အေမရိကန္ သမၼတစီးတဲ့ က်ည္ကာဘတ္စ္ကား

Posted on

ေရးသားသူ – စစ္မာန္ဟုန္

အေမရိကန္ သမၼတေတြအတြက္ သယ္ယူပုိ႕ေဆာင္ေရးမွာ အခက္အခဲ မရွိေအာင္ ျပင္ဆင္ထားၾကပါတယ္။ Air Force One လုိ႕ေခၚတဲ့ ေလယာဥ္၊ Marine One လို႕ေခၚတဲ့ ရဟတ္ယာဥ္နဲ႕ The Beast လုိ႕ေခၚတဲ့ ကားေတြဟာ ေနာက္ဆံုးေပၚ နည္းပညာကုိ အသံုးျပဳထားတာေတြ ျဖစ္ၾကပါတယ္။

အခု ဒီပုိစ့္မွာ အေမရိကန္ သမၼတစီးတဲ့ Ground Force One လုိ႕ေခၚတဲ့ ဘတ္စ္ကား အေၾကာင္း တင္ျပသြားပါမယ္။

Ground Force One ဟာ ၄၅ ေပရွည္ျပီး ဒီကားရဲ႕ လံုျခံဳေရးဆုိင္ရာ ဒီဇုိင္းကုိေတာ့ သမၼတရဲ႕ ကုိယ္ရံေတာ္တပ္ဖြဲ႕ (Secret Service) က ေသခ်ာျပင္ဆင္ပါတယ္။ The Beast လို႕ေခၚတဲ့ ကားလုိပဲ ဒီဘတ္စ္ကား တစ္စီးလံုးကုိ အနက္ေရာင္ ေဆးျခယ္ထားပါတယ္။

Ground Force One နဲ႕ သူနဲ႕ ဆင္တူ ကားတစ္စီးကုိ တဲနဲဆီျပည္နယ္အေျခစုိက္ ဟန္းဖီးလ္ညီအစ္ကုိမ်ား ကုမၸဏီကေန မွာယူထားတာ ျဖစ္ပါတယ္။ ကားတစ္စီးကုိ ေဒၚလာ ၁.၁ သန္း တန္ေၾကးရွိပါတယ္။ ဒါေပမယ့္ ကုန္ထားတာနဲ႕ တန္တယ္လုိ႕ ဆုိရမွာပါ။

ဒီကား မဝယ္ခင္ အေမရိကန္သမၼတ ရက္ရွည္ခရီးထြက္ဖုိ႕ ကားအသစ္ တစ္စီးငွားရျပီး လံုျခံဳေရးအတြက္ ျပင္ဆင္ရတာမုိ႕ အသစ္ဝယ္လုိက္တာလုိ႕ သိရပါတယ္။ ဒီဘတ္စ္ကားဟာ ကားတာယာေပါက္သြားရင္ေတာင္ ဆက္သြားလုိ႕ရႏုိင္ေအာင္ ျပင္ဆင္ထားျပီး က်ည္ကာ သံျပားေတြနဲ႕ အထူးျပဳလုပ္ထားတဲ့ မွန္ေတြနဲ႕ ကာထားပါတယ္။

ဓာတုေဗဒလက္နက္နဲ႕ တုိက္ခုိက္လာရင္ ကာကြယ္ႏုိင္ဖုိ႕ ေအာက္စီဂ်င္ဗူးကိုလည္း ထည့္သြင္းထားတဲ့အျပင္ သမၼတရဲ႕ ေသြးအမ်ဳိးအစား ေသြးေတြကုိလည္း ထည့္သြင္းထားပါေသးတယ္။

ဒါ့အျပင္ တယ္လီဖုန္း၊ ရုပ္ျမင္သံၾကား၊ ေရဒီယုိ အျပင္ အင္တာနက္ကုိလည္း ရံုးတစ္ရံုးလုိ အလုပ္လုပ္ႏုိင္ဖုိ႕ တပ္ဆင္ထားပါတယ္။ The Beast ကားလုိပဲ ေသခ်ာ ေလ့က်င့္ျပင္ဆင္ထားတဲ့ ယာဥ္ေမာင္းအနည္းငယ္ကသာ ဒီကားကုိ ေမာင္းႏွင္ခြင့္ရွိျပီး ေရြးခ်ယ္ခံရတဲ့ လူအနည္းငယ္သာ ကားေပၚတက္စီးခြင့္ ရွိပါတယ္။

Ground Force One ဟာ လူအေရာက္အေပါက္နည္းတဲ့ ေဒသေတြမွာ သမၼတကုိ သက္ေတာင့္သက္သာနဲ႕ လံုလံုျခံဳျခံဳပုိ႕ေပးႏုိင္ေအာင္ ျပင္ဆင္ထားတာ ျဖစ္ပါတယ္။

ျပတင္းေပါက္ေတြ အားလံုးကုိ အနက္ေရာင္ေျပာင္းထားတဲ့အတြက္ လူထုကို လက္ျပႏွဳတ္ဆက္ဖုိ႕ဆုိရင္ သမၼတက ယာဥ္ေမာင္းရဲ႕ ေဘးမွာ ရပ္ရပါတယ္။

Ground Force One ကားထဲမွာ ဘယ္လုိ ဒီဇုိင္းရွိသလဲ ဆုိတာ မသိရေပမယ့္ အိမ္ျဖဴေတာ္ဝန္ထမ္းတစ္ဦးက ထုိင္ခံုေတြအျပင္ ခံုတန္းရွည္တစ္လံုးလည္း ပါဝင္တယ္လုိ႕ ေျပာခဲ့ဖူးပါတယ္။ သမၼတဟာ Air Force One ကေန Ground Force One ကုိ ခ်က္ခ်င္းသြားႏုိင္တာမုိ႕ သယ္ယူပုိ႕ေဆာင္ေရးကုိ ပုိမုိလြယ္ကူေစပါတယ္။

စစ္မာန္ဟုန္


အမေရိကန် သမ္မတစီးတဲ့ ကျည်ကာဘတ်စ်ကား (သို့) Ground Force One (unicode)

ရေးသားသူ – စစ်မာန်ဟုန်

အမေရိကန် သမ္မတတွေအတွက် သယ်ယူပို့ဆောင်ရေးမှာ အခက်အခဲ မရှိအောင် ပြင်ဆင်ထားကြပါတယ်။ Air Force One လို့ခေါ်တဲ့ လေယာဉ်၊ Marine One လို့ခေါ်တဲ့ ရဟတ်ယာဉ်နဲ့ The Beast လို့ခေါ်တဲ့ ကားတွေဟာ နောက်ဆုံးပေါ် နည်းပညာကို အသုံးပြုထားတာတွေ ဖြစ်ကြပါတယ်။ အခု ဒီပိုစ့်မှာ အမေရိကန် သမ္မတစီးတဲ့ Ground Force One လို့ခေါ်တဲ့ ဘတ်စ်ကား အကြောင်း တင်ပြသွားပါမယ်။

Ground Force One ဟာ ၄၅ ပေရှည်ပြီး ဒီကားရဲ့ လုံခြုံရေးဆိုင်ရာ ဒီဇိုင်းကိုတော့ သမ္မတရဲ့ ကိုယ်ရံတော်တပ်ဖွဲ့ (Secret Service) က သေချာပြင်ဆင်ပါတယ်။ The Beast လို့ခေါ်တဲ့ ကားလိုပဲ ဒီဘတ်စ်ကား တစ်စီးလုံးကို အနက်ရောင် ဆေးခြယ်ထားပါတယ်။ Ground Force One နဲ့ သူနဲ့ ဆင်တူ ကားတစ်စီးကို တဲနဲဆီပြည်နယ်အခြေစိုက် ဟန်းဖီးလ်ညီအစ်ကိုများ ကုမ္ပဏီကနေ မှာယူထားတာ ဖြစ်ပါတယ်။ ကားတစ်စီးကို ဒေါ်လာ ၁.၁ သန်း တန်ကြေးရှိပါတယ်။ ဒါပေမယ့် ကုန်ထားတာနဲ့ တန်တယ်လို့ ဆိုရမှာပါ။

ဒီကား မဝယ်ခင် အမေရိကန်သမ္မတ ရက်ရှည်ခရီးထွက်ဖို့ ကားအသစ် တစ်စီးငှားရပြီး လုံခြုံရေးအတွက် ပြင်ဆင်ရတာမို့ အသစ်ဝယ်လိုက်တာလို့ သိရပါတယ်။ ဒီဘတ်စ်ကားဟာ ကားတာယာပေါက်သွားရင်တောင် ဆက်သွားလို့ရနိုင်အောင် ပြင်ဆင်ထားပြီး ကျည်ကာ သံပြားတွေနဲ့ အထူးပြုလုပ်ထားတဲ့ မှန်တွေနဲ့ ကာထားပါတယ်။ ဓာတုဗေဒလက်နက်နဲ့ တိုက်ခိုက်လာရင် ကာကွယ်နိုင်ဖို့ အောက်စီဂျင်ဗူးကိုလည်း ထည့်သွင်းထားတဲ့အပြင် သမ္မတရဲ့ သွေးအမျိုးအစား သွေးတွေကိုလည်း ထည့်သွင်းထားပါသေးတယ်။

ဒါ့အပြင် တယ်လီဖုန်း၊ ရုပ်မြင်သံကြား၊ ရေဒီယို အပြင် အင်တာနက်ကိုလည်း ရုံးတစ်ရုံးလို အလုပ်လုပ်နိုင်ဖို့ တပ်ဆင်ထားပါတယ်။ The Beast ကားလိုပဲ သေချာ လေ့ကျင့်ပြင်ဆင်ထားတဲ့ ယာဉ်မောင်းအနည်းငယ်ကသာ ဒီကားကို မောင်းနှင်ခွင့်ရှိပြီး ရွေးချယ်ခံရတဲ့ လူအနည်းငယ်သာ ကားပေါ်တက်စီးခွင့် ရှိပါတယ်။ Ground Force One ဟာ လူအရောက်အပေါက်နည်းတဲ့ ဒေသတွေမှာ သမ္မတကို သက်တောင့်သက်သာနဲ့ လုံလုံခြုံခြုံပို့ပေးနိုင်အောင် ပြင်ဆင်ထားတာ ဖြစ်ပါတယ်။

ပြတင်းပေါက်တွေ အားလုံးကို အနက်ရောင်ပြောင်းထားတဲ့အတွက် လူထုကို လက်ပြနှုတ်ဆက်ဖို့ဆိုရင် သမ္မတက ယာဉ်မောင်းရဲ့ ဘေးမှာ ရပ်ရပါတယ်။ Ground Force One ကားထဲမှာ ဘယ်လို ဒီဇိုင်းရှိသလဲ ဆိုတာ မသိရပေမယ့် အိမ်ဖြူတော်ဝန်ထမ်းတစ်ဦးက ထိုင်ခုံတွေအပြင် ခုံတန်းရှည်တစ်လုံးလည်း ပါဝင်တယ်လို့ ပြောခဲ့ဖူးပါတယ်။ သမ္မတဟာ Air Force One ကနေ Ground Force One ကို ချက်ချင်းသွားနိုင်တာမို့ သယ်ယူပို့ဆောင်ရေးကို ပိုမိုလွယ်ကူစေပါတယ်။

Leave a Reply