ေတာင္ငူၿမဳိ႕ရဲ႕ နာမည္ေက်ာ္ သမုိင္း၀င္ ျမတ္​​ေစာညီ​ေနာင္​​ေစတီေတာ္ သမုိင္း

Posted on

ျမတ္ေစာညီေနာင္ဘြဲ႔ခံ ေနာင္ေတာ္ေစတီ ၊ ညီေတာ္ေစတီ ႏွင့္ မယ္ေတာ္ေစတီတုိ႔မွာ ေတာင္ငူၿမဳိ႕ ေပါင္းေလာင္းျမစ္ အေရွကဘက္ကမ္းတြင္ က်ိန္း၀ပ္တည္ရွိေလသည္။ ေတာင္ငူၿမိဳ႕၏ နာမည္ေက်ာ္သမိုင္း၀င္ေစတီမ်ားျဖစ္ၿပီး ေတာင္ငူ-သံေတာင္ ႀကီးသြား ကားလမ္း၌ တည္ရွိ၏။ သမုိင္း၀င္ျမတ္ေစာညီေနာင္ဘုရားသမုိင္းကား –

သာသနာသကၠရာဇ္ (၁၈၆) ခုႏွစ္ ေက်ာ္ခန္႔က ဦးေတာင္သူ ႏွင့္ မယ္စႏၵာ တို႔သည္ စစ္ေတာင္းျမစ္၊ ေပါင္းေလာင္းျမစ္ အေရွ႕ကမ္း၊ မလီစု အရပ္တြင္ အိမေထာင္အစု ၁၂၀ ေက်ာ္ျဖင့္ ရြာတည္ေနေလသည္ ။ မယ္စႏၵာ၏ ေမာင္ေတာ္သူ ဦးေက်ာက္ဖား မွာလည္း ခေပါင္းေခ်ာင္းဖ်ားဘက္သို႔ ေျပာင္းေရႊ႕ၿပီး ရြာတည္၏ ။ ယင္းရြာမွာ မင္း၀ံေတာင္ေျခတြင္ ရွိၿပီး ဦးေက်ာက္ဖားရြာဟုပင္ ေခၚတြင္၏။

ဦးေက်ာက္ဖား အစ္မမယ္စႏၵာတြင္ ျမတ္လွ ႏွင့္ ေစာလွ ဟူေသာ သားႏွစ္ေယာက္ရွိသည္။ ဖခင္ျဖစ္သူ ဦးေတာင္သူ မွာ သားႏွစ္ဦး (၇)ႏွစ္ သားအရြယ္ကပင္ ကြယ္လြန္ခဲ့ေလ၏။ သားမ်ား အရြယ္ေရာက္လာေသာအခါ ရြာႀကီးမွာ စည္ပင္လာခဲ့သျဖင့္ မိခင္ မယ္စႏၵာ အား မလီစုတြင္ပင္ ရြာအုပ္အျဖစ္ ထားခဲ့ၿပီး မလီစု ႏွင့္ မနီးမေ၀း အရပ္(ယခုေတာင္ငူ)၌ ေနာင္ေတာ္ျမတ္လွ က ရြာတစ္ရြာ၊ ညီေတာ္ေစာလွ က ရြာတစ္ရြာ တည္ၿပီး ရြာအုပ္လုပ္ၾက၏ ။ ရြာမ်ားမွာ ျမတ္လွရြာ၊ ေစာလွရြာ ဟု အမည္တြင္ေလ၏။

ေနာင္ေတာ္ေစတီ
ညီေတာ္ေစတီ

သာသနာသကၠရာဇ္ ၂၃၅ တြင္ သီရိဓမၼာေသာက မင္းႀကီးလက္ထက္တြင္ ရွင္မဟာေမာဂၢလိပုတၱတိႆ မေထရ္ ႀကီးမွဴး၍ ပါဋလိပုတ္ျပည္ အာေသာကာရံုေက်ာင္းတိုက္တြင္ တတိယအႀကိမ္ သဂၤါယနာတင္ေလသည္။ သဂၤါယနာ တင္ၿပီးေနာက္ ဓာတ္ေတာ္မ်ားကို ေ၀ငွရာတြင္ ရြာအုပ္ ဦးေက်ာက္ဖား၊ ရြာအုပ္ ျမတ္လွ၊ ရြာအုပ္ ေစာလွ တို႔သည္ ဓာတ္ေတာ္မ်ား ရရွိခဲ့ၾကသည္ ။

