အတြင္းေရးမွဴး မာတင္ေဘာမန္း ေပးတ့ဲ ဟစ္တလာအတြက္ အသက္ ၅၀ ျပည့္ ေမြးေန႔လက္ေဆာင္ ( သို႔ ) Eagle Nest Tea House

Posted on

Via : ဒုတိယ ကမာၻစစ္ – WorldWar 2

၁၉၃၅ ခုႏွစ္မွာ ဟစ္တလာက သူ႔ရဲ႕အတြင္းေရးမွဴး မာတင္ေဘာမန္းကို ဂ်ာမဏီႏိုင္ငံ ေတာင္ဘက္စြန္း Berchtesgaden ၿမိဳ့အနီးက Berghof အရပ္မွာရွိတဲ႔ သူ႔ရဲ႕ေနအိမ္ကို ဌာနခ်ဳပ္အျဖစ္ အသံုးျပဳႏိုင္ဖို႔အတြက္ အေဆာက္အဦးသစ္ေတြ ထပ္မံေဆာက္လုပ္ရန္ တာဝန္ေပးခဲ႔ပါတယ္။ လိုအပ္တဲ႔ရံုးခန္းနဲ႔ တျခားအေျခခံ အေဆာက္အအံုေတြ တည္ေဆာက္ဖို႔အတြက္ ေဘာမန္းဟာ ေဘးပတ္ဝန္းက်င္က ေျမဧရိယာ စတုရန္းေလးမိုင္ခန္႔ ဝယ္ယူခဲ႔ရၿပီး အဲဒီအထဲမွာ ဟစ္တလာရဲ႕ လူယံုေတြျဖစ္ၾကတဲ႔ ဟာမန္းဂိုအာရင္း၊ အဲဘတ္စပီးယားနဲ႔ ေဘာမန္းကိုယ္တိုင္တို႔ရဲ႕ ေနအိမ္ေတြလဲပါဝင္ပါတယ္။

Berghof ဌာနခ်ဳပ္ကို တည္ေဆာက္အၿပီးမွာ ေဘာမန္းဟာ မိုင္အနည္းငယ္အကြာမွာရွိတဲ႔ဲ႔ ၆၀၁၇ ေပအျမင့္ရွိ Kehlstein ေတာင္ကို ထပ္မံဝယ္ယူခဲ႔ၿပီး ေတာင္ထိပ္မွာ Eagle Nest Tea House လို႔ အမည္ေပးထားတဲ႔ အေဆာက္အဦး တစ္လံုးကို ေဆာက္လုပ္ကာ ဟစ္တလာရဲ႕ အသက္ ၅၀ ျပည့္ ေမြးေန႔လက္ေဆာင္အျဖစ္ ေပးအပ္ခဲ႔ပါတယ္။ အဲဒီအေဆာက္အဦး တည္ေဆာက္ရန္အတြက္ တစ္ႏွစ္ေလာက္ အခ်ိန္ယူခဲ႔ရၿပီး ကုန္က်စရိတ္အေနနဲ႔ လက္ရွိကာလေပါက္ေစ်း အေမရိကန္ေဒၚလာ သန္း ၁၅၀ ခန္႔ သံုးစြဲခဲ႔ရပါတယ္။

Eagle Nest ဆီကို သြားဖို႔အတြက္ Kehlstein ေတာင္ေျခကေန ေတာင္ထိပ္ေအာက္ ေပ ၄၀၀ အျမင့္အထိ ေတာင္ေတြကိုျဖတ္ၿပီးေဖာက္ထားတဲ႔ ေလးမိုင္ရွည္တဲ႔ ကားလမ္းအတိုင္း သြားရပါတယ္။ အဲဒီကေနမွ က်န္ရွိေနေသးတဲ႔ အျမင့္ေပ ၄၀၀ ကို ဓာတ္ေလွကားနဲ႔ ဆက္ၿပီးတက္ရပါတယ္။ ဟစ္တလာကေတာ့ ဓာတ္ေလွကားကို အသံုးျပဳေလ့မရွိဘဲ သာမန္လူသြားလမ္းမွသာ လမ္းေလ်ွာက္တက္ေလ့ရွိပါတယ္။

