ဗာတီကန္ အေစာင့္တပ္ေတာ္ (သုိ႔) ပုပ္ရဟန္းမင္းႀကီးကို အသက္ေပး ကာကြယ္ေပးမည့္သူမ်ား

Posted on

ေရးသားသူ – Knight_Cross (MNJ)

ဗာတီကန္စီးတီးဆိုတာ ကမာၻေပၚမွာ အေသးငယ္ဆံုး ႏိုင္ငံေလးေပါ့။ ခရစ္ယာန္သာသနာရဲ႕ ေခါင္ခ်ဳပ္ျဖစ္တဲ့ ပုပ္ရဟန္းမင္းႀကီးပိုင္ ေနရာေပါ့ဗ်ာ။ ဗာတီကန္ကို အလည္သြားရင္ ေခတ္ေဟာင္းျပဇာတ္ထဲကလို အဝတ္အစားေတြနဲ႔ အုပ္စုကို သင္အရင္ဆံုးျမင္မိမွာပါ။ သင့္အေနနဲ႔ထင္ေကာင္းထင္မိလိမ့္မယ္ဗ်။ အဲ့လူေတြက ျပဇာတ္ထဲကလူေတြရယ္လို႔…။ တကယ္တမ္းေတာ့ အဲ့ဒီလိုမဟုတ္ဘူးဗ်။ အဲ့ဒီေၾကာင္ေၾကာင္က်ားက်ား ဝတ္စံုနဲ႔လူေတြဟာ ဗာတီကန္စီးတီးရဲ႕ ထိပ္တန္းအဆင့္ တပ္ဖြဲ႔တခုျဖစ္ပါတယ္။

အဲ့ဒီတပ္ဖြဲ႔ဟာ ေ႐ွးမူမပ်က္ လွံ႐ွည္ေတြကို ကိုင္ေဆာင္ထားၿပီး လွံသိုင္းကို ကြၽမ္းက်င္သလို ေခတ္သစ္လက္နက္ေတြကိုလည္း ကြၽမ္းက်င္စြာ ကိုင္တြယ္ပစ္ခတ္ႏိုင္သူမ်ား ျဖစ္ၾကပါတယ္။ ထိုအေစာင့္တပ္ကို ” swiss guard ” လို႔ေခၚၾကၿပီး ဆြစ္လူမ်ိဳးေတြနဲ႔သာ ဖြဲ႔စည္းထားပါတယ္။ နည္းနည္းေတာ့ ထူးဆန္းမေနဘူးလားဗ်ာ။ အီတလီမွာ ႐ွိတဲ့ ဗာတီကန္စီးတီးက ပုပ္ရဟန္းမင္းႀကီးဟာ အနီးအနားမွာ ႐ွိတဲ့အီတလီစစ္သားေတြကို မသံုးပဲ ဆြစ္ဇာလန္စစ္သားေတြကို သံုးေနရတာပါလိမ့္။

အဲ့ဒီအေၾကာင္းကို သိခ်င္ေတာ့ သမိုင္းကို ျပန္လွန္လိုက္တယ္။ ၁၄ရာစုေလာက္မွာ ဆြစ္ဇာလန္ေတြဟာ ေၾကးစားစစ္သားေတြ ပါတဲ့ဗ်ာ။ သူတို႔ဟာ ငွါးတဲ့သူေတြဖက္ကလိုက္ၿပီး စစ္တိုက္က်တဲ့အခါ ထူးခြၽန္ေျပာင္ေျမာက္တဲ့ အစြမ္းေတြျပႏိုင္ၿပီး ကိုယ့္ထက္အင္အားႀကီးတဲ့ ရန္သူကို အႏိုင္ယူႏိုင္ေလာက္ေအာင္လည္း ၾကံရည္ဖန္ရည္ ေကာင္းပါသတဲ့။ သူတို႔ဟာ ေရာမအင္ပါယာႀကီး အတြက္လည္း မၾကာခဏတိုက္ခိုက္ေပးၾကသလို ဆြစ္တပ္ဖြဲ႔ဟာ အထူးတပ္ဖြဲ႔တခုလို တည္႐ွိေနပါတယ္။

