ကမာၻ႔အေမြအႏွစ္စာရင္း၀င္ ဟန္​လင္​းၿမိဳ႕​ေဟာင္​းအေၾကာင္း သိေကာင္းစရာ

Posted on

ေရးသားသူ – ေမာင္ဘုန္းမာန္ (ေရႊဘို)

ဟန္​လင္​းၿမိဳ႕​ေဟာင္​းသည္​ ​ေရႊဘိုခ႐ိုင္​ ဝက္​လက္​ ၿမိဳ႕နယ္​အတြင္​း ​ေျမာက္​လတၱီက်ဳ (၂၂)ဒီဂရီ (၂၈) မိနစ္​ႏွင္​့ အ​ေ႐ွ႕​ေလာင္​ဂ်ီက်ဳ (၉၅)ဒီဂရီ (၄၉)မိနစ္​ အၾကားတြင္​ တည္​႐ွိပါသည္​။ ​ေရႊဘိုၿမိဳ႕၏ အ​ေ႐ွ႕ ​ေတာင္​ဘက္​ (၁၀)မိုင္​ႏွင္​့ (၅)ဖာလံု အကြာတြင္​ တည္​႐ွိၿပီး မႏၱ​ေလးမွ ျမစ္​ႀကီးနားသို႔သြား​ေသာ မီးရထားလမ္​း​ေပၚ႐ွိ မုဆိုးခ်ဳံဘူတာရြာမွ အ​ေ႐ွ႕ဘက္​ (၅)မိုင္​ခြဲခန္​႔ ကြာ​ေဝး၍ ​ေက်ာက္​လမ္​းျဖင္​့ ဆက္​သြယ္​ထားသည္​။ မႏၱ​ေလး-​ေရႊဘို ​ေမာ္​​ေတာ္​ကားလမ္​း​ေပၚ႐ွိစိုင္​ႏိုင္​​ေကြ႔မွ အ​ေ႐ွ႕ဘက္​ (၁၁)မိုင္​၊ ဝက္​လက္​ၿမိဳ႕မွ အ​ေ႐ွ႕ ေျမာက္​ဘက္​ (၆)မိုင္​ အကြာတြင္​ တည္​႐ွိပါသည္​။

ဟန္​လင္​းၿမိဳ႕​ေဟာင္​းသည္​ ယ​ေန႔​ေခတ္​ ဟန္​လင္​းႀကီးရြာ၏ ​ေျမာက္​ဘက္​ (၂)ဖာလံုခန္​႔ အကြာတြင္​ တည္​႐ွိသည္​။ ဟန္​လင္​းၿမိဳ႕​ေဟာင္​း၏ ၿမိဳ႕႐ိုးမွာ စတုဂံပံုစံျဖစ္​၍ ​ေတာင္​​ေျမာက္​ အလ်ား​ေပ (၉၆၀၀) ႏွင္​့ အ​ေ႐ွ႕ အ​ေနာက္​ အနံ​ေပ (၅၈၀၀) ခန္​႔ ႐ွိပါသည္​။ အ​ေ႐ွ႕ဘက္​တြင္​ ၿမိဳ႕႐ိုးႏွစ္​ထပ္​ျဖစ္​ၿပီး အျပင္​ၿမိဳ႕႐ိုးႏွင္​့ အတြင္​းၿမိဳ႕႐ိုးသည္​ ​ေျမာက္​စြန္​တြင္​ ​ေပ ၄၀၀ကြာ၍ ​ေတာင္​စြန္​တြင္​ ​ေပ ၅၀၀ ကြာသည္​။ အတြင္​းၿမိဳ႕႐ိုး၏ ပတ္​လည္​မွာ (၅.၄၂)မိုင္​႐ွိၿပီး ၿမိဳ႕အက်ယ္​အဝန္​းမွာ စတုရန္​း (၁.၈)မိုင္​ ႐ွိသည္​။

ၿမိဳ႕႐ိုးျဗက္​မွာ (၁၆)​ေပခန္​႔႐ွိၿပီး အျမင္​့မွာ ​ေျမျပင္​မွ ပ်မ္​းမ်ွ (၅)​ေပမ်ွသာ က်န္​႐ွိသည္​။ ​ေတာင္​ဘက္​ၿမိဳ႕႐ိုးမွတစ္​ပါး က်န္​သံုးဘက္​တြင္​ က်ံဳးပတ္​လည္​ ဝန္​းရံထားသည္​။ သို႔​ေသာ္​ ကာလၾကာျမင္​့ၿပီျဖစ္​၍ အုတ္​ၿမိဳ႕႐ိုးမွာ မထင္​မ႐ွား ကုန္​းတန္​းမို႔မို႔သာ က်န္​႐ွိ​ေတာ့ၿပီး က်ံဳးမွာလည္​း လံုးဝ​ေကာလ်က္​႐ွိသည္​။ ထိုၿမိဳ႕႐ိုး၏ အတြင္​းပိုင္​း အလယ္​ဗဟိုမွ အ​ေ႐ွ႕​ေတာင္​ယြန္​းယြန္​း​ ​ေနရာတြင္​ နန္​း​ေတာ္​ကုန္​းဟု ​ေခၚစမွတ္​ျပဳ​ေသာ ​ေနရာ႐ွိသည္​။ ထိုနန္​း​ေတာ္​ရာသည္​လည္​း ​ေ႐ွးက အုတ္​ၿမိဳ႕႐ိုး ကာရံလ်က္​ရ​ွိရာ ယခုအခါ ​ေျမမို႔မို႔သာ ​ေတြ႔ရ​ေတာ့သည္​။ စတုရန္​းပံု႐ွိ​ေသာ အတြင္​းၿမိဳ႕႐ိုး၏ အနံမွာ ​ေပ (၁၄၀၀)ခန္​႔ ႐ွည္​​ေလသည္​။

