ပုဂံနဲ႔  ကူဘလိုင္ခန္ 

Posted on

ေရးသားသူ – ကိုေက်ာ္မင္းေအာင္

ပုဂံကိုေရာက္ရင္ပုဂံေခတ္ရဲ႕ႀကီးက်ယ္ခမ္းနားခဲ့တဲ့ အခ်ိန္ေတြကို ၿမန္မာလူမ်ိဳးတိုင္း ၿပန္ေျပာင္းသတိရမိၾကမွာျဖစ္သလိုလက္ရိွျမန္မာကုိ အထင္မႀကီးတဲ့နိုင္ငံျခားသားေတြေတာင္မွ လြန္ခဲ့တဲ့နွစ္ေပါင္း တေထာင္ေလာက္ ကျမန္မာေတြရဲ႕ၿမိဳ႕ေတာ္ေဟာင္းကိုၾကည့္ၿပီရင္သပ္ရူေမာ အ့ံၾသဘနန္းျဖစ္ၾကရမွာအေသအခ်ာပါပဲ။ ခန္႔႔ျငားထည္ဝါထုထည္ႀကီးမားၿပီး၊ လက္ရာလည္းေသသပ္ေကာင္းမြန္ လွတဲ့ လက္ညိူးထိုးမလြဲေတြ႕ရမယ့့္ဘုရားပုထိုးေတြ၊ယဥ္ေက်းမူအေဆာက္အဦေတြၾကည့့္ၿပီး ဒီေလာက္ႀကီးက်ယ္ခမ္းနားခဲ့တဲ့ နိုင္ငံတခုဟာ ဘယ္ပံု ဘယ္နည္းၾကမၼာဆိုးနဲ႔ႀကံဳၿပီး နိဂံုးကမၸတ္အဆံုးသတ္ခဲ့ရပါလိမ့္လို႔ ဆက္လက္ေတြးေတာမိၾကမွာပါ။

အေတာ္မ်ားမ်ားက နရသီဟပေတ့မင္းလက္ထက္မွာ မြန္ဂိုေတြလာတိုက္လို႔ ပုဂံပ်က္ရတယ္ဆိုတဲ့ အေၾကာင္းသိၾကၿပီးသားပါ။ ဒါေပမယ့္ပုဂံကို မြန္ဂိုေတြေရာက္ လာၿပီး အမွန္တကယ္ဖ်က္ဆီးခဲ့သလား ဆိုတာ က်ြန္ေတာ္ နည္းနည္းစိတ္ဝင္စားမိပါတယ္။ အဲဒီအတြက္ က်ြန္ေတာ္ လက္လွမ္း မီွသေလာက္ ဟိုစပ္စပ္ဒီစပ္စပ္ေလ့လာၾကည့္မိပါတယ္။

ေအဒီ၉ရာစုမွာ ဧရာဝတီျမစ္ဝွမ္းအလယ္ပိုင္းေဒသကို အမာခံယူၿပီး စတင္တည္ေထာင္ခဲ့တဲ့ျမန္မာတို႔ရဲ႕ပုဂံနိုင္ငံေတာ္ဟာ၁၁ရာစုအေစာပိုင္း ကာလမွာ ၿဖံဳေလာက္စရာ အင္အားေတာင္တင္းလာခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ တန္ခိုးၾသဇာယုတ္ေလ်ာ့လာၿပီျဖစ္တဲ့အရွင္သခင္ေဟာင္းနန္ေခ်ာင္ေတြရဲ႕ ေဘးရန္ကို လည္းထိထိေရာက္ေရာက္ ကာကြယ္ထားနိုင္ၿပီျဖစ္သလိုၿပိဳင္ဖက္ေတြျဖစ္တဲ့ခမာအင္ပါယာရဲ႕အေနာက္ဖက္သို႔နယ္ခ်ဲ့လာမူကို လည္းေဒါနေတာင္တန္းေတြမေက်ာ္ေအာင္ဟန္႔႔တားထားနိုင္ခဲ့ပါတယ္။

၁၂ရာစုအလယ္ပိုင္းေလာက္မွာေတာ့ ပုဂံရဲ႕ေ႐ႊေရာင္အေတာက္ပဆံုး အဖြ႔ံၿဖိဳးဆံုး အထြတ္အထိပ္ကာလေတြကိုေရာက္ရိွလာခဲ့ပါတယ္။ ဒါေပမယ့္ တိုက္တိုက္ဆိုင္ဆိုင္ အဲဒီကာလေလာက္မွာပဲ မထင္မရွား ကမာၻေၿမာက္ဖက္ပိုင္းေဒသရိွနို႔ေသာက္အမဲလိုက္ရင္းႀကီးျပင္းလာၾကတဲ့ ဆိတ္ေက်ာင္း၊ သိုးေက်ာင္းသူေတြေနထိုင္ၾကတဲ့မြန္ဂိုလီးယားျမက္ခင္း လြင္ျပင္တခုမွာ မၾကာခင္မွာအာရွနဲ႔အေရွ႕ဥေရာပနိုင္ငံေတြရဲ႕သမိုင္း ဘီးကို ေျပာင္းျပန္ လည္ေစေတာ့မွာျဖစ္တဲ့ ကေလးတဦးေမြးဖြားလာပါတယ္။ သူကေတာ့ေနာင္အခါမွာ နာမည္ၾကားယံုနဲ႔တင္ လူတကာဖိန္႔ဖိန္႔တုန္ သြားေစတဲ့ဂ်င္ဂစ္ခန္ပါပဲ။

ဂ်င္ဂစ္ခန္ဟာ အခ်င္းခ်င္းလွည့္ပတ္ရန္ျဖစ္ၿပီး တကြဲတျပားျဖစ္ေနတဲ့ မြန္ဂိုမ်ိဳးနြယ္စုေတြကို စစ္ပံုသြင္းၿပီးသူ႔ရဲ႕စစ္စည္းကမ္းေအာက္မွာ ေသနဂၤဗ်ဴဟာေျမာက္စြာတညီတၫြတ္တည္းစုစည္းနိုင္ခဲ့တဲ့အတြက္ဘယ္ေသာအခါကမွ ျမင္းစီးအမဲလိုက္သမား လူၾကမ္းသူရမ္း ေတြဘဝထက္ မပိုခဲ့တဲ့ေျမာက္ပိုင္းလူရိုင္းလူသြမ္းေတြဟာ ကမာၻထိပ္တန္းယဥ္ေက်းမူ လူ႔အဖြဲ႕အစည္းေတြကိုနင္းေျခဖ်က္ဆီးပစ္ေတာ့မယ့္အလြန္ေၾကာက္မက္ဖြယ္ရာေကာင္းတဲ့့စစ္ယႏၲရားတခုအျဖစ္ထြက္ေပၚလာခဲ့ပါတယ္။

၁၃ရာစု အစပိုင္းေအာက္မွာတင္ပဲ မြန္ဂိုေတြဟာ ဟိုအရင္အခါက သူတို႔ ထိကပါးရိကပါးေလာက္ပဲလုပ္ရဲတဲ့တရုပ္ေျမာက္ပိုင္း Jingအင္ပါယာႀကီးကို အျမစ္ကၿဖိဳလွဲလိုက္ပါတယ္။ အဲဒီအခ်ိန္ ပုဂံနိုင္ငံေတာ္ႀကီးမွာ နားေတာင္းမ်ားမင္းေခၚေဇယ်သိခၤဘုရင္ နန္းတက္ေနၿပီးပုဂံေခတ္ရဲ႕အသာယာအဝေျပာဆံုး၊ အၿငိမ္းခ်မ္းအသာယာဆံုး အခ်ိန္ကာလေတြျဖစ္ပါတယ္။ ထီးလိုမင္းလိုဘုရား၊ ေဂါေတာ့ပလႅင္စတဲ့ အႏုပညာလက္ရာေျမာက္ၿပီး ခန္႔ျငားထည္ဝါလွတဲ့ ဂူဘုရားေတြကို မင္းနဲ႔ျပည္သူလက္တြဲၿပီး တေပ်ာ္တပါးတည္ေနခ်ိန္ျဖစ္ပါတယ္။