၁၅ရာစုေလာက္မွာ ပုပ္ရဟန္းမင္းႀကီးရဲ႕ ကိုယ္ပိုင္ တပ္ဖြဲ႔သီးသန္႔မ႐ွိေသးဘူးဗ်။ ၁၅၀၅ ခုႏွစ္မွာ ပုပ္ရဟန္းမင္းႀကီး ဂ်ဴးလီးယပ္၂ဟာ ကိုယ္ပိုင္တပ္ဖြဲ႔ေလးတခု ပိုင္ဆိုင္ဖို႔ ဆႏၵ႐ွိတဲ့အတြက္ ဆြစ္ဇာလန္ကို လွမ္းၿပီး အေၾကာင္းၾကားလိုက္ပါတယ္။ ဆြစ္ဇာလန္ဖက္ကလည္း ပုပ္ရဟန္းမင္းႀကီးရဲ႕ စာကိုရၿပီးၿပီးခ်င္း ဗာတီကန္သို႔တပ္သားအခ်ိဳ႕ ေပးပို႔ခဲ့ရာ သံုးလအၾကာတြင္ ေရာက္႐ွိလာခဲ့ၿပီး ၁၅၀၆ခုႏွစ္ ဇန္နဝါရီလ ၂၂တြင္ ဗာတီကန္အေစာင့္တပ္ swiss guardကို တရားဝင္စတင္ဖြဲ႔စည္းခဲ့ပါတယ္။

၁၅၂၇ခုႏွစ္ ေမလမွာေတာ့ ခ်ား၅ ဘုရင္ဟာ ေရာမကို လာေရာက္တိုက္ခိုက္ဖ်က္ဆီးရာ စိန္႔ပီတာဘတ္ဆီလီယာကိုလည္း က်ဴးေက်ာ္ခဲ့ပါတယ္။ ထိုအခါမွာ ဆြစ္တပ္ဖြဲ႔ဟာ ပုပ္ရဟန္းမင္းႀကီး ကလီးမန္႔၇ ကို မိုင္ဝက္အကြာမွာ႐ွိတဲ့ စိန္႔အင္ဂ်လိုရဲတိုက္ဆီသို႔ ထြက္ေျပးႏိုင္ေစရန္ အစြမ္းကုန္ကာကြယ္ခဲ့ၾကၿပီး ဆြစ္တပ္ဖြဲ႔ ၁၈၉ေယာက္႐ွိသည့္အနက္ ၁၅၀နီးပါး က်ဆံုးခဲ့ၾကပါတယ္။ (အဆိုပါ တိုက္ပြဲအေၾကာင္း အလ်ဥ္းသင့္ပါက အျပည့္အစံုေရးသားပါမည္) ထိုတိုက္ပြဲဟာ ဆြစ္တပ္ဖြဲ႔ေတြရဲ႕ ရဲစြမ္းသတိၱ၊ သစၥာ႐ွိမႈ့ႏွင့္ ပုပ္ရဟန္းမင္းႀကီးကို အသက္ေပးကာကြယ္ေၾကာင္း ျပသခဲ့ေသာတိုက္ပြဲျဖစ္ကာ ထိုစိတ္ဝိညဥ္ေတြဟာ ယေန႔ေခတ္ ဆြစ္အေစာင့္တပ္အထိ တည္႐ွိေနပါတယ္။

