ႀကံစိုက္ပ်ိဳးနည္း အေၾကာင္းသိေကာင္းစရာ

Posted on

ေရးသားသူ – Shweyelinn

ၾကံသည္ ပူေႏြး စိုစြတ္ေသာေဒသႏွင့္ သမေႏြးပိုင္း ေဒသမ်ားတြင္ ျဖစ္ထြန္းတတ္ၿပီး ပံုမွန္အားျဖင့္ အပင္ၿမင့္ ၉ေပ ႏွင္႔ ၁၅ေပၾကား၊ ပင္စည္လံုးပတ္မွာ အခ်င္း ၂လက္မခန္႔ရွိတတ္ၿပီး အပင္ေျခတြင္ ပင္စည္ပြားမ်ားစြာ ထုတ္လုပ္ရန္ ေဘးတက္က့ဲသို႔ ပံုစံမ်ားစြာ ရိွေနသည့္္ ႏွစ္႐ွည္ပင္ တစ္မ်ဳိး ၿဖစ္သည္။ ပင္စည္သည္ ၾကံ႐ိုးၿဖစ္လာၿပီး ႀကီးထြားလာေသာအခါ အပင္တစ္ပင္လံုး၏ ၇၅ရာခိုင္​ႏႈန္​းသည္ ၾကံရုိးသာ ၿဖစ္သည္။

ေကာင္းစြာ ႀကီးထြားလာေသာ ၾကံ႐ိုးတေခ်ာင္းတြင္ အမွ်င္ဓာတ္ ၁၁မွ၁၇ရာခိုင္ႏႈန္း၊ ေပ်ာ္ဝင္လြယ္ေသာ သၾကားဓာတ္ ၁၂မွ၁၆ ရာခုိင္ႏွဳန္း၊ အခ်ဳိဓာတ္ မဟုတ္ေသာ အျခားပါဝင္မႈ ၂မွ၃ ရာခိုင္​ႏႈန္​းႏွင့္ ေရဓာတ္ ၆၀မွ၇၀ ရာခိုင္​ႏႈန္​းခန္႔ ပါဝင္သည္။ ၾကံစိုက္ပ်ိဳး ထုတ္လုပ္ရာတြင္ အထြက္ႏွဳန္း ျမင့္မားရန္အတြက္ ၾကံပင္သည္ ရာသီဥတု အေနအထား၊ ေျမအမ်ဳိးအစား၊ ေၿမၾသဇာ၊ ေရသြင္းေရထုတ္၊ ပိုးေရာဂါ ကာကြယ္ ႏွိမ္နင္းမႈ ႏွင္႔ ရိတ္သိမ္းခ်ိန္ အေပၚမ်ားစြာ မူတည္သည္႔အတြက္ အေကာင္းဆံုး သီးႏွံ စီမံခန္႔ခြဲမွဳ စနစ္မ်ားကို အေလးထား ျပဳလုပ္ေပးရန္ လိုအပ္သည္။

ၾကံစိုက္ပ်ိဳးျခင္းသည္ ကမၻာတြင္ အမ်ားဆံုး စိုက္ပ်ိဳးၾကေသာ စိုက္ပ်ဳိးေရး စနစ္ႀကီးတခုလဲ ျဖစ္သည္။ သို႔တေစ ၾကံသည္ ပိုးမႊားမ်ားႏွင့္ ေပါင္းပင္တို႔ကို ခံႏိုင္ရည္ မရိွေသာ အပင္ အမ်ိဳးအစားလဲ ျဖစ္ျပန္သည္။ ၾကံသည္ သၾကား အဓိက ထုတ္လုပ္ရာ သီးႏွံလည္း ၿဖစ္သလို အရက္ အခ်ဥ္ေဖာက္ရာတြင္ သံုးေသာ ကုန္ၾကမ္းလဲ ျဖစ္သည္။ ထုိ႔အၿပင္ တိရိစၧာန္​အစာအတြက္လည္း အသံုးျပဳၾကၿပန္သည္။ ၾကံသည္ ျမက္မ်ဳိးရင္းဝင္ အပင္တမ်ိဳး ျဖစ္ၿပီး Poaceae မ်ိဳးရင္း အတြင္းရိွ Saccharum မ်ဳိးစိတ္ကြဲတြင္ ပါရိွသည္။

ႀကံသည္ ကမၻာ့ ဝယ္လိုအား မ်ားသလို စုိက္ပ်ိဳးသူကိုလည္း အက်ဳိးအျမတ္ အနည္းႏွင့္အမ်ားေပးႏိုင္ေသာ သီးႏွံျဖစ္၍ စီးပြားျဖစ္ စိုက္ပ်ဳိးထုတ္လုပ္သင္႔ေသာ သီးနွံတစ္ခုပင္ ၿဖစ္သည္။ ကမာၻ႔ႀကံ ထုတ္လုပ္မႈ အမ်ားဆံုးႏိုင္ငံမ်ားထဲတြင္ အာရွမွ အိႏၵိယ၊ တ႐ုတ္၊ ထိုင္း၊ ဖိလစ္ပိုင္ႏွင့္အင္ဒိုနီး႐ွား နုိင္ငံတုိ႔ ပါဝင္ေနသည္။ ဘရာဇီးႏိုင္ငံသည္ ကမၻာတြင္ ထုတ္လုပ္မႈ အမ်ားဆံုး ႏုိင္ငံံျဖစ္သည္။