ဂ်င္ဂစ္ခန္ရဲ႕အာသီသကတရုပ္ေျမာက္ပိုင္းကိုသိမ္းပ္ိုက္နိုင္ရံုနဲ႔ မတင္းတိမ္ပဲကမာၻအေနာက္ဖက္ကို ဆက္လက္စစ္ဆင္ပါတယ္။ ယေန႔ အီရန္၊ အာဖဂန္နစၥတန္၊ ဥဇဘက္ကစၥတန္၊ ကာဇက္စတန္နိုင္ငံ နယ္ေျမေတြပါဝင္တဲ့ Kwarazm အင္ပါယာႀကီးကို စိစိညက္ညက္ေခ်ၿပီး သ္ိမ္းပိုက္နိုင္ခဲ့ပါတယ္။အဲဒါေအဒီ၁၂၂၀ ဝန္းက်င္ေလာက္မွာပါ။ရုရွားေျမာက္ပိုင္းနဲ႔ယူကရိန္းကိုလည္းတိုက္ခိုက္သိမ္းပိုက္ခဲ့ၿပီးအျပန္မွာခရီးသြားဟန္လႊဲအေနနဲ႔ အိနၵိယေျမာက္ပိုင္းကို ဝင္တိုက္ၿပီးေဒလီၿမိဳ႕ေတာ္ကိုဖ်က္ဆီးခဲ့ပါတယ္။

ဂ်င္ဂစ္ခန္ဟာ ၁၂၂၇ ခုနွစ္မွာေသဆံုးသြားပါတယ္။ သူေသသြားေပမယ့္ ကမာၻႀကီးအတြက္က မေအးခ်မ္းသြားေသးပါဘူး။ သူ႔ကိုဆက္ခံတဲ့သူ႔သားနဲ႔ သူ႔ေျမးေတြကလည္း ဘမ်ိဳးဘိုးတူ သူ႔ထက္သူလူစြမ္းေကာင္းေတြခ်ည္းျဖစ္ေနပါတယ္။ သူ႔ရဲ႕အခ်စ္ဆံုးမိဖုရားႀကီးမွာ သားေလးေယာက္ ရိွတဲ့အနက္ တတိယသားအိုဂီတိုင္းကို သူ႔ကိုဆက္ခံသူျဖစ္ေစခ်င္တဲ့ အတိုင္းမြန္ဂိုေတြရဲ႕လႊတ္ေတာ္ညီလာခံျဖစ္တဲ့ Kuraltai ကလည္းေ႐ြးခ်ယ္ေပးခဲ့ပါတယ္။ သူ႔သားအိုဂီတိုင္း လက္ထက္မွာရုရွားက်န္နယ္ေျမေတြ ၊ ပိုလန္နဲ႔ ဟန္ေဂရီအထိ ဆက္လက္သိမ္းပိုက္ရယူပါတယ္။ ၁၂၄၁ခုနွစ္ မွာသူေသဆံုးၿပီးေနာက္သူ႔ကိုသူ႔သားGuyuk နဲ႔ ကူဘလိူင္ရဲ႕အကိုျဖစ္တဲ့ Monke တို႔အစဥ္လိုက္ ဆက္ခံၾကပါတယ္။ Monkeနဲ႔ ကူဘလိူင္တို႔ နွစ္ဦးက ဂ်င္ဂစ္ခန္ရဲ႕ထီးနန္းနဲ႔ေဝးခဲ့ရသူ အငယ္ဆံုးသားToluiရဲ႕သားေတြပါ။

သူတို႔လက္ထက္မွာေတာ့ အစၥလာမ္ယဥ္ေက်းမူအခ်က္အခ်ာ ဘကၠဒက္ၿမိဳ ႕ႀကီးတည္ရိွရာအီရတ္၊ မက္ဆိုပိုေတးမီးယား၊ ဆီးရီးယား၊ ယေန႔တူရကီနိုင္ငံ ရိွတဲ့အနာတိုလီးယားတို႔ဟာ မြန္ဂိုေတြရဲ႕လက္ေအာက္က်ေရာက္ကုန္ပါတယ္။ အကိုျဖစ္သူMonke လက္ထက္မွာကတည္းက ကူဘလိူင္ခန္ဟာ တရုပ္ေတာင္ပိုင္း Songအင္ပါယာကို တိုက္ခိုက္ေနခဲ့ပါတယ္။ ကူဘလိူင္ဟာ ထူးထူးျခားျခားတရုပ္နဲ႔အေရွ႕အာရွဖက္ကို ဓာတ္က်သူျဖစ္ပါတယ္။

၁၂၅၀ျပည႔့္လြန္နွစ္ေတြမွာ ဧကရာဇ္Monkeရဲ႕ အျခားညီတဦးျဖစ္တဲ့ Hulagu ဦးေဆာင္တဲ့ မြန္ဂိုစစ္တပ္ႀကီးက အာရွအေနာက္ေတာင္ပိုင္းအစၥလာမ္မစ္ နွလံုးသည္းပြတ္ေနရာေတြကိုေျခမြဖ်က္ဆီးေနတဲ့အခ်ိန္မွာ ကူဘလိူင္ခန္ ဦးေဆာင္တဲ့ မြန္ဂိုစစ္သည္ေတြကလည္း တရုပ္ျပည္ထဲမွာ အဆက္မျပတ္ စစ္ဆင္ေနၾကပါတယ္။ သူတို႔ဟာ Sung အင္ပါယာအေနာက္ဖက္ေဘးကေန ပန္းတက္သြားၿပီး ခက္ခဲၾကမ္းတမ္းတဲ့ေရခဲျပင္ေတြနဲ႔ လ်ိဳေျမႇာင္ေတြကို မိုင္ေပါင္းေထာင္ခ်ီျဖတ္ေက်ာ္ကာ တိဗက္နဲ႔ ယူနန္ျပည္နယ္မွာရိွတဲ့ ယခင္နန္ေခ်ာင္အင္ပါယာကို ဆက္ခံတဲ့ တာေလ နိုင္ငံကိုဝင္ေရာက္ တိုက္ခိုက္သိမ္းပိုက္ပါတယ္။

သူ႔ရဲ႕အဓိကရည္႐ြယ္ခ်က္က တရုပ္ေတာင္ပိုင္း Sung အင္ပါယာႀကီးကို အဖက္ဖက္က ဝိုင္းရံထားမိေစဖို႔ျဖစ္ပါတယ္။ ၁၂၆၀ ကူဘလိုင္ခန္ နန္းတက္တဲ့ အခ်ိန္မွာေတာ့ တာေလဟာမြန္ဂ္ိုပိုင္နက္ျဖစ္ေနၿပီၿဖစ္လို႔ပုဂံနိုင္ငံေတာ္နဲ ႔မြန္ဂိုအင္ပါယာဟာ နယ္နမိတ္ခ်င္း ထိစပ္လာၿပီၿဖစ္ပါတယ္။ အဲဒီအခ်ိန္ပုဂံမွာ နရသီဟပေတ့မင္း ထီးနန္းစိုးစံေနၿပီျဖစ္ပါတယ္။ သူဟာျပည္သူေတြ ႀကိဳက္နွစ္သက္သူတဦးမဟုတ္သလို တိုင္းျပည္ အုပ္ခ်ဳပ္ဖို႔အရည္အခ်င္းျပည့္စံုသူတဦးလည္းမဟုတ္ပါဘူး။ ပုဂံရဲ႕နိုင္ငံေရးအေျခအေနဟာလည္း အေနာက္ဖက္နဲ႔ေတာင္ဖက္မွာ ပုန္ကန္ထႂကြမူေတြေပၚေပါက္ေနတာေၾကာင့္ မတည္မၿငိမ္ျဖစ္ေနပါတယ္။