ဆြစ္အေစာင့္တပ္ဖြဲ႔ဟာ ကမာၻေပၚမွာ အေသးငယ္ဆံုးတပ္ဖြဲ႔တခုျဖစ္ၿပီး အရာ႐ွိႏွင့္ ရဲေဘာ္အင္အား ၁၁၀မွ ၁၂၅ေယာက္အတြင္းသာ ႐ွိပါတယ္။ ထိုအေစာင့္တပ္မွာ အမႈ့ထမ္းလိုသူမ်ားဟာ ဆြစ္လူမ်ိဳးျဖစ္ရပါမယ္။ အသက္၃၀ထက္ မႀကီးရပဲ အရပ္အျမင့္ ၅ေပ၉လက္မအထက္ ျဖစ္ရပါမယ္။ ဆြစ္ဇာလန္တပ္မေတာ္မွာ မွင္နီမ႐ွိပဲ တာဝန္ထမ္းေဆာင္ခဲ့သူျဖစ္ရန္လိုအပ္ၿပီး ကက္သလစ္ဘာသာဝင္ ျဖစ္ရမည္ျဖစ္ကာ ပညာေရးအေနျဖင့္ အနည္းဆံုး ဒီပလိုမာတခု ပိုင္ဆိုင္ရန္ လိုအပ္ပါတယ္။ လူပ်ိဳျဖစ္ရမည္ျဖစ္ေပမယ့္ ဆြစ္အေစာင့္တပ္မွာသံုးႏွစ္ၾကာ တာဝန္ထမ္းေဆာင္ခဲ့ၿပီး ေနာက္ထပ္သံုးႏွစ္ ဆက္လက္တာဝန္ထမ္းေဆာင္ရန္ ဆႏၵျပဳထားကာ အသက္၂၅ႏွစ္အထက္ ဆြစ္အေစာင့္တပ္မွာ အနည္းဆံုးတပ္ၾကပ္ရာထူး ရ႐ွိထားသူျဖစ္ပါက အိမ္ေထာင္ျပဳခြင့္ေပးပါတယ္။ ဆြစ္အေစာင့္တပ္ဖြဲ႔တြင္ ထမ္းေဆာင္လိုသူမ်ားမွာ အနည္းဆံုးႏွစ္ႏွစ္ တာဝန္ထမ္းေဆာင္ရမည္ျဖစ္ပါတယ္။

အေပၚမွာေရးထားတာေတြက အေျခခံလိုအပ္ခ်က္သာ ျဖစ္ၿပီး သင့္ရဲ႕ဆြစ္ဇာလန္တပ္မေတာ္က မွတ္တမ္းေတြ ပိုမိုေျပာင္ေျမာက္ရင္ ေရြးခ်ယ္ခံရဖို႔ ပိုမိုအခြင့္အလန္း မ်ားမွာျဖစ္သလို ဘြဲ႔ရရင္လည္းအေကာင္းဆံုးေပါ့ဗ်ာ။ ေနာက္ထပ္ကေတာ့ ၾကမ္းတမ္းခက္ခဲတဲ့အခ်ိန္ေတြမွာ ရပ္တည္ႏိုင္မႈ့နဲ႔ ခႏၶာကိုယ္ၾကံ့ခိုင္မႈ့ေတြအေပၚမွာလည္း မူတည္ပါတယ္။ သင္ဟာ အေရြးခ်ယ္ခံရၿပီဆိုရင္ေတာ့ ေမလ၆ရက္ေန႔တိုင္းမွာ က်င္းပတဲ့ အခမ္းအနားမွာ ပုပ္ရဟန္းမင္းႀကီးအတြက္ က်မ္းက်ိန္သစၥာဆိုရမွာ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ လိုအပ္တဲ့ အထူးတပ္ဖြဲ႔သင္တန္းေတြ လက္နက္အသံုးျပဳပံုေတြကို ေလ့က်င့္ရမွာျဖစ္ပါတယ္။

ဗာတီကန္စစ္တပ္ရဲ႕ အဓိကတာဝန္ေတြကေတာ့ –

၁။ ပုပ္ရဟန္းမင္းႀကီး ခရီးသြားရာတေလ်ွာက္ကို အကာအကြယ္ေပးရန္
၂။ ကာဒီနယ္ေကာလိပ္ကို ကာကြယ္ရန္
၃။ ဗာတီကန္စီးတီး၏ အဝင္အထြက္ကို ေစာင့္ၾကည့္ကာကြယ္ရန္
၄။ အျခားေသာ လိုအပ္သည့္ လံုျခံဳေရးအစီအစဥ္မ်ားႏွင့္ ကိစၥရပ္မ်ားကို ေဆာင္ရြက္ရန္ တို႔ျဖစ္ပါတယ္။ မ်ားေသာအားျဖင့္ေတာ့ ဗာတီကန္တပ္ဖြဲ႔ဝင္မ်ားဟာ ဧက ၁၁၀အက်ယ္႐ွိတဲ့ ဗာတီကန္စီးတီးအတြင္းမွာ အိပ္လိုက္ စားလိုက္ ေလ့က်င့္ခန္းလုပ္လိုက္ ေနရတာမ်ားပါတယ္။