ရာသီဥတု

အပူခ်ိန္ ၂၀ႏွင့္ ၄၂ ဒီဂရီ ဆဲလ္ဆီးယပ္ တြင္ေကာင္းစြာ စိုက္ပ်ိဳး ၿဖစ္ထြန္းသည္။ ေနေရာင္ ၾကာ႐ွည္စြာ ရရိွျခင္းကို အလြန္တရာ ႏွစ္သက္သည္။ အေကာင္းဆံုး အပင္ ဖြံၿဖိဳးမႈ အတြက္ တႏွစ္တာ မိုးေရခ်ိန္ လက္မ ၇၀ ႏွင္႔ ၉၈လက္မၾကား ရရိွရန္ လိုအပ္သည္။ သြင္းေရ ရရိွႏိုင္ပါက တႏွစ္ပတ္လံုး စိုက္ပ်ိဳး ျဖစ္ထြန္းႏိုင္ေသာ သီးႏွံ ျဖစ္သည္။ ေဆာင္းတြင္းတြင္ ၆မွ ၈ ဒီဂရီ ဆဲလ္ဆီးယပ္ထိ ေႏြရာသီတြင္ ၄၀ မွ ၄၂ဒီဂရီ ဆဲလ္ဆီးယပ္ အထိ အပူခ်ိန္ အတက္အက် အနိမ့္အျမင့္ကို ခံႏိုင္ရည္ရိွသည္။

ေျမဆီလႊာ

ၾကံပင္သည္ ေျမႀကီးထဲတြင္ အစိုဓာတ္ ပမာဏ လံုေလာက္စြာ ရိွေနေအာင္ ထိန္းသိမ္း ထားႏိုင္ေသာ မည္သည့္ေျမ အမ်ိဳးအစားတြင္မဆို စိုက္ပ်ဳိးၿဖစ္ထြန္းႏိုင္ ပါသည္။ အာဟာရ ဓာတ္ႂကြယ္ဝေသာ ႏႈန္းေၿမ၊ သဲႏႈန္းေျမ၊ ႏႈန္းေျမေစးမ်ားသည္ ၾကံပင္၏ အထြက္ႏႈန္းႏွင့္ ႀကီးထြားမႈအတြက္ အေကာင္းဆံုး ျဖစ္သည္။ ၾကံပင္သည္ ေရၾကိဳက္ေသာ သီးနွံ ၿဖစ္ေသာ္လည္း ေရ၀ပ္ၿခင္းကို မနွစ္သက္ပါ။ ၾကံပင္ စိုက္ပ်ိဳးႏိုင္သည့္ ေျမခ်ဥ္ငံကိန္း (pH) မွာ ၅-၈ ၾကား ၿဖစ္သည္။ ၾကံပင္သည္ (၁၂လမွ ၂၀လ)ထိ ကြင္းထဲတြင္ ထားရိွရေသာ သီးႏွံတခု ျဖစ္၍ ေျမဆီႂကြယ္ဝေသာေျမသည္ အထူး သင့္ေလ်ာ္သည္။ ၾကံပင္ကို ဧက အေျမာက္အမ်ားစီးပြားၿဖစ္ စိုက္မည္္ ဆိုပါက ေျမႀကီးထဲရွိ အာဟာရဓာတ္ ပါ၀င္မွဳ စမ္းသပ္ စစ္ေဆးျခင္းကို အရင္ဆံုး ျပဳလုပ္သင့္ပါသည္။

ေၿမျပင္ျခင္း

စိုက္ပ်ိဳးရန္ အတြက္ ေျမျပဳျပင္ျခင္းသည္ တႏွစ္ႏွင့္ တစ္ႏွစ္အထက္ သက္တမ္းရိွေသာ သီးႏွံမ်ား အတြက္ အေရးႀကီးေသာ အခန္းက႑တခု ျဖစ္သည္။ လယ္ထြန္စက္ျဖင့္ ႏွစ္ႀကိမ္မွ သံုးႀကိမ္အထိ ေကာင္းစြာ ထယ္ထိုး ထြန္ေမႊ ျပဳလုပ္ေပးရန္ လိုအပ္သည္။ ပထမဆံုးအႀကိမ္ ထယ္ထိုးၿခင္းကို ေ႐ွ႕တစ္ရာသီ သီးႏွံ ရိတ္သိမ္းၿပီးသည္ႏွင့္ စတင္ရပါမည္။ ပထမအႀကိမ္ ထယ္ထိုးရာတြင္ ေၿမက်စ္ ေၿမခဲမ်ား ေကာင္းစြာ ေက်ပ်က္ေအာင္ ၿပဳလုပ္ရမည္ၿဖစ္ၿပီး ထယ္ထိုးၿပီးပါက သံုးလ ေျမလွပ္ ထားရပါမည္။ ဒုတိယ အႀကိမ္ ထယ္ထပ္ထိုးၿပီးပါက သံုးႀကိမ္ႏွင့္ေလးႀကိမ္ထိ ထယ္ေမႊျခင္းက ျပဳလုပ္ေပးလ််ွင္ ေကာင္းစြာ ထယ္ေရး ညက္ေသာေျမကို ရရွိပါမည္။ မ်ိဳးေစ့ခ်ရန္အတြက္ ေျမညိွ ဒလွိမ့္တံုးဆြဲျခင္းျဖင့္ ေျမကိုညီေအာင္ ညိွယူႏိုင္သည္။ ေကာင္းစြာေဆြးေၿမ႕သည္႔ ေျမေဆြးမ်ားကို ထည့္သြင္းႏိုင္သည္။