Kehlstein ေတာင္ထိပ္ကိုေရာက္တာနဲ႔ အနီးအနား ပတ္ဝန္းက်င္ရွိ အလြန္သာယာလွပတဲ႔ သဘာဝရႈခင္းေတြကို အေပၚစီးကေန ျမင္ေတြ႔ရမွာျဖစ္ပါတယ္။ Eagle Nest အေဆာက္အဦးထဲမွာ အသံုးျပဳထားတဲ႔ ပရိေဘာဂပစၥည္းေတြကို ဟန္ေဂရီလူမ်ိဳး နာမည္ေက်ာ္ဒီဇိုင္နာ Paul Laszlo က ဒီဇိုင္းထုတ္ ေရးဆြဲေပးခဲ႔တာပါ။ အဲဒီအေဆာက္အဦးထဲမွာ အထင္ေပၚဆံုးကေတာ့ ဧည့္ခန္းထဲက မီးလင္းဖိုနံရံမွာ အလွဆင္ထားတဲ႔ အီတလီအာဏာရွင္ မူဆိုလီနီရဲ႕လက္ေဆာင္ အနီေရာင္ အီတာလ်ံ ေက်ာက္ျပားေတြပါဘဲ။ ဒါေပမယ့္ စစ္ၿပီးခ်ိန္မွာ အေမရိကန္စစ္သားေတြက အမွတ္တရအျဖစ္ နည္းနည္းစီ ဖဲ႔ယူသြားၾကတဲ႔အတြက္ တခ်ိဳ႔ေက်ာက္ျပားေတြ ပ်က္ဆီးသြားခဲ႔ပါတယ္။

အေဆာက္အဦးရဲ႕ အတြင္းပိုင္းမွာ ၂၄ နာရီ အပူေပးစံနစ္ တပ္ဆင္ထားတဲ႔အတြက္ အလြန္ခ်မ္းေအးလွတဲ႔ ေဆာင္းရာသီမွာေတာင္ သက္ေတာင့္သက္သာ ေနထိုင္ႏိုင္္ပါတယ္။ ပင္မအေဆာက္အဦးရဲ႕ ေနာက္မွာ ထိုေခတ္ကာလက ေနာက္ဆံုးေပၚနည္းပညာျဖစ္တဲ႔ မိုက္ကရိုေဝ႔(ဖ္)မီးဖိုအပါအဝင္ အသံုးအေဆာင္ပစၥည္း အျပည့္အစံုပါတဲ႔ မီးဖိုေဆာင္ တစ္ခုကိုလည္း ထည့္သြင္းေဆာက္လုပ္ထားပါတယ္။

ဟစ္တလာအေနနဲ႔ အဲဒီေနရာကို စုစုေပါင္း ၁၄ ႀကိမ္သာ လာေရာက္လည္ပတ္ခဲ႔ေပမယ့္ ေဘာမန္းနဲ႔ အျခားနာဇီအရာရွိေတြအတြက္ေတာ႔ အေရးႀကီးဧည့္သည္မ်ားနဲ႔ ႏိုင္ငံတကာသံတမန္ေတြကို မၾကာခန လက္ခံေတြ႔ဆံုေလ႔ရွိရာ ေနရာတစ္ခု ျဖစ္ပါတယ္။ ဒါ့အျပင္ Eagle Nest ဟာ ၁၉၄၄ ခုႏွစ္က ဟစ္တလာ႔ဇနီးသည္ အီဗာဘေရာင္း ရဲ႕ ညီမျဖစ္သူမာဂရက္ရဲ႕ လက္ထပ္ပဲြ က်င္းပခဲ႔တဲ႔ ေနရာလည္းျဖစ္ပါတယ္။