ဆြစ္အေစာင့္တပ္ရဲ႕ စိတ္ဝင္စားစရာ အေကာင္းဆံုးေနရာကေတာ့ ကမာၻေပၚမွာ ႏွစ္ခုမ႐ွိႏိုင္တဲ့ လက္နက္တိုက္ပဲျဖစ္ပါတယ္။ ၁၅ရာစုကစလို႔ ဆြစ္အေစာင့္တပ္ေတြ အသံုးျပဳခဲ႔တဲ့လက္နက္ေတြအကုန္ လက္နက္တိုက္ထဲမွာ ႐ွိၿပီး အခ်ိဳ႕ေသာ ျပတိုက္ေတြထက္ေတာင္ စံုပါေသးတယ္။ ထိုေခတ္က ဓား႐ွည္ေတြနဲ႔ လွံ႐ွည္ေတြကို သိမ္းထားရံုမဟုတ္ပဲ ယေန႔အခ်ိန္အထိ တိုက္ပြဲတြင္ အမွန္အကန္ အသံုးျပဳတတ္ရန္ႏွင့္ အခမ္းအနားမ်ားတြင္ ကိုင္ေဆာင္ရန္ကိုပါ ဆြစ္တပ္ဖြဲ႔ဝင္တိုင္းကို ေလ့က်င့္ေပးထားပါတယ္။ ဂါလာ ဝတ္စံုဝတ္ၿပီး လွံ႐ွည္ႀကီးေတြကိုင္ထားတဲ့ ဆြစ္အေစာင့္ အျမင္နဲ႔သာၾကည့္ၿပီး ေပါေၾကာင္ေၾကာင္မထင္ပါနဲ႔ သင့္ကိုအမွန္အကန္ ေဆာ္လႊတ္ႏိုင္ပါတယ္။

ဆြစ္အေစာင့္တပ္မ်ားဟာ ေ႐ွးေဟာင္းလက္နက္မ်ားကို လက္မလႊတ္ရသလို ေခတ္နဲ႔လိုက္ေလ်ာညီေထြ႐ွိတဲ့ လက္နက္မ်ားကိုပါ မ်က္ေျခမျပတ္ေလ့က်င့္ၾကရပါတယ္။ ဆြစ္ T59 မတ္စကတ္ေသနတ္၊ Vetterli M1871နဲ႔ M1867 ေသနတ္၊ Mp43-44 စသျဖင့္ ေခတ္နဲ႔အလိုက္ အဆင့္ျမႇင့္ အသံုးျပဳခဲ့ပါတယ္။ ယခုေခတ္ ဆြစ္အေစာင့္တပ္အရာရွိမ်ားကေတာ့ HK Mp7 PDW ကို သံခ်ပ္ကာေဖာက္က်ည္ႏွင့္ တြဲဖက္အသံုးျပဳၾကပါတယ္။ ပစၥတိုအေနနဲ႔ Glock 19 အမ်ိဳးအစားကိုအသံုးျပဳၾကၿပီး ေခ်မႈန္းေရး႐ိုင္ဖယ္အေနဲ႔ကေတာ့ SG 550မ်ားကို အသံုးျပဳၾကပါတယ္။

