
Posted on

Via : Sai Mon

လက်ဆောင်(၁)


လက်ဆောင်(၂)
မေတ္တာလက်ဆောင်


လက်ဆောင်(၃)
ရယ်မောခြင်းလက်ဆောင်


လက်ဆောင်(၄)
ရေးထားတဲ့စာလက်ဆောင်


လက်ဆောင်(၅)



လက်ဆောင်(၆)


လက်ဆောင်(၇)


လက်ဆောင်(၈)




ပိုက်ဆံတစ်ပြားမှ မကုန်တဲ့လက်ဆောင်(၈)မျိုး (unicode)

Via : Sai Mon
လက်ဆောင်(၁)
နားထောင်ခြင်းလက်ဆောင်

နားထောင်တယ်ဆိုတဲ့နေရာမှာ လေးလေးစားစားနားထောင်ရမယ်။ကြားဖြတ်ပြီး မပြောရဘူး တွေးငေးစိတ်ကူးနေတာမဖြစ်ရဘူး ဘယ်လိုတုံပြန်ပြောမယ်ဆိုပြီး စိတ်ထဲမှာကြိုတင်စိစဉ်မနေရဘူး နားထောင်ပေးခြင်းသက်သက်ပဲ

လက်ဆောင်(၂)
မေတ္တာလက်ဆောင်

ပွေ့ဖက်တာ၊အနမ်းကလေးတွေ၊ကျောပြင်လေးကို ပုတ်ပေးတာ၊လက်ကလေးကိုင်တာ၊အဲဒီ အပြုအမူကလေးတွေက ကိုယ့်မိသားစုနဲ့ သူငယ်ချင်းတွေအတွက် ကိုယ့်အချစ်ကို ဖော်ပြပေးရာတာမို့ ရက်ရောစွာပေးပါတဲ့

လက်ဆောင်(၃)
ရယ်မောခြင်းလက်ဆောင်

ကာတွန်းကလေးတွေ ဆောင်းပါးကလေးတွေနဲ့ ရယ်စရာ ပုံပြင်လေးတွေ မျှဝေးပေးပါတဲ့ အဲဒီလက်ဆောင်ကလေးက ကိုယ် မင်းနဲ.အတူရယ်မောရတာကို နှစ်သက်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါတဲ့

လက်ဆောင်(၄)
ရေးထားတဲ့စာလက်ဆောင်

ရိုးရိုးကလေးလည်းဖြစ်နိုင်တယ်…….”ကူညီပေးတဲ့အတွက် ကျေးဇူးပါ”ဆိုတာမျိုးလေ၊ဒါမှမဟုတ် ကဗျာလေးတစ်ပုဒ်…..၊ကိုယ့်လက်ရေးနဲ.ရေးထားတဲ့ စာတိုကလေးတစ်စောင်ဖြစ်ဖြစ် ဘဝတစ်သက်စာ အမှတ်တရ ဖြစ်စေနိုင်ပါတယ်၊ ဘဝကိုတောင် ပြောင်းလဲစေနိုင်ပါတယ်တဲ့

လက်ဆောင်(၅)
ချီးမွမ်းစကားလက်ဆောင်
ဥပမာ….”အဖြူရာင်လေးနဲ့ လိုက်တယ်နော်” “မင်းအကောင်းဆုံး လုပ်ခဲ့တာပဲနော်”ဆိုတဲ့စကားလေးတွေက လူတစ်ယောက်အတွက် အဓိပ္ပာယ်ရှိတဲ့ နေ.တစ်နေ.ဖြစ်စေပါတယ်တဲ့

လက်ဆောင်(၆)
တစ်ခုခုလုပ်ဆောင်ပေးလိုက်တဲ့လက်ဆောင်
နေ့တိုင်းကြင်နာမှုလေးတွေပေးပါတဲ့၊တစ်ခုခုလုပ်ပေးပါတဲ့

လက်ဆောင်(၇)
ထီးထီးနေခွင့်လက်ဆောင်

တစ်ခါတရံ တစ်ယောက်တည်းနေရတာထက် ပိုကောင်းတာ ဘာမှမရှိဘူးမျိုး ကိုယ့်မှာလည်ရှိသလို တခြားသူတွေအတွက်လည်း အဲဒီ အခွင့်အရေးလက်ဆောင်ကို ပေးပေးပါတဲ့၊ ကိုယ့်ကြောင့် အနှောက်အယှက် မဖြစ်စေချင်တဲ့ စေတနာမျိုးပေါ့

လက်ဆောင်(၈)
ချိုသာရွှင်ပျတဲ့ အကျင့်စရိုက်လက်ဆောင်

အလွယ်ဆုံးနည်းလမ်းက တစ်ယောက်ယောက်ကို နူးညံ့ချိုသာတဲ့ စကားတစ်ခွန်းလောက် ပြောပေးပါတဲ့ ဥပမာ…….”ကျေးဇူးပါ” “သူငယ်ချင်း မင်္ဂလာပါ”ဆိုတာလေးတွေပေါ့…..

အဲဒါဆိုရင်တော့သင်ဘာလုပ်လုပ်..သင့်ဘေးမှာအပေါင်းအသင်းမိတ်ဆွေ ဝိုင်းဝိုင်းလည်နေမှာပါ..

Leave a Reply