က မလိုအပ်တာတွေ ဖြုန်းတတ်ကြပါတယ်။ ဥပမာ မလိုအပ်ပဲ ရုံးခန်းကြီးတာရှာတာမျိုး။ အထဲမှာထားတဲ့ တန်ဆာပလာတွေအတွက် မလိုအပ်ပဲ ဈေးကြီးပေးဝယ်တာမျိုး၊ ပိုက်ဆံမရှိသေးချိန် Taxiတွေ ခဏခဏစီးတာမျိုး၊ လက်ပ်တော့တွေ အကောင်းစားဝယ်တာမျိုးစသဖြင့် လုပ်တတ်ကြပါတယ်။ စီးပွားရေးတစ်ခုစတင်တဲ့အချိန်မှာ တတ်နိုင်သမျှချွေတာတာ အကောင်းဆုံးပါပဲ။ အထူးသဖြင့်ငွေသေသွားမယ့်နေရာမျိုးတွေမှာပေါ့။ ဥပမာကိုယ်လုပ်မယ့်လုပ်ငန်းက မိမိရုံးကို လူတွေခဏခဏလာမယ့် အလုပ်မဟုတ်ဘူးဆိုရင် ရုံးခန်းအကောင်းစားကြီး မငှားသင့်ပါဘူး။ မိမိတို့အဖွဲ့ အလုပ်လို့အဆင်ပြေမယ့် နေရာမျိုးလောက်ဆိုရပါပြီ။

(၇) လူထပ်နေခြင်း

ဆိုလိုချင်တာက အလုပ်တစ်ခုကို ၂ယောက်လုပ်နေကြခြင်းပါ။ ဘောလုံးပွဲနဲ့ ဥပမာပြန်ပေးရရင် ဘောလုံးပွဲတစ်ခုမှာ ကစားသမား ၁၁ယောက်ဟာ သူ့နေရာနဲ့သူတာဝန်ကျေအောင် ထမ်းဆောင်ရပါတယ်။ အလယ်တန်းက ကစားသမားက တိုက်စစ်မှုးနေရာ လိုက်ဆော့နေလို့မရပါဘူး။ ဂိုးမသွင်းရလို့ စိတ်ကောက်တာမျိုးလည်း လုပ်လို့မရပါဘူး။ အဖွဲ့လိုက် မိမိကျတဲ့နေရာမျိုးမှာ တာဝန်ကျေမှ အောင်မြင်မှာပါ။ ဒီလိုမှမဟုတ်ပဲ တစ်နေရာထဲမှာ စုပြုံပြီးလုပ်နေရင်တော့ ဘယ်လိုမှ အဆင်ပြေမှာမဟုတ်ပါဘူး။

(၈) စိတ်ဓာတ်ပျော့ညံ့ခြင်း

၃လလောက်လုပ်တယ်၊ အမြတ်ရဖို့ လမ်းမမြင်သေး၊ စိတ်ဓာတ်ကျ၊ ဗြောင်းဆန်၊ teamထဲမှာ ဟိုလူ့ကိုမဲ၊ ဒီလူ့ကိုမဲ၊ နင်မကောင်းလို့ ၊ သူမကောင်းလို့ စသဖြင့် ကယောင်ခြောက်ခြားဖြစ်တတ်တဲ့သူမျိုးပါလာရင်တော့ အဲ့ဒီလုပ်ငန်းရေရှည်တည်တံ့ဖို့မလွယ်ပါဘူး။

(၉) ခေါင်းဆောင်မပါဝင်ခြင်း

အောင်မြင်နေတဲ့အဖွဲ့အစည်းတော်တော်များများမှာ ခေါင်းဆောင်ရှိပါတယ်။ ခေါင်းဆောင်မပါပဲ တစ်နေရာကိုသွားဖို့ဆိုတာ မလွယ်ပါဘူး။ မိမိတို့ဖွဲ့ထားတဲ့အဖွဲ့ထဲမှာ အားလုံးက နောက်လိုက်တွေချည်းပဲဖြစ်နေလို့ မရပါဘူး။ ဦးစီးဦးဆောင်ရှိမယ့်သူတစ်ယောက်ရှိဖို့လိုပါတယ်။ ခေါင်းဆောင်နေရာ ဝိုင်းလုနေလို့လည်းမဖြစ်ပါဘူး။ တကယ်တော့ ခေါင်းဆောင်ဆိုတာ တာဝန်အရမ်းကြီးပါတယ်။ ထိုက်တန်တဲ့သူကို ဝိုင်းပြီးခန့်အပ်သင့်ပါတယ်။ ပါဝါအများကြီးမပေးထားရင်တောင် ဒီလုပ်ငန်းကို ဦးစီးဦးဆောင် သဘောမျိုးလေးတော့ထားသင့်ပါတယ်။

(၁၀) စုန်းပြူးပါဝင်ခြင်း

သူငယ်ချင်းအရင်းတွေ စုလုပ်ကြရင် ဒီပြဿနာသိပ်မဖြစ်တတ်ပါဘူး။ ဖြစ်တတ်တာက ကိုယ့်သူငယ်ချင်းကနောက်ထပ် တစ်ယောက်ကို ခေါ်သွင်းလာတဲ့အခါမျိုးမှာပါ။ ဘာမှလည်း လုပ်ငန်းအကြောင်းနားမလည်။ အလကားနေ မကောင်းမြင်။ လူတိုင်းအမြင်ကတ်၊ ဘယ်သူနဲ့မှ အဆင်မပြေ၊ စတဲ့လူမျိုးပါ။ အဲ့ဒီလိုလူမျိုးကိုတော့ သတိထားကြပါ။ တစ်ဖွဲ့လုံးပျက်သွားအောင် ဖျက်ဆီးနိုင်တဲ့ အစွမ်းသူ့မှာရှိပါတယ်။

(၁၁) အသေးစိတ်မပြင်ဆင်ထားခြင်း

အချို့က စီးပွားရေးကို စိတ်ကူးလေးနဲ့ပဲဝင်လုပ်ကြပါတယ်။ တစ်ယောက်တည်း လုပ်ရင်တော့ ကိစ္စမရှိပါဘူး။ အများနဲ့လုပ်ရင်တော့ စိတ်ညစ်စရာတွေ အများကြီးသင်တွေ့ရပါလိမ့်မယ်။ အစောကြီးတည်းက မီးစင်ကြည့်ကမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ဆိုရင်တော့ အဲ့ဒီစီးပွားရေး ကြာရှည်မခံပါဘူး။

အထက်ပါအချက်တွေကတော့ ကျွန်တော်သိသလောက်ပဲဖြစ်ပြီး အခြားအချက်တွေလည်းရှိကောင်းရှိနိုင်ပါသေးတယ်။ သိသလောက်ကို အခြားသူတွေ ဗဟုသုတရဖို့ Shareခြင်းသာဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့စီးပွားရေး လုပ်တဲ့အခါ သတိထားနိုင်ဖို့ပါ။

မိုးရှင်း (I.M.T) ရေးသားသည်။

Leave a Reply