၁၂၇၆ ခုနွစ္မွာကူဘလိူင္ခန္ဟာ တရုပ္ေတာင္ပိုင္းက Sung အင္ပါယာ တခုလံုးကို သိမ္းပ္ိုက္နိုင္လိုက္တဲ့ အခ်ိန္မွာေတာ့ တရုပ္တနိုင္ငံလံုးဟာ မြန္ဂိုလက္ေအာက္က်ေရာက္သြားၿပီျဖစ္ပါတယ္။ သူဟာၿမိဳ႕ေတာ္ကို မြန္ဂိုလီးယားကေနပီကင္းကိုေ႐ႊ့ၿပီး သူ႔ကိုယ္သူ တရုပ္ဧကရာဇ္အျဖစ္ ခံယူကာ Yuan မင္းဆက္အသစ္ကိုထူေထာင္ပါတယ္။

၁၂၇၂ခုနွစ္မွာ ကူဘလိူင္ခန္ရဲ႕သံအဖြဲ႕ဟာ ပုဂံကိုသစၥာေပးဖို႔ ပထမဆံုး အႀကိမ္ေရာက္လာပါတယ္။ နရသီဟပေတ့မင္းက မြန္ဂိုေတြရဲ႕ ရာဇသံေပးမူကို လက္မခံပယ္ခ်ခဲ့ပါတယ္။ ၁၂၇၅ခုနွစ္မွာ ဒုတိယအႀကိမ္ ထပ္ေရာက္လာတဲ့အခါမွာေတာ့ မြန္ဂိုသံတမန္ေတြရဲ႕ေမာက္ေမာက္ မာမာေၿပာဆိုဆက္ဆံတာေတြကို သည္းမခံနိုင္တဲ့အဆံုး မြန္ဂိုသံေတြကို အျပန္လမ္းမွာေစာင့္ႀကိဳလုပ္ႀကံသတ္ျဖတ္ခဲ့ပါတယ္။

နရသီဟပေတ့ဟာ သူကိုယ္တိုင္က အရည္အခ်င္းမရိွေပမယ့္ သူ႔ကို ထိန္းေက်ာင္းတည့္မတ္ေပးမယ့္ ဥာဏ္အေျမာ္အျမင္နဲ႔ၿပည့္စံုတဲ့ ရာဇသၾကၤ္န္အမတ္ႀကီး နဲ႔ မီးဘုရားဖြားေစာတုိ႔ရိွပါတယ္။ အဲဒီအမတ္ႀကီးဟာ မစၦဂီရိနဲ႔ တနသၤာရီကပုန္ကန္မူေတြကို သြားေရာက္ နိွမ္နင္းခဲ့ၿပီး အျပန္ခရီးမွာေသဆံုးသြားတဲ့အတြက္ အခုအခါမွာေတာ့ နရသီဟပေတ့ဟာ အထိန္းအကြပ္မဲ့ စိတ္ထင္ရာလုပ္လို႔ရတဲ့အေျခအေန ေရာက္ေနပါၿပီ။

မြန္ဂိုသံေတြကို သတ္ျဖတ္ခဲ့ေပမယ့္အခ်ိန္အေတာ္ၾကာတဲ့အထိ ကူဘလိူင္ရဲ႕လက္စားေခ်တုန္႔႔ျပန္မူ တစံုတရာေရာက္ မလာတဲ့အတြက္ ၁၂၇၇ ခုနွစ္မွာနရသီဟပေတ့မင္းဟာ သူ႔ကိုယ္သူယံုၾကည္မူရိွစြာနဲ ႔ေျမာက္ဖက္နယ္ျခားက မြန္ဂိုၾသဇာခံလိုက္တဲ့ တိုင္ရွမ္းျပည္ တခုျဖစ္တဲ့ Kaungaiကို ပညာေပးဖို႔တိုက္ဆင္၁၂၀ ပါဝင္တဲ့စစ္တပ္ေတြ လႊတ္လိုက္ပါတယ္။ နယ္ျခားတေလ်ွာက္ျမင့္မား မတ္ေစာက္တဲ့လ်ိဳေျမာင္ ခ်ိဳင့္ဝွမ္းေတြကိုျဖတ္သန္းခ်ီတက္လာတဲ့ ျမန္မာတပ္ေတြကို တူရကီလူမ်ိဳးဗိုလ္ခ်ဳပ္နာစာအူဒင္ရဲ႕ျမင္းတပ္ေတြက Baoshan ေဒသမွာဆီးႀကိဳပိတ္ဆို႔တိုက္ခိုက္ပါတယ္။ မာကိုပိုလိုရဲ႕ေရးသားေဖာ္ျပထားခ်က္ အရဆိုရင္ျမန္မာတပ္ေတြဟာအင္အား၆၀၀၀၀ ရိွၿပီးတိုက္ဆင္၂၀၀၀ပါဝင္ပါတယ္။ နာစာအူဒင္မွာက ျမင္းတပ္သား ၁၂၀၀၀ရိွပါတယ္။

မြန္ဂိုျမင္းေတြဟာ သူတို႔တခါမွမျမင္ဘူးတဲ့ ဧရာမအေကာင္ႀကီးေတြ စူးစူးဝါးဝါးေအာ္ဟစ္ၿပီးသူတို႔ဆီဦးတည္လာတာ ကိုျမင္တဲ့အခါ ထိတ္ထိတ္ပ်ာပ်ာနဲ႔အေပၚကလူ ကိုခါခ်ၿပီးလွည့္ေျပးဖို႔ျပင္ၾက ပါတယ္။ အေတြ႕အႀကံဳႂကြယ္ဝတဲ့တူရကီ ဗိုလ္ခ်ဳပ္ကသူ႔တပ္ကို ဖရိုဖရဲျဖစ္မသြားေအာင္ အခ်ိန္မီထိန္းကြပ္လိုက္နိုင္ ပါတယ္။ သူ႔တပ္ကိုျပန္ဆုတ္ေစၿပီးေတာအုပ္ေတြထဲ ကိုယ္ေရာင္ေဖ်ာက္ေနကာၿမန္မာဆင္တပ္ေတြကို အကာအကာအကြယ္မဲ့ ကြင္းျပင္ေတြဆီ ဝင္လာေအာင္စစ္ျမႇူပါတယ္ ။

အဲဒီေနာက္မွာေတာ့ သတ္ကြင္းထဲဝင္လာတဲ့ ဆင္ေတြအေပၚျမႇားမိုးေတြ႐ြာခ်လိုက္တဲ့အခါမွာေတာ့ဒဏ္ရာအနာတရျဖစ္သြားတဲ့ ဆင္ေတြဟာေဒါသတႀကီးနဲ႔ မဲမဲျမင္သမ်ွအကုန္နင္းေျခ ပါေတာ့တယ္။ ကိုယ့္တပ္ကိုယ္ျပန္နင္းခံရၿပီးဝရုန္းသုန္းကားျဖစ္ေနတဲ့ ၿမန္မာတပ္ေတြအေပၚ မြန္ဂိုတပ္ေတြကလြယ့္လင့့္တကူပဲ အနိုင္ယူလိုက္နိုင္ပါတယ္။

အဲဒီတိုက္ပြဲမွာျမန္မာတပ္ေတြရဲ႕ဆံုးရံူးမူဟာ ေသးေသးေကြးေကြး ေတာ့ မဟုတ္ေလာက္ဘူးလို႔မွန္းဆၾကည့္လို႔ရပါတယ္။ (Wikipediaမွာ ၁၂၇၇ ခုမွာျဖစ္တဲ့ ဒီတိုက္ပြဲကိုငေဆာင္ခ်မ္းတိုက္ပြဲ လို႔ဆိုေပမယ့္ၿမန္မာရာဇဝင္ေတြအရ နဲ႔ေဒါက္တာသန္းထြန္းစာအုပ္ထဲမွာေတာ့ ၁၂၈၃ ခုနွစ္မွာၿဖစ္တဲ့စစ္ကိုသာ ရည္ၫႊန္းၾကပါတယ္။ မာကိုပိုလို မွတ္တမ္း တင္ခဲ့တဲ့တိုက္ပြဲဟာငေဆာင္ခ်မ္းတိုက္ပြဲမဟုတ္ပဲ အခုတိုက္ပြဲကို ပီကင္းနန္းေတာ္ထဲမွာသူၾကားသိရသမ်ွမွတ္တမ္းတင္ ထားျခင္းျဖစ္ပါတယ္။)