ဒုတိယကမ႓ာစစ္ႀကီး ၿပီးဆံုးခါနီး ရက္ပိုင္းအလို ၁၉၄၅ ဧၿပီလထဲမွာ ၿဗိတိသ်ွေလတပ္က ေလယာဥ္ေတြ လာၿပီးဗံုးက်ဲခဲ႔တာေၾကာင့္ Eagle Nest ရဲ႕ တခိိ်ဳ႕အစိတ္အပိုင္းေတြ ထိခိုက္ပ်က္ဆီးခဲ႔ပါတယ္။ ဗံုးက်ဲခံရၿပီး ရက္အနည္းငယ္အၾကာမွာေတာ့ Kehlstein ေတာင္ထိပ္ေပၚကို အေမရိကန္တပ္ဖြဲ႔ေတြ ေရာက္လာၿပီး တပ္စြဲထားခဲ႔ၾကပါတယ္။ အဲဒီအခ်ိန္ကစၿပီး Eagle Nest ဟာ အေမရိကန္တပ္ဖြဲ႔ေတြရဲ႕ အေျခစိုက္စခန္းတစ္ခု ျဖစ္လာခဲ႔ၿပီး ဂ်ာမဏီႏိုင္ငံကေန အေမရိကန္တပ္ေတြ ရုပ္သိမ္းခဲ႔တဲ႔ ၁၉၆၀ ျပည့္ႏွစ္အထိ အသံုးျပဳခဲ႔ၾကပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ Eagle Nest Tea House ကို မူလပံုစံအတိုင္း ျပန္လည္ျပဳျပင္ထားၿပီး အမ်ားျပည္သူ ေလ့လာၾကည့္ရႈႏိုင္ရန္ ျပတိုက္အျဖစ္ ဖြင့္လွစ္ျပသထားတဲ႔အျပင္ Kehlstein ေတာင္ပတ္ဝန္းက်င္မွာရွိတဲ႔ သဘာဝအလွေတြကိုပါ ၾကည့္ရႈခံစားႏိုင္ဖို႔အတြက္ စားေသာက္ဆိုင္နဲ႔ ဘီယာဆိုင္ေတြ ပါဝင္တဲ႔ ေတာင္ေပၚအပန္းေျဖစခန္း တစ္ခုအျဖစ္လည္း ဖန္တီးေပးထားပါတယ္။

VIDEO

Ref : Wikipedia


အတွင်းရေးမှူး မာတင်ဘောမန်း ပေးတဲ့ ဟစ်တလာအတွက် အသက် ၅၀ ပြည့် မွေးနေ့လက်ဆောင် ( သို့ ) Eagle Nest Tea House

Via : ဒုတိယ ကမ္ဘာစစ် – WorldWar 2

၁၉၃၅ ခုနှစ်မှာ ဟစ်တလာက သူ့ရဲ့အတွင်းရေးမှူး မာတင်ဘောမန်းကို ဂျာမဏီနိုင်ငံ တောင်ဘက်စွန်း Berchtesgaden မြို့အနီးက Berghof အရပ်မှာရှိတဲ့ သူ့ရဲ့နေအိမ်ကို ဌာနချုပ်အဖြစ် အသုံးပြုနိုင်ဖို့အတွက် အဆောက်အဦးသစ်တွေ ထပ်မံဆောက်လုပ်ရန် တာဝန်ပေးခဲ့ပါတယ်။ လိုအပ်တဲ့ရုံးခန်းနဲ့ တခြားအခြေခံ အဆောက်အအုံတွေ တည်ဆောက်ဖို့အတွက် ဘောမန်းဟာ ဘေးပတ်ဝန်းကျင်က မြေဧရိယာ စတုရန်းလေးမိုင်ခန့် ဝယ်ယူခဲ့ရပြီး အဲဒီအထဲမှာ ဟစ်တလာရဲ့ လူယုံတွေဖြစ်ကြတဲ့ ဟာမန်းဂိုအာရင်း၊ အဲဘတ်စပီးယားနဲ့ ဘောမန်းကိုယ်တိုင်တို့ရဲ့ နေအိမ်တွေလဲပါဝင်ပါတယ်။

