ျမန္မာနိုင္ငံအပါအဝင္ ကမၻာေပၚက ရွိသမၽွအပင္မ်ားရဲ့ မ်ိဳးေစ့ေတြကို ထိန္းသိမ္းထားတဲ့ ကမာၻ႔အေရးအႀကီးဆုံးေနရာ

Posted on

ယေန႔ ကမၻာႀကီးဟာ သဘာဝေဘးဒဏ္မ်ားေၾကာင့္ ရာသီဥတုေျပာင္းလဲကာ တျဖည္းျဖည္း ပ်က္စီးစျပဳလာေနပါၿပီ။ တကယ္လို႔မ်ား တခ်ိဳ႕ေဒသေတြမွာ သဘာဝကပ္ ေဘးအႏၱရာယ္ဆုိးေတြက်တဲ့အခါ ၊ ဒါမွမဟုတ္ ႏ်ဴကလီးယားစစ္ပြဲေတြျဖစ္ပြားတဲ့အခါ အဲဒီေဒသမွာရွိတဲ့ အပင္ေတြလည္း မ်ိဳးတုန္းေပ်ာက္ကြယ္သြားႏုိင္ပါတယ္။ အဲဒီလို အပင္ေတြ ေပ်ာက္ကြယ္မ်ိဳးတုန္းမယ့္ အႏၲရာယ္ကို ျပန္လည္အစားထိုးႏုိင္ဖို႔ ဒီအစီအစဥ္ကို ဖန္တီးခဲ့ၾကတာပဲ ျဖစ္ပါတယ္။ သိပၸံပညာရွင္ေတြကေတာ့ ဒီအေဆာက္အဦးကုိ ကမာၻမွာ အေရးအႀကီးဆုံးေနရာတစ္ေနရာလို႔ ဆုိၾကပါတယ္။

ေျမာက္ဝန္ရိုးစြန္း အာတိတ္ေဒသနဲ႔ ထိစပ္ေနတဲ့ ေနာ္ေဝႏိုင္ငံရဲ႕အႀကီးဆုံးကၽြန္း Spitisbergen က ေတာင္က ေတာင္တစ္လုံးေအာက္ အတြင္းဘက္မွာ ႀကီးမားရွည္လ်ားတဲ့ ဂိုေထာင္ႀကီး တစ္လုံးရွိပါတယ္။ ။ ေျမာက္ဝင္ရိုးစြန္းရဲ႕ မိုင္၈၁ဝအကြာ အာတိတ္ေဒသမွာ မွာတည္ရွိေနတာျဖစ္ပါတယ္။ ဒီအေဆာက္အဦးႀကီးအတြင္းမွာ သိပၸံပညာရွင္ေတြဟာ ကမၻာေပၚက ရွိသမၽွအပင္တိုင္းရဲ့ မ်ိဳးေစ့ေတြကို ထိန္းသိမ္းထားပါတယ္။ ေနာင္မျမင္နိုင္ တဲ့အနာဂါတ္မွာ အပင္ေတြကို ျပန္လည္အစားထိုးစိုက္ပ်ိဳးနိုင္ဖို႔ ဒီလိုထိန္းသိမ္းထားတာပဲျဖစ္ပါတယ္။

world seed bank တည္ေနရာ
အေဆာက္အဦး ဂုိေထာင္ႀကီး ရဲ႕ အဓိကအစိတ္အပုိင္းမ်ား

ဒီမ်ိဳးေစ့ဘဏ္ကို Svalbard Global Seed Vault လို႔ ေခၚပါတယ္။ ဂိုေထာင္ရဲ့ အရွည္က ၄၂၇ ေပ ရွည္ၿပီး မ်ိဳးေစ့ပုံစံေပါင္း ၉၈၃၃၁၆ ခန္႔သိုေလွာင္သိမ္းဆည္းထားခဲ့ၿပီးျဖစ္ပါတယ္။ ဒီလိုထိန္းသိမ္းတဲ့ေနရာမွာ အပူခ်ိန္ ၁၈ ဒီဂရီ ေအာက္မွာ ဒီဇိုင္းထုတ္ထားတဲ့အကာေတြ နည္းပညာေတြနဲ႔ ထိန္းသိမ္းထားတာေၾကာင့္ ႏွစ္ေထာင္ေပါင္းမ်ားစြာအထိ ၾကာရွည္ခံနိုင္တယ္လို႔ သိရပါတယ္။