ကာလအေတာ္ၾကာကတည္းကပုဂံကိုပုန္ကန္ေနခဲ့တဲ့မုတၲမတနသၤာရီ ေဒသဟာ၁၂၈၁ ခုနွစ္အေရာက္မွာေတာ့ဝါရီရူးက မြန္မင္းဆက္အသစ္ကို တည္ေထာင္ၿပီး ပုဂံၾသဇာေအာက္ကရုန္းထြက္လိုက္ပါၿပီ။မြန္ဂိုေတြဟာ ၁၂၇၇ ခုနွစ္စစ္ပြဲၿပီးတဲ့ေနာက္ ၁၂၈၃ ခုနွစ္ စက္တင္ဘာလ က်မွျမန္မာကိုေနာက္တႀကိမ္လာတိုက္နိုင္ပါတယ္။ ၿမန္မာဖက္က ဗိုလ္ခ်ဳပ္ေတြျဖစ္တဲ့ အနႏၲပစၥည္းနဲ႔ရႏၲပစၥည္းတို႔က မြန္ဂိုတရုပ္တပ္ေတြကို ဧရာဝတီျမစ္ကိုျဖတ္ေက်ာ္မလာနိုင္ေအာင္ ဗန္းေမာ္ၿမိဳ႕အနီးက ဆီးႀကိဳခုခံပါတယ္။ ဒီဇင္ဘာလ၃ ရက္ေန႔မွာ ငေဆာင္ခ်မ္းတိုက္ပြဲႀကီးျဖစ္ပါတယ္။ ၿမန္မာတပ္ေတြ အေရးနိမ့္တယ္။

ဒီဇင္ဘာ၅ရက္ေန႔မွာေ႐ႊလီျမစ္ကမ္းဖက္က ခုခံေနတဲ့ ျမန္မာတပ္ေတြလည္း အေရးမလွျဖစ္ၿပီးေကာင္းစင္က်တယ္။ အဲဒီအခ်ိန္မွာ မြန္ဂိုတရုပ္ စစ္တျဖည္းျဖည္းနီး လာၿပီျဖစ္လို႔ နရသီပေတ့ လည္းသမိုင္းတေလ်ွာက္ တရုပ္ေျပးမင္းလို႔ဘြဲ႕အမည္တြင္သြားေစမယ့္ ေနျပည္ေတာ္ကိုစြန္႔ခြာၿပီးျပည္ကိုစုန္ေျပးပါတယ္။ ဒါေပမယ့္မြန္ဂိုေတြဟာ ပုဂံအထိေရာက္မလာပဲ ယခင္ျမန္မာၿမိဳ႕ေဟာင္းတေကာင္းကို သိမ္းယူကာသူတို႔ရရိွတဲ့ ၿမန္မာျပည္ေျမာက္ပိုင္းေျမအားလံုးကိုစုစည္းၿပီးက်န္မိယန္အမည္နဲ႔တရုပ္ျပည္နယ္သစ္ဖြဲ႕စည္းပါတယ္။

၁၂၈၄ ခုနွစ္မွာရွင္ဒိသာပါေမာက္ကို တရုပ္ျပည္ပီကင္းကို ၿငိမ္းခ်မ္းေရး စကားဆိုဖို႔သံတမန္အျဖစ္ေစလႊတ္ပါတယ္။ ၁၂၈၆ခုနွစ္ မွာ ကူလဘိုင္ခန္က ပုဂံကိုေနာက္တႀကိမ္ထပ္တိုက္ဖို ႔ေရာက္မလာခင္ေလးမွာပဲ မြန္ဂိုေတြထံ အည႔ံခံဖို႔ဆံုးျဖတ္ၿပီး ပုဂံကိုျပန္လာဖို႔ျပင္ေနတဲ့နရသီဟပေတ့ကို သူ႔သား ျပည္စားသီဟသူ ကလုပ္ႀကံသတ္ျဖတ္လိုက္ပါတယ္။

ဒီတခါမွာေတာ့ ကူဘလိူင္ခန္ရဲ႕ေျမးျဖစ္သူမင္းသား Esen temer ဦးေဆာင္တဲ့ မြန္ဂိုတပ္ေတြဟာပုဂံအထိေရာက္လာပါတယ္။ အုပ္ပ္ခ်ဳပ္သူကင္းမဲ့ၿပီး စြန္႔ပစ္ထားသလုိျဖစ္ေနတဲ့ ပုဂံျပည္ႀကီးဟာ အစကတည္းက အစိတ္စိတ္အႃမႊာႁမႊာၿပိဳကြဲၿပီးႀကိဳတင္ပ်က္စီးေနနွင့္ပါၿပီ။ မြန္ဂိုေတြဟာပူျပင္းတဲ့ ရာသီဥတုဒဏ္၊ အစာေရစာျပတ္လပ္မူနဲ႔ ငွက္ဖ်ားေရာဂါဒဏ္ေတြေၾကာင့္ေၾကာင့္ပုဂံမွာ သိပ္ၾကာၾကာမေနနိုင္ပဲျပန္ဆုတ္ခြာသြားၾကပါတယ္။

၁၂၈၉မွာ ခုနွစ္မွာနရသီဟပေတ့ရဲ႕သားတဦးျဖစ္တဲ့ ေက်ာ္စြာက ပုဂံဘုရင္အျဖစ္ ဆက္ခံၿပီး မြန္ဂုိဧကရာဇ္ထံ သူ႔သားသိဃၤပေတ့ကိုေစလႊတ္ၿပီးသစၥာခံယူပါတယ္။ ဒါေပမယ့္နိုင္ငံျခားၾသဇာခံလိုက္တဲ့ဘုရင္ကို ယခင္ ပုဂံတပ္မွဴးေတြျဖစ္ခဲ့တဲ့ ညီေနာင္သံုးဦးက၁၂၉၇ခုနွစ္မွာျဖဳတ္ခ်လိုက္ပါတယ္။ အဲဒီအတြက္မြန္ဂိုေတြဟာ၁၃၀၀ခုႏွစ္မွာေနာက္တႀကိမ္စစ္ခ်ီလာပါတယ္။ ညီေနာင္သံုးဦးရဲ႕ခံတပ္ၿမိဳ႕ေတြထဲက အေတာင့္တင္းဆံုးျဖစ္တဲ့ျမင္စိုင္းကို မြန္ဂိုတပ္ေတြေရာက္လာၿပီးပိတ္ဆို႔ဝန္းရံထားပါတယ္။ ဒါေပမယ့့္ မြန္ဂိုတပ္ေတြဟာျမင္စိုင္းကို မသိမ္းပိုက္နိုင္ပဲလွည့္ျပန္သြားၾကၿပီးေနာက္ပိုင္းမွာေတာ့ မြန္ဂိုဧကရာဇ္ဟာျမန္မာျပည္စစ္ဆင္ေရးကို အဆံုးတိုင္ ရပ္နားလိုက္ပါေတာ့တယ္။

မြန္ဂိုေတြဟာျမန္မာျပည္ထဲမွာ ပုဂံထီးနန္းၿပိဳလဲသြားတဲ့အတြက္ ေပၚေပါက္လာတဲ့ေလဟာနယ္ Power Vacuumေနရာကုိ အစားမထိုးႏိုင္ခဲ့ သလို ျမန္မာျပည္ကိုလည္း မြန္ဂိုအင္ပါယာထဲသြတ္သြင္းခဲ့ျခင္းမရိွပါဘူး။ ဒါေပမယ့္ မြန္ဂိုက်ဳးေက်ာ္မူကာလေတြအတြင္းမွာပဲ နွစ္ေပါင္းႏွစ္ရာေက်ာ္ၿငိမ္းခ်မ္းသာယာစြာတည္ရိွလာတဲ့ ပုဂံအင္ပါယာဟာ အစိတ္စိတ္ အမႊာမႊာကြဲေၾကသြားပါတယ္။