Berghof ဌာနချုပ်ကို တည်ဆောက်အပြီးမှာ ဘောမန်းဟာ မိုင်အနည်းငယ်အကွာမှာရှိတဲ့ ၆၀၁၇ ပေအမြင့်ရှိ Kehlstein တောင်ကို ထပ်မံဝယ်ယူခဲ့ပြီး တောင်ထိပ်မှာ Eagle Nest Tea House လို့ အမည်ပေးထားတဲ့ အဆောက်အဦး တစ်လုံးကို ဆောက်လုပ်ကာ ဟစ်တလာရဲ့ အသက် ၅၀ ပြည့် မွေးနေ့လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပါတယ်။ အဲဒီအဆောက်အဦး တည်ဆောက်ရန်အတွက် တစ်နှစ်လောက် အချိန်ယူခဲ့ရပြီး ကုန်ကျစရိတ်အနေနဲ့ လက်ရှိကာလပေါက်ဈေး အမေရိကန်ဒေါ်လာ သန်း ၁၅၀ ခန့် သုံးစွဲခဲ့ရပါတယ်။

Eagle Nest ဆီကို သွားဖို့အတွက် Kehlstein တောင်ခြေကနေ တောင်ထိပ်အောက် ပေ ၄၀၀ အမြင့်အထိ တောင်တွေကိုဖြတ်ပြီးဖောက်ထားတဲ့ လေးမိုင်ရှည်တဲ့ ကားလမ်းအတိုင်း သွားရပါတယ်။ အဲဒီကနေမှ ကျန်ရှိနေသေးတဲ့ အမြင့်ပေ ၄၀၀ ကို ဓာတ်လှေကားနဲ့ ဆက်ပြီးတက်ရပါတယ်။ ဟစ်တလာကတော့ ဓာတ်လှေကားကို အသုံးပြုလေ့မရှိဘဲ သာမန်လူသွားလမ်းမှသာ လမ်းလျှောက်တက်လေ့ရှိပါတယ်။

Kehlstein တောင်ထိပ်ကိုရောက်တာနဲ့ အနီးအနား ပတ်ဝန်းကျင်ရှိ အလွန်သာယာလှပတဲ့ သဘာဝရှုခင်းတွေကို အပေါ်စီးကနေ မြင်တွေ့ရမှာဖြစ်ပါတယ်။ Eagle Nest အဆောက်အဦးထဲမှာ အသုံးပြုထားတဲ့ ပရိဘောဂပစ္စည်းတွေကို ဟန်ဂေရီလူမျိုး နာမည်ကျော်ဒီဇိုင်နာ Paul Laszlo က ဒီဇိုင်းထုတ် ရေးဆွဲပေးခဲ့တာပါ။ အဲဒီအဆောက်အဦးထဲမှာ အထင်ပေါ်ဆုံးကတော့ ဧည့်ခန်းထဲက မီးလင်းဖိုနံရံမှာ အလှဆင်ထားတဲ့ အီတလီအာဏာရှင် မူဆိုလီနီရဲ့လက်ဆောင် အနီရောင် အီတာလျံ ကျောက်ပြားတွေပါဘဲ။ ဒါပေမယ့် စစ်ပြီးချိန်မှာ အမေရိကန်စစ်သားတွေက အမှတ်တရအဖြစ် နည်းနည်းစီ ဖဲ့ယူသွားကြတဲ့အတွက် တချို့ကျောက်ပြားတွေ ပျက်ဆီးသွားခဲ့ပါတယ်။