ဟန္​လင္​း၏ အမည္​ (၆)မ်ိဳး

ဇမၺဴကြန္​ခ်ာက်မ္​းလာအရ-
၁။ ကကုသန္​ဘုရားအ​ေလာင္​း​ေတာ္​ ဟသၤာျဖစ္​ခဲ့ဖူး​ေသာ အရပ္​ျဖစ္​၍ မဟာသမၼတမင္း လက္​ထက္​တြင္​ ဟံသာဝတီ၊
၂။ ကကုသန္​ ဘုရားလက္​ထက္​တြင္​ မစၦိမ (ပစၦိမနဂရ)၊
၃။ ​ေကာဏဂံု ဘုရားလက္​ထက္​တြင္​ ဟံသာနဂရ၊

၄။ ကႆပ ဘုရားလက္​ထက္​တြင္​ ဂါမာဝတီ (ကာမဝတီ)၊
၅။ ​ေဂါတမ ဘုရားလက္​ထက္​တြင္​ ဟံလင္​းမ​ေခါက္​ (ဟလႅမ​ေခါက္​)၊
၆။ ပ်ဴတို႔လက္​ထက္​တြင္​ ဟန္​လင္​း

ဟန္​လင္​း သမိုင္​းအက်ဥ္​း

ဘ္ိုး​ေတာ္​ဘုရားလက္​ထက္​ သာခ်င္​းဆရာႀကီး ဦး​ေအာင္​ၿဖိဳး၏ ဟန္​လင္​းသမိုင္​း လကၤာ၌ မဇၥ်ိမ​ေဒသ မဟာသမၼတမင္​း၏ သား​ေတာ္​လတ္​ ကရ​ေဘာ္​မင္​းသားက ျမန္​မာျပည္​သို႔ လာ​ေရာက္​၍ ဟန္​လင္​း​ေရႊျပည္​ကို တည္​​ေထာင္​မင္​းျပဳ​ေၾကာင္​း ဆိုပါသည္​။ ကရ​ေဘာ္​မင္​းသား စတင္​တည္​​ေထာင္​ခ်ိန္​က ဟံသာဝတီ မည္​တြင္​ၿပီး မင္​းဆက္​ (၇၉၉)​ ပါး ႐ွိခဲ့​ေၾကာင္​း၊ ​ေနာက္​ဆံုးမင္​းသည္​ ပ်ဴမင္​း ဗႏၶဝ (မူကြဲ-ပ်ဴ​ေစာထီး) ဟု​ ​ေက်ာ္​ၾကား​ေၾကာင္​း အက်ယ္​တဝင္​့ နိဒါန္​းခံ၍ ​ေဖာ္​ျပ​ေရးသားထားသည္​။

ယင္​းပ်ဴမင္​းလက္​ထက္​တြင္​ ညီ​ေတာ္​ ျပံဳးမင္​းဟူ၍႐ွိ​ေၾကာင္​း၊ ညီ​ေတာ္​ တစ္​ခါျပံဳးတိုင္​း ​ေကာင္​းကင္​ယံမွ ရတနာမိုး တစ္​ႀကိမ္​ရြာသြန္​း​ေၾကာင္​း၊ ဤသို႔​ေသာ ထူးဆန္​းသည္​့ ဂုဏ္​သတင္​းကို သိရရန္​ တ႐ုတ္​ျပည္​ ဦးတည္​မင္​းက သံ​ေစလႊတ္​ စံုစမ္​းခဲ့​ေၾကာင္​း၊ ညီ​ေတာ္​က မရီး​ေတာ္​၏ တမလြန္​ဘဝ၌ ငရဲခံစားရမည္​ကို ဇာတိႆရဉာဏ္​ျဖင္​့ ျမင္​မိသျဖင္​့ မျပံဳးႏိုင္​ မရယ္​ႏိုင္​ ျဖစ္​​ေနခိုက္​ ​ေနာင္​​ေတာ္​ ပ်ဴမင္​း၏အမိန္​႔ကို မနာခံမိသကဲ့သို႔ ျဖစ္​သြား​ေၾကာင္​း၊ ဤတြင္​ ​ေနာင္​​ေတာ္​က အထင္​မွား၍ ရာဇမာန္​ပြားကာ ညီ​ေတာ္​ကို ကြပ္​မ်က္​​ေစ​ေသာ​ေၾကာင္​့ ဟန္​လင္​းႀကီး၌ ျပာပူမိုးရြာၿပီး ထီးသုဥ္​းနန္​းသုဥ္​း ျဖစ္​ခဲ့ရ​ေၾကာင္​း ​ေဖာ္​ျပပါ႐ွိသည္​။