ေနာက္ထပ္ ဗာတီကန္ရဲ႕ စိတ္ဝင္စားစရာ တပ္ဖြဲ႔တခုကေတာ့ ဗာတီကန္ရဲတပ္ဖြဲ႔ျဖစ္ၿပီး Gendarmerie Corps လို႔ ေခၚၾကပါတယ္။ သူတို႔ဖြဲ႔စည္းတာ ႏွစ္၂၀၀ေလာက္ပဲ႐ွိေသးၿပီး ဗာတီကန္စီးတီးအတြင္း စိန္႔ပီတာရင္ျပင္ကို ေစာင့္ၾကပ္ျခင္း၊ ယာဥ္ေၾကာ႐ွင္းလင္းျခင္းႏွင့္ အျခားေသာ အေထြေထြလံုျခံဳေရးတာဝန္မ်ားကို ထမ္းေဆာင္ပါတယ္။ ဗာတီကန္ရဲတပ္ဖြဲ႔နဲ႔ ဆြစ္အေစာင့္တပ္မ်ားဟာ ပုပ္ရဟန္းမင္းႀကီး တိုင္းခန္းလွည့္လည္ရင္ေတာ့ ေဒသခံရဲတပ္ဖြဲ့မ်ားႏွင့္ ပူးေပါင္းကာ လံုျခံဳေရးကိစၥရပ္မ်ားကို ေဆာင္ရြက္က်ပါတယ္။ ဆြစ္အေစာင့္တပ္ဖြဲ႔ဟာ ပုပ္ရဟန္းမင္းႀကီးကို ႏွစ္၅၀၀ၾကာ ကာကြယ္ခဲ့ၾကၿပီး ေနာင္တြင္လည္း ဆက္လက္ကာကြယ္သြားမည္ ျဖစ္ပါေၾကာင္း… ။

Gendarmerie Corps

ဗာတီကန် အစောင့်တပ်တော် (သို့) ပုပ်ရဟန်းမင်းကြီးကို အသက်ပေး ကာကွယ်ပေးမည့်သူများ (unicode)

ရေးသားသူ – Knight_Cross (MNJ)

ဗာတီကန်စီးတီးဆိုတာ ကမ္ဘာပေါ်မှာ အသေးငယ်ဆုံး နိုင်ငံလေးပေါ့။ ခရစ်ယာန်သာသနာရဲ့ ခေါင်ချုပ်ဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးပိုင် နေရာပေါ့ဗျာ။ ဗာတီကန်ကို အလည်သွားရင် ခေတ်ဟောင်းပြဇာတ်ထဲကလို အဝတ်အစားတွေနဲ့ အုပ်စုကို သင်အရင်ဆုံးမြင်မိမှာပါ။ သင့်အနေနဲ့ထင်ကောင်းထင်မိလိမ့်မယ်ဗျ။ အဲ့လူတွေက ပြဇာတ်ထဲကလူတွေရယ်လို့…။ တကယ်တမ်းတော့ အဲ့ဒီလိုမဟုတ်ဘူးဗျ။ အဲ့ဒီကြောင်ကြောင်ကျားကျား ဝတ်စုံနဲ့လူတွေဟာ ဗာတီကန်စီးတီးရဲ့ ထိပ်တန်းအဆင့် တပ်ဖွဲ့တခုဖြစ်ပါတယ်။

အဲ့ဒီတပ်ဖွဲ့ဟာ ရှေးမူမပျက် လှံရှည်တွေကို ကိုင်ဆောင်ထားပြီး လှံသိုင်းကို ကျွမ်းကျင်သလို ခေတ်သစ်လက်နက်တွေကိုလည်း ကျွမ်းကျင်စွာ ကိုင်တွယ်ပစ်ခတ်နိုင်သူများ ဖြစ်ကြပါတယ်။ ထိုအစောင့်တပ်ကို ” swiss guard ” လို့ခေါ်ကြပြီး ဆွစ်လူမျိုးတွေနဲ့သာ ဖွဲ့စည်းထားပါတယ်။ နည်းနည်းတော့ ထူးဆန်းမနေဘူးလားဗျာ။ အီတလီမှာ ရှိတဲ့ ဗာတီကန်စီးတီးက ပုပ်ရဟန်းမင်းကြီးဟာ အနီးအနားမှာ ရှိတဲ့အီတလီစစ်သားတွေကို မသုံးပဲ ဆွစ်ဇာလန်စစ်သားတွေကို သုံးနေရတာပါလိမ့်။