စိုက္ပ်ိဳးၿခင္း ႀကံပင္တြင္ ေကာင္းေကာင္းရင့္မာေသာ ၾကံဆစ္ ပိုင္းမ်ားကို ျဖတ္ေတာက္၍ကိုင္းျဖတ္ မ်ိဳးပြားျခင္း၊ စိုက္ပ်ိဳးၿခင္းႏွင့္ ပင္ၾကား တန္းၾကား ကိုင္းျဖတ္ မ်ိဳးပြားၿခင္းကို ျပဳလုပ္ၾကသည္။ အရည္အေသြးေကာင္း၍ ေရာဂါဒဏ္ ခံႏိုင္ရည္ရိွေသာ ဆစ္ပိုင္းမ်ားကို ေရြးခ်ယ္ျခင္းသည္ အထြက္ႏႈန္း တိုးတက္ေစရန္ ကနဦး အဆင႔္ ျဖစ္သည္။ ျဖတ္ပိုင္းမ်ား မျဖတ္မီ ျဖတ္ပိုင္း ျဖတ္ရန္ေရြးထားေသာ အပင္ကို ရက္ အနည္းငယ္ေစာ၍ မ်ိဳးပိုင္းမ်ား အရင္ခုတ္ထားပါ။ ယင္းသို္႔ျပဳလုပ္မွ ျဖတ္ပိုင္း အဆစ္၏ အတက္မ်ားမွ အၫႊန္႔မ်ား ဆက္လက္ ႀကီးထြားရန္ လွဳံ႕ေဆာ္ေပးႏိုင္မည္ ျဖစ္သည္။ ၾကံပင္၏ အေပၚပိုင္းကို အတက္ႏွစ္ခုမွ သံုးခုပါ အ႐ွည္ ၁၂လက္မ(၁ေပ)ေက်ာ္ ျဖတ္ပိုင္းမ်ားကို တိုင္းတာ၍ ျဖတ္ႏိုင္သည္။

ျဖတ္ပိုင္းမ်ားကို စိုက္ပ်ိဳးရာတြင္ ေနရာေဒသအလိုက္ နည္းလမ္းမ်ားစြာ ရိွၾကေသာ္လည္း လူသိမ်ားေသာ နည္းမွာ ထယ္ေၾကာင္းေပး၍ စိုက္ပ်ိဳးျခင္း ျဖစ္သည္။ အနက္ ၆လက္မမွ ၁၂လက္မတြင္ ေျမာင္းအတြင္း၌ အလ်ားလိုက္ခ်၍ေသာ္လည္းေကာင္း ၄၅ ဒီဂရီေစာင္း၍ေသာ္ လည္းေကာင္း ၾကံျဖတ္ပိုင္းမ်ားကို စိုက္ပ်ိဳးႏိုင္သည္။ ၾကံျဖတ္ပိုင္းမ်ားကို ေျမလႊာပါးပါးျဖင့္ ဖံုးပါ။ ၾကံျဖတ္ပိုင္းမ်ားကို စိုက္ခင္းထဲသို႔ တိုက္႐ိုက္ခ် စိုက္ပ်ိဳးႏိုင္သလို ပ်ိဳးျခံမ်ားတြင္ စိုက္ပ်ိဳးၿပီး အတက္မွ အရြက္မ်ားႀကီးထြားလာကာမွ ျခံတြင္းသို႔ ေရြ႔ေျပာင္း စိုက္ပ်ိဳးႏိုင္သည္။ ၾကံတြင္ ကိုင္းျဖတ္မၽားကို တစ္ဧကအတြက္ ၆၀၀၀ မွ ၈၀၀၀ ၾကား စိုက္ပ်ိဳးၾကသည္။ ထယ္ေၾကာင္းေပး စိုက္ပ်ိဳး စနစ္သည္ တခ်ိဳ႕ေသာ စိုက္ပ်ိဳးသူမၽား ႏွစ္သက္ၾကေသာ တြင္းခ် စိုက္ပ်ိဳးစနစ္ေလာက္ အထြက္ႏႈန္းမမ်ားပါ။ တြင္းခ် စိုက္ပ်ိဳး စနစ္သည္ အထြက္ႏွစ္ဆကို ေတြးျမင္ေမၽွာ္မွန္းႏိုငိသည္။

လမိုင္း၊လမက္ထားၿခင္း

ေ႐ွ႕တရာသီမွ အပင္ကို ခုတ္၍ ေနာက္တသီး အတြက္ ဆက္လက္ ႀကီးထြား ခြင့္ျပဳထားျခင္း ျဖစ္သည္။ ျဖတ္ပိုင္း မျဖတ္ဘဲ စိုက္ျခင္း ျဖစ္သည္။ ေကာင္းက်ိဳးမ်ားမွာ ေျမျပင္စားရိတ္ သက္သာသည္။ ပံုမွန္ စိုက္ပ်ိဳးေနက် ပထမ သီးႏွံထက္ အထြက္နည္းၿပီး ေစာေစာ ရင့္သည္။ အစိုဓာတ္ႏွင့္ ေျမဆီဓာတ္ႂကြင္း သတၱိ နည္းပါးသည္။ ဆိုးက်ိဳးမွာ ပိုးမႊားႏွင့္ ေရာဂါက်ေရာက္မႈ ျမင့္မားၿပီး အလြန္တရာ ဂ႐ုစိုက္မွ တန္ကာက်သည္။ အႀကီးမားဆံုး ထိခိုက္မွဳမွာ ေျမဆီလႊာ ပ်က္စီးျခင္း ျဖစ္သည္။

ေရသြင္းေရထုတ္

ၾကံသည္ ေရ အလြန္ေသာက္ေသာ သီးႏွံ ၿဖစ္သည္။ ၾကံျဖတ္ပိုင္းမွ အတက္ထြက္ျခင္း၊ ႀကီးထြားမွဳ အတြက္ အားယူရျခင္း၊ ၾကံပင္မွ ၾကံ႐ိုးအျဖစ္သို႔ ရင့္မွည့္ျခင္း အျပင္ လမိုင္းထားျခင္းတို႔ ပါဝင္ေသာ ၾကံ၏ သက္တမ္း တေလ်ွာက္ ျဖစ္စဥ္မ်ားသည္ ေရကိုေပါမၽားစြာ အသံုးျပဳရေသာ ျဖစ္စဥ္မ်ား ျဖစ္သည္။ ေရ႐ွားပါးခ်ိန္၊ ေရျပတ္လပ္သည့္ အခ်ိန္အခါမ်ားတြင္မူ အစက္ခ် ေရေပး စနစ္က့ဲသို႔ေသာ ေရ အရင္းအျမစ္ကို ပိုမို ထိေရာက္ေသာ အသံုးခ် နည္းမ်ားျဖင့္ စိုက္ပ်ိဳးရန္ လိုအပ္သည္။