ခရစ္​ႏွစ္​ (၈)ရာစုႏွင္​့ (၉)ရာစုၾကား ကာလတြင္​ ဟန္​လင္​းၿမိဳ႕​ေဟာင္​းသည္​ မီး​ေလာင္​၍ ႐ုတ္​တရက္​ ပ်က္​စီးခဲ့ရသည္​။ မီး​ေလာင္​ရသည္​့ အ​ေၾကာင္​းႏွင္​့ ပတ္​သက္​၍ သမိုင္​းထြက္​ စကားမ်ားတြင္​ ျပာပူမိုး ရြာျခင္​း​ေၾကာင္​့ဟုသာ ဆိုသည္​။ ရန္​သူတိုက္​ခိုက္​ျခင္​း​ေၾကာင္​့ဟု မဆို​ေခ်။ သု​ေတသနျပဳခ်က္​မ်ားအရ ျပင္​ပမွ ရန္​သူဝင္​​ေရာက္​​ေၾကာင္​း ျပဆိုႏိုင္​သည္​့ ဟန္​လင္​းယဥ္​​ေက်းမႈႏွင္​့ မတူ​ေသာ ယဥ္​​ေက်းမႈ လကၡဏာ အသစ္​အဆန္​းမ်ားကိုလည္​း ​ေျမလႊာအ​ေထာက္​အထား မ​ေတြ႔ရသျဖင္​့ မီး​ေလာင္​မႈသည္​ ရန္​သူတိုက္​ခိုက္​ျခင္​း​ေၾကာင္​့ဟု တစ္​ထစ္​ခ် မဆိုႏိုင္​ပါ။

မီး​ေလာင္​ၿပီး​ေနာက္​ပိုင္​း အသစ္​တဖန္​ ျပန္​လည္​ ထူ​ေထာင္​မႈ မျပဳခဲ့ၾက​ေပ။ မီးပင္​​ေလာင္​ကြၽမ္​းျငား​ေသာ္​လည္​း ယဥ္​​ေက်းမႈမွာ ႐ုတ္​တရက္​ ဆိတ္​သုဥ္​း​ေပ်ာက္​ကြယ္​သြားဟန္​ မ႐ွိပါ။ ခရစ္​ႏွစ္​ ၉-၁၀ ရာစုႏွင္​့ ပုဂံ​ေခတ္​ဦးတိုင္​​ေအာင္​ပင္​ ဟန္​လင္​း၌ ပ်ဴတို႔သည္​ ​ေနာက္​တစ္​ႀကိမ္​ ၿမိဳ႕ႀကီးျပႀကီး ထူ​ေထာင္​ျခင္​း မျပဳၾက​ေစကာမူ ​ေက်းရြာမ်ား၌ ဆက္​လက္​​ေနထိုင္​ခဲ့ၾက​ေပသည္​။

ျမန္​မာသကၠရာဇ္​ ၆၄၇ ခုႏွစ္​က ​ေရးထိုးခဲ့​ေသာ သ်ွင္​ဒိသာပါ​ေမာကၡ ​ေက်ာက္​စာတြင္​ သ်ွင္​ဒိသာပါ​ေမာက္​မ​ေထရ္​သည္​ တ႐ုတ္​ျပည္​သို႔ သြား​ေရာက္​ရာတြင္​ ဟန္​လင္​း၌ စခန္​းခ်​ေနထိုင္​ခဲ့​ေၾကာင္​း ​ေဖာ္​ျပပါ႐ွိသည္​။ ထိုစဥ္​က ဟန္​လင္​းသည္​ ရြာအျဖစ္​ ႐ွိ​ေနျခင္​းျဖစ္​သည္​။ ဟံသာနဂရ ဟူ​ေသာ အမည္​ႏွင္​့ ပတ္​သက္​၍ ​ေရစႀကိဳၿမိဳ႕နယ္​ ႏြားထိန္​းရြာအနီးမွ တူး​ေဖာ္​ရ႐ွိ​ေသာ ​ေက်ာက္​စာတြင္​ ပ်ဴမင္​းညီအစ္​ကို၊ ဟံသာနဂရ ဟူ​ေသာ အမည္​ပါ႐ွိ​ေၾကာင္​း ​ေတြ႔႐ွိရသည္​။ (ယင္​း​ေက်ာက္​စာကို ယခုအခါတြင္​ ပုဂံ​ေ႐ွး​ေဟာင္​း သု​ေတသနျပတိုက္​၌ ထိန္​းသိမ္​းထား႐ွိသည္​။)