တခ်ိန္ကေနထိုင္သူ နွစ္သိန္းေက်ာ္ရိွခဲ့တဲ့ အလြန္စည္ကားခမ္းနားတဲ့ ပုဂံၿမိဳ႕ေတာ္ႀကီးဟာလည္း က်ီးနဲ႔ဘုတ္ဘုတ္ျဖစ္သြားၿပီး ေနာင္ဘယ္ေသာအခါမွ အရင္ပံုစံမ်ိဳးျပန္မရေတာ့ပါဘူး။ ႐ြာငယ္ဇနပုဒ္တခုအဆင့္ ေလ်ွာက်သြားပါတယ္။ ၿမန္မာနိုင္ငံအတြင္းမွာစင္ၿပိဳင္ၿမိဳ႕ျပႏုိင္ငံေတြေပၚထြက္လာပါတယ္။ သူတလူငါတမင္းနဲ႔လစ္ဟာသြားတဲ့ ပုဂံရဲ႕power vacuumကိုအစားထိုးနိုင္ဖို႔ သူ႔ထက္ငါအၿပိဳင္အဆိုင္ႀကိဳးစားၾကရင္း ေနာက္ထပ္ႏွစ္ေပါင္းနွစ္ရာေက်ာ္မၿငိမ္မသက္ျဖစ္သြားခဲ့ပါေတာ့တယ္။

(We are not historians but history- makers.So we can speak out our opnions.:)
Kyaw Min Aung


 ပုဂံနဲ့  ကူဘလိုင်ခန် (unicode)

ရေးသားသူ – ကိုကျော်မင်းအောင်

ပုဂံကိုရောက်ရင်ပုဂံခေတ်ရဲ့ကြီးကျယ်ခမ်းနားခဲ့တဲ့ အချိန်တွေကို မြန်မာလူမျိုးတိုင်း ပြန်ပြောင်းသတိရမိကြမှာဖြစ်သလိုလက်ရှိမြန်မာကို အထင်မကြီးတဲ့နိုင်ငံခြားသားတွေတောင်မှ လွန်ခဲ့တဲ့နှစ်ပေါင်း တထောင်လောက် ကမြန်မာတွေရဲ့မြို့တော်ဟောင်းကိုကြည့်ပြီရင်သပ်ရူမော အံ့ဩဘနန်းဖြစ်ကြရမှာအသေအချာပါပဲ။

ခန့်ငြားထည်ဝါထုထည်ကြီးမားပြီး၊ လက်ရာလည်းသေသပ်ကောင်းမွန် လှတဲ့ လက်ညိူးထိုးမလွဲတွေ့ရမယ့်ဘုရားပုထိုးတွေ၊ယဉ်ကျေးမူအဆောက်အဦတွေကြည့်ပြီး ဒီလောက်ကြီးကျယ်ခမ်းနားခဲ့တဲ့ နိုင်ငံတခုဟာ ဘယ်ပုံ ဘယ်နည်းကြမ္မာဆိုးနဲ့ကြုံပြီး နိဂုံးကမ္ပတ်အဆုံးသတ်ခဲ့ရပါလိမ့်လို့ ဆက်လက်တွေးတောမိကြမှာပါ။

အတော်များများက နရသီဟပတေ့မင်းလက်ထက်မှာ မွန်ဂိုတွေလာတိုက်လို့ ပုဂံပျက်ရတယ်ဆိုတဲ့ အကြောင်းသိကြပြီးသားပါ။ ဒါပေမယ့်ပုဂံကို မွန်ဂိုတွေရောက် လာပြီး အမှန်တကယ်ဖျက်ဆီးခဲ့သလား ဆိုတာ ကျွန်တော် နည်းနည်းစိတ်ဝင်စားမိပါတယ်။ အဲဒီအတွက် ကျွန်တော် လက်လှမ်း မှီသလောက် ဟိုစပ်စပ်ဒီစပ်စပ်လေ့လာကြည့်မိပါတယ်။

အေဒီ၉ရာစုမှာ ဧရာဝတီမြစ်ဝှမ်းအလယ်ပိုင်းဒေသကို အမာခံယူပြီး စတင်တည်ထောင်ခဲ့တဲ့မြန်မာတို့ရဲ့ပုဂံနိုင်ငံတော်ဟာ၁၁ရာစုအစောပိုင်း ကာလမှာ ဖြုံလောက်စရာ အင်အားတောင်တင်းလာခဲ့ပါတယ်။ အဲဒီအချိန်မှာ တန်ခိုးဩဇာယုတ်လျော့လာပြီဖြစ်တဲ့အရှင်သခင်ဟောင်းနန်ချောင်တွေရဲ့ ဘေးရန်ကို လည်းထိထိရောက်ရောက် ကာကွယ်ထားနိုင်ပြီဖြစ်သလိုပြိုင်ဖက်တွေဖြစ်တဲ့ခမာအင်ပါယာရဲ့အနောက်ဖက်သို့နယ်ချဲ့လာမူကို လည်းဒေါနတောင်တန်းတွေမကျော်အောင်ဟန့်တားထားနိုင်ခဲ့ပါတယ်။

၁၂ရာစုအလယ်ပိုင်းလောက်မှာတော့ ပုဂံရဲ့ရွှေရောင်အတောက်ပဆုံး အဖွံ့ဖြိုးဆုံး အထွတ်အထိပ်ကာလတွေကိုရောက်ရှိလာခဲ့ပါတယ်။ ဒါပေမယ့် တိုက်တိုက်ဆိုင်ဆိုင် အဲဒီကာလလောက်မှာပဲ မထင်မရှား ကမ္ဘာမြောက်ဖက်ပိုင်းဒေသရှိနို့သောက်အမဲလိုက်ရင်းကြီးပြင်းလာကြတဲ့ ဆိတ်ကျောင်း၊ သိုးကျောင်းသူတွေနေထိုင်ကြတဲ့မွန်ဂိုလီးယားမြက်ခင်း လွင်ပြင်တခုမှာ မကြာခင်မှာအာရှနဲ့အရှေ့ဥရောပနိုင်ငံတွေရဲ့သမိုင်း ဘီးကို ပြောင်းပြန် လည်စေတော့မှာဖြစ်တဲ့ ကလေးတဦးမွေးဖွားလာပါတယ်။ သူကတော့နောင်အခါမှာ နာမည်ကြားယုံနဲ့တင် လူတကာဖိန့်ဖိန့်တုန် သွားစေတဲ့ဂျင်ဂစ်ခန်ပါပဲ။

ဂျင်ဂစ်ခန်ဟာ အချင်းချင်းလှည့်ပတ်ရန်ဖြစ်ပြီး တကွဲတပြားဖြစ်နေတဲ့ မွန်ဂိုမျိုးနွယ်စုတွေကို စစ်ပုံသွင်းပြီးသူ့ရဲ့စစ်စည်းကမ်းအောက်မှာ သေနင်္ဂဗျူဟာမြောက်စွာတညီတညွတ်တည်းစုစည်းနိုင်ခဲ့တဲ့အတွက်ဘယ်သောအခါကမှ မြင်းစီးအမဲလိုက်သမား လူကြမ်းသူရမ်း တွေဘဝထက် မပိုခဲ့တဲ့မြောက်ပိုင်းလူရိုင်းလူသွမ်းတွေဟာ ကမ္ဘာထိပ်တန်းယဉ်ကျေးမူ လူ့အဖွဲ့အစည်းတွေကိုနင်းခြေဖျက်ဆီးပစ်တော့မယ့်အလွန်ကြောက်မက်ဖွယ်ရာကောင်းတဲ့စစ်ယန္တရားတခုအဖြစ်ထွက်ပေါ်လာခဲ့ပါတယ်။