စိုက္ပ်ိဳးၿပီး ၁ ရက္မွ ၃၅ရက္ အတြင္း အတက္မွ အေညႇာင့္ထိုးေနခိ်န္တြင္ ေရကို တစ္ပတ္ျခား တႀကိမ္၊ ၃၆ရက္မွ၁၀၀ရက္အတြင္းတြင္ ဆယ္ရက္ျခားစီ တႀကိမ္၊ ၁၁၀ရက္မွ၂၇၀ရက္ အတြင္း တစ္ပတ္ျခားစီ တႀကိမ္ႏွင့္ ၂၇၁ရက္မွ ရိတ္သိမ္းခ်ိန္ထိ တိုင္ေအာင္ ဆယ့္ငါးရက္ျခား တႀကိမ္ေရသြင္းေရထုတ္ ျပဳလုပ္ေပးရန္ လိုအပ္သည္။ ေရသြင္းေရထုတ္ ႀကိမ္ေရသည္ အပူပိုင္း စိုစြတ္ေဒသတြင္ တႏွစ္ပတ္လံုး အႀကိမ္ေရ (၃၅ မွ ၄၀)ၾကိမ္၊ ေႏြးသမပိုင္း စိုစြတ္ေဒသတြင္ အႀကိမ္ေရ( ၈မွ ၁၀) ႀကိမ္ ပ်မ္းမ်ွ လိုအပ္သည္။

တိရိစၧာန္စြန္႔ပစ္ပစၥည္းႏွင့္ေျမဆီၾသဇာထည့္သြင္းျခင္း

တစ္ဧက အတြက္္ ေျမေဆြး၂၅အိတ္နဲ႔၃၀ အိတ္ၾကား(၁တင္းခြဲအိတ္) ထည္႔ရမည္။ ဓာတ္ေၿမၾသဇာ ၃မ်ိဳးကို အခ်ိဳးက် ထည္႔ေပးရပါမည္။ တစ္ဧကလ်ွင္ ပုလဲ (၅၀)ကီလုိ အိတ္ၾကီး ၂လံုး၊ တီစူပါ အိတ္ၾကီး တစ္အိတ္နွင္႔ ပိုတက္ အိတ္ၾကီးတအိတ္ႏွဳန္း ထည္႔သြင္းရပါမည္။ ၾကံပင္ငယ္စဥ္မွ အပင္ပြားခ်ိန္၊ ၾကီးခ်ိန္ထိ္ ပုလဲေၿမၾသဇာကို ဂရုတစိုက္ ေက်ြးရပါမည္။ ေျမခံတြင္ တီစူပါ (ေဖာ႔စဖိတ္) ေကြ်းရပါမည္။ တီစူပါသည္ ၾကံပင္၏ ပြားစည္းမွဳနွင္႔ အၿမစ္မ်ား သန္မာေစရန္ ၿဖစ္ၿပီး ပိုတက္ေၿမၾသဇာသည္ အစာခ်က္လုပ္မႈ ေကာင္းေစရန္နွင္႔ အပင္ယိုင္လဲမွဳ မၿဖစ္ေစရန္၊ ေတာင္႔တင္း သန္မာေစရန္ အတြက္ ၿဖစ္ပါသည္။

ၾကားေပါင္းလိုက္ျခင္းႏွင့္သီးလွည့္စနစ္စိုက္ပ်ိဳးၿခင္း

ၾကံစိုက္ပ်ိဳး ထုတ္လုပ္ျခင္းတြင္ ေပါင္းနွိမ္ၿခင္္းသည္ ေရအျမဲတေစရိွေနေသာ ေျမျဖစ္ပါက ေပါင္းအလြန္ေပါသည့္အျပင္ ၾကံပင္အတြက္ေကၽြးေသာ ေျမဆီကိုလည္း လုယူ စားသံုးျခင္းေၾကာင့္ ပိုမို ၾကီးထြား၍ ႏွိမ္နင္းရန္ အလြန္ ခက္သည္။ စိုက္ပ်ိဳးၿပီး တလမွတလခြဲအထိ ေပါက္ျပားျဖင့္ လက္ေပါင္းလိုက္ျခင္းကို ဂ႐ုတစိုက္ ျပဳလုပ္ေပးသင့္သည္။ မစိုက္ပ်ိဳးမီ တူးဖုိးဒီ ကဲ႔သို႔ေသာ ေပါင္းသတ္ေဆးမ်ား သံုးႏိုင္သည္။ ေပါင္းသတ္ေဆး အသံုးျပဳျခင္းအျပင္ ဘက္စံု ေပါင္းႏွိမ္ျခင္း နည္းစနစ္ကို သံုးသင့္သည္။ လက္ေပါင္းလိုက္ျခင္း၊ ၾကားေပါင္းလိုက္စက္သံုးျခင္းအျပင္ အျခား သက္တမ္းတို ပင္မ်ား စိုက္ပ်ိဳးျခင္းျဖင့္ ေပါင္းကို ႏွိမ္နင္းႏိုင္သည္။