ဟန္​လင္​းၿမိဳ႕ တံခါးမ်ား၊ ပတ္​ဝန္​းက်င္​ ​ေစတီမ်ား

ဟန္​လင္​းၿမိဳ႕​ေဟာင္​း သမိုင္​းဝင္​လကၤာအရ ၿမိဳ႕တံခါး (၂၄) ​ေပါက္​ ႐ွိ​ေသာ္​လည္​း ယခုအခါ
– အ​ေ႐ွ႕ဘက္​တြင္​ ငပိအိုးတံခါး
– အ​ေနာက္​ဘက္​တြင္​ ပ်ားႀကီး​ေတာင္​့တံခါး

– ​ေတာင္​ဘက္​တြင္​ တံခါး​ေတာ္​
– ​ေျမာက္​ဘက္​တြင္​ တကန္​သာ
စ​ေသာ တံခါးမ်ားသာ က်န္​ရစ္​​ေတာ့သည္​။

အ​ေနာက္​ဘက္​ၿမိဳ႕႐ိုးႏွင္​့ ကပ္​၍တည္​ထား​ေသာ ​ေတာရဂူႀကီးမွာ လြန္​ခဲ့​ေသာ ႏွစ္​​ေပါင္​း (၁၀၀) ​ေက်ာ္​ခန္​႔ကမွပင္​ ၿမိဳ႕႐ိုးအုတ္​မ်ားကို အသံုးျပဳ၍ တည္​​ေဆာက္​ထားဟန္​ တူသည္​။ ဟန္​လင္​းၿမိဳ႕​ေဟာင္​း၏ ​ေတာင္​ဘက္​၌႐ွိ​ေသာ ဟန္​လင္​းႀကီးရြာ ပတ္​ဝန္​းက်င္​တြင္​မူ ​ေ႐ွး​ေဟာင္​းဘုရားမ​်ားကို ဖူး​ေတြ႔ႏိုင္​သည္​။

ယင္​းတို႔အနက္​-
– သီရိဓမၼာ​ေသာကမင္​းႀကီး၏ ​ေကာင္​းမႈဟု အဆို႐ွိ​ေသာ ​ေရႊကူႀကီး​ေစတီ၊
– က်န္​စစ္​သားမင္​း၏ ​ေကာင္​းမႈျဖစ္​​ေသာ ​ေရႊအင္​ပင္​​ေစတီ၊
– အ​ေလာင္​းစည္​သူမင္​း၏ ​ေကာင္​းမႈျဖစ္​​ေသာ ​ေရႊယပ္​​ေတာ္​​ေစတီ၊

– ဒါတဂၤရာဇ္​ အမတ္​ႀကီး၏ ​ေကာင္​းမႈျဖစ္​​ေသာ ​ေရႊဂူသာ​ေစတီႏွင္​့
– သမႏၱဘဒၵရာ အမတ္​ႀကီး၏ ​ေကာင္​းမႈျဖစ္​​ေသာ ​ေရႊပန္​း​ေႏွာ (​ေရႊပန္​း​ေတာ) ​
ေစတီမ်ားမွာ ထင္​႐ွား​ေက်ာ္​ၾကားသည္​။

သမႏၱဘဒၵရာ အမတ္​ႀကီး ​ေရးထိုး​ေသာ ​ေက်ာက္​စာကို ​ေထာက္​႐ႈ၍ ပုဂံ​ေခတ္​တြင္​ ဟန္​လင္​းၿမိဳ႕ကို ၿမိဳ႕စားႀကီး အုပ္​ခ်ဳပ္​ရ​ေၾကာင္​း သိရသည္​။

​ေ႐ွး​ေဟာင္​းသု​ေတသန အ​ေထာက္​အထားမ်ားႏွင္​့ ဟန္​လင္​း

ဟန္​လင္​းၿမိဳ႕​ေဟာင္​းကို တူး​ေဖာ္​ၾကရာတြင္​ ပ်ဴယဥ္​​ေက်းမႈ ပစၥည္​းမ်ားသာမက ​ေက်ာက္​​ေခတ္​သစ္​ဆိုင္​ရာ (Neolithic Period) ​ေက်ာက္​​ေခ်ာလက္​နက္​ ကိရိယာမ်ားကိုလည္​း အမ်ားအျပား ​ေတြ႔႐ွိရပါသည္​။ ဟန္​လင္​းႀကီး ​ေဒသတဝိုက္​တြင္​ ​ေက်ာက္​​ေခ်ာ​ေခတ္​ ​ေက်ာက္​လက္​နက္​မ်ား၊ ​ေၾကး​ေခတ္​ ​ေၾကးလက္​နက္​မ်ား၊ ​ေၾကးစည္​းထုပ္​မ်ား၊ သံ​ေခတ္​ သံလက္​နက္​မ်ားအျပင္​ ပ်ဴစာပါ တံဆိပ္​တံုးမ​်ား၊ ပ်ဴအ႐ိုးအိုးမ်ား၊ လက္​စင္​းရာပါ အုတ္​ခ်ပ္​မ်ား၊ ​ေက်ာက္​ကြင္​းမ်ား၊ လက္​​ေကာက္​မ်ား၊ ​ေအာက္​​ေျခတိုင္​ပါ ​ေျမဆီမီးခြက္​မ်ားႏွင္​့ ပံုစံအမ်ိဳးမ်ိဳး အိုးမ​်ားကို ​ေတြ႔႐ွိရသည္​ျဖစ္​ရာ ဟန္​လင္​းႀကီး​ေဒသသည္​ ခရစ္​​ေတာ္​ မ​ေပၚမီ လြန္​ခဲ့သည္​့ ႏွစ္​​ေပါင္​း (၅၀၀၀) ခန္​႔ကစ၍ အစဥ္​တစိုက္​ ​ေနထိုင္​ခဲ့ၾက​ေသာ ​ေဒသႀကီးတစ္​ခုျဖစ္​​ေၾကာင္​းလည္​း ​သု​ေတသန အ​ေထာက္​အထားမ်ားက ၫႊန္​ျပ​ေန​ေပသည္​။