ရြာအုပ္ျမတ္လွ သည္ မိမိရရွိ လာေသာ ျမတ္စြာဘုရား လက္ရံုးေတာ္မွ က်ေသာ ဓာတ္ေတာ္ ရွစ္ဆူမွ ႏွစ္ဆူကို မယ္ေတာ္ အား ခြဲေပး၏။ ညီေတာ္ ေစာလွ ကလည္း မယ္ေတာ္အား ျမတ္စြာဘုရား၏ ေအာက္ေမးရိုးေတာ္မွ က်ေသာ ဓာတ္ေတာ္ ရွစ္ဆူ အနက္ ႏွစ္ဆူ ကို ခြဲေပး၏ ။ အစ္ကိုျမတ္လွ ကား ဘုရားအေလာင္း ၾကက္ျဖဴမင္းအိပ္စက္ရာ ကုန္းျမင့္ထက္၌ ဖိနပ္ေတာ္သံေတာင္ ေျခာက္ေတာင္ ခ်ခင္းလ်က္ ေနာင္ေတာ္ေစတီ၊ ညီေစာလွ အား ညီေတာ္အာနႏၵာအေလာင္း ၾကက္ျဖဴမင္းခြဲ ၍ အိပ္စက္ရာေနရာ၌ ဖိနပ္ေတာ္သံေတာင္ ငါးေတာင္ ႏွစ္မိုက္ခင္းလ်က္ ညီေတာ္ေစတီ တည္ေလ၏။

အစ္ကိုျမတ္လွသည္ ဘုရားရွင္၏ လက္႐ံုး ေတာ္ဓာတ္၊ ညီေစာလွသည္ ဘုရားရွင္၏ ေအာက္ ေမးဓာတ္ေတာ္မ်ားကို အသီးသီးဌာပနာျပဳကာ ေစတီတည္ၾက၏။ ေစတီႏွစ္ဆူ၏ ဘြဲ႕ေတာ္မ်ား ကား ဒါယကာ ျမတ္လွႏွင့္ ေစာလွတို႔၏ အမည္မ်ား ကို ပညတ္ျပဳ၍ ျမတ္ေစာညီေနာင္ေစတီေတာ္ဟူ ၍ ေခၚေ၀ၚၾကကုန္၏။

 

ျမတ္ေစာညီေနာင္ ေနာင္ေတာ္ ေစတီက ျခေသၤ့ ခိုဖမ္းဟန္ ရုပ္တု
ဘုရားေပၚမွ ေအာက္ဘက္သုိ႔ ျမင္ကြင္း

မယ္ေတာ္ မယ္စႏၵာ မွာလည္း ျမတ္စြာဘုရား၏ လက္ရံုးေတာ္ ဓာတ္ေတာ္ ႏွစ္ဆူ ႏွင့္ ေအာက္ေမးရိုးေတာ္မွ က်ေသာ ဓာတ္ေတာ္ ႏွစ္ဆူတို႔ျဖင့္ ေနာင္ေတာ္ေစတီ ၏ အနီးေတာင္ဘက္နားတြင္ ေစတီတစ္ဆူတည္ထား၏ ။ ေစတီ၏ဘြဲ႔ေတာ္ကုိ မယ္ေတာ္ေစတီ ဟုပင္ တြင္ေလသည္။ ဦးရီး​ေတာ္​ဦး​ေက်ာက္​ဖား(​ေက်ာက္​ဖားရြာအုပ္​)တည္​​ေသာ ​ေစတီကို ႐ွင္​ပင္​​ေက်ာက္​ဖား​ေစတီဟု​ ေခၚတြင္​ခဲ့ရာမွ ကာလ႐ွည္​ၾကာ​ေသာ္​ ႐ွင္​ပင္​​ေက်ာက္​​ေဆာက္​ဟုတြင္​လာခဲ့​ေလသည္။