သီးလွည့္စနစ္

သီးလႇည့္ စိုက္ပ်ိဳးျခင္းသည္ ေပါင္းႏွိမ္နႇင္းရန္အတြက္ အေထာက္အကူုျပဳေသာ နည္းစနစ္ ျဖစ္သည္။ စိုက္ပ်ိဳး ေရေပါမၽားစြာ ရရိွႏိုင္ေသာ ေဒသမၽားတြင္ မိုးေရခၽိန္လက္မျမင့္ေသာ ေဒသမ်ားတြင္ ၾကံ၏ သီးလွည့္ သီးႏွံအျဖစ္ စပါးကို စိုက္ပ်ိဳးသင့္သည္။ မိုးေရခၽႇိန္ လက္မ နိမ့္ေသာ ေဒသမၽားတြင္ ဝါကို သီးလွည့္စိုက္ႏိုင္သည္။ ထုိ႔အၿပင္ နႏြင္း၊ ငွက္ေပၽာ၊ ေျမပဲ၊ ပဲပုပ္ႏွင္႔ အျခားပဲမ်ိဳးတို႔ကို သီးလွည့္အျဖစ္ စိုက္ပ်ိဳးႏိုင္သည္။ အပိုဝင္ေငြရေစရန္ အာလူး၊ ၾကက္သြန္နီ တို႔ကိုလည္း စိုက္ပ်ိဳးႏိုင္သည္။

အထြက္နွဳန္းမွာ ေရရရွိမႈ၊ ေၿမဆီလႊာ ထည္႔သြင္းနိုင္မွဳ၊ ေၿမအမိ်ဳးအစားေပၚ မူတည္ၿပီး ၁ ဧကလ်ွင္ တန္ခ်ိန္ ၄၀- ၆၀ ၾကား ထြက္ရွိပါသည္။

ေအာက္ကပုံေတြကေတာ့ ထုိင္းႏုိင္ငံက ႀကံစုိက္ပ်ဳိးနည္းတစ္ခုကို အဆင့္ဆင့္ျပသထားတာျဖစ္ပါတယ္။

ႀကံစုိက္ပ်ဳိးနည္း ၃မ်ဳိး VIDEO

ကိုးကား-www.asiafarming.com-sugarcane-cultivation


ကြံစိုက်ပျိုးနည်း အကြောင်းသိကောင်းစရာ (unicode)

ရေးသားသူ – Shweyelinn

ကြံသည် ပူနွေး စိုစွတ်သောဒေသနှင့် သမနွေးပိုင်း ဒေသများတွင် ဖြစ်ထွန်းတတ်ပြီး ပုံမှန်အားဖြင့် အပင်မြင့် ၉ပေ နှင့် ၁၅ပေကြား၊ ပင်စည်လုံးပတ်မှာ အချင်း ၂လက်မခန့်ရှိတတ်ပြီး အပင်ခြေတွင် ပင်စည်ပွားများစွာ ထုတ်လုပ်ရန် ဘေးတက်ကဲ့သို့ ပုံစံများစွာ ရှိနေသည့် နှစ်ရှည်ပင် တစ်မျိုး ဖြစ်သည်။ ပင်စည်သည် ကြံရိုးဖြစ်လာပြီး ကြီးထွားလာသောအခါ အပင်တစ်ပင်လုံး၏ ၇၅ရာခိုင်​နှုန်​းသည် ကြံရိုးသာ ဖြစ်သည်။ ကောင်းစွာ ကြီးထွားလာသော ကြံရိုးတချောင်းတွင် အမျှင်ဓာတ် ၁၁မှ၁၇ရာခိုင်နှုန်း၊ ပျော်ဝင်လွယ်သော သကြားဓာတ် ၁၂မှ၁၆ ရာခိုင်နှုန်း၊ အချိုဓာတ် မဟုတ်သော အခြားပါဝင်မှု ၂မှ၃ ရာခိုင်​နှုန်​းနှင့် ရေဓာတ် ၆ဝမှ၇၀ ရာခိုင်​နှုန်​းခန့် ပါဝင်သည်။ ကြံစိုက်ပျိုး ထုတ်လုပ်ရာတွင် အထွက်နှုန်း မြင့်မားရန်အတွက် ကြံပင်သည် ရာသီဥတု အနေအထား၊ မြေအမျိုးအစား၊ မြေဩဇာ၊ ရေသွင်းရေထုတ်၊ ပိုးရောဂါ ကာကွယ် နှိမ်နင်းမှု နှင့် ရိတ်သိမ်းချိန် အပေါ်များစွာ မူတည်သည့်အတွက် အကောင်းဆုံး သီးနှံ စီမံခန့်ခွဲမှု စနစ်များကို အလေးထား ပြုလုပ်ပေးရန် လိုအပ်သည်။

ကြံစိုက်ပျိုးခြင်းသည် ကမ္ဘာတွင် အများဆုံး စိုက်ပျိုးကြသော စိုက်ပျိုးရေး စနစ်ကြီးတခုလဲ ဖြစ်သည်။ သို့တစေ ကြံသည် ပိုးမွှားများနှင့် ပေါင်းပင်တို့ကို ခံနိုင်ရည် မရှိသော အပင် အမျိုးအစားလဲ ဖြစ်ပြန်သည်။ ကြံသည် သကြား အဓိက ထုတ်လုပ်ရာ သီးနှံလည်း ဖြစ်သလို အရက် အချဉ်ဖောက်ရာတွင် သုံးသော ကုန်ကြမ်းလဲ ဖြစ်သည်။ ထို့အပြင် တိရိစ္ဆာန်​အစာအတွက်လည်း အသုံးပြုကြပြန်သည်။ ကြံသည် မြက်မျိုးရင်းဝင် အပင်တမျိုး ဖြစ်ပြီး Poaceae မျိုးရင်း အတွင်းရှိ Saccharum မျိုးစိတ်ကွဲတွင် ပါရှိသည်။ ကြံသည် ကမ္ဘာ့ ဝယ်လိုအား များသလို စိုက်ပျိုးသူကိုလည်း အကျိုးအမြတ် အနည်းနှင့်အများပေးနိုင်သော သီးနှံဖြစ်၍ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်သင့်သော သီးနှံတစ်ခုပင် ဖြစ်သည်။ ကမ္ဘာ့ကြံ ထုတ်လုပ်မှု အများဆုံးနိုင်ငံများထဲတွင် အာရှမှ အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ ဖိလစ်ပိုင်နှင့်အင်ဒိုနီးရှား နိုင်ငံတို့ ပါဝင်နေသည်။ ဘရာဇီးနိုင်ငံသည် ကမ္ဘာတွင် ထုတ်လုပ်မှု အများဆုံး နိုင်ငံဖြစ်သည်။