အဲ့ဒီအကြောင်းကို သိချင်တော့ သမိုင်းကို ပြန်လှန်လိုက်တယ်။ ၁၄ရာစုလောက်မှာ ဆွစ်ဇာလန်တွေဟာ ကြေးစားစစ်သားတွေ ပါတဲ့ဗျာ။ သူတို့ဟာ ငှါးတဲ့သူတွေဖက်ကလိုက်ပြီး စစ်တိုက်ကျတဲ့အခါ ထူးချွန်ပြောင်မြောက်တဲ့ အစွမ်းတွေပြနိုင်ပြီး ကိုယ့်ထက်အင်အားကြီးတဲ့ ရန်သူကို အနိုင်ယူနိုင်လောက်အောင်လည်း ကြံရည်ဖန်ရည် ကောင်းပါသတဲ့။ သူတို့ဟာ ရောမအင်ပါယာကြီး အတွက်လည်း မကြာခဏတိုက်ခိုက်ပေးကြသလို ဆွစ်တပ်ဖွဲ့ဟာ အထူးတပ်ဖွဲ့တခုလို တည်ရှိနေပါတယ်။

၁၅ရာစုလောက်မှာ ပုပ်ရဟန်းမင်းကြီးရဲ့ ကိုယ်ပိုင် တပ်ဖွဲ့သီးသန့်မရှိသေးဘူးဗျ။ ၁၅၀၅ ခုနှစ်မှာ ပုပ်ရဟန်းမင်းကြီး ဂျူးလီးယပ်၂ဟာ ကိုယ်ပိုင်တပ်ဖွဲ့လေးတခု ပိုင်ဆိုင်ဖို့ ဆန္ဒရှိတဲ့အတွက် ဆွစ်ဇာလန်ကို လှမ်းပြီး အကြောင်းကြားလိုက်ပါတယ်။ ဆွစ်ဇာလန်ဖက်ကလည်း ပုပ်ရဟန်းမင်းကြီးရဲ့ စာကိုရပြီးပြီးချင်း ဗာတီကန်သို့တပ်သားအချို့ ပေးပို့ခဲ့ရာ သုံးလအကြာတွင် ရောက်ရှိလာခဲ့ပြီး ၁၅၀၆ခုနှစ် ဇန်နဝါရီလ ၂၂တွင် ဗာတီကန်အစောင့်တပ် swiss guardကို တရားဝင်စတင်ဖွဲ့စည်းခဲ့ပါတယ်။

၁၅၂၇ခုနှစ် မေလမှာတော့ ချား၅ ဘုရင်ဟာ ရောမကို လာရောက်တိုက်ခိုက်ဖျက်ဆီးရာ စိန့်ပီတာဘတ်ဆီလီယာကိုလည်း ကျူးကျော်ခဲ့ပါတယ်။ ထိုအခါမှာ ဆွစ်တပ်ဖွဲ့ဟာ ပုပ်ရဟန်းမင်းကြီး ကလီးမန့်၇ ကို မိုင်ဝက်အကွာမှာရှိတဲ့ စိန့်အင်ဂျလိုရဲတိုက်ဆီသို့ ထွက်ပြေးနိုင်စေရန် အစွမ်းကုန်ကာကွယ်ခဲ့ကြပြီး ဆွစ်တပ်ဖွဲ့ ၁၈၉ယောက်ရှိသည့်အနက် ၁၅ဝနီးပါး ကျဆုံးခဲ့ကြပါတယ်။ (အဆိုပါ တိုက်ပွဲအကြောင်း အလျဉ်းသင့်ပါက အပြည့်အစုံရေးသားပါမည်) ထိုတိုက်ပွဲဟာ ဆွစ်တပ်ဖွဲ့တွေရဲ့ ရဲစွမ်းသတ္တိ၊ သစ္စာရှိမှု့နှင့် ပုပ်ရဟန်းမင်းကြီးကို အသက်ပေးကာကွယ်ကြောင်း ပြသခဲ့သောတိုက်ပွဲဖြစ်ကာ ထိုစိတ်ဝိညဉ်တွေဟာ ယနေ့ခေတ် ဆွစ်အစောင့်တပ်အထိ တည်ရှိနေပါတယ်။