ကိုးကား

– ျမန္​မာ့​ေ႐ွး​ေဟာင္​းၿမိဳ႕​ေတာ္​မ်ား
– ​ေ႐ွး​ေဟာင္​းျမန္​မာ့ျမိဳ႕​ေတာ္​မ​်ား
– ​​ေ႐ွး​ေဟာင္​းျမန္​မာ့ၿမိဳ႕ရိုးစနစ္​ပံု
– ျမန္​မာ့စြယ္​စံုက်မ္​း


ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဟန်​လင်​းမြို့​ဟောင်​းအကြောင်း သိကောင်းစရာ (unicode)

ရေးသားသူ – မောင်ဘုန်းမာန် (ရွှေဘို)

ဟန်​လင်​းမြို့​ဟောင်​းသည်​ ​ရွှေဘိုခရိုင်​ ဝက်​လက်​ မြို့နယ်​အတွင်​း ​မြောက်​လတ္တီကျု (၂၂)ဒီဂရီ (၂၈) မိနစ်​နှင်​့ အ​ရှေ့​လောင်​ဂျီကျု (၉၅)ဒီဂရီ (၄၉)မိနစ်​ အကြားတွင်​ တည်​ရှိပါသည်​။ ​ရွှေဘိုမြို့၏ အ​ရှေ့ ​တောင်​ဘက်​ (၁၀)မိုင်​နှင်​့ (၅)ဖာလုံ အကွာတွင်​ တည်​ရှိပြီး မန္တ​လေးမှ မြစ်​ကြီးနားသို့သွား​သော မီးရထားလမ်​း​ပေါ်ရှိ မုဆိုးချုံဘူတာရွာမှ အ​ရှေ့ဘက်​ (၅)မိုင်​ခွဲခန်​႔ ကွာ​ဝေး၍ ​ကျောက်​လမ်​းဖြင်​့ ဆက်​သွယ်​ထားသည်​။ မန္တ​လေး-​ရွှေဘို ​မော်​​တော်​ကားလမ်​း​ပေါ်ရှိစိုင်​နိုင်​​ကွေ့မှ အ​ရှေ့ဘက်​ (၁၁)မိုင်​၊ ဝက်​လက်​မြို့မှ အ​ရှေ့ မြောက်​ဘက်​ (၆)မိုင်​ အကွာတွင်​ တည်​ရှိပါသည်​။

ဟန်​လင်​းမြို့​ဟောင်​းသည်​ ယ​နေ့​ခေတ်​ ဟန်​လင်​းကြီးရွာ၏ ​မြောက်​ဘက်​ (၂)ဖာလုံခန်​႔ အကွာတွင်​ တည်​ရှိသည်​။ ဟန်​လင်​းမြို့​ဟောင်​း၏ မြို့ရိုးမှာ စတုဂံပုံစံဖြစ်​၍ ​တောင်​​မြောက်​ အလျား​ပေ (၉၆၀၀) နှင်​့ အ​ရှေ့ အ​နောက်​ အနံ​ပေ (၅၈၀၀) ခန်​႔ ရှိပါသည်​။ အ​ရှေ့ဘက်​တွင်​ မြို့ရိုးနှစ်​ထပ်​ဖြစ်​ပြီး အပြင်​မြို့ရိုးနှင်​့ အတွင်​းမြို့ရိုးသည်​ ​မြောက်​စွန်​တွင်​ ​ပေ ၄၀ဝကွာ၍ ​တောင်​စွန်​တွင်​ ​ပေ ၅၀၀ ကွာသည်​။ အတွင်​းမြို့ရိုး၏ ပတ်​လည်​မှာ (၅.၄၂)မိုင်​ရှိပြီး မြို့အကျယ်​အဝန်​းမှာ စတုရန်​း (၁.၈)မိုင်​ ရှိသည်​။