ရာသီဥတု

အပူချိန် ၂၀နှင့် ၄၂ ဒီဂရီ ဆဲလ်ဆီးယပ် တွင်ကောင်းစွာ စိုက်ပျိုး ဖြစ်ထွန်းသည်။ နေရောင် ကြာရှည်စွာ ရရှိခြင်းကို အလွန်တရာ နှစ်သက်သည်။ အကောင်းဆုံး အပင် ဖွံဖြိုးမှု အတွက် တနှစ်တာ မိုးရေချိန် လက်မ ၇၀ နှင့် ၉၈လက်မကြား ရရှိရန် လိုအပ်သည်။ သွင်းရေ ရရှိနိုင်ပါက တနှစ်ပတ်လုံး စိုက်ပျိုး ဖြစ်ထွန်းနိုင်သော သီးနှံ ဖြစ်သည်။ ဆောင်းတွင်းတွင် ၆မှ ၈ ဒီဂရီ ဆဲလ်ဆီးယပ်ထိ နွေရာသီတွင် ၄၀ မှ ၄၂ဒီဂရီ ဆဲလ်ဆီးယပ် အထိ အပူချိန် အတက်အကျ အနိမ့်အမြင့်ကို ခံနိုင်ရည်ရှိသည်။

မြေဆီလွှာ

ကြံပင်သည် မြေကြီးထဲတွင် အစိုဓာတ် ပမာဏ လုံလောက်စွာ ရှိနေအောင် ထိန်းသိမ်း ထားနိုင်သော မည်သည့်မြေ အမျိုးအစားတွင်မဆို စိုက်ပျိုးဖြစ်ထွန်းနိုင် ပါသည်။ အာဟာရ ဓာတ်ကြွယ်ဝသော နှုန်းမြေ၊ သဲနှုန်းမြေ၊ နှုန်းမြေစေးများသည် ကြံပင်၏ အထွက်နှုန်းနှင့် ကြီးထွားမှုအတွက် အကောင်းဆုံး ဖြစ်သည်။ ကြံပင်သည် ရေကြိုက်သော သီးနှံ ဖြစ်သော်လည်း ရေဝပ်ခြင်းကို မနှစ်သက်ပါ။ ကြံပင် စိုက်ပျိုးနိုင်သည့် မြေချဉ်ငံကိန်း (pH) မှာ ၅-၈ ကြား ဖြစ်သည်။ ကြံပင်သည် (၁၂လမှ ၂ဝလ)ထိ ကွင်းထဲတွင် ထားရှိရသော သီးနှံတခု ဖြစ်၍ မြေဆီကြွယ်ဝသောမြေသည် အထူး သင့်လျော်သည်။ ကြံပင်ကို ဧက အမြောက်အများစီးပွားဖြစ် စိုက်မည် ဆိုပါက မြေကြီးထဲရှိ အာဟာရဓာတ် ပါဝင်မှု စမ်းသပ် စစ်ဆေးခြင်းကို အရင်ဆုံး ပြုလုပ်သင့်ပါသည်။

မြေပြင်ခြင်း
စိုက်ပျိုးရန် အတွက် မြေပြုပြင်ခြင်းသည် တနှစ်နှင့် တစ်နှစ်အထက် သက်တမ်းရှိသော သီးနှံများ အတွက် အရေးကြီးသော အခန်းကဏ္ဍတခု ဖြစ်သည်။ လယ်ထွန်စက်ဖြင့် နှစ်ကြိမ်မှ သုံးကြိမ်အထိ ကောင်းစွာ ထယ်ထိုး ထွန်မွှေ ပြုလုပ်ပေးရန် လိုအပ်သည်။ ပထမဆုံးအကြိမ် ထယ်ထိုးခြင်းကို ရှေ့တစ်ရာသီ သီးနှံ ရိတ်သိမ်းပြီးသည်နှင့် စတင်ရပါမည်။ ပထမအကြိမ် ထယ်ထိုးရာတွင် မြေကျစ် မြေခဲများ ကောင်းစွာ ကျေပျက်အောင် ပြုလုပ်ရမည်ဖြစ်ပြီး ထယ်ထိုးပြီးပါက သုံးလ မြေလှပ် ထားရပါမည်။ ဒုတိယ အကြိမ် ထယ်ထပ်ထိုးပြီးပါက သုံးကြိမ်နှင့်လေးကြိမ်ထိ ထယ်မွှေခြင်းက ပြုလုပ်ပေးလျွင် ကောင်းစွာ ထယ်ရေး ညက်သောမြေကို ရရှိပါမည်။ မျိုးစေ့ချရန်အတွက် မြေညှိ ဒလှိမ့်တုံးဆွဲခြင်းဖြင့် မြေကိုညီအောင် ညှိယူနိုင်သည်။ ကောင်းစွာဆွေးမြေ့သည့် မြေဆွေးများကို ထည့်သွင်းနိုင်သည်။