ဒီဂိုေထာင္မွာ ကမၻာ့နိုင္ငံတိုင္းက အပင္ပုံစံေတြကို လက္ခံေနပါတယ္။ ဒီအပင္ပုံစံေတြထဲမွာ ႏုိင္ငံေပါင္းစုံကအပင္မ်ိဳးေစ့ေတြရွိသလို ျမန္မာနိုင္ငံကမ်ိဳးေစ့ေတြ လည္း ရွိပါတယ္။ ေျမာက္ကိုရီးယားက အပ္ႏွံထားတဲ့မ်ိဳးေစ့ေတြေတာင္ပါဝင္ပါတယ္။ အပင္ပုံစံေတြကို ေသတၱာေတြနဲ႔ အကန္႔အလိုက္ခြဲထားပါတယ္။ ဒီအပင္မ်ိဳးေစ့ေတြကို စစ္ပြဲေတြေၾကာင့္ ပ်က္စီးသြားခဲ့တဲ့ ဆီးရီးယားနိုင္ငံ Aleppoၿမိဳ႕အနီးမွာ ပထမဆုံး အသုံးခ်သြားမယ္လို႔ သိရပါတယ္။

ဒီအစီအစဥ္ကို ေနာ္ေဝနိုင္ငံနဲ႔အကူအညီနဲ႔ Crop Trust အဖြဲ႕အစည္းကစတင္ခဲ့တာျဖစ္ၿပီး Svalbard Global Seed Vault ကို၂၀ဝ၈ ခုႏွစ္မွာတည္းက စတင္ဖြင့္လွစ္ခဲ့ တာပဲျဖစ္ပါတယ္။ ဒီအေဆာက္အဦးႀကီးအတြက္ ကုန္က်စရိတ္ကေတာ့ အေမရိကန္ေဒၚလာ ၉သန္း ျဖစ္ပါတယ္။ ဒီဂိုေထာင္ကို အျမဲလိုလိုေသာ့ခတ္ထားေလ့ရွိၿပီး လူအနည္းငယ္ပဲ ဒီဂိုေထာင္ထဲကို ဝင္ခြင့္ရွိပါတယ္။

ေရခဲေနတဲ့ ဒီအေဆာက္အဦးရွိရာေဒသမွာ မႏွစ္ကတုန္္းက အပူခ်ိန္အလြန္ျမင့္တက္လာတဲ့အတြက္ ေရခဲေတြအေရေပ်ာ္ကာ အေဆာက္အဦး ဥမင္လုိဏ္ေခါင္းထဲကုိ ေရေတြ၀င္ခဲ့ပါေသးတယ္။ ဒါေၾကာင့္ အေဆာက္အဦးေဘးမွာ ေျမာင္းေတြေဖာက္လုိက္ၿပီး ေရမစိမ့္ႏုိင္တဲ့ နံရံအသစ္ေတြကုိပါ တပ္ဆင္လုိက္တဲ့အတြက္ အေဆာက္အဦးဟာ ပုိမုိခုိင္ခံ့ခဲ့ပါၿပီ။

VIDEO


မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်က ရှိသမျှအပင်များရဲ့ မျိုးစေ့တွေကို ထိန်းသိမ်းထားတဲ့ ကမ္ဘာ့အရေးအကြီးဆုံးနေရာ (unicode)

ယနေ့ ကမ္ဘာကြီးဟာ သဘာဝဘေးဒဏ်များကြောင့် ရာသီဥတုပြောင်းလဲကာ တဖြည်းဖြည်း ပျက်စီးစပြုလာနေပါပြီ။ တကယ်လို့များ တချို့ဒေသတွေမှာ သဘာဝကပ် ဘေးအန္တရာယ်ဆိုးတွေကျတဲ့အခါ ၊ ဒါမှမဟုတ် နျူကလီးယားစစ်ပွဲတွေဖြစ်ပွားတဲ့အခါ အဲဒီဒေသမှာရှိတဲ့ အပင်တွေလည်း မျိုးတုန်းပျောက်ကွယ်သွားနိုင်ပါတယ်။ အဲဒီလို အပင်တွေ ပျောက်ကွယ်မျိုးတုန်းမယ့် အန္တရာယ်ကို ပြန်လည်အစားထိုးနိုင်ဖို့ ဒီအစီအစဉ်ကို ဖန်တီးခဲ့ကြတာပဲ ဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေကတော့ ဒီအဆောက်အဦးကို ကမ္ဘာမှာ အရေးအကြီးဆုံးနေရာတစ်နေရာလို့ ဆိုကြပါတယ်။