ပုဂံနရပတိစည္​သူမင္​းႂကီးသည္​တိုင္​းခန္​းလွည္​့လည္​​ေတာ္​မူစဥ္​​ေပါင္​း​ေလာင္​းျမစ္​ကိုဆန္​တက္​​၍ယိုယြင္း​ေန​ေသာျမတ္​​ေစာညီ​ေနာင္​​ေစတီႏွင္​့႐ွင္​ပင္​​ေက်ာက္​​ေဆာက္​​ေစတီတို႔ကို​ေတြ႕​ေသာအခါျပန္​လည္​ျပဳျပင္​တည္​ထားကိုးကြယ္​ခဲ့သည္​ဟုဆို​ေလသည္​။

မယ္ေတာ္ေစတီ
ရွင္ပင္ေက်ာက္ေဆာက္ေစတီ

ျမတ္ေစာညီေနာင္ဘုရား ကား ေတာင္ငူၿမိဳ႕ႏွင့္ အနည္းငယ္ အလွမ္းကြာသည့္ ေနရာဌာန၌ရွိေသာ ေတာဘုရားအသြင္ျဖစ္၍ ေရာက္ခဲလွပါ၏။ ေတာရိပ္ေတာင္စြယ္ရွိေသာ အရပ္ျဖစ္ရကား သစ္ႀကီး၀ါးႀကီးမ်ားျဖင့္ သာယာလွပါေပသည္။ ဘုရားပြဲေတာ္အခ်ိန္၌မူ အနီးအနား၀န္းက်င္မ်ား သာမက အုတ္တြင္း၊ ေရတာရွည္ကဲ့သို႔ေသာ ရပ္ေ၀း ေဒသမ်ားမွပင္ လွည္းတပ္ႀကီးမ်ားခ်ကာ ဘုရားဖူးလာၾကသည္မွာ အထူးပင္စည္ကားလွသည္ဟူ၍ ၾကားသိရပါ၏။

ဘုရားပရိ၀ုဏ္ အတြင္း ေတြ႕ျမင္ရသည့္ ထူးျခားခ်က္မ်ားကား ညီေတာ္ေစတီရင္ျပင္ရွိ ဘုရားရွင္သို႔ ဦးၫြတ္ေနသည့္ ၀ဏၰသိဂႌသားပိုက္မယ္ေတာ္႐ုပ္ တုႏွင့္ ေနာင္ေတာ္ေစတီ ရင္ျပင္ရွိ ပံုသဏၭာန္ ထူးျခားလွသည့္ မသိသူေက်ာ္ သြား၊ သိသူေဖာ္စား ျခေသၤ့႐ုပ္တုတို႔ျဖစ္ပါ၏။

ျမတ္ေစာညီေနာင္ဘုရားသမုိင္းႏွင့္ ေတာင္ငူရာဇ၀င္ ဦးေအာင္ခင္ (ေတာင္ငူ)
ၿမိဳ႕ေတာင္ငူ၊ ျမတ္ေစာညီေနာင္ႏွင္႕ ေနာ္ဘူေဘာဆုေတာင္းေတာင္
ျမတ္ေစာညီေနာင္ ဘုရားသမုိင္းအက်ဥ္း
#သုတဇုန္


မြတ်​​စောညီ​နောင်​​စေတီတော် သမိုင်း (unicode)

မြတ်စောညီနောင်ဘွဲ့ခံ နောင်တော်စေတီ ၊ ညီတော်စေတီ နှင့် မယ်တော်စေတီတို့မှာ တောင်ငူမြို့ ပေါင်းလောင်းမြစ် အရှေကဘက်ကမ်းတွင် ကျိန်းဝပ်တည်ရှိလေသည်။ တောင်ငူမြို့၏ နာမည်ကျော်သမိုင်းဝင်စေတီများဖြစ်ပြီး တောင်ငူ-သံတောင် ကြီးသွား ကားလမ်း၌ တည်ရှိ၏။ သမိုင်းဝင်မြတ်စောညီနောင်ဘုရားသမိုင်းကား –

