ဟစ္တလာ ရဲ႕ နာဇီ ေခါင္းေလာင္းႀကီး

Posted on

ေရးသားသူ – ဦးကိုကိုဦး

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ( ၂၆ ) ရက္ေန႕တုန္းက ဂ်ာမနီႏိုင္ငံ အေနာက္ေတာင္ပိုင္း ဟာ့ဇ္ဟိန္းၿမိဳ ႕ေလးက ၿမိဳ ႕သူၿမိဳ ႕သားေတြဟာ သူတို႕ၿမိဳ ႕ေလးရဲ႕ ဘုရားေက်ာင္းမွာ ရွိတဲ့ ဟစ္တလာေခါင္းေလာင္းႀကီး ကို မူလေနရာမွာ ဆက္လက္ထားရွိဖို႔ မဲခြဲဆံုးျဖတ္လိုက္ၾကပါတယ္ ။ အေလးခ် ိန္ ကီလို ( ၂၄၀ ) ရွိတဲ့ ဒီေခါင္းေလာင္းႀကီးကို ၁၉၃၄ ခုႏွစ္တုန္းက နာဇီေခါင္းေဆာင္ႀကီး ဟစ္တလာက ဘုရားေက်ာင္းကို လွဴ ဒါန္းခဲ့တာ ပါ ။

ေခါင္းေလာင္းေပၚမွာ နာဇီ စၾကာအမွတ္အသားကို ထင္ထင္ရွားရွား ေရးထိုးထားၿပီး
” အဖႏိုင္ငံေတာ္ အတြက္ အရာရာအားလံုးအေဒါ့ဖ္ ဟစ္တလာ “
( Alles fuer’s Vaterland – Adolf Hitler ) ဆိုတဲ့ စာတန္းကိုလည္း ေရးထိုးထားပါတယ္ ။

ဟာ့ဇ္ဟိန္းၿမိဳ ႕ေလးဟာ လက္ရွိအခ် ိန္မွာ လူဦးေရ ( ၇၀၀ ) ေက်ာ္ပဲ ရွိတဲ့ အလြန္ေသးငယ္တဲ့ ၿမိဳ ႕ေလးပါ ။ ဘုရားေက်ာင္းကို ဝတ္ျပဳ ဆုေတာင္းဖို႕ပဲ ျဖစ္ေစ ။ ဘာသာေရးအခမ္းအနားေတြ နဲ႕ လက္ထပ္မဂၤလာပြဲေတြ အတြက္ပဲျဖစ္ေစ ။ ေရာက္လာၾကသူတိုင္းဟာ ေခါင္းေလာင္းေပၚက စာတန္းကိုေရာ ။ ေခါင္းေလာင္းႀကီးရဲ႕ သမိုင္းေၾကာင္းကိုေရာ အမွတ္တမဲ့ သတိမမူမိပဲ ေနထိုင္ခဲ့ၾကတာ ဆယ္စုႏွစ္မ်ားစြာ ၾကာခဲ့ပါၿပီ ။

မႏွစ္တုန္းကမွ ဘုရားေက်ာင္းေတးဂီတအဖြဲ႕က အဖြဲ႕ဝင္ေဟာင္းအမ်ဳိးသမီးတေယာက္က ဒီေခါင္းေလာင္းႀကီးကို ဖယ္ရွားပစ္ဖို႕ လူသိရွင္ၾကားကန္႔ကြက္ ေတာင္းဆိုရာက တႏိုင္ငံလံုး ဟိုးေလးတေက်ာ္သတင္း ျဖစ္သြားရပါတယ္ ။ ဂ်ာမနီႏိုင္ငံက ဂ်ဴးအဖြဲ႕အစည္းေတြ ၊ တက္ၾကြလႈပ္ရွားသူေတြက ဟစ္တလာရဲ႕ ေခါင္းေလာင္းႀကီးကို ဘုရားေက်ာင္းက ဖယ္ရွားၿပီးေတာ့ ျပတိုက္တခုခုကို ပို႕လိုက္ဖို႔ ၊ ဒါမွမဟုတ္ တခါတည္း အရည္က်ဳိ ၿပီး ဖ်က္ဆီးလိုက္ဖို႔ အံုၾကြေတာင္းဆို လာၾကပါတယ္ ။ ၿမိဳ ႔သူၿမိဳ ႔သား တစ္ခ်ဳိ႕ကလည္း ေခါင္းေလာင္းႀကီးသတင္း ဟိုးေလးတေက်ာ္ျဖစ္သြားတဲ့ေနာက္ သူတို႕ဘုရားေက်ာင္းေလး ဟာ ေခတ္သစ္နာဇီဝါဒီေတြရဲ႕ အထိမ္းအမွတ္ေနရာတခု ျဖစ္လာမွာ စိုးရိမ္လာၾကတယ္ ။