၁၃ရာစု အစပိုင်းအောက်မှာတင်ပဲ မွန်ဂိုတွေဟာ ဟိုအရင်အခါက သူတို့ ထိကပါးရိကပါးလောက်ပဲလုပ်ရဲတဲ့တရုပ်မြောက်ပိုင်း Jingအင်ပါယာကြီးကို အမြစ်ကဖြိုလှဲလိုက်ပါတယ်။ အဲဒီအချိန် ပုဂံနိုင်ငံတော်ကြီးမှာ နားတောင်းများမင်းခေါ်ဇေယျသိင်္ခဘုရင် နန်းတက်နေပြီးပုဂံခေတ်ရဲ့အသာယာအဝပြောဆုံး၊ အငြိမ်းချမ်းအသာယာဆုံး အချိန်ကာလတွေဖြစ်ပါတယ်။ ထီးလိုမင်းလိုဘုရား၊ ဂေါတော့ပလ္လင်စတဲ့ အနုပညာလက်ရာမြောက်ပြီး ခန့်ငြားထည်ဝါလှတဲ့ ဂူဘုရားတွေကို မင်းနဲ့ပြည်သူလက်တွဲပြီး တပျော်တပါးတည်နေချိန်ဖြစ်ပါတယ်။

ဂျင်ဂစ်ခန်ရဲ့အာသီသကတရုပ်မြောက်ပိုင်းကိုသိမ်းပ်ိုက်နိုင်ရုံနဲ့ မတင်းတိမ်ပဲကမ္ဘာအနောက်ဖက်ကို ဆက်လက်စစ်ဆင်ပါတယ်။ ယနေ့ အီရန်၊ အာဖဂန်နစ္စတန်၊ ဥဇဘက်ကစ္စတန်၊ ကာဇက်စတန်နိုင်ငံ နယ်မြေတွေပါဝင်တဲ့ Kwarazm အင်ပါယာကြီးကို စိစိညက်ညက်ချေပြီး သိ်မ်းပိုက်နိုင်ခဲ့ပါတယ်။အဲဒါအေဒီ၁၂၂၀ ဝန်းကျင်လောက်မှာပါ။ရုရှားမြောက်ပိုင်းနဲ့ယူကရိန်းကိုလည်းတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးအပြန်မှာခရီးသွားဟန်လွှဲအနေနဲ့ အိန္ဒိယမြောက်ပိုင်းကို ဝင်တိုက်ပြီးဒေလီမြို့တော်ကိုဖျက်ဆီးခဲ့ပါတယ်။

ဂျင်ဂစ်ခန်ဟာ ၁၂၂၇ ခုနှစ်မှာသေဆုံးသွားပါတယ်။ သူသေသွားပေမယ့် ကမ္ဘာကြီးအတွက်က မအေးချမ်းသွားသေးပါဘူး။ သူ့ကိုဆက်ခံတဲ့သူ့သားနဲ့ သူ့မြေးတွေကလည်း ဘမျိုးဘိုးတူ သူ့ထက်သူလူစွမ်းကောင်းတွေချည်းဖြစ်နေပါတယ်။ သူ့ရဲ့အချစ်ဆုံးမိဖုရားကြီးမှာ သားလေးယောက် ရှိတဲ့အနက် တတိယသားအိုဂီတိုင်းကို သူ့ကိုဆက်ခံသူဖြစ်စေချင်တဲ့ အတိုင်းမွန်ဂိုတွေရဲ့လွှတ်တော်ညီလာခံဖြစ်တဲ့ Kuraltai ကလည်းရွေးချယ်ပေးခဲ့ပါတယ်။ သူ့သားအိုဂီတိုင်း လက်ထက်မှာရုရှားကျန်နယ်မြေတွေ ၊ ပိုလန်နဲ့ ဟန်ဂေရီအထိ ဆက်လက်သိမ်းပိုက်ရယူပါတယ်။ ၁၂၄၁ခုနှစ် မှာသူသေဆုံးပြီးနောက်သူ့ကိုသူ့သားGuyuk နဲ့ ကူဘလိူင်ရဲ့အကိုဖြစ်တဲ့ Monke တို့အစဉ်လိုက် ဆက်ခံကြပါတယ်။ Monkeနဲ့ ကူဘလိူင်တို့ နှစ်ဦးက ဂျင်ဂစ်ခန်ရဲ့ထီးနန်းနဲ့ဝေးခဲ့ရသူ အငယ်ဆုံးသားToluiရဲ့သားတွေပါ။

သူတို့လက်ထက်မှာတော့ အစ္စလာမ်ယဉ်ကျေးမူအချက်အချာ ဘက္ကဒက်မြို ႕ကြီးတည်ရှိရာအီရတ်၊ မက်ဆိုပိုတေးမီးယား၊ ဆီးရီးယား၊ ယနေ့တူရကီနိုင်ငံ ရှိတဲ့အနာတိုလီးယားတို့ဟာ မွန်ဂိုတွေရဲ့လက်အောက်ကျရောက်ကုန်ပါတယ်။ အကိုဖြစ်သူMonke လက်ထက်မှာကတည်းက ကူဘလိူင်ခန်ဟာ တရုပ်တောင်ပိုင်း Songအင်ပါယာကို တိုက်ခိုက်နေခဲ့ပါတယ်။ ကူဘလိူင်ဟာ ထူးထူးခြားခြားတရုပ်နဲ့အရှေ့အာရှဖက်ကို ဓာတ်ကျသူဖြစ်ပါတယ်။

၁၂၅၀ပြည့်လွန်နှစ်တွေမှာ ဧကရာဇ်Monkeရဲ့ အခြားညီတဦးဖြစ်တဲ့ Hulagu ဦးဆောင်တဲ့ မွန်ဂိုစစ်တပ်ကြီးက အာရှအနောက်တောင်ပိုင်းအစ္စလာမ်မစ် နှလုံးသည်းပွတ်နေရာတွေကိုခြေမွဖျက်ဆီးနေတဲ့အချိန်မှာ ကူဘလိူင်ခန် ဦးဆောင်တဲ့ မွန်ဂိုစစ်သည်တွေကလည်း တရုပ်ပြည်ထဲမှာ အဆက်မပြတ် စစ်ဆင်နေကြပါတယ်။ သူတို့ဟာ Sung အင်ပါယာအနောက်ဖက်ဘေးကနေ ပန်းတက်သွားပြီး ခက်ခဲကြမ်းတမ်းတဲ့ရေခဲပြင်တွေနဲ့ လျိုမြှောင်တွေကို မိုင်ပေါင်းထောင်ချီဖြတ်ကျော်ကာ တိဗက်နဲ့ ယူနန်ပြည်နယ်မှာရှိတဲ့ ယခင်နန်ချောင်အင်ပါယာကို ဆက်ခံတဲ့ တာလေ နိုင်ငံကိုဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ပါတယ်။

သူ့ရဲ့အဓိကရည်ရွယ်ချက်က တရုပ်တောင်ပိုင်း Sung အင်ပါယာကြီးကို အဖက်ဖက်က ဝိုင်းရံထားမိစေဖို့ဖြစ်ပါတယ်။ ၁၂၆၀ ကူဘလိုင်ခန် နန်းတက်တဲ့ အချိန်မှာတော့ တာလေဟာမွန်ဂ်ိုပိုင်နက်ဖြစ်နေပြီဖြစ်လို့ပုဂံနိုင်ငံတော်နဲ့မွန်ဂိုအင်ပါယာဟာ နယ်နမိတ်ချင်း ထိစပ်လာပြီဖြစ်ပါတယ်။ အဲဒီအချိန်ပုဂံမှာ နရသီဟပတေ့မင်း ထီးနန်းစိုးစံနေပြီဖြစ်ပါတယ်။ သူဟာပြည်သူတွေ ကြိုက်နှစ်သက်သူတဦးမဟုတ်သလို တိုင်းပြည် အုပ်ချုပ်ဖို့အရည်အချင်းပြည့်စုံသူတဦးလည်းမဟုတ်ပါဘူး။ ပုဂံရဲ့နိုင်ငံရေးအခြေအနေဟာလည်း အနောက်ဖက်နဲ့တောင်ဖက်မှာ ပုန်ကန်ထကြွမူတွေပေါ်ပေါက်နေတာကြောင့် မတည်မငြိမ်ဖြစ်နေပါတယ်။