ဆွစ်အစောင့်တပ်ဖွဲ့ဟာ ကမ္ဘာပေါ်မှာ အသေးငယ်ဆုံးတပ်ဖွဲ့တခုဖြစ်ပြီး အရာရှိနှင့် ရဲဘော်အင်အား ၁၁ဝမှ ၁၂၅ယောက်အတွင်းသာ ရှိပါတယ်။ ထိုအစောင့်တပ်မှာ အမှု့ထမ်းလိုသူများဟာ ဆွစ်လူမျိုးဖြစ်ရပါမယ်။ အသက်၃ဝထက် မကြီးရပဲ အရပ်အမြင့် ၅ပေ၉လက်မအထက် ဖြစ်ရပါမယ်။ ဆွစ်ဇာလန်တပ်မတော်မှာ မှင်နီမရှိပဲ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ရန်လိုအပ်ပြီး ကက်သလစ်ဘာသာဝင် ဖြစ်ရမည်ဖြစ်ကာ ပညာရေးအနေဖြင့် အနည်းဆုံး ဒီပလိုမာတခု ပိုင်ဆိုင်ရန် လိုအပ်ပါတယ်။ လူပျိုဖြစ်ရမည်ဖြစ်ပေမယ့် ဆွစ်အစောင့်တပ်မှာသုံးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်ထပ်သုံးနှစ် ဆက်လက်တာဝန်ထမ်းဆောင်ရန် ဆန္ဒပြုထားကာ အသက်၂၅နှစ်အထက် ဆွစ်အစောင့်တပ်မှာ အနည်းဆုံးတပ်ကြပ်ရာထူး ရရှိထားသူဖြစ်ပါက အိမ်ထောင်ပြုခွင့်ပေးပါတယ်။ ဆွစ်အစောင့်တပ်ဖွဲ့တွင် ထမ်းဆောင်လိုသူများမှာ အနည်းဆုံးနှစ်နှစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်ပါတယ်။

အပေါ်မှာရေးထားတာတွေက အခြေခံလိုအပ်ချက်သာ ဖြစ်ပြီး သင့်ရဲ့ဆွစ်ဇာလန်တပ်မတော်က မှတ်တမ်းတွေ ပိုမိုပြောင်မြောက်ရင် ရွေးချယ်ခံရဖို့ ပိုမိုအခွင့်အလန်း များမှာဖြစ်သလို ဘွဲ့ရရင်လည်းအကောင်းဆုံးပေါ့ဗျာ။ နောက်ထပ်ကတော့ ကြမ်းတမ်းခက်ခဲတဲ့အချိန်တွေမှာ ရပ်တည်နိုင်မှု့နဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှု့တွေအပေါ်မှာလည်း မူတည်ပါတယ်။ သင်ဟာ အရွေးချယ်ခံရပြီဆိုရင်တော့ မေလ၆ရက်နေ့တိုင်းမှာ ကျင်းပတဲ့ အခမ်းအနားမှာ ပုပ်ရဟန်းမင်းကြီးအတွက် ကျမ်းကျိန်သစ္စာဆိုရမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ လိုအပ်တဲ့ အထူးတပ်ဖွဲ့သင်တန်းတွေ လက်နက်အသုံးပြုပုံတွေကို လေ့ကျင့်ရမှာဖြစ်ပါတယ်။

ဗာတီကန်စစ်တပ်ရဲ့ အဓိကတာဝန်တွေကတော့ –

၁။ ပုပ်ရဟန်းမင်းကြီး ခရီးသွားရာတလျှောက်ကို အကာအကွယ်ပေးရန်
၂။ ကာဒီနယ်ကောလိပ်ကို ကာကွယ်ရန်
၃။ ဗာတီကန်စီးတီး၏ အဝင်အထွက်ကို စောင့်ကြည့်ကာကွယ်ရန်
၄။ အခြားသော လိုအပ်သည့် လုံခြုံရေးအစီအစဉ်များနှင့် ကိစ္စရပ်များကို ဆောင်ရွက်ရန် တို့ဖြစ်ပါတယ်။ များသောအားဖြင့်တော့ ဗာတီကန်တပ်ဖွဲ့ဝင်များဟာ ဧက ၁၁ဝအကျယ်ရှိတဲ့ ဗာတီကန်စီးတီးအတွင်းမှာ အိပ်လိုက် စားလိုက် လေ့ကျင့်ခန်းလုပ်လိုက် နေရတာများပါတယ်။