သာသနာသက္ကရာဇ် (၁၈၆) ခုနှစ် ကျော်ခန့်က ဦးတောင်သူ နှင့် မယ်စန္ဒာ တို့သည် စစ်တောင်းမြစ်၊ ပေါင်းလောင်းမြစ် အရှေ့ကမ်း၊ မလီစု အရပ်တွင် အိမထောင်အစု ၁၂၀ ကျော်ဖြင့် ရွာတည်နေလေသည် ။ မယ်စန္ဒာ၏ မောင်တော်သူ ဦးကျောက်ဖား မှာလည်း ခပေါင်းချောင်းဖျားဘက်သို့ ပြောင်းရွှေ့ပြီး ရွာတည်၏ ။ ယင်းရွာမှာ မင်းဝံတောင်ခြေတွင် ရှိပြီး ဦးကျောက်ဖားရွာဟုပင် ခေါ်တွင်၏။

ဦးကျောက်ဖား အစ်မမယ်စန္ဒာတွင် မြတ်လှ နှင့် စောလှ ဟူသော သားနှစ်ယောက်ရှိသည်။ ဖခင်ဖြစ်သူ ဦးတောင်သူ မှာ သားနှစ်ဦး (၇)နှစ် သားအရွယ်ကပင် ကွယ်လွန်ခဲ့လေ၏။ သားများ အရွယ်ရောက်လာသောအခါ ရွာကြီးမှာ စည်ပင်လာခဲ့သဖြင့် မိခင် မယ်စန္ဒာ အား မလီစုတွင်ပင် ရွာအုပ်အဖြစ် ထားခဲ့ပြီး မလီစု နှင့် မနီးမဝေး အရပ်(ယခုတောင်ငူ)၌ နောင်တော်မြတ်လှ က ရွာတစ်ရွာ၊ ညီတော်စောလှ က ရွာတစ်ရွာ တည်ပြီး ရွာအုပ်လုပ်ကြ၏ ။ ရွာများမှာ မြတ်လှရွာ၊ စောလှရွာ ဟု အမည်တွင်လေ၏။

သာသနာသက္ကရာဇ် ၂၃၅ တွင် သီရိဓမ္မာသောက မင်းကြီးလက်ထက်တွင် ရှင်မဟာမောဂ္ဂလိပုတ္တတိဿ မထေရ် ကြီးမှူး၍ ပါဋလိပုတ်ပြည် အာသောကာရုံကျောင်းတိုက်တွင် တတိယအကြိမ် သင်္ဂါယနာတင်လေသည်။ သင်္ဂါယနာ တင်ပြီးနောက် ဓာတ်တော်များကို ဝေငှရာတွင် ရွာအုပ် ဦးကျောက်ဖား၊ ရွာအုပ် မြတ်လှ၊ ရွာအုပ် စောလှ တို့သည် ဓာတ်တော်များ ရရှိခဲ့ကြသည် ။

ရွာအုပ်မြတ်လှ သည် မိမိရရှိ လာသော မြတ်စွာဘုရား လက်ရုံးတော်မှ ကျသော ဓာတ်တော် ရှစ်ဆူမှ နှစ်ဆူကို မယ်တော် အား ခွဲပေး၏။ ညီတော် စောလှ ကလည်း မယ်တော်အား မြတ်စွာဘုရား၏ အောက်မေးရိုးတော်မှ ကျသော ဓာတ်တော် ရှစ်ဆူ အနက် နှစ်ဆူ ကို ခွဲပေး၏ ။ အစ်ကိုမြတ်လှ ကား ဘုရားအလောင်း ကြက်ဖြူမင်းအိပ်စက်ရာ ကုန်းမြင့်ထက်၌ ဖိနပ်တော်သံတောင် ခြောက်တောင် ချခင်းလျက် နောင်တော်စေတီ၊ ညီစောလှ အား ညီတော်အာနန္ဒာအလောင်း ကြက်ဖြူမင်းခွဲ ၍ အိပ်စက်ရာနေရာ၌ ဖိနပ်တော်သံတောင် ငါးတောင် နှစ်မိုက်ခင်းလျက် ညီတော်စေတီ တည်လေ၏။