မြို့ရိုးဗြက်​မှာ (၁၆)​ပေခန်​႔ရှိပြီး အမြင်​့မှာ ​မြေပြင်​မှ ပျမ်​းမျှ (၅)​ပေမျှသာ ကျန်​ရှိသည်​။ ​တောင်​ဘက်​မြို့ရိုးမှတစ်​ပါး ကျန်​သုံးဘက်​တွင်​ ကျုံးပတ်​လည်​ ဝန်​းရံထားသည်​။ သို့​သော်​ ကာလကြာမြင်​့ပြီဖြစ်​၍ အုတ်​မြို့ရိုးမှာ မထင်​မရှား ကုန်​းတန်​းမို့မို့သာ ကျန်​ရှိ​တော့ပြီး ကျုံးမှာလည်​း လုံးဝ​ကောလျက်​ရှိသည်​။ ထိုမြို့ရိုး၏ အတွင်​းပိုင်​း အလယ်​ဗဟိုမှ အ​ရှေ့​တောင်​ယွန်​းယွန်​း​ ​နေရာတွင်​ နန်​း​တော်​ကုန်​းဟု ​ခေါ်စမှတ်​ပြု​သော ​နေရာရှိသည်​။ ထိုနန်​း​တော်​ရာသည်​လည်​း ​ရှေးက အုတ်​မြို့ရိုး ကာရံလျက်​ရ​ွိရာ ယခုအခါ ​မြေမို့မို့သာ ​တွေ့ရ​တော့သည်​။ စတုရန်​းပုံရှိ​သော အတွင်​းမြို့ရိုး၏ အနံမှာ ​ပေ (၁၄၀၀)ခန်​႔ ရှည်​​လေသည်​။

ဟန်​လင်​း၏ အမည်​ (၆)မျိုး

ဇမ္ဗူကွန်​ချာကျမ်​းလာအရ-
၁။ ကကုသန်​ဘုရားအ​လောင်​း​တော်​ ဟင်္သာဖြစ်​ခဲ့ဖူး​သော အရပ်​ဖြစ်​၍ မဟာသမ္မတမင်း လက်​ထက်​တွင်​ ဟံသာဝတီ၊
၂။ ကကုသန်​ ဘုရားလက်​ထက်​တွင်​ မစ္ဆိမ (ပစ္ဆိမနဂရ)၊
၃။ ​ကောဏဂုံ ဘုရားလက်​ထက်​တွင်​ ဟံသာနဂရ၊

၄။ ကဿပ ဘုရားလက်​ထက်​တွင်​ ဂါမာဝတီ (ကာမဝတီ)၊
၅။ ​ဂေါတမ ဘုရားလက်​ထက်​တွင်​ ဟံလင်​းမ​ခေါက်​ (ဟလ္လမ​ခေါက်​)၊
၆။ ပျူတို့လက်​ထက်​တွင်​ ဟန်​လင်​း

ဟန်​လင်​း သမိုင်​းအကျဉ်​း

ဘ်ိုး​တော်​ဘုရားလက်​ထက်​ သာချင်​းဆရာကြီး ဦး​အောင်​ဖြိုး၏ ဟန်​လင်​းသမိုင်​း လင်္ကာ၌ မဇ္စျိမ​ဒေသ မဟာသမ္မတမင်​း၏ သား​တော်​လတ်​ ကရ​ဘော်​မင်​းသားက မြန်​မာပြည်​သို့ လာ​ရောက်​၍ ဟန်​လင်​း​ရွှေပြည်​ကို တည်​​ထောင်​မင်​းပြု​ကြောင်​း ဆိုပါသည်​။ ကရ​ဘော်​မင်​းသား စတင်​တည်​​ထောင်​ချိန်​က ဟံသာဝတီ မည်​တွင်​ပြီး မင်​းဆက်​ (၇၉၉)​ ပါး ရှိခဲ့​ကြောင်​း၊ ​နောက်​ဆုံးမင်​းသည်​ ပျူမင်​း ဗန္ဓဝ (မူကွဲ-ပျူ​စောထီး) ဟု​ ​ကျော်​ကြား​ကြောင်​း အကျယ်​တဝင်​့ နိဒါန်​းခံ၍ ​ဖော်​ပြ​ရေးသားထားသည်​။

ယင်​းပျူမင်​းလက်​ထက်​တွင်​ ညီ​တော်​ ပြုံးမင်​းဟူ၍ရှိ​ကြောင်​း၊ ညီ​တော်​ တစ်​ခါပြုံးတိုင်​း ​ကောင်​းကင်​ယံမှ ရတနာမိုး တစ်​ကြိမ်​ရွာသွန်​း​ကြောင်​း၊ ဤသို့​သော ထူးဆန်​းသည်​့ ဂုဏ်​သတင်​းကို သိရရန်​ တရုတ်​ပြည်​ ဦးတည်​မင်​းက သံ​စေလွှတ်​ စုံစမ်​းခဲ့​ကြောင်​း၊ ညီ​တော်​က မရီး​တော်​၏ တမလွန်​ဘဝ၌ ငရဲခံစားရမည်​ကို ဇာတိဿရဉာဏ်​ဖြင်​့ မြင်​မိသဖြင်​့ မပြုံးနိုင်​ မရယ်​နိုင်​ ဖြစ်​​နေခိုက်​ ​နောင်​​တော်​ ပျူမင်​း၏အမိန်​႔ကို မနာခံမိသကဲ့သို့ ဖြစ်​သွား​ကြောင်​း၊ ဤတွင်​ ​နောင်​​တော်​က အထင်​မှား၍ ရာဇမာန်​ပွားကာ ညီ​တော်​ကို ကွပ်​မျက်​​စေ​သော​ကြောင်​့ ဟန်​လင်​းကြီး၌ ပြာပူမိုးရွာပြီး ထီးသုဉ်​းနန်​းသုဉ်​း ဖြစ်​ခဲ့ရ​ကြောင်​း ​ဖော်​ပြပါရှိသည်​။