ဂ်ာမနီႏိုင္ငံမွာ နာဇီအေလးျပဳ နည္း အပါအဝင္ နာဇီဝါဒနဲ႕ ပတ္သက္တဲ့ အမွတ္အသားသေကၤတ ။ အထိမ္းအမွတ္ အားလံုးကို ပိတ္ပင္တားျမစ္ထားတယ္ ။ ဒါေပမယ့္ ဒီေခါင္းေလာင္းႀကီးကေတာ့
” ဘာသာေရးဆိုင္ရာ ေရွးေဟာင္းပစၥည္း “ စာရင္းမွာ ပါဝင္ေနလို႔ ဒီဥပေဒနဲ႔ အက်ဳံးမဝင္ပါဘူး ။ ေခါင္းေလာင္းႀကီးရဲ႕ ကံၾကမၼာကို ၿမိဳ ႕သူၿမိဳ ႕သားေတြ လြတ္လပ္စြာဆံုးျဖတ္ႏိုင္ပါတယ္ ။

ေဖေဖာ္ဝါရီ ( ၂၆ ) ရက္ေန႕မွာေတာ့ ၿမိဳ ႕အုပ္ခ် ဳ ပ္ေရး ေကာင္စီက ” ၁၀ မဲ – ၃ မဲ ” နဲ႔ ေခါင္းေလာင္းႀကီးကို မူလအတိုင္း ဆက္လက္ထားရွိဖို႔ မဲခြဲဆံုးျဖတ္လိုက္တယ္ ။ ေခါင္းေလာင္းႀကီးကို ဖယ္ရွားေဖ်ာက္ဖ်က္ပစ္လိုက္ျခင္း ဟာဟာ့ဇ္ဟိန္းၿမိဳ ႕ေလးရဲ႕ သမိုင္းတစိတ္တေဒသ ကို ဖယ္ရွားေဖ်ာက္ဖ်က္ပစ္ရာ ေရာက္လိမ့္မယ္လို႔သူတို႔႔က ဆိုပါတယ္ ။

ဒါေပမယ့္ အျငင္းပြားဖြယ္မျဖစ္ ေစဖို႕အတြက္ ဟစ္တလာေခါင္းေလာင္းႀကီးရဲ႕ နံေဘးမွာ ေခါင္းေလာင္းအသစ္တလံုး ထပ္မံထားရွိၿပီး ဘာသာေရးကိစၥေတြအတြက္ ေခါင္းေလာင္းတီးခတ္တဲ့ အခါ ေခါင္းေလာင္းအသစ္ကိုပဲ အသံုးျပဳ သြားမယ္ လို႕ ဆိုပါတယ္ ။


ဟစ်တလာ ရဲ့ နာဇီ ခေါင်းလောင်းကြီး (unicode)

ရေးသားသူ – ဦးကိုကိုဦး

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ( ၂၆ ) ရက်နေ့တုန်းက ဂျာမနီနိုင်ငံ အနောက်တောင်ပိုင်း ဟာ့ဇ်ဟိန်းမြို ႕လေးက မြို ႕သူမြို ႕သားတွေဟာ သူတို့မြို ႕လေးရဲ့ ဘုရားကျောင်းမှာ ရှိတဲ့ ဟစ်တလာခေါင်းလောင်းကြီး ကို မူလနေရာမှာ ဆက်လက်ထားရှိဖို့ မဲခွဲဆုံးဖြတ်လိုက်ကြပါတယ် ။ အလေးချ ိန် ကီလို ( ၂၄၀ ) ရှိတဲ့ ဒီခေါင်းလောင်းကြီးကို ၁၉၃၄ ခုနှစ်တုန်းက နာဇီခေါင်းဆောင်ကြီး ဟစ်တလာက ဘုရားကျောင်းကို လှူ ဒါန်းခဲ့တာ ပါ ။

ခေါင်းလောင်းပေါ်မှာ နာဇီ စကြာအမှတ်အသားကို ထင်ထင်ရှားရှား ရေးထိုးထားပြီး
” အဖနိုင်ငံတော် အတွက် အရာရာအားလုံးအဒေါ့ဖ် ဟစ်တလာ ”
( Alles fuer’s Vaterland – Adolf Hitler ) ဆိုတဲ့ စာတန်းကိုလည်း ရေးထိုးထားပါတယ် ။