အစ်ကိုမြတ်လှသည် ဘုရားရှင်၏ လက်ရုံး တော်ဓာတ်၊ ညီစောလှသည် ဘုရားရှင်၏ အောက် မေးဓာတ်တော်များကို အသီးသီးဌာပနာပြုကာ စေတီတည်ကြ၏။ စေတီနှစ်ဆူ၏ ဘွဲ့တော်များ ကား ဒါယကာ မြတ်လှနှင့် စောလှတို့၏ အမည်များ ကို ပညတ်ပြု၍ မြတ်စောညီနောင်စေတီတော်ဟူ ၍ ခေါ်ဝေါ်ကြကုန်၏။

မယ်တော် မယ်စန္ဒာ မှာလည်း မြတ်စွာဘုရား၏ လက်ရုံးတော် ဓာတ်တော် နှစ်ဆူ နှင့် အောက်မေးရိုးတော်မှ ကျသော ဓာတ်တော် နှစ်ဆူတို့ဖြင့် နောင်တော်စေတီ ၏ အနီးတောင်ဘက်နားတွင် စေတီတစ်ဆူတည်ထား၏ ။ စေတီ၏ဘွဲ့တော်ကို မယ်တော်စေတီ ဟုပင် တွင်လေသည်။ ဦးရီး​တော်​ဦး​ကျောက်​ဖား(​ကျောက်​ဖားရွာအုပ်​)တည်​​သော ​စေတီကို ရှင်​ပင်​​ကျောက်​ဖား​စေတီဟု​ ခေါ်တွင်​ခဲ့ရာမှ ကာလရှည်​ကြာ​သော်​ ရှင်​ပင်​​ကျောက်​​ဆောက်​ဟုတွင်​လာခဲ့​လေသည်။

ပုဂံနရပတိစည်​သူမင်​းကြီးသည်​တိုင်​းခန်​းလှည်​့လည်​​တော်​မူစဉ်​​ပေါင်​း​လောင်​းမြစ်​ကိုဆန်​တက်​​၍ယိုယွင်း​နေ​သောမြတ်​​စောညီ​နောင်​​စေတီနှင်​့ရှင်​ပင်​​ကျောက်​​ဆောက်​​စေတီတို့ကို​တွေ့​သောအခါပြန်​လည်​ပြုပြင်​တည်​ထားကိုးကွယ်​ခဲ့သည်​ဟုဆို​လေသည်​။

မြတ်စောညီနောင်ဘုရား ကား တောင်ငူမြို့နှင့် အနည်းငယ် အလှမ်းကွာသည့် နေရာဌာန ၌ရှိသော တောဘုရားအသွင်ဖြစ်၍ ရောက်ခဲလှပါ၏။ တောရိပ်တောင်စွယ်ရှိသော အရပ်ဖြစ်ရကား သစ်ကြီးဝါးကြီးများဖြင့် သာယာလှပါပေသည်။ ဘုရားပွဲတော်အချိန်၌မူ အနီးအနားဝန်းကျင်များ သာမက အုတ်တွင်း၊ ရေတာရှည်ကဲ့သို့သော ရပ်ဝေး ဒေသများမှပင် လှည်းတပ်ကြီးများချကာ ဘုရားဖူးလာကြသည်မှာ အထူးပင်စည်ကားလှသည်ဟူ၍ ကြားသိရပါ၏။

ဘုရားပရိဝုဏ် အတွင်း တွေ့မြင်ရသည့် ထူးခြားချက်များကား ညီတော်စေတီရင်ပြင်ရှိ ဘုရားရှင်သို့ ဦးညွတ်နေသည့် ဝဏ္ဏသိင်္ဂီသားပိုက်မယ်တော်ရုပ် တုနှင့် နောင်တော်စေတီ ရင်ပြင်ရှိ ပုံသဏ္ဌာန် ထူးခြားလှသည့် မသိသူကျော် သွား၊ သိသူဖော်စား ခြင်္သေ့ရုပ်တုတို့ဖြစ်ပါ၏။

မြတ်စောညီနောင်ဘုရားသမိုင်းနှင့် တောင်ငူရာဇဝင် ဦးအောင်ခင် (တောင်ငူ)
မြို့တောင်ငူ၊ မြတ်စောညီနောင်နှင့် နော်ဘူဘောဆုတောင်းတောင်
မြတ်စောညီနောင် ဘုရားသမိုင်းအကျဉ်း
#သုတဇုန်

Leave a Reply