မြောက်ဝန်ရိုးစွန်း အာတိတ်ဒေသနဲ့ ထိစပ်နေတဲ့ နော်ဝေနိုင်ငံရဲ့အကြီးဆုံးကျွန်း Spitisbergen က တောင်က တောင်တစ်လုံးအောက် မှာ ကြီးမားရှည်လျားတဲ့ ဂိုထောင်ကြီး တစ်လုံးရှိပါတယ်။ ။ မြောက်ဝင်ရိုးစွန်းရဲ့ မိုင်၈၁ဝအကွာ အာတိတ်ဒေသမှာ မှာတည်ရှိနေတာဖြစ်ပါတယ်။ ဒီအဆောက်အဦးကြီးအတွင်းမှာ သိပ္ပံပညာရှင်တွေဟာ ကမ္ဘာပေါ်က ရှိသမျှအပင်တိုင်းရဲ့ မျိုးစေ့တွေကို ထိန်းသိမ်းထားပါတယ်။ နောင်မမြင်နိုင် တဲ့အနာဂါတ်မှာ အပင်တွေကို ပြန်လည်အစားထိုးစိုက်ပျိုးနိုင်ဖို့ ဒီလိုထိန်းသိမ်းထားတာပဲဖြစ်ပါတယ်။

ဒီမျိုးစေ့ဘဏ်ကို Svalbard Global Seed Vault လို့ ခေါ်ပါတယ်။ ဂိုထောင်ရဲ့ အရှည်က ၄၂၇ ပေ ရှည်ပြီး မျိုးစေ့ပုံစံပေါင်း ၉၈၃၃၁၆ ခန့်သိုလှောင်သိမ်းဆည်းထားပါတယ်။ ဒီလိုထိန်းသိမ်းတဲ့နေရာမှာ အပူချိန် ၁၈ ဒီဂရီ အောက်မှာ ဒီဇိုင်းထုတ်ထားတဲ့အကာတွေ နည်းပညာတွေနဲ့ ထိန်းသိမ်းထားတာကြောင့် နှစ်ထောင်ပေါင်းများစွာအထိ ကြာရှည်ခံနိုင်တယ်လို့ သိရပါတယ်။

ဒီဂိုထောင်မှာ ကမ္ဘာ့နိုင်ငံတိုင်းက အပင်ပုံစံတွေကို လက်ခံနေပါတယ်။ ဒီအပင်ပုံစံတွေထဲမှာ နိုင်ငံပေါင်းစုံကအပင်မျိုးစေ့တွေရှိသလို မြန်မာနိုင်ငံကမျိုးစေ့တွေ လည်း ရှိပါတယ်။ မြောက်ကိုရီးယားက အပ်နှံထားတဲ့မျိုးစေ့တွေတောင်ပါဝင်ပါတယ်။ အပင်ပုံစံတွေကို သေတ္တာတွေနဲ့ အကန့်အလိုက်ခွဲထားပါတယ်။ ဒီအပင်မျိုးစေ့တွေကို စစ်ပွဲတွေကြောင့် ပျက်စီးသွားခဲ့တဲ့ ဆီးရီးယားနိုင်ငံ Aleppoမြို့အနီးမှာ ပထမဆုံး အသုံးချသွားမယ်လို့ သိရပါတယ်။

ဒီအစီအစဉ်ကို နော်ဝေနိုင်ငံနဲ့အကူအညီနဲ့ Crop Trust အဖွဲ့အစည်းကစတင်ခဲ့တာဖြစ်ပြီး Svalbard Global Seed Vault ကို၂ဝဝ၈ ခုနှစ်မှာတည်းက စတင်ဖွင့်လှစ်ခဲ့ တာပဲဖြစ်ပါတယ်။ ဒီအဆောက်အဦးကြီးအတွက် ကုန်ကျစရိတ်ကတော့ အမေရိကန်ဒေါ်လာ ၉သန်း ဖြစ်ပါတယ်။ ဒီဂိုထောင်ကို အမြဲလိုလိုသော့ခတ်ထားလေ့ရှိပြီး လူအနည်းငယ်ပဲ ဒီဂိုထောင်ထဲကို ဝင်ခွင့်ရှိပါတယ်။

ရေခဲနေတဲ့ ဒီအဆောက်အဦးရှိရာဒေသမှာ မနှစ်ကတုန်းက အပူချိန်အလွန်မြင့်တက်လာတဲ့အတွက် ရေခဲတွေအရေပျော်ကာ အဆောက်အဦး ဥမင်လိုဏ်ခေါင်းထဲကို ရေတွေဝင်ခဲ့ပါသေးတယ်။ ဒါကြောင့် အဆောက်အဦးဘေးမှာ မြောင်းတွေဖောက်လိုက်ပြီး ရေမစိမ့်နိုင်တဲ့ နံရံအသစ်တွေကိုပါ တပ်ဆင်လိုက်တဲ့အတွက် အဆောက်အဦးဟာ ပိုမိုခိုင်ခံ့ခဲ့ပါပြီ။

Leave a Reply