၁၂၇၆ ခုနှစ်မှာကူဘလိူင်ခန်ဟာ တရုပ်တောင်ပိုင်းက Sung အင်ပါယာ တခုလုံးကို သိမ်းပ်ိုက်နိုင်လိုက်တဲ့ အချိန်မှာတော့ တရုပ်တနိုင်ငံလုံးဟာ မွန်ဂိုလက်အောက်ကျရောက်သွားပြီဖြစ်ပါတယ်။ သူဟာမြို့တော်ကို မွန်ဂိုလီးယားကနေပီကင်းကိုရွှေ့ပြီး သူ့ကိုယ်သူ တရုပ်ဧကရာဇ်အဖြစ် ခံယူကာ Yuan မင်းဆက်အသစ်ကိုထူထောင်ပါတယ်။

၁၂၇၂ခုနှစ်မှာ ကူဘလိူင်ခန်ရဲ့သံအဖွဲ့ဟာ ပုဂံကိုသစ္စာပေးဖို့ ပထမဆုံး အကြိမ်ရောက်လာပါတယ်။ နရသီဟပတေ့မင်းက မွန်ဂိုတွေရဲ့ ရာဇသံပေးမူကို လက်မခံပယ်ချခဲ့ပါတယ်။ ၁၂၇၅ခုနှစ်မှာ ဒုတိယအကြိမ် ထပ်ရောက်လာတဲ့အခါမှာတော့ မွန်ဂိုသံတမန်တွေရဲ့မောက်မောက် မာမာပြောဆိုဆက်ဆံတာတွေကို သည်းမခံနိုင်တဲ့အဆုံး မွန်ဂိုသံတွေကို အပြန်လမ်းမှာစောင့်ကြိုလုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။

နရသီဟပတေ့ဟာ သူကိုယ်တိုင်က အရည်အချင်းမရှိပေမယ့် သူ့ကို ထိန်းကျောင်းတည့်မတ်ပေးမယ့် ဥာဏ်အမြော်အမြင်နဲ့ပြည့်စုံတဲ့ ရာဇသင်္က်ြန်အမတ်ကြီး နဲ့ မီးဘုရားဖွားစောတို့ရှိပါတယ်။ အဲဒီအမတ်ကြီးဟာ မစ္ဆဂီရိနဲ့ တနင်္သာရီကပုန်ကန်မူတွေကို သွားရောက် နှိမ်နင်းခဲ့ပြီး အပြန်ခရီးမှာသေဆုံးသွားတဲ့အတွက် အခုအခါမှာတော့ နရသီဟပတေ့ဟာ အထိန်းအကွပ်မဲ့ စိတ်ထင်ရာလုပ်လို့ရတဲ့အခြေအနေ ရောက်နေပါပြီ။

မွန်ဂိုသံတွေကို သတ်ဖြတ်ခဲ့ပေမယ့်အချိန်အတော်ကြာတဲ့အထိ ကူဘလိူင်ရဲ့လက်စားချေတုန့်ပြန်မူ တစုံတရာရောက် မလာတဲ့အတွက် ၁၂၇၇ ခုနှစ်မှာနရသီဟပတေ့မင်းဟာ သူ့ကိုယ်သူယုံကြည်မူရှိစွာနဲ့မြောက်ဖက်နယ်ခြားက မွန်ဂိုဩဇာခံလိုက်တဲ့ တိုင်ရှမ်းပြည် တခုဖြစ်တဲ့ Kaungaiကို ပညာပေးဖို့တိုက်ဆင်၁၂၀ ပါဝင်တဲ့စစ်တပ်တွေ လွှတ်လိုက်ပါတယ်။ နယ်ခြားတလျှောက်မြင့်မား မတ်စောက်တဲ့လျိုမြောင် ချိုင့်ဝှမ်းတွေကိုဖြတ်သန်းချီတက်လာတဲ့ မြန်မာတပ်တွေကို တူရကီလူမျိုးဗိုလ်ချုပ်နာစာအူဒင်ရဲ့မြင်းတပ်တွေက Baoshan ဒေသမှာဆီးကြိုပိတ်ဆို့တိုက်ခိုက်ပါတယ်။ မာကိုပိုလိုရဲ့ရေးသားဖော်ပြထားချက် အရဆိုရင်မြန်မာတပ်တွေဟာအင်အား၆၀၀၀၀ ရှိပြီးတိုက်ဆင်၂၀၀ဝပါဝင်ပါတယ်။ နာစာအူဒင်မှာက မြင်းတပ်သား ၁၂၀၀ဝရှိပါတယ်။

မွန်ဂိုမြင်းတွေဟာ သူတို့တခါမှမမြင်ဘူးတဲ့ ဧရာမအကောင်ကြီးတွေ စူးစူးဝါးဝါးအော်ဟစ်ပြီးသူတို့ဆီဦးတည်လာတာ ကိုမြင်တဲ့အခါ ထိတ်ထိတ်ပျာပျာနဲ့အပေါ်ကလူ ကိုခါချပြီးလှည့်ပြေးဖို့ပြင်ကြ ပါတယ်။ အတွေ့အကြုံကြွယ်ဝတဲ့တူရကီ ဗိုလ်ချုပ်ကသူ့တပ်ကို ဖရိုဖရဲဖြစ်မသွားအောင် အချိန်မီထိန်းကွပ်လိုက်နိုင် ပါတယ်။ သူ့တပ်ကိုပြန်ဆုတ်စေပြီးတောအုပ်တွေထဲ ကိုယ်ရောင်ဖျောက်နေကာမြန်မာဆင်တပ်တွေကို အကာအကာအကွယ်မဲ့ ကွင်းပြင်တွေဆီ ဝင်လာအောင်စစ်မြှူပါတယ် ။

အဲဒီနောက်မှာတော့ သတ်ကွင်းထဲဝင်လာတဲ့ ဆင်တွေအပေါ်မြှားမိုးတွေရွာချလိုက်တဲ့အခါမှာတော့ဒဏ်ရာအနာတရဖြစ်သွားတဲ့ ဆင်တွေဟာဒေါသတကြီးနဲ့ မဲမဲမြင်သမျှအကုန်နင်းခြေ ပါတော့တယ်။ ကိုယ့်တပ်ကိုယ်ပြန်နင်းခံရပြီးဝရုန်းသုန်းကားဖြစ်နေတဲ့ မြန်မာတပ်တွေအပေါ် မွန်ဂိုတပ်တွေကလွယ့်လင့်တကူပဲ အနိုင်ယူလိုက်နိုင်ပါတယ်။

အဲဒီတိုက်ပွဲမှာမြန်မာတပ်တွေရဲ့ဆုံးရူံးမူဟာ သေးသေးကွေးကွေး တော့ မဟုတ်လောက်ဘူးလို့မှန်းဆကြည့်လို့ရပါတယ်။ (Wikipediaမှာ ၁၂၇၇ ခုမှာဖြစ်တဲ့ ဒီတိုက်ပွဲကိုငဆောင်ချမ်းတိုက်ပွဲ လို့ဆိုပေမယ့်မြန်မာရာဇဝင်တွေအရ နဲ့ဒေါက်တာသန်းထွန်းစာအုပ်ထဲမှာတော့ ၁၂၈၃ ခုနှစ်မှာဖြစ်တဲ့စစ်ကိုသာ ရည်ညွှန်းကြပါတယ်။ မာကိုပိုလို မှတ်တမ်း တင်ခဲ့တဲ့တိုက်ပွဲဟာငဆောင်ချမ်းတိုက်ပွဲမဟုတ်ပဲ အခုတိုက်ပွဲကို ပီကင်းနန်းတော်ထဲမှာသူကြားသိရသမျှမှတ်တမ်းတင် ထားခြင်းဖြစ်ပါတယ်။)