ဆွစ်အစောင့်တပ်ရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံးနေရာကတော့ ကမ္ဘာပေါ်မှာ နှစ်ခုမရှိနိုင်တဲ့ လက်နက်တိုက်ပဲဖြစ်ပါတယ်။ ၁၅ရာစုကစလို့ ဆွစ်အစောင့်တပ်တွေ အသုံးပြုခဲ့တဲ့လက်နက်တွေအကုန် လက်နက်တိုက်ထဲမှာ ရှိပြီး အချို့သော ပြတိုက်တွေထက်တောင် စုံပါသေးတယ်။ ထိုခေတ်က ဓားရှည်တွေနဲ့ လှံရှည်တွေကို သိမ်းထားရုံမဟုတ်ပဲ ယနေ့အချိန်အထိ တိုက်ပွဲတွင် အမှန်အကန် အသုံးပြုတတ်ရန်နှင့် အခမ်းအနားများတွင် ကိုင်ဆောင်ရန်ကိုပါ ဆွစ်တပ်ဖွဲ့ဝင်တိုင်းကို လေ့ကျင့်ပေးထားပါတယ်။ ဂါလာ ဝတ်စုံဝတ်ပြီး လှံရှည်ကြီးတွေကိုင်ထားတဲ့ ဆွစ်အစောင့် အမြင်နဲ့သာကြည့်ပြီး ပေါကြောင်ကြောင်မထင်ပါနဲ့ သင့်ကိုအမှန်အကန် ဆော်လွှတ်နိုင်ပါတယ်။

ဆွစ်အစောင့်တပ်များဟာ ရှေးဟောင်းလက်နက်များကို လက်မလွှတ်ရသလို ခေတ်နဲ့လိုက်လျောညီထွေရှိတဲ့ လက်နက်များကိုပါ မျက်ခြေမပြတ်လေ့ကျင့်ကြရပါတယ်။ ဆွစ် T59 မတ်စကတ်သေနတ်၊ Vetterli M1871နဲ့ M1867 သေနတ်၊ Mp43-44 စသဖြင့် ခေတ်နဲ့အလိုက် အဆင့်မြှင့် အသုံးပြုခဲ့ပါတယ်။ ယခုခေတ် ဆွစ်အစောင့်တပ်အရာရှိများကတော့ HK Mp7 PDW ကို သံချပ်ကာဖောက်ကျည်နှင့် တွဲဖက်အသုံးပြုကြပါတယ်။ ပစ္စတိုအနေနဲ့ Glock 19 အမျိုးအစားကိုအသုံးပြုကြပြီး ချေမှုန်းရေးရိုင်ဖယ်အနေဲ့ကတော့ SG 550များကို အသုံးပြုကြပါတယ်။

နောက်ထပ် ဗာတီကန်ရဲ့ စိတ်ဝင်စားစရာ တပ်ဖွဲ့တခုကတော့ ဗာတီကန်ရဲတပ်ဖွဲ့ဖြစ်ပြီး Gendarmerie Corps လို့ ခေါ်ကြပါတယ်။ သူတို့ဖွဲ့စည်းတာ နှစ်၂၀၀လောက်ပဲရှိသေးပြီး ဗာတီကန်စီးတီးအတွင်း စိန့်ပီတာရင်ပြင်ကို စောင့်ကြပ်ခြင်း၊ ယာဉ်ကြောရှင်းလင်းခြင်းနှင့် အခြားသော အထွေထွေလုံခြုံရေးတာဝန်များကို ထမ်းဆောင်ပါတယ်။ ဗာတီကန်ရဲတပ်ဖွဲ့နဲ့ ဆွစ်အစောင့်တပ်များဟာ ပုပ်ရဟန်းမင်းကြီး တိုင်းခန်းလှည့်လည်ရင်တော့ ဒေသခံရဲတပ်ဖွဲ့များနှင့် ပူးပေါင်းကာ လုံခြုံရေးကိစ္စရပ်များကို ဆောင်ရွက်ကျပါတယ်။ ဆွစ်အစောင့်တပ်ဖွဲ့ဟာ ပုပ်ရဟန်းမင်းကြီးကို နှစ်၅၀၀ကြာ ကာကွယ်ခဲ့ကြပြီး နောင်တွင်လည်း ဆက်လက်ကာကွယ်သွားမည် ဖြစ်ပါကြောင်း… ။

Leave a Reply