စိုက်ပျိုးခြင်း ကြံပင်တွင် ကောင်းကောင်းရင့်မာသော ကြံဆစ် ပိုင်းများကို ဖြတ်တောက်၍ကိုင်းဖြတ် မျိုးပွားခြင်း၊ စိုက်ပျိုးခြင်းနှင့် ပင်ကြား တန်းကြား ကိုင်းဖြတ် မျိုးပွားခြင်းကို ပြုလုပ်ကြသည်။ အရည်အသွေးကောင်း၍ ရောဂါဒဏ် ခံနိုင်ရည်ရှိသော ဆစ်ပိုင်းများကို ရွေးချယ်ခြင်းသည် အထွက်နှုန်း တိုးတက်စေရန် ကနဦး အဆင့် ဖြစ်သည်။ ဖြတ်ပိုင်းများ မဖြတ်မီ ဖြတ်ပိုင်း ဖြတ်ရန်ရွေးထားသော အပင်ကို ရက် အနည်းငယ်စော၍ မျိုးပိုင်းများ အရင်ခုတ်ထားပါ။ ယင်းသ်ို့ပြုလုပ်မှ ဖြတ်ပိုင်း အဆစ်၏ အတက်များမှ အညွှန့်များ ဆက်လက် ကြီးထွားရန် လှုံ့ဆော်ပေးနိုင်မည် ဖြစ်သည်။ ကြံပင်၏ အပေါ်ပိုင်းကို အတက်နှစ်ခုမှ သုံးခုပါ အရှည် ၁၂လက်မ(၁ပေ)ကျော် ဖြတ်ပိုင်းများကို တိုင်းတာ၍ ဖြတ်နိုင်သည်။

ဖြတ်ပိုင်းများကို စိုက်ပျိုးရာတွင် နေရာဒေသအလိုက် နည်းလမ်းများစွာ ရှိကြသော်လည်း လူသိများသော နည်းမှာ ထယ်ကြောင်းပေး၍ စိုက်ပျိုးခြင်း ဖြစ်သည်။ အနက် ၆လက်မမှ ၁၂လက်မတွင် မြောင်းအတွင်း၌ အလျားလိုက်ချ၍သော်လည်းကောင်း ၄၅ ဒီဂရီစောင်း၍သော် လည်းကောင်း ကြံဖြတ်ပိုင်းများကို စိုက်ပျိုးနိုင်သည်။ ကြံဖြတ်ပိုင်းများကို မြေလွှာပါးပါးဖြင့် ဖုံးပါ။ ကြံဖြတ်ပိုင်းများကို စိုက်ခင်းထဲသို့ တိုက်ရိုက်ချ စိုက်ပျိုးနိုင်သလို ပျိုးခြံများတွင် စိုက်ပျိုးပြီး အတက်မှ အရွက်များကြီးထွားလာကာမှ ခြံတွင်းသို့ ရွေ့ပြောင်း စိုက်ပျိုးနိုင်သည်။ ကြံတွင် ကိုင်းဖြတ်များကို တစ်ဧကအတွက် ၆၀၀၀ မှ ၈၀၀၀ ကြား စိုက်ပျိုးကြသည်။ ထယ်ကြောင်းပေး စိုက်ပျိုး စနစ်သည် တချို့သော စိုက်ပျိုးသူများ နှစ်သက်ကြသော တွင်းချ စိုက်ပျိုးစနစ်လောက် အထွက်နှုန်းမများပါ။ တွင်းချ စိုက်ပျိုး စနစ်သည် အထွက်နှစ်ဆကို တွေးမြင်မျှော်မှန်းနိုငိသည်။

လမိုင်း၊လမက်ထားခြင်း
ရှေ့တရာသီမှ အပင်ကို ခုတ်၍ နောက်တသီး အတွက် ဆက်လက် ကြီးထွား ခွင့်ပြုထားခြင်း ဖြစ်သည်။ ဖြတ်ပိုင်း မဖြတ်ဘဲ စိုက်ခြင်း ဖြစ်သည်။ ကောင်းကျိုးများမှာ မြေပြင်စားရိတ် သက်သာသည်။ ပုံမှန် စိုက်ပျိုးနေကျ ပထမ သီးနှံထက် အထွက်နည်းပြီး စောစော ရင့်သည်။ အစိုဓာတ်နှင့် မြေဆီဓာတ်ကြွင်း သတ္တိ နည်းပါးသည်။ ဆိုးကျိုးမှာ ပိုးမွှားနှင့် ရောဂါကျရောက်မှု မြင့်မားပြီး အလွန်တရာ ဂရုစိုက်မှ တန်ကာကျသည်။ အကြီးမားဆုံး ထိခိုက်မှုမှာ မြေဆီလွှာ ပျက်စီးခြင်း ဖြစ်သည်။

ရေသွင်းရေထုတ်
ကြံသည် ရေ အလွန်သောက်သော သီးနှံ ဖြစ်သည်။ ကြံဖြတ်ပိုင်းမှ အတက်ထွက်ခြင်း၊ ကြီးထွားမှု အတွက် အားယူရခြင်း၊ ကြံပင်မှ ကြံရိုးအဖြစ်သို့ ရင့်မှည့်ခြင်း အပြင် လမိုင်းထားခြင်းတို့ ပါဝင်သော ကြံ၏ သက်တမ်း တလျှောက် ဖြစ်စဉ်များသည် ရေကိုပေါများစွာ အသုံးပြုရသော ဖြစ်စဉ်များ ဖြစ်သည်။ ရေရှားပါးချိန်၊ ရေပြတ်လပ်သည့် အချိန်အခါများတွင်မူ အစက်ချ ရေပေး စနစ်ကဲ့သို့သော ရေ အရင်းအမြစ်ကို ပိုမို ထိရောက်သော အသုံးချ နည်းများဖြင့် စိုက်ပျိုးရန် လိုအပ်သည်။