ကာလအတော်ကြာကတည်းကပုဂံကိုပုန်ကန်နေခဲ့တဲ့မုတ္တမတနင်္သာရီ ဒေသဟာ၁၂၈၁ ခုနှစ်အရောက်မှာတော့ဝါရီရူးက မွန်မင်းဆက်အသစ်ကို တည်ထောင်ပြီး ပုဂံဩဇာအောက်ကရုန်းထွက်လိုက်ပါပြီ။မွန်ဂိုတွေဟာ ၁၂၇၇ ခုနှစ်စစ်ပွဲပြီးတဲ့နောက် ၁၂၈၃ ခုနှစ် စက်တင်ဘာလ ကျမှမြန်မာကိုနောက်တကြိမ်လာတိုက်နိုင်ပါတယ်။ မြန်မာဖက်က ဗိုလ်ချုပ်တွေဖြစ်တဲ့ အနန္တပစ္စည်းနဲ့ရန္တပစ္စည်းတို့က မွန်ဂိုတရုပ်တပ်တွေကို ဧရာဝတီမြစ်ကိုဖြတ်ကျော်မလာနိုင်အောင် ဗန်းမော်မြို့အနီးက ဆီးကြိုခုခံပါတယ်။ ဒီဇင်ဘာလ၃ ရက်နေ့မှာ ငဆောင်ချမ်းတိုက်ပွဲကြီးဖြစ်ပါတယ်။ မြန်မာတပ်တွေ အရေးနိမ့်တယ်။

ဒီဇင်ဘာ၅ရက်နေ့မှာရွှေလီမြစ်ကမ်းဖက်က ခုခံနေတဲ့ မြန်မာတပ်တွေလည်း အရေးမလှဖြစ်ပြီးကောင်းစင်ကျတယ်။ အဲဒီအချိန်မှာ မွန်ဂိုတရုပ် စစ်တဖြည်းဖြည်းနီး လာပြီဖြစ်လို့ နရသီပတေ့ လည်းသမိုင်းတလျှောက် တရုပ်ပြေးမင်းလို့ဘွဲ့အမည်တွင်သွားစေမယ့် နေပြည်တော်ကိုစွန့်ခွာပြီးပြည်ကိုစုန်ပြေးပါတယ်။ ဒါပေမယ့်မွန်ဂိုတွေဟာ ပုဂံအထိရောက်မလာပဲ ယခင်မြန်မာမြို့ဟောင်းတကောင်းကို သိမ်းယူကာသူတို့ရရှိတဲ့ မြန်မာပြည်မြောက်ပိုင်းမြေအားလုံးကိုစုစည်းပြီးကျန်မိယန်အမည်နဲ့တရုပ်ပြည်နယ်သစ်ဖွဲ့စည်းပါတယ်။

၁၂၈၄ ခုနှစ်မှာရှင်ဒိသာပါမောက်ကို တရုပ်ပြည်ပီကင်းကို ငြိမ်းချမ်းရေး စကားဆိုဖို့သံတမန်အဖြစ်စေလွှတ်ပါတယ်။ ၁၂၈၆ခုနှစ် မှာ ကူလဘိုင်ခန်က ပုဂံကိုနောက်တကြိမ်ထပ်တိုက်ဖို့ရောက်မလာခင်လေးမှာပဲ မွန်ဂိုတွေထံ အညံ့ခံဖို့ဆုံးဖြတ်ပြီး ပုဂံကိုပြန်လာဖို့ပြင်နေတဲ့နရသီဟပတေ့ကို သူ့သား ပြည်စားသီဟသူ ကလုပ်ကြံသတ်ဖြတ်လိုက်ပါတယ်။

ဒီတခါမှာတော့ ကူဘလိူင်ခန်ရဲ့မြေးဖြစ်သူမင်းသား Esen temer ဦးဆောင်တဲ့ မွန်ဂိုတပ်တွေဟာပုဂံအထိရောက်လာပါတယ်။ အုပ်ပ်ချုပ်သူကင်းမဲ့ပြီး စွန့်ပစ်ထားသလိုဖြစ်နေတဲ့ ပုဂံပြည်ကြီးဟာ အစကတည်းက အစိတ်စိတ်အမြွှာမြွှာပြိုကွဲပြီးကြိုတင်ပျက်စီးနေနှင့်ပါပြီ။ မွန်ဂိုတွေဟာပူပြင်းတဲ့ ရာသီဥတုဒဏ်၊ အစာရေစာပြတ်လပ်မူနဲ့ ငှက်ဖျားရောဂါဒဏ်တွေကြောင့်ကြောင့်ပုဂံမှာ သိပ်ကြာကြာမနေနိုင်ပဲပြန်ဆုတ်ခွာသွားကြပါတယ်။

၁၂၈၉မှာ ခုနှစ်မှာနရသီဟပတေ့ရဲ့သားတဦးဖြစ်တဲ့ ကျော်စွာက ပုဂံဘုရင်အဖြစ် ဆက်ခံပြီး မွန်ဂိုဧကရာဇ်ထံ သူ့သားသိင်္ဃပတေ့ကိုစေလွှတ်ပြီးသစ္စာခံယူပါတယ်။ ဒါပေမယ့်နိုင်ငံခြားဩဇာခံလိုက်တဲ့ဘုရင်ကို ယခင် ပုဂံတပ်မှူးတွေဖြစ်ခဲ့တဲ့ညီနောင်သုံးဦးက၁၂၉၇ခုနှစ်မှာဖြုတ်ချလိုက်ပါတယ်။ အဲဒီအတွက်မွန်ဂိုတွေဟာ၁၃၀ဝခုနှစ်မှာနောက်တကြိမ်စစ်ချီလာပါတယ်။ ညီနောင်သုံးဦးရဲ့ခံတပ်မြို့တွေထဲက အတောင့်တင်းဆုံးဖြစ်တဲ့မြင်စိုင်းကို မွန်ဂိုတပ်တွေရောက်လာပြီးပိတ်ဆို့ဝန်းရံထားပါတယ်။ ဒါပေမယ့် မွန်ဂိုတပ်တွေဟာမြင်စိုင်းကို မသိမ်းပိုက်နိုင်ပဲလှည့်ပြန်သွားကြပြီးနောက်ပိုင်းမှာတော့ မွန်ဂိုဧကရာဇ်ဟာမြန်မာပြည်စစ်ဆင်ရေးကို အဆုံးတိုင် ရပ်နားလိုက်ပါတော့တယ်။

မွန်ဂိုတွေဟာမြန်မာပြည်ထဲမှာ ပုဂံထီးနန်းပြိုလဲသွားတဲ့အတွက် ပေါ်ပေါက်လာတဲ့လေဟာနယ် Power Vacuumနေရာကို အစားမထိုးနိုင်ခဲ့ သလို မြန်မာပြည်ကိုလည်း မွန်ဂိုအင်ပါယာထဲသွတ်သွင်းခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့် မွန်ဂိုကျုးကျော်မူကာလတွေအတွင်းမှာပဲ နှစ်ပေါင်းနှစ်ရာကျော်ငြိမ်းချမ်းသာယာစွာတည်ရှိလာတဲ့ ပုဂံအင်ပါယာဟာ အစိတ်စိတ် အမွှာမွှာကွဲကြေသွားပါတယ်။

တချိန်ကနေထိုင်သူ နှစ်သိန်းကျော်ရှိခဲ့တဲ့ အလွန်စည်ကားခမ်းနားတဲ့ ပုဂံမြို့တော်ကြီးဟာလည်း ကျီးနဲ့ဘုတ်ဘုတ်ဖြစ်သွားပြီး နောင်ဘယ်သောအခါမှ အရင်ပုံစံမျိုးပြန်မရတော့ပါဘူး။ ရွာငယ်ဇနပုဒ်တခုအဆင့် လျှောကျသွားပါတယ်။ မြန်မာနိုင်ငံအတွင်းမှာစင်ပြိုင်မြို့ပြနိုင်ငံတွေပေါ်ထွက်လာပါတယ်။ သူတလူငါတမင်းနဲ့လစ်ဟာသွားတဲ့ ပုဂံရဲ့power vacuumကိုအစားထိုးနိုင်ဖို့ သူ့ထက်ငါအပြိုင်အဆိုင်ကြိုးစားကြရင်း နောက်ထပ်နှစ်ပေါင်းနှစ်ရာကျော်မငြိမ်မသက်ဖြစ်သွားခဲ့ပါတော့တယ်။

(We are not historians but history- makers.So we can speak out our opnions.:)
Kyaw Min Aung

Leave a Reply