ခရစ်​နှစ်​ (၈)ရာစုနှင်​့ (၉)ရာစုကြား ကာလတွင်​ ဟန်​လင်​းမြို့​ဟောင်​းသည်​ မီး​လောင်​၍ ရုတ်​တရက်​ ပျက်​စီးခဲ့ရသည်​။ မီး​လောင်​ရသည်​့ အ​ကြောင်​းနှင်​့ ပတ်​သက်​၍ သမိုင်​းထွက်​ စကားများတွင်​ ပြာပူမိုး ရွာခြင်​း​ကြောင်​့ဟုသာ ဆိုသည်​။ ရန်​သူတိုက်​ခိုက်​ခြင်​း​ကြောင်​့ဟု မဆို​ချေ။ သု​တေသနပြုချက်​များအရ ပြင်​ပမှ ရန်​သူဝင်​​ရောက်​​ကြောင်​း ပြဆိုနိုင်​သည်​့ ဟန်​လင်​းယဉ်​​ကျေးမှုနှင်​့ မတူ​သော ယဉ်​​ကျေးမှု လက္ခဏာ အသစ်​အဆန်​းများကိုလည်​း ​မြေလွှာအ​ထောက်​အထား မ​တွေ့ရသဖြင်​့ မီး​လောင်​မှုသည်​ ရန်​သူတိုက်​ခိုက်​ခြင်​း​ကြောင်​့ဟု တစ်​ထစ်​ချ မဆိုနိုင်​ပါ။

မီး​လောင်​ပြီး​နောက်​ပိုင်​း အသစ်​တဖန်​ ပြန်​လည်​ ထူ​ထောင်​မှု မပြုခဲ့ကြ​ပေ။ မီးပင်​​လောင်​ကျွမ်​းငြား​သော်​လည်​း ယဉ်​​ကျေးမှုမှာ ရုတ်​တရက်​ ဆိတ်​သုဉ်​း​ပျောက်​ကွယ်​သွားဟန်​ မရှိပါ။ ခရစ်​နှစ်​ ၉-၁၀ ရာစုနှင်​့ ပုဂံ​ခေတ်​ဦးတိုင်​​အောင်​ပင်​ ဟန်​လင်​း၌ ပျူတို့သည်​ ​နောက်​တစ်​ကြိမ်​ မြို့ကြီးပြကြီး ထူ​ထောင်​ခြင်​း မပြုကြ​စေကာမူ ​ကျေးရွာများ၌ ဆက်​လက်​​နေထိုင်​ခဲ့ကြ​ပေသည်​။

မြန်​မာသက္ကရာဇ်​ ၆၄၇ ခုနှစ်​က ​ရေးထိုးခဲ့​သော သျှင်​ဒိသာပါ​မောက္ခ ​ကျောက်​စာတွင်​ သျှင်​ဒိသာပါ​မောက်​မ​ထေရ်​သည်​ တရုတ်​ပြည်​သို့ သွား​ရောက်​ရာတွင်​ ဟန်​လင်​း၌ စခန်​းချ​နေထိုင်​ခဲ့​ကြောင်​း ​ဖော်​ပြပါရှိသည်​။ ထိုစဉ်​က ဟန်​လင်​းသည်​ ရွာအဖြစ်​ ရှိ​နေခြင်​းဖြစ်​သည်​။ ဟံသာနဂရ ဟူ​သော အမည်​နှင်​့ ပတ်​သက်​၍ ​ရေစကြိုမြို့နယ်​ နွားထိန်​းရွာအနီးမှ တူး​ဖော်​ရရှိ​သော ​ကျောက်​စာတွင်​ ပျူမင်​းညီအစ်​ကို၊ ဟံသာနဂရ ဟူ​သော အမည်​ပါရှိ​ကြောင်​း ​တွေ့ရှိရသည်​။ (ယင်​း​ကျောက်​စာကို ယခုအခါတွင်​ ပုဂံ​ရှေး​ဟောင်​း သု​တေသနပြတိုက်​၌ ထိန်​းသိမ်​းထားရှိသည်​။)

ဟန်​လင်​းမြို့ တံခါးများ၊ ပတ်​ဝန်​းကျင်​ ​စေတီများ

ဟန်​လင်​းမြို့​ဟောင်​း သမိုင်​းဝင်​လင်္ကာအရ မြို့တံခါး (၂၄) ​ပေါက်​ ရှိ​သော်​လည်​း ယခုအခါ
– အ​ရှေ့ဘက်​တွင်​ ငပိအိုးတံခါး
– အ​နောက်​ဘက်​တွင်​ ပျားကြီး​တောင်​့တံခါး