အဆောက်အဦးရဲ့ အတွင်းပိုင်းမှာ ၂၄ နာရီ အပူပေးစံနစ် တပ်ဆင်ထားတဲ့အတွက် အလွန်ချမ်းအေးလှတဲ့ ဆောင်းရာသီမှာတောင် သက်တောင့်သက်သာ နေထိုင်နိုင်ပါတယ်။ ပင်မအဆောက်အဦးရဲ့ နောက်မှာ ထိုခေတ်ကာလက နောက်ဆုံးပေါ်နည်းပညာဖြစ်တဲ့ မိုက်ကရိုဝေ့(ဖ်)မီးဖိုအပါအဝင် အသုံးအဆောင်ပစ္စည်း အပြည့်အစုံပါတဲ့ မီးဖိုဆောင် တစ်ခုကိုလည်း ထည့်သွင်းဆောက်လုပ်ထားပါတယ်။

ဟစ်တလာအနေနဲ့ အဲဒီနေရာကို စုစုပေါင်း ၁၄ ကြိမ်သာ လာရောက်လည်ပတ်ခဲ့ပေမယ့် ဘောမန်းနဲ့ အခြားနာဇီအရာရှိတွေအတွက်တော့ အရေးကြီးဧည့်သည်များနဲ့ နိုင်ငံတကာသံတမန်တွေကို မကြာခန လက်ခံတွေ့ဆုံလေ့ရှိရာ နေရာတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် Eagle Nest ဟာ ၁၉၄၄ ခုနှစ်က ဟစ်တလာ့ဇနီးသည် အီဗာဘရောင်း ရဲ့ ညီမဖြစ်သူမာဂရက်ရဲ့ လက်ထပ်ပွဲ ကျင်းပခဲ့တဲ့ နေရာလည်းဖြစ်ပါတယ်။

ဒုတိယကမ႓ာစစ်ကြီး ပြီးဆုံးခါနီး ရက်ပိုင်းအလို ၁၉၄၅ ဧပြီလထဲမှာ ဗြိတိသျှလေတပ်က လေယာဉ်တွေ လာပြီးဗုံးကျဲခဲ့တာကြောင့် Eagle Nest ရဲ့ တချို့အစိတ်အပိုင်းတွေ ထိခိုက်ပျက်ဆီးခဲ့ပါတယ်။ ဗုံးကျဲခံရပြီး ရက်အနည်းငယ်အကြာမှာတော့ Kehlstein တောင်ထိပ်ပေါ်ကို အမေရိကန်တပ်ဖွဲ့တွေ ရောက်လာပြီး တပ်စွဲထားခဲ့ကြပါတယ်။ အဲဒီအချိန်ကစပြီး Eagle Nest ဟာ အမေရိကန်တပ်ဖွဲ့တွေရဲ့ အခြေစိုက်စခန်းတစ်ခု ဖြစ်လာခဲ့ပြီး ဂျာမဏီနိုင်ငံကနေ အမေရိကန်တပ်တွေ ရုပ်သိမ်းခဲ့တဲ့ ၁၉၆၀ ပြည့်နှစ်အထိ အသုံးပြုခဲ့ကြပါတယ်။

လက်ရှိအချိန်မှာတော့ Eagle Nest Tea House ကို မူလပုံစံအတိုင်း ပြန်လည်ပြုပြင်ထားပြီး အများပြည်သူ လေ့လာကြည့်ရှုနိုင်ရန် ပြတိုက်အဖြစ် ဖွင့်လှစ်ပြသထားတဲ့အပြင် Kehlstein တောင်ပတ်ဝန်းကျင်မှာရှိတဲ့ သဘာဝအလှတွေကိုပါ ကြည့်ရှုခံစားနိုင်ဖို့အတွက် စားသောက်ဆိုင်နဲ့ ဘီယာဆိုင်တွေ ပါဝင်တဲ့ တောင်ပေါ်အပန်းဖြေစခန်း တစ်ခုအဖြစ်လည်း ဖန်တီးပေးထားပါတယ်။

Ref : Wikipedia

Leave a Reply