ဟာ့ဇ်ဟိန်းမြို ႕လေးဟာ လက်ရှိအချ ိန်မှာ လူဦးရေ ( ၇၀၀ ) ကျော်ပဲ ရှိတဲ့ အလွန်သေးငယ်တဲ့ မြို ႕လေးပါ ။ ဘုရားကျောင်းကို ဝတ်ပြု ဆုတောင်းဖို့ပဲ ဖြစ်စေ ။ ဘာသာရေးအခမ်းအနားတွေ နဲ့ လက်ထပ်မင်္ဂလာပွဲတွေ အတွက်ပဲဖြစ်စေ ။ ရောက်လာကြသူတိုင်းဟာ ခေါင်းလောင်းပေါ်က စာတန်းကိုရော ။ ခေါင်းလောင်းကြီးရဲ့ သမိုင်းကြောင်းကိုရော အမှတ်တမဲ့ သတိမမူမိပဲ နေထိုင်ခဲ့ကြတာ ဆယ်စုနှစ်များစွာ ကြာခဲ့ပါပြီ ။

မနှစ်တုန်းကမှ ဘုရားကျောင်းတေးဂီတအဖွဲ့က အဖွဲ့ဝင်ဟောင်းအမျိုးသမီးတယောက်က ဒီခေါင်းလောင်းကြီးကို ဖယ်ရှားပစ်ဖို့ လူသိရှင်ကြားကန့်ကွက် တောင်းဆိုရာက တနိုင်ငံလုံး ဟိုးလေးတကျော်သတင်း ဖြစ်သွားရပါတယ် ။ ဂျာမနီနိုင်ငံက ဂျူးအဖွဲ့အစည်းတွေ ၊ တက်ကြွလှုပ်ရှားသူတွေက ဟစ်တလာရဲ့ ခေါင်းလောင်းကြီးကို ဘုရားကျောင်းက ဖယ်ရှားပြီးတော့ ပြတိုက်တခုခုကို ပို့လိုက်ဖို့ ။ ဒါမှမဟုတ် တခါတည်း အရည်ကျို ပြီး ဖျ က်ဆီးလိုက်ဖို့ အုံကြွတောင်းဆို လာကြပါတယ် ။ မြို့သူမြို့သား တစ်ချို့ကလည်း ခေါင်းလောင်းကြီးသတင်း ဟိုးလေးတကျော်ဖြစ်သွားတဲ့နောက် သူတို့ဘုရားကျောင်းလေး ဟာ ခေတ်သစ်နာဇီဝါဒီတွေရဲ့ အထိမ်းအမှတ်နေရာတခု ဖြစ်လာမှာ စိုးရိမ်လာကြတယ် ။

ဂျာမနီနိုင်ငံမှာ နာဇီအလေးပြု နည်း အပါအဝင် နာဇီဝါဒနဲ့ ပတ်သက်တဲ့ အမှတ်အသားသင်္ကေတ ။ အထိမ်းအမှတ် အားလုံးကို ပိတ်ပင်တားမြစ်ထားတယ် ။ ဒါပေမယ့် ဒီခေါင်းလောင်းကြီးကတော့
” ဘာသာရေးဆိုင်ရာ ရှေးဟောင်းပစ္စည်း ” စာရင်းမှာ ပါဝင်နေလို့ ဒီဥပဒေနဲ့ အကျုံးမဝင်ပါဘူး ။ ခေါင်းလောင်းကြီးရဲ့ ကံကြမ္မာကို မြို ႕သူမြို ႕သားတွေ လွတ်လပ်စွာဆုံးဖြတ်နိုင်ပါတယ် ။

ဖေဖော်ဝါရီ ( ၂၆ ) ရက်နေ့မှာတော့ မြို ႕အုပ်ချ ဳ ပ်ရေး ကောင်စီက ” ၁၀ မဲ – ၃ မဲ ” နဲ့ ခေါင်းလောင်းကြီးကို မူလအတိုင်း ဆက်လက်ထားရှိဖို့ မဲခွဲဆုံးဖြတ်လိုက်တယ် ။ ခေါင်းလောင်းကြီးကို ဖယ်ရှားဖျောက်ဖျက်ပစ်လိုက်ခြင်း ဟာဟာ့ဇ်ဟိန်းမြို ႕လေးရဲ့ သမိုင်းတစိတ်တဒေသ ကို ဖယ်ရှားဖျောက်ဖျက်ပစ်ရာ ရောက်လိမ့်မယ်လို့သူတို့က ဆိုပါတယ် ။

ဒါပေမယ့် အငြင်းပွားဖွယ်မဖြစ် စေဖို့အတွက် ဟစ်တလာခေါင်းလောင်းကြီးရဲ့ နံဘေးမှာ ခေါင်းလောင်းအသစ်တလုံး ထပ်မံထားရှိပြီး ဘာသာရေးကိစ္စတွေအတွက် ခေါင်းလောင်းတီးခတ်တဲ့ အခါ ခေါင်းလောင်းအသစ်ကိုပဲ အသုံးပြု သွားမယ် လို့ ဆိုပါတယ် ။

Leave a Reply