– ​တောင်​ဘက်​တွင်​ တံခါး​တော်​
– ​မြောက်​ဘက်​တွင်​ တကန်​သာ
စ​သော တံခါးများသာ ကျန်​ရစ်​​တော့သည်​။

အ​နောက်​ဘက်​မြို့ရိုးနှင်​့ ကပ်​၍တည်​ထား​သော ​တောရဂူကြီးမှာ လွန်​ခဲ့​သော နှစ်​​ပေါင်​း (၁၀၀) ​ကျော်​ခန်​႔ကမှပင်​ မြို့ရိုးအုတ်​များကို အသုံးပြု၍ တည်​​ဆောက်​ထားဟန်​ တူသည်​။ ဟန်​လင်​းမြို့​ဟောင်​း၏ ​တောင်​ဘက်​၌ရှိ​သော ဟန်​လင်​းကြီးရွာ ပတ်​ဝန်​းကျင်​တွင်​မူ ​ရှေး​ဟောင်​းဘုရားမ​်ားကို ဖူး​တွေ့နိုင်​သည်​။

ယင်​းတို့အနက်​-
– သီရိဓမ္မာ​သောကမင်​းကြီး၏ ​ကောင်​းမှုဟု အဆိုရှိ​သော ​ရွှေကူကြီး​စေတီ၊
– ကျန်​စစ်​သားမင်​း၏ ​ကောင်​းမှုဖြစ်​​သော ​ရွှေအင်​ပင်​​စေတီ၊
– အ​လောင်​းစည်​သူမင်​း၏ ​ကောင်​းမှုဖြစ်​​သော ​ရွှေယပ်​​တော်​​စေတီ၊

– ဒါတင်္ဂရာဇ်​ အမတ်​ကြီး၏ ​ကောင်​းမှုဖြစ်​​သော ​ရွှေဂူသာ​စေတီနှင်​့
– သမန္တဘဒ္ဒရာ အမတ်​ကြီး၏ ​ကောင်​းမှုဖြစ်​​သော ​ရွှေပန်​း​နှော (​ရွှေပန်​း​တော) ​
စေတီများမှာ ထင်​ရှား​ကျော်​ကြားသည်​။

သမန္တဘဒ္ဒရာ အမတ်​ကြီး ​ရေးထိုး​သော ​ကျောက်​စာကို ​ထောက်​ရှု၍ ပုဂံ​ခေတ်​တွင်​ ဟန်​လင်​းမြို့ကို မြို့စားကြီး အုပ်​ချုပ်​ရ​ကြောင်​း သိရသည်​။

​ရှေး​ဟောင်​းသု​တေသန အ​ထောက်​အထားများနှင်​့ ဟန်​လင်​း

ဟန်​လင်​းမြို့​ဟောင်​းကို တူး​ဖော်​ကြရာတွင်​ ပျူယဉ်​​ကျေးမှု ပစ္စည်​းများသာမက ​ကျောက်​​ခေတ်​သစ်​ဆိုင်​ရာ (Neolithic Period) ​ကျောက်​​ချောလက်​နက်​ ကိရိယာများကိုလည်​း အများအပြား ​တွေ့ရှိရပါသည်​။ ဟန်​လင်​းကြီး ​ဒေသတဝိုက်​တွင်​ ​ကျောက်​​ချော​ခေတ်​ ​ကျောက်​လက်​နက်​များ၊ ​ကြေး​ခေတ်​ ​ကြေးလက်​နက်​များ၊ ​ကြေးစည်​းထုပ်​များ၊ သံ​ခေတ်​ သံလက်​နက်​များအပြင်​ ပျူစာပါ တံဆိပ်​တုံးမ​်ား၊ ပျူအရိုးအိုးများ၊ လက်​စင်​းရာပါ အုတ်​ချပ်​များ၊ ​ကျောက်​ကွင်​းများ၊ လက်​​ကောက်​များ၊ ​အောက်​​ခြေတိုင်​ပါ ​မြေဆီမီးခွက်​များနှင်​့ ပုံစံအမျိုးမျိုး အိုးမ​်ားကို ​တွေ့ရှိရသည်​ဖြစ်​ရာ ဟန်​လင်​းကြီး​ဒေသသည်​ ခရစ်​​တော်​ မ​ပေါ်မီ လွန်​ခဲ့သည်​့ နှစ်​​ပေါင်​း (၅၀၀၀) ခန်​႔ကစ၍ အစဉ်​တစိုက်​ ​နေထိုင်​ခဲ့ကြ​သော ​ဒေသကြီးတစ်​ခုဖြစ်​​ကြောင်​းလည်​း ​သု​တေသန အ​ထောက်​အထားများက ညွှန်​ပြ​နေ​ပေသည်​။

ကိုးကား

– မြန်​မာ့​ရှေး​ဟောင်​းမြို့​တော်​များ
– ​ရှေး​ဟောင်​းမြန်​မာ့မြို့​တော်​မ​်ား
– ​​ရှေး​ဟောင်​းမြန်​မာ့မြို့ရိုးစနစ်​ပုံ
– မြန်​မာ့စွယ်​စုံကျမ်​း

Leave a Reply