စိုက်ပျိုးပြီး ၁ ရက်မှ ၃၅ရက် အတွင်း အတက်မှ အညှောင့်ထိုးနေချိန်တွင် ရေကို တစ်ပတ်ခြား တကြိမ်၊ ၃၆ရက်မှ၁၀ဝရက်အတွင်းတွင် ဆယ်ရက်ခြားစီ တကြိမ်၊ ၁၁ဝရက်မှ၂၇ဝရက် အတွင်း တစ်ပတ်ခြားစီ တကြိမ်နှင့် ၂၇၁ရက်မှ ရိတ်သိမ်းချိန်ထိ တိုင်အောင် ဆယ့်ငါးရက်ခြား တကြိမ်ရေသွင်းရေထုတ် ပြုလုပ်ပေးရန် လိုအပ်သည်။ ရေသွင်းရေထုတ် ကြိမ်ရေသည် အပူပိုင်း စိုစွတ်ဒေသတွင် တနှစ်ပတ်လုံး အကြိမ်ရေ (၃၅ မှ ၄၀)ကြိမ်၊ နွေးသမပိုင်း စိုစွတ်ဒေသတွင် အကြိမ်ရေ( ၈မှ ၁၀) ကြိမ် ပျမ်းမျှ လိုအပ်သည်။

တိရိစ္ဆာန်စွန့်ပစ်ပစ္စည်းနှင့်မြေဆီဩဇာထည့်သွင်းခြင်း
တစ်ဧက အတွက် မြေဆွေး၂၅အိတ်နဲ့၃၀ အိတ်ကြား(၁တင်းခွဲအိတ်) ထည့်ရမည်။ ဓာတ်မြေဩဇာ ၃မျိုးကို အချိုးကျ ထည့်ပေးရပါမည်။ တစ်ဧကလျှင် ပုလဲ (၅၀)ကီလို အိတ်ကြီး ၂လုံး၊ တီစူပါ အိတ်ကြီး တစ်အိတ်နှင့် ပိုတက် အိတ်ကြီးတအိတ်နှုန်း ထည့်သွင်းရပါမည်။ ကြံပင်ငယ်စဉ်မှ အပင်ပွားချိန်၊ ကြီးချိန်ထိ် ပုလဲမြေဩဇာကို ဂရုတစိုက် ကျွေးရပါမည်။ မြေခံတွင် တီစူပါ (ဖော့စဖိတ်) ကျွေးရပါမည်။ တီစူပါသည် ကြံပင်၏ ပွားစည်းမှုနှင့် အမြစ်များ သန်မာစေရန် ဖြစ်ပြီး ပိုတက်မြေဩဇာသည် အစာချက်လုပ်မှု ကောင်းစေရန်နှင့် အပင်ယိုင်လဲမှု မဖြစ်စေရန်၊ တောင့်တင်း သန်မာစေရန် အတွက် ဖြစ်ပါသည်။

ကြားပေါင်းလိုက်ခြင်းနှင့်သီးလှည့်စနစ်စိုက်ပျိုးခြင်း
ကြံစိုက်ပျိုး ထုတ်လုပ်ခြင်းတွင် ပေါင်းနှိမ်ခြင်းသည် ရေအမြဲတစေရှိနေသော မြေဖြစ်ပါက ပေါင်းအလွန်ပေါသည့်အပြင် ကြံပင်အတွက်ကျွေးသော မြေဆီကိုလည်း လုယူ စားသုံးခြင်းကြောင့် ပိုမို ကြီးထွား၍ နှိမ်နင်းရန် အလွန် ခက်သည်။ စိုက်ပျိုးပြီး တလမှတလခွဲအထိ ပေါက်ပြားဖြင့် လက်ပေါင်းလိုက်ခြင်းကို ဂရုတစိုက် ပြုလုပ်ပေးသင့်သည်။ မစိုက်ပျိုးမီ တူးဖိုးဒီ ကဲ့သို့သော ပေါင်းသတ်ဆေးများ သုံးနိုင်သည်။ ပေါင်းသတ်ဆေး အသုံးပြုခြင်းအပြင် ဘက်စုံ ပေါင်းနှိမ်ခြင်း နည်းစနစ်ကို သုံးသင့်သည်။ လက်ပေါင်းလိုက်ခြင်း၊ ကြားပေါင်းလိုက်စက်သုံးခြင်းအပြင် အခြား သက်တမ်းတို ပင်များ စိုက်ပျိုးခြင်းဖြင့် ပေါင်းကို နှိမ်နင်းနိုင်သည်။

သီးလှည့်စနစ်
သီးလှည့် စိုက်ပျိုးခြင်းသည် ပေါင်းနှိမ်နှင်းရန်အတွက် အထောက်အကုပြုသော နည်းစနစ် ဖြစ်သည်။ စိုက်ပျိုး ရေပေါများစွာ ရရှိနိုင်သော ဒေသများတွင် မိုးရေချိန်လက်မမြင့်သော ဒေသများတွင် ကြံ၏ သီးလှည့် သီးနှံအဖြစ် စပါးကို စိုက်ပျိုးသင့်သည်။ မိုးရေချှိန် လက်မ နိမ့်သော ဒေသများတွင် ဝါကို သီးလှည့်စိုက်နိုင်သည်။ ထို့အပြင် နနွင်း၊ ငှက်ပျော၊ မြေပဲ၊ ပဲပုပ်နှင့် အခြားပဲမျိုးတို့ကို သီးလှည့်အဖြစ် စိုက်ပျိုးနိုင်သည်။ အပိုဝင်ငွေရစေရန် အာလူး၊ ကြက်သွန်နီ တို့ကိုလည်း စိုက်ပျိုးနိုင်သည်။

အထွက်နှုန်းမှာ ရေရရှိမှု၊ မြေဆီလွှာ ထည့်သွင်းနိုင်မှု၊ မြေအမျိုးအစားပေါ် မူတည်ပြီး ၁ ဧကလျှင် တန်ချိန် ၄၀- ၆၀ ကြား ထွက်ရှိပါသည်။

ကိုးကား-www.asiafarming.com-sugarcane-cultivation

Leave a Reply