ေခ်ာကလက္ အေၾကာင္း သိေကာင္းစရာ

Posted on

ေခ်ာကလက္မွာ ကုိကုိးပင္ ေခၚ ကေကးအိုပင္(Theobroma cacao) ၏အသီးေတာင့္မ်ား အတြင္းမွ အေစ့ဆန္မ်ားကို အမႈန္႔ႀကိတ္၍ သၾကား၊ ႏုိ႔တုိ႔ျဖင့္ ေရာစပ္ကာ ျပဳလုပ္ထားေသာ ရသာခဲျဖစ္သည္။

ကုိကုိးပင္ ေခၚ ကေကးအိုပင္(Theobroma cacao)

အေနာက္တိုင္းနိုင္ငံမ်ားႏွင့္ ဩစေျတးလ်၊ နယူးဇီလန္ ကြ်န္းမ်ားတြင္ ေခ်ာကလက္မ်ားကို အႀကီး အက်ယ္လုပ္၍ ကမၻာအရပ္ရပ္သို့ တင္ပို႔ရာင္းခ်သည္။ ေခ်ာကလက္၏ ပင္ကိုယ္ခါးသက္ေသာအရသာကို သျကား၊ နို့၊ ေကာ္မႈန္႔ မ်ားျဖင့္ ေရာေနွာဖံုးအုပ္၍ ဖက္စပ္ျပဳျပင္ထားေလရာ ေခ်ာ ကလက္သည္ ခ်ိုဆိမ့္သည္။ အနံ႔လည္း ေကာင္းမြန္သျဖင့္ လူတိုင္းနီးပါး ႏွစ္ၿခဳိက္ၾကသည္။ အထူးသျဖင့္ ကေလးမ်ား အလြန္ ေတာင့္တေသာ အစာျဖစ္သည္။ သို႔ရာတြင္ ေကာင္းမြန္သည့္ေခ်ာကလက္ မ်ားသည္ စားေကာင္းသေလာက္ ေစ်းႀကီးေလရာ လူတိုင္း စားသံုးျခင္း မျပဳနိုင္ေခ်။

သမုိုင္း

မာယာ ႏွင့္ အက္ဇတက္လူမ်ိဳးတို႔လက္ထက္တည္းက ေခ်ာကလက္အရည္(ကုိးကုိးပင္အရည္)ကို ေသာက္သုံးခဲ့ၾကသည္ဟု သိရသည္။ သူတုိ႔ကေတာ့ အရသာေကာင္းလြန္းေသာ ဒီအရည္ကုိ နတ္ဘုရားေဖ်ာ္ရည္ဟု ေခၚေ၀ၚၾကသည္။ ၁၄၉၂ ခုႏွစ္ေနာက္တြင္ မကၠဆီကိုနိုင္ငံသို႔ စပိန္လူမ်ဳိးမ်ား ေရာက္ရွိသြားေသာအခါ ထိုေဒသမွ တိုင္းရင္းသားမ်ား သည္ ကေကးအိုေခၚ အပင္မွ အေစ့ဆန္တို႔ကို ႀကိတ္၍ ေဖ်ာ္ေသာက္ျကသည္ကို ေတြ႔ရသည္။ စပိန္လူမ်ိုးမ်ားလည္း ထိုအရည္ကို ျမည္းစမ္းၾကည့္ရာ ခါးသက္သက္နွင့္ အီသည္ကို ေတြ႔ရသည္။

သို႔ရာတြင္ ဥေရာပတိုက္မွ ယူေဆာင္လာခဲ့သည့္ သၾကားႏွင့္ ေရာ၍ စမ္းသပ္ၾကည့္ေသာအခါ အရသာ ေကာင္းသည္ကို ေတြ႔ရသည္။ သူတို႔မွတစ္ဆင့္ ဥေရာပတိုက္သို႔ ေရာက္သြားေလရာ ၁၈ ရာစုေလာက္တြင္ ဥေရာပတိုက္၌ ကိုကိုးအေဖ်ာ္ကို အႏွံ႔အျပား သံုးစြဲစ ျပဳၾကသည္။ ၁၈၄၇ ခုႏွစ္တြင္ အဂၤလိပ္လူမ်ိဳး ဂ်ိဳးဇက္ဖရိုင္း ဆိုသူက ေခ်ာကလက္အႏွစ္ကို ပံုသြန္းေအးခဲေစရာမွစ၍ ေခ်ာကလက္ အခဲ-အေတာင့္ ပံုစံျဖစ္လာခဲ့ေတာ့သည္။

ေခ်ာကလက္ကို ကိုကိုးျပဳလုပ္သကဲ့သို႔ပင္ ကေကးအိုအေစ့ ဆန္မ်ားကို အေျခာက္လွန္း၍ ႀကိတ္ထားေသာ အမႈန္႔မ်ားမွ ျပဳလုပ္ျခင္းျဖစ္သည္။ ကေကးအိုပင္မ်ားမွာ ပူအိုက္၍ စိုစြတ္ ေသာအေမရိကတိုက္၊ အာဖရိကတိုက္မ်ားတြင္ အေလ့က် ေပါက္၍ ကေလးအိုေစ့မ်ားကို ကိုကိုးေခ်ာကလက္မ်ား ျပဳလုပ္သည့္ႏုိင္ငံမ်ားသို့ တင္ပို႔ေရာင္းခ်ၾက၏။

ေခ်ာကလက္စက္ရံုႀကီးမ်ားသို့ ေရာက္ေသာအခါ ကေကး အို အေစ့မ်ားကို ပို၍ အရသာေကာင္းလာေစရန္ စက္ျဖင့္ ေလွာ္ေပးရသည္။ ထို့ေနာက္ စက္ျဖင့္ ႀကိတ္လိုက္ေသာအခါ အခြံမ်ားထြက္ကုန္ျပီးလွ်င္ အဆန္မ်ားသာ က်န္ခဲ့၏။ အေစ့ခြံ မ်ားမွာ ေျမဩဇာအတြက္ အသံုးခ်ရသည္။ ကေကးအိုအေစ့မွ ရေသာ အဆန္မ်ားမွာ ကိုကိုး၊ ေခ်ာကလက္ ျပဳလုပ္ရေသာ အဓိကပစၥည္းမ်ား ျဖစ္သည္။ ေခ်ာကလက္ျပဳလုပ္ရာ၌ အဆန္မ်ားကို ေခ်ာကလက္အရည္ ျဖစ္ ေအာင္ စက္ျဖင့္ အထပ္ထပ္ႀကိတ္ေပး၍ ပံုစံခြက္မ်ားထဲတြင္ အေအးခံေပးရသည္။ ထို့ေနာက္ သၾကား၊ နို့၊ ေကာ္မႈန္႔မ်ား ေရာစြက္လိုက္ေသာအခါ ခ်ဳိဆိမ့္ေသာ ေခ်ာကလက္မ်ား ျဖစ္လာသည္။

ကေကးအိုေစ့မ်ားတြင္ လူတို႔ အတြက္ အာဟာရဓါတ္ကို အထူးျဖစ္ေစႏိုင္သည့္ ဆီ တစ္မ်ိဳး ပါရွိသည္။ ထိုဆီေၾကာင့္ ေခ်ာကလက္သည္ လူတို႔ အတြက္ အာဟာရႏွင့္ျပည့္စုံသည့္ အစားအစာတစ္ရပ္ ျဖစ္ေတာ့သည္။ ထိုဆီ၏ အေရာင္မွာ ညဳိညစ္ညစ္ျဖစ္သည္။ ေခ်ာကလက္တြင္ ဤကဲ့သို႔အာဟာရဓါတ္ျပည့္စုံစြာ ပါရွိသျဖင့္၊ စစ္သားမ်ားႏွင့္ ေရသစ္ေျမသစ္ ရွာေဖြသူမ်ားအဖို႔ အလြန္ အသုံးက်ေသာ အစာ တစ္ရပ္ ျဖစ္ေပသည္။

ယခင္ေခတ္အခါက လူတို႔စားသုံးလ်က္ရွိေသာ ေခ်ာကလက္ မွာ ကေကးအိုေစ့မွရေသာအမႈန္႔ကို နဂိုအခါးဓါတ္ ေပ်ာက္ျပယ္ သြားေအာင္ သၾကားကို လိုသမၽွေရာစပ္၍ ျပဳလုပ္ထားသည့္ အစာမၽွသာ ျဖစ္သည္။ သို႔ေသာ္ ယခုေခတ္တြင္ ခ်ိဳရင္းစြဲ ဆီ အျပင္ ခ်ိဳခ်ဥ္ခဲဖြယ္လုပ္သူတို႔သည္ ေခ်ာကလက္တြင္ ကိုကိုးဆီ အပိုကို ေဆာင္း၍ထည့္ၾကေလသည္။

ေခ်ာကလက္သည္ အလြန္အဆီမ်ား၏။ ကေကးအို အဆန္မ်ားတြင္ ကိုကိုးဆီဟုေခၚေသာ အဆီအႏွစ္ တစ္ဝက္ ေက်ာ္မွ် ပါရွိသည္။ ယင္းကိုကိုးဆီမွာ အညိုရင့္ေရာင္ရွိသည္။ အဆီဓာတ္လြန္ကဲ၍ အီဆိမ့္လွသည္။ ေရွးအခါက ေခ်ာကလက္ မ်ား ျပဳလုပ္ရာတြင္ မူလကိုကိုးဆီမ်ား ပါရွိသမွ်ႏွင့္သာ ျပဳလုပ္ ျကေသာ္လည္း ယခုအခါတြင္ ကိုကိုးဆီမ်ားကို ပိုမိုထည့္ရမည့္ ဆီကို ကေလးအိုအဆန္မ်ားမွ ကိုကိုးမႈန့္ မျပဳလုပ္မီ ထုတ္ယူ သည္။

ယင္းသို့အားျဖင့္ ေဖ်ာ္ေသာက္ရမည့္ ကိုကိုးမႈန္႔မွာလည္း အဆီထုတ္ျပီးျဖစ္၍ အီဆိမ့္လြန္းျခင္း၊ အဆီမ်ားျခင္း မျဖစ္ ေတာ့ဘဲ ေခ်ာကလက္မွာလည္း ပို၍ အရသာေကာင္းလာသည္။ ယင္းသို့အရသာ ပိုေကာင္းသည္နွင့္အမွ် ေခ်ာကလက္သည္ အစာေၾကလြယ္ျခင္း မရွိေခ်။ သို့ရာတြင္ နည္းနည္းနွင့္ ဝေစ ေသာအစာ ျဖစ္သည္။

ေခ်ာကလက္တြင္ ပရိုတင္း၊ အဆီဓာတ္ဆားနွင့္ အျခား ခြန္အားျဖစ္ေစေသာ ဓာတ္မ်ား ျပည့္စံုလံုေလာက္စြာ ပါရွိသျဖင့္ နည္းနည္းႏွင့္ အရာေရာက္ေသာ အစာ အာဟာရျဖစ္သည္။

ေခ်ာကလက္၏ လူသိမမ်ားေသးေသာ က်န္းမာေရး အက်ဳိးေက်းဇူး

ေခ်ာကလက္မွာ Phenols လို႔ေခၚတဲ့ အစြမ္းထက္ ဓာတ္တိုးဆန္႔က်င္ပစၥည္းေပါႂကြယ္ဝစြာ ပါဝင္ေနပါတယ္။ ေခ်ာကလက္ တစ္ေအာင္စခဲြ အရြယ္အတံုးေသးတစ္ခုမွာ ဝိုင္နီငါးေအာင္စဝင္ တစ္ဖန္ခြက္စာေလာက္ ဓာတ္တိုးဆန္႔က်င္ပစၥည္း ပါဝင္ေနပါတယ္။ အျဖဴေရာင္ ေခ်ာကလက္ထက္ အေရာင္ရင့္ ေခ်ာကလက္က က်န္းမာေရးနဲ႔ ပိုမိုညီၫြတ္ပါတယ္။ ဒီအေၾကာင္းေတြကိုေတာ့ လူအမ်ားသိၿပီးသား ျဖစ္မွာပါ။

ေနာက္ထပ္သတင္းေကာင္း၏ေခ်ာကလက္မွာ ပါဝင္တဲ့အဆီ သံုးပံုတစ္ပံုဟာ Stearic လို႔ေခၚတဲ့ ကိိုယ္လက္စထေရာ အက်ဳိးျပဳအဆီျဖစ္ၿပီး က်န္အဆီသံုးပံုႏွစ္ပံုကေတာ့ Oleic acid လို႔ေခၚတဲ့ မျပည့္ဝဆီ ျဖစ္ပါတယ္။ ပင္ဆဲလ္ေဗးနီးယား သုေတသီေတြက လူ ၂၃ ဦးကို တူညီတဲ့ အစားအေသာက္ေကၽြးၿပီး တခ်ဳိ႕လူေတြကို အမည္းေရာင္ ေခ်ာကလက္ ၁၆ ဂရမ္နဲ႔ ကိုကိုးမႈန္႔ ၂၂ ဂရမ္ ထပ္မံေကၽြးတဲ့အခါ ေခ်ာကလက္ စားသူေတြဟာ မစားသူေတြထက္ မေကာင္းတဲ့ LDL ကိုလက္စထေရာပမာဏ ပိုေလ်ာ့က် ခဲ့တာကို ေတြ႕ခဲ့ရပါတယ္။

ေခ်ာကလက္ စားခ်င္စိတ္ျပင္းျပေနလွ်င္

– အမည္းေရာင္ကို ေရြးပါ

အမည္းေရာင္ ေခ်ာကလက္မွာ တျခားေခ်ာကလက္အမ်ဳိးအစားေတြထက္ Phenols ဓာတ္ပိုမိုပါဝင္ေနပါတယ္။ ႏို႔ေခ်ာကလက္ေတြမွာေတာ့ ျပည့္ဝဆီေတြ ျဖစ္တဲ့ ႏို႔အဆီ ပါဝင္ေနတာေၾကာင့္ မေရြးသင့္ပါ။

– စေတာ္ဘယ္ရီသီး ထည့္စားပါ

ေခ်ာကလက္ ပူပူတစ္ခြက္ထဲ စေတာ္ဘယ္ရီသီး ထည့္တာဟာ ဓာတ္တိုးဆန္႔က်င္ ပစၥည္းမ်ားမ်ားပါဝင္တဲ့ သေရစာတစ္မ်ဳိးပါပဲ။ ေခ်ာကလက္ပူပူထဲ စေတာ္ဘယ္ရီသီး မထည့္ခင္ ေျခာက္ေသြ႕ေနဖို႔လိုပါတယ္။

– အမ်ဳိးအစား ေကာင္းေကာင္း ေရြးစားပါ

အေကာင္းဆံုး ေခ်ာကလက္ကို ေရြးဝယ္ပါ။ ဒါမွသာ ေခ်ာကလက္ပမာဏ မ်ားမ်ားထက္ ပမာဏနည္းနည္းစား႐ံုနဲ႔ ေက်နပ္သြားပါလိမ့္မယ္။

သို႔ေသာ္တန္ရင္ေဆး လြန္လွ်င္ေဘးဆိုတာလည္းရွိပါတယ္။ ကိုယ္စားလိုက္တဲ့ ေခ်ာကလက္က ကယ္လိုရီတန္ဖိုးမ်ားတဲ့ အမ်ိဴးအစားျဖစ္ေနရင္ ပမာဏနည္းနည္းပဲစားသင့္ပါတယ္။ အဲ့လိုမဟုတ္ဘဲ စားေကာင္းေကာင္းနဲ႔ တဝႀကီးစားလိုက္လို႔ မိမိခႏၶာကိုယ္ရဲ႕တစ္ေန႔တာလိုအပ္ခ်က္ထက္ ေက်ာ္သြားရင္၊ ေနာက္ကိုယ္ကလည္း ကိုယ္လက္လႈပ္ရွားမႈ ပုံမွန္မလုပ္ျဖစ္တဲ့သူဆိုရင္ ေရရွည္မွာ ကိုယ္အေလးခ်ိန္တိုးလာႏိုင္ပါတယ္။ ဒါေၾကာင့္ ဆီးခ်ိဳ၊ ေသြးတိုး၊ ေက်ာက္ကပ္ေရာဂါ၊ ေသြးတြင္းအဆီမ်ားတဲ့ ေရာဂါရွိတဲ့သူေတြဆိုရင္ေတာ့ မိမိရဲ႕ဆရာဝန္နဲ႔စမ္းသပ္စစ္ေဆးၿပီးမွ သင့္ေတာ္မယ့္ ပမာဏေလာက္ပဲ စားသင့္ပါတယ္။

ေနာက္ဆုံးအေနနဲ႔ ေျပာခ်င္တာကေတာ့ လူစားသည့္ ေခ်ာကလက္ကို အိမ္တြင္ခ်စ္စႏိုး လက္သပ္ေမြးထားသည့္ တိရစာၦန္မ်ားအား လုံးဝမေကြၽးပါနဲ႔။ အထူးသျဖင့္ ေခြးေတြအတြက္ ပိုအႏၲရာယ္ရွိပါတယ္။တိရစာၦန္မ်ားအား ေကြၽးခ်င္ပါက တိရစာၦန္အစားအစာ ေရာင္းသည့္ဆိုင္မ်ားတြင္ တိရစာၦန္မ်ားအတြက္အထူးျပဳျပင္ထားေသာ ေခ်ာကလက္မ်ားရွိပါသည္။

ေခ်ာကလက္ ဘယ္ကလာလဲ ၊ ဘယ္လုိလုပ္လဲ ရွင္းျပတဲ့ ဗီဒီယုိ


ျမန္မာ့စြယ္စုံက်မ္း
Mg Mandalay
ေဒါက္တာ သက္ေအာင္


ချောကလက် ဆိုသည်မှာ (unicode)

ချောကလက်မှာ ကိုကိုးပင် ခေါ် ကကေးအိုပင်(Theobroma cacao) ၏အသီးတောင့်များ အတွင်းမှ အစေ့ဆန်များကို အမှုန့်ကြိတ်၍ သကြား၊ နို့တို့ဖြင့် ရောစပ်ကာ ပြုလုပ်ထားသော ရသာခဲဖြစ်သည်။

အနောက်တိုင်းနိုင်ငံများနှင့် ဩစတြေးလျ၊ နယူးဇီလန် ကျွန်းများတွင် ချောကလက်များကို အကြီး အကျယ်လုပ်၍ ကမ္ဘာအရပ်ရပ်သို့ တင်ပို့ရာင်းချသည်။ ချောကလက်၏ ပင်ကိုယ်ခါးသက်သောအရသာကို သကြား၊ နို့၊ ကော်မှုန့် များဖြင့် ရောနှောဖုံးအုပ်၍ ဖက်စပ်ပြုပြင်ထားလေရာ ချော ကလက်သည် ချိုဆိမ့်သည်။ အနံ့လည်း ကောင်းမွန်သဖြင့် လူတိုင်းနီးပါး နှစ်ခြိုက်ကြသည်။ အထူးသဖြင့် ကလေးများ အလွန် တောင့်တသော အစာဖြစ်သည်။ သို့ရာတွင် ကောင်းမွန်သည့်ချောကလက် များသည် စားကောင်းသလောက် ဈေးကြီးလေရာ လူတိုင်း စားသုံးခြင်း မပြုနိုင်ချေ။

သမိုင်း

မာယာ နှင့် အက်ဇတက်လူမျိုးတို့လက်ထက်တည်းက ချောကလက်အရည်(ကိုးကိုးပင်အရည်)ကို သောက်သုံးခဲ့ကြသည်ဟု သိရသည်။ သူတို့ကတော့ အရသာကောင်းလွန်းသော ဒီအရည်ကို နတ်ဘုရားဖျော်ရည်ဟု ခေါ်ဝေါ်ကြသည်။ ၁၄၉၂ ခုနှစ်နောက်တွင် မက္ကဆီကိုနိုင်ငံသို့ စပိန်လူမျိုးများ ရောက်ရှိသွားသောအခါ ထိုဒေသမှ တိုင်းရင်းသားများ သည် ကကေးအိုခေါ် အပင်မှ အစေ့ဆန်တို့ကို ကြိတ်၍ ဖျော်သောက်ကြသည်ကို တွေ့ရသည်။ စပိန်လူမျိုးများလည်း ထိုအရည်ကို မြည်းစမ်းကြည့်ရာ ခါးသက်သက်နှင့် အီသည်ကို တွေ့ရသည်။

သို့ရာတွင် ဥရောပတိုက်မှ ယူဆောင်လာခဲ့သည့် သကြားနှင့် ရော၍ စမ်းသပ်ကြည့်သောအခါ အရသာ ကောင်းသည်ကို တွေ့ရသည်။ သူတို့မှတစ်ဆင့် ဥရောပတိုက်သို့ ရောက်သွားလေရာ ၁၈ ရာစုလောက်တွင် ဥရောပတိုက်၌ ကိုကိုးအဖျော်ကို အနှံ့အပြား သုံးစွဲစ ပြုကြသည်။ ၁၈၄၇ ခုနှစ်တွင် အင်္ဂလိပ်လူမျိုး ဂျိုးဇက်ဖရိုင်း ဆိုသူက ချောကလက်အနှစ်ကို ပုံသွန်းအေးခဲစေရာမှစ၍ ချောကလက် အခဲ-အတောင့် ပုံစံဖြစ်လာခဲ့တော့သည်။

ချောကလက်ကို ကိုကိုးပြုလုပ်သကဲ့သို့ပင် ကကေးအိုအစေ့ ဆန်များကို အခြောက်လှန်း၍ ကြိတ်ထားသော အမှုန့်များမှ ပြုလုပ်ခြင်းဖြစ်သည်။ ကကေးအိုပင်များမှာ ပူအိုက်၍ စိုစွတ် သောအမေရိကတိုက်၊ အာဖရိကတိုက်များတွင် အလေ့ကျ ပေါက်၍ ကလေးအိုစေ့များကို ကိုကိုးချောကလက်များ ပြုလုပ်သည့်နိုင်ငံများသို့ တင်ပို့ရောင်းချကြ၏။

ချောကလက်စက်ရုံကြီးများသို့ ရောက်သောအခါ ကကေး အို အစေ့များကို ပို၍ အရသာကောင်းလာစေရန် စက်ဖြင့် လှော်ပေးရသည်။ ထို့နောက် စက်ဖြင့် ကြိတ်လိုက်သောအခါ အခွံများထွက်ကုန်ပြီးလျှင် အဆန်များသာ ကျန်ခဲ့၏။ အစေ့ခွံ များမှာ မြေဩဇာအတွက် အသုံးချရသည်။ ကကေးအိုအစေ့မှ ရသော အဆန်များမှာ ကိုကိုး၊ ချောကလက် ပြုလုပ်ရသော အဓိကပစ္စည်းများ ဖြစ်သည်။ ချောကလက်ပြုလုပ်ရာ၌ အဆန်များကို ချောကလက်အရည် ဖြစ် အောင် စက်ဖြင့် အထပ်ထပ်ကြိတ်ပေး၍ ပုံစံခွက်များထဲတွင် အအေးခံပေးရသည်။ ထို့နောက် သကြား၊ နို့၊ ကော်မှုန့်များ ရောစွက်လိုက်သောအခါ ချိုဆိမ့်သော ချောကလက်များ ဖြစ်လာသည်။

ကကေးအိုစေ့များတွင် လူတို့ အတွက် အာဟာရဓါတ်ကို အထူးဖြစ်စေနိုင်သည့် ဆီ တစ်မျိုး ပါရှိသည်။ ထိုဆီကြောင့် ချောကလက်သည် လူတို့ အတွက် အာဟာရနှင့်ပြည့်စုံသည့် အစားအစာတစ်ရပ် ဖြစ်တော့သည်။ ထိုဆီ၏ အရောင်မှာ ညိုညစ်ညစ်ဖြစ်သည်။ ချောကလက်တွင် ဤကဲ့သို့အာဟာရဓါတ်ပြည့်စုံစွာ ပါရှိသဖြင့်၊ စစ်သားများနှင့် ရေသစ်မြေသစ် ရှာဖွေသူများအဖို့ အလွန် အသုံးကျသော အစာ တစ်ရပ် ဖြစ်ပေသည်။ ယခင်ခေတ်အခါက လူတို့စားသုံးလျက်ရှိသော ချောကလက် မှာ ကကေးအိုစေ့မှရသောအမှုန့်ကို နဂိုအခါးဓါတ် ပျောက်ပြယ် သွားအောင် သကြားကို လိုသမျှရောစပ်၍ ပြုလုပ်ထားသည့် အစာမျှသာ ဖြစ်သည်။ သို့သော် ယခုခေတ်တွင် ချိုရင်းစွဲ ဆီ အပြင် ချိုချဉ်ခဲဖွယ်လုပ်သူတို့သည် ချောကလက်တွင် ကိုကိုးဆီ အပိုကို ဆောင်း၍ထည့်ကြလေသည်။

ချောကလက်သည် အလွန်အဆီများ၏။ ကကေးအို အဆန်များတွင် ကိုကိုးဆီဟုခေါ်သော အဆီအနှစ် တစ်ဝက် ကျော်မျှ ပါရှိသည်။ ယင်းကိုကိုးဆီမှာ အညိုရင့်ရောင်ရှိသည်။ အဆီဓာတ်လွန်ကဲ၍ အီဆိမ့်လှသည်။ ရှေးအခါက ချောကလက် များ ပြုလုပ်ရာတွင် မူလကိုကိုးဆီများ ပါရှိသမျှနှင့်သာ ပြုလုပ် ကြသော်လည်း ယခုအခါတွင် ကိုကိုးဆီများကို ပိုမိုထည့်ရမည့် ဆီကို ကလေးအိုအဆန်များမှ ကိုကိုးမှုန့် မပြုလုပ်မီ ထုတ်ယူ သည်။ ယင်းသို့အားဖြင့် ဖျော်သောက်ရမည့် ကိုကိုးမှုန့်မှာလည်း အဆီထုတ်ပြီးဖြစ်၍ အီဆိမ့်လွန်းခြင်း၊ အဆီများခြင်း မဖြစ် တော့ဘဲ ချောကလက်မှာလည်း ပို၍ အရသာကောင်းလာသည်။ ယင်းသို့အရသာ ပိုကောင်းသည်နှင့်အမျှ ချောကလက်သည် အစာကြေလွယ်ခြင်း မရှိချေ။ သို့ရာတွင် နည်းနည်းနှင့် ဝစေ သောအစာ ဖြစ်သည်။

ချောကလက်တွင် ပရိုတင်း၊ အဆီဓာတ်ဆားနှင့် အခြား ခွန်အားဖြစ်စေသော ဓာတ်များ ပြည့်စုံလုံလောက်စွာ ပါရှိသဖြင့် နည်းနည်းနှင့် အရာရောက်သော အစာ အာဟာရဖြစ်သည်။

ချောကလက်၏ လူသိမများသေးသော ကျန်းမာရေး အကျိုးကျေးဇူး

ချောကလက်မှာ Phenols လို့ခေါ်တဲ့ အစွမ်းထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းပေါကြွယ်ဝစွာ ပါဝင်နေပါတယ်။ ချောကလက် တစ်အောင်စခွဲ အရွယ်အတုံးသေးတစ်ခုမှာ ဝိုင်နီငါးအောင်စဝင် တစ်ဖန်ခွက်စာလောက် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်နေပါတယ်။ အဖြူရောင် ချောကလက်ထက် အရောင်ရင့် ချောကလက်က ကျန်းမာရေးနဲ့ ပိုမိုညီညွတ်ပါတယ်။ ဒီအကြောင်းတွေကိုတော့ လူအများသိပြီးသား ဖြစ်မှာပါ။

နောက်ထပ်သတင်းကောင်း၏ချောကလက်မှာ ပါဝင်တဲ့အဆီ သုံးပုံတစ်ပုံဟာ Stearic လို့ခေါ်တဲ့ ကိုယ်လက်စထရော အကျိုးပြုအဆီဖြစ်ပြီး ကျန်အဆီသုံးပုံနှစ်ပုံကတော့ Oleic acid လို့ခေါ်တဲ့ မပြည့်ဝဆီ ဖြစ်ပါတယ်။ ပင်ဆဲလ်ဗေးနီးယား သုတေသီတွေက လူ ၂၃ ဦးကို တူညီတဲ့ အစားအသောက်ကျွေးပြီး တချို့လူတွေကို အမည်းရောင် ချောကလက် ၁၆ ဂရမ်နဲ့ ကိုကိုးမှုန့် ၂၂ ဂရမ် ထပ်မံကျွေးတဲ့အခါ ချောကလက် စားသူတွေဟာ မစားသူတွေထက် မကောင်းတဲ့ LDL ကိုလက်စထရောပမာဏ ပိုလျော့ကျ ခဲ့တာကို တွေ့ခဲ့ရပါတယ်။

ချောကလက် စားချင်စိတ်ပြင်းပြနေလျှင်

– အမည်းရောင်ကို ရွေးပါ

အမည်းရောင် ချောကလက်မှာ တခြားချောကလက်အမျိုးအစားတွေထက် Phenols ဓာတ်ပိုမိုပါဝင်နေပါတယ်။ နို့ချောကလက်တွေမှာတော့ ပြည့်ဝဆီတွေ ဖြစ်တဲ့ နို့အဆီ ပါဝင်နေတာကြောင့် မရွေးသင့်ပါ။

– စတော်ဘယ်ရီသီး ထည့်စားပါ

ချောကလက် ပူပူတစ်ခွက်ထဲ စတော်ဘယ်ရီသီး ထည့်တာဟာ ဓာတ်တိုးဆန့်ကျင် ပစ္စည်းများများပါဝင်တဲ့ သရေစာတစ်မျိုးပါပဲ။ ချောကလက်ပူပူထဲ စတော်ဘယ်ရီသီး မထည့်ခင် ခြောက်သွေ့နေဖို့လိုပါတယ်။

– အမျိုးအစား ကောင်းကောင်း ရွေးစားပါ

အကောင်းဆုံး ချောကလက်ကို ရွေးဝယ်ပါ။ ဒါမှသာ ချောကလက်ပမာဏ များများထက် ပမာဏနည်းနည်းစားရုံနဲ့ ကျေနပ်သွားပါလိမ့်မယ်။

သို့သော်တန်ရင်ဆေး လွန်လျှင်ဘေးဆိုတာလည်းရှိပါတယ်။ ကိုယ်စားလိုက်တဲ့ ချောကလက်က ကယ်လိုရီတန်ဖိုးများတဲ့ အမျိူးအစားဖြစ်နေရင် ပမာဏနည်းနည်းပဲစားသင့်ပါတယ်။ အဲ့လိုမဟုတ်ဘဲ စားကောင်းကောင်းနဲ့ တဝကြီးစားလိုက်လို့ မိမိခန္ဓာကိုယ်ရဲ့တစ်နေ့တာလိုအပ်ချက်ထက် ကျော်သွားရင်၊ နောက်ကိုယ်ကလည်း ကိုယ်လက်လှုပ်ရှားမှု ပုံမှန်မလုပ်ဖြစ်တဲ့သူဆိုရင် ရေရှည်မှာ ကိုယ်အလေးချိန်တိုးလာနိုင်ပါတယ်။ ဒါကြောင့် ဆီးချို၊ သွေးတိုး၊ ကျောက်ကပ်ရောဂါ၊ သွေးတွင်းအဆီများတဲ့ ရောဂါရှိတဲ့သူတွေဆိုရင်တော့ မိမိရဲ့ဆရာဝန်နဲ့စမ်းသပ်စစ်ဆေးပြီးမှ သင့်တော်မယ့် ပမာဏလောက်ပဲ စားသင့်ပါတယ်။

နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ လူစားသည့် ချောကလက်ကို အိမ်တွင်ချစ်စနိုး လက်သပ်မွေးထားသည့် တိရစ္ဆာန်များအား လုံးဝမကျွေးပါနဲ့။ အထူးသဖြင့် ခွေးတွေအတွက် ပိုအန္တရာယ်ရှိပါတယ်။တိရစ္ဆာန်များအား ကျွေးချင်ပါက တိရစ္ဆာန်အစားအစာ ရောင်းသည့်ဆိုင်များတွင် တိရစ္ဆာန်များအတွက်အထူးပြုပြင်ထားသော ချောကလက်များရှိပါသည်။

မြန်မာ့စွယ်စုံကျမ်း
Mg Mandalay